West World Vehicles - Car Auctions Buy & Export

West World Vehicles - Car Auctions Buy & Export "Car Dealer, Buyer & Export Company"
USA မှ ကားများဝယ်ယူ၊ ပို့

“West World Vehicles ရဲ့ Logo အဓိပ္ပါယ် နဲ့ရည်ရွယ်ချက် Concept”အမေရိကန်အလံရဲ့ အရောင်၊သင်္ကေတများ နဲ့ရွေ့လျားနေသော ကားတစီ...
01/17/2021

“West World Vehicles ရဲ့ Logo အဓိပ္ပါယ် နဲ့ရည်ရွယ်ချက် Concept”
အမေရိကန်အလံရဲ့ အရောင်၊သင်္ကေတများ နဲ့ရွေ့လျားနေသော ကားတစီးက ကြယ်ပွင့်များ တင်ဆောင်လာနေခြင်း =
မြန်မာပြည်မှ “ကား လောက သားများ”အတွက် USA မှကံကောင်းခြင်း(mascot) များပို့ဆောင်နေဖို့ ရပ်တည်မည့် Companyတခု ဖြစ်သည်။

US နှင့် Canada မှဝယ်ယူသည့် ကားများအတွက် ထုတ်လုပ်သည့် နိုင်ငံ ၊ ခုနှစ် နင့် ယာဉ်တိုက်မှုဖြစ်ဖူးခြင်း ရှိ/မရှိ၊ ကားရာဇဝင်က...
11/25/2020

US နှင့် Canada မှဝယ်ယူသည့် ကားများအတွက် ထုတ်လုပ်သည့် နိုင်ငံ ၊ ခုနှစ် နင့် ယာဉ်တိုက်မှုဖြစ်ဖူးခြင်း ရှိ/မရှိ၊ ကားရာဇဝင်ကို အခမဲ့စစ်ဆေးကြည့်နိုင်မယ့် website

USA - Canada ကားများ အတွက်

https://m.driving-tests.org/vin-decoder/

Europe ကားများ အတွက်

https://en.vindecoder.pl/

ကားတစ်စီးဝယ်ယူတဲ့အခါ အထူးသဖြင့် used ကားတစ်စီးကို ဝယ်ယူမယ်ဆိုရင် ကားရဲ့နောက်ကြောင်းရာဇဝင် က အတော်လေးအရေးကြီးပါတယ်။ အဓိကကတော့ ယာဉ်တိုက်မှုဖြစ်ဖူးခြင်း ရှိမရှိဆိုတာမျိုးပါ။ အခုနောက်ပိုင်း မှာဆိုရင်တော့ ကားရဲ့ VIN နံပါတ်ကိုအသုံးပြုပြီး ယာဉ်တိုက်မှုဖြစ်ဖူးခြင်း ရှိ/မရှိ၊ ကားထုတ်လုပ်တဲ့ နိုင်ငံနဲ့ ထုတ်လုပ်တဲ့ခုနှစ်တို့လို အချက်အလက်တွေကို အခကြေးငွေပေးစရာမလိုဘဲ အခမဲ့စစ်ဆေးလို့ ရပါတယ်။

VIN number ဆိုတာ ဘာလဲ?
VIN နံပါတ်လို့ခေါ်ကြတဲ့ Vehicle Identification Number ဟာ မော်တော်ကားတစ်စီးထုတ်လုပ်တိုင်း သတ်မှတ် တပ်ဆင်ပေးထားတဲ့ ကုဒ်နံပါတ်တစ်မျိုး ဖြစ်ပါတယ်။ VIN နံပါတ်မှာ ဂဏန်းနဲ့ အက္ခရာစာလုံးအပါအဝင် စုစုပေါင်း ၁၇ လုံး ရှိပါတယ်။ စာလုံးတစ်လုံးနဲ့တစ်လုံး space မခြားဘဲ ဆက်တိုက်ဖြစ်သလို၊ 0 နဲ့ 1 တို့လို ဂဏန်းတွေနဲ့ မှားလေ့ရှိတဲ့ Q (q), I(i) နဲ့ O (o) အက္ခရာတွေကိုလည်း ထည့်သုံးလေ့မရှိပါဘူး။ VIN နံပါတ်မှာပါဝင်လေ့ရှိတဲ့ စာလုံးတစ်လုံးစီတိုင်းဟာလည်း ကားနဲ့ပတ်သက်လို့ တိကျတဲ့အချက်အလက်တစ်ခုစီကို ကိုယ်စားပြုထား ပါတယ်။ ကားထုတ်လုပ်တဲ့နှစ်၊ နိုင်ငံ၊ ထုတ်လုပ်တဲ့စက်ရုံ၊ မိုဒယ်နဲ့ serial number အစရှိသည်တို့ ပါဝင်ပါတယ်။ VIN နံပါတ်တွေကို မျဉ်းတစ်ကြောင်းတည်းမှာပဲ ရိုက်နှိပ်လေ့ရှိပါတယ်။

VIN နံပါတ်က ဘာလို့အရေးကြီးတာလဲ?
ကားရဲ့ရာဇဝင်အသေးစိတ်ကို မှတ်တမ်းတင်ထားတာကြောင့် သင့်အနေနဲ့ ကားရဲ့ VIN နံပါတ်ကို စစ်ဆေးချင်တဲ့ အခြေအနေမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါ့ပြင် used ကားတစ်စီးဝယ်မယ်ဆိုရင်လည်း ကားရဲ့အသေးစိတ်ရာဇဝင် နဲ့အတူ အရင်ကကားပိုင်ရှင်တွေ၊ ဖြစ်ခဲ့တဲ့ကားမတော်တဆမှုတွေနဲ့ ကားပြင်ထားတဲ့ မှတ်တမ်းတွေကိုလည်း ကြည့်နိုင်ပါတယ်။ အဲဒီလိုရှာဖွေကြည့်မယ်ဆိုရင် အဲဒီကားဟာ ချို့ယွင်းချက်တစ်စုံတစ်ရာကြောင့် ထုတ်လုပ်သူ က ပြန်သိမ်းမယ့်ကားလားဆိုတာကိုလည်း သိရှိနိုင်မှာပါ။ ကားအခိုးခံရတာမျိုးဆိုရင်လည်း သက်ဆိုင်ရာကနေ ကားရဲ့ VIN နံပါတ်ကို စစ်ဆေးမှာဖြစ်ပါတယ်။

ကားရဲ့ VIN နံပါတ်ကို ဘယ်လိုရှာရမလဲ?
လူစီးကားအတော်များများမှာတော့ ကားရဲ့ VIN နံပါတ်ဟာ ကားမောင်းသူဘက်မှာရှိတဲ့ ဒတ်ရှ်ဘုတ်အရှေ့နား မှာ ပါဝင်တတ်ပါတယ်။ ရှာကြည့်ဖို့ မြင်သာစေတဲ့အကောင်းဆုံးနည်းကတော့ ကားလေကာမှန်အပြင်ဘက်ကနေ ကြည့်တာပါပဲ။ ဒါ့ပြင် ကားမောင်းသူထိုင်တဲ့ဘက်ခြမ်းက ကားတံခါးမှာလည်း VIN နံပါတ်ရှိနိုင်ပါတယ်။ ကားတံခါးကိုဖွင့်ပြီး တံခါးအတွင်းဘက်က လော့ချတဲ့ဧရိယာဝန်းကျင်ကို ကြည့်ရမှာပါ။
မော်တော်ဆိုင်ကယ်ဆိုရင် VIN နံပါတ်ဟာ လက်ကိုင်အောက်ဘက်နားက steering neck နေရာမှာ ပါဝင်လေ့ရှိ သလို တစ်ခါတလေမှာလည်း Starter Motor ပေါ်မှာ ဒါမှမဟုတ် Starter Motor အနီးက ဖရိန်ပေါ်မှာ ပါဝင်တတ်ပါတယ်။ semi-trailer ကားကြီးတွေမှာတော့ ကားအရှေ့ပိုင်းမှာ ရှိတတ်ပါတယ်။ တကယ်လို့ VIN နံပါတ်ရှာလို့ မတွေ့ခဲ့ဘူး ဆိုရင် သင့်ကားနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေပေါ်မှာ ရှိနိုင်ပါတယ်။

VIN နံပါတ် စစ်ဆေးဖို့အတွက် VIN Decoder ကို ဘယ်လိုအသုံးပြုမလဲ?
VIN နံပါတ် ၁၇ လုံးကို အပေါ်ကကွက်လပ်ထဲမှာ ဖြည့်ပြီး ကားထုတ်လုပ်တဲ့သူ၊ brand၊ ထုတ်လုပ်တဲ့နိုင်ငံ၊ ကားမိုဒယ်၊ ကားကိုယ်ထည်ပုံစံ၊ အင်ဂျင်အရွယ်အစား၊ စက်ရုံနဲ့ ထုတ်လုပ်တဲ့နှစ်တွေကို သိရှိနိုင်ပါတယ်။ အဲဒီ သတင်းအချက်အလက်တွေကိုတော့ ထုတ်လုပ်သူတွေကနေ NHTSA (National Highway Traffic Safety Administration) ကို ပေးပို့တဲ့အချက်အလက်အတိုင်း ဖော်ပြပေးတာပါ။ VIN Decoder ကို ၁၉၈၁ ခုနှစ် နောက်ပိုင်းထုတ်လုပ်တဲ့ ကားတွေအတွက် အသုံးပြုရှာဖွေနိုင်ပါတယ်။ ကားက ၁၉၈၁ ခုနှစ်ထုတ်ဆိုရင်တော့ VIN နံပါတ် ၁၁ လုံးပါဝင်မှာပါ။
VIN ကို ဘယ်လို Decode ရေးထားသလဲ? (VIN နံပါတ်တစ်လုံးစီက ဘာကိုရည်ညွှန်းသလဲ?)
ဥပမာ - 5YJSA1DG9DFP14705
5 - ထုတ်လုပ်တဲ့နိုင်ငံ
Y - ထုတ်လုပ်သူ
J – ကားအမျိုးအစား
SA1DG – ကား brand, ကိုယ်ထည်စတိုင်၊ အင်ဂျင်အရွယ်အစားနဲ့ အမျိုးအစား၊ မိုဒယ်၊ စီးရီး
9 – Security Check digit
D - ထုတ်လုပ်တဲ့နှစ်
F - တပ်ဆင်တဲ့စက်ရုံ
P14705 - ကားရဲ့ production number (serial number)
World Manufacturer Identifier (WMI): Country of Origin Character Codes
VIN နံပါတ်တိုင်းရဲ့ ပထမဆုံးစာလုံး ၃ လုံးဟာ ကားထုတ်လုပ်သူကို ရည်ညွှန်းတာပဲ ဖြစ်ပါတယ်။ အဲဒါကို World Manufacturer Identifier or WMI code လို့ ခေါ်ဝေါ်ပါတယ်။

လူကြီးမင်းတို့အနေနဲ့ US နှင့် Canda မှကားများကို လေလံဆွဲ/၀ယ်ယူလိုပါက လုပ်ငန်းစဉ်တစ်ခုလုံးအတွက် တာဝန်ယူဆောင်ရွက်ပေးနေတဲ့ ကျွန်တော်တို့ရဲ့ West World ကို သတိရလိုက်ပါ။ ဖုန်းဆက်ပြီးဖြစ်စေ ဒါမှမဟုတ် West World page ရဲ့ Chatbox ကနေတဆင့်ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်‌။
🇺🇸 + 1 951 289 5599
🇲🇲 09 451 770 550

indicators ...
11/20/2020

indicators ...

“အမဲလိုကျ အက”
11/19/2020

“အမဲလိုကျ အက”

ပွင့်လင်းမြင်သာ ပါစေ Chevrolet CaptivaRebrand Engineering လို့ခေါ် ပါတယ်Chevrolet Captiva = Baojun 530 = yuan 78800 = $1...
11/19/2020

ပွင့်လင်းမြင်သာ ပါစေ Chevrolet Captiva

Rebrand Engineering လို့ခေါ် ပါတယ်

Chevrolet Captiva = Baojun 530
= yuan 78800 = $11967
= $11967 x 1300
= 156 သိန်း (ဝယ်စျေး။ အခွန် မပါ သေး)။
ဝယ်ကြမယ်။

တရုတ် ထုတ် ကား ကို တရုတ် အမည် နဲ့ ယွန် ၇ သောင်း ကျော် (မြန်မာ သိန်း ၁၅၀၊ သို့ အပြီး အစီး သိန်း ၂၀၀) ခန့် ကား ကို Dubai မှာ Chevy Captiva လို့ အမည် ပြောင်း (rebadging ခေါ်ပါတယ်) တော့ Dirham (UAE ငွေ) ၅၉၉၀၀ ($၁၆၃၃၅ = ၂၁၂ သိန်းကျပ်) ဖြစ် ပြီး မြန်မာ ပြန် ပို့ရင် သိန်း ၄၀၀ ကျ ပါမယ်။)
လိူအပ်သူ လိုချင်သူ များ ...
တရုတ် မှ သော် လည်းကောင်း UAE မှ သော်လည်းကောင်း
ကြိုက်စျေး ပေး မှာ ယူ နိုင်ပါတယ်။
စျေး မတူပေမယ့်
ကားတူတာ အာမခံ ပါမယ်။ 😅)

https://en.m.wikipedia.org/wiki/Baojun_530

အခြား နိုင်ငံသေး တွေ Safety Standard မလုပ်တဲ့ Rule and Regulations နည်းတဲ့ နိုင်ငံတွေ ကို စျေးပေါပေါ ရောင်း ဖို့ ၊ အမေရိကန် မှာ ကျ တော့ ပြန် တင်သွင်း ခွင့် မရ။
အမေရိကန် ကား ဒီဇိုင်း စက် frame ကို တရုတ် မှာ စက်ရုံ ဆောက်ထုတ် တာ အရေးမကြီး ပါ။
အခု ကား ကတော့ တရုတ် အစအဆုံး လုပ် ထါးပြီး သား ကား ကို ပိတ်ခဲ့ ပြီး သား Captiva အမည် ကို ပေး ရောင်း ခွင့် ပြု လိုက် တာပါ။

(ကမ္ဘာ့ Information Highway ခေတ်ပါ။
ပွင်လင်းမြင်သာ ကြပါစေ..။။

Chevy/Chevrolet ကား တွေ ထုတ် နေ တဲ့ GM motor ဟာ Korea နိုင်ငံ မှ အပြီးထွက်ခွါ ရနိုင်တယ် ၊ နိုင်ငံရဲ့ အလုပ်သမား ရေးရာ အကျ...
11/18/2020

Chevy/Chevrolet ကား တွေ ထုတ် နေ တဲ့ GM motor ဟာ Korea နိုင်ငံ မှ အပြီးထွက်ခွါ ရနိုင်တယ် ၊ နိုင်ငံရဲ့ အလုပ်သမား ရေးရာ အကျပ်အတည်းများကြောင့် မကိုက် တော့ လို့ ဖြစ်တယ် လို့ ဆိုပါတယ် ။ >
GM ဟာ ကိုဗစ် ကာလ မှာ တောင် အောင်မြင် လာတဲ့ အမေရိကန် ကား Company ကြီး ဖြစ် ပြီး Ford ထက် အများကြီး အမြတ်အစွန်း များနေတာ ၅ နှစ် တာ ကာ လ Stock Share ကို ကြည့် ရင် သိနိုင်ပါတယ်။
By Nay Lin Thu

https://www.reuters.com/article/us-gm-southkorea-labor-exclusive/exclusive-gm-warns-labor-unrest-making-south-korea-untenable-idUSKBN27Y0NR

11/13/2020

လူကြိုက်အများဆုံး နဲ့ customer အမေး အများဆုံးဖြစ်တဲ့ Chevrolet Equinox Premier Grade နဲ့ LT Grade ကို လေလံ ဆွဲဝယ်ယူပါက ခန့်မှန်းကျသင့်ငွေကို အသေးစိတ်တွက်ပြပေးထားပါတယ်။
ဈေးနှုန်း အသေးစိတ်ကို ရန်ကုန်ဆိမ်ကမ်း အရောက် ဈေးနှုန်း နှင့် ကညန နံပါတ် ထွက်ပြီး သည်အထိ ဈေးနှုန်း ဆိုပြီး နှစ်ပိုင်း ခွဲတွက်ပြပေးထားပါတယ်။
USA မှ မိမိကား တိုက်ရိုက်လေလံဆွဲနေခြင်း ကို ဝယ်ယူသူမှ ကြည့်လိုပါကလဲ Zoom Applications ဖြင့် Live ပြပေးပါတယ်။လေလံအောင်ပြီးနောက် လေလံစင်တာမှမူရင်း Invoice ကို Customer ကို ပေးမှာ ဖြစ်ပါတယ်။

တွက်ချက်မှု ဇယားကို Comment တွင်ကြည့်ရှုနိုင်ပါတယ်။

USA မှ ကားများကို တိုက်ရိုက်လေလံ ဆွဲ ဝယ်ယူ လိုပါက USA တွင်တရားဝင် မှတ်ပုံတင် ဖွဲ့စည်းထားသော West World Vehicles ကို စိတ်ချယုံကြည်စွာ ဆက်သွယ်လိုက်ပါ။

🇺🇸 +1 951 289 5599
🇲🇲 +95 9 451 770 550

USA မှ တိုက်ရိုက် လေလံ ဆွဲယူ လိုလျှင် WestWorld Vehicles ကို သတိရပါ ။
11/06/2020

USA မှ တိုက်ရိုက် လေလံ ဆွဲယူ လိုလျှင် WestWorld Vehicles ကို သတိရပါ ။

10/21/2020

ပြည်တွင်းထုတ် SKD ကားများအား စက်ရုံထုတ်ဈေးဖြင့် ဝယ်ယူခွင့်ရရှိသည့် ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ်ရရှိထားသူ ဝန.....

Address

Auto Center Drive
Tustin, CA
92782

Telephone

+19514022163

Website

Alerts

Be the first to know and let us send you an email when West World Vehicles - Car Auctions Buy & Export posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to West World Vehicles - Car Auctions Buy & Export:

Share

Category