Join Me Here.ChiangMai Cars & Bikes Rental Co.,Ltd

Join Me Here.ChiangMai  Cars & Bikes Rental Co.,Ltd ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Join Me Here.ChiangMai Cars & Bikes Rental Co.,Ltd, เช่ารถ, Chiang Mai.

🚗 ချင်းမိုင်ခရီးစဉ်ကို အကောင်းဆုံးအမှတ်တရဖြစ်စေဖို့ "Join Me Here" မှ ကြိုဆိုပါတယ်။ 🏍️ လူကြီးမင်းတို့ စိတ်တိုင်းကျ ခရီးသွားနိုင်ဖို့ ကားနှင့် ဆိုင်ကယ်များကို လုပ်ငန်းစဉ်အမြန်ဆုံးနဲ့ စိတ်ချရစွာ ငှားရမ်းပေးနေပါပြီ။

ချင်းမိုင်ကို လာလည်ကြတဲ့ ဧည့်သည်တချို့က ကိုယ်ပိုင် Plan လေးတွေ၊ ကိုယ်စီစိတ်ကူးလေးတွေနဲ့ လာရောက်လည်ပတ်လေ့ ရှိကြပါတယ် ဒီတစ...
05/05/2026

ချင်းမိုင်ကို လာလည်ကြတဲ့ ဧည့်သည်တချို့က ကိုယ်ပိုင် Plan လေးတွေ၊ ကိုယ်စီစိတ်ကူးလေးတွေနဲ့ လာရောက်လည်ပတ်လေ့ ရှိကြပါတယ်

ဒီတစ်ခေါက်မှာလည်း ကိုယ်ပိုင်အစီအစဉ်လေးတွေနဲ့ လာရောက်တဲ့ အန်တီတို့အဖွဲ့ကို Join Me က အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်ခင်ဗျာ

🛖ပထမရက်မှာ မဲ့ကပေါင်ရွာမှာ အေးအေးဆေးဆေး တစ်ညအိပ်အနားယူခဲ့ပြီး

⛰️☁️ ဒုတိယရက်မှာတော့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ Doi Inthanon ကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်

☕🌸 တတိယရက်မှာတော့ မွန်ဂျမ်းက ကော်ဖီဆိုင်လေးတွေမှာ အပန်းဖြေရင်း (၃) ရက်တာ ခရီးစဉ်လေးကို အောင်မြင်စွာ ပို့ဆောင်ပေးခဲ့ပါတယ်

ကိုယ်ပိုင်အစီအစဉ်လေးတွေနဲ့ လာခဲ့ကြပေမယ့် Join Me ကို ယုံကြည်စိတ်ချစွာ အဖော်ပြုခွင့်ပေးခဲ့လို့လည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ 🙏✨

ဘယ်လိုအစီအစဉ်နဲ့ပဲလာလာ …
စိတ်တိုင်းကျခရီးစဉ်တွေအတွက်ဖြစ်ဖြစ်အေးအေးဆေးဆေး အနားယူဖို့အတွက်ဖြစ်ဖြစ် ချင်းမိုင်လာလည်မယ်ဆိုတာနဲ့ Join Me ရှိနေပါတယ်ခင်ဗျာ 🤗


ခရီးစဉ်အသေးစိတ်လေးတွေ စိတ်ဝင်စားလို့ မေးမြန်းချင်တယ်ဆိုရင်တော့ -

📲ဖုန်း : 0923128382
🗯️WhatsApp : +66923128382 +66 616547223
💬Line : +66923128382
📩Viber : +66 624763391 , +959959997837

💬 page messenger တို့မှာလာလည်း လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

#မယ့်ကပေါင် #မွန်ဂျမ်း #ချင်းမိုင်အလည်အပတ်

တခါတလေမှာ အကောင်းဆုံးအမှတ်တရဆိုတာ ခရီးထွက်ခြင်းကနေလည်း ရရှိနိုင်ပါတယ် မိသားစု ၊ သူငယ်ချင်း စတဲ့ ကိုယ်ချစ်ရတဲ့သူတွေဆို ပိ...
04/05/2026

တခါတလေမှာ အကောင်းဆုံးအမှတ်တရဆိုတာ ခရီးထွက်ခြင်းကနေလည်း ရရှိနိုင်ပါတယ်

မိသားစု ၊ သူငယ်ချင်း စတဲ့ ကိုယ်ချစ်ရတဲ့သူတွေဆို ပိုတောင် အမှတ်တရရှိနေမှာပါ ✨

ဒီတခါမှာတော့ sister goal လို့တောင် တင်စားလို့ရတဲ့ ဧည့်သည်အမတို့ ညီအမနှစ်ယောက်ရဲ့ ပျော်စရာကောင်းတဲ့ ခရီးစဉ်လေးကို join me က တူတူ လည်ပတ်အားဖြည့်ခဲ့တဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်ခင်ဗျာ

မယ့်ကပေါင် ၊ မွန်ဂျမ်း ၊ Doi inthnon ၊ချင်းရိုင် နဲ့ ချင်းမိုင်မြို့တွင်း နေ့ချင်းပြန် 5ရက်တာ ခရီးစဉ်အတွက် join me ကို ယုံကြည်စွာ ရွေးချယ်ခဲ့တဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ နောင်လည်း ဒီလို ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေးတွေမှာ ထပ်မံဆုံတွေ့ချင်ပါသေးတယ်ခင်ဗျာ 🙏

"အခုလိုမျိုး ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူ အပူအပင်မရှိ၊ ပေါ့ပေါ့ပါးပါးနဲ့ အမှတ်တရတွေ အပြည့်အဝ ဖန်တီးချင်
တယ်ဆိုရင်တော့...

လူကြီးမင်းတို့ရဲ့ အဖိုးတန်တဲ့ အားလပ်ရက် ခရီးစဉ်လေးတွေကို စိတ်တိုင်းကျ ဖြစ်စေဖို့ Join Me က အမြဲအသင့်ရှိနေပါတယ်ခင်ဗျာ။ 🚙✨

✅ ချင်းမိုင်၊ ချင်းရိုင် ၊ မယ်ဟောင်ဆောင် ထိုင်ရနိုင်ငံမြောက်ပိုင်းအနှံ့ ခရီးစဉ်များကို ကျွမ်းကျင်တဲ့ ယာဉ်မောင်းများနဲ့ ဝန်ဆောင်မှုပေးခြင်း

✅ မိသားစု၊ သူငယ်ချင်း အဖွဲ့လိုက်ဖြစ်စေ၊ အခုလို ညီအစ်မ/သူငယ်ချင်း နှစ်ယောက်ထဲဖြစ်စေ စိတ်ကြိုက်
ညှိနှိုင်းနိုင်တဲ့ Custom Itinerary များ

✅ လုံခြုံစိတ်ချရပြီး သန့်ရှင်းသပ်ရပ်တဲ့ ကားကောင်းများနဲ့ အေးအေးလူလူ လည်ပတ်နိုင်ခြင်း

'ခရီးသွားရင်း အားဖြည့်မယ်... အမှတ်တရတွေ တူတူဖန်တီးမယ်' ဆိုရင် Join Me ကိုသာ သတိရလိုက်ပါခင်ဗျာ

စိတ်ဝင်စားလို့ မေးမြန်းချင်တယ်ဆိုရင်တော့ -

📲ဖုန်း : 0923128382
🗯️WhatsApp : +66923128382 +66 616547223
💬Line : +66923128382
📩Viber : +66 624763391 , +959959997837

💬 page messenger တို့မှာလာလည်း လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ


#မယ့်ကပေ့ါင် #မွန်ဂျမ်း #ချင်းရိုင် #ချင်းမိုင် #မယ်ဟောင်ဆောင် #ချင်းမိုင်အလည်အပတ် #ထိုင်းခရီးသွား #ကားအငှါးဝန်ဆောင်မှု

🛕ချင်းရိုင်ရဲ့ အလှဆုံးနေရာတွေဖြစ်တဲ့ ဘုရားဖြူ၊ ဘုရားပြာ၊ ကွမ်ရင်မယ်တော်ကြီး၊ Lalitta Cafe နဲ့ Akha Farmville သိုးခြံ တို...
03/05/2026

🛕ချင်းရိုင်ရဲ့ အလှဆုံးနေရာတွေဖြစ်တဲ့ ဘုရားဖြူ၊ ဘုရားပြာ၊ ကွမ်ရင်မယ်တော်ကြီး၊ Lalitta Cafe နဲ့ Akha Farmville သိုးခြံ တို့ကို တစ်ရက်တည်းနဲ့ စုံစုံလင်လင် လည်ပတ်ခဲ့တဲ့ အမှတ်တရခရီးစဉ်

လည်ပတ်သွားတဲ့ ဧည့်သည်အမတို့အဖွဲ့ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 🙏

-အနုပညာလက်ရာမြောက်တဲ့ ဘုရားကျောင်းကန်တွေမှာ ကြည်ညိုသပ္ပာယ်စွာ ဖူးမြော်ခြင်း

-နတ်သမီးပုံပြင်ဆန်တဲ့ ကဖေးမှာ အပန်းဖြေခြင်း

-တောင်ပေါ်က သိုးခြံလေးမှာ သဘာဝအလှတရားတွေကို ခံစားခြင်း စတဲ့ ခရီးစဉ်တခုထဲမှာပဲ လည်ပတ်စရာနေရာတွေစုံတာကြောင့် ချင်းရိုင်ခရီးစဉ်ကလည်း အဓိပ္ပါယ်ရှိတဲ့ ခရီးစဉ်လေးတခုပါပဲခင်ဗျာ

ခုလိုမျိုး join me နဲ့တူတူ ခရီးစဉ်တွေကိုအပူအပင်မရှိ စိတ်အေးလက်အေးလည်ပတ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ဆီမှာ လူဦးရေအလိုက် Sedan၊ SUV၊ Van စတဲ့ ကားသန့်၊ ကားကောင်းတွေ Stand by ရှိတာမလို့ စိတ်ကြိုက် ရွေးချယ်နိုင်တဲ့အပြင်

📍 လူကြိုက်များတဲ့ ခရီးစဉ်တွေဖြစ်တဲ့ -

🛖ချင်းမိုင်-မယ့်ကပေါင် နေ့ချင်းပြန်

🪻ချင်းမိုင်-မွန်ဂျမ်း နေ့ချင်းပြန်

⛰️ချင်းမိုင် - Doi inthnon နေ့ချင်းပြန်

🙏ချင်းမိုင် -Doi Suthep+ စံပယ်ပန်းဘုရားဖူး နေ့ချင်းပြန်

🙏ချင်းမိုင်-ချင်းရိုင် နေ့ချင်းပြန်

🏔️ချင်းမိုင်-ချင်းဒေါင်း နေ့ချင်းပြန်

🎡ချင်းမိုင်-ရွှေတြိဂံ နေ့ချင်းပြန်

🙏ချင်းမိုင်-ချင်းရိုင် -ရွှေတြိဂံ တစ်ညအိပ် နှစ်ရက်

⛩️ချင်းမိုင် -ပိုင်- ဘန်ရတ်ထိုင်း တစ်ညအိပ် နှစ်ရက်

စတဲ့ နေရာတွေကို စိတ်ကြိုက်လည်ပတ်ဖို့ စိတ်ရှည်သဘောကောင်းတဲ့ ကားမောင်းဆရာများနဲ့ စနစ်တကျ စီစဉ်ပေးပါတယ်ခင်ဗျာ

အသေးစိတ်မေးမြန်းပြီး ခရီးစဉ်အတွက် Booking တင်ချင်တယ်ဆိုရင်တော့ _

📲ဖုန်း : 0923128382
🗯️WhatsApp : +66923128382 +66 616547223
💬Line : +66923128382
📩Viber : +66 624763391 , +959959997837

💬 page messenger တို့မှာလာလည်း လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

#ချင်းရိုင် #ချင်းမိုင်အလည်အပတ် #ထိုင်းခရီးသွား #ကားအငှါးဝန်ဆောင်မှု

📢 မွန်ဂျမ်းမှာရှိတဲ့ Miracle Flower Castle -ပန်းရဲတိုက်ကြီး က ဒီလ 4ရက်နေ့ကစပြီး ခေတ္တပိတ်တော့မှာ ဖြစ်ပြီး ပန်းရဲတိုက်ကို...
02/05/2026

📢 မွန်ဂျမ်းမှာရှိတဲ့ Miracle Flower Castle -ပန်းရဲတိုက်ကြီး က ဒီလ 4ရက်နေ့ကစပြီး ခေတ္တပိတ်တော့မှာ ဖြစ်ပြီး ပန်းရဲတိုက်ကို သွားလည်ချင်တဲ့သူတွေအတွက် မနက်ဖြန်တရက်ပဲ ကျန်ပါတော့မယ်ခင်ဗျာ

🌸🏰 ပန်းခင်းတွေ ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့အတွက် ခဏနားမှာဖြစ်ပြီး ဇူလိုင်လ မှာမှ ပန်းအလှတွေနဲ့အတူ ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်

အခုရက်ပိုင်း မွန်ဂျမ်းဘက် တက်ဖို့ စီစဉ်ထားတဲ့ ဧည့်သည်တွေအနေနဲ့ ဒီနေရာလေးကို ခရီးစဉ်ထဲကနေ ခဏဖယ်ထားပြီး တခြားလှပတဲ့ နေရာလေးတွေကို ပြောင်းလဲလည်ပတ်ဖို့ အကြံပြုချင်ပါတယ်ခင်ဗျာ

#မွန်ဂျမ်း #ချင်းမိုင်အလည်အပတ် #ကားအငှါးဝန်ဆောင်မှု

🛖မယ့်ကပေါင်ခရီးစဉ် ပထမတစ်ရက်ကို ကားဆရာနဲ့၊ နောက်တစ်ရက်မှာတော့ ကိုယ်တိုင်မောင်း (Self-drive) နဲ့ အားပေးသွားတဲ့ အစ်ကိုတို့...
01/05/2026

🛖မယ့်ကပေါင်ခရီးစဉ် ပထမတစ်ရက်ကို ကားဆရာနဲ့၊ နောက်တစ်ရက်မှာတော့ ကိုယ်တိုင်မောင်း (Self-drive) နဲ့ အားပေးသွားတဲ့ အစ်ကိုတို့ မိသားစုကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🙏

အခုလိုမျိုး မြောက်ပိုင်းဒေသ ခရီးစဉ်တွေဖြစ်တဲ့ ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင် ဘက်တွေကို လည်ပတ်ဖို့ အစီအစဉ်ရှိရင်ဖြစ်ဖြစ်၊ ကားအကူအညီလိုအပ်ရင်ဖြစ်ဖြစ် ကျွန်တော်တို့ join me မှာ လာရောက်မေးမြန်းလို့ရပါတယခင်ဗျာ

#မယ့်ကပေါင် #ချင်းမိုင် #ချင်းမိုင်အလည်အပတ်

25/04/2026

Rainy Saturday 🌧️🌧️

အရင်ရက်တွေက ဆက်တိုက်ပူပြင်းခဲ့သမျှ ဒီနေ့စနေမှာတော့ ချင်းမိုင်မြို့ အနှံ့ မိုးက အားပါပါနဲ့ သည်းသည်းမည်းမည်း ရွာချပေးလိုက်ပါပြီ

မိုးရွာတာ ကြိုက်တဲ့သူတွေအတွက်ကတော့ အိမ်ထဲမှာပဲဖြစ်ဖြစ်၊ ကော်ဖီဆိုင်လေးထဲမှာပဲဖြစ်ဖြစ် မိုးသံလေးနားထောင်ရင်း အေးအေးလူလူ အနားယူဖို့ အကောင်းဆုံး အချိန်လေးပါပဲခင်ဗျာ

#ချင်းမိုင်

ချင်းမိုင်ကို လာလည်မယ့် ဧည့်သည်တွေ အမေးများတာလေးတစ်ခု  📍 ဘယ်နေရာတွေမှာ တည်းသင့်လဲ ? ဒီမေးခွန်းလေးက ခနခန အမေးခံရတာမို့ ကိ...
24/04/2026

ချင်းမိုင်ကို လာလည်မယ့် ဧည့်သည်တွေ အမေးများတာလေးတစ်ခု

📍 ဘယ်နေရာတွေမှာ တည်းသင့်လဲ ?

ဒီမေးခွန်းလေးက ခနခန အမေးခံရတာမို့ ကိုယ့်ရဲ့ Travel Style ပေါ်မူတည်ပြီး ဟိုတယ်ရွေးချယ်ရတာ ပိုလွယ်ကူသွားအောင် အချက်အချာကျတဲ့ နေရာ (၄) ခုကို သေချာလေး စုစည်းပေးလိုက်ပါတယ်ခင်ဗျာ

➡️၁။ Old City (မြို့ဟောင်းအတွင်း)

ချင်းမိုင်ရဲ့ အသည်းနှလုံးဖြစ်တဲ့ ကျုံးအတွင်းပိုင်းနေရာပါ။ ရိုးရာယဉ်ကျေးမှုနဲ့ ရှေးဟောင်းဘုရားကျောင်းတွေကို အနီးကပ်ခံစားချင်သူတွေအတွက် အကောင်းဆုံးပါ။
Wat Chedi Luang တို့လို နာမည်ကြီးဘုရားကျောင်းတွေကို လမ်းလျှောက်သွားလို့ရတယ်။ စနေ၊ တနင်္ဂနွေ ညဈေး (Walking Street) တွေနဲ့လည်းနီးပါတယ်

ချင်းမိုင်ကို ပထမဆုံးအကြိမ် လာလည်သူတွေနဲ့ မြို့ဟောင်းရဲ့ အငွေ့အသက်ကို ကြိုက်သူတွေ ရွေးချယ်သင့်ပါတယ်။

➡️၂။ Maya Mall & Nimman တဝိုက်

ချင်းမိုင်ရဲ့ အခေတ်မီဆုံးနဲ့ လူငယ်အကြိုက် Lifestyle နေရာပါ။ Cafe လှလှလေးတွေနဲ့ Shopping ထွက်ဖို့ အဆင်ပြေဆုံးနေရာလို့ ပြောလို့ရပါတယ်။
Maya Mall နဲ့ One Nimman တို့လို Shopping Center တွေရှိပြီး Cafe ကောင်းကောင်း၊ စားသောက်ဆိုင်ကောင်းတွေ ပေါများပါတယ်။ ဓာတ်ပုံရိုက်စရာလည်း အရမ်းများပါတယ်
လူငယ်တွေ၊ Cafe hopping လုပ်ရတာ ဝါသနာပါသူတွေနဲ့ မြို့ပြဆန်ဆန် နေချင်သူတွေအတွက် အထူးသင့်တော်ပါတယ်

➡️၃။ Night Bazaar (ညဈေးတစ်ဝိုက်)

ဈေးဝယ်ရတာ ဝါသနာပါပြီး ညဘက် လှုပ်လှုပ်ရှားရှား ရှိတာကို ကြိုက်တဲ့သူတွေအတွက် အချက်အချာကျတဲ့ နေရာပါ။
ညစဉ်ဖွင့်တဲ့ ညဈေးတန်းကြီးရှိလို့ အချိန်မရွေး အစားအသောက်နဲ့ အမှတ်တရပစ္စည်း ဝယ်လို့ရပါတယ်။ ပင်းမြစ်ဘေးက နာမည်ကြီး စားသောက်ဆိုင်တွေနဲ့လည်း နီးပါတယ်။
ညဘက် လမ်းလျှောက်ထွက်ရတာ ဝါသနာပါသူတွေနဲ့ ဈေးဝယ်ချင်သူတွေအတွက် အဆင်ပြေဆုံးပါ

➡️၄။ Riverside (ပင်းမြစ်ကမ်းဘေး)

Ping River (ပင်းမြစ်) တစ်လျှောက်က ဟိုတယ်တွေဖြစ်ပြီး မြို့ထဲက ဆူညံသံတွေနဲ့ ဝေးရာမှာ အေးအေးဆေးဆေး ရှိတဲ့နေရာပါ
မြစ်ဘေး View အရမ်းလှပြီး လေကောင်းလေသန့်ရပါတယ်။ အဆင့်မြင့် Luxury ဟိုတယ်တွေနဲ့ Resort တွေ များတဲ့နေရာပါ။
စုံတွဲတွေ၊ မိသားစုနဲ့ အေးအေးဆေးဆေး အနားယူချင်သူတွေ (Slow Life ခရီးစဉ်သမားတွေ) အတွက် အဆင်ပြေပါတယ်

ချင်းမိုင်အလည်လာရင် ဟိုတယ်တည်းဖို့ နေရာရွေးရခက်နေတဲ့သူတွေအတွက် ဒီအချက်လေးတွေက အသုံးဝင်မယ်ထင်ပါတယ်ခင်ဗျ 🙏

ချင်းမိုင်ခရီးစဉ်အတွက် ကားလိုအပ်တာပဲဖြစ်ဖြစ်၊ တခြားသိချင်တာရှိရင်လည်း Messenger မှာ အချိန်မရွေး မေးမြန်းနိုင်ပါတယ်ခင်ဗျာ 🚐✨

Photo credit to sources

#ချင်းမိုင် #ဟိုတယ် #ချင်းမိုင်အလည်အပတ်

Page နဲ့ messengerမှာ အမှတ်တရ feedback လေးတွေရေးပေးသွားကြတဲ့ Customer reviews လေးတွေကို album လုပ်ပြီး စုစည်းသိမ်းထားပါတ...
24/04/2026

Page နဲ့ messengerမှာ အမှတ်တရ feedback လေးတွေရေးပေးသွားကြတဲ့ Customer reviews လေးတွေကို album လုပ်ပြီး စုစည်းသိမ်းထားပါတယ်ခင်ဗျာ

‘ယုံကြည်စိတ်ချစွာ ရွေးချယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်’🙏

ကျွန်တော်တို့ ဝန်ဆောင်မှုကို အသုံးပြုပြီး အဆင်ပြေတယ်လို့ ပြန်ပြောပေးတဲ့အတွက် အဖွဲ့သားအားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်ခင်ဗျာ

ဒီလို Review လေးတွေက ကျွန်တော်တို့ကို ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ခွန်အားဖြစ်စေတာအမှန်ပါ

ရှေ့ဆက်ပြီးလည်း အမှတ်တရ ခရီးစဉ်ကောင်းတစ်ခု ဖြစ်စေဖို့ ၊ခရီးစဉ်တစ်လျှောက်မှာ စိတ်အပန်းပြေစေဖို့နဲ့ အဆင်ပြေချောမွေ့ဖို့ကို အမြဲ ဦးစားပေးပြီး ဆက်လက်ကြိုးစားသွားပါမယ်ခင်ဗျာ

#ချင်းမိုင်အလည်အပတ်

ချင်းမိုင် ရဲ့ Brand အစုံမှသည် Handcraft ပစ္စည်းအစုံအထိ – Shopping Guide 🛍️ချင်းမိုင်မြို့ဟာ ဈေးဝယ်ဝါသနာပါသူတွေအတွက်တော့...
23/04/2026

ချင်းမိုင် ရဲ့ Brand အစုံမှသည် Handcraft ပစ္စည်းအစုံအထိ – Shopping Guide 🛍️

ချင်းမိုင်မြို့ဟာ ဈေးဝယ်ဝါသနာပါသူတွေအတွက်တော့ ရွေးချယ်စရာအစုံလင်ဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး "Shopping Paradise" တစ်ခုပဲ ဖြစ်ပါတယ်။ ခေတ်မီဆန်းသစ်တဲ့ Mall ကြီးတွေကနေစလို့ လက်မှုအနုပညာဈေးတန်းတွေအထိ တစ်မြို့လုံးမှာ ပျံ့နှံ့နေတာပါ။

ဒါကြောင့် ချင်းမိုင်ရောက်တဲ့အခါ သွားလာရလွယ်ကူပြီး မိမိလိုချင်တဲ့ ပစ္စည်းအမျိုးအစားအလိုက် အလွယ်တကူ ရွေးချယ်နိုင်အောင် ချင်းမိုင်ရဲ့ နာမည်ကြီး Shopping နေရာစုံကို အုပ်စု (၄) စုခွဲပြီး တစုတစည်းတည်း စုစည်းဖော်ပြပေးလိုက်ပါတယ်။

📌(1) ခေတ်မီ Lifestyle နှင့် နိုင်ငံတကာ Brand များ
Brand ပစ္စည်းစုံစုံလင်လင်နဲ့ အေးအေးလူလူ လမ်းလျှောက်ချင်သူတွေအတွက်:

🛍️Central Festival:

မြို့ရဲ့ အကြီးဆုံး Mall ကြီးပါ။ နိုင်ငံတကာ Brand တွေ၊ ရုပ်ရှင်ရုံနဲ့ စားသောက်ဆိုင်မျိုးစုံရှိပါတယ်။ အဆောက်အဦးက ခေတ်မီပြီး ပစ္စည်းအစုံဆုံးနေရာပါ။

🛍️MAYA Lifestyle Shopping Center:

Nimman လမ်းဆုံမှာ ရှိပါတယ်။ လူငယ်တွေ အကြိုက်ဆုံးနေရာဖြစ်ပြီး ဖက်ရှင်၊ နည်းပညာပစ္စည်းနဲ့ Rooftop Bar တွေကြောင့် နာမည်ကြီးပါတယ်။

🛍️Central Airport:

လေဆိပ်နဲ့ နီးတာကြောင့် ပြန်ခါနီး ဈေးဝယ်ဖို့ အရမ်းအဆင်ပြေပါတယ်။ ဒီမှာ "Northern Village" ဆိုတဲ့ အပိုင်းရှိပြီး အဆင့်မြင့် မြောက်ပိုင်းလက်မှုထည်တွေကို Mall ထဲမှာတင် အေးအေးဆေးဆေး ဝယ်လို့ရပါတယ်။

📌(2)အနုပညာဆန်သော ဒီဇိုင်းနှင့် လက်မှုပစ္စည်းများ (Art & Craft)

🛍️One Nimman:

MAYA နဲ့ မျက်စောင်းထိုးမှာရှိပြီး ဥရောပစတိုင် အဆောက်အဦးဒီဇိုင်းနဲ့ အရမ်းလှပါတယ်။ အဆင့်မြင့် Design အထည်တွေ၊ Perfume ဆိုင်တွေနဲ့ ညဘက်မှာ Street Food တန်းလေးရှိလို့ ဓာတ်ပုံရိုက်ရင်း လည်ပတ်ဖို့ အကောင်းဆုံးပါ။

🛍️Jing Jai (JJ) Market:

စနေ၊ တနင်္ဂနွေ မနက်ခင်းတင် ဖွင့်ပါတယ်။ "Rustic Market" လို့လည်း လူသိများပြီး Handmade အဝတ်အထည်တွေ၊ အရည်အသွေးမြင့် လက်မှုပစ္စည်းနဲ့ အော်ဂဲနစ် အစားအစာတွေ ရရှိနိုင်ပါတယ်။

🛍️Baan Kang Wat (Art Village village):

ဒါကတော့ ရွာငယ်လေးလို ပုံစံမျိုးပါ။ လက်မှုပစ္စည်း အရောင်းဆိုင်လေးတွေ၊ Workshop လေးတွေရှိပြီး ဓာတ်ပုံရိုက်လို့လည်း အရမ်းလှပါတယ်။

🛍️Bo Sang Umbrella Village:

မြို့ပြင်ဘက်မှာ ရှိပါတယ်။ထီးလုပ်ငန်းနဲ့ နာမည်ကြီးတဲ့ ရွာပါ။ ကိုယ်တိုင်ဆေးခြယ်တာတွေ လုပ်လို့ရသလို လက်ဆောင်ပေးဖို့ ထီးနဲ့ ယပ်တောင်လှလှလေးတွေ အများကြီးရှိပါတယ်။

🛍️Saturday & Sunday Night Market :

စနေနဲလတနင်္ဂနွေနေ့ ညနေပိုင်းဆိုရင် Old City ထဲမှာ ဖွင့်တာပါ။ လမ်းလျှောက်ရင်း လက်မှုပစ္စည်းလေးတွေ၊ အဝတ်အထည်တွေကို ဈေးနှုန်းချိုချိုသာသာနဲ့ ဝယ်လို့ရပါတယ်။

🛍️CMU night market :

ချင်းမိုင် university အရှေ့မှာ ရှိတာမို့ ကျောင်းသားလူးငယ် တွေ အသွားများပြီး လူငယ်ဆန်ဆန် အဝတ်အထည် ၊ ဖိနပ် ၊ လူသုံးကုန် ပစ္စည်းတွေနဲ့ အစားအေသာက် ကောင်းကောင်းတွေရှိပါတယ်

📌 (3) ဒေသခံဈေးကြီးနှင့် ရိုးရာထွက်ကုန် (Local & Budget)

🛍️Warorot Market (Kad Luang):

ချင်းမိုင်ရဲ့ အစည်ကားဆုံး ဈေးကြီးပါ။

• စားသောက်ကုန်: မြောက်ပိုင်းစာဖြစ်တဲ့ Sai Oua (အစပ်ဝက်အူချောင်း)၊ Nam Prik Noom (ငရုတ်သီးထောင်း) နဲ့ ဝက်ခေါက် (Crispy Pork Skin) တွေအတွက် အကောင်းဆုံးနေရာပါ။

• လက်ဆောင်ပစ္စည်း: သစ်သီးခြောက်တွေ၊ လက်ဖက်ခြောက်တွေနဲ့ ဒေသထွက် မုန့်မျိုးစုံကို လက်ကားဈေးနဲ့ ဝယ်လို့ရပါတယ်။

• အဝတ်အထည်: မြောက်ပိုင်းရိုးရာ ဝတ်စုံတွေ၊ ချည်ထည်တွေကို Mall တွေထက် အများကြီး သက်သာတဲ့ဈေးနဲ့ ရနိုင်ပါတယ်။

Warorot ဘေးနားတင် Ton Lamyai Market (ပန်းဈေး) ရှိသလို၊ တရုတ်တန်း (China Town) နဲ့လည်း ကပ်နေတာကြောင့် တစ်ဆက်တည်း လမ်းလျှောက်လည်သင့်ပါတယ်။

🛍️Premium Outlet:

မြို့ပြင်ဘက်မှာ ရှိပါတယ်။ Nike, Adidas နဲ့ တခြား Brand ပစ္စည်းတွေကို Discount ကြီးကြီးမားမားနဲ့ ဝယ်ချင်သူတွေအတွက် သီးသန့်နေရာပါ။

📌(4) လက်ကားနှင့် လူသုံးကုန်စင်တာများ (Bulk Shopping)

🛍️Big C , Lotus

ထိုင်းမုန့်တွေ၊ အလှကုန်တွေနဲ့ အိမ်ပြန်လက်ဆောင်တွေကို အထုပ်လိုက်၊ အကတ်လိုက် ဝယ်ချင်ရင် သွားသင့်ပါတယ်။

🛍️Makro

လုပ်ငန်းသုံး ဒါမှမဟုတ် ရေရှည်နေထိုင်သူတွေအတွက် အရေအတွက် အများကြီးဝယ်ယူနိုင်တဲ့ လက်ကားစင်တာ ဖြစ်ပါတယ်။

🚙မြို့တွင်းက Shopping Mall တွေနဲ့ ဈေးတွေကို သွားဖို့အတွက် Grab ဒါမှမဟုတ် Bolt App ကို သုံးတာက ပိုအဆင်ပြေပါတယ် ။ အပျော်စီးချင်ရင်တော့ ချင်းမိုင်ရဲ့ ပြယုဂ် "ကားနီလေး" (Red Truck) တွေကို တားစီးပြီး ဒေသခံတွေလို လည်ပတ်နိုင်ပါတယ်။

Jing Jai Market နဲ့ လက်မှုအနုပညာဈေးတန်းတွေကို မနက်စောစော သွားတာက အကောင်းဆုံးဖြစ်ပြီး၊ One Nimman , Maya Mall နဲ့ night market တွေကတော့ ညနေခင်းမှာ ပိုပြီး စည်ကားလှပပါတယ် ။

ချင်းမိုင်ရောက်တုန်း Shopping ပတ်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် ဒီပိုစ့်လေးက အထောက်အကူဖြစ်စေမှာပါခင်ဗျ ။

အားလုံးပဲ ပျော်ရွှင်စရာ Shopping ခရီးစဉ်လေး ဖြစ်ပါစေခင်ဗျာ။ 🛍️✨

Photo credit to sources🙏

#ချင်းမိုင်အလည်အပတ်

📍မယ်ဟောင်ဆောင်က မြန်မာစျေးလေးပိုင် -ဘန်ရတ်ထိုင်းဘက် နှစ်ညအိပ် သုံးရက် အေးအေးဆေးဆေး အလည်လာရင်း မယ်ဟောင်ဆောင်မြို့လေးကိုပါ...
21/04/2026

📍မယ်ဟောင်ဆောင်က မြန်မာစျေးလေး

ပိုင် -ဘန်ရတ်ထိုင်းဘက် နှစ်ညအိပ် သုံးရက် အေးအေးဆေးဆေး အလည်လာရင်း မယ်ဟောင်ဆောင်မြို့လေးကိုပါ ထည့်လည်မယ်ဆိုရင်တော့ ဒီစျေးလေးကို မေ့ထားလို့မရပါဘူး
ဘာလို့လဲဆိုတော့ ဒီစျေးထဲမှာ ရှမ်းစစ်စစ်တွေလုပ်ရောင်းတဲ့ တို့ဖူးနွေး အရမ်းကောင်းလို့ပါ 🤗

ဒီ စျေးလေး နာမည်က စိုင်းယုဒ် -Sai Yud Market လို့အမည်ရပြီး ဒေသခံတွေက မြန်မာစျေးလေးလို့လည်း ခေါ်ကြပါတယ်။

မနက် ၅ နာရီကနေ ၉ နာရီကျော်လောက်အထိပဲ ဆိုင်တွေစုံလင်ပြီး စည်ကားတာမို့ စောစောသွားနိုင်ရင် ပိုအဆင်ပြေပါတယ် ။ စိုင်းယုဒ် (Sai Yud) ရဲ့ ထိုင်းလိုအဓိပ္ပါယ် "နေမြင့်ရင် ရပ်နားတယ်" ဆိုတဲ့အတိုင်း နေမြင့်သွားရင် စျေးသိမ်းပြီး ဆိုင်တွေသိပ်မစုံတော့ပါဘူး ။

မယ်ဟောင်ဆောင်မြို့လေးက မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် ဒီမြို့က မနက်ခင်းစျေးမှာ မြန်မာအငွေ့အသက်တွေ အများဆုံး တွေ့ရတတ်ပါတယ်။

စျေးထဲလမ်းလျှောက်လိုက်တာနဲ့ မြန်မာစကားသံတွေ၊ ရှမ်းစကားသံတွေကို ကြားနေရတာမို့ မြန်မာပြည်ထဲ ရောက်နေသလိုမျိုး ခံစားရစေမှာပါ။

စျေးထဲမှာ

• ရှမ်းရိုးရာ မုန့်ဟင်းခါးနဲ့ ခေါက်ဆွဲပူပူလေးတွေ
• တို့ဟူးနွေး၊ တို့ဟူးကြော် လတ်လတ်ဆတ်ဆတ်
• မြန်မာပြည်က တိုက်ရိုက်လာတဲ့ လက်ဖက်သုပ်နဲ့ စားသောက်ကုန်တွေ
• ဒေသထွက် သစ်သီးဝလံတွေနဲ့ ရိုးရာအဝတ်အထည်တွေ ဟင်းသီးဟင်းရွက်နှင့် ကုန်စိမ်းမျိုးစုံ စသဖြင့်တောင်ပေါ်ဒေသဖြစ်တဲ့အတွက် လတ်ဆတ်ပြီး ထူးခြားတဲ့ ဒေသထွက်ကုန်တွေကို ရပါတယ်

ဒီစျေးလေးမှာ ရိုးရှင်းတဲ့ ဒေသခံတွေရဲ့ လူနေမှုပုံစံကို မြင်တွေ့ရသလို၊ မြန်မာပြည်က အရသာအတိုင်း စားသောက်ကုန်တွေကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်။

ဒါကြောင့်မို့ မယ်ဟောင်ဆောင်ရောက်ရင် ဒီမနက်ခင်းစျေးလေးကို အရောက်သွားပြီး ဒေသထွက်ကုန်တွေငေးရင်း ရှမ်းအစားစာတွေ မြည်းစမ်းဖို့အတွက် တခေါက်လောက်တော့ သွားလည်ကြည့်သင့်ပါတယ်ခင်ဗျာ

ချင်းမိုင်၊ ချင်းရိုင်၊ ပိုင်၊ ဘန်ရတ်ထိုင်း နှင့် မယ်​ဟောင်ဆောင် စတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ခရီးစဉ်တွေကို အပန်းဖြေ အလည်အပတ်သွားဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်တော်တို့ Join Me မှ အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါတယ်။ 🚐✨

✅ စိတ်ကြိုက်ခရီးစဉ်များ ရေးဆွဲပေးခြင်း
✅ သက်သောင့်သက်သာရှိသော ကားဝန်ဆောင်မှု
✅စိတ်ရှည် သဘောကောင်းတဲ့ ကားဆရာများဖြင့်ဝန်ဆောင်မှုပေးခြင်း

ခရီးစဉ်အသေးစိတ်နဲ့ ဈေးနှုန်းများကို စုံစမ်းမေးမြန်းလိုပါက

📲ဖုန်း : 0923128382
🗯️WhatsApp : + 66923128382 +66 616547223
💬Line : +66923128382
📩Viber : +66 624763391 , +959959997837

💬 page messenger တို့မှာလာလည်း လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

📍Wat Umong Suan PutthathamWat Umong လို့ လူအများခေါ်ဝေါ်ကြတဲ့ ဒီဘုရားကျောင်းက ချင်းမိုင်မြို့ရဲ့ ဒွိုင်ဆူထေ့ Doi Suthep-...
20/04/2026

📍Wat Umong Suan Putthatham

Wat Umong လို့ လူအများခေါ်ဝေါ်ကြတဲ့ ဒီဘုရားကျောင်းက ချင်းမိုင်မြို့ရဲ့ ဒွိုင်ဆူထေ့ Doi Suthep- တောင်ခြေနားတည်ရှိပါတယ်ခင်ဗျာ

"Wat Umong (ဝပ်အူမုန်း) ဆိုတဲ့ အမည်ထဲက "Umong" ဆိုတာ ထိုင်းဘာသာစကားမှာ "လိုဏ်ဂူ" လို့ အဓိပ္ပာယ်ရပါတယ်။
ဘုရားကျောင်းရဲ့နောက်ခံသမိုင်းကတော့ လွန်ခဲ့သော နှစ်ပေါင်း ၇၀၀ ကျော်က King Mangrai မှ တရားဘာဝနာအားထုတ်ရတာကို နှစ်သက်သော သီဟိုဠ် (သီရိလင်္ကာ) က ကြွရောက်လာတဲ့ ‘ထေရ်ချန်း ‘ရဟန်းတော်အတွက် ဆောက်လုပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်

ဘုရင်ကြီးက ရဟန်းတော် စိတ်အေးချမ်းသာစွာ တရားကျင့်ကြံနိုင်စေဖို့အတွက် သစ်တောအုပ်ကြီးအတွင်းမှာ လိုဏ်ဂူလမ်းကြောင်းတွေ စနစ်တကျ ဖောက်လုပ်ပေးခဲ့ပြီး ဆိတ်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုအဖြစ် ဖန်တီးပေးခဲ့ခြင်းကြောင့် ယနေ့တိုင် "လိုဏ်ဂူဘုရား" လို့ထင်ရှားကျော်ကြားနေခြင်းဖြစ်ပါတယ် ။

လိုဏ်ဂူအတွင်းနံရံတွေမှာ ရှေးဟောင်းဆေးရေးပန်းချီ အကြွင်းအကျန်တွေကို တွေ့နိုင်ပြီး ဂူလမ်းအဆုံးတိုင်းမှာလည်း ဗုဒ္ဓရုပ်ပွားတော်တွေကို ပူဇော်ထားပါသေးတယ် ။

လိုဏ်ဂူရဲ့ အပေါ်ဘက်မှာရှိတဲ့ စေတီတော်ကတော့ သီဟိုဠ် (သီရိလင်္ကာ) ပုံစံ ခေါင်းလောင်းပုံ စေတီကြီးဖြစ်ပြီး အရင်က ရွှေရောင်တွေဝင်းနေခဲ့ပေမဲ့ အခုတော့ ရှေးဟောင်းအုတ်ရိုးတွေအတိုင်း ရှိနေတာကြောင့် ပိုပြီး ရှေးကျတဲ့အလှကို ခံစားရစေပါတယ် ။

ကျောင်းဝင်းထဲက သစ်ပင်ရိပ်တွေအောက်မှာ ပျက်စီးနေတဲ့ ရှေးဟောင်းရုပ်ပွားတော် အစိတ်အပိုင်းတွေကို အများကြီး စုစည်းထားတာ တွေ့ရနိုင်ပြီး ဒါဟာ တမင်လုပ်ထားတာမဟုတ်ဘဲ တခြားပျက်စီးနေတဲ့ ဘုရားကျောင်းတွေကနေ ဒီကို ပြောင်းရွှေ့ထိန်းသိမ်းထားတာဖြစ်လို့ မြင်ရတာ တမျိုး ထူးခြားနေမှာပါ ။

ကျောင်းတော်ရဲ့ အနောက်ဘက်မှာလည်းရေကန်ကြီးတစ်ခုရှိပါတယ်။ အဲဒီနေရာမှာ ငါးစာ၊ လိပ်စာ ကျွေးလို့ရသလို၊ တံတားလေးပေါ်မှာ လမ်းလျှောက်ရင်း စိတ်အေးလက်အေး နားနားနေနေ နေလို့ရပါသေးတယ် ။

ကျောင်းဝန်းအတွင်းက သစ်ပင်တွေမှာလည်း ဆိုင်းဘုတ်လေးတွေ ချိတ်ထားပြီး အဲဒီဆိုင်းဘုတ်တွေပေါ်မှာ "ဒေါသကို ဘယ်လိုထိန်းမလဲ" ဒါမှမဟုတ် "ဘဝရဲ့ အနှစ်သာရက ဘာလဲ" စတဲ့ လမ်းညွှန်ချက်လေးတွေကို ထိုင်း/အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးထားတာကြောင့် လမ်းလျှောက်ရင်း လေ့လာမှတ်သားဖတ်ရှုနိုင်တဲ့အပြင် ဝိပဿနာတရားအားထုတ်ဖို့ နာမည်ကြီးတာကြောင့် တရားစခန်းဝင်မယ့်သူတွေအတွက် သီးသန့်ကျောင်းဆောင်တွေနဲ့ တရားဟောဓမ္မာရုံတွေလည်း ရှိပါတယ်။ နိုင်ငံခြားသားတွေအတွက်ပါ တရားစခန်းဖွင့်ပေးလေ့ရှိပါတယ်။

ကျောင်းဝင်းတစ်လျှောက် တစ်ပါးချင်း သီးသန့်နေထိုင်နိုင်တဲ့ သစ်သားကျောင်းဆောင်လေးတွေလည်း ရှိတာကြောင့် တကယ့်ကို အေးချမ်းပြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့တောရကျောင်း တကျောင်းကို ရောက်နေသလိုခံစားရမှာပါ 🙏

ဒါကြောင့်မို့ Wat Umong ဘုရားကျောင်းက ချင်းမိုင်ရောက်ရင် သွားရောက်လည်ပတ်သင့်ပါတယ်။ မြို့ထဲနဲ့လည်းသိပ်မဝေးတာမို့ ဆိုင်ကယ် ဒါမှမဟုတ် ကားနဲ့ သွားလည်းအဆင်ပြေပါတယ်ခင်ဗျာ

ကျွန်တော်တို့ join me နဲ့အတူ ချင််းမိုင်အလည်အပတ် ခရီးစဉ်တွေသွားဖို့ အသေးစိတ်စုံစမ်းမေးမြန်းချင်တယ်ဆိုရင်လည်း

📲ဖုန်း : 0923128382
🗯️WhatsApp : +66923128382 , +66 616547223
💬Line : +66923128382
📩Viber : +66 624763391 , +959959997837

💬 page messenger တို့မှာလာလည်း လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ


#ချင်းမိုင် #ချင်းမိုင်ဘုရားဖူး

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Join Me Here.ChiangMai Cars & Bikes Rental Co.,Ltdผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท