LINE Car Rental - Bangkok

โทร เส้นทาง ติดต่อ ธุรกิจของเรา

LINE Car Rental - Bangkok Car Rental Service in Bangkok.
ဘန်ကောက်မြို့ ကားအငှားဝန်ဆောင်မှု

🇹🇭 ဘန်ကောက်ရဲ့ သမိုင်းဝင် Wat Saket Ratchawora Mahawihan ရဲ့ဘုရားပွဲစျေးပြန်စတော့မယ်နော် 🎡🙏မြန်မာအခေါ် ၂ဘတ်တန် ဘုရားတစ်ဖ...
20/10/2026

🇹🇭 ဘန်ကောက်ရဲ့ သမိုင်းဝင် Wat Saket Ratchawora Mahawihan ရဲ့ဘုရားပွဲစျေးပြန်စတော့မယ်နော် 🎡🙏

မြန်မာအခေါ် ၂ဘတ်တန် ဘုရားတစ်ဖြစ်လဲ၊ Golden Mount Temple (ရွှေတောင်) လို့ခေါ်ဆိုလေ့ရှိကြတဲ့ ဘန်ကောက်ရဲ့အထင်ကရ သမိုင်းဝင် အကြီးဆုံးသောဘုရားပွဲစျေးဖြစ်တဲ့ Wat Saket Temple Fair ပွဲတော်ကြီးက ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၇ ရက်ကနေ ၂၉ ရက်အထိ ၁၃ ရက်နဲ့ ၁၃ ညတိုင်တိုင် ပြန်လည်ကျင်းပတော့မယ်လို့ သိရပါတယ်။

ဒီပွဲတော်ကို Wat Saket (ဝပ်ဆကက်) ဘုရားကျောင်းနဲ့ Phu Khao Thong (ရွှေတောင်) တစ်ဝိုက်မှာ ကျင်းပတာဖြစ်ပြီး ဘာသာရေးအစဉ်အလာ၊ ထိုင်းရိုးရာဈေးပွဲတော်နဲ့ လမ်းဘေးအစားအစာတွေကို တစ်နေရာတည်းမှာ ခံစားနိုင်တဲ့ ပွဲတော်တစ်ခုပါ။

ဘန်ကောက်မှာသမိုင်းအစဥ်အလာကြီးတဲ့ Wat Saket ဘုရားကျောင်းဟာ အယုဒ္ဓယခေတ်ကတည်းက တည်ရှိခဲ့တဲ့ ရှေးဟောင်းဘုရားကျောင်းတစ်ခုဖြစ်ပြီး မူလက Wat Sakae လို့ ခေါ်ဆိုခဲ့ကြပါတယ်။ ဘန်ကောက်ကို မြို့တော်အဖြစ် တည်ထောင်ပြီးနောက် ရာမ ၁ ဘုရင်လက်ထက်မှာ Wat Saket လို့ အမည်ပြောင်းလဲခဲ့ပါတယ်။ ကျောင်းရဲ့ အထင်ကရနေရာဖြစ်တဲ့ ရွှေတောင်စေတီကို ရာမ ၃ ဘုရင်လက်ထက်မှာ စတင်တည်ဆောက်ခဲ့ပြီး ရာမ ၅ ဘုရင်လက်ထက်မှာ အပြီးသတ်ခဲ့ပါတယ်။ စေတီထိပ်မှာ မြတ်စွာဘုရားရဲ့ ဓာတ်တော်တွေကို ဌာပနာထားတယ်လို့ ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ပွဲတော်ရဲ့ Hightlight လို့ပြောရမည့် အထူးခြားဆုံး အစဉ်အလာကတော့ အနီရောင်အဝတ်ရှည်ကြီးကို စေတီထိပ်အထိ သယ်ဆောင်ပြီး ပတ်လည်မှာ ပတ်လှူပူဇော်ခြင်း ဖြစ်ပါတယ်။ ဒီအစဉ်အလာဟာ ရာမ ၅ ဘုရင်ခေတ်ကတည်းက ဆက်လက်ကျင်းပလာခဲ့တာဖြစ်ပြီး မြတ်စွာဘုရားရဲ့ ဓာတ်တော်တွေကို ပူဇော်တဲ့ အဓိပ္ပာယ်ရှိပါတယ်။

ပွဲတော်နဲ့ ဘုရားဖူးရောက်ခဲ့ရင်တော့ တောင်ပေါ်က လှေကားထစ် ၃၀၀ ကျော်ကို တက်ပြီး ဘုရားဓာတ်တော်တွေကို ဖူးမြော်နိုင်သလို ဘန်ကောက်မြို့ဟောင်းရဲ့ ရှုခင်းကိုလည်း အပေါ်စီးကနေ ကြည့်နိုင်ပါတယ်။ ဒါ့အပြင် ပွဲစျေးဖြစ်လို့ ရိုးရာအစားအစာတွေ၊ Street food တွေလည်းမြည်းစမ်းနိုင်သလို၊ တခြားသော ကစားစရာတွေ၊ ဆိုင်ခန်းတွေနဲ့ အစုံရှိနေမှာပါ။ ညနေ ညဘက်သွားရင်ပိုသင့်တော်တာမလို့ မြန်မာနိုင်ငံကလို ပွဲစျေးတန်းလျောက်ရတဲ့ခံစားမှုမျိုးနဲ့ မီးရောင်တွေ ထွန်းညှိလာတဲ့အချိန်မှာ ပွဲတော်ရဲ့ အလှနဲ့ စည်ကားမှုကို ပိုပြီးခံစားနိုင်ပါတယ်။

Wat Saket (Golden Mount), Bangkok
https://maps.app.goo.gl/kSzfEwLraouCHDbB9?g_st=ic

Source : Time out Bangkok

🇹🇭 အခုလို ဘန်ကောက်မြို့အနှံ့ကိုသွားချင်တာဖြစ်ဖြစ်၊ ထိုင်းနိုင်ငံနေရာစုံကို အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေနဲ့၊ ရာနှုန်းပြည့်စိတ်ချယုံကြည်ရတဲ့ ကားကြီး၊ကားသေး ငှားရမ်းလိုပါက LiNE Car Rental - Bangkok ကို ဖုန်းနဲ့သော်လည်းကောင်း၊ Social media တွေကနေတဆင့်သော်လည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။ 🚗

Our Services -
▪️Airport Pickup/Drop Off ( Suvarnabhumi, Don Mueang )
▪️Bangkok - Pattaya
▪️Bangkok - Chiang Mai
▪️Bangkok - Huahin
▪️Bangkok - Kanchanaburi
▪️Bangkok - Khao Yai
▪️Bangkok - Ayutthaya
▪️Bangkok City Tour
▪️Others (Around Thailand)

•Chiang Mai Airport Pick up/ Drop off
•Chiang Mai City tour
•Chiang Mai - Mae Kampong
•Chiang Mai - Chiang Rai
•Chiang Mai - Doi inthanon
•Chiang Mai - Doi Suthep
•Chiang Mai - Pai
•Chiang Mai - Mae Hong Son
•Chiang Mai - Mon Jam
•Chiang Mai - Mae Sai

Mobile : 082 232 9486
Viber : +66 822329486
LINE ID : linecar2023
WhatsApp : +66 822329486
Telegram:
Facebook : LINE Car Rental - Bangkok

Lumpini Park မှာ ဂီတ၊ အနုပညာနဲ့ Nightlife အတွက် The Night by Amazing Thailand Season 2: Music in Memory” ပွဲတော်ကျင်းပသွ...
19/10/2026

Lumpini Park မှာ ဂီတ၊ အနုပညာနဲ့ Nightlife အတွက် The Night by Amazing Thailand Season 2: Music in Memory” ပွဲတော်ကျင်းပသွားမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအာဏာပိုင်အဖွဲ့ (TAT) က ခရီးသွားလုပ်ငန်းကို ပိုမိုတိုးတက်လာစေဖို့ “The Night by Amazing Thailand Season 2: Music in Memory” ပွဲတော်ကို“HARMONY OF HEALING — သီချင်းတွေက ခန္ဓာကိုယ်ကို ကုစားပေးပြီး တေးသွားတွေက စိတ်ကို အေးချမ်းစေတယ်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၆ ရက်ကနေ ၂၇ ရက်အထိ ဘန်ကောက်မြို့ရှိ Lumpini Park မှာ ဝင်ကြေးအခမဲ့နဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဂီတ၊ ခေတ်ပြိုင်အနုပညာ၊ အလင်းရောင်အလှဆင်မှုတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ပေါင်းစပ်ထားတဲ့ ဒီပွဲတော်မှာ လာရောက်သူ ၆၀,၀၀၀ ကျော် ရှိမယ်လို့ ခန့်မှန်းထားပြီး စီးပွားရေးအကျိုးအမြတ်တန်ဖိုး ဘတ်သန်း ၂၀၀ ကျော် ရရှိဖို့ မျှော်မှန်းထားပါတယ်။ ပွဲတော်ကာလအတွင်း အနုပညာရှင် ၄၆ ဦးကျော်က အလှည့်ကျ ဖျော်ဖြေသွားမှာဖြစ်ပြီး Orchestral Music, ခေတ်ပြိုင်ဂီတတွေ၊ ၁၉၇၀ , ၁၉၈၀ ၁၉၉၀ ပြည့်လွန်နှစ်တွေက သီချင်းတွေအပြင် Luk Thung၊ Luk Krung၊ Pop၊ Love Songs နဲ့ Reggae ဂီတအမျိုးအစားတွေလည်း အစုံအလင် ပါဝင်မှာပါ။

ပွဲတော်မှာ အနုပညာလက်ရာတွေကို ကိုယ်တိုင်ပါဝင်ခံစားနိုင်မယ့် Art, Light & Interactive Experience နေရာလည်း ပါဝင်ပါတယ်။ ဒါ့အပြင် သဘာဝအသံတွေကို နားဆင်ရင်း စိမ်းလန်းတဲ့ ပတ်ဝန်းကျင်အတွင်း စိတ်နဲ့ခန္ဓာကိုယ်ကို အနားပေးနိုင်မယ့် Grounding Therapy အစီအစဉ်လည်း ရှိပါတယ်။ ထိုင်းရိုးရာယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ ဖျော်ဖြေမှုတွေဖြစ်တဲ့ Khon မျက်နှာဖုံးအက၊ ရုပ်သေးပြဇာတ်နဲ့ Nora Chatri အကပြဇာတ်တို့အပြင် ထိုင်းနဲ့ အရှေ့တောင်အာရှဂီတတွေကို ခေတ်ပြိုင်တေးသွားတွေနဲ့ ရောစပ်ထားတဲ့ DJ ဖျော်ဖြေမှုတွေလည်း ပါဝင်မှာပါ။

ဒါ့အပြင် ကိုယ်တိုင်ဖန်တီးလုပ်ဆောင်နိုင်တဲ့ DIY Workshop တွေနဲ့ အခမဲ့ အနှိပ်ဝန်ဆောင်မှုတွေလည်း ရှိပါတယ်။ The Night by Amazing Thailand Season 2: Music in Memory ပွဲကိုတော့ အောက်တိုဘာ ၁၆ ရက်ကနေ၂၇ ရက်အထိ ညနေ ၄ နာရီမှ ည ၉ နာရီခွဲအထိ ကျင်းပသွားဖို့ရှိပါတယ်။

ဝင်ကြေးအခမဲ့ဖြစ်လို့ ဂီတနားထောင်ရင်း၊ အနုပညာလက်ရာတွေ ခံစားရင်းနဲ့ Lumpini Park ရဲ့ စိမ်းလန်းတဲ့ သဘာဝပတ်ဝန်းကျင်မှာ စိတ်အပန်းဖြေချင်သူတွေအတွက် သွားရောက်လည်ပတ်နိုင်ကြဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

Source : The Nation Thailand

🇹🇭 အခုလို ဘန်ကောက်မြို့အနှံ့ကိုသွားချင်တာဖြစ်ဖြစ်၊ ထိုင်းနိုင်ငံနေရာစုံကို အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေနဲ့၊ ရာနှုန်းပြည့်စိတ်ချယုံကြည်ရတဲ့ ကားကြီး၊ကားသေး ငှားရမ်းလိုပါက LiNE Car Rental - Bangkok ကို ဖုန်းနဲ့သော်လည်းကောင်း၊ Social media တွေကနေတဆင့်သော်လည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။ 🚗

Our Services -
▪️Airport Pickup/Drop Off ( Suvarnabhumi, Don Mueang )
▪️Bangkok - Pattaya
▪️Bangkok - Chiang Mai
▪️Bangkok - Huahin
▪️Bangkok - Kanchanaburi
▪️Bangkok - Khao Yai
▪️Bangkok - Ayutthaya
▪️Bangkok City Tour
▪️Others (Around Thailand)

•Chiang Mai Airport Pick up/ Drop off
•Chiang Mai City tour
•Chiang Mai - Mae Kampong
•Chiang Mai - Chiang Rai
•Chiang Mai - Doi inthanon
•Chiang Mai - Doi Suthep
•Chiang Mai - Pai
•Chiang Mai - Mae Hong Son
•Chiang Mai - Mon Jam
•Chiang Mai - Mae Sai

Mobile : 082 232 9486
Viber : +66 822329486
LINE ID : linecar2023
WhatsApp : +66 822329486
Telegram:
Facebook : LINE Car Rental - Bangkok

🎇🎉 မကြာခင်ကျရောက်တော့မည့် လွိုင်ကရထုံပွဲတော်မှာ ထိုင်းနိုင်ငံအနှံ့သွားလည်သင့်တဲ့ နေရာတွေကို ပြောပြပေးမယ်နော် 🇹🇭✨🎇 ထိုင်း...
18/10/2026

🎇🎉 မကြာခင်ကျရောက်တော့မည့် လွိုင်ကရထုံပွဲတော်မှာ ထိုင်းနိုင်ငံအနှံ့သွားလည်သင့်တဲ့ နေရာတွေကို ပြောပြပေးမယ်နော် 🇹🇭✨

🎇 ထိုင်းနိုင်ငံရဲ့ အလှပဆုံးနဲ့ အစည်ကားဆုံး ရိုးရာပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ လွိုင်ကရထုံ (Loy Krathong) ပွဲတော်ကတော့ ယခုနှစ် ၂ဝ၂၆ နိုဝင်ဘာလ ၂၄ ရက်၊ အင်္ဂါနေ့ မှာ ကျရောက်မှာဖြစ်ပါတယ်။ ထိုင်းရိုးရာလပြက္ခဒိန်ရဲ့ ၁၂ လမြောက်လပြည့်ညမှာ ကျင်းပတဲ့ပွဲတော်ဖြစ်ပြီး၊ ငှက်ပျောရွက်၊ ပန်းပွင့်၊ ဖယောင်းတိုင်တို့နဲ့ အလှဆင်ထားတဲ့ ကရထုံ (Krathong) လေးတွေကို မြစ်၊ ချောင်းနဲ့ ရေကန်တွေထဲ မျှောချရင်း ဆုတောင်းကြတဲ့ ဓလေ့တခုဖြစ်ပါတယ်။ 🌉

🥰 ဒီနှစ်မှ ထိုင်းနိုင်ငံရောက်လို့ လွိုင်ကထုံပွဲကို ပထမဆုံးအကြိမ်ဆင်နွဲဖို့ပဲဖြစ်ဖြစ်၊ နိုဝင်ဘာလမှာ ထိုင်းနိုင်ငံအနှံ့ကို အလည်အပတ်ရောက်နေရင်ပဲဖြစ်ဖြစ် ပါဝင်ဆင်နွဲဖို့ကောင်းတဲ့ နိုင်ငံအနှံ့မှာ စည်စည်ကားကားကျင်းပကြတဲ့နေရာတွေကို ဖော်ပြပေးထားပါတယ်ရှင့်။ 🥳✨

🌟 ၁။ ဘန်ကောက် — Chao Phraya မြစ်ကမ်းဘေး

ဘန်ကောက်မှာ ပွဲတော်ကို ဆင်နွှဲချင်သူတွေအတွက် ကျောက်ဖရားမြစ်ကမ်းဘေးဟာ ရွေးချယ်သင့်တဲ့ နေရာတစ်ခုပါ။ သွားလည်သင့်တဲ့ နေရာတွေကတော့ Wat Arun, Wat Pho နဲ့ Tha Maharaj , Asiatique The Riverfront နဲ့ ICONSIAM တို့ကတော့ လည်ပတ်သင့်တဲ့နေရာတွေပါ။

ဒါ့အပြင် ဘန်ကောက်လွိုင်ကထုံရဲ့ Hightlight ပွဲတစ်ခုဖြစ်တဲ့ Vijit Chao Phraya 2026 မီးအလှနဲ့ မီးရှူးမီးပန်းပွဲတော်ကို နိုဝင်ဘာ ၁၃ ရက်ကနေဒီဇင်ဘာ ၁၃ ရက်အထိ ကျင်းပဖို့ ကြေညာထားပါတယ်။ မြစ်ကမ်းတစ်လျှောက် မီးရှူးမီးပန်းနဲ့ အခြားဖျော်ဖြေပွဲတွေအများကြီးနဲ့မလို့ ခရီးသွားတွေအတွက် လက်လွတ်မခံသင့်တဲ့ပွဲတစ်ခုပါ။

🌟 ၂။ ချင်းမိုင် — Yi Peng Lantern Festival

လွိုင်ကရထုံပွဲတော်နဲ့အတူ ချင်းမိုင်ရဲ့ ရိုးရာ Yi Peng (ယီပင်း) ပွဲတော်ကလည်း ခရီးသွားတွေကြားမှာ နာမည်ကြီးပါတယ်။ လန်နာရိုးရာယဉ်ကျေးမှုကို အခြေခံထားတဲ့ ဒီပွဲတော်မှာ မီးပုံးအလှဆင်မှုတွေ၊ ရိုးရာမီးထွန်းပွဲတွေနဲ့ ယဉ်ကျေးမှုဖျော်ဖြေပွဲတွေကို နိုဝင်ဘာ ၂၄–၂၅ ရက်တွေမှာ တွေ့မြင်နိုင်ပါတယ်။ ကိုယ်တိုင်မီးပုံးပျံလွတ်တင်နိုင်တဲ့အပြင် ရိုးရာဓလေ့တွေနဲ့ပြည့်နေတဲ့ ချင်းမိုင်မှာသွားလည်သင့်တဲ့နေရာတွေကတော့ Tha Phae Gate, Ping River နဲလ Chiang Mai Old City တွေကတော့ မသွားမဖြစ်နေရာတွေပါနော်။

🌟 ၃။ ဆူခိုထိုင်း — Sukhothai Historical Park

လွိုင်ကရထုံပွဲတော်ရဲ့ ရိုးရာသမိုင်းနဲ့ ယဉ်ကျေးမှုကို ပိုမိုနက်နက်ရှိုင်းရှိုင်း ခံစားချင်သူတွေအတွက် ဆူခိုထိုင်းက မဖြစ်မနေစဉ်းစားသင့်တဲ့ ခရီးစဉ်တစ်ခုပါ။ နိုဝင်ဘာ ၁၅ ရက်ကနေ ၂၄ ရက်အထိ Sukhothai Historical Park မှာ “Loi Krathong, Burning Candles and Playing with Fire Festival” ကို ကျင်းပဖို့ ကြေညာထားပါတယ်။ ရှေးဟောင်းဘုရားကျောင်းတွေနဲ့ သမိုင်းဝင်အဆောက်အအုံတွေကြားမှာ မီးရောင်စုံတွေနဲ့ အထူးသဖြင့် Wat Mahathat ကျောင်းတဝိုက်က နိုင်ငံခြားသားတွေအကြားရေပန်းစားပြီး သမိုင်းနဲ့ ယဥ်ကျေးမှုဓလေ့တွေထပ်ဟပ်နေမည့် နေရာပါ။

🌟 ၄။ သိပ်အဝေးကြီးမသွားပဲ ဘန်ကောက်အနားတဝိုက်က ရေကန်နဲ့ ပန်းခြံတွေမှာလည်း လွိုင်ကရထုံပွဲတော်ကို ဆင်နွှဲနိုင်ပါတယ်။ ဒါပေမဲ့ ပန်းခြံတစ်ခုချင်းစီရဲ့ ဖွင့်ချိန်၊ ကရထုံမျှောခွင့်နဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ကြိုတင်စစ်ဆေးသင့်ပါတယ်နော်။ ဒီနှစ်မှာတော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက် ပေါင်မုန့်နဲ့ ပလတ်စတစ်အစား သဘာဝအလျောက် ဆွေးမြည့်နိုင်တဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ကရထုံတွေကို ရွေးချယ်ပြီး တစ်နေရာမှာ ကရထုံတစ်ခုသာ မျှောပြီးဆုတောင်းဖို့ အကြံပြုချင်ပါတယ်ရှင့်။ 🎊

🌉 တစ်နှစ်မှတစ်ခါသာကြုံရမည့် ဒီလွိုင်ကရထုံပွဲတော်မှာ ဘန်ကောက်ရဲ့ မြစ်ကမ်းဘေးအလှ၊ ချင်းမိုင်ရဲ့ လန်နာရိုးရာယဉ်ကျေးမှုနဲ့ ဆူခိုထိုင်းရဲ့ သမိုင်းဝင်အငွေ့အသက်တွေထဲက ကိုယ်နှစ်သက်ရာကို ရွေးချယ်ပြီး ထူးခြားတဲ့ အမှတ်တရတွေ ဖန်တီးနိုင်ကြစေဖို့ စုစည်းဖော်ပြပေးလိုက်ပါတယ်ရှင့်။ 🎇🇹🇭❤️

Photo Crd:

🇹🇭 အခုလို ဘန်ကောက်မြို့အနှံ့ကိုသွားချင်တာဖြစ်ဖြစ်၊ ထိုင်းနိုင်ငံနေရာစုံကို အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေနဲ့၊ ရာနှုန်းပြည့်စိတ်ချယုံကြည်ရတဲ့ ကားကြီး၊ကားသေး ငှားရမ်းလိုပါက LiNE Car Rental - Bangkok ကို ဖုန်းနဲ့သော်လည်းကောင်း၊ Social media တွေကနေတဆင့်သော်လည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။ 🚗

Our Services -
▪️Airport Pickup/Drop Off ( Suvarnabhumi, Don Mueang )
▪️Bangkok - Pattaya
▪️Bangkok - Chiang Mai
▪️Bangkok - Huahin
▪️Bangkok - Kanchanaburi
▪️Bangkok - Khao Yai
▪️Bangkok - Ayutthaya
▪️Bangkok City Tour
▪️Others (Around Thailand)

•Chiang Mai Airport Pick up/ Drop off
•Chiang Mai City tour
•Chiang Mai - Mae Kampong
•Chiang Mai - Chiang Rai
•Chiang Mai - Doi inthanon
•Chiang Mai - Doi Suthep
•Chiang Mai - Pai
•Chiang Mai - Mae Hong Son
•Chiang Mai - Mon Jam
•Chiang Mai - Mae Sai

Mobile : 082 232 9486
Viber : +66 822329486
LINE ID : linecar2023
WhatsApp : +66 822329486
Telegram:
Facebook : LINE Car Rental - Bangkok

🌅 ဘန်ကောက်↔️ပတ္တရားကို ဘယ်အချိန်ပဲထသွားသွား LINE Car Rental - Bangkok က နာရီဝက်အတွင်းလာကြိုပြီး ပို့ဆောင်ပေးနေပါပြီ 🥳🚗 လ...
18/10/2026

🌅 ဘန်ကောက်↔️ပတ္တရားကို ဘယ်အချိန်ပဲထသွားသွား LINE Car Rental - Bangkok က နာရီဝက်အတွင်းလာကြိုပြီး ပို့ဆောင်ပေးနေပါပြီ 🥳

🚗 လေးယောက်စီး
🚙 ခုနှစ်ယောက်စီး
🚌 ဆယ့်တစ်ယောက်စီး ဘာပဲလိုလို

အလိုရှိတဲ့ကားအမျိုးအစားအစုံအလင်နဲ့ 🏙 ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်ကနေ ↔️ပတ္တရားအထိ🏝 အရောက်ပို့ပေးမည့် ယာဥ်မောင်းအပါ One Way ကားအငှားစျေးနှုန်းတွေကို အထူးလျော့စျေးနဲ့ ငှားရမ်းဝန်ဆောင်မှုပေးနေပါပြီရှင့်။ 😍

🥳 LiNE ရဲ့စေတနာတွေနဲ့အတူ မူရင်းစျေးကနေ တန်အောင်စျေးလျော့ပေးထားတာတဲ့အပြင် ၂၄နာရီလုံးကြိုက်တဲ့အချိန်ဖုန်းဆက်၊ နာရီဝက်အတွင်းလာကြိုပေးမည့် Service မလို့ မိမိလိုချင်တဲ့ရက်မှာ ကားမရဘူးမဖြစ်ရလေအောင် ခုထဲကလာရောက်ဘိုကင်တင်ထားလို့ရပါပြီရှင့်။ ☎️

🚙 စုံလင်လှတဲ့ ကားအမျိုးအစားရွေးချယ်စရာတွေရှိတဲ့အပြင် ထိုင်းနိုင်ငံရဲ့တရားဝင်လိုင်စင်ရရှိထားတဲ့ ကားအငှားလုပ်ငန်းဖြစ်တာကြောင့် လူကြီးမင်းတို့ရဲ့ခရီးလမ်းလုံခြုံစိတ်ချရစေဖို့အတွက် အပြည့်အဝအာမခံပါတယ်။ Van, Mini Bus, SUV, Sedan စတဲ့ Luxury Vibe အပြည့်ပေးနိုင်မည့် ကားအကောင်းစားကြီးတွေနဲ့ ဝန်ဆောင်မှုပေးဖို့အတွက် အသင့်ရှိနေပါတယ်ရှင့်။ 😍

🥰 ဘန်ကောက်မြို့အနှံ့ကိုသွားချင်တာဖြစ်ဖြစ်၊ ထိုင်းနိုင်ငံနေရာစုံကို အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေနဲ့၊ ရာနှုန်းပြည့်စိတ်ချယုံကြည်ရတဲ့ ကားကြီး၊ကားသေး ငှားရမ်းလိုပါက LiNE Car Rental - Bangkok ကို ဖုန်းနဲ့သော်လည်းကောင်း၊ Social media တွေကနေတဆင့်သော်လည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။ 🚗

Our Services -
▪️Airport Pickup/ Drop Off ( Suvarnabhumi, Don Mueang )
▪️Bangkok - Pattaya
▪️Bangkok - Huahin
▪️Bangkok - Kanchanaburi
▪️Bangkok - Khao Yai
▪️Bangkok - Ayutthaya
▪️Bangkok City Tour
▪️Others (Around Thailand)

•Chiang Mai Airport Pick up/ Drop off
•Chiang Mai City tour
•Chiang Mai - Mae Kampong
•Chiang Mai - Chiang Rai
•Chiang Mai - Doi inthanon
•Chiang Mai - Doi Suthep
•Chiang Mai - Pai
•Chiang Mai - Mae Hong Son
•Chiang Mai - Mon Jam
•Chiang Mai - Mae Sai

Mobile : 082 232 9486
Viber : +66 822329486
LINE ID : linecar2023
WhatsApp : +66 822329486
Telegram:
Facebook : LINE Car Rental - Bangkok



Send message

 ဒီနေ့ထပ်ရထားတဲ့iPhone Duo တွေထဲက screenshots တချို့ 🤗မနေ့ညက ချက်ချင်းလာဝယ်သွားတဲ့ Adminတို့ရဲ့ Customerတွေကတော့ ဘယ်မှာ...
17/10/2026

 ဒီနေ့ထပ်ရထားတဲ့iPhone Duo တွေထဲက screenshots တချို့ 🤗

မနေ့ညက ချက်ချင်းလာဝယ်သွားတဲ့ Adminတို့ရဲ့ Customerတွေကတော့ ဘယ်မှာမှမရနိုင်တဲ့ အတန်ဆုံးစျေးနဲ့ ရသွားကြပါတယ် 🤩😎

ဒီနေ့တော့ Stockလုကြရတာနဲ့ စျေးကွက်+ပေါက်စျေးက ၂ဆနီးပါးတက်သွားပါတယ်ခင်ဗျ...

 iPhone DUO ကို Oct 23 ပထမဆုံးနေ့မှာ ထွက်ထွက်ချင်း လိုချင်တဲ့သူတွေအတွက် Preorders လက်ခံနေပါပြီ ခင်ဗျ 🥰

✔️Bkk pick up only.
✔️No activate items. (ပါကင်အလုံး)
✔️လက်လီ၊လက်ကားရပါသည်။

 လောလောဆယ် ရသမျှ iPhone Duo screenshots  တဖြတ်လေးပါခင်ဗျ... Orderရထားတာတွေ မပြီးသေးဘူး ကျန်နေပါသေးတယ် 😍စျေးကွက်ထဲ Stock...
16/10/2026

 လောလောဆယ် ရသမျှ iPhone Duo screenshots တဖြတ်လေးပါခင်ဗျ...
Orderရထားတာတွေ မပြီးသေးဘူး ကျန်နေပါသေးတယ် 😍

စျေးကွက်ထဲ Stock နဲနေလို့ စျေးတော့ တော်တော်ကောင်းနေပါတယ်ခင်ဗျ။

 iPhone DUO ကို Oct 23 ပထမဆုံးနေ့မှာ ထွက်ထွက်ချင်း လိုချင်တဲ့သူတွေအတွက် Preorders လက်ခံနေပါပြီ ခင်ဗျ 🥰

✔️Bkk pick up only.
✔️No activate items. (ပါကင်အလုံး)
✔️လက်လီ၊လက်ကားရပါသည်။

🎃 ဒီနှစ် Halloween အတွက် Chocolate Ville က တကယ်အလန်းစားလုပ်ထားပြီနော် 🥳🎠 မီးရောင်စုံ၊ အသံနဲ့ အလှဆင်မှုတွေ အပြည့်နဲ့ ကြော...
16/10/2026

🎃 ဒီနှစ် Halloween အတွက် Chocolate Ville က တကယ်အလန်းစားလုပ်ထားပြီနော် 🥳

🎠 မီးရောင်စုံ၊ အသံနဲ့ အလှဆင်မှုတွေ အပြည့်နဲ့ ကြောက်စရာကောင်းသလို စိတ်လှုပ်ရှားစရာလည်းကောင်းတဲ့ Spooky Town မြို့လေးထဲကို ဝင်လည်ကြည့်ရမည့်အချိန်ပါနော်။ ဒီအောက်တိုဘာမှာ Halloween အတွက် ဘယ်သွားရမလဲ စဉ်းစားနေတယ်ဆိုရင် Chocolate Ville ကို သွားဖို့ အကြံပြုချင်ပါတယ်။ ဒီနှစ်မှာ တစ်မြို့လုံးကို Spooky Town အဖြစ် ပြောင်းလဲအလှဆင်ထားပြီး ညစာစားရင်း ပျော်စရာအစီအစဉ်တွေနဲ့ ဓာတ်ပုံရိုက်စရာနေရာတွေကိုပါ တစ်ခါတည်း ခံစားနိုင်မှာပါ။ 👻

✨ မဖြစ်မနေ ဝင်ကြည့်သင့်တဲ့ Halloween Highlights တွေကတော့

📸 Photo spot နေရာများ
သေဆုံးသူတွေနဲ့ အရိုးစုတပ်ဖွဲ့တွေ သင်္ချိုင်းထဲကနေ ပြန်ထလာသလို ပုံစံဖန်တီးထားတဲ့ “Volcano of the Dead” ကို သွားကြည့်ပါ။ Gothic Style ဒါမှမဟုတ် ခပ်မိုက်မိုက် ပုံစံ ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ရင် အရမ်းမိုက်မှာပါ။

🫣 သရဲအိမ်နဲ့ သရဲဥမင်
အခန်း ၅ ခန်းပါ သရဲဥမင်နဲ့ နှစ်ထပ်၊ အခန်း ၇ ခန်းပါ သရဲအိမ်ကြီးထဲ ဝင်ပြီး သတ္တိရှိမရှိစမ်းသပ်ကြည့်နော်။ သူငယ်ချင်းတွေ ဒါမှမဟုတ် ချစ်သူနဲ့ လက်တွဲပြီး အော်ဟစ်ဖို့သာ အသင့်ပြင်ထားရမည့် နေရာပါ။

🍝 Halloween Special Menu
သွေးစုပ်ဖုတ်ကောင်သွေးပုံစံ လာဘ်၊ ပြည်ကြီးငါးမင်နဲ့ ပြုလုပ်ထားတဲ့ Devil Squid Ink Spaghetti နဲ့ သွေးစွန်းမျက်လုံးပုံစံ ကိတ်မုန့်တို့ကို မြည်းစမ်းကြည့်နိုင်ပါတယ်။ Story တင်ဖို့လည်း အရမ်းလှ အရမ်းမိုက်တဲ့ Menu လေးတွေပါ။

🎭 အထူးဖျော်ဖြေပွဲနဲ့ သရဲလှည့်လည်ပွဲ
Halloween ပွဲတော်ကာလအတွင်းသာ ပြသမယ့် Ghostbusters Show ကို ကြည့်ရှုနိုင်သလို Spooky Town ရဲ့ ချစ်စရာသရဲလှည့်လည်ပွဲကိုလည်း ခံစားနိုင်ပါတယ်။

🐶 Mascot အသစ်လေးတွေ
Happy နဲ့ Lovely အပြင် ဒီနှစ်မှာ Mascot အသစ်လေးနှစ်ကောင်ဖြစ်တဲ့ အဆော့သန်တဲ့ Bichon ခွေးလေး Pleasy နဲ့ ချစ်စရာ French Bulldog လေး Sleepy တို့လည်း ပါဝင်လာပါတယ်။

🎟️ ပွဲကိုတော့ နိုဝင်ဘာ ၁ ရက်အထိနေ့စဉ် ညနေ ၃ နာရီမှ ည ၁၂ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်ပြီး၊ ဝင်ကြေးတွေကတော့ ရုံးဖွင့်ရက်တွေမှာ ၁၅၀ ဘတ်၊ အစိုးရရုံးပိတ်ရက်တွေဆိုရင်တော့ ၁၈၀ မှ ၂၀၀ ဘတ်အထိ ကျသင့်မှာပါ။ ဝင်ကြေးလက်မှတ်ကို ရေခဲမုန့်၊ ပြောင်းဖူးပေါက်ပေါက် ဒါမှမဟုတ် အအေးတစ်ခွက် အခမဲ့လဲလှယ်နိုင်ပါတယ်။ စားသောက်ဆိုင်မှာ စားသုံးမယ်ဆိုရင်လည်း အစားအသောက်ဖိုး ၁၀၀ ဘတ် လျှော့ဈေး ရယူ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ 🥰

📍 Chocolate Ville၊ Prasert-Manukitch Road၊ Ram Inthra၊ Khan Na Yao

🗺️ Google Maps: https://maps.app.goo.gl/d7Ps5wtN5ZtrbD9SA

Photo Crd:

🇹🇭 အခုလို ဘန်ကောက်မြို့အနှံ့ကိုသွားချင်တာဖြစ်ဖြစ်၊ ထိုင်းနိုင်ငံနေရာစုံကို အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေနဲ့၊ ရာနှုန်းပြည့်စိတ်ချယုံကြည်ရတဲ့ ကားကြီး၊ကားသေး ငှားရမ်းလိုပါက LiNE Car Rental - Bangkok ကို ဖုန်းနဲ့သော်လည်းကောင်း၊ Social media တွေကနေတဆင့်သော်လည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။ 🚗

Our Services -
▪️Airport Pickup/Drop Off ( Suvarnabhumi, Don Mueang )
▪️Bangkok - Pattaya
▪️Bangkok - Chiang Mai
▪️Bangkok - Huahin
▪️Bangkok - Kanchanaburi
▪️Bangkok - Khao Yai
▪️Bangkok - Ayutthaya
▪️Bangkok City Tour
▪️Others (Around Thailand)

•Chiang Mai Airport Pick up/ Drop off
•Chiang Mai City tour
•Chiang Mai - Mae Kampong
•Chiang Mai - Chiang Rai
•Chiang Mai - Doi inthanon
•Chiang Mai - Doi Suthep
•Chiang Mai - Pai
•Chiang Mai - Mae Hong Son
•Chiang Mai - Mon Jam
•Chiang Mai - Mae Sai

Mobile : 082 232 9486
Viber : +66 822329486
LINE ID : linecar2023
WhatsApp : +66 822329486
Telegram:
Facebook : LINE Car Rental - Bangkok

🇹🇭ထိုင်းနိုင်ငံ ချင်းမိုင်-မွန်ဂျမ်း တညအိပ်၂ရက်တာ အလည်ခရီးစဥ်များအတွက် LINE Car Rental - Bangkokကို အသုံးပြုပေးတဲ့ Custo...
16/10/2026

🇹🇭ထိုင်းနိုင်ငံ ချင်းမိုင်-မွန်ဂျမ်း တညအိပ်၂ရက်တာ အလည်ခရီးစဥ်များအတွက် LINE Car Rental - Bangkokကို အသုံးပြုပေးတဲ့ Customers များကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျ😍

LiNE မှာ ဘန်ကောက်/ချင်းမိုင် လေဆိပ်အကြိုအပို့ 24 hours Service တွေအပြင်၊ အခုလိုအမိုက်စား Luxury ကားကြီးတွေနဲ့ပါ ဝင်ဆောင်မှုပေးနေတာကြောင့် အမြန်ဆုံးဆက်သွယ်ဘိုကင်လုပ်လိုက်တော့နော်။ 🥳

🛬 သုဝဏ္ဏဘူမိ၊ ဒွန်မောင်း လေဆိပ်အကြိုအပို့လား .....
🚌 ပတ္တယား ၊ ဟွာဟင် ၊ အယုဒ္ဓယ၊ ကန်ချနဘူရီ ၊ ခေါက်ရိုင် ခရီးနီး၊ ခရီးဝေးသွားချင်တာလား .....
🚙 Bangkok City Tour ၊ ဘုရားဖူး နှင့် အစည်းအဝေး အခမ်းအနား တက်ရောက်ခြင်းတို့အတွက်ကားငှားချင်တာလား .....

ဘာပဲလိုလို LiNE Car Rental - Bangkok မှာ ( Van, Mini Bus, SUV, Sedan ) စတဲ့ကားအမျိုးအစားအစုံအလင်ရွေးချယ်နိုင်တဲ့အပြင်၊ ကိုယ်တိုင်မောင်းနှင်ဖို့အတွက်ပဲဖြစ်ဖြစ်၊ ခရီးလမ်းကျွမ်းကျင်စိတ်ချရမှုအပြည့်နဲ့ တရားဝင်လိုင်စင်ရှိထိုင်း/ မြန်မာ ဒရိုင်ဘာတွေနဲ့အတူ ထိုင်းနိုင်ငံအနှံ့ လည်ပတ်နိုင်ဖို့ပဲဖြစ်ဖြစ် ခရီးသည်တွေစိတ်တိုင်းကျဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျ။ 🥰

Our Services -
▪️Airport Pickup/ Drop Off ( Suvarnabhumi, Don Mueang )
▪️Bangkok - Pattaya
▪️Bangkok - Huahin
▪️Bangkok - Kanchanaburi
▪️Bangkok - Khao Yai
▪️Bangkok - Ayutthaya
▪️Bangkok City Tour
▪️Others (Around Thailand)

•Chiang Mai Airport Pick up/ Drop off
•Chiang Mai City tour
•Chiang Mai - Mae Kampong
•Chiang Mai - Chiang Rai
•Chiang Mai - Doi inthanon
•Chiang Mai - Doi Suthep
•Chiang Mai - Pai
•Chiang Mai - Mae Hong Son
•Chiang Mai - Mon Jam
•Chiang Mai - Mae Sai

🚗 အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေနဲ့၊ ရာနှုန်းပြည့်စိတ်ချယုံကြည်ရတဲ့ ကားကြီး၊ကားသေး ငှားရမ်းလိုပါက LiNE Car Rental - Bangkok ကို ဖုန်းနဲ့သော်လည်းကောင်း၊ Social media တွေကနေတဆင့်သော်လည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။ 😍

Mobile : 082 232 9486
Viber : +66 822329486
LINE ID : linecar2023
WhatsApp : +66 822329486
Telegram:
Facebook : LINE Car Rental - Bangkok

 Oct 16 မှာ Preorder စတင်လို့ရနိုင်မယ့် iPhone Duo ရဲ့ Apple Thailand Official စျေးနှုန်းများ 📱📱iPhone Duo2 Colors - St...
15/10/2026

 Oct 16 မှာ Preorder စတင်လို့ရနိုင်မယ့် iPhone Duo ရဲ့ Apple Thailand Official စျေးနှုန်းများ

📱📱iPhone Duo
2 Colors - Star White , Night Sky

⏰Oct 16 ရက်နေ့ 7:00Pm မှာ Online Pre Order စတင်လို့ရမှာဖြစ်ပြီး….

⏰Oct 23 ရက်နေ့ မနက်မှာ ထိုင်းနိုင်ငံရဲ့ Official Store တွေမှာ စတင်ရောက်ရှိမှာဖြစ်ပါတယ်…

Oct 23 ရက်နေ့မှာ ဦးဦးဖျားဖျားလေး ကိုင်ချင်တဲ့သူတွေအတွက် Oct 16 မတိုင်ခင်မှာ ကျွန်တော်တို့ LiNE Car Rental -Bangkok page ကနေ Pre Order တင်ထားလိုက်တော့နော်… 🥳

အသေးစိတ်ကို Page Chat Box ကနေစုံစမ်းနိုင်ပါတယ်ဗျ

✔️23 Oct Bkk pick up .
✔️No activate items. (ပါကင်အလုံး)
✔️လက်လီ/လက်ကား ရပါတယ်...

🔷iPh17 ,18 seriesတုန်းက ပထမဆုံးတရက်ထဲတင် အလုံးရာဂဏန်း ထုတ်ပေးခဲ့ပါတယ်

📱https://www.facebook.com/share/19c4ebJboG/?mibextid=wwXIfr

📱https://www.facebook.com/share/1BbLRvtGwr/?mibextid=wwXIfr

🇹🇭  LiNE Car Rental - Bangkok ရဲ့ဝန်ဆောင်မှုတွေနဲ့အတူ အပြုံးကိုယ်စီနဲ့ဖြစ်နေပြီနော်။ ကားအငှါးဝန်ဆောင်မှုကို အသုံးပြုခဲ့က...
15/10/2026

🇹🇭 LiNE Car Rental - Bangkok ရဲ့ဝန်ဆောင်မှုတွေနဲ့အတူ အပြုံးကိုယ်စီနဲ့ဖြစ်နေပြီနော်။ ကားအငှါးဝန်ဆောင်မှုကို အသုံးပြုခဲ့ကြတဲ့ Customer တစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင့်။ 😍

LINE မှာ လေဆိပ်အကြိုအပို့ 24 hours Service တွေအပြင်၊ အခုလိုအမိုက်စား Luxury ကားကြီးတွေနဲ့ပါ ဝင်ဆောင်မှုပေးနေတာကြောင့် အမြန်ဆုံးဆက်သွယ်ဘိုကင်လုပ်လိုက်တော့နော်။ 🥳

🛬 သုဝဏ္ဏဘူမိ၊ ဒိုမောင်း လေဆိပ်အကြိုအပို့လား .....
🚌 ပတ္တယား ၊ ဟွာဟင် ၊ အယုဒ္ဓယ၊ ခေါက်ရိုင် ခရီးနီး၊ ခရီးဝေးသွားချင်တာလား .....
🚙 Bangkok City Tour ၊ ဘုရားဖူး နှင့် အစည်းအဝေး အခမ်းအနား တက်ရောက်ခြင်းတို့အတွက်ကားငှားချင်တာလား .....

ဘာပဲလိုလို LiNE Car Rental - Bangkok မှာ ( Van, Mini Bus, SUV, Sedan ) စတဲ့ကားအမျိုးအစားအစုံအလင်ရွေးချယ်နိုင်တဲ့အပြင်၊ ကိုယ်တိုင်မောင်းနှင်ဖို့အတွက်ပဲဖြစ်ဖြစ်၊ ခရီးလမ်းကျွမ်းကျင်စိတ်ချရမှုအပြည့်နဲ့ တရားဝင်လိုင်စင်ရှိထိုင်း/ မြန်မာ ဒရိုင်ဘာတွေနဲ့အတူ ထိုင်းနိုင်ငံအနှံ့ လည်ပတ်နိုင်ဖို့ပဲဖြစ်ဖြစ် ခရီးသည်တွေစိတ်တိုင်းကျဝန်ဆောင်မှုပေးနေပါတယ်ရှင့်။ 🥰

Our Services -
▪️Airport Pickup/Drop Off ( Suvarnabhumi, Don Mueang )
▪️Bangkok - Pattaya
▪️Bangkok - Chiang Mai
▪️Bangkok - Huahin
▪️Bangkok - Kanchanaburi
▪️Bangkok - Khao Yai
▪️Bangkok - Ayutthaya
▪️Bangkok City Tour
▪️Others (Around Thailand)

•Chiang Mai Airport Pick up/ Drop off
•Chiang Mai City tour
•Chiang Mai - Mae Kampong
•Chiang Mai - Chiang Rai
•Chiang Mai - Doi inthanon
•Chiang Mai - Doi Suthep
•Chiang Mai - Pai
•Chiang Mai - Mae Hong Son
•Chiang Mai - Mon Jam
•Chiang Mai - Mae Sai

Mobile : 082 232 9486
Viber : +66 822329486
LINE ID : linecar2023
WhatsApp : +66 822329486
Telegram:
Facebook : LINE Car Rental - Bangkok

ที่อยู่

Bangkok
10400

เบอร์โทรศัพท์

+66822329486

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ LINE Car Rental - Bangkok โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง LINE Car Rental - Bangkok:

ทางลัด

แชร์

หมวดหมู่