Soe Gabar Automobile and Property agency

Soe Gabar Automobile and Property agency Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Soe Gabar Automobile and Property agency, Automotive, aircraft & boat, Bhone Soe, Singapore.

'                  ကဲမှတ်ကရော..😁"ကိုရေ……""ဗျား……""ဟိုလေ…တပတ်စာ ကြိုဝယ်ထားတဲ့ ချက်စရာ ပြုတ်စရာတွေကလည်း ကုန်နေပြီသဲတို့ ဒီ...
17/11/2025

' ကဲမှတ်ကရော..😁

"ကိုရေ……"

"ဗျား……"

"ဟိုလေ…တပတ်စာ ကြိုဝယ်ထားတဲ့
ချက်စရာ ပြုတ်စရာတွေကလည်း ကုန်နေပြီ
သဲတို့ ဒီနေ့ ရှော်ပင်ထွက်ရင် ကောင်းမလားလို့"

"ကောင်းသားပဲ သဲရဲ့ "
နေပါဦး သဲမှာ ပိုက်ဆံရှိသေးလို့လား"

"ရှိသေးတယ်ကိုရဲ့……ကို့ရဲ့ လစာထဲက
သဲ ကဲ့ကဲ့ပြီး စုထားတာလေ"

"ငင့်! … ဟုတ်လား …"

တီ တီ တီ တီ …
တီ တီ တီ တီ …

"နေဦး သဲရဲ့
အမေ့ဆီက ဖုန်းလာနေလို့…"

"ဖုန်းလာရင်လည်း မြန်မြန်ပြောလိုက်
ကိုရယ်… ကြာတယ်"

" အေးပါ သဲရယ် ခဏလေးပါ "

" ဟလို အေမ"

"………………………"

"ဗျာ! အမေ… ပိုက်ဆံ ငါးသောင်းလောက်လိုလို့
ဟုတ်လား အမေ"

"………………………"

(ဖုန်းကို လက်နဲ့အသာအုပ်ပြီး)

"သဲ……"

" ဘာတုန်း "

"ဟို…ဟိုလေ အမေက ပိုက်ဆံ
ငါးသောင်းလောက်လို လို့တဲ့"

" အဲတော့…ကျုပ်က ဘာလုပ်ရမှာတုန်း……
အခုသဲမှာရှိတဲ့ ပိုက်ဆံက ရှော်ပင်ထွက်မလို့နော်
မရှိသေးဘူး…လကုန်လို့ လစာထုတ်မှ ရမယ်လို့ ပြန်ပြော
လိုက်ပေါ့ "

"သြော် အေး … အေးပါကွာ"

"ဟလို…ဟို……အမေရေ
ပိုက်ဆံ သားတို့ဆီမှာ မရှိဘူးအမေရဲ့
လလယ်လောက်ကတည်းက အသုံးပြတ်သွားတာ
လခထုတ်ပြီးရင်တော့ အဆင်ပြေမယ်လို့ ထင်တာပဲ အမေရဲ့"

"…………………………"

"သြော် ဟုတ်ကဲ့ ရတယ်ဆိုလည်း ပြီးရော
အမေရယ်…ဒါနဲ့ ဟိုလေ အမေ…အခုလိုတဲ့
ငါးသောင်းက ဘာလုပ်ဖို့လဲ"

"…………………………"

"ဗျာ…နေမကောင်းလို့ ဆေးခန်းပြချင်လို့
ဟုတ်လား အမေ"

"…………………………"

(ဖုန်းကို လက်နဲ့အသာအုပ်ပြီး)

"သဲ ! ဟို လေ…အမေက နေမကောင်းလို့တဲ့…
အဲဒါ…ဆေးခန်းပြချင်လို့တဲ့"

"သြော် ကိုရယ်…ဒါလေးများ လွယ် လွယ်လေး
ဆေးရုံကြီး သွားခိုင်းလိုက်ပေါ့
အဲဒီမှာက အခမဲ့ကုသပေးတဲ့ဌာန ရှိနေတာပဲ ဥစ္စာ"

"ကောင်း… ကောင်းပါ့မလား သဲရဲ့……"

"အို…ဘာလို့မကောင်းရမှာလဲ ရောဂါပျောက်ဖို့
အဓိကမဟုတ်ဘူးလား…… "

" အေး… အေးပါကွာ "
" ဟလို! အမေရေ ဟို ဟိုလေ
အမေ့ရောဂါအတွက် ဆေးရုံ
ကြီးကိုသွားပြလိုက်ပါလားဟင်
အဲဒီမှာက အခမဲ့ ကုသပေးတဲ့ဌာနရှိတော့
အဆင်ပြေမှာပါအမေရဲ့ "😕😕😕

"…………………………"

" သြော်…ဟုတ်ကဲ့ ဟုတ်ကဲ့ "
အဲ ဒါ ဆို လည်း……
" ဒါပဲနော်……ယောက္ခမကြီး"😁😁😁

Credit


via kyaw zay ya pk
📷Fb

🪶

ဘယ်ဆန်အမျိုးအစားချက်ချက် ရေစိမ်ကြပါရှင်ဆန်ကို မချက်မီ ရေစိမ်ထားသင့်သည့် အကြောင်းများတစ်ညရေစိမ်ထားနိုင်မယ်ဆိုရင် Arsenic ...
16/06/2024

ဘယ်ဆန်အမျိုးအစားချက်ချက် ရေစိမ်ကြပါရှင်
ဆန်ကို မချက်မီ ရေစိမ်ထားသင့်သည့် အကြောင်းများ

တစ်ညရေစိမ်ထားနိုင်မယ်ဆိုရင် Arsenic ပမာဏဟာ ၈၀% ခန့် လျော့ကျသွားပါသတဲ့။
တစ်ည မစိမ်နိုင်ရင်လည်း ၃-၄ နာရီပေါ့။

Arsenic ဟာ heavy metal စာရင်းထဲမှာ ပါနေပါတယ်။
Heavy metal refers to any metallic chemical element that has a relatively high density and is toxic or poisonous at low concentrations

Arsenic ၏ ဘေးရန်
Arsenic အဆိပ်သင့်ရင် နှလုံးရောဂါ/ဆီးချို/ကင်ဆာရောဂါ များနဲ့ ဆက်နွယ်နေပါတယ်တဲ့။ ကလေးတွေရဲ့ပုံမှန် သိမြင်မှု ဖွံ့ဖြိုး တိုးတက်ရေးကိုလဲ နှောင့်နှေးစေတတ်ပါတယ်တဲ့။(cognitive development)
(WHO )

Arsenic ဟာ ဘယ်လိုကြောင့် ဆန်ထဲမှာ ရောက်နေရတာပါလဲ?
ဆန်စပါး စိုက်ပျိုးတဲ့အခါ စပါးပင်တွေဟာ အခြားအပင်တွေထက် Arsenicကို ပိုပြီး စုတ်ယူတတ်ပါတယ်တဲ့။
မြေကြီးထဲက ဖြစ်စေ/စပါးပင်တွေကို ပေးတဲ့ရေထဲက ဖြစ်စေ/
အချို့သော ဓာတ်မြေဩဇာထဲက ဖြစ်စေ/ ပိုးသတ်ဆေး ပေါင်းသတ်ဆေး စသည်ဖြင့်ကနေ ဖြစ်စေ စပါးထဲကို ရောက်ပါသတဲ့။

ဆန်ကို မချက်ခင် ဆေးပြီးတဲ့အခါ ရေစိမ်သင့်တဲ့ အဓိက အကြောင်း ဖြစ်ပါတယ်။ လုပ်နေကျဆိုရင် ကျင့်သား ရသွားပါလိမ့်မယ်။

အခြားအကြောင်းတွေကတော့ ထမင်းချက်ဖို့ ကြာချိန်ဟာ လည်း လျော့သွားပါတယ်။ ဆန်အစေ့တွေဟာ ရေနဲ့ဝလာပြီး ပျော့ပြောင်းလာပါတယ်။

Sushi rice / Basmati rice from California, Pakistan, and India
ဟာ Arsenic နည်းပါသတဲ့။
According to Consumer Report

မြန်မာပြည်မှာလည်း ဒေသအလိုက် Arsenic level အနည်းအများ ကွာခြားမှု ရှိနိုင်ပါတယ်။

ကိုယ်လုပ်ရမဲ့ တာဝန်ကတော့ ဆန်ကို ရေဆေးပြီးတဲ့အခါ ရေစိမ်ဖို့ပါ။
ရေစိမ်ထားတဲ့ဆန်ဟာ ချက်ရင်လဲ ပိုလှတယ်/ နူးနူးညံ့ညံ့လဲ ရှိတယ်။
Heavy metal Arsenic လျော့နည်းမယ်ဆိုတော့လဲ လုပ်သင့်လုပ်ထိုက်တာ လုပ်ရမှာပါပဲ။

အစစ အရာရာမှာ ဗဟုသုတနဲ့ပြည့်စုံနေတာ ကိုယ်အတွက် သာမက မိသားစု အတွက်ပါ အလွန်ကောင်းတယ်နော်။
ဆရာမကြီးဒေါက်တာခင်နွယ်ဝင်း

ဇာတ်ရှိန်မြင့်နေဆဲ ပြည်တွင်းကားစျေးကွက် #တနေ့က အလုပ်ကိစ္စနဲ့ ရက်အတော်ကြာသွားနေရတဲ့ Overseasက ပြန်ရောက်လျှင်ရောက်ခြင်းပဲ ...
12/04/2024

ဇာတ်ရှိန်မြင့်နေဆဲ ပြည်တွင်းကားစျေးကွက်

#တနေ့က အလုပ်ကိစ္စနဲ့ ရက်အတော်ကြာသွားနေရတဲ့ Overseasက ပြန်ရောက်လျှင်ရောက်ခြင်းပဲ ကိုယ်နဲ့ကာလတစ်ခုအကြာဝေးကွာနေတဲ့
#ကားစျေးကွက် သတင်းအချို့ စနည်းနာဖို့ SKDသီးသန့် အရောင်းအဝယ်လုပ်တဲ့
ြီးတစ်ခုနဲ့အနီးအနားက ကားဝိုင်းတစ်ခုဆီ သွားစပ်စုကြည့်တာ စျေးတွေက
ကိုယ်မသိလိုက်တဲ့ နှစ်ပတ် သုံးပတ်အတွင်းကို အတော်လေး မြောက်သွားတာဟာ
ဒီနေ့တွေ့ခဲ့တဲ့ SRကြီးမှာ Suzuki Ertiga 3S Series Kilo 1800 ကို 1399 ခေါ်ထားပြီး Ciaz 3S Series Kilo 60 ကို 1149 ခေါ်ထားတာရယ်
အဲ့ကနေမှနောက် ကားဝိုင်းထဲတစ်ချက်တီးခေါက်ကြည့်မိတော့
Ge6ကို မှန်ဖြူ ကာလာနဲ့ကလွှဲပြီး သိန်း500အောက် ကားကောင်းမရှိတော့တာ
#ရွှေငါး 35 -limitedတွေ သိန်း700-800တစ်ပတ်လည်တွေဖြစ်လာတာရယ်
Crown Alphard နံပါတ်စီးရီးအမြင့်တွေ
သိန်း1000အောက် ကောင်းကောင်းဝယ်မရတော့တာတွေက
#ကြောက်မက်ဖွယ်မြင့်တက်နေတဲ့ ရွှေ၊ဒေါ်လာနောက်ကနေ မသိမသာလေး တစိမ့်စိမ့် လိုက်နေတယ်ဆိုတာ ငြင်းမရတဲ့ သက်သေတွေပါပဲ
ဒီစျေးတွေက ယမန်နှစ် ၇လပိုငျး နှစ်သောင်းတန်စျေးကို မရောက်သေးပေမယ့်လည်း
နှစ်ကုန်ပိုင်းကနေ ယခုနှစ် မြန်မာနှစ်သစ်ကူးကာလအထိမှာတော့ အမြင့်ဆုံးစျေးလို့တောင် ဆိုလို့ရပါတယ်

#နောက်ရက်တွေမှာလည်း အလုပ်တွေအနားရထားတဲ့အချိန်မှာ ကျတော့်ရဲ့အိမ်စီးမိတ်ဆွေများအတွက်
ယခင်လို ကားသတင်း ကားစျေးနှုန်းတွေကို အမှန်ကန်ဆုံး အချိန်နှင့်တပြေးညီ ရေးသားဖော်ပြပေးသွားပါမယ်ခင်ဗျာ

#မိတ်ဆွေများ ကျန်းမာ ရွှင်လန်းကြပါစေ 🙏🙏🙏

လေးစားစွာဖြင့်

Htut
8.4.2024

အစကမသိခဲ့ဘူး။ ကြုံခဲ့ သိခဲ့သမျှ မှတ်ထားတာ ဆိုရင်.. တခြားသူ တစ်ယောက်ရဲ့ကားနဲ့ လိုက်စီးမိပြီ၊ ဒါမှ မဟုတ် အတူတူသွားကြပြီဆို...
04/04/2024

အစကမသိခဲ့ဘူး။ ကြုံခဲ့ သိခဲ့သမျှ မှတ်ထားတာ ဆိုရင်.. တခြားသူ တစ်ယောက်ရဲ့ကားနဲ့ လိုက်စီးမိပြီ၊ ဒါမှ မဟုတ် အတူတူသွားကြပြီဆိုရင် ကိုယ့်အနေနဲ့တော့

(၁) နေရာ တစ်နေရာရောက်လို့ ရှိရင် ဆင်ဝင် အောက်မှာ ရပ်ခိုင်းတာမျိုး မရှိစေပဲ ကားပါကင်ထိုးတဲ့ထိ လိုက်စောင့်ပေးပါတယ်။ တခြား သူတွေ ကားပေါ်က ဆင်းသွားပြီး စကားတွေပြောပြီး အဆောက်အဦးထဲ ဝင်သွားရင်တောင် ကားမောင်းတဲ့သူကို စောင့်ပြီးမှ ကားနားကနေ သူနဲ့အတူတူ ထွက်ခွါပါတယ်။ အိမ်ကနေ Shopping ထွက်ဖို့အတွက်ဆိုပြီး ထည့်လွှတ်ပေးလိုက်တဲ့ driver မဟုတ်လို့ပါ။

(၂) ၂ ယောက်တည်းပဲ ကိုယ်နဲ့ ကားမောင်းသူပဲ ဆိုရင်၊ ဘယ်ထိုင်ခုံမှာ ထိုင်ရမလဲ မေးပါတယ်။ အများအားဖြင့်တော့ နောက်ခန်းမှာ ထိုင်လိုက်ခြင်းဟာ သူ့ကို အငှါးယာဉ်မောင်းသဖွယ် ဆက်ဆံတယ်လို့ ယူဆထားကြပါတယ်။ တချို့ကျပြန်တော့ အိမ်က မိန်းမက lover seat ကို သူက လွဲရင် ဘယ်သူ့ကိုမှ ပေးမထိုင်ရဘူး ပြောထားပြန်တာလည်း ရှိပါတယ်။ အကောင်းဆုံးကတော့ ဘယ်နေရာမှာ ထိုင်လိုက်ရမလဲ မေးလိုက်တာပါပဲ။

တခါတော့လည်း အထင်လွဲခံရသေးတယ်.. ကိုယ့်ဆရာသမားကို VIP လိုမျိုး ယူဆထားလို့ ကားနောက်ခန်းက ထိုင်ခိုင်းမိခဲ့တာ.. နောက်နေ့ကျတော့ ဆရာကို အဲ့လိုဆက်ဆံတာ သူ အင်မတန်မှ စိတ်မကောင်းကြောင်းလည်း ပြောခံရဖူးတယ်။

(၃) ကားပေါ်မှာ ခြေထောက်ချိတ်ထိုင်ရင် ခြေဖဝါးတွေက ကားတံခါးနံရံကို ကန်ထားမိတာ၊ ဒါမှ မဟုတ် မောင်းတဲ့သူ ဘက်ကို ခြေထောက်ကြီး ရောက်နေတတ်ပါတယ်။

(၄) ကားထဲမှာ အစားအသောက်စားတာ မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ကားထဲမှာ ပြုတ်ကျရင် ပေတတ်သလို၊ အဲကွန်းဖွင့်ထားတဲ့အခါမှ အနံ့တွေ လှောင်ပိတ်ပြီးနံတတ်လို့လည်း ပါပါတယ်။ ကိုယ်တော့ စားမယ်ဆိုရင် အရင်ခွင့်တောင်းပါတယ်။

( ၅) ဖိနပ်မှာ သဲနဲ့ ရွှံ့တွေ ( အထူးသဖြင့် မိုးရာသီမှာ ) ဆိုရင် ခြေထောက်ကို သေချာခါပြီးမှ ကားပေါ်တက်တာကို ကြိုက်တဲ့သူလည်း ရှိပါတယ်။

(၆) လမ်းကြုံပဲ လိုက်လိုက်၊ အထူးသဖြင့် ခရီးဝေးရင် ဓာတ်ဆီခ မျှခံပေးရမလား အမြဲမေးပါတယ်။ မေးနေရလား ဆိုပြီး စိတ်ဆိုးတာက အလိုက်မသိ ဆီလေးတောင်မထည့်ပေးဘူးဆိုပြီး တစ်လမ်းလုံး စူပုပ်နေတာထက်တော့ ပိုကောင်းပါတယ်။

(၇) မောင်းတဲ့သူရဲ့ အယူအဆ၊ မောင်းပုံတွေကို နှေးသည် ဘာသည် မဝေဖန်သင့်ပါဘူး။

(၈) ကားမောင်းတဲ့သူ ရေသောက်ချင်တဲ့အခါမှာ ရေဗူးအဖုံးဖွင့်ပေးတာပဲ ဖြစ်ဖြစ်၊ ဖုန်းလာရင် ကူညီပြီး ယူပေးရမလား speaker ဖွင့်ပေးရမလား ကူညီမေးဆိုပါ။

(၉) နောက်ဆုံးတစ်ချက်ကတော့ အရေးအကြီးဆုံးပါပဲ. ကားမောင်းတဲ့သူကို အလိုလိုက်ပါ၊ ပျော်အောင်ထားပါ။ ကိုယ့်အသက်က သူ့လက်ထဲမှာ ရှိနေလို့ပါ 😅😅

သူက နမ်းဆို နမ်းလိုက်ပါ။ လက်ကိုင်ပေးထားဆို ကိုင်ပေးထားလိုက်ပါ။ ရင်ခွင်ထဲဝင်နေဆို ဝင်နေပေးလိုက်ပါ။ ဖက်ဆို ဖက်ပေးထားပါ။ သူခိုင်းသမျှ ဖြည့်ဆည်းပေးလိုက်ပါ 😂😂😂

Credit

ဓါတ်ဆီ၊ ဒီဇယ် စျေးနှုန်းတွေကို  April 1 ရက်နေ့မှစတင်ပြီး ၁ လီတာကို ၅၀၀ ကျပ် နှုန်းအဖြစ်... See more
01/04/2024

ဓါတ်ဆီ၊ ဒီဇယ် စျေးနှုန်းတွေကို April 1 ရက်နေ့မှစတင်ပြီး ၁ လီတာကို ၅၀၀ ကျပ် နှုန်းအဖြစ်... See more

ဆီမထည့်ချင်လို့ လျှပ်စစ်ကားဝယ်ပါတယ်ဆိုမှ မီးစက်ထဲ ဆီပြန်ထည့်ပြီး အားသွင်းနေရတယ်...😁😆😅 အံ့သြဘ ကမောဇ
05/03/2024

ဆီမထည့်ချင်လို့ လျှပ်စစ်ကားဝယ်ပါတယ်ဆိုမှ
မီးစက်ထဲ ဆီပြန်ထည့်ပြီး အားသွင်းနေရတယ်...😁😆😅

အံ့သြဘ ကမောဇ

အီလွန်မက်ခ်က Tesla ကုမ္ပဏီကို Apple ဆီရောင်းဖို့ လုပ်သေးတယ်။ Apple က ငြင်းလွှတ်လိုက်တယ်။ ၂၀၁၇တုန်းကပါ။အဲ့ဒီအချိန်တုန်းက ...
29/02/2024

အီလွန်မက်ခ်က Tesla ကုမ္ပဏီကို Apple ဆီရောင်းဖို့ လုပ်သေးတယ်။ Apple က ငြင်းလွှတ်လိုက်တယ်။ ၂၀၁၇တုန်းကပါ။

အဲ့ဒီအချိန်တုန်းက Tesla က ပြဿနာတွေတက်ပြီး တိုင်ပတ်နေတယ်။ Apple ကလည်း မောင်းသူမဲ့ EV ကားတွေထုတ်ဖို့ Project Titan ဆိုတဲ့ စီမံကိန်းရှိတယ်ဆိုတော့ Tesla ကို အရေးမလုပ်ခဲ့ဘူး။ အရောင်းအဝယ်ကိစ္စဆွေးနွေးဖို့အတွက် Meeting လုပ်ဖို့တောင် လက်မခံခဲ့ဘူးတဲ့။

အခုတော့ ၂၀၁၄ ကတည်းက စခဲ့တဲ့ Project Titan စီမံကိန်းကြီးကို Apple က ဖျက်ပစ်လိုက်ပြီလို့ သိရတယ်။ ၁၀နှစ်ကျော်ကြာပြီဖြစ်တဲ့ ဒီစီမံကိန်းကြီးအတွက် Apple တို့ ဒေါ်လာဘီလီယံနဲ့ချီပြီး ရင်းနှီးခဲ့ရတာပါ။ Project Titan ဌာနက ဝန်ထမ်းတွေကိုလည်း တချိူ့ကို Apple ရဲ့ AI ဌာနနဲ့ တခြားဌာနတွေဆီပြောင်းရွေ့ပြီး တချိူ့ကိုတော့ အလုပ်နားခိုင်းမယ်လို့ သိရတယ်။

တကယ်လို့ Apple သာ အီလွန်မက်ခ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့မယ်ဆိုရင် အခုလောက်ဆို လမ်းမကြီးတွေထက်မှာ Apple ကားတွေပေါများနေလောက်ပြီ။ အခုတော့ "Apple နဲ့ ကား" ဆိုတာ "ကိုရီးနဲ့ ညီမလေး" လိုပါပဲ...ဆုံစည်းနိုင်ဖို့ အလှမ်းဝေးသွားပြန်ပါပြီ 🙃

Ref: PhoneArena, 9To5Mac


Site ထဲကိုလာတယ်။ အုတ်ခဲ၂ခဲကို ကောက်ကိုင်ပြီး ရိုက်ထည့်လိုက်တာမှာ ကျိုးသွားတယ်။ အုတ်တွေက မကောင်းဘူး ပြောသွားတယ်ဗျ တဲ့။ အု...
20/02/2024

Site ထဲကိုလာတယ်။ အုတ်ခဲ၂ခဲကို ကောက်ကိုင်ပြီး ရိုက်ထည့်လိုက်တာမှာ ကျိုးသွားတယ်။ အုတ်တွေက မကောင်းဘူး ပြောသွားတယ်ဗျ တဲ့။

အုတ်ကောင်းမကောင်း ဘယ်လိုစမ်းသပ်ကြမလဲ

အုတ်တစ်ချပ် ကောင်းမကောင်း အောက်ပါနည်းတွေနှင့် စမ်းသပ်နိုင်ပါတယ်။

(1) Absorption test ရေစုပ်ယူမှု
(2) Crushing strength test ဖိအားခံနိုင်မှု
(3) Hardness test မာကြောမှု
(4) Shape and size ပုံစံနှင့် အရွယ်အစား
(5) Color test အရောင်
(6) Soundness test အသံကောင်းမွန်မှု
(7) Structure of brick ဖွဲ့စည်းပုံ
(8) Presence of soluble salts (efflorescence test) ဆားပေါက်မပေါက် စတဲ့နည်းလမ်းတွေနှင့် စမ်းသပ်လို့ ရပါတယ်။

(1) Absorption test ရေစုပ်ယူမှုက အုတ်တစ်ချပ်အနေနှင့် ဘယ်လောက်ရေစုပ်ယူသလဲ ဆိုတာကို ကြည့်တာပါ။ အုတ်တစ်ချပ်ကိုယူ အလေးချိန်ချိန်ပြီး ရေထဲ ၂၄နာရီ စိမ်ထားရပါမယ်။ အလေးချိန်ပြန်ချိန်ကြည့်တဲ့အခါ ရေစုပ်ယူလို့ တိုးလာတဲ့ အလေးချိန်က မူလအလေးချိန်ရဲ့ ၂၀% မကျော်ရဘူး ဆိုပါတယ်။

(2) Crushing test ဖိအားခံနိုင်မှုက အုတ်တစ်ချပ်ကို ကွန်ကရစ်တုံး ခွဲစမ်းသလို compression test machine မှာ ဖိပြီး စမ်းကြည့်တာပါပဲ။ ကွဲသွား ကျိုးသွားတဲ့ ဖိအားက 3.5N/mm2 ထက်မနည်းရဘူး ဆိုပါတယ်။ 507.632 psi ပေါ့။

(3) Hardness test မာကြောမှုက မာကြောတဲ့ အရာတစ်ခုနှင့် ခြစ်ကြည့်ရာမှာ အရာမထင်ရဘူး ဆိုပါတယ်။ လုပ်ငန်းခွင်မှာ အများအားဖြင့် လက်သည်းနှင့် ခြစ်ကြည့်တာပါပဲ။ လက်သည်းနှင့် ခြစ်ကြည့်ရာမှာ အရာမထင်ရင် မာကြောတယ်လို့ ယူဆကြပါတယ်။

(4) Shape and size ပုံစံနှင့် အရွယ်အစားမှာ ပုံစံအားဖြင့် စောင်းခြင်း ရွဲ့ခြင်းမရှိ လေးထောင့်ကျပြီး အစွန်းအနားတွေဟာ ဖြောင့်တန်းညီညာနေရပါမယ်။ အရွယ်အစားအားဖြင့် အုတ်ချပ်၂ဝလောက်ကို ကောက်ယူပြီး တိုင်းတာကြည့်တဲ့အခါ တစ်ချပ်နှင့် တစ်ချပ် တူညီမှု ရှိရပါမယ်။ အတိုအရှည် အထူအပါး ကွဲပြားမှု မရှိရပါ။

(5) Color test အရောင်က အုတ်ချပ်တွေဟာ တူညီတဲ့ အရောင်ရှိရမှာဖြစ်ပြီး အုတ်ချပ်တစ်ချပ်မှာကို အရောင်အနုအရင့် ကွဲတာမျိုး မဖြစ်ရပါဘူး။

(6) Soundness test အသံကောင်းမွန်မှုက အုတ်၂ချပ်ကို ယူပြီး တစ်ချပ်နှင့်တစ်ချပ် ရိုက်ကြည့်ရာမှာ ပေါ့ပါးတဲ့ ချိုလွင်တဲ့အသံကြားရပါမယ်။ လေးလေးပင်ပင် ထုံတုံတုံအသံမျိုး မရှိရပါဘူး။

(7) Structure of brick ဖွဲ့စည်းမှုက အုတ်ကို ချိုးကြည့်ပြီး ဒါမှမဟုတ် အုတ်ကျိုးကို ယူကြည့်တဲ့အခါ အုတ်ရဲ့ အတွင်းသားမျက်နှာပြင်တွေက အက်ကြောင်း အပေါက် စတာမျိုးတွေ မရှိရပဲ တစ်သားထဲရှိနေရပါမယ်။

(8) Efflorescence test ဆားပေါက်မပေါက်က အုတ်ကို ရေထဲ ၂၄နာရီစိမ်ထားပြီး အခြောက်ခံပါ။ ခြောက်သွေ့သွားတဲ့အခါ အုတ်ချပ်ပေါ်မှာ မီးခိုးရောင် အဖြူရောင် အမှုန်လေးတွေ ကပ်နေတာမျိုး တွေ့ရရင် အုတ်မှာ ဆားဓါတ်ပါတယ် ဆိုပါတယ်။

အဲဒါတွေက ယေဘုယျအားဖြင့် စမ်းသပ်ကြည့်လို့ရတဲ့ နည်းလမ်းတွေပါ။ lab တွေမှာ ဒီထက် အသေးစိပ် စမ်းသပ်ကြည့်လို့ရပါတယ်။

ခုနက ပြောတဲ့ အုတ်က မကျိုးရဘူး ဆိုတာက ဒီလိုပါ။ ရိုက်ကြည့်လို့ မကျိုးရဘူး ဆိုတာမှာ ဖြည်းဖြည်းရိုက်ရင်တော့ ဘယ်ကျိုးပါ့မလဲ။ အင်းဟာ အင်းဟာ ဆိုပြီး အားနှင့် ရိုက်လို့ကတော့ ကျိုးမှာပေါ့။ တစ်ချို့ များ ပစ်ချရင် မကျိုးရဘူး ဆိုပြီး အပေါ်ကိုတောင် အားပါးတရ ပစ်တင်လိုက်ကြတယ်။ အမှန်က အောက်မှာရှိတဲ့ အုတ်တစ်ချပ်အပေါ်ကို အမြင့် 1m(3ft) အမြင့်ကနေ အသာကိုင်ပြီး လွတ်ချရတာပါ။ အဲလိုလွတ်ချတဲ့ အုတ်က မကျိုးရဘူးလို့ ဆိုတာပါ။

#မူရင်းရေးသားသူအားcreditပေးပါသည်။ဗဟုသုတရစေရန်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျား # #အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား # # #

AMH Design And Construction Group

👍 စားလို့မြိန်     အိပ်လို့ကောင်း 👍   မကြာသေးမီက ကျွန်တော် ချစ်တီးထမင်းဆိုင်တစ်ခုတွင် ထမင်းဝင်စားခဲ့ပါသည်။ ကျွန်တော်နှင်...
16/02/2024

👍 စားလို့မြိန်
အိပ်လို့ကောင်း 👍

မကြာသေးမီက ကျွန်တော် ချစ်တီးထမင်းဆိုင်တစ်ခုတွင် ထမင်းဝင်စားခဲ့ပါသည်။ ကျွန်တော်နှင့် မရှေးမနှောင်းမှာပင် လူရွယ်တစ်ယောက်လည်း ဝင်လာပြီး ကျွန်တော်နှင့်မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ပါသည်။ ကျွန်တော်က ဆိတ်သားဟင်းကိုမှာသည်။
သူက " ငါးခေါင်း" ရမလားမေးလိုက်ပြီး
ငါးခေါင်းဟင်းကို မှာလိုက်ပါသည်။
သူ့ငါးခေါင်းဟင်းပန်းကန်က သာမန်ဟင်းပန်းကန်ထက် ပိုကြီးပါသည်။
ငါးခေါင်းကလည်း တကယ့်ကို အကြီးကြီးပါပဲ။🍁
ချစ်တီးထမင်းဆိုင်၏ထုံးစံအတိုင်း ထမင်းကိုထည့်၊ ပဲဟင်းကိုလောင်းထည့်၊ သီးရွက်ဟင်း၊ အချဉ်တို့ကို ဇိုးခနဲ ဇတ်ခနဲ ထမင်းပန်းကန်ထဲမှာပင် ပုံပေးသွားသည်။ ကျွန်တော်က နဂိုကပင် ထမင်းစားနှေးပါသည်။
ကျွန်တော် သုံးလေးလုတ်လောက်သာစားလိုက်ရသေးသည်၊ လူရွယ်က စားပွဲထိုးထံလှမ်းပြီး " ထမင်း ထမင်း" ဟုဆိုလိုက်သောကြောင့်
ကျွန်တော် အံ့အားသင့်သွားသည်။
ထမင်းတစ်ပန်းကန်ကြီးကို ဘယ်လိုလုပ်ပြီး စားလိုက်သည်မသိ၊ ကုန်သွားပြီ။ ကျွန်တော့်မှာဖြင့် အရာပင်မယွင်းတတ်သေး။ သူစားပုံကို
ကျွန်တော် ဣန္ဒြေမပျက် သတိထားကြည့်နေမိသည်။🍁
ထမင်းလာပြီး ပုံထည့်ပေးလိုက်တော့ " ပဲဟင်း ပဲဟင်း" ဟု အော်လိုက်ပြီး ပဲဟင်းချိုင့်ကိုင်သည်ကောင်လေးကို လှမ်းခေါ်လိုက်ပြန်သည်။ ပဲဟင်းထည့်လိုက်တော့
" များများထည့် များများထည့်"
ပြောပြန်သည်။ ပဲဟင်းနှင့် ထမင်းကိုနယ်လိုက်ပြီး ငါးခေါင်းဟင်းအနှစ်ကိုပါ ရောထည့်လိုက်သည်။
ဧရာမထမင်းလုတ်ကြီးကိုပါ ပါးစပ်ထဲသွင်းလိုက်၊ ငါးခေါင်းကအသားကို ဆွဲဝါးလိုက်၊ သီးရွက်ဟင်းကို
ဆွဲထည့်လိုက်၊ အချဉ်ကိုမြည်းလိုက်နှင့် ချွေးတပြိုက်ပြိုက် စားနေလိုက်သည်မှာ ကျွန်တော့်အဖို့ အံ့အားသင့်စရာမျှသာမဟုတ်ဘဲ အားကျစရာ ဖြစ်လာနေပါတော့သည်။🍁
" ထမင်း ထမင်း"
" ပဲဟင်း ပဲဟင်း" ဆိုသည်မှာ သုံးခါလောက်ရှိသွားပြီ။ " များများထည့်"
ဆိုတာက ပါလိုက်သေးသည်။
ငါးခေါင်းဟင်း၊ အရည်၊ သီးရွက်၊ အချဉ်တို့ကိုလည်း လိုက်ပွဲပေးရသည်က ခဏ ခဏ။လူပုံက တုတ်တုတ်ခိုင်ခိုင်၊
အသားခပ်ညိုညို၊ ဘယ်သူ့ကိုမှ သူစိတ်မဝင်စား။ ကုန်ကုန်ပြောရလျှင် တစ်စားပွဲတည်းမှာ မျက်နှာချင်းဆိုင်ထိုင်နေသော ကျွန်တော့်ကိုပင် ဂရုတစိုက်မရှိ။ ကိုယ့်အလုပ် ကိုယ်လုပ်နေသည့်သဘောမျိုး
ကိုယ့်ထမင်း ကိုယ်စားနေခြင်းမျှသာဖြစ်သည်။ ကျွန်တော်သတိထားမိသလောက် သူ့ကိုကြည့်ရသည်မှာ
ထမင်းဆာလာတာတော့
ဟုတ်ပါလိမ့်မည်။ သို့သော် ဆာသောကြောင့်သာမဟုတ်၊ ပုံမှန်အားဖြင့်ကိုပဲ အလွန်စားနိုင်သောသူမျိုး ဖြစ်ဟန်ရှိသည်။ 🍁
ကျွန်တော် သူ့ကိုကြည့်ပြီး သူ့လို စားနိုင်လိုက်ချင်စမ်းပါဘိ။ သူ့လို မြိန်ရေရှက်ရေရှိချင်စမ်းပါဘိဟု တောင့်တအားကျခြင်း ဖြစ်နေမိသည်။ ကျွန်တော်က ထမင်းစားပြီးသည်နှင့် လက်ဆေး၊ ငွေချေပြီး ထွက်လာခဲ့သည်။ ဆိုင်ကအထွက်တွင် " ထမင်း၊ ထမင်း" ဟူသောအသံကို ထပ်ပြီးကြားလိုက်ရသေးသည်နှင့်
ပြုံးလိုက်မိပါသေးသည်။🍁
သူသူငါငါ ငယ်ရွယ်စဉ်အခါတွင် စားလို့ မြိန်ကြသည်၊ စားလည်းစားနိုင်ကြသည်။ ကျွန်တော်လည်း ငယ်ရွယ်စဉ်အခါက အတော်လေး စားနိုင်ခဲ့ဖူးပါသည်။ သို့သော်
ဖျားပြီးစ နာလန်ထတွင်
တစ်ကြိမ်ခန့်သာ နို့ဆီဘူးနှစ်လုံးချက်ကို ကုန်အောင်စားနိုင်ခဲ့ဖူးသည်။
ကျွန်တော်ဖြင့် ယခုထက်တိုင်
ထိုလူစားနေပုံ၊ စားနိုင်ပုံ၊ မြိန်ရေရှက်ရေ အားရပါးရရှိလှပုံကို
ပြန်လည် မြင်ယောင်နေမိသည်။
သူ့ကို အကြိမ်ကြိမ် အားကျခြင်းလည်း ဖြစ်မိသည်။🍁
ယခု ဤစာကိုရေးနေရင်း ပြန်ပြီးသတိရမိလိုက်တာကလေးကို
ပြောလိုက်ရဦးမည်။ ဦးအောင်သန်း
( ဗိုလ်ချုပ်အောင်ဆန်းအစ်ကို)
၏ဇနီး မမနု( ဒေါ်ခင်နု)ကပြောဖူးသည်။ သူက စစ်မဖြစ်မီ ကောလိပ်ကျောင်းသူဘဝ အင်းလျားဆောင်မှာနေစဉ် ဒရဝမ်ကုလားတစ်ယောက် ထမင်းစားပုံကိုကြည့်ပြီး သွားရည်ကျခဲ့မိပုံကို ပြန်ပြောပြပါသည်။
" မောင်အောင်သင်းနှယ်ကွာ။
စားနေလိုက်တာ၊ ဟင်းလည်းမပါဘူး။ ငရုတ်သီးစိမ်းတောင့်ကလေးတွေကို ပန်းကန်ထဲမှာပုံ။ ဆားကလေးတစ်ပုံရယ်။ အနားမှာ သောက်ရေဒန်ခွက်တစ်ခွက်ရယ်။
ဒါပဲ။ ထမင်းလုပ်ကို သွင်းလိုက်၊ ငရုတ်သီးစိမ်းကို ဆားနဲ့တို့ပြီး ကိုက်လိုက်၊ ရေတစ်ကျိုက်သောက်လိုက်နဲ့ အားရပါးရစားနေလိုက်တာ ငါ့မှာ
သူ့ကိုကြည့်နေရင်း သွားရည်ယိုလာတယ်။ အဲဒါနဲ့ ငါဘာလုပ်သလဲသိလား။ အဆောင်ကိုပြန်ရောက်တော့ စားပွဲထိုးအမျိုးသမီးတစ်ယောက်ကို ငရုတ်သီးစိမ်း၊ ဆားတစ်ပုံအယူခိုင်းပြီး ရေတစ်ခွက်နဲ့ သူစားသလို စားကြည့်မိတယ်"
ကျွန်တော်က
"စားလို့မြိန်သလား"ဟုမေးကြည့်လိုက်တော့ မမနုက ပါးချိုင့်သွားအောင် ရယ်မောလိုက်ရင်း
" ကြံကြံဖန်ဖန်မောင်အောင်သင်းရယ်၊ ဘယ်မှာစားနိုင်ပါ့မလဲ" ဟု ပြန်ပြောပါသည်။ 🍁
ဘာပဲဖြစ်ဖြစ် တစ်ဖက်သား
မြိန်ရေရှက်ရေ အားပါးတရစားသည်ကို မြင်လိုက်လျှင် အားကျမိတတ်သည်ဟု ဆိုရပါမည်။🍁
ထိုအတွေး ကျွန်တော့်ခေါင်းထဲတွင် မကြာခဏ ပေါ်လာတတ်ပါသည်။
ထိုသို့ပေါ်တတ်သောကြောင့်
" ဝန်ကြီးပဒေသရာဇာ" ၏ တျာချင်းများကိုဖတ်ရတိုင်း " စားလို့မြိန်၊ အိပ်လို့ကောင်းခြင်း" ၏သုခကို သတိရမိတတ်ပါသည်။
ဝန်ကြီးသည်လည်း ချစ်တီးထမင်းဆိုင်တွင် ကျွန်တော်နှစ်သက်အားကျခြင်းဖြစ်မိသကဲ့သို့ ဖြစ်ခဲ့လေဟန်တကားဟု သနားကြည်ညိုခြင်း ဖြစ်မိတတ်ပါသည်။🍁
သနားကြည်ညိုခြင်းဟူသောစကားကို ရှင်းပြရန်လိုအပ်လာပါပြီ။
" သူဇာပျို့" နိဂုံး၊ " မဏိကက်" နိဂုံးတို့ကိုကြည့်လိုက်လျှင် အိမ်ထောင်ရေးကုသိုလ်မကောင်းလှကြောင်းကို တွေ့နိုင်ပါသည်။ပထမအိမ်ထောင်ဇနီးကိုလည်း ချစ်ခင်မြတ်နိုးလှသည်။ ဇနီးသည်ကလည်း အမိပမာ ဝန်ကြီးအားပြုစုစောင့်ရှောက်ရှာပါပေသည်။ ထို့ကြောင့် ဇနီးသည်ကွယ်လွန်လိုက်သောအခါ
ဆောက်တည်ရာမရ၊ စိတ်လေပြီး
ရောက်တတ်ရာရာ သွားလာနေဟန်ရှိသည်။ တစ်ခါတစ်ရံ သန်းခေါင်သန်းလွဲတိုင်အောင် ကိုယ့်အိမ်ကိုယ့်ရာ ပြန်ပြီးမရောက်တတ်ကြောင်း ဘုရင်မင်းမြတ်သိတော်မူသောအခါ ဘုရင်မင်းမြတ်က အရည်တူ မုဆိုးမအမျိုးသမီးတစ်ယောက်နှင့် သနားကြင်နာစွာ စုံဖက်ပေးပြန်ပါသည်။ ဝန်ကတော်ကလည်း ဝန်ကြီးအပေါ် ရိုသေမြတ်နိုးရှာပါသည်။ အမိကဲ့သို့ပင်
ပြုစုစောင့်ရှောက်ရှာပါသည်။သို့သော် ထိုဝန်ကတော်သည်လည်း မကြာမြင့်မီမှာပင် အနိစ္စရောက်ရှာပြန်သည်။ ထိုသောအခါ ဝန်ကြီး
ပဒေသရာဇာ မည်သို့ရှိရှာမည်ကို မှန်းဆနိုင်ပါသည်။ စားချိန်မမှန်၊ အိပ်ချိန်မမှန် ရောက်တတ်ရာရာ စိတ်ပြေရာပြေကြောင်း သွားလာနေဟန်ရှိပါသည်။ ထိုသို့သောအခါမျိုးတွင် ပင်ပန်းသော်လည်း
ပျော်ပျော်ပါးပါး စားကာသောက်ကာ
လွတ်လပ်ချမ်းသာစွာနေကြသော အလုပ်သမား၊ လယ်သမားတို့၏
ဘဝကို နှစ်သက်အားကျခြင်း ဖြစ်ဟန်ရှိပါသည်။ အထူးသဖြင့် ရတတ်သမျှသော " ဟင်းကြမ်း"တို့နှင့်ပင် မြိန်ရှက်စွာစားသောက်ကြပုံကို ဝန်ကြီး၏ တျာချင်းတိုင်းလိုလိုတွင် တွေ့ပါသည်။🍁
" တောင်ဘက်ပိန်းဝင်" တျာချင်းကိုကြည့်ပါ။
ခါးတောင်းကျိုက်လုံး၊ ပခုံးခဲတွေ
ချွေးတွေကလည်းစီး၊
ဒီးဒီးကျသည့်ရေ၊
စဖိုမှာပေ၊ ချက်လေထမင်း
မနပ်နိုင်ပြီ၊ တစီစီ
နန်းနီသာ မီးအိုးခင်းငယ်နှင့်လေး။
ဝမ်းလှိုင်တွင်းငယ်မှာ၊
သွတ်သွင်းမြဲပင်
အငွေ့ချောင်းချောင်း၊
စလောင်းနှင့် ငပိကင်
လှေဆိုက်တည့်လျှင်၊
ကြေးလင်နှင့်ကျင်း
ရိုးရွက်ကယ်ဖူးခေါင်၊
အာပါးကိုလောင်၊
ချဉ်ပေါင်ပူလှသည့် ဟင်းငယ်နှင့်လေး။
တစ်ယောက်ချင်းသည်၊
ထမင်းခူးသော်
တစ်ဆုပ်ကယ်နေ့တိုင်း၊
လမိုင်းရှိပူဇော်
သွေးသောက်ကယ်ခေါ်၊
အဖော်အပေါင်းညှိ
ငုံ့ကာငုံ့ကာ၊ ဝပ်၍သာ
ဆုပ်ကာလွေးလိုက်ဘိသည်နှင့်လေး
စားမိစားရာဝမ်းမှာကျင့်တော့သည်
ပိန်းကောသူကြီးမှာ
ချမ်းသာမြင့်တော့သည်။🍁
ထို့အတူ " ထန်းသမားဘွဲ့ တျာချင်း" တွင် အများသိကြသည့်အတိုင်း တောကောင်ငယ်ကလေးများကို လင်ကဖမ်းသည်။ မယားက ဟင်းရွက်ဆိုးကောင်းတို့ကိုခူးသည်။
ပြီးတော့-
သို့နှင့်ရောက်က၊ ခဏအောင့်လျှင်
တံစို့ထက်နှင့် ထန်းလျက်ဖိုမှာကင်
ဟင်းအိုးဆူလျှင်၊ အကင်ခပ်ပြီး
အိုးကင်းနှင့်လှော်၊ ရေနှင့်ကြော်
မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။
ငုံ့လျက်ကိုယ်စီသာ
ဆုပ်ကာလွေးတော့သည်၊
ပြီးလျှင်ရေမရှာ
ခွေးသာကျွေးတော့သည်။ ။🍁
" တောင်ပိုင်တက်ဘွဲ့" တျာချင်းတွင်လည်း
ကင်ပလင်းဟင်း၊
ဖွတ်ခြောက်ကပ်ကာ
မီးမှာဖုတ်သည်၊ ငရုတ်မိုးမျှော်သာ
ကြက်သွန်မပါ၊ ဆုံမှာထောင်းမှ
ထမင်းဟင်းပူ၊ ငရုတ်ဟူ
လူလူအငွေ့ ထသည်နှင့်လေး။ ။
ရုက္ခနတ်ကိုပင်
တင်ရည်ထားတော့သည်
တိုးဝှေ့ သူ့ထက်ငါ
ဆုပ်ကာစားတော့သည်။
စားသောက်ပြီးလျှင်
အုံးကြီးသားရေ
လဲလျောင်းမှီကာနေ
အငွေ့ဝေဝေ၊ ဧရာ့တုတ်လောက်
ကြေးလုပ်ဆူးရံ၊ ကန်တော့ခံသည်
ဆေးတန်ဆူလှယ်သောက်ပါစို့လေး။ ။🍁
" ကုန်တင်လှေကြီးဘွဲ့တျာချင်း"တွင်လည်း-
စုံရာငယ်ပျော်ပါး၊ စားမှုကိုစီရင်
အိုးသူကြီးမှာ
ပြည့်နီးမန်းနှင့်ပင်
စလောင်းငယ်မြေအင်၊
ကုန်စင်ငယ်မလပ်
ဗူးရောဖရုံ၊ ဟင်းမျိုးငယ်စုံ
ငါးပုံမှာ အမဲစပ်ပါလို့လေး။
စောင်းကာခပ်ပါလို့
မလပ်ကယ်အောင်
လိုလိုတိုင်း
လိုတိုင်းကိုတဲ့မရှောင်
စပ်သီးငယ်ပူလောင်
သောင်မျှော်ငယ်တခြား
စုကာပုံကာ ထမင်းမှာ
ဝစွာဖော်အများငယ်နှင့်လေး။
စုရုံးငယ်ပျော်ပါး၊ စား၍ပြီးလျှင်
တစုတဝေး၊ ပျော်ရေးကိုသာဆင်
ပြောဟောငယ်တိုင်ပင်
ပျော်ရွှင်မအား
စိတ်ကရောက်ရာသဘောကိုသာ
များစွာပြောကြငြားသည်နှင့်လေး။🍁
ဝန်ကြီးပဒေသရာဇာ၏ တျာချင်းတိုင်းမှာလိုပင် မြိန်မြိန်ရှက်ရှက် စားကြသောက်ကြပုံကို နှစ်နှစ်သက်သက်ရေးဖွဲ့ထားသည်ကို တွေ့နိုင်ပါသည်။သူတို့သည် ပင်ပင်ပန်းပန်း
လုပ်ကြကိုင်ကြရသည်။ သို့သော်လည်း နားလိုက်ပြီဆိုသည်
နှင့်တစ်ပြိုင်နက် လွတ်လွတ်လပ်လပ် လူနားစိတ်နားပစ်လိုက်ကြသည်။ ထမင်းတွေ ဟင်းတွေကို
ကြည့်လိုက်မည်ဆိုလျှင် "အစားကြမ်း" တွေချည်းဖြစ်သည်။သို့သော်
အားရပါးရ နှစ်နှစ်ခြိုက်ခြိုက် စားလိုက်ကြသည်မှာ စာဖွဲ့လောက်အောင်ပင်ဖြစ်သည်။ ဝန်ကြီးသည်လည်း အားကျခဲ့ဟန်ရှိသည်။
ထို့ကြောင့် စာဖွဲ့ခဲ့ခြင်း ဖြစ်တန်ရာပါသည်။ ဝန်ကြီး၏ဘဝမှာ ငယ်စဉ်ကပင်လျှင် ချမ်းချမ်းသာသာရှိခဲ့သည်။ ဆင်းဆင်းရဲရဲမနေခဲ့ရစဖူး။
သို့သော် သူတို့လောက် ထမင်းမြိန်ခဲ့ဖူးပါသလောဟုလည်း စောကြောခြင်း ဖြစ်တန်မိလောက်ပါသည်။
သူတိုလို စားလိုက်ချင်စမ်းပါဘိ၊
သူတို့လို စိတ်အားလက်အား အနားယူလိုက်စမ်းချင်ပါဘိဟုလည်း
တောင့်တခြင်းဖြစ်မိဟန်
ရှိပါသည်။🍁
မှန်ပါပေသည်။ ဝန်ကြီးပဲဖြစ်ဖြစ်၊
ဆင်းရဲသားပဲဖြစ်ဖြစ် စားလို့မြိန်၊
အိပ်လို့ကောင်းခြင်းသည်
ကိုယ်ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်းတို့၏ လက္ခဏာပင်မဟုတ်ပါလား။ ဒါတွေထက်မက်မောစရာလောကမှာ ဘာများရှိပါသေးသနည်း။🍁
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
📓 လှလိုက်တာနော်နှင့်
ရသစာတမ်းငယ်များ📓
{ အောင်သင်း}
****
ဇေယျာမြတ်( မြန်မာစာ မြန်မာစကား)
👉 သတ်ပုံမူရင်း

တစ်ချိန်တုန်းကတော့ ဒီအတုံးလေးတွေက ဘာမှန်းတကယ်မသိခဲ့ပါဘူး။ တကယ်တော့ အဲ့အတုံးလေးတွေကို Tread Wear Indicators လို့ခေါ်ပါတယ်...
11/02/2024

တစ်ချိန်တုန်းကတော့ ဒီအတုံးလေးတွေက ဘာမှန်းတကယ်မသိခဲ့ပါဘူး။ တကယ်တော့ အဲ့အတုံးလေးတွေကို Tread Wear Indicators လို့ခေါ်ပါတယ်။ တာယာပန်း အတိမ်အနက်ကို သိနိုင်တဲ့အရာလေးတွေပါ။

အလယ်က အတုံးလေးက တာယာပန်းမျက်နှာပြင်နဲ့ တစ်ညီတည်း ဖြစ်လုခါနီးပြီဆိုရင် တာယာလဲသင့်ပါတယ်။ Date ကောင်းနေသည်ဖြစ်စေ လဲသင့်ပါတယ်။ တချို့တွေက မေးကြတယ် တာယာကို ဘယ်အချိန်မှာ ပြန်လဲသင့်သလဲတဲ့။ ယေဘုယျ အားဖြင့် တစ်ယောက်နဲ့ တစ်ယောက် ပြောပုံခြင်းမတူပါဘူး။

တာယာတစ်လုံးဟာ ပန်းပါးနေပြီ၊ တာယာဆွေးနေပြီ၊ ဘေးဆူနေပြီ၊ ဘေးပါးခြမ်းထိခိုက်မိပြီး ကြိုးပေါ်အောင် ပဲ့နေပြီ၊ တာယာ date လွန်နေပြီဆိုရင် လဲသင့်ပါတယ် (Date လွန်တယ် ဆိုတာကတော့ ထုတ်လုပ်တဲ့ ခုနှစ်ကနေ တွက်ရပါမယ် 2015 မှာထုတ်ခဲ့တဲ့ တာယာ ဆိုရင် 2021 မှာ မသုံးသင့်တော့ပါဘူး)။

Address

Bhone Soe
Singapore

Alerts

Be the first to know and let us send you an email when Soe Gabar Automobile and Property agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Featured

Share