Autozone Myanmar

Directions Website Contact the business

Autozone Myanmar You Drive, We Care for Your Parts!
95 9 444720263, 95 9 445320405

09/09/2026

ကမ္ဘာပေါ်မှာ
အလှဆုံးနေရာဆိုတာ မရှိနိုင်ပေမယ့်…
“ပြန်သွားချင်တဲ့နေရာ” တော့ ရှိတတ်ပါတယ်။
အဲ့ဒီနေရာက
ကိုယ့်အိမ် ဖြစ်နိုင်ပါတယ်။ 🏡❤️
အိမ်ဆိုတာ နံရံလေးလုံးမဟုတ်ဘူး။
ကိုယ်ပင်ပန်းလာတဲ့အခါ
အနားယူလို့ရတဲ့နေရာ။
အဆင်မပြေတဲ့အခါ
ကိုယ့်ဘက်က ရပ်ပေးမယ့်သူတွေရှိတဲ့နေရာ။
နှစ်တွေဘယ်လောက်ကြာကြာ
ပြန်ရောက်လာတဲ့အခါ
“ပြန်လာပြီလား” လို့ မေးမယ့်သူရှိတဲ့နေရာ။
အဲ့ဒါကြောင့် အိမ်ဆိုတာ
နေရာတစ်ခုထက်ပိုပါတယ်။
အိမ်ဆိုတာ…
အချစ်ရှိတဲ့နေရာပါ။ 🤍
ကဲ LOVES' JOURNEYs ရဲ့ ချစ်တို့ကရော အိမ် ကို ဘယ်လို အဓိပါယ်ဖွင့်ကြလဲ??
COMMENT မှာ ‌ေရး ခဲ့ပါဦးနော်

LOVES' JOURNEYS
04 Sep 26- 11:05 p.m.
⚠️ COPY ပြန်တင်ခြင်း ခွင့်မပြုပါ။
✅ လွတ်လပ်စွာ SHARE နိုင်ပါသည်။

With Loves' Journeys – I just made it onto their weekly engagement list by being one of their top engagers 🎉
09/09/2026

With Loves' Journeys – I just made it onto their weekly engagement list by being one of their top engagers 🎉

28/08/2026

❤️ အချစ်ဆိုတာ တစ်မျိုးတည်း မဟုတ်ပါဘူး…
“အချစ်” လို့ပြောလိုက်ရင်
🤴👸ချစ်သူနှစ်ယောက်ရဲ့ အချစ်ကိုပဲ အရင်ဆုံး တွေးမိတတ်ကြတယ်နော်။
ဒါပေမယ့်…တကယ်တော့ အချစ်ဆိုတာ
တို့များရဲ့ ဘဝတွေထဲမှာ ပုံစံမျိုးစုံနဲ့ ရှိနေပါတယ်။ 🌿
👱‍♀️ မိခင်ရဲ့အချစ် —
ကိုယ်မပြောဖြစ်တဲ့အရာတွေကိုတောင် နားလည်ပေးတတ်တဲ့အချစ်။
👨‍👧 ဖခင်ရဲ့အချစ် —
မိခင်နဲ့ မတူပေမယ့် ဘဝတစ်လျှောက်လုံး ကာကွယ်ပေးနေတဲ့အချစ်။
👨‍👩‍👧‍👦 မိသားစုရဲ့အချစ် —
ဘယ်လောက်ဝေးဝေး၊ ဘယ်လောက်ကြာကြာ…
ပြန်လာချင်စရာကောင်းတဲ့ နေရာတစ်ခုကို ပေးထားတဲ့အချစ်။
💑 ချစ်သူနှစ်ယောက်ရဲ့အချစ် —
အတူတူရယ်မောခဲ့တဲ့အချိန်တွေ၊
အခက်အခဲတွေကို အတူကျော်ဖြတ်ခဲ့တဲ့ အမှတ်တရတွေရဲ့ အချစ်။
👭 သူငယ်ချင်းတွေရဲ့အချစ် —
နှစ်တွေကြာသွားလည်း ပြန်တွေ့တဲ့အခါ
မနေ့ကလိုပဲ စကားဆက်ပြောလို့ရတဲ့ အချစ်။
👵👴 အဘိုးအဘွားတွေရဲ့အချစ် —
နွေးထွေးမှုတွေနဲ့ ပြည့်နေပြီး
အမှတ်တရအဖြစ် တစ်သက်လုံးကျန်ခဲ့တတ်တဲ့အချစ်။
🐾 အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့အချစ် —
ဘာမှမတောင်းဆိုဘဲ ကိုယ့်ဘေးမှာ ရှိနေပေးတဲ့ အချစ်။
🤍 ကိုယ့်ကိုယ်ကိုယ် ချစ် ဖို့ အချစ်—
အခြားသူတွေကို ချစ်ပေးသလို
ကိုယ့်ကိုယ်ကိုလည်း နားလည်ပေးဖို့ သင်ယူရတဲ့အချစ်။.....တချို့အချစ်တွေက
🕰️တို့များရဲ့ ဘဝတွေထဲမှာ ခဏလေးပဲ ရှိခဲ့ပေမယ့်…
တချို့အချစ်တွေကတော့
🕰️နှစ်တွေ၊ ဆယ်စုနှစ်တွေကြာတဲ့အထိ
နှလုံးသားထဲမှာ မပျောက်ကွယ်ဘဲ ကျန်နေတတ်ပါတယ်။ ❤️
🕰️အချိန်တွေ ဘယ်လောက်ပဲပြောင်းပြောင်း.....
ကိုယ့်ဘဝမှာ မမေ့နိုင်တဲ့ အချစ်တစ်ခုတော့ ရှိကြမှာပါ။
အဲ့ဒီအချစ်တွေ၊ အဲ့ဒီအမှတ်တရတွေ၊ အဲ့ဒီဘဝခရီးလမ်းလေးတွေကို
တစ်နေရာတည်းမှာ သိမ်းထားချင်လို့…
🌿 Loves' Journeys 🌿
အချစ်တိုင်းမှာ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။
အမှတ်တရတိုင်းမှာ ခရီးတစ်ခုရှိတယ်။ ❤️
ဒီနေရာလေးမှာ
အချစ်တွေအကြောင်း၊ အမှတ်တရတွေအကြောင်းနဲ့
နှလုံးသားထဲမှာ သိမ်းထားချင်တဲ့ ဇာတ်လမ်းလေးတွေကို
အတူတူမျှဝေကြမယ်နော်။ ✨
Welcome to Loves' Journeys ❤️

LOVES' JOURNEYS
28.08.26 - 17:00 p.m.
⚠️ COPY ပြန်တင်ခြင်း ခွင့်မပြုပါ။
✅ လွတ်လပ်စွာ SHARE နိုင်ပါသည်။

05/08/2026

🎉 ဒီအပတ်ပဲ ရနိုင်တဲ့ GMB Stabilizer Link Special Promotion! 🎉
ဒီလိုလက္ခဏာတွေရှိနေပြီဆိုရင် "နှုတ်ခမ်းမွှေးတန်း" (Stabilizer Link) ကို စစ်ဆေးလဲလှယ်ဖို့ အချိန်ရောက်ပါပြီ။
🚗 ကားမောင်းတဲ့အခါ...
🔸 အောက်ပိုင်းက တောက်တောက်၊ ခေါက်ခေါက် အသံတွေ ထွက်နေလား?
🔸 လမ်းမညီတဲ့နေရာတွေမှာ ကားလှုပ်ခါမှု ပိုများနေလား?
🔸 ကားကွေ့တဲ့အချိန် တည်ငြိမ်မှု လျော့နည်းနေတယ်လို့ ခံစားရလား?
💯 AutoZone Myanmar မှာ Japan Quality စစ်စစ် ယုံကြည်စိတ်ချရတဲ့ GMB Brand Stabilizer Link ကို အထူးပရိုမိုးရှင်းဈေးနှုန်းနဲ့ ရရှိနိုင်ပါတယ်။
✅ ကားကွေ့တဲ့အခါ ပိုတည်ငြိမ်စေတယ်။
✅ လမ်းမညီတဲ့နေရာတွေမှာ လှုပ်ခါမှု လျော့နည်းစေတယ်။
✅ အောက်ပိုင်းအသံတွေကို သက်သာစေတယ်။
✅ မောင်းနှင်ရတာ ပိုငြိမ့်ညောင်းပြီး ပိုစိတ်ချရစေတယ်။
🔥 Special Promotion Price
🚘 Toyota Wish / Toyota Fielder / Toyota Ipsum
💥 တစ်စုံ (၂ ချောင်း) = 55,000 ကျပ်သာ
📦 လက်ကားဝယ်ယူလိုသူများအတွက်လည်း အထူးဈေးနှုန်းများ စီစဉ်ပေးထားပါတယ်။
🚗 အခြားကားမော်ဒယ်များအတွက်လည်း GMB Stabilizer Link များ ရရှိနိုင်တာကြောင့် မိမိကား Model ကို ပို့ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။
📞 09-444720263
📞 09-445320405
"နှုတ်ခမ်းမွှေးတန်း" လေး ကောင်းနေမှ...
ကားလေးကလည်း ပိုတည်ငြိမ်၊ ပိုငြိမ့်ညောင်း၊ ပိုစိတ်ချရတာပေါ့။ 🚘✨

StabilizerLink


🚗 ကားတစ်စီးရဲ့ Safety က Spare Parts ရွေးချယ်မှုအပေါ် မူတည်ပါတယ်။🚗Spare Parts ရွေးချယ်တဲ့အခါ ဈေးသက်သာတာထက် ယုံကြည်စိတ်ချရ...
22/07/2026

🚗 ကားတစ်စီးရဲ့ Safety က Spare Parts ရွေးချယ်မှုအပေါ် မူတည်ပါတယ်။
🚗Spare Parts ရွေးချယ်တဲ့အခါ ဈေးသက်သာတာထက် ယုံကြည်စိတ်ချရမှု က ပိုအရေးကြီးပါတယ်။
Japan Quality GMB Stabilizer Link
✨စတီးလ်အမာစား
✔️ကားဘော်ဒီ ယိမ်းထိုးမှုကို ထိန်းချုပ်ပေးတယ်
✨Premium Ball Joints
✔️လမ်းမညီညာမှုများကြောင့် ပတ္တာပြုတ်ထွက်ခြင်း၊ ကွေးကောက်သွားခြင်းနှင့် ချောင်သွားခြင်းတို့ကို ကာကွယ်ပေးပါသည်။
✨အရည်အသွေးမြင့် ရာဘာ
✔️ဖုန်၊ သဲ၊ အပူဒဏ် ခံနိုင်တယ်။
✨အပူချိန်နှင့် ရေဒဏ်ခံနိုင်သော အရည်အသွေးမြင့်အဆီများ (Grease)
✔️မြန်မာနိုင်ငံ၏ မိုးရာသီ ကာလများတွင် သံချေးတက်ခြင်း၊ အဆီခြောက်သွားခြင်းနှင့် ရွှံ့ရေဝင်ခြင်းတို့မှ ကာကွယ်ပေးတယ်
💁အရည်အသွေးနဲ့ တာရှည်ခံမှုကြောင့် နိုင်ငံတကာရှိ ကားပိုင်ရှင်များနဲ့ Workshop များရဲ့ ယုံကြည်ရွေးချယ်မှုကို ရရှိထားတဲ့ Brand ဖြစ်ပါတယ်။
💁Autozone Myanmar မှာ သင့်ကားနဲ့ ကိုက်ညီတဲ့ Quality Spare Parts တွေကို ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်ပါတယ်။
Autozone Myanmar
☎️09 444720263, 09 444720263

🚗 ကားပိုင်ရှင်တိုင်းကို မေးချင်တဲ့ မေးခွန်းတစ်ခုရှိပါတယ်…🚗 ကားမောင်းရင်း ဒီလိုအတွေ့အကြုံမျိုး ကြုံဖူးပါသလား ❓A️. ကွေ့တဲ့...
20/07/2026

🚗 ကားပိုင်ရှင်တိုင်းကို မေးချင်တဲ့ မေးခွန်းတစ်ခုရှိပါတယ်…
🚗 ကားမောင်းရင်း ဒီလိုအတွေ့အကြုံမျိုး ကြုံဖူးပါသလား ❓

A️. ကွေ့တဲ့အချိန် ကားလှုပ်တယ်
B️. လမ်းမညီရင် အသံထွက်တယ်
C️. Steering Control မသေချာဘူး

ဒီလိုလက္ခဏာတွေက Stabilizer Link စစ်ဆေးဖို့ လိုအပ်တဲ့ အချက်တွေ ဖြစ်နိုင်ပါတယ်။

👇👇 Comment မှာ

🚘 ကား Model နဲ့

✅ A / B / C ကိုပဲ ရေးပြီး အတွေ့အကြုံတွေမျှ‌ဝေပေးပါဦး။

💡 Autozone Myanmar က ကားပိုင်ရှင်တွေ ကားကို ပိုစိတ်ချလက်ချ မောင်းနိုင်ဖို့ အသုံးဝင်တဲ့ အချက်အလက်တွေနဲ့ အကြံပြုချက်တွေကို အမြဲမျှဝေပေးနေပါတယ်။

🚘 ကားကောင်းတစ်စီးဆိုတာ အင်ဂျင်အားကောင်းတာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။စိတ်ချလက်ချ မောင်းနိုင်တဲ့ ခံစားချက်က ပိုအရေးကြီးပါ...
14/07/2026

🚘 ကားကောင်းတစ်စီးဆိုတာ အင်ဂျင်အားကောင်းတာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
စိတ်ချလက်ချ မောင်းနိုင်တဲ့ ခံစားချက်က ပိုအရေးကြီးပါတယ်။

Japan Brand တစ်ခုဖြစ်တဲ့ GMB Stabilizer Link က

✔️ ကွေ့တိုင်း ယုံကြည်မှုရှိတဲ့ Control

✔️ လမ်းရှည်မောင်းလည်း သက်တောင့်သက်သာ

✔️ မိသားစုနဲ့ ခရီးသွားတိုင်း စိတ်ချရတဲ့ Stability

ကို ပေးနိုင်ဖို့ ထုတ်လုပ်ထားပါတယ်။

🚗ကားရဲ့ တန်ဖိုးကို ထိန်းသိမ်းချင်ရင် အစိတ်အပိုင်းကောင်းကို ရွေးချယ်ပါ။

💁Autozone Myanmar
သင့်ကားအတွက် ယုံကြည်ရတဲ့ Spare Parts Partner !

🚗 သင်ကရော ကားမောင်းတဲ့အခါ ဘာကို ပိုအရေးကြီးတယ်လို့ ထင်လဲ ❓
❤️ ငြိမ်ငြိမ်လေး မောင်းရတာ
👍 Control ကောင်းတာ
👇 Comment မှာ ရေးပေးခဲ့ပါဦးနော်

Address

14 Ang Mo Kio Street 63 Singapore �
Ang Mo Kio
111111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Autozone Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Autozone Myanmar:

Shortcuts

Share

Category