Car Seeker

Car Seeker Sharing knowledge and Caring about our automotive industry. For Business Contact, Advertising - 09400696973,095414555

Retro – Look ဖြင့် ထွက်ရှိလာသည့် 2024 New Toyota Land Cruiser Prado( ၁၄ ) နှစ်လောက်အထိ Form တမျိုးနဲ့ ဖန်တီးခဲ့တဲ့ Land ...
18/08/2023

Retro – Look ဖြင့် ထွက်ရှိလာသည့် 2024 New Toyota Land Cruiser Prado

( ၁၄ ) နှစ်လောက်အထိ Form တမျိုးနဲ့ ဖန်တီးခဲ့တဲ့ Land Cruiser Prado ဟာ 2024Model Year အတွက် All New Body Design နဲ့ ပွဲထွက်လာပါတယ်။ New Defender လို Stylish Boxy Design နဲ့ ထွက်လာတဲ့ Land Cruiser ဟာ ကားလောကကို အလွန်ကို အံ့သြစေလိုက်ပြီး 4x4 တို့ရဲ့ King ဟာ ခေတ်သစ်တခုကို ဖွင့်လိုက်တယ်လို့ ဆိုရပါမယ်။ All New Body Design ဖြစ်လာတဲ့ Land Cruiser Prado ဟာ ပုံစံအသစ်အပြင် Tech Level ကိုလည်းအဆင့်မြှင့်တင်ခြင်းများစွာကိုလည်း မိတ်ဆက် ပေးထားပါတယ်။

Codename J 250 လို့သတ်မှတ်တဲ့ 2024 Land Cruiser Prado ကို Toyota ရဲ့ New Global Architecture Platform နဲ့ဖန်တီးထားကာ အဆိုပါ Platform အသစ်က - ယာဉ်ထိန်းချုပ်မှု ဆိုင်ရာနဲ့ သက်သောင့်သက်သာဖြစ်စေမှုတို့ကို အထူးရရှိနိုင်မယ်လို့ Toyota က အာမခံထားပါတယ်။ Chassis က အရင် Modelတွေထက် မာကျောမှုက ၅၀% ပိုသာလွန်ပြီး တောင့်တင်းခိုင်မာမှုကလည်း ၃၀%ပိုကောင်းလာပါတယ်။ Suspension Setup ကိုလည်း အဆင့်မြှင့်တင်ထားလို့ မောင်းနှင်မှုပုံစံအားလုံးမှာ အထူးငြိမ့်ငြောင်းမှာဖြစ်ပါတယ်။ 2024 Prado မှာ - မြင်ကွင်းကျယ် မှန်အမိုး ၊ Multi– Zone Climate Control ၊ Plush Leather ၊ Wraparound Digital Display ၊ စတဲ့ ထူးခြားတဲ့
Features အသစ်တွေလည်း ပါလာပြီး New Gen Infotainment ကို ထည့်ပေးထားပါတယ်။

Land Cruiser PRADO ရဲ့ ထုံးစံဖြစ်တဲ့ Off – Road ပိုင်းကိုလည်း ဂရုပြုထားပြီး - Upgraded Multi – Terrain Monitor ၊ All – Terrain Driving Mode Function ၊ တို့ကိုလည်းမိတ်ဆက်အနေနဲ့ ထည့်ပေးထား ပါတယ်။ 2024 Land Cruiser မှာ - 2.8L Turbo Diesel Engine နဲ့ 8 – Speed Auto Gearbox တို့နဲ့ မိတ်ဆက်ထားပြီး နောက်နှစ်မှာဆိုရင် Land Cruiser Prado အတွက် ပထမဆုံးဖြစ်မယ့် - Diesel Engine နဲ့ 48V Mild – Hybrid တို့ ပေါင်းစပ်တဲ့
Powertrain ကိုလည်း မိတ်ဆက်ပေးမှာဖြစ်ပါတယ်။





12/08/2023

Off Road ရဲ့အရသာတွေအများကြီးရခဲ့သလို အတွေ့ကြုံတွေလဲ အများကြီးရခဲ့တဲ့ Video လေးဆိုလဲမမှားပါဘူးဗျ။
ပရိတ်သတ်တွေထဲမှာလဲ ဒီလိုမျိုးအတွေ့ကြုံတွေရှိရင် Sharing ပြုလုပ်ပေးပါအုံးဗျ။


07/08/2023

ကားသစ်တစ်စီးကို ဘယ်လိုမျိုးကာကွယ်သင့်လဲဆိုတာ ဒီ Video မှာ ဖော်ပြပေးထားပါတယ်။

KPAL Automotive Myanmar
https://www.facebook.com/profile.php?id=100057342232989







03/08/2023

VW ID4 ကားလေးအကြောင်းကို Video လေးထဲမှာဖော်ပြပေးထားပါတယ်။

ပရိတ်သတ်တွေရဲ့အမြင်လေးလဲ ပြောပြပေးသွားပါအုံးဗျ။




" ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ "ဝါဆိုလပြည့်အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စီးပွားဥစ္စာများ တိုးတက်ပါစေ...
01/08/2023

" ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ "

ဝါဆိုလပြည့်အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စီးပွားဥစ္စာများ တိုးတက်ပါစေကြောင်း Car Seeker မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။


#ဝါဆိုလပြည့်နေ့

30/07/2023

မန်းလေး ၊ ပြင်ဦးလွင်သွားပြီးသကာလ ကိုယ့် MG4 လေးကို Checkin Maintenance ပြုလုပ်ချင်တာနဲ့ MG Myanmar က Maintenance လှမ်းခေါ်တာနဲ့ကွက်တိကြုံတော့ MG Myanmar Showroom မှာ ဝင်ရောက်ပြုလုပ်ခဲ့ပါတယ်။






27/07/2023

Car Seeker Founder ကိုစိုင်းတစ်ယောက် MG4 လေးနဲ့ Daily Life ကိုဘယ်လိုဖြတ်သန်းနေလဲ?

USD 40,000 မှ စတင်ရောင်းချမည့် 2024 Lexus NX        Light Update ကဲ့သို့ ထူးခြားမှုများဖြင့် ထွက်ရှိလာသည့် 2024 Lexus NX...
26/07/2023

USD 40,000 မှ စတင်ရောင်းချမည့် 2024 Lexus NX

Light Update ကဲ့သို့ ထူးခြားမှုများဖြင့် ထွက်ရှိလာသည့် 2024 Lexus NX အား ( USD 40,000 ) မှစတင်ကာ U . S . A တွင် ရောင်းချပါမည်။ 2024 NX Lineup ၏ အပြင်ဖက် Design သည် 2023 နှင့် တူညီမည်ဖြစ်သော်လည်း အတွင်းခန်းဒီဇိုင်းတွင် ပြောင်းလဲမှုအချို့ ပါဝင်လာပါသည်။ Glove Box နှင့် ခရီးသည်ဖက်အခြမ်းရှိ Center Console တို့အား Color – key Trim ( ခေါ် ) ကားအတွင်းခန်း ၊ Door Panel တို့၏ Color များနှင့် တပုံစံတည်း ဖန်တီးထား မည်ဖြစ်သည်။
အခြားသောအတွင်းခန်း အခင်းအကျင်းများသည် 2023 Model နှင့် တူညီပါသည်။ 2024 NX Lineup များတွင် - 9.8 – inch Infotainment သည် Standard ပါဝင်မည်ဖြစ်ပြီး Optional ရနိုင်မည့် 14.0 – inch Touchscreen တွင် ( 3 – Years Trial of Lexus’s Drive Connect Services ) ပေါင်းစပ်ပါဝင်မည်ဖြစ်ကာ ၎င်း Suite တွင် - Intelligent Assist ၊ Cloud – Based Navigation Assist ၊ Wireless Apple Carplay / Android Auto ၊ စသည့် Features များ Standard ပါဝင်မည်။
2024 NX Lineup တွင် Safety Features အချို့အား Standard အနေဖြင့် စတင်ထည့်သွင်းထားည်ဖြစ်ကာ ၎င်းတို့သည် - ယာဉ်တိမ်းမှောက်မှု ရှောင်ရှား စနစ် ၊ Left – turn Oncoming – Vehicle Detection ၊ အရေးပေါ်အလိုအလျောက်ဘရိတ်စနစ် ၊ Lane – Centering Steering ၊ Road Sign Assist ၊ ACC ၊ Lane Keeping Assist ၊ တို့ဖြစ်ပါသည်။ 2024 Nexus NX တွင် - ( 2.5L I4 Engine ) ၊ ( 203 hp ) အား NX 250 တွင်၎င်း ၊ ( 2.4L Turbo I4 Engine ) ( 275 hp ) အား NX 350 တွင်၎င်း ၊ ( 2.5L with 2 Electric Motor Setup Hybrid Engine ) ၊ ( 240 hp ) အား NX 350 h ၊ တွင်၎င်း ၊ တပ်ဆင်ထားမည်ဖြစ်ပြီး CVT Auto Gear ဖြင့် တွဲဖက်ထားပါသည်။



24/07/2023

Full Size Luxury SUV ကားလေးတစ်စီးအကြောင်း။

YP 7 Showroom ကနေ Review ပြုလုပ်ဖို့ Car Unit လေးပေးတဲ့အတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ်။

YP 7 (page link)
https://www.facebook.com/ryupa007





21/07/2023

MG EV4 ကားက တောင်တက်တောင်ဆင်းပြုလုပ်ရာမှာ အဆင်ပြေမှုတွေရှိရဲ့လားဆိုတာ Video လေးမှာပြောပြပေးထားပါတယ်။

EV ကားနဲ့တောင်တက်တောင်ဆင်းပြုလုပ်ဖူးသူတွေရှိရင်လဲ ပြောပြပေးသွားပါအုံး။





18/07/2023

Ford Everest (Next-Gen) Full Review!!!

ပရိတ်သတ်တွေရဲ့အမြင်လေးတွေလဲ ပြောပြပေးသွားပါအုံး။




Sony နှင့် Honda တို့ ပူးပေါင်းဖန်တီးမည့် Electric Car အား 2025 တွင် မိတ်ဆက်မည်။       Sony နှင့် Honda တို့ ပူးပေါင်းထာ...
17/07/2023

Sony နှင့် Honda တို့ ပူးပေါင်းဖန်တီးမည့် Electric Car အား 2025 တွင် မိတ်ဆက်မည်။

Sony နှင့် Honda တို့ ပူးပေါင်းထားသည့် Sony Honda Mobility သည် Afeela Concept အား 2023 CES Show တွင်မိတ်ဆက်ခဲ့ပါသည်။ ယခုအခါ အဆိုပါ Concept အား Production အနေဖြင့် 2025 တွင် ထုတ်လုပ်မည်ဟု ကုမ္ပဏီမှ ကြေငြာလိုက်ပါသည်။ Afeela Concept သည် EV Model ဖြစ်ပြီး U.S.A ၊ Los Angeles အခြေစိုက် Sony Pictures Studiers တွင် ဖန်တီးခြင်းဖြစ်သည်။ ကား၏ ဒီဇိုင်းသည် ခေတ်ရှေ့ပြေးသည့် ပုံစံရှိပြီး နည်းပညာဆိုင်ရာများကို အထူးအလေးထား ထည့်သွင်း ထားပါသည်။
ကားတံခါးများတွင် Camera များ တပ်ဆင်ထားပြီး ကားအနီးသို့ သော့ရှိသူချဉ်းကပ် လာပါက တံခါးသည် Auto Open မည့် Function ကဲ့သို့ ထူးခြားသည့် Functions များ ထည့်သွင်းထား ပါသည်။ ကားအတွင်းခန်ကို အထူးစီမံဖန်တီးထားကာ Faux Suede Door Panels ၊ Recycles Materials စသည့် ပစ္စည်းများဖြင့် အတွင်းခန်းကို ခင်းကျင်းထားပါသည်။ အထူးခြားဆုံးအချက်သည် Display Screen များကို Dashboard အပြည့် ထည့်သွင်းထားခြင်း နှင့် အခြားသော Advanced Tech များစွာ ပေါင်းစပ်ပေးထားခြင်းတို့ဖြစ်သည်။ Steering သည် Proper Variable – Ratio Steering Type ဖြစ်သည်။
၎င်းတွင် Control Buttons အနည်းငယ်သာ ပါဝင်ပြီး ထိန်းချုပ်မှုအများစုအား Digital Display Screen များတွင်သာ ပြုလုပ်ရပါမည်။ ထူးခြားချက် နောက်တချက်သည် ဘေးဖက် Side Mirror နေရာတွင် Side – View Screen ကို ထည့်သွင်းထားခြင်းနှင့် အရှေ့ဖက်ထိုင်ခုံ ( ၂ ) ခု အကြားတွင် အရွယ်ကြီးမားသည် Control Dial ကို ထည့်သွင်းထားခြင်းတို့ ဖြစ်သည်။ ၎င်းတို့အပြင် Sony ၏ နာမည်ကျော် 360 Reality Audio System ၊ မြင်ကွင်းကျယ် အမိုးဖွင့်စနစ် ၊ Rear Seat Entertainment ၊ စသည့် Features များစွာလည်းပါဝင်ပါသည်။ Sony Honda Mobility သည် အဆိုပါ Model အား 2025 – 2026 အတွင်း အရောင်းစတင်နိုင်ရန် ရည်ရွယ်ထားပါသည်။





Address

Blk385#13-346, Bukit Batok West Avenue 05
Singapore
650385

Telephone

+9595414555

Website

Alerts

Be the first to know and let us send you an email when Car Seeker posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Car Seeker:

Featured

Share