Nankang Tyre Myanmar

Nankang Tyre Myanmar Nankang Tyre In Myanmar

လူဘယ်လောက်ကျန်းမာနေပါစေ .. 💪စိတ်ဓာတ် ကြံ့ခိုင်မှု မရှိရင် ဘာမှ လုပ်နိုင်မှာမဟုတ်သလို😇ကား အင်ဂျင်ပါဝါကြီး ဘယ်လောက်ကောင်းက...
02/02/2023

လူဘယ်လောက်ကျန်းမာနေပါစေ .. 💪
စိတ်ဓာတ် ကြံ့ခိုင်မှု မရှိရင် ဘာမှ လုပ်နိုင်မှာမဟုတ်သလို😇

ကား အင်ဂျင်ပါဝါကြီး ဘယ်လောက်ကောင်းကောင်း
တာယာမကောင်းရင်တော့ လီဘာနင်းလေလေ အန္တရာယ်များလေလေပါပဲ 🤔

ဒါကြောင့် မြန်မြန်ဆန်ဆန်နဲ့ လိုရာခရီးကို အန္တရာယ်ကင်းစွာ
ရောက်ရှိစေဖို့အတွက် Nankang NS-25 သာ တပ်ဆင် ထားလိုက်ပါ 😊

Nankang ဆိုတဲ့ အတိုင်း ကွာလတီမှာ ပြောစရာမရှိအောင်
ကောင်းမွန်သလို NS-25 ရဲ့ အားသာချက်တွေကတော့ … 👇

✅ ခရီးဝေးလို့ တာယာပူလာခြင်း ပြသာနာ မရှိခြင်း
✅ တာယာပေါက်ခြင်း ၊ ကွဲခြင်း မရှိခြင်း
✅ Sport Type ကားတွေမှာပါ အသုံးပြုနိုင်ခြင်း
✅ ခြောက်သွေ့တဲ့ လမ်းပေါ်ဖြစ်ဖြစ် ၊ စိုစွတ်တဲ့ လမ်းပေါ်မှာဖြစ်ဖြစ် စိတ်ချစွာ မောင်းနှင်နိုင်ခြင်း
✅ ဆူညံသံ နည်းပါခြင်းကြောင့် ဇိမ်ကျစွာ မောင်းနှင်နိုင်ခြင်း
✅ စတီယာရင် ထိန်းချုပ်ရလွယ်ကူခြင်း
✅ ထူးခြားတဲ့ ပန်းဒီဇိုင်းကြောင့် ကုတ်အား ရုန်းအားကောင်းခြင်း
✅ ဘရိတ် ၊ လီဗာတို့ရဲ့ တုံ့ပြန်မှုကို ကောင်းစွာအထောက်အကူပြုနိုင်ခြင်း
✅ Silica နည်းပညာဖြင့် ထုတ်လုပ်ထားတဲ့အတွက်ကြောင့် ကားကိုထိန်းချုပ်ရာမှာ ပိုမိုလွယ်ကူစေမယ့်အပြင် တာရှည်ခံအောင် အသုံးပြုနိုင်ခြင်း


🏆 အစဉ်အလာကြီးမားပြီး ၊ စွမ်းဆောင်ရည်မြင့် ၊ အာမခံချက် အပြည့်ရှိတဲ့ Nankang တာယာအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်းဆက်ပြီးဖြစ်စေ ၊ Chat Box မှာ ဖြစ်စေ ဆက်သွယ်စုံစမ်းပြီး ဝယ်ယူနိုင်ပါတယ်နော် ။ 😊


♦️Nankang Tyre Myanmar
➖➖➖➖➖
☎️ 09962007084
http://www.nankang-tyre.com/

Tyre Myanmar

ဘာကြောင့် ကားတာယာဟာအရေးကြီးရတာလဲ❓🤔  မိတ်ဆွေတို့လမ်းသွားတဲ့အခါ ဆူးခလုပ်မထိဖို့ ဖိနပ်ဟာအရေးကြီးသလို ကားတစ်စီးလိုရာခရီးကို ...
19/01/2023

ဘာကြောင့် ကားတာယာဟာအရေးကြီးရတာလဲ❓🤔




မိတ်ဆွေတို့လမ်းသွားတဲ့အခါ ဆူးခလုပ်မထိဖို့ ဖိနပ်ဟာအရေးကြီးသလို ကားတစ်စီးလိုရာခရီးကို ဘေးအန္တရာယ်ကင်းစွာသွားလာနိုင်ဖို့ ကားတာယာဟာအရေးကြီးပါတယ်။💯💯💯

ကားတစ်စီးဘယ်လောက်ကောင်းကောင်း၊ တာယာမကောင်းရင် အလွန်အန္တရာယ်များပါတယ်။ အခန့်မသင့်ရင်အသက်အန္တရာယ်ပါထိခိုက်စေနိုင်ပါတယ်။🤕

သက်တမ်းကုန်နေတဲ့တာယာတွေ၊ ပန်းမရှိတော့တဲ့တာယာတွေဟာလဲ လုံခြုံစိတ်ချရမှုမရှိပါဘူး။ ဒီလိုစိတ်ချရမှုမရှိတဲ့ တာယာတွေကိုမလဲပဲဆက်လက်သုံးစွဲနေမယ်ဆိုရင် မိုးရွာတဲ့အခါ၊ လမ်းပေါ်ရေစိုနေတဲ့အခါမျိုးတွေမှာ ကားလမ်းချော်ခြင်း၊ ကားစလစ်ရိုက်ခြင်းတွေဖြစ်တတ်ပါတယ်။💢

ဒီလိုအချက်တွေကြောင့် ကားတာယာဟာ အရေးကြီးတဲ့မော်တော်ကားအစိတ်အပိုင်းဖြစ်နေတာပါ။🔥

ဒါကြောင့် ဒီလိုအရေးကြီးတဲ့အစိတ်အပိုင်းဟာ အရည်အသွေးပိုင်းမှာ စိတ်ချနေရဖို့လိုပါတယ်။ 💯✅

မိတ်ဆွေတို့အနေနဲ့ အရည်အသွေးစိတ်ချရပြီး ခိုင်ခံ့မှုရှိတဲ့ တာယာအမျိုးအစားကိုရှာဖွေနေတယ်ဆိုရင်တော့ စွမ်းဆောင်ရည်မြင့်မားပြီး အရည်အသွေးစိတ်ချရတဲ့ Nankang တာယာ ကိုသာရွေးချယ်ဝယ်ယူဖို့အကြံပြုလိုပါတယ်ခင်ဗျာ။🤗

🏆 အစဉ်အလာကြီးမားပြီး ၊ စွမ်းဆောင်ရည်မြင့် ၊ အာမခံချက် အပြည့်ရှိတဲ့ Nankang တာယာအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်းဆက်ပြီးဖြစ်စေ ၊ Chat Box မှာ ဖြစ်စေ ဆက်သွယ်စုံစမ်းပြီး ဝယ်ယူနိုင်ပါတယ်နော် ။ 😊


♦️Nankang Tyre Myanmar
➖➖➖➖➖
☎️ 09962007084
http://www.nankang-tyre.com/

Tyre Myanmar

‼️ ဟာ … မင်း Box ကားက ရန်ကုန် မန္တလေး နှစ်ခေါက်လောက် သွားရသေးတာ ကားတာယာက မကောင်းတော့ဘူးလား ❓‼️ ဟာ … မြို့တွင်း ပစ္စည်းပိ...
31/01/2021

‼️ ဟာ … မင်း Box ကားက ရန်ကုန် မန္တလေး နှစ်ခေါက်လောက် သွားရသေးတာ ကားတာယာက မကောင်းတော့ဘူးလား ❓

‼️ ဟာ … မြို့တွင်း ပစ္စည်းပို့လို့ မောင်းတာ ၁ လတောင်မပြည့်သေးဘူး ကားတာယာက လဲရတော့မှာလား ❓








🔺 ကိုဗစ်ကာလဖြစ်လို့ ကုန်ပစ္စည်း ပို့ပြီး လမ်းကြောင်းတွေများလို့ အလုပ်တွေရှုပ်နေပါတယ် ဆိုမှ ကားတာယာတွေ ခဏခဏ လဲနေရလို့ စိတ်ညစ်နေပြီလား ❓

🔺 ကုန်စည် စီးဆင်းမှု နှင့် အွန်လိုင်းစျေးဝယ်ယူတာတွေများလာလို့ ဒီကာလမှာ အလုပ်အများဆုံးက ကုန်ကားတွေပါ

🔺 လမ်းကြောင်းတွေ များလာတာနဲ့ အတူ ကုန်ချိန်တွေလည်း အပြည့်တင်ရတာတွေ များလာတော့ ကားတာယာတွေ ခဏခဏ လဲနေရပြီ ဆိုရင်တော့ ပိုင်ရှင်တွေ စိတ်ညစ်ကြမှာ အသေအချာပါ


🔺 မောင်းရတဲ့ သူတွေ အတွက်ကြတော့လည်း ကုန်ချိန်အပြည့်တင်ရင် ကားက မရုန်းနိုင်တော့ ဆီစားတွေများပြီး ဆီတွေ ခဏခဏ ထည့်ရတော့ စိတ်ရှုပ်ရမှာပေါ့

🔺 ရုန်းအားကောင်းအောင် ကုန်ချိန်လျော့ပြီး တင်ပြန်တော့လည်း အလုပ်က မကိုက်

🔺 ပိုင်ရှင်လည်း ငွေ ခဏခဏ မကုန်အောင် ၊ မောင်းတဲ့သူလည်း စိတ်ချယုံကြည်စွာဖြင့် ကုန်ချိန်အပြည့်တင်ပြီး လျင်လျင်မြန်မြန် မောင်းနိုင်ဖို့ ဘာလုပ်ဖို့ လိုမလဲ ❓


🔺 အကောင်းဆုံးနည်းလမ်းက ကားချိန်းလိုက်ဖို့ မဟုတ်ပါဘူး ‼️


✅ တာယာလေးသာ ပြောင်းဖို့ လိုပါတယ်

🥇 ကုန်တင်ကားတွေ အတွက် အထူးသီးသန့် စီမံပြုလုပ်ထားတဲ့ Nankang HA-858 တာယာ လာပါပြီ

🏆 Nankang HA-858 တာယာက ဘာတွေ ကောင်းလို့လဲ ❓
================

◽️ ကွန်ကရစ် ၊ ကပ်တရာ အမြန်လမ်းတွေ အတွက် အသင့်တော်ဆုံး ဖြစ်ခြင်း

◽️ လမ်းကြမ်းကြမ်း ၊ လမ်းချောချော ၊ နေပူပူ ၊ မိုးရွာရွာ အချိန်မရွေး Slip မဖြစ်ပဲ စိတ်ချစွာ မောင်းနိုင်ခြင်း

◽️ တာရှည် အသုံးခံပြီး ဆီစားသက်သာခြင်း

◽️ ဆူညံသံနည်းလို့ ခရီးရှည်တွေမှာ သက်သောင့်သက်သာ မောင်းနှင်နိုင်ခြင်း

◽️ နောက်ဆုံးပေါ်နည်းပညာတွေနှင့် ထုတ်လုပ်ထားသောကြောင့် ဘေးအန္တရာယ်ပြီး မိုင်ပေါင်းများစွာ မရပ်နားပဲ မောင်းနိုင်ခြင်း

◽️ ကျောက်စရစ်ခဲတွေ မညှပ်အောင် ကာကွယ်နိုင်တဲ့ Muti-Angle Furrow Banks တွေကြောင့် ရေရှည်အသုံးပြုနိုင်ပြီး ပြုပြင်ထိန်းသိမ်းစရိတ်ကို လျော့ချနိုင်ခြင်း

🏆 Nankang HA-858 တာယာ အကြောင်းအသေးစိတ် သိရှိလိုပါက အောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ် 👉


http://www.nankang-tyre.com/index.php?active=ProductDetail&item=45





🏆 အစဉ်အလာကြီးမားပြီး ၊ စွမ်းဆောင်ရည်မြင့် ၊ အာမခံချက် အပြည့်ရှိတဲ့ Nankang တာယာအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်းဆက်ပြီးဖြစ်စေ ၊ Chat Box မှာ ဖြစ်စေ ဆက်သွယ်ဝယ်ယူနိုင်သလို ကိုယ်တိုင်ဝယ်ယူချင်တဲ့ မိတ်ဆွေများအနေဖြင့်လည်း 𝐆𝐎𝐋𝐃 𝐒𝐓𝐀𝐑 တာယာဆိုင် ကျွန်းတောလမ်း၊ နာနတ်တောလမ်းနှင့် ဟံသာဝတီလမ်းကြား၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ မှာ လာရောက် ဝယ်ယူနိုင်ပါတယ်နော် 😊




♦️Nankang Tyre Myanmar
➖➖➖➖➖
☎️ 09 430 500 33
☎️ 09 200 708 4
http://www.nankang-tyre.com/

ကားဘီးတွေမှာ Alignment ( အလိုင်းမင့်) မညီတာတွေကြောင့်  ကားတာယာတွေ မညီမညာ စားသွားတာတွေ ၊ ကားမောင်းတဲ့အချိန်မှာ တစ်ဖက်ကို ...
28/01/2021

ကားဘီးတွေမှာ Alignment ( အလိုင်းမင့်) မညီတာတွေကြောင့် ကားတာယာတွေ မညီမညာ စားသွားတာတွေ ၊ ကားမောင်းတဲ့အချိန်မှာ တစ်ဖက်ကို ပါပါ သွားတတ်တာတွေ ကြုံဖူးကြမယ် ထင်ပါတယ် 😇







ကားဘီးတွေ အလိုင်းမင့် မညီဘူး ဆိုရင် ဘာတွေ ဖြစ်လာနိုင်သလဲ ❓
➖➖➖➖➖➖➖➖➖➖➖➖


🛑 အပြင်းအထန်တုန်ခါခြင်း

တစ်နာရီကို ကီလို (၇၀) ဝန်းကျင်နှင့် အထက်နှုန်းနဲ့ မောင်းနှင်တဲ့ အချိန်မှာ ဖြစ်တတ်ပါတယ်။ ကားလမ်းတွေကောင်းနေပေမယ့် ကားအောက်ပိုင်းတွေ ၊ စတီယာရင်တွေ တုန်ခါနေတာမျိုး နှင့် ကားကို ဘယ်ဘက် ညာဘက်တွေ ဆွဲချ သလို ပုံစံတွေ ဖြစ်တတ်ပြီး အရှိန်များလေလေ ပိုပြီးပြင်းထန်လေလေ ဖြစ်တတ်ပါတယ်။




🛑 တာယာကွက်ပြီး ပါးခြင်း

ပုံမှန်အလိုင်းမင့် မှန်နေတဲ့ကားတာယာရဲ့ပန်းတွေဟာ ညီညီညာညာပွန်းစားရမှာဖြစ်ပေမယ့် ကားအောက်ပိုင်းပစ္စည်းတွေ ချို့ယွင်းမှုကြောင့် ပွန်းစားတာတွေ နှင့် အလိုင်းမင့် မညီမျှမှုကြောင့်ဖြစ်တဲ့ တာယာပွန်းစားမှုတွေက ကြည့်ရင်သိသိသာသာ ကွဲပြားပါတယ်။

ပုံမှန်အားဖြင့် လေပေါင်ချိန်ညီညီနဲ့ထိုးထားတဲ့တာယာတစ်လုံးဟာ ကားရဲ့အလေးချိန်ဝိတ်ကို တူညီစွာထမ်းပိုးထားရတာမို့ ကားတာယာနဲ့မြေပြင်ထိတွေ့ပွတ်တိုက်မှုတိုင်း တူတူညီညီမျှမျှတတ ခံစားရမှာဖြစ်ပြီး ညီညီညာညာ ပန်းတွေပွန်းစားရမှာ ဖြစ်ပေမယ့် မညီမျှတဲ့ တာယာတွေမှာတော့ ကားဟာအရှိန်နဲ့ လည်ပတ်လေလေ ကားတာယာနဲ့ မြေပြင်ပွတ်တိုက်မှုတွေက မညီမညာဖြစ်လေဖြစ်ပြီး ထိတဲ့အပိုင်းတွေက ထိ၊ မထိတဲ့ အပိုင်းတွေက မထိဘဲ၊ ထိတွေ့မှုများများခံရတဲ့အပိုင်းတွေက ကားတာယာတွေကို ဟိုတစ်ကွက်၊ ဒီတစ်ကွက် ထိပ်ကွက်တွေဖြစ်ပေါ်စေပါတယ်။

ကားတာယာတွေရဲ့တည်ဆောက်ပုံ ဒီဇိုင်းတွေအရ ပွန်းစားကွက်သွားတဲ့နေရာတွေဟာ ကားရဲ့ဖိအားတွေကို ခံနိုင်ရည်နည်းသွားပြီး အချိန်မရွေး တာယာပေါက်တာ၊ တာယာကွဲတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အမြန်လမ်းမှာ ကားအရှိန်နဲ့သွားနေချိန် ကားတာယာပေါက်တာ၊ ကွဲတာ ဘယ်လိုအန္တရာယ်များတယ်ဆိုတာကတော့ ရှင်းပြဖို့ လိုမယ်မထင်တော့ပါဘူး။




🛑 စတီယာရင်တုန်ခါခြင်း

အလိုင်းမင့် မညီညာမှုတွေကြောင့် ကားဘီးတွေတုန်ခါမှုဖြစ်တဲ့အခါမှာလည်း အဲဒီတုန်ခါမှုတွေက စတီယာရင်ဆီကိုတိုက်ရိုက်အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။

ကားကိုတည်တည်ငြိမ်ငြိမ်နဲ့မောင်းနေတဲ့အချိန်မျိုးတွေ၊ ကားလမ်းညီညီညာညာဖြစ်နေတဲ့အချိန်မျိုးတွေ၊ ပုံမှန်အရှိန်နည်းနည်းနဲ့မောင်းနေချိန်တွေမှာမဖြစ်ဘဲ အရှိန်မြှင့်မောင်းလိုက်တဲ့အချိန်မျိုးတွေမှာထဖြစ်တာတတ်ကို အလိုင်းမင့် မညီတာလို့ ဆိုနိုင်ပါတယ်။





ကားဘီးတွေ အလိုင်းမင့် မညီဘူး ဆိုရင် ဘာတွေ ပျက်စီးနိုင်သလဲ ❓
➖➖➖➖➖➖➖➖➖➖➖➖

🛑 ရှော့ဘား ၊ ဟက်ဘော နှင့် အောက်ပိုင်းဆက်စပ်ပစ္စည်းတွေ ပျက်စီးခြင်း

ကားတာယာ၊ ခွေ နှင့် အဓိက ချိတ်ဆက်ထားတဲ့ပစ္စည်းတွေဖြစ်တဲ့ ဟက်ဘောအထိုင်တွေ နှင့် ကားကို အဓိက ထိန်းညှိပေးတဲ့ ရှော့ဘားတွေ ပျက်စီးနိုင်ပါတယ်။

မလိုအပ်တဲ့ ကားဘီးတုန်ခါမှုတွေ၊ ခုန်သလိုဖြစ်နေတာတွေကြောင့် Impact Load တွေဖြစ်ပေါ်လာပြီး ကားအောက်ပိုင်းဆက်စပ်ပစ္စည်းတွေကို ထိခိုက်စေနိုင်ပါတယ်။




🛑 ကားဆီပိုစားလာခြင်း

အထူးသဖြင့် အဝေးပြေးလမ်းပေါ်မှာဖြစ်တတ်ပြီး တချို့လည်း မြို့တွင်းပုံမှန်အရှိန်နဲ့သွားနေတာမျိုးမှာ တာယာ အလိုင်းမင့် မညီမျှမှုတွေကြောင့်လည်း ကားဆီပိုစားလာတာတွေဖြစ်တတ်ပါတယ်။

ကားဘီး အလိုင်းမင့် မညီညာတဲ့အခါ ကားကိုလိုသလိုအရှိန်တင်တဲ့အချိန်မျိုးတွေမှာ ကားရဲ့ ဘီးတွေက ညီညီညာညာလည်ပတ်ခြင်းမရှိတာကြောင့် လိုအပ်တဲ့အရှိန်ရရှိဖို့ ကားအင်ဂျင်ရုန်းအား ပိုမိုလိုအပ်လာပါတယ်။ ကားအင်ဂျင်မလိုအပ်ဘဲ ပိုရုန်းရတဲ့အခါ ဆီပိုစားလာတာဟာ သဘာဝပါပဲ။




🏆 အစဉ်အလာကြီးမားပြီး ၊ စွမ်းဆောင်ရည်မြင့် ၊ အာမခံချက် အပြည့်ရှိတဲ့ Nankang တာယာအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်းဆက်ပြီးဖြစ်စေ ၊ Chat Box မှာ ဖြစ်စေ ဆက်သွယ်ဝယ်ယူနိုင်သလို ကိုယ်တိုင်ဝယ်ယူချင်တဲ့ မိတ်ဆွေများအနေဖြင့်လည်း 𝐆𝐎𝐋𝐃 𝐒𝐓𝐀𝐑 တာယာဆိုင် ကျွန်းတောလမ်း၊ နာနတ်တောလမ်းနှင့် ဟံသာဝတီလမ်းကြား၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ မှာ လာရောက် ဝယ်ယူနိုင်ပါတယ်နော် 😊





♦️Nankang Tyre Myanmar
➖➖➖➖➖
☎️ 09 430 500 33
☎️ 09 200 708 4
http://www.nankang-tyre.com/

24/01/2021

🌊 ပင်လယ်ကို ဖြတ်ကာ ကျော်ပစ်မယ်
⛰️ တောင်တွေကို ဖြတ်ကာ ကျော်ပစ်မယ်








𝟒 𝐖𝐡𝐞𝐞𝐥𝐬 နဲ့ 𝐒𝐔𝐕(𝐂𝐔𝐕) ကားတွေအတွက် အသင့်တော်ဆုံး 𝐍𝐚𝐧𝐤𝐚𝐧𝐠 𝐀𝐓-𝟓 တာယာ အကြောင်းလေး ပြောပြချင်လို့ပါရှင့် 😊



🏆 ဘာတွေကောင်းလို့လဲ ❓
=============

✅ Zigzag ပုံစံ ပန်းသားတွေကြောင့် ရွံ့ထူတဲ့ လမ်းတွေ ၊ ကျောက်ထူတဲ့ လမ်းတွေ ၊ စိုစွတ်တဲ့လမ်းတွေမှာ အာမနာစတမ်း မောင်းချင်တဲ့ သူတွေအတွက် အဆင်ပြေခြင်း

✅ Interlocking Central Block ပုံစံကြောင့် လမ်းကြမ်းတွေ နှင့် ချော်ချွတ်တဲ့ လမ်းတွေမှာပါ အဆင်ပြေခြင်း

✅ တာယာပန်းများအကြား ကျောက်စရစ်ခဲများ မကပ်ညှိနိုင်ခြင်း

✅ ပန်းအများအပြား ပါဝင်မှုကြောင့် လမ်းကြမ်းတွေမှာ စိတ်ကြိုက် မောင်းနိုင်ခြင်း

✅ လမ်းအကွေ့တွေ နှင့် လမ်းကြမ်းတွေမှာ စတီယာရင် ထိန်းရ လွယ်ကူခြင်း

✅ မြေပြန့် နှင့် တောင်တက် နှစ်မျိုးစလုံး အဆင်ပြေလွယ်ကူစွာ မောင်းနိုင်ခြင်း

✅ Connection Bar Design ကြောင့် တာယာတပ်ဆင်ရာမှာ အဆင်ပြေလွယ်ကူခြင်း

✅ ရာသီဥတု မရွေးမောင်းနှင် နိုင်ခြင်း




🏆 𝐍𝐚𝐧𝐤𝐚𝐧𝐠 𝐀𝐓-𝟓 အကြောင်း အသေးစိတ် သိရှိလိုပါက အောက်ပါ Link မှာလည်း ကြည့်နိုင်ပါတယ်ရှင် 👉

http://www.nankang-tyre.com/index.php?active=ProductDetail&item=48



🏆 အစဉ်အလာကြီးမားပြီး ၊ စွမ်းဆောင်ရည်မြင့် ၊ အာမခံချက် အပြည့်ရှိတဲ့ Nankang တာယာအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်းဆက်ပြီးဖြစ်စေ ၊ Chat Box မှာ ဖြစ်စေ ဆက်သွယ်ဝယ်ယူနိုင်သလို ကိုယ်တိုင်ဝယ်ယူချင်တဲ့ မိတ်ဆွေများအနေဖြင့်လည်း 𝐆𝐎𝐋𝐃 𝐒𝐓𝐀𝐑 တာယာဆိုင် ကျွန်းတောလမ်း၊ နာနတ်တောလမ်းနှင့် ဟံသာဝတီလမ်းကြား၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ မှာ လာရောက် ဝယ်ယူနိုင်ပါတယ်နော် 😊






♦️Nankang Tyre Myanmar
➖➖➖➖➖
☎️ 09 430 500 33
☎️ 09 200 708 4
http://www.nankang-tyre.com/

ကားတာယာတွေ လဲဖို့ လိုအပ်လာတဲ့အခါမှာ ဘယ်လိုတာယာ အမျိုးအစားကို ရွေးချယ်ရမလဲ ဆိုတာကို လူတော်တော်များ ခေါင်းရှုပ်တတ်ပါတယ် 😇 ...
21/01/2021

ကားတာယာတွေ လဲဖို့ လိုအပ်လာတဲ့အခါမှာ ဘယ်လိုတာယာ အမျိုးအစားကို ရွေးချယ်ရမလဲ ဆိုတာကို လူတော်တော်များ ခေါင်းရှုပ်တတ်ပါတယ် 😇






🔺 အခုလက်ရှိ သုံးနေတဲ့ တာယာက အဆင်မပြေတော့လို့ တာယာ အသစ်တစ်လုံး ချိန်းတော့မယ်ဆိုရင် တာယာရဲ့ ခံနိုင်ဝန် နှင့် တာယာမှာ ဖော်ပြထားတဲ့ စာသားတွေကို လူတော်တော်များများက အပြည့်အ၀ နားမလည်ကြပါဘူး



🔺 အလွယ်ဆုံးနည်း အနေဖြင့် လက်ရှိသုံးနေတဲ့ တာယာတွေ အပေါ်က စာသားနဲ့ တူတာတွေကိုပဲ ရွေးချယ်ပြီး ဝယ်ယူတပ်ဆင်ကြပါတယ်


🔺 အလွယ်ဆုံးနည်းနဲ့ ကိုယ်သုံးနေတဲ့ တာယာတွေ အပေါ်က စာသားတွေကို ဘယ်လို သိနိုင်မလဲ ❓



🚘 ဥပမာအားဖြင့် 205 / 55 R16 78 T ဆိုတဲ့ စာတန်းကို ပြောပြချင်ပါတယ်


◾️ တာယာမှာ 205 / 55 R16 78 T ဆိုပြီး ရေးသားထားပြီး P မပါဘူးဆိုရင်တော့ Euro-Metric စနစ်နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပြီး ဥရောပ စံသတ်မှတ်ချက်နဲ့ အချိုးချ ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်


◾️ ပါခဲ့မယ် ဆိုရင်တော့ P က P-Metric တာယာ အမျိုးအစားကို ဖော်ပြတာဖြစ်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ စံစနစ်နဲ့ သတ်မှတ် ထုတ်လုပ်ထားတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်


◾️ နောက်က စာလုံးဖြစ်တဲ့ 205 ကတော့ တာယာရဲ့ Width ကိုပြောတာ ဖြစ်ပြီး ပမာဏ အပေါ်ကို အခြေခံပြီး Width ကလည်း လျော့နိုင်၊ တိုးလာနိုင်ပါတယ်


◾️ နောက်မှာ / ခံပြီး 55 လို့ ဖော်ပြထားတာကတော့ Aspect Ratio ဖြစ်ပြီး ပမာဏ မြင့်လေလေ တာယာက ပိုမြင့်လေလေ ဖြစ်ပါတယ်


◾️ နောက်မှာပါတဲ့ R16 ဆိုတာကတော့ Diameter ပဲ ဖြစ်ပြီးတော့ မိမိရဲ့ ဒစ်ဝှီးအရွယ်အစားနဲ့ ကိုက်ညီမယ့် တာယာကို ရွေးချယ် ဝယ်ယူနိုင်စေဖို့ ဖြစ်ပါတယ်


◾️ နောက်ဆုံးမှာ ဖော်ပြထားတဲ့ 78 ကတော့ Load Index Rating ပဲ ဖြစ်ပြီး ခံနိုင်ဝန်က ပေါင် ၉၃၇ ဖြစ်ပါတယ်


◾️ နောက်ဆုံး အက္ခရာ T ဆိုတာကတော့ တာယာရဲ့ အမြန်ဆုံး မောင်းနှင် လည်ပတ်နိုင်မယ့် နှုန်း Speed Rating Symbol ပဲ ဖြစ်ပါတယ်


◾️ တကယ်လို့ တာယာမှာ T ဆိုတဲ့စာလုံးပါရှိမယ် ဆိုရင်တော့ သင့်မော်ဒယ်ကို တနာရီ ၁၁၈ မိုင် နှုန်းထိအောင် မောင်းနှင်နိုင်မှာပဲ ဖြစ်ပါတယ်



‼️ ကားမောင်းသူတိုင်း မဖြစ်မနေသိသင့်တဲ့ အချက်တွေ ဖြစ်တဲ့ ကားတာယာတွေကို ခံနိုင်ဝန်ထက် ပိုမောင်းရင် တာယာပွင့်ထွက်နိုင်ခြင်း ၊ သတ်မှတ် အမြန်နှုန်းထက် ကျော်မောင်းရင်လည်း တာယာကနေ အားနည်းချက် တခုခုဖြစ်ပြီး မတော်တဆမှု ဖြစ်လာနိုင်ခြင်း ဆိုတာတွေကို တာယာပေါ်က စာသားတွေကို ဖတ်ထားခြင်းင်း အားဖြင့် အကောင်းဆုံး ကြိုတင် ကာကွယ်နိုင်မှာဖြစ်ပါတယ်




🏆 အစဉ်အလာကြီးမားပြီး ၊ စွမ်းဆောင်ရည်မြင့် ၊ အာမခံချက် အပြည့်ရှိတဲ့ Nankang တာယာအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်းဆက်ပြီးဖြစ်စေ ၊ Chat Box မှာ ဖြစ်စေ ဆက်သွယ်ဝယ်ယူနိုင်သလို ကိုယ်တိုင်ဝယ်ယူချင်တဲ့ မိတ်ဆွေများအနေဖြင့်လည်း 𝐆𝐎𝐋𝐃 𝐒𝐓𝐀𝐑 တာယာဆိုင် ကျွန်းတောလမ်း၊ နာနတ်တောလမ်းနှင့် ဟံသာဝတီလမ်းကြား၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ မှာ လာရောက် ဝယ်ယူနိုင်ပါတယ်နော် 😊



♦️Nankang Tyre Myanmar
➖➖➖➖➖
☎️ 09 430 500 33
☎️ 09 200 708 4
http://www.nankang-tyre.com/

17/01/2021

🏆 ဘယ်လမ်းမှ ဂရုမစိုက်ဘူးဆိုတဲ့ 𝟰 𝗪𝗵𝗲𝗲𝗹𝘀 နှင့် 𝗦𝗨𝗩 ကားပိုင်ရှင်များအတွက် အကောင်းဆုံးရွေးချယ် စရာ 🥇 𝐍𝐚𝐧𝐤𝐚𝐧𝐠 𝐌𝐓-𝟏 တာယာ








တာယာအကြောင်းအသေးစိတ် သိရှိလိုပါက အောက်ပါ Link မှာ ဝင်ရောက်ကြည့်နိုင်ပါတယ် 👉


https://www.facebook.com/NankangTyreMyanmar/posts/1528953657295054



🏆 အစဉ်အလာကြီးမားပြီး ၊ စွမ်းဆောင်ရည်မြင့် ၊ အာမခံချက် အပြည့်ရှိတဲ့ Nankang တာယာအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်းဆက်ပြီးဖြစ်စေ ၊ Chat Box မှာ ဖြစ်စေ ဆက်သွယ်ဝယ်ယူနိုင်သလို ကိုယ်တိုင်ဝယ်ယူချင်တဲ့ မိတ်ဆွေများအနေဖြင့်လည်း 𝐆𝐎𝐋𝐃 𝐒𝐓𝐀𝐑 တာယာဆိုင် ကျွန်းတောလမ်း၊ နာနတ်တောလမ်းနှင့် ဟံသာဝတီလမ်းကြား၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ မှာ လာရောက် ဝယ်ယူနိုင်ပါတယ်နော် 😊




♦️Nankang Tyre Myanmar
➖➖➖➖➖
☎️ 09 430 500 33
☎️ 09 200 708 4
http://www.nankang-tyre.com/

🚘  လမ်းပေါ်မှာ အရှေ့ယာဉ်ကို စနစ်တကျ ဘေးအန္တရာယ်ကင်းစွာ ဘယ်လိုကျော်တက်မလဲ ❓                  🚘  ရှေ့ကယာဉ်ကို ကျော်တက်လိုလ...
14/01/2021

🚘 လမ်းပေါ်မှာ အရှေ့ယာဉ်ကို စနစ်တကျ ဘေးအန္တရာယ်ကင်းစွာ ဘယ်လိုကျော်တက်မလဲ ❓







🚘 ရှေ့ကယာဉ်ကို ကျော်တက်လိုလျှင် ဘယ်လိုအချက်တွေ သတိပြုသင့်သလဲ ❓

◾️ မိမိနောက်မှယာဉ်က မိမိယာဉ်ကို ကျော်တက်ရန် ပြင်ဆင်နေခြင်း ရှိ/မရှိ ကြည့်ပါ

◾️ မိမိကျော်တက်လိုသောယာဉ်သည် သူ့အရှေ့ယာဉ်ကို ကျော်တက်ရန် ပြင်ဆင်နေခြင်း ရှိ/မရှိ ကြည့်ပါ

◾️ ကျော်တက်ရန်အတွက် အသုံးပြုမည့်ယာဉ်ကြော ပိတ်ဆို့မှု ရှိ/မရှိ ကြည့်ပါ

◾️ သာမန်အားဖြင့် လက်ဝဲဘက်မှ ကျော်တက်ရမှာ ဖြစ်ပြီး လက်ယာဘက်မှ မကျော်တက်ရပါ

◾️ ကျော်တက်လျှင် လိုအပ်သလို အချက်ပေးပြီး သင့်လျော်သော အကွာအဝေးမှ လွတ်ကင်းစွာ ကျော်တက်ရပါမယ်

◾️ ဝန်လေးမော်တော်ယာဉ်ကို ကျော်တက်လိုလျှင် ရှေ့မြင်ကွင်းကောင်းပြီး လမ်းရှင်းမှ ကျော်တက်ရပါမယ်

◾️ ကျော်တက်ပြီးမူလယာဉ်ကြောသို့ ပြန်ဝင်လျှင် နောက်မှယာဉ်များကို အနှောင့်အယှက် မဖြစ်စေရပါဘူး

◾️ အခြားယာဉ်က မိမိယာဉ်ကို ကျော်တက်နေလျှင် အရှိန်မမြှင့်ပါနှင့် လမ်းပေး၍ ကျော်တက်ခွင့်ပေးရမှာ ဖြစ်ပါတယ်




🚘 ရှေ့ကယာဉ်ကို ကျော်တက်လိုလျှင် ဘယ်လိုအခြေအနေမှာ လက်ယာဘက်က ကျော်တက်ရမလဲ ❓

▫️ ရှေ့ယာဉ်လက်ဝဲကွေ့ရန် အချက်ပြသည့်အခါ

▫️ လမ်းတွင် ယာဉ်ပိတ်ဆို့နေ၍ လက်ယာဘက်လမ်းပွင့်နေသည့်အခါ

▫️ လက်ယာဘက်ယာဉ်ကြောမှ လွတ်ကင်းစွာ လမ်းပြောင်းဝင်သည့်အခါ

▫️ တစ်လမ်းမောင်းတွင် မောင်းနှင်သည့်အခါ




🚘 ဘယ်လို အခြေအနေတွေမှာ မကျော်တက်ရဘူးလဲ ‼

♦️ လူကူးရန် ခွင့်ပြုထားသည့် နေရာများ

♦️ လမ်းဆုံနှင့် လမ်းခွ

♦️ လမ်းထောင့်နှင့် လမ်းကွေ့

♦️ ကုန်းအတက်နှင့် ကုန်းထိပ်

♦️ တံတားအဝင်နှင့် တံတားပေါ်

♦️ လမ်းကျဉ်းအတွင်း

♦️ ဥမင်လိုဏ်ခေါင်းအတွင်း

♦️ လမ်းလယ်မျဉ်းဖြူနှစ်ကြောင်းရှိ လမ်းတစ်လျှောက်

♦️ တစ်ဆက်တည်းမျဉ်းဖြင့် သတ်မှတ်ထားသော ယာဉ်ကြော၊ အံခွက်အတွင်း

♦️ တံခါးရှိနှင့် တံခါးမဲ့ရထားလမ်းနေရာ

♦️ မြင်ကွင်းမကောင်းသည့်အခါ

♦️ အခြား ယာဉ်များအနှောင့်အယှက်ဖြစ်စေနိုင်သည့်အခါ




🏆 အစဉ်အလာကြီးမားပြီး ၊ စွမ်းဆောင်ရည်မြင့် ၊ အာမခံချက် အပြည့်ရှိတဲ့ Nankang တာယာအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်းဆက်ပြီးဖြစ်စေ ၊ Chat Box မှာ ဖြစ်စေ ဆက်သွယ်ဝယ်ယူနိုင်သလို ကိုယ်တိုင်ဝယ်ယူချင်တဲ့ မိတ်ဆွေများအနေဖြင့်လည်း 𝐆𝐎𝐋𝐃 𝐒𝐓𝐀𝐑 တာယာဆိုင် ကျွန်းတောလမ်း၊ နာနတ်တောလမ်းနှင့် ဟံသာဝတီလမ်းကြား၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ မှာ လာရောက် ဝယ်ယူနိုင်ပါတယ်နော် 😊





♦️Nankang Tyre Myanmar
➖➖➖➖➖
☎️ 09 430 500 33
☎️ 09 200 708 4
http://www.nankang-tyre.com/

ကား အကောင်းစားတွေကို စွမ်းဆောင်ရည်အပြည့်နှင့် ရေရှည် အသုံးပြုချင်သူတိုင်းအတွက် တာယာကောင်းကောင်း မဖြစ်မနေကို လိုအပ်ပါတယ် ...
11/01/2021

ကား အကောင်းစားတွေကို စွမ်းဆောင်ရည်အပြည့်နှင့် ရေရှည် အသုံးပြုချင်သူတိုင်းအတွက် တာယာကောင်းကောင်း မဖြစ်မနေကို လိုအပ်ပါတယ် 💪





🔰 ကားဘယ်လောက်ကောင်းကောင်း လိုက်လျောညီထွေမှု မရှိတဲ့ တာယာတွေ ၊ အရည်အသွေး စိတ်မချရတဲ့ တာယာတွေကို အသုံးပြုမယ် ဆိုရင်တော့ ကားအတွက် ရေရှည်မကောင်းသလို မောင်းနှင်တဲ့ အခါမှာလည်း အန္တရာယ်ဖြစ်နိုင်ပါတယ်



🔰 𝐍𝐚𝐧𝐤𝐚𝐧𝐠 တာယာဆိုတာ ဂုဏ်သိက္ခာရှိခြင်း ၊ လက်တွေ့ကျခြင်း နှင့် ဆန်းသစ်တီထွင်ခြင်း ဆိုတဲ့ ဆောင်ပုဒ်အတိုင်း သုံးစွဲသူတွေကို အကောင်းဆုံး စိတ်ကျေနပ်မှုပေးစွမ်းနိုင်ခဲ့တာ နှစ်ပေါင်း (၆၀) ကျော်ခဲ့ပြီ ဖြစ်ပါတယ်



🔰 အစဉ်အလာကြီးမားပြီး ၊ စွမ်းဆောင်ရည်မြင့် ၊ အာမခံချက် အပြည့်ရှိတဲ့အပြင် ကိုယ်ပိုင်ဓာတ်ခွဲခန်း ၊ ကိုယ်ပိုင် စနစ်တကျ တီထွင်ထုတ်လုပ်မှုတွေနှင့်အတူ နိုင်ငံတကာ အရည်အသွေး အသိအမှတ်ပြု လက်မှတ်များစွာ ရရှိထားတဲ့ 𝐍𝐚𝐧𝐤𝐚𝐧𝐠 တာယာတွေကို မြန်မာနိုင်ငံမှာ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်



🥇 ရရှိနိုင်သော တာယာ အမျိုးအစားများ


✅ 𝗣𝗮𝘀𝘀𝗲𝗻𝗴𝗲𝗿 𝗖𝗮𝗿 တာယာများ

✅ 𝗦𝗨𝗩 & 𝟰𝘅𝟰 တာယာများ

✅ 𝗔𝗹𝗹 𝗦𝗲𝗮𝘀𝗼𝗻 တာယာများ

✅ 𝗩𝗮𝗻 & 𝗟𝗶𝗴𝗵𝘁 𝗧𝗿𝘂𝗰𝗸 တာယာများ

✅ 𝗕𝘂𝘀 & 𝗧𝗿𝗮𝗶𝗹𝗲𝗿 တာယာများ



🏆 အစဉ်အလာကြီးမားပြီး ၊ စွမ်းဆောင်ရည်မြင့် ၊ အာမခံချက် အပြည့်ရှိတဲ့ Nankang တာယာအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်းဆက်ပြီးဖြစ်စေ ၊ Chat Box မှာ ဖြစ်စေ ဆက်သွယ်ဝယ်ယူနိုင်သလို ကိုယ်တိုင်ဝယ်ယူချင်တဲ့ မိတ်ဆွေများအနေဖြင့်လည်း 𝐆𝐎𝐋𝐃 𝐒𝐓𝐀𝐑 တာယာဆိုင် ကျွန်းတောလမ်း၊ နာနတ်တောလမ်းနှင့် ဟံသာဝတီလမ်းကြား၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ မှာ လာရောက် ဝယ်ယူနိုင်ပါတယ်နော် 😊



♦️Nankang Tyre Myanmar
➖➖➖➖➖
☎️ 09 430 500 33
☎️ 09 200 708 4
http://www.nankang-tyre.com/

သက်တန့်တွေမှာ အရောင်တွေအများကြီးပါသလို ကားတွေမှာလည်း အရောင်စုံရှိနေပေမယ့် ကားတာယာတွေက အမြဲတမ်း အနက်ရောင် ဘာလို့ ဖြစ်နေသလ...
07/01/2021

သက်တန့်တွေမှာ အရောင်တွေအများကြီးပါသလို ကားတွေမှာလည်း အရောင်စုံရှိနေပေမယ့် ကားတာယာတွေက အမြဲတမ်း အနက်ရောင် ဘာလို့ ဖြစ်နေသလဲဆိုတာကို တွေးမိဖူးလား ❓








🔰 တာယာတွေကို ပြုလုပ်တဲ့ ရာဘာတွေက နို့နှစ်ရောင် ဖြစ်ပေမယ့် တာယာတွေရဲ့ ကြံ့ခိုင်မှုကို ပိုပြီးကောင်းမွန်စေဖို့အတွက် အနက်ရောင်ကာဗွန် တွေကို ပေါင်းထည့်ခြင်းအားဖြင့် တာယာတွေဟာ အနက်ရောင်ဖြစ်လာပါတယ်



🔰 အနက်ရောင်ကာဗွန်တွေက တစ်ခြားသော ပိုလီမာများနှင့် ပေါင်းစပ်ပြီး တာယာပန်းသားတွေကို ကြာရှည်ခံပြီး ပိုမိုခိုင်မာစေရန် ပြုလုပ်ပေးနိုင်သလို အနက်ရောင်အဖြစ်လည်းပြောင်းလဲ စေနိုင်ပါတယ်



🔰 နောက်ပြီး အနက်ရောင် ကာဗွန်တွေက အလွန်ပူတဲ့ နေရာတွေမှာ ကားမောင်းနှင်မယ်ဆိုရင်တောင်မှ တာယာတွေရဲ့ သက်တမ်းကို ပိုပြီး ကြာရှည်ခံနိုင်စေသလို အိုဇုန်းနှင့် UV တို့ကြောင့် တာယာပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်


🔰 အနက်ရောင်ကာဗွန်တွေက ပိုပြီး ကြံ့ခိုင်စေသလို ကားမောင်းတဲ့နေရာမှာလည်း ဘေးအန္တရာယ်ကင်းစေတဲ့အတွက် မောင်းနှင်ရာမှာ ပိုပြီး စိတ်ချနိုင်ပါသေးတယ်


🔰 ကားမောင်းတဲ့နေရာမှာ သက်သောင့်သက်သာဖြစ်ခြင်း ၊ ဘရိတ်ဖမ်းတဲ့နေရာမှာ အဆင်ပြေလွယ်ကူခြင်း နှင့် အကောင်းဆုံး စွမ်းဆောင်ရည်ကို ပေးနိုင်ခြင်းကြောင့် လူတိုင်းအတွက် အကောင်းဆုံးလည်း ဖြစ်ပါတယ်



🔰 တာယာဆိုရင် အနက်ရောင်ပဲ အမြဲတမ်းဖြစ်နေလို့ လူတွေအတွက် အမြင်ရိုးနေနိုင်ပေမယ့် သန့်ရှင်းရေးလုပ်ရတာ လွယ်ပြီး အပေအတေခံနိုင်တာကြောင့် လူတိုင်းကြိုက်နှစ်သက်ကြတာလဲ အသေအချာပါ


🔰 အမှန်တကယ်တော့ တာယာတွေဆိုတာ အလှအပအတွက် အသုံးပြုတာ မဟုတ်ပဲ အသုံးဝင်မှု အတွက်သာ အသုံးပြုကြတာ ဖြစ်တဲ့အတွက် လှနေစရာတော့ မလိုပါဘူး


🔰 တာယာတွေကို ပိုပြီးလှချင်တယ်ဆိုရင်တော့ ခွေတွေ ၊ ဘီးဖုံးတွေကို စိတ်ကြိုက်လှအောင် ပြင်ဆင်လို့ ရနိုင်ပါသေးတယ်


🔰 မောင်းနှင်တဲ့နေရာမှာ ကားကို ပိုပြီးထိမ်းသိမ်း နိုင်ဖို့ ၊ သက်တောင့်သက်သာ ရှိဖို့ ၊ ဘရိတ်စနစ်ကို ကောင်းကောင်း အလုပ်လုပ်စေဖို့ ၊ ပိုပြီး လုံခြုံစိတ်ချတဲ့ မိသားစု ဘ၀ကို ပိုဆိုင်စေဖို့ အတွက်ဆိုရင်တော့ တာယာ တွေကို အနက်ရောင်ကလွဲပြီး ကျန်တဲ့ အရောင်တွေ အသုံးပြုလို့ လုံး၀ မရနိုင်တာ အသေအချာပဲ ဖြစ်ပါတယ်



🏆 အစဉ်အလာကြီးမားပြီး ၊ စွမ်းဆောင်ရည်မြင့် ၊ အာမခံချက် အပြည့်ရှိတဲ့ Nankang တာယာအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်းဆက်ပြီးဖြစ်စေ ၊ Chat Box မှာ ဖြစ်စေ ဆက်သွယ်ဝယ်ယူနိုင်သလို ကိုယ်တိုင်ဝယ်ယူချင်တဲ့ မိတ်ဆွေများအနေဖြင့်လည်း 𝐆𝐎𝐋𝐃 𝐒𝐓𝐀𝐑 တာယာဆိုင် ကျွန်းတောလမ်း၊ နာနတ်တောလမ်းနှင့် ဟံသာဝတီလမ်းကြား၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ မှာ လာရောက် ဝယ်ယူနိုင်ပါတယ်နော် 😊





♦️Nankang Tyre Myanmar
➖➖➖➖➖
☎️ 09 430 500 33
☎️ 09 200 708 4
http://www.nankang-tyre.com/

(၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြု ကြိုဆိုလိုက်ပါတယ် 🇲🇲
03/01/2021

(၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြု ကြိုဆိုလိုက်ပါတယ် 🇲🇲

ကားအမြင့်စီးပြီးတော့ ရွံ့ဗွက်တွေ ၊ ဖုန်တွေ ၊ ကျောက်ခဲတွေ ၊ လမ်းကြမ်းတွေ မြင်တာနဲ့ ကားရပ်ပြီး လမ်းလျှောက်ဖို့ စဉ်းစားနေတာ...
03/01/2021

ကားအမြင့်စီးပြီးတော့ ရွံ့ဗွက်တွေ ၊ ဖုန်တွေ ၊ ကျောက်ခဲတွေ ၊ လမ်းကြမ်းတွေ မြင်တာနဲ့ ကားရပ်ပြီး လမ်းလျှောက်ဖို့ စဉ်းစားနေတာလား ❓

ဖြတ်မောင်းဖို့ရော တွေဝေဖူးလား ❓







ဒီလိုဖြစ်နေပြီဆိုရင်

သေချာတာ တစ်ခုကတော့ 𝑀𝑢𝑑 𝑇𝑒𝑟𝑟𝑎𝑖𝑛 𝑇𝑒𝑟𝑚𝑖𝑛𝑎𝑡𝑜𝑟 လို့ ခေါ်တဲ့ 𝐍𝐚𝐧𝐤𝐚𝐧𝐠 𝐅𝐓-𝟗 တာယာကို မသိသေးလို့ ဖြစ်မှာပါ 🤔



❗️နယ်ဘက်တွေ ခဏခဏ သွားရလို့ပဲ ဖြစ်ဖြစ်

❗️လမ်းကြမ်းတွေပဲ အမြဲသွားနေရတာပဲ ဖြစ်ဖြစ်

❗️တောင်တက် တောင်ဆင်းများတဲ့ နေရာဒေသတွေမှာ နေတာပဲ ဖြစ်ဖြစ်


အဆင်ပြေချောမွေ့စွာ အားမနာစတမ်းမောင်းနိုင်ဖို့ အတွက် မဖြစ်မနေ အသုံးပြုသင့်တဲ့ တာယာ အမျိုးအစားဖြစ်ပါတယ် 🤗



✅ တာယာပန်းသား ထူထပ်သောကြောင့် ကုပ်အားကောင်းမွန်ခြင်း

✅ ရွံ့ဗွက်တွေ ၊ ခဲတွေ ၊ ကျောက်ခဲတွေ ပန်းသားမှာ မကပ်ညှိနိုင်ခြင်း

✅ လမ်းကြမ်းတွေမှာ မောင်းရင် စတိယာရင်ကို ကောင်းစွာ ထိန်းနိုင်ခြင်း

✅ Hook-Shaped Block ပုံစံ ပန်းသား ကြောင့် ဘယ်လို လမ်းကြမ်းမျိုးမဆို ကုပ်အားပိုကောင်းခြင်း

✅ Z-Shaped Zigzag ပုံသဏ္ဍာန်ပုံဖော်ထားတာကြောင့် လမ်းကြမ်းတွေအတွက်အဆင်ပြေခြင်း

✅ ကားအလေးချိန်ကို ကောင်းစွာ ခံနိုင်ရည်ရှိခြင်း

✅ Taiwan Excellece 2012 ဆု ရရှ်ိထားသော တာယာဖြစ်ခြင်း




🏆 ရုန်းအားကောင်းတဲ့ အမြင့်ကား တွေလည်း စီးရတာ သဘောကျတယ် ၊ လမ်းကြမ်းတွေ ရောက်ရင်လည်း အားမနာစတမ်း မောင်းချင်တယ် ၊ ကားရဲ့ စွမ်းဆောင်ရည်ကိုလည်း အကောင်းဆုံး အသုံးချချင်တယ် ဆိုရင်တော့ 𝐍𝐚𝐧𝐤𝐚𝐧𝐠 𝐅𝐓-𝟗 က မိတ်ဆွေအတွက်က လွဲပြီးတော့ ဘယ်သူ့ အတွက်မှ မဟုတ်ပါဘူး ဆိုတာကို ယုံကြည်လိုက်ပါ



Nankang FT-7 အကြောင်း အသေးစိတ် သိရှိလိုပါက အောက်ပါ Link မှာ ဝင်ရောက် ကြည့်နိုင်ပါတယ် 👉

http://www.nankang-tyre.com/index.php?active=ProductDetail&item=7



🏆 အစဉ်အလာကြီးမားပြီး ၊ စွမ်းဆောင်ရည်မြင့် ၊ အာမခံချက် အပြည့်ရှိတဲ့ Nankang တာယာအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်းဆက်ပြီးဖြစ်စေ ၊ Chat Box မှာ ဖြစ်စေ ဆက်သွယ်ဝယ်ယူနိုင်သလို ကိုယ်တိုင်ဝယ်ယူချင်တဲ့ မိတ်ဆွေများအနေဖြင့်လည်း 𝐆𝐎𝐋𝐃 𝐒𝐓𝐀𝐑 တာယာဆိုင် ကျွန်းတောလမ်း၊ နာနတ်တောလမ်းနှင့် ဟံသာဝတီလမ်းကြား၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ မှာ လာရောက် ဝယ်ယူနိုင်ပါတယ်နော် 😊





♦️Nankang Tyre Myanmar
➖➖➖➖➖
☎️ 09 430 500 33
☎️ 09 200 708 4
http://www.nankang-tyre.com/

Address

No. 6 , Kyun Taw Street, Kamayut Township
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+95943050033

Alerts

Be the first to know and let us send you an email when Nankang Tyre Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nankang Tyre Myanmar:

Share

Category