เส้นทาง

Mohnyin BKK မိတ်ဟောင်း မိတ်သစ် များကို ကြိုဆိုပါတယ်

မြို့ပြရဲ့ရှုပ်ထွေးမှုတွေကနေ ခဏတာအနားယူဖို့ (Sailom Bangpu) ကို ရောက်ဖြစ်ခဲ့ပါတယ်။ဒီနေရာလေးက ပင်လယ်ကမ်းစပ်မှာတည်ရှိပြီး ...
12/07/2025

မြို့ပြရဲ့ရှုပ်ထွေးမှုတွေကနေ ခဏတာအနားယူဖို့ (Sailom Bangpu) ကို ရောက်ဖြစ်ခဲ့ပါတယ်။ဒီနေရာလေးက ပင်လယ်ကမ်းစပ်မှာတည်ရှိပြီး သာယာအေးချမ်းတဲ့လေထု၊ လှပတဲ့အပြင်အဆင်တွေနဲ့ စိတ်ကိုကြည်နူးစေပါတယ်။ ကော်ဖီသောက်ရင်း အနားယူချင်သူတွေအတွက် တကယ့်ကို သင့်တော်တဲ့နေရာလေးတစ်ခု ဖြစ်တာကြောင့် ဓာတ်ပုံလေးများနှင့်အတူ ကြည့်ရှုခံစားနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်ဗျာ့။

I had the chance to take a short break from the hustle and bustle of city life and ended up at Sailom Bangpu.
This place is located by the seaside, offering a peaceful and refreshing atmosphere, along with beautiful decorations that bring joy to the heart.
It’s a perfect spot for those who want to relax while sipping coffee, so I’m sharing it with you all along with some photos to enjoy.

*ဘန်ကောက်မြို့ အနီးအဝေး အလည်ပတ်ခရီးသွားချင်ရင် Mohnyin BKK ကို သတိရလိုက်ပါနော်။

*If you’re planning a getaway near Bangkok, don’t forget to think of Mohnyin BKK!

Phone - 0942766230
Line ID - mohnyin_bkk
Whatsapp +65 89020207




#ထိုင်းခရီးသွား

ဘန်ကောက် မှ ကန်ချနာဘူရီ သို့ ကားဝန်ဆောင်မှု အသုံးပြုပေးခဲ့ကြတဲ့ မိတ်‌ဆွေများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ Mohnyin BKK...
03/07/2025

ဘန်ကောက် မှ ကန်ချနာဘူရီ သို့ ကားဝန်ဆောင်မှု အသုံးပြုပေးခဲ့ကြတဲ့ မိတ်‌ဆွေများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ Mohnyin BKK ကနေ ကန်ချနာဘူရီရဲ့ လည်ပတ်စရာနေရာလေးတွေ နဲ့ ပုံရိပ်လေးတွေကို မိတ်ဆွေများဆီ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

သွား‌ရောက်လည်ပတ်ခဲ့တဲ့ နေရာလေးတွေကတော့
-Wat Tham Suea
-River Kwai Bridge
-Sai Yok View Resort
တို့ပဲ ဖြစ်ပါတယ်။

ဘန်ကောက်မြို့တွင်းပဲ ဖြစ်ဖြစ်၊ ဘန်ကောက်မြို့ အနီးတဝိုက်အတွင်း လည်ပတ်ချင်တယ်ဆိုရင် Mohnyin BKK ကို သတိရလိုက်ပါနော်။

*ပြည်ပ Air Tickets များလဲ စုံစမ်းနိုင်ပါတယ်။

ဆက်သွယ်ရန်

Phone - 0942766230
Line ID - mohnyin_bkk






#လေဆိပ်အကြိုပို့
#ထိုင်းခရီးသွား

ဘန်ကောက်ရဲ့ မဖြစ်မနေလည်ပတ်သင့်တဲ့ နေရာတစ်ခုဖြစ်တဲ့ Chinatown (တရုတ်တန်း) ညအလှပုံရိပ်တွေကို ခံစားကြည့်ရှူနိုင်ဖို့ မျှဝေပ...
24/06/2025

ဘန်ကောက်ရဲ့ မဖြစ်မနေလည်ပတ်သင့်တဲ့ နေရာတစ်ခုဖြစ်တဲ့ Chinatown (တရုတ်တန်း) ညအလှပုံရိပ်တွေကို ခံစားကြည့်ရှူနိုင်ဖို့ မျှဝေပေးလိုက်ပါ
တယ်ဗျာ့။

*ဓာတ်ပုံတွေကတော့ အက်တမင် ကိုယ်တိုင်ရိုက်ထားတာလေးတွေ ဖြစ်ပါတယ်။

ထုံးစံအတိုင်း ဘန်ကောက်မြို့ အနီးအဝေး အလည်အပတ်သွားချင်ရင် Mohnyin BKK ကို သတိရလိုက်ပါဗျာ့။

ဆက်သွယ်ရန်
Phone - 0942766230
Line ID - mohnyin_bkk



Bangkok ရောက်ကတည်းက Mochit ကားကွင်း ကြိုနှင့် Suvarnabhumi Airport ပို့ ကားအငှား ဝန်ဆောင်မှု အသုံးပြုပေးခဲ့သော ညီငယ်လေး ...
23/06/2025

Bangkok ရောက်ကတည်းက Mochit ကားကွင်း ကြိုနှင့် Suvarnabhumi Airport ပို့ ကားအငှား ဝန်ဆောင်မှု အသုံးပြုပေးခဲ့သော ညီငယ်လေး အား Mohnyin BKK မှ အထူးကျေးဇူးတင်ရှိပါတယ်ဗျာ့။

ဘန်ကောက်ရောက် မိတ်ဆွေတွေ အနေနဲ့ အချိန်တိုတိုအတွင်း သွားလိုတဲ့ နေရာကို အဆင်ပြေပြေ ချောချောမွေ့မွေ့ ရောက်ရှိစေနိုင်ဖို့ Mohnyin_BKK နှင့် ဆက်သွယ်လိုက်ပါ။

** ပြည်ပ Air Tickets များလဲ စုံစမ်းနိုင်ပါတယ်ဗျာ့။

Ph no- 0942766230
Line ID - mohnyin_bkk


#ထိုင်းခရီးသွား


#လေဆိပ်အကြိုပို့

ဘန်ကောက်မြို့တွင်း လည်ပတ်စရာများ နှင့်အတူ ပတ္တရား ခရီးစဉ်၊ လေဆိပ် ကြို၊ပို့ ဝန်ဆောင်မှုများ အားပေးခဲ့သော မိတ်ဆွေအား Mohn...
15/06/2025

ဘန်ကောက်မြို့တွင်း လည်ပတ်စရာများ နှင့်အတူ
ပတ္တရား ခရီးစဉ်၊ လေဆိပ် ကြို၊ပို့ ဝန်ဆောင်မှုများ
အားပေးခဲ့သော မိတ်ဆွေအား Mohnyin_BKK မှ အထူးကျေးဇူးတင်ရှိပါတယ်ကြောင်း။

ဘန်ကောက်ရောက် မိတ်ဆွေများ အနေနဲ့ အချိန်တိုတိုအတွင်း သွားလိုတဲ့ နေရာကို အဆင်ပြေပြေ ချောချော‌မွေ့မွေ့ရောက်ရှိ စေနိုင်ဖို့ Mohnyin_BKK
နှင့် ဆက်သွယ်လိုက်ပါဗျာ့။

**ပြည်ပလေယာဉ် လက်မှတ်များလဲ စုံစမ်းနိုင်ပါ
တယ်ဗျာ့။

ဆက်သွယ်ရန်။
Phone - 0942766230
Line ID - mohnyin_bkk


#ထိုင်းခရီးသွား



#လေဆိပ်အကြိုပို့

ဘန်ကောက်ကနေ နာရီအနည်းငယ်ပဲ မောင်းရတဲ့ ခါအိုယိုင် (Khao Yai) ဟာ သဘာဝအလှတွေ၊ စပျစ်ခြံတွေ၊ အိပ်မက်ဆန်တဲ့ ဥရောပစတိုင်လ်ရွာတွ...
06/06/2025

ဘန်ကောက်ကနေ နာရီအနည်းငယ်ပဲ မောင်းရတဲ့ ခါအိုယိုင် (Khao Yai) ဟာ သဘာဝအလှတွေ၊ စပျစ်ခြံတွေ၊ အိပ်မက်ဆန်တဲ့ ဥရောပစတိုင်လ်ရွာတွေနဲ့အတူ သွားရောက်အပန်းဖြေဖို့ အကောင်းဆုံးနေရာတစ်ခုပဲ ဖြစ်ပါတယ်။

🌲 ခါအိုယိုင်မှာ သွားရောက်လည်ပတ်သင့်တဲ့ ထိပ်တန်းနေရာများ

၁။ ခါအိုယိုင် အမျိုးသားဥယျာဉ် (Khao Yai National Park)

🚶‍♂️🌳 ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသားဥယျာဉ်နဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခု ဖြစ်ပါတယ်။
တောတွင်းလမ်းလျှောက်ခြင်း၊ တောရိုင်းတိရစ္ဆာန်များကို ကြည့်ရှုခြင်း (မျောက်လွှဲကျော်၊ ဆင်၊ ငှက်ကြီးဝန်ပို) နဲ့ Haew Narok နဲ့ Haew Suwat (The Beach ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့) လိုမျိုး လှပတဲ့ ရေတံခွန်တွေကို သွားရောက်လည်ပတ်နိုင်ပါတယ်။
https://maps.app.goo.gl/HLvDj3uRMWxXwide6

၂။ PB Valley

🍇🍷 ဝိုင်အရသာခံနိုင်တဲ့ စပျစ်ခြံများနဲ့ လှပတဲ့ နောက်ခံရှုခင်းများ
စပျစ်နွယ်ပင်တွေကြား လမ်းလျှောက်ရင်း ထိုင်းဝိုင်တွေကို မြည်းစမ်းကြည့်နိုင်ပါတယ်။
https://maps.app.goo.gl/x1TP3eBNYfu5pesx5

၃။ Primo Piazza

🏛️🦙 ထိုင်းနိုင်ငံထဲက တပ်စ်ကာနီ (Tuscany)!
ကျောက်တုံးလမ်းခင်းထားတဲ့ လမ်းတွေ၊ ကော်ဖီဆိုင်တွေနဲ့ အယ်လ်ပါကာတွေကို အစာကျွေးလို့ရတဲ့ အီတလီပုံစံရွာလေးပါ။
https://maps.app.goo.gl/dda5gCp3eEmyaJj6A

၎။ ခါအိုယိုင် ထိုင်းဝင်းမဲလ် (Khao Yai Thieng Windmill)

လတ်ဆတ်တဲ့လေ၊ တောင်တန်းရှုခင်းတွေနဲ့ လေပြည်ထဲမှာ ညင်သာစွာလည်ပတ်နေတဲ့ ဧရာမလေရဟတ်ကြီးတွေ 🌬️✨ ခါအိုယိုင် ထိုင်းဝင်းမဲလ် (Khao Yai Thieng Windmill) ဟာ သဘာဝနဲ့ ခေတ်မီဆန်းသစ်မှု ပေါင်းစပ်ထားတဲ့ နေရာလေးတစ်ခုပါ။
https://maps.app.goo.gl/iahDG2vtu8N9dTXn6

၅။ Scenical World Khao Yai

🎢🎡 Theme park နဲ့ water park ပေါင်းစပ်ထားတဲ့ နေရာ
ရေဆလိုက်တွေ၊ စီးစရာ ကစားစရာတွေနဲ့ အသက်အရွယ်တိုင်းအတွက် စွန့်စားခန်းဇုန်တွေ ပါဝင်ပါတယ်။
https://maps.app.goo.gl/HC9sCqNRvTGnBQE6A

၆။ Yellow Submarine Coffee Tank

☕📸 သစ်တောတွေ ဝိုင်းရံထားတဲ့ ရိုးရှင်းတဲ့ အနက်ရောင် ကွန်ကရစ် ကော်ဖီဆိုင်
၎င်းရဲ့ ထူးခြားတဲ့ ဒီဇိုင်းနဲ့ အရည်အသွေးမြင့် ကော်ဖီတွေကြောင့် လူသိများပါတယ်။
https://maps.app.goo.gl/d2AeXDyATRZYGPj89

၇။ Midwinter Green

🍽️🎶 လှပတဲ့ရှုခင်းတွေနဲ့ တေးဂီတတိုက်ရိုက်ဖျော်ဖြေမှုရှိတဲ့ ဥရောပစတိုင်လ် စားသောက်ဆိုင်
ချစ်သူစုံတွဲညစာစားဖို့ (သို့) မိသားစုနဲ့အတူ စုဝေးဖို့အတွက် အကောင်းဆုံးနေရာပါ။
https://maps.app.goo.gl/usC9Ejyt7Lf5uXsJ9

ဘန်ကောက်ရောက် မိတ်ဆွေတွေ အနေနဲ့ အချိန်တိုတိုအတွင်း သွားလိုတဲ့ နေရာကို အဆင်ပြေပြေ ချောချောမွေ့မွေ့ ရောက်ရှိစေနိုင်ဖို့ Mohnyin_BKK ကားအငှားဝန်ဆောင်မှု လုပ်ငန်းနှင့် ဆက်သွယ်လိုက်ပါ။

Ph no- 0942766230

#ခါအိုယိုင် #ထိုင်းခရီးသွား #သဘာဝအလှ #ထိုင်းနိုင်ငံ #အပန်းဖြေ

**ဘန်ကောက်မြို့လည်မှာ တည်ရှိတဲ့ The Golden Mount ( Wat Saket ) စေတီဘုရားကို သွားရောက်ဖူးမြော်ဖို့ အတွက် Mohnyin BKK ကားအ...
22/05/2025

**ဘန်ကောက်မြို့လည်မှာ တည်ရှိတဲ့
The Golden Mount ( Wat Saket ) စေတီဘုရားကို သွားရောက်ဖူးမြော်ဖို့ အတွက် Mohnyin BKK ကားအငှားဝန်ဆောင်မှု Service အား အသုံးပြုပေးခဲ့သော မိတ်ဆွေများ အထူးကျေးဇူးတင်ရှိပါတယ်ဗျာ့။

ဘန်ကောက်ကို ရောက်ရှိနေတဲ့ မိတ်ဆွေတွေအနေနဲ့ အချိန်တိုအတွင်း သွားချင်တဲ့နေရာတွေကို အဆင်ပြေပြေနဲ့ ချောချောမွေ့မွေ့ ရောက်ရှိနိုင်ဖို့ဆိုရင် Mohnyin_BKK ကားအငှားဝန်ဆောင်မှု ကို အခုပဲ ဆက်သွယ်လိုက်ပါ။ သင့်ရဲ့ ဘန်ကောက်ခရီးစဉ်ကို အကောင်းဆုံးဖြစ်အောင် ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပါတယ်။

Phone - 0942766230
Line ID - mohnyin_bkk



Photo_by_mohnyin_tna

**Don Mueang လေဆိပ် ပို့ Mohnyin BKK service ကို ရွေးချယ် အသုံးပြုပေးခဲ့သော မိတ်ဆွေ ညီကိုများအား အထူးကျေးဇူးတင်ရှိပါတယ်ဗ...
15/05/2025

**Don Mueang လေဆိပ် ပို့
Mohnyin BKK service ကို ရွေးချယ် အသုံးပြု
ပေးခဲ့သော မိတ်ဆွေ ညီကိုများအား အထူးကျေးဇူးတင်ရှိပါတယ်ဗျာ့။

ဘန်ကောက်ရောက် မိတ်ဆွေတွေ အနေနဲ့ အချိန်တိုတိုအတွင်း သွားလိုတဲ့ နေရာကို အဆင်ပြေပြေ ချောချောမွေ့မွေ့ ရောက်ရှိစေနိုင်ဖို့ Mohnyin_BKK ကားအငှားဝန်ဆောင်မှု လုပ်ငန်းနှင့် ဆက်သွယ်လိုက်ပါ။

Ph no- 0942766230

Mueang Airport #ဘန်ကောက်ခရီး #ကမ်းခြေခရီး #လေဆိပ်ကြို/ပို့
#အေးချမ်းတဲ့ခရီး #ခရီးသွားဖို့နေရာကောင်း
#အဆင်ပြေခရီး #အေးဆေးခရီး

#နားချင်လိုက်တာပဲ

**ဘန်ကောက်မြို့နဲ့ အနီးဆုံးမှာ ရှိတဲ့ Bangsaen ကမ်းခြေ🌊မိတ်ဆွေများ၊ မိသားစုများနှင့် အတူတကွ အပန်းဖြေရန် အကောင်းဆုံးနေရာတ...
09/05/2025

**ဘန်ကောက်မြို့နဲ့ အနီးဆုံးမှာ ရှိတဲ့ Bangsaen ကမ်းခြေ🌊

မိတ်ဆွေများ၊ မိသားစုများနှင့် အတူတကွ အပန်းဖြေရန် အကောင်းဆုံးနေရာတစ်ခုဖြစ်ပြီး အေးဆေး Chill‌ Vibe လေးနဲ့ ကမ်းခြေအနားယူမှုကို ခံစားလိုသူများအတွက် အထူးသင့်လျော်တဲ့‌ ကမ်းခြေလေးတစ်ခု ဖြစ်ပါတယ်။

**လည်ပတ်စရာနေရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ 📍

🏖️ Bangsaen ကမ်းခြေ (Bangsaen Beach)

အဓိက ကမ်းခြေဖြစ်ပြီး ရေကူးခြင်း၊ နေပူဆာလှုံခြင်းနှင့် လမ်းလျှောက်ခြင်းတို့အတွက် လူကြိုက်များပါသည်။ ကမ်းခြေတစ်လျှောက်တွင် စားသောက်ဆိုင်များနှင့် ကဖေးများစွာလည်း ရှိပါသည်။

Google Maps: https://maps.app.goo.gl/x7nrmrdJxTn5BQf48

🐠 ပင်လယ်သတ္တဝါ သိပ္ပံသုတေသနဌာန

(Bangsaen Institute of Marine Science)
ရေနေသတ္တဝါများကို ပြသထားသော ပြတိုက်တစ်ခုဖြစ်ပြီး ငါးပြတိုက်လည်း ပါဝင်ပါသည်။ ပင်လယ်သတ္တဝါများနှင့် သဘာဝပတ်ဝန်းကျင်ကို လေ့လာလိုသူများအတွက် စိတ်ဝင်စားဖွယ်ကောင်းသော နေရာတစ်ခုဖြစ်သည်။

Google Maps: https://maps.app.goo.gl/xE8NHTV5ZnWdFUF78

🏞️ Khao Sam Muk တောင်

ကမ်းခြေ၏ မြောက်ဘက်အစွန်တွင် တည်ရှိသော တောင်ကုန်းလေးတစ်ခုဖြစ်ပြီး ပင်လယ်ရှုခင်းကို လှပစွာ မြင်တွေ့နိုင်ပါသည်။ မျောက်များလည်း နေထိုင်ကြပြီး အထူးသဖြင့် ညနေပိုင်းတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားပါသည်။

Google Maps: https://maps.app.goo.gl/AnuCUiwMEJCLLKsW9

🌅 Wonnapha ကမ်းခြေ

Bangsaen ရဲ့ တောင်ဘက်ပိုင်းမှာ တည်ရှိပြီး ပိုပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ အငွေ့အသက်ကို ပေးစွမ်းနိုင်ပါတယ်။

Google Maps:
https://maps.app.goo.gl/7b9MtA72PyCHWxuT8

🛍️ Laemtong Shopping Mall

ဘဏ်တွေ၊ အဝတ်အစားဆိုင်တွေ၊ စူပါမားကတ်၊ အားကစားဝတ်စုံဆိုင်၊ ဖိနပ်ဆိုင်၊ စားသောက်ဆိုင်၊ အလှကုန်ပစ္စည်းနဲ့ စာအုပ်ဆိုင်တွေတောင် ရှိပါတယ်။ အပြင်မှာ စားစရာဆိုင်တွေ အများကြီးရှိပါတယ်။ သွားလာရတာလည်း လွယ်ကူပါတယ်။မြို့မှာရှိဖို့ အသုံးဝင်တဲ့ ကုန်တိုက်လေးတစ်ခုပါ။

Google Maps:
https://maps.app.goo.gl/s8Dp2W9i6Cxo3hBU9

🐟 Bangsaen Nong Mon Market

Bangsaen အနီးရှိ နာမည်ကြီး ဈေးတစ်ခုဖြစ်ပြီး ဒေသထွက် အစားအစာများ၊ အဝတ်အထည်များနှင့် အခြားသော ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါသည်။

Google Maps:
https://maps.app.goo.gl/trWfUtNLD3yEATxw8

Mohnyin BKK ကားအငှားဝန်ဆောင်မှု မှတဆင့်
သင့်ခရီးသွားခြင်းကို အဆင်ပြေချောမွေ့စေဖို့ အတွက် သက်တောင့်သက်သာရှိပြီး ကျယ်ဝန်းတဲ့ကားတွေနဲ့အတူ လိုရာခရီးရောက်အောင် ပို့ဆောင်ပေးဖို့ရန် အမြဲ အဆင်သင့် ရှိနေပါတယ် နော်။

Travel comfortably and safely with Mohnyin BKK. Book your ride and let the good times roll!

Ph no - 0942766230

ီး #ဘန်ကောက်ခရီး #ကမ်းခြေခရီး
#အေးချမ်းတဲ့ခရီး #ခရီးသွားဖို့နေရာကောင်း
#အဆင်ပြေခရီး #အေးဆေးခရီး

#နားချင်လိုက်တာပဲ

ที่อยู่

Bangkapi
Bangkok
10240

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Mohnyin BKK โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

หมวดหมู่