Bo KYAW School Driver

เส้นทาง

Bo KYAW School Driver ကား�ဆိုင်ကယ်�မောင်းလိုင်စဉ်လုပ်ချင်ပါက ဆက်သွယ်လိုက်ပါ အကောင်းဆုံးဝန်ဆောင်မှု အမြန်ဆုံး ဝန်ဆောင်မှု

ခေါင်းလေးမော့ပြီးတော့ ဖြေပေးပါငါ့ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူးလားငါ အသိတရား မရှိခဲ့တာလားငါ မဆင်ခြင်မိခဲ့တာလားချစ်စစ်နဲ့ ချ...
14/09/2026

ခေါင်းလေးမော့ပြီးတော့ ဖြေပေးပါ
ငါ့ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူးလား
ငါ အသိတရား မရှိခဲ့တာလား
ငါ မဆင်ခြင်မိခဲ့တာလား
ချစ်စစ်နဲ့ ချစ်ခဲ့တာပါ
စည်းလေးတစ်ဖက်ခြားမှာ
ငါ အမြဲတမ်း ရှုံးတယ်

အရှုံးသမား လို့တော့ အမည်မတွင်ချင်ဘူး
ကျေးဇူးပြုပြီး ဘေးကကြည့်ခွင့်ပေးပါ
အဖြူသက်သက်မို့
မေတ္တာကို စော်ကားခံရတော့
အသည်းထဲထိ နာတယ်

အားမတန်လို့ မာန်လျှော့တယ်လို့တော့
မထင်လိုက်နဲ့ကွယ်
မာန်ဘယ်လောက်တင်းတင်း
ကာယကံရှင်က ကိုယ့်ဘက်မပါမှတော့
ဘယ်လိုပဲ နွှဲနွှဲ ရှုံးတဲ့ပွဲကြီးပါပဲ

နင့်ဘက်က ၀ှက်ဖဲ တစ်ချပ်
လပ်ခနဲ အပြ
ဟောဒီကောင် ရင်ထဲ
နာကျင်မှုတွေက စိမ့်ခနဲ ပဲ
ငါ နင့်ကို ချစ်သလိုအချစ်မျိုးနဲ့
နင်က သူကို ချစ်ခဲ့တယ်
တကယ်တော့ စည်းမှားကျော်မိတဲ့ငါ
တရားခံစစ်စစ်ပါဟာ...

ပျော်ရွှင်မှုနဲ့ နာကျင်မှု
တစ်ခုခုကို ဖြေလိုက်ပါဟာ
ကြိုးရှည်ရှည်နဲ့ လှန်ထာတာ မဟုတ်ပေမဲ့လဲ
နင့်လက်ထဲက ကြိုးစကိုတော့
ဘယ်တော့မှ ဖြေမချခဲ့ဘူး
တကယ်တော့ ငါ အမှန်တရားကို
ဘယ်တော့မှ မကြည့်ရဲခဲ့ဘူး

ငါ့အလိုပြည့်ဖို့ ဆိုတာထက်
နင့်အလိုကို ငါ ဦးစားပေး ဖြည့်ဆည်းခဲ့တယ်
ဒါပေမဲ့ ဒဏ်ရာတွေကြီးပဲ နင်ချန်ထားခဲ့တယ်
ငါ တရှိုက်မက်မက် ကိုးကွယ်ခဲ့သော အချစ်စစ်တခု..
နင် ပြက်ရယ်ပြုခဲ့ပြီ

ယောက်ျားတန်မဲ့ မျက်ရည်ကျရပါတယ်
ငါ အရှုံးမပေးခဲ့ပါဘူး
ငါ အနိုင်မရခဲ့တာ
ဘ၀ဆိုတာ အန်စာတုံးတစ်ခုလိုပါပဲ
လှည့်လိုက်တိုင်း အကောင်းမကျနိုင်ဘူး
ဒီ ပါးနှစ်ဖက်က မျက်ရည်တွေ ပထုတ်
နင့်ကို ချစ်တဲ့ အသိနဲ့ အားတင်းလိုက်ချိန်တိုင်းလဲ
ငါ့ဘေးမှာ နင်မရှိဘူး
ကောင်းကင်လွဲသော ငါ့အိပ်မက်တွေ
နောက် ဘ၀ဆိုတာမျာ ရှိခဲ့ရင်
ကောင်းကောင်း မက်ပါရစေ

(ချစ်သူရယ်)
အရိပ်မှာ နေပြီး အခက်ကို ချိုးပါ
နင့်ကြောင့်ပဲ
ငါ့ရေသောက်မြစ်တွေ
ဟိုး ..အတွင်းထဲထိ နက်တယ်

ဖယောင်းတစ်တိုင်ရဲ့ သီအိုရီကို သုံးပါရစေ
တတ်နိုင်သမျှ လင်းပေးပါ့မယ်
အလင်းတွေ ကုန်တဲ့ တစ်ချိန်ချိန်
ငါ နင့်ဘေးက တိုးတိုးလေး ထွက်သွားပြရစေ
ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့ခဲ့ပါဘူး

ချစ်တယ် လို့ဆိုခဲ့သော ငါ
နင့်အတွက် အရမ်း ရိုင်းနေခဲ့သလား
မယဉ်ကျေးသူငါ
ရလဒ်တခုကတော့ နင်ပြန်မချစ်ခဲ့ခြင်းတဲ့
ငါ့ အသိတရားမှာ စာလုံးပေါင်းကြည့်တယ်
နင့်ရဲ့ချစ်ခြင်းတွေ ဘယ်သူရှိမှာလဲ ဟာ

ငါ့ မိုက်ပြစ်တွေ အတွက်
ငါ့ကိုယ်ငါ စည်းချထားမယ်
ငါ အတွင်းစည်းထဲကပဲ စောင့်ကြည့်နေပါရစေ
နင့်အတွက် လိုအပ်လာမဲ့ တစ်ချိန်ချိန်
အဲဒီ စည်းလေးထဲ
ခွင့်မတောင်းဘဲ ၀င်လာနိုင်ပါတယ်..

စုပ်လဲစူး စားလည်းရူး ဆိုတာမျိုးလား
ဒါဆို
အရူးတစ်ယောက်ရင်ထဲ နင့်ရဲ့ စူးအတိစူးခဲ့ပြီ
ငါးစာသာမြင် ငါးချိပ် မမြင်ခဲ့သောငါ
ကံတရား ချိပ်မှာ သွေးစွန်းခဲ့ရတယ်

နင် တကယ် မလိုအပ်တော့ဘူးလား
ဒါဆိုရင်လဲ နင့်ဓါးအိမ်လေးထဲ ဓါး ထည့်လိုက်ပါ......
ငါ့ကိုယ်ငါသာ
သေ
မိန့်
ပေး
လိုက်
ပါ
ရ
စေ
တော့
ဟာ .....

နယ်ပယ်အသစ်ထဲ ဝင်ကြည့်။ဘာမှမသိသေးတဲ့နေရာမှာအများနဲ့တန်းတူ ရပ်နိုင်ရင်မင်းတော်တယ်။ဒါပေမယ့်အဲ့ဒါနဲ့ မပြီးသေးဘူး။ဘဝက မင်းကို...
13/09/2026

နယ်ပယ်အသစ်ထဲ ဝင်ကြည့်။

ဘာမှမသိသေးတဲ့နေရာမှာ
အများနဲ့တန်းတူ ရပ်နိုင်ရင်
မင်းတော်တယ်။

ဒါပေမယ့်
အဲ့ဒါနဲ့ မပြီးသေးဘူး။

ဘဝက မင်းကို
တစ်ယောက်တည်း စမ်းတဲ့အချိန် ရှိတယ်။

လူမရှိဘူး။
အားပေးမယ့်သူ မရှိဘူး။
လမ်းညွှန်မယ့်သူ မရှိဘူး။

အဲ့ဒီအချိန်မှာတောင်
စိတ်မပျက်ဘဲ
ကိုယ့်လမ်းကို ဆက်လျှောက်နိုင်ရင်—

မင်းသန်မာနေပြီ။

လူအုပ်ထဲမှာ
မင်းရဲ့အရည်အချင်းကို သိရတယ်။

တစ်ယောက်တည်းမှာ
မင်းရဲ့စိတ်‌ဓာတ် မာ‌ကြောမှု့ကို သိရတယ်။

တော်အောင်လဲ သင်ယူနေရမယ်။
မာအောင်လဲ ပြင်ဆင်ထားရမယ်။

13/09/2026

အိပ်မက်တွေက
အမှန်တကယ် ဖြစ်လာတာမျိုး ...
ကြုံခဲ့ဖူးလား ...

ကျွန်တော် ကြုံခဲ့ဖူးတယ်...
ပုံမှန်ဆို ကျွန်မ အိပ်ချိန်တွေက
နောက်ကျတတ်သလို
အိပ်မက်လည်း မက်ခဲတယ် ..
အိပ်ပျော်ဖို့လည်း ခက်သလို
အိပ်ပျော်သွားရင်လည်း
မနက်ထိ တချိုးတည်းပဲ ။

အဲ့ဒီနှစ်တုန်းကတော့
ထူးထူးဆန်းဆန်းပဲ
မှတ်မှတ်ရရ
အဲ့ဒီနှစ်ရဲ့
နို၀င်ဘာလပေါ့ ...
အိပ်မက်တွေ အရမ်းမက်ခဲ့တာ

အဲ့ဒီတုန်းက ကျွန်မမှာ
သိပ်ချစ်ရတဲ့ လူတစ်ယောက်ရှိခဲ့ဖူးတယ်
သူနဲ့ ပတ်သက်ပြီး
အစစ အရာရာ ယုံကြည်ထားမိသလို
သူ ပြောသလို အမှန်လို့ ထင်ခဲ့တာ ...
သူက ကျွန်တော်ကို သိပ်ချစ်တာဆိုပြီး
တစ်ထစ်ချ တွက်ထားခဲ့တာ ...

ဒါပေမယ့်
အိပ်မက်တွေမက်ရင်လေ
သူက တခြားတစ်ယောက်နဲ့ ရှိနေတာမျိုး
အိပ်မက်ထဲမှာ
သူ့ကို ဘယ်လောက်ရှာရှာ မတွေ့တာမျိုးတွေ
ခဏခဏ မက်တယ် ...

ပြောမိတာပေါ့ ...
ဒီလို အိပ်မက်မျိုးတွေ မက်တယ်
အပြင်မှာ တခြားတစ်ယောက်ရှိနေတာလား ဆိုတဲ့
မေးခွန်းတွေလည်း မေးမိတယ် ...

မဟုတ်ပါဘူး ..
အယူသည်းနေတာ
အိပ်မက်မက်တိုင်း
ဖောက်ပြန်နေရမှာလားဆိုပြီး
ပြန်ရန်တွေ့တာပဲ ခံရတာပါ ...

မကြာဘူးနော် ...
စုံစမ်းစရာလည်း မလိုဘူး
ပြီးတော့ ဘယ်သူ့ကိုမှ မေးစရာလဲ မလိုပဲ
သူ့အလိုလိုပဲ သူလုပ်ထားတာတွေကို
ကိုယ်ပြန်သိလာရတာ ...

ကိုယ် မက်ခဲ့တဲ့ အိပ်မက်ထဲကအတိုင်း
တစ်စုံတစ်ယောက်လက်ကိုဆွဲပြီး
ကိုယ်ငိုပြီးတားတာတောင်
လှည့်မကြည့်ပဲ ထွက်သွားခဲ့တာ ။

ကိုယ်သိခဲ့ပါတယ်လို့ ပြောရမလား ...
ဒါမှမဟုတ်
ကိုယ့် အိပ်မက်တွေက မှန်ခဲ့တယ်လို့ ဆိုရမလား ...

လူတစ်ယောက်ကို
သိပ်ချစ်မိသွားတဲ့အခါ
လူတစ်ယောက်က ...
အရှေ့ကို ကြိုပြီး ခံစားတတ်လာတယ်ဆိုတာ
တကယ်ပဲ မှန်ပါတယ် ....

နာကျင်ကြေကွဲရမှာကို
ပိုပြီးတော့ ကြိုသိတတ်ကြတယ်

ဒီစာလေးက ... မင်းနိုးလာတဲ့အခါကြည်ကြည်သာသာလေးဖြစ်စေဖို့ရေးထားတဲ့ စာ ။Morning နော်ဆိုတဲ့စကားလုံးထက် ကော်ဖီပူပူလေးနဲ့ မနက်စ...
13/09/2026

ဒီစာလေးက ...
မင်းနိုးလာတဲ့အခါ
ကြည်ကြည်သာသာလေးဖြစ်စေဖို့
ရေးထားတဲ့ စာ ။

Morning နော်ဆိုတဲ့
စကားလုံးထက်
ကော်ဖီပူပူလေးနဲ့ မနက်စာပြင်ပေးထားတာကို
ပို သဘောကျတတ်တဲ့ကလေးမို့

ဒီမနက်ခင်းလေးမှာကော
ထုံးစံအတိုင်း
ကော်ဖီတစ်ခွက်ကို
အတွေးနဲ့ရောရင်း သောက်ဖို့ ရွေးထားသေးလား ။

ဘာနဲ့ပဲဖျော်ဖျော် ဒီမနက်ခင်းလေးမှာ
ကလေးပျော်ဖို့ပဲ လိုပါတယ် ။
ပြုံးနေမှ မဟုတ်ပဲ
စိတ်လေး ကြည်သာနေရင်ကို
ဒီမနက်ခင်း‌လေးက လှပါတယ် ။

နေရောင်ဖျဖျလေးအောက်မှာ
နှုတ်ခမ်းလေး ကွေးညွှတ်ရုံလောက်
ပြုံးရုံလေး ပြုံးမယ်ဆိုရင်တောင်
ဒီနေ့အတွက် ...
လုံလောက်ပါတယ် ။

လိုသာမရ လို့ ငိုချခဲ့ဘူးတဲ့ အရွယ်ကနေလိုချင်တာ ရှိရင် ကိုယ်တိုင် ကြိုးစားမှ ရမယ်ဆိုတဲ့  အသိရှိလာတဲ့  အရွယ်ကို ရောက်ခဲ့ပါတ...
12/09/2026

လိုသာမရ လို့ ငိုချခဲ့ဘူးတဲ့ အရွယ်ကနေ
လိုချင်တာ ရှိရင် ကိုယ်တိုင် ကြိုးစားမှ
ရမယ်ဆိုတဲ့ အသိ
ရှိလာတဲ့ အရွယ်ကို ရောက်ခဲ့ပါတယ်...။

တစ်ယောက်နဲ့တစ်ယောက် အလွှာခြင်းတာ
မတူညီကြမယ်...
လိုချင်တဲ့ ဆန္ဒခြင်းကတော့ အတူတူပဲဖြစ်မှာပါ။

ဖြစ်ချင်တာတွေ မဖြစ်ရလို့ဆိုပီး
ညစ်တွန်းတွန်းတဲ့ သဘောကနေ
ပေပေသေသေ လူမိုက်တစ်ဖြစ်လည်း
ကျွန်တော် ကြင်လည်ရှင်သန်ခဲ့ဘူးပါတယ်...။

လူဆိုတာ အသိရှိရတာမို့ မိမိအမှားကိုပြင်ပီး
သူတပါးသူထက် မသာနိုင်ရင်တောင်
မရှုံးစေရဘူးဆိုတဲ့ စိတ်နဲ့
ပင်ပင်ပန်းပန်း အလုပ်တွေလည်း ကြိုးစားခဲ့ဘူးသူပါ။

အချို့က ရိုးသားကြတယ်
အချို့က ခိုးစားကြတယ်
ကျွန်တော်က ကြိုးစားတယ်
ဒါပေမဲ့...
ဝမ်းတော့ လှိုင်လှိုင် မဝနိုင်ခဲ့ဘူး...။

ဓမ္မနဲ့ အဓမ္မ ယှဥ်တွဲပီး ဆွဲနေရတဲ့
လွန်းပွဲမှာ ဆင်းရဲတာက
အဓိက ပြယုသ်ဖြစ်လာတယ်...။

ချစ်ပါတယ် ဆိုတဲ့ သူမလည်း
ငွေမရှိရင် သေထိမပြောနဲ့
တစ်စက္ကန့်တောင် မကြည်ဖြူနိုင်ဘူး...။

ဒီလူကို အရူးလို့ အချို့ကပြောကြတယ်
ဟုတ်ပါတယ်
ကျွန်တော်က အရူးပါ
အတတ်ကြူးတဲ့ အရူးလေ...။

မငတ်ဖူးသူတိုင်း မသိနိုင်တဲ့
လာဆောင်မှု့ကို ဘာအရောင်လည်းလို့
လာလာမေးရင် ဟုတ်ကဲ့
ကျုပ်ဖြေပမယ် အဲဒါ "အဖြူရောင်ပါ။"

"ဟုတ်ပါတယ် "
လောကမှာ ရိုးသားသူဟာ
မေတ္တာတွေ ချစ်တာတွေ သစ္စာတွေ
သံယောဇဥ်တွေ ဂုဏ် ရွှေ ငွေ ပကာ ဓနတွေ
အရာရာ သောက်သုံးခွင့်မရဘဲ
ဆာေလာင် ငတ်မွတ်ခဲ့ကြရပါတယ်။

ဒါကြောင့် အဲဒီသံသရာ မှာ ကျွန်တော်ဟာ
အကောင်းဆုံးကြင်လည်ခဲ့ဘူးသူ ဖြစ်တာမို့
ဘယ်ဇာတ်ခုံမှာမဆို အကောင်းဆုံးနဲ့
ပိုင်ပိုင်နိုင်နိုင် ကပြနိုင်ပါတယ်...။

12/09/2026

ချစ်တဲ့သူကို မရလို့

ရတဲ့သူကို ချစ်ပြတာမျိုး…

ဒီဘဝမှာတော့ ကိုယ်မလုပ်ဘူးကွယ်။

မင်းကို မပိုင်ဆိုင်ရရင်တောင်

မင်းနေရာမှာ တခြားတစ်ယောက်ကို အစားထိုးပြီး

“ချစ်တယ်” လို့ မလိမ်ချင်ဘူး။

မင်းမရှိတဲ့နေရာကို

တခြားတစ်ယောက်နဲ့ ဖြည့်ပြီး

အထီးကျန်မှုကို ဖုံးကွယ်တာထက်

တစ်ယောက်တည်းနေရတာကို ပိုရွေးချယ်လိုက်မယ်။

မင်းကို မပိုင်ရလို့

နောက်တစ်ယောက်ရဲ့နှလုံးသားကို

အလွယ်တကူ ဝင်မရှုပ်ချင်ဘူး။

ကိုယ်ချစ်ရင် တစ်ယောက်တည်းကိုပဲ ချစ်မယ်။

မရရင်လည်း တစ်ယောက်တည်းကိုပဲ လွမ်းမယ်။

ဒါက အရှုံးမဟုတ်ဘူး…

ကိုယ့်အချစ်ကို ကိုယ်တန်ဖိုးထားတာ။

အချစ်ဆိုတာ ရွေးချယ်လို့ရတဲ့အရာမဟုတ်ဘူး၊

နှလုံးသားက တစ်ယောက်ကိုရွေးပြီးရင်

တခြားတစ်ယောက်နဲ့ အစားထိုးဖို့ မရွေးချယ်ချင်ဘူး။

မရလည်း မရတဲ့အတိုင်းပဲ နေမယ်။

လွမ်းလည်း လွမ်းတဲ့အတိုင်းပဲ ခံမယ်။

ဒါပေမယ့် မချစ်တဲ့သူကိုတော့

ချစ်သလို ဟန်ဆောင်ပြီး မဖက်တွယ်ဘူး။

အချစ်မှာ ကိုယ်လိုချင်တာ

“ရဖို့” မဟုတ်ဘူး…

“ရိုးသားဖို့” ပဲ။ 🤍

ရင်က ကျွန်တော်ဟာ သံယောဇဉ်ကို အလေးအနက်ထားလွန်းတဲ့ ယောက်ျားတစ်ယောက်ပါ။ လူတစ်ယောက်ကို ခင်တွယ်ပြီဆိုရင် ကိုယ့်ဘက်က ရာနှုန်းပ...
11/09/2026

ရင်က ကျွန်တော်ဟာ သံယောဇဉ်ကို အလေးအနက်ထားလွန်းတဲ့ ယောက်ျားတစ်ယောက်ပါ။ လူတစ်ယောက်ကို ခင်တွယ်ပြီဆိုရင် ကိုယ့်ဘက်က ရာနှုန်းပြည့် ပုံအောပေးတတ်တာ ကျွန်တော့်ရဲ့ အကျင့်ပေါ့။
အချစ်မှာပဲဖြစ်ဖြစ်၊ ခင်မင်မှုမှာပဲဖြစ်ဖြစ် "ဦးစားပေး" ရမယ်ဆိုရင် ကျွန်တော်က အမြဲတမ်း နောက်ဆုံးမှာပဲ နေခဲ့ပြီး သူတပါးကိုပဲ ရှေ့တန်းတင်ခဲ့တာ။

ဒါပေမဲ့ အဲဒီလို သံယောဇဉ်ကြီးတာကပဲ
ကိုယ့်ကိုကိုယ် ပြန်သတ်နေတဲ့
လက်နက်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ဘူး။

တစ်ဖက်လူရဲ့ စာတစ်ကြောင်းကို မျှော်နေရတာ၊ ကိုယ်က ဂရုတစိုက် မေးမြန်းသမျှကို သူက အဖတ်မလုပ်သလို
နေတာ၊ ကိုယ့်ရဲ့ စေတနာတွေကို အပိုတွေလို့
သတ်မှတ်ခံရတာတွေက ကြာလာတော့ နှလုံးသားကို
ညောင်းညာစေပါတယ်။

အချိန်တိုင်း တစ်ဖက်လူရဲ့ အလိုကျ လိုက်ဖြည့်ဆည်းပေးနေရတဲ့ ဘဝက "သက်တောင့်သက်သာ" မရှိမှန်း
ကျွန်တော် သိလာရတယ်။

အခုတော့ ကျွန်တော် ပြောင်းလဲသွားပါပြီ။

လူတွေကတော့ ကျွန်တော့်ကို အရင်လို မဟုတ်တော့ဘူး၊ "အေးစက်သွားတယ်" လို့ ပြောကြတယ်။

"ဟုတ်ပါတယ် ကျွန်တော် အေးစက်သွားတာပါ'

ဒါပေမဲ့ အဲဒါဟာ တစ်ဖက်လူကို မုန်းလို့ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ဖို့ အချိန်ပေးလိုက်တာပါ။

အရင်လို ဖုန်း Notification လေးတက်လာဖို့
မျှော်မနေတော့ဘူး။ သူ ဘာဖြစ်နေလဲ၊ ဘယ်သူနဲ့ ရှိနေမလဲဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ခေါင်းကို အပူမပေးတော့ဘူး။

တစ်ဖက်လူက အကြောင်းမပြန်ရင်လည်း "အင်း... သူ အလုပ်ရှုပ်နေလို့ ဖြစ်မှာပါ" လို့ ရိုးရိုးလေးပဲ တွေးပြီး ကိုယ်လုပ်စရာရှိတာ ဆက်လုပ်လိုက်တယ်။

ဒီလို အေးစက်စက် နေလိုက်ရတာက ပိုပြီး
သက်တောင့်သက်သာ ရှိပါတယ်။

သံယောဇဉ်တွေ တနင့်တပိုးနဲ့ တစ်ဖက်လူနောက်ကို အပြေးလိုက်နေရတဲ့ အလုပ်က တကယ်တော့ ပင်ပန်းလွန်းပါတယ်။

အခုလို ဘာမှ မျှော်လင့်မထားတဲ့ "ဥပေက္ခာ" စိတ်လေးနဲ့ နေလိုက်တဲ့အခါမှပဲ ကျွန်တော့်ကမ္ဘာလေးက ပိုပြီး
ငြိမ်သက်သွားတော့တယ်။

အေးစက်သွားတယ်ဆိုတာ... နှလုံးသားက
သေဆုံးသွားတာမဟုတ်ပါဘူး။
ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ ခံစားချက်တွေကို
မထိုက်တန်တဲ့နေရာမှာ မဖြုန်းတီးတော့ဖို့
"Safe Zone" တစ်ခု တည်ဆောက်လိုက်တာပါ။

အခု ကျွန်တော် အေးချမ်းပါတယ်...
ဘယ်သူ့အပေါ်မှ အငြိုးအတေးမရှိသလို၊ ဘယ်သူ့ဆီကမှလည်း အထူးတလည် ဂရုစိုက်မှုကို မတောင်းခံတော့ဘူး။
ဒါဟာ ယောက်ျားတစ်ယောက်ရဲ့ ရင့်ကျက်တဲ့
အေးစက်ခြင်းပေါ့.......။

11/09/2026

ที่อยู่

Phetchaburi
76140

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Bo KYAW School Driver โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์