Sports and Fun MM

โทร เส้นทาง

Sports and Fun MM ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Sports and Fun MM, 79 Moo 1, Phahonyothin Road, Km. 55, Lam Sai Sub-district, Wang Noi District, Phra Nakhon Si Ayutthaya Province, Ayutthaya

ရိုနယ်ဒို: “မက်ဆီနဲ့ ကမ္ဘာ့ဖလားမှာ တွေ့ဆုံရမယ်ဆိုရင် အရမ်းမိုက်မှာပါ”Cristiano Ronaldo သည် Lionel Messi အာဂျင်တီးနားအသင်...
24/06/2026

ရိုနယ်ဒို: “မက်ဆီနဲ့ ကမ္ဘာ့ဖလားမှာ တွေ့ဆုံရမယ်ဆိုရင် အရမ်းမိုက်မှာပါ”

Cristiano Ronaldo သည် Lionel Messi အာဂျင်တီးနားအသင်းအတွက် ခြေစွမ်းပြခဲ့သည့်နေ့၏ နောက်တစ်နေ့တွင် ပေါ်တူဂီအသင်း၏ ဥဇဘက်ကစ္စတန်ကို ၅-၀ ဖြင့် အနိုင်ရရှိသော ပွဲ၌ ၂ ဂိုးသွင်းယူနိုင်ခဲ့သည်။
ရိုနယ်ဒိုက ၎င်း၏ အဓိကပြိုင်ဘက်ကြီး မက်ဆီနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရင်ဆိုင်ရနိုင်သည့် အလားအလာကို “အရမ်းမိုက်မယ်” ဟု ဖော်ပြပြောဆိုခဲ့သည်။ ပေါ်တူဂီနှင့် အာဂျင်တီးနားတို့သည် နောက်ပိုင်းအဆင့်များတွင် တွေ့ဆုံနိုင်သည့် အခြေအနေရှိနေသည်။
ပေါ်တူဂီအသင်းသည် အင်္ဂါနေ့က ဥဇဘက်ကစ္စတန်ကို ၅-၀ ဖြင့် အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်ရန် သေချာသလောက် ဖြစ်လာခဲ့သည်။ ထိုပွဲတွင် ရိုနယ်ဒိုက ပထမပိုင်း၌ ၂ ဂိုးသွင်းယူခဲ့သည်။
ယင်း ၂ ဂိုးကြောင့် ရိုနယ်ဒိုသည် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် ပေါ်တူဂီအသင်းအတွက် ၁၀ ဂိုးသွင်းယူထားသည့် အချိန်တိုင်း ဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့ပြီး၊ ၉ ဂိုးသွင်းထားသော Eusebio ကို ကျော်တက်သွားခဲ့သည်။ ထို့အပြင် အသက် ၄၁ နှစ်ဖြင့် ကမ္ဘာ့ဖလားသမိုင်းတွင် ဒုတိယအသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ပထမနေရာတွင် ၁၉၉၄ ခုနှစ်က အသက် ၄၂ နှစ်အရွယ် Roger Milla ရှိနေသည်။
တစ်ဖက်တွင် ကိုလန်ဘီယာအသင်း သည် DR Congo ကို ၁-၀ ဖြင့် အနိုင်ရကာ အုပ်စု K ထိပ်ဆုံးနေရာနှင့် ရှုံးထွက်အဆင့်တက်ခွင့်ကို ရရှိထားပြီးဖြစ်သည်။
ပေါ်တူဂီအသင်းသည် အုပ်စုဗိုလ်ဖြစ်ရန် ကိုလံဘီယာကို အနိုင်ရရန် လိုအပ်နေသည်။ Opta Super computer ၏ ခန့်မှန်းချက်အရ ကိုလံဘီယာက အုပ်စုဗိုလ်ဖြစ်နိုင်ခြေ ၅၁ ရာခိုင်နှုန်းရှိပြီး ပေါ်တူဂီက ၄၉ ရာခိုင်နှုန်း ရှိနေသည်။
အကယ်၍ ပေါ်တူဂီအသင်း အုပ်စုဗိုလ်ဖြစ်ခဲ့ပါက ကွာတားဖိုင်နယ်အဆင့်တွင် အာဂျင်တီးနားနှင့် တွေ့ဆုံနိုင်ဖွယ် ရှိသည်။ အာဂျင်တီးနားအသင်းကတော့ မက်ဆီ၏ ပထမ ၂ ပွဲအတွင်း ၅ ဂိုးသွင်းစွမ်းဆောင်မှုကြောင့် အုပ် J ဗိုလ်အဖြစ် သေချာထားပြီးဖြစ်သည်။
ရိုနယ်ဒိုနှင့် မက်ဆီတို့သည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ယခင်က တစ်ကြိမ်မျှ မတွေ့ဆုံဖူးကြသေးပေ။ ယခုနှစ်ပြိုင်ပွဲသည် နှစ်ဦးစလုံးအတွက် ၆ ကြိမ်မြောက်နှင့် နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်နိုင်ဖွယ် ရှိနေသည်။
မက်ဆီနှင့် တွေ့ဆုံနိုင်ခြေကို မေးမြန်းရာ ရိုနယ်ဒိုက -
“ဘယ်လိုဖြေရမလဲ မသိဘူး။ ဒါပေမဲ့ အရမ်းမိုက်မှာပါ။”
ဟု ပြောကြားခဲ့သည်။
ထို့နောက် -
“ဒီနေ့အတွက် အရေးကြီးဆုံးက အနိုင်ရပြီး နောက်တစ်ဆင့်တက်ဖို့ပါပဲ။ နောက်လာမယ့်ပွဲအတွက် အဆင်သင့်ဖြစ်နေဖို့လည်း လိုပါတယ်။ အဓိကရည်မှန်းချက်က အုပ်စုအဆင့်ကို ကျော်ဖြတ်ဖို့ဖြစ်ပြီး ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။” ဟု ဆက်လက်ပြောဆိုခဲ့သည်။
သို့သော် မက်ဆီ၊ Kylian Mbappe နှင့် Erling Haaland တို့၏ ဂိုးသွင်းစွမ်းဆောင်ရည်များနှင့် ပတ်သက်၍ မေးမြန်းရာတွင် ရိုနယ်ဒိုက စိတ်မရှည်သလို တုံ့ပြန်ကာ “နောက်မေးခွန်းပါ” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။
အသက် ၄၁ နှစ်အရွယ် ရိုနယ်ဒိုသည် ပေါ်တူဂီအသင်း DR Congo နှင့် ၁-၁ သရေကျခဲ့သော အဖွင့်ပွဲစဉ်အပြီး ဝေဖန်မှုများစွာ ခံခဲ့ရသော်လည်း အသင်းအတွင်း စည်းလုံးမှုရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။
“အရေးကြီးဆုံးက အသင်းပါပဲ။ ကျွန်တော်တို့ အားလုံး စည်းစည်းလုံးလုံး ရှိနေကြပါတယ်။”
“အပြင်က ဘာတွေဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ပါဘူး။ နိုင်ပွဲမရတဲ့အခါ ဝေဖန်ခံရမယ်ဆိုတာ သိပါတယ်။ အထူးသဖြင့် ကျွန်တော့်ကိုပါ။” ဟု ရိုနယ်ဒိုက ပြောကြားခဲ့သည်။

ဂါနာ ၀-၀ အင်္ဂလန်ဘော်စတွန်မြို့၌ ကစားခဲ့သော ဂါနာအသင်းသည် အဂ်လန်အသင်းနှင့် ဂိုးမရှိသရေကျကာ အဖိုးတန် တစ်မှတ်ကို ရယူနိုင်ခဲ...
24/06/2026

ဂါနာ ၀-၀ အင်္ဂလန်
ဘော်စတွန်မြို့၌ ကစားခဲ့သော ဂါနာအသင်းသည် အဂ်လန်အသင်းနှင့် ဂိုးမရှိသရေကျကာ အဖိုးတန် တစ်မှတ်ကို ရယူနိုင်ခဲ့သည်။
ပထမပွဲတွင် ခရိုအေးရှားအသင်းကို အံ့အားသင့်ဖွယ် အနိုင်ယူခဲ့သော အင်္ဂလန်အသင်းသည် ယခုပွဲတွင် အချိန်အတော်ကြာ ကစားရခက်ခဲခဲ့သည်။ ဒုတိယပိုင်းနှောင်းပိုင်းမှသာ ဖိအားပေးနိုင်ခဲ့ပြီး O'Reilly ၏ ကန်ချက်မှာ တိုင်ထိထွက်ခဲ့သလို၊ နာကျင်အချိန်ပိုတွင် Guehi ၏ ခေါင်းတိုက်ချက်ကိုလည်း ဂါနာနောက်တန်းက ဂိုးစည်းပေါ်မှ ရှင်းထုတ်နိုင်ခဲ့သည်။
ဂါနာအသင်းသည် ပွဲအစကတည်းက နောက်တန်းကို ကျစ်လစ်စွာထားပြီး တန်ပြန်တိုက်စစ်ဖြင့် ကစားမည့် အစီအစဉ်ကို ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။ ဂိုးမသွင်းနိုင်ခဲ့သော်လည်း ယခုရရှိသည့် တစ်မှတ်ကြောင့် နောက်ဆုံးအုပ်စုအဆင့်ပွဲစဉ် မတိုင်မီ အုပ်စုထိပ်ဆုံးနှစ်သင်းအတွင်း ဆက်လက်ရပ်တည်နိုင်ခဲ့သည်။
ဂါနာအသင်းသည် နောက်ဆုံးပွဲတွင် ခရိုအေးရှားနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး၊ အင်္ဂလန်အသင်းကတော့ ပနားမားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ယခုရလဒ်သည် အင်္ဂလန်အတွက် ကြီးမားသည့် အနှုတ်လက္ခဏာ မဟုတ်သော်လည်း ပိုမိုအားကောင်းသည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရချိန်တွင် စိုးရိမ်စရာအချက်အချို့ကို ဖော်ပြခဲ့သည်။
စာရင်းအင်းများအရ အင်္ဂလန်သည် ကန်ချက် ၁၉ ကြိမ် ပြုလုပ်ခဲ့သော်လည်း ဂိုးပေါက်တည့်သည့် ကန်ချက်မှာ ၃ ကြိမ်သာ ရှိခဲ့သည်။ ၎င်းတို့၏ Expected Goals (xG) စုစုပေါင်းမှာ ၁.၂၈ ဖြစ်သည်။ ဂါနာအသင်းကတော့ ကန်ချက် ၂ ကြိမ်သာ ရရှိခဲ့ပြီး xG စုစုပေါင်း ၀.၂၉ ရှိခဲ့သည်။
နှစ်သင်းလုံးတွင် အဆုံးအဖြတ်ပွဲများအတွက် အခွင့်အရေးများ ဆက်လက်ရှိနေဆဲဖြစ်သည်။

ပေါ်တူဂီ ၅-၀ ဥဇဘက်ကစ္စတန် စီရိုနယ်ဒို ၂ ဂိုးသွင်းကာ ၂၀၂၆ ကမ္ဘာ့ဖလားလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာတဲ့ ပေါ်တူဂီပေါ်တူဂီ...
24/06/2026

ပေါ်တူဂီ ၅-၀ ဥဇဘက်ကစ္စတန်
စီရိုနယ်ဒို ၂ ဂိုးသွင်းကာ ၂၀၂၆ ကမ္ဘာ့ဖလားလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာတဲ့ ပေါ်တူဂီ
ပေါ်တူဂီ အသင်းသည် ဉဇဘက္ကစ္စတန်အသင်းကို ကို ၅-၀ ဖြင့် ဂိုးပြတ်အနိုင်ယူကာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အားကောင်းသော ခြေလှမ်းတစ်ရပ် ပြန်လည်လှမ်းနိုင်ခဲ့သည်။
DR Congo နှင့် ပထမပွဲစဉ်တွင် စိတ်ပျက်ဖွယ် သရေကျခဲ့ပြီးနောက် ပေါ်တူဂီအသင်းသည် ယခုပွဲတွင် တိုက်စစ်ပိုင်း၌ အားကောင်းစွာ ကစားနိုင်ခဲ့သည်။ စီရော်နယ်ဒိုက ပထမပိုင်းတွင် ၂ ဂိုးသွင်းယူကာ အသင်း၏ အောင်ပွဲကို ဦးဆောင်ခဲ့သည်။
ပွဲအစ ၆ မိနစ်အတွင်း ရိုနယ်ဒိုက အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး၊ ထို့နောက် မန်ဒက်စ်၏ အကောင်းဆုံး ဖရီးကစ်မှတစ်ဆင့် ဒုတိယဂိုး ရရှိခဲ့သည်။ ဥဇဘက်ကစ္စတန်မှ ဂျီအန်နီယက် သည် လှပသောဂိုးတစ်ဂိုး သွင်းယူခဲ့သော်လည်း ဂိုးမတိုင်မီ ပြစ်ဒဏ်ကျူးလွန်မှုကြောင့် VAR စစ်ဆေးပြီး ဂိုးကို ပယ်ဖျက်ခဲ့သည်။
ထို့နောက် ရိုနယ်ဒိုက ဘရူနို၏ လှပသော ပေးပို့မှုမှတစ်ဆင့် တတိယဂိုးကို လွယ်ကူစွာ ကန်သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် ဉဇဘက်နောက်ခံလူ နီမာတော့၏ ကိုယ့်ဂိုးကိုယ်သွင်းမိမှုကြောင့် ပေါ်တူဂီက ၄-၀ ဖြင့် ဦးဆောင်နိုင်ခဲ့ပြီး၊ အစားထိုးဝင်ရောက်လာသော ရာဖေး လီအာယို က ပွဲပြီးခါနီးတွင် ထောင့်ဖြတ်အပြင်းကန်ချက်ဖြင့် ပဉ္စမဂိုးကို သွင်းယူပေးခဲ့သည်။
ယခုပွဲတွင် ပေါ်တူဂီအသင်းက xG (Expected Goals) 2.41 ရရှိခဲ့ပြီး ဥဇဘက်ကစ္စတန်က 0.25 သာ ရရှိခဲ့သဖြင့် ပွဲတစ်လျှောက်လုံး အပြည့်အဝ စိုးမိုးနိုင်ခဲ့ကြောင်း ကိန်းဂဏန်းများက ဖော်ပြနေသည်။
ပေါ်တူဂီအသင်းသည် နောက်ဆုံးအုပ်စုအဆင့်ပွဲစဉ်တွင် ကိုလမ်ဘီယာအသင်း နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး၊ ဥဇဘက်ကစ္စတန်အသင်းကတော့ DR Congo နှင့် တွေ့ဆုံကစားရမည်ဖြစ်သည်။ ⚽

လက်မထိတာ တကယ်ကြီးပေါ့သေချာတယ်ပေါ့ ဟုတ်လား ဒေးဗီး😀😀😀
29/04/2026

လက်မထိတာ တကယ်ကြီးပေါ့
သေချာတယ်ပေါ့ ဟုတ်လား ဒေးဗီး😀😀😀

"ရုပ်မြင်သံကြားကနေ မြင်ရုံနဲ့ ခေါ်ယူခဲ့တဲ့ အာစင်ဝင်းဂါးရဲ့ ရူးမိုက်တဲ့ ဆုံးဖြတ်ချက်" ------------------------"ကျွန်တော် ...
18/04/2026

"ရုပ်မြင်သံကြားကနေ မြင်ရုံနဲ့ ခေါ်ယူခဲ့တဲ့ အာစင်ဝင်းဂါးရဲ့ ရူးမိုက်တဲ့ ဆုံးဖြတ်ချက်"
------------------------

"ကျွန်တော် ဖရက်ဒီ ယွန်းဘာ့ဂ်ကို ဟမ်းစတက်ကနေ ခေါ်ယူခဲ့တာပါ။ အပတ်စဉ် ပိတ်ရက်တစ်ခုမှာ အင်္ဂလန်နဲ့ ဆွီဒင်တို့ ကစားတဲ့ပွဲကို ရုပ်မြင်သံကြားကနေ ကြည့်ရင်း သူ့ကို သဘောကျသွားတာ ဖြစ်ပါတယ်။

အဲ့ဒီပွဲကို နှစ်ခေါက်ပြန်ကြည့်ပြီးတဲ့နောက် တနင်္လာနေ့မှာတင် သူ့ကို ဝယ်ဖို့ ချက်ချင်း ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ ကျွန်တော့်ဘဝရဲ့ ရူးသွပ်မှုအရှိဆုံး အခိုက်အတန့်တွေထဲက တစ်ခုပါပဲ" လို့ ဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းကို တစ်ရာသီအငှားနဲ့သွားရောက်ကစားနေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်နဲ့ ပတ်သက် လို့ ဘာမှ မဆုံးဖြတ်ရသေ...
18/04/2026

ဘာစီလိုနာအသင်းကို တစ်ရာသီအငှားနဲ့သွားရောက်ကစားနေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်နဲ့ ပတ်သက် လို့ ဘာမှ မဆုံးဖြတ်ရသေးဘူးလို့ မန်ယူအသင်းနည်းပြ ကာရစ်က ပြောကြားလိုက်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေတာဖြစ်ပြီး အသင်းမှာ ရုန်းကန်နေရတာကြောင့် ဘာစီလိုနာအသင်းဆီကို တစ်ရာသီအငှားနဲ့ သွားရောက်ကစားနေတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ စာချုပ်ပါသဘောတူညီချက်အရ ရက်ရှ်ဖို့ဒ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ နဲ့ အပြီး သတ် ခေါ်ခွင့်ရှိပြီး အပြီးသတ်ခေါ်၊ မခေါ်ဆိုတာကို ဇွန်လ ၁၅ ရက် နောက်ဆုံးထားပြီး အသိပေးရမှာ ဖြစ်ပါတယ်။

မန်ယူ အသင်းဘက်ကလည်း ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်လို့ ဖြစ်လာနိုင်စရာ အခြေအနေတွေအတွက် ကြိုတင် ပြင်ဆင် ထားတယ်လို့ ကာရစ်က ပြောကြားခဲ့သလို ဘယ်သူနဲ့မဆို လက်တွဲအလုပ်လုပ်ချင်ပြီး တိုးတက်မှုတွေရှိလာဖို့ ကူညီပေးချင်ပါတယ်လို့လည်း ကာရစ်က သူ့ဆန္ဒကို ပြောသွားခဲ့ပါတယ်။

မန်ယူအကယ်ဒမီထွက် ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းသမိုင်းမှာ ၁၅ ယောက်မြောက် သွင်းဂိုးအများဆုံး ကစား သမားအဖြစ် ရပ်တည်နေတာပါ။

ယူနိုက်တက်အသင်းဘက်ကတော့ အသက် (၂၆) နှစ်အရွယ်၊ ဒိန်းမတ်ကွင်းလယ်လူ ဟရူးမန်း ကို လာမယ့်ရာသီ ယူနိုက်တက်ရဲ့ ကွင်းလယ်ပိုင်းကို ...
18/04/2026

ယူနိုက်တက်အသင်းဘက်ကတော့ အသက် (၂၆) နှစ်အရွယ်၊ ဒိန်းမတ်ကွင်းလယ်လူ ဟရူးမန်း ကို လာမယ့်ရာသီ ယူနိုက်တက်ရဲ့ ကွင်းလယ်ပိုင်းကို အဓိက အားဖြင့် ကစားပေးမယ့်သူအဖြစ် တာဝန်ယူထားပါတယ်။

စပို့တင်း နဲ့အတူ ပေါ်တူဂီလိဂ်မှာ (၃) ရာသီကြာ အောင်မြင်မှုတွေလည်း ရယူခဲ့ပေးနိုင်ခဲ့ပြီး၊ ဟရူးမန်း ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ် မှာ ရင်ဆိုင်ရမဲ့ စိန်ခေါ်မှုအသစ်တွေနှင့် အသင့်ဖြစ်နေပါတယ်။

အာဆီယံယူ - (၁၇) ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာယူ(၁၇) အသင်း ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ရမည်။...
18/04/2026

အာဆီယံယူ - (၁၇) ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာယူ(၁၇) အသင်း ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ရမည်။

ဧပြီ(၁၈)ရက် ညနေ(၃)နာရီအချိန်တွင် အာဆီယံယူ - (၁၇)ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဆင့်၊ နောက်ဆုံးပွဲစဉ်ကို မြန် မာယူ(၁၇) အသင်းနှင့် ဖိလစ်ပိုင် ယူ-(၁၇) အသင်းတို့ ယှဉ်ပြို င်ကစားသွားကြရမည်သိရသည်။

ဖိလစ်ပိုင်အသင်းနှင့်ယှဉ်ပြိုင် ကစားမည့်ပွဲစဉ်သည် မြန်မာအသင်းအတွက် ဆီမီးဖိုင်နယ်တက်ရောက်ရန် အရေးကြီးသည့်ပွဲစဉ်တစ်ခုဖြစ်သည်။

မြန်မာယူ - (၁၇) အသင်းသည် အာဆီယံ ယူ- (၁၇) ချန်ပီယံရှစ်ပြိုင်ပွဲအုပ်စုအဆင့်၌ လာအိုအသင်းကို ဂိုးမရှိ သရေရလဒ်ကစားထားနိုင်သလို ထိုင်းအသင်းကို (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ကစားထားနိုင်သည်။

မြန်မာအသင်းသည် အုပ်စု(B)၌ ထိုင်း ၊ လာအိုနှင့် ဖိလစ်ပိုင်အသင်းတို့နှင့် အုပ်စုကြပ်အတွင်းတစ်အုပ်စုတည်းကျရောက်နေခဲ့ခြင်းလည်းဖြစ်သည်။

ပြိုင်ပွဲအတွင်း အုပ်စု(၃)စုအနက် ပါဝင်အုပ်စုပထမရရှိသည် (၃)သင်းနှင့် အကောင်းဆုံး အုပ်စု ဒုတိယရရှိသည့် (၁) သင်း၊ စုစုပေါင်း (၄)သင်းမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ရမည်ဖြစ်သည်။

UEFA Champions League ၁၆ သင်းအဆင့် မဲခွဲပွဲရလာဒ်များArsenal, Real Madrid အပါအဝင် ၁၆သင်းတို့၏ အနာဂတ်များထွက်ပေါ်လာဥရောပဘေ...
27/02/2026

UEFA Champions League ၁၆ သင်းအဆင့် မဲခွဲပွဲရလာဒ်များ

Arsenal, Real Madrid အပါအဝင် ၁၆သင်းတို့၏ အနာဂတ်များထွက်ပေါ်လာ
ဥရောပဘောလုံး၏ အမြင့်ဆုံး ကလပ်ပြိုင်ပွဲဖြစ်သော Champions League သည် အရေးကြီးဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
Premier League မှ Arsenal, Chelsea, Liverpool, Manchester City, Newcastle United နှင့် Tottenham Hotspur တို့အပါအဝင် အသင်းများသည် မိမိတို့၏ ပြိုင်ဘက်ကို သိရှိရပြီဖြစ်သည်။ ထို့အပြင် La Liga မှ အင်အားကြီးများဖြစ်သော Barcelona နှင့် Real Madrid၊ လက်ရှိချန်ပီယံ Paris Saint-Germain တို့လည်း ပါဝင်ခဲံသည်။
________________________________________

၁၆ သင်းအဆင့် မဲခွဲရလဒ်
တွေ့နေကျအသင်းများ ထပ်မံတွေ့ဆုံ
• Manchester City 🆚 Real Madrid ➤ အလွန်ကြီးမားသော ထိပ်တိုက်တွေ့ဆုံမှု
• Chelsea 🆚 Paris Saint-Germain ➤ PSG အတွက် ပြီးခဲ့သည့် နွေရာသီ Club World Cup ဖိုင်နယ်ရှုံးပွဲကို ပြန်လည်ချေပရန် အခွင့်အရေး
• Galatasaray 🆚 Liverpool ➤ Liverpool သည် နှစ်ကျော့စလုံး အနိုင်ယူရမည်
• Newcastle United 🆚 Barcelona ➤ Barcelona အတွက် စိန်ခေါ်မှုအသစ်
• Bayer Leverkusen 🆚 Arsenal ➤ Arsenal အတွက် လက်ရှိအခြေအနေအရ အခွင့်ကောင်းဟု သုံးသပ်
• Atlético Madrid 🆚 Tottenham Hotspur
• Atalanta 🆚 Bayern Munich
• Sporting CP 🆚 Bodo/Glimt
________________________________________
မဲခွဲရလဒ်အရ Arsenal သည် မူလကပင် အနိုင်ရနိုင်ခြေမြင့်မားသောအသင်းအဖြစ် သတ်မှတ်ခံထားရပြီး ယခုအခါ ဖိအား ပိုမိုတက်လာနိုင်သည်ဟု ခန့်မှန်းထားကြသည်။

Real Madrid အသင်း၏ ကင်းထောက်များသည် အသင်း၏လက်ရှိကွင်းလယ်ပိုင်းဖန်တီးမှု စွမ်းရည် ပိုမိုတိုးတက်စေရန်အတွက်လီဗာပူးလ် မှ ဖလေ...
25/02/2026

Real Madrid အသင်း၏ ကင်းထောက်များသည် အသင်း၏လက်ရှိကွင်းလယ်ပိုင်းဖန်တီးမှု စွမ်းရည် ပိုမိုတိုးတက်စေရန်အတွက်

လီဗာပူးလ် မှ ဖလော်ရီယန် ဝှစ်ထ်

ချယ်လ်ဆီးမှ အင်ဇိုဖာနန်ဒက်

အက်သလက်တီကိုမဒ်ဒရစ် မှ ပတ်ဘလို ဘာရီယော့

တို့ကို စောင့်ကြည့်သုံးသပ်နေကြောင်း သိရသည်။

ที่อยู่

79 Moo 1, Phahonyothin Road, Km. 55, Lam Sai Sub-district, Wang Noi District, Phra Nakhon Si Ayutthaya Province
Ayutthaya
13170

เบอร์โทรศัพท์

+8498644945

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Sports and Fun MM โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์