16/09/2017
'ခ' လိုင်စင် ဖြေမယ်ဆို သိထားသင့်သည်များ
🚘🚘🚘🚘🚘
🚘 သင်မောင်း 3 လပြည့်မှ ဖြေလို့ရမှာပါ ။ သင်တန်းဆင်းလက်မှတ်ပါ လိုပါတယ် ။
မြင်သာ ရေးဖြေ 500
ရွာသာကြီး ပတ်မောင်းရယ်
ပါကင်ရယ်ဖြေဖို့ကားငှားခ 3500
ကိုယ့်ကားနဲ့ဖြေမယ်ဆိုရင် 500
ပါကင်အောင်ရင် ငွေ 3000 သွင်း
ပြီးရင် အာမခံကြေး 5100
သွင်းရပါမယ် ပြီးတာနဲ့ ခဏစောင့်ပြီး လိုင်စင်ကဒ် ရပါပြီ ။
အားလုံး 12100 ပါ ။
😁 ပွဲစားနဲ့ဘာမှကို မလုပ်ပါနဲ့ ကိုယ့်ဟာကိုသာ မေးမြန်းပြီး လုပ်သွားပါ
🚘 အသေးစိပ် ကတော့
သင်တန်းဆင်းလက်မှက်
မှတ်ပုံတင်
သင်မောင်းလိုင်စင်
ဒီ 3 ခုကို တစ်ခုကို copy 3 စုံဆွဲပါ ။
မနက်စောစော မြင်သာရုံးသွားပါ ။
ရေးဖြေ ဖြေဖို့အတွက် စာရင်းသွင်းပါ ။
ပြီးရင် အမှတ်စဉ် နံပါတ်ရေး ပေးလိုက်ပါမယ် ။
🚘 ဖြေဖို့ ကိုယ့်နံပါတ်ပါရင် အပေါ်ထပ်ကိုတက်သွားပါ ။
ပိုက်ဆံ 500 တန်ဆောင်ထားပါ ။
(1000 တန်ဆို ပြန်မအမ်းပါ😁😁 )
အပေါ်ထပ်အခန်းထဲရောက်ရင် ဓာတ်ပုံရိုက်ပါမယ်။ ရှပ် ကော်လံပါတဲ့အင်္ကျီဝတ်သွားပါ ။ မဝတ်သွားခဲ့ရင်လည်း အဲ့မှာ အင်္ကျီ 2 ထည်ထား ပေးထားပါတယ် အပေါ်ကနေထပ်ဝတ်လိုက်ပါ။ ပိုက်ဆံ 500 သွင်းလိုက်ပါ ။
🚘 ပြီးရင် မျက်လုံးစစ်ပါမယ် ။
( ၁ ဂ ပ င) အဲ့ဒါတွေကို ရွတ်ပြရပါမယ် ။
10 ပေ အကွာက မှန်ကိုကြည့်ပြီး စာလုံးတွေက ကိုယ့်ကျောနောက်က ခေါင်းပေါ်မှာပါ ။
ရွတ်ပြပြီးရင် မီးအရောင် ဖွင့်ပြပါမယ် ။
သူ ဖွင့်ပြတဲ့အရောင်ကို ပြောပါ ။
မီးပွိုင့်က အရောင် ဝါ စိမ်း နီပါပဲ ။
🚘 ပြီးရင် psycho ဖြေရပါမယ် ။
မဖြေခင် ရှင်းပြပါတယ် ။
psycho က အအောင် ပေးထားပါတယ် ။ အဖြေရှိဖို့ဘဲ လိုပါတယ် ။
မေးခွန်း 78 ခုပါ ။
🚘 psycho ဖြေပြီးရင်
ယာဉ်/လမ်းစည်းကမ်း အမှတ် 50 ဖိုးဖြေရပါမယ် ။
40 ရရင် အောင်ပါတယ် ။
ဖြေလို့အောင်ရင် result ထုတ်ပေးပါတယ် ။ အချိန်မှီရင် ရွာသာကြီးသွားပါ ။
မမှီတော့ရင်လည်း နောက်နေ့သွားပါ ။
အဖြေ result ကို 6 လ date ပေးထားတယ် ။
6 လအတွင်း အဆင်ပြေတဲ့ရက် ရွာသာကြီးမှာ သွားဖြေပါ ။
🚘 ရွာသာကြီးမှာ သွားဖြေရင်
• ရေးဖြေအောင်လက်မှတ်ရယ်
• သင်တန်းဆင်းလက်မှက် copy ရယ်
• သင်မောင်းမူရင်း
• မှတ်ပုံတင်မိတ္တူယူသွားပါ ။
🚘 ပြီးရင် ကောင်တာ နံပါတ် 1သွားပြီး ကားငှားဖြေဖို့အတွက် 3500 သွင်းပါ ။
သွင်းပြီးရင် ချလံယူပြီး ပတ်မောင်းဖြေဖို့အတွက် form ထပ်ပါ ။
form ထပ်ပြီးလို့ နံမည်ခေါ်ရင် ကိုယ့်နာမည်ပါရင် ပတ်မောင်း ဖြေတဲ့ကား နားသွားပြီး ကိုယ့်အလှည့်စောင့်နေပါ ။
မမောင်းခင် စစ်ဆေးတဲ့ဆရာက ရှင်းပြပါမယ် ။
ပြီးရင် ကားပေါ် 4 ယောက်တက်ပြီး တစ်ယောက်ကို အဖြောင့်နည်းနည်းမောင်းပြီး အကွေ့တစ်ခုကွေ့ပြီးရင် ပြီးပါပြီ ။
ပြီးရင် ကားမှာပါလာတဲ့ နောက်တစ်ယောက် တက်မောင်းပါ ။
ပတ်မောင်းဖြေတဲ့ကားက ဘယ်မောင်း manual ပါ ။ ကားက စက်နှိုးထားပြီးသားပါ ။
🚘 ကားပေါ်တက်ပြီးရင် (ထိုင်ခုံအနေအထားချိန်ညှိ)
ခါးပတ်ပတ် နံပါတ် 1 ထိုး
hand brake ဖြုတ်
ကလပ်ဖြည်းဖြည်းကြွ ကလပ်မြန်မြန်လွှတ်မိလို့ စက်ရပ်သွားရင် ကျပါတယ် ။
လီဘာ လုံးဝမနင်းရပါ ။
လီဘာကို မေ့ထားပါ ။
နင်းမိရင် ဖြေဆိုခွင့် 1 လ သို့မဟုတ် 1 ပတ် ပိတ်ပါမယ် ။
အကွေ့ကျရင် signal ပြပါ ။
(ဘယ်မောင်းဖြစ်တဲ့အတွက် signal ပြတဲ့ခါ ပုံမှန်အမောင်းများတဲ့ ညာမောင်းကားနဲ့ဆို wiper နဲ့မှား တတ်ပါတယ် 😁😁
ဘယ်ဘက် အောက်ကိုသာ ဖိချလိုက်ပါ ။)
ကွေ့ပြီးရင် နည်းနည်းလေး မောင်းပြီးတာနဲ့ ဆရာက ရပ်ဆိုမှရပ်လိုက်ပါ ။
ကလပ်နင်း ဘရိတ်နင်း ဂီယာ free ထား
hand brake ဆွဲ စက်မရပ်ရပါ ။ စက်နှိုးထားတဲ့အတိုင်း ထားပြီးရင် အောင်ပါပြီ ။
🚘 စစ်ဆေးတဲ့ဆရာက မှတ်ချက် ရေးပေးပြီးရင် ပါကင်ဖြေဖို့အတွက် form ထပ်ပါ ။
ပြီးရင် ဘယ်ကားမှာ သွားဖြေရမယ်ဆိုတာကို ပြောပါမယ် ။
ပါကင်ဖြေရင် ခါးပတ်ပတ်စရာမလိုပါ ။
လီဘာမနင်းရ auto gear ကားပါ ။
R ထိုးပြီးတာနဲ့ ဆုတ်ပါ ။
စည်းထဲကွတ်တိ ဝင်ရင်ရပါပြီ ။ ဆလွန်းကားနဲ့မဖြေရပါစေနဲ့ပဲ ဆုတောင်းပါ ။ အဲ့ကားနဲ့ဖြေတဲ့သူတွေက အကျများပါတယ် ။ စတီယာရင် အကုန်မကျိုးပါ ။
🚘 ဖြေဆိုချိန်က 1 မိနစ် 30
🚘 ပါကင်အောင်ရင်
ကောင်တာနံပါတ် 3 သွားပြီး form တွေ အကုန်ပေးပါ ။
ပြီးရင် ကောင်တာ 4 သွား 3000 သွင်းပါ ။
ကောင်တာ 5 မှာ ချလံယူပြီး မျက်စောင်းထိုးနားက အဆောက်အဦး မြေညီမှာ
အာမခံကြေး 5100 သွင်းပြီးရင်
ကောင်တာရှိတဲ့နေရာကိုပြန်လာပြီး ကိုယ့်နာမည်ခေါ်တာကို စောင့်ပါ ။
နာမည်ခေါ်တာနဲ့ ကောင်တာ 6 သွားပြီး
လိုင်စင်ကဒ်ထုတ်ပြီးရင် ပြီးပါပြီ ။
Credit, မူရင်း
🚘🚘🚘🚘
ချစ်ခြင်းများစွာဖြင့်
တစ်ပွဲစား ဦးလှ