SC Auto Myanmar

SC Auto Myanmar SC AUTO – GLOBAL STANDARDS, LOCAL SUPPORT

01/10/2024

"SC Auto Co.,Ltd (Singapore & Myanmar) ရေဘေးအလှူ"
YAGI တိုင်ဖွန်းမုန်တိုင်းကြောင့် ပဲခူးတိုင်းဒေသကြီး , တောင်ငူခရိုင် အုတ်တွင်း မြို့နယ် , ဒိုးပင်တောင် (ရှမ်းရွာ)တွင်ရှိသော ရေဘေးသင့်အိမ်ခြေ (၂၅၀) အတွက် အိမ်ထောင်စု တစ်စုလျှင် အခြေခံလိုအပ်သော ပစ္စည်းများနှင့် ငွေသား တို့ အား SC Auto ဝန်ထမ်းများမှ သွားရောက် လှူဒါန်းခဲ့ပြီးဖြစ်ပါကြောင်း နှင့် ကူညီရေးအစီအစဉ် ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများအား သိရှိနိုင်စေရန် တင်ပြပေးလိုက်ပါသည်။
အဆိုပါ ရေဘေးအလှူဖြစ်မြောက်ရေးအတွက် SC Auto (Singapore) ရုံးချုပ်/ ရုံးချုပ်မှ ဝန်ထမ်းများ နှင့် SC Auto (Myanmar) ရုံးခွဲ/ ရုံးခွဲမှ ဝန်ထမ်းများ ရုံး(၂)ခုမှ လှူဒါန်း ငွေ စုစုပေါင်း ကျပ် သိန်း 170 ကျော် တို့ဖြင့် လှူဒါန်းပေးခဲ့ခြင်းဖြစ်ပါသည်။
အုတ်တွင်းတွင် လှူဒါန်းခဲ့သည့်ပစ္စည်းများအနေဖြင့် (၂)ယောက်အိပ်စောင်, တီရှပ်, ဆေးဝါးများ, ခေါက်ဆွဲခြောက် , မုန့်ကြွပ် , ဘီစကစ်များ, ပန်းကန်ခွက်ယောက်များ , ဖယောင်းတိုင်, ဓါတ်ဆား , အသင့်စား ငါးသေတ္တာဘူးများ နှင့် ငွေသားတို့ဖြစ်ပါသည်။
SC Auto (Singapore) ရုံးချုပ်မှလည်း မြန်မာနိုင်ငံ ရေဘေးဒဏ်သင့် ပြည်သူများကို စာနာစိတ်ဖြင့် တတ်နိုင်သမျှ လိုအပ်သော ပံ့ပိုးကူညီမှုများ ပေးအပ်ခဲ့ပါသည်။
SC Auto (Myanmar) ဘက်မှ ဝန်ထမ်းများအနေဖြင့် ရာသီဉတုဆိုးရွားနေပေသော်ငြား လှူဒါန်းရာနေရာသို့ ခက်ခက်ခဲခဲသွားရောက်ခဲ့ပြီး လှူဒါန်းမူပစ္စည်းများအား အိမ်ထောင်စု အားလုံးထံသို့ လက်ဝယ်လှူဒါန်းပေးနိုင်ခဲ့ပါသည်။

As a result of Typhoon Yagi, SC Auto employees have visited and donated basic materials and cash to 250 flood-affected houses located in Bago Region, Taung Ngu District, Ook Twin Township, and Do Pin Taung (Sham Village).
In order to make the disaster relief possible, SC Auto (Singapore) head office and employees made a collective contribution, SC Auto (Myanmar) branch and branch employees made a collective contribution and donations from two (2) offices totaled more than (170,000,000MMK)
The items donated are blankets, t-shirts, medicines, dry noodles, bread, biscuits, tableware, candles, sardine cans and cash.
SC Auto (Singapore) head office also provided the necessary support as much as possible in sympathy with the people affected by the floods in Burma.
On the part of SC Auto (Myanmar) employees, despite the bad weather, they went to the donation site with difficulty and were able to donate the donated items to all the households.

🎄🎁Merry Christmas and Happy New Year!! 🎊🎉May this new year all your dreams turn into reality and all your efforts into g...
24/12/2023

🎄🎁Merry Christmas and Happy New Year!! 🎊🎉

May this new year all your dreams turn into reality and all your efforts into great achievements. Wishing from SC Auto Myanmar family, you all safe, have fun, joy, peace, love, care, luck and success ahead!

နှစ်သစ်မှာ အခက်ခဲများကို အောင်အောင်မြင်မြင်ကျော်လွှားနိုင်ပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာ နှင့် ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝပါစေကြောင်း SC Auto Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။


📣🚍SC Neustar ကားကြီးများကို ဝယ်ယူထားသော ယာဉ်ပိုင်ရှင် များအနေဖြင့် လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ ခရီးသည်များ သက်တောင့်သက်...
14/12/2023

📣🚍SC Neustar ကားကြီးများကို ဝယ်ယူထားသော ယာဉ်ပိုင်ရှင် များအနေဖြင့် လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ ခရီးသည်များ သက်တောင့်သက်သာရှိစေရန် ထိုင်ခုံ အရေအတွက် အနေအထားများပြုပြင် ပြင်ဆင်ခြင်း အစရှိသော လုပ်ငန်းများကိုလည်း SC Auto Myanmar ရဲ့ Production နှင့် After-sales service support team တို့ပူးပေါင်း၍ အကောင်းဆုံးနှင့်စိတ်အချရဆုံး ပြင်ဆင်ဖန်တီးမှုများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ ယာဉ်မောင်းများမှလည်း SC Autoမှ ပြုပြင် ပြင်ဆင်မှုများအတွက် စိတ်တိုင်းကျကျေနပ်ရပြီး ခရီးသည်များအတွက် ပိုမိုစိတ်တိုင်းကျစေသော ယာဉ်အတွင်းခန်းများကိုလည်း ပြုပြင် ပြင်ဆင်ပေးထားပါသည်။ ကြမ်ခင်းပြောင်းလဲပေးခြင်း၊ ထိုင်ခုံများ ပြုပြင်ပြောင်းလဲပေးခြင်း နှင့် အခြားသောကားအတွင်းခန်း ပြင်ဆင်မှုအမျိုးမျိုးတို့အတွက် SC Auto Myanmar မှ ဝန်ဆောင်မှုအပြည့်အဝပေး လျက်ရှိပါသည်။ 🔧🛠🔩💯✅

💯💡According to SC Neustar Bus owner requirements (to be comforted the passengers), production နှင့် after-sales service support team of SC Auto Myanmar switches the seat units and other renovations with the best quality which is working in progress and work completed in time. Express bus operators are happy with our quality repair works, and now they want to renovate their old buses interior to upgrade their buses for their passengers. SC Auto Myanmar able to change flooring, changing of seats, and interior improvements works to renew the buses. 🔧🛠🔩💯✅


SC Neustar CB40 2-axle ဘတ်စ်ကားသစ်ကြီး (၄) စီးအား Shwe Mandalar Express Co., Ltd. ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ခရီး...
07/11/2023

SC Neustar CB40 2-axle ဘတ်စ်ကားသစ်ကြီး (၄) စီးအား Shwe Mandalar Express Co., Ltd. ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ခရီးသည်များ သက်တောင့်သက်သာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ၊ စိတ်အေးချမ်းသာစွာ ခရီးသွားလာနိုင်ရေးအတွက် ဥရောပစံချိန်စံနှုန်းမီ SC Neustar အဆင့်မြင့်ဘတ်စ်ကားကြီးများကို ဝယ်ယူအားပေးသော Shwe Mandalar Express Co.,Ltd. အား SC Auto (Myanmar) Co., Ltd. မှ ကျေးဇူးအထူးတင်ရှိကြောင်းနှင့် Shwe Mandalar ၏စျေးကွက်ချဲ့ထွင်မှုတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
နောင်အနာဂတ်တွင် Shwe Mandalar ၏စီးပွါးရေးလုပ်ငန်းများ ဆထက်ထမ်းပိုး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ပြည်တွင်းထုတ်ကုန်ဖြစ်သည့် မြန်မာပြည်ထုတ် SC Neustar ကိုယုံယုံကြည်ကြည်နှင့် ဝယ်ယူအားပေးကြသူမိတ်ဆွေအပေါင်းအားလည်း ကျေးဇူးအထူးပင်တင်ရှိပါသည်။

More SC Neustar CB40, 2-axle buses are running on the road now! It is our greatest pleasure to deliver these buses to Shwe Mandalar Express today.

Thank you very much Shwe Mandalar Express Co., Ltd. for purchasing these European standard SC Neustar buses which can ensure passengers’ safety and comfort. We are happy and honored to be part of Shwe Mandalar’s market expansion.

We wish you good luck and more success for your business.

Thank you, Myanmar, for the trust and support for the locally made in Myanmar bus, SC Neustar.

မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူး အခါသမယတွင် မိတ်ဆွေအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ စီးပွါးတိုးတက်ခြင်းများနှင့် လိုအင်ဆန္...
20/01/2023

မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူး အခါသမယတွင် မိတ်ဆွေအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ စီးပွါးတိုးတက်ခြင်းများနှင့် လိုအင်ဆန္ဒများ ပြည့်စုံပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းပို့သအပ်ပါသည်။
Wishing you Abundant Luck, Wealth, and Great Opportunities in the Coming Year! Happy Chinese New Year!

12/04/2022
Congratulations to DAF Truck N.V!
08/04/2022

Congratulations to DAF Truck N.V!

Congratulations to DAF for receiving the "Best Two-axle Lightweight Rigid Truck" at the prestigious Fleet News Award '22!

DAF’s city distribution truck, the unsurpassed LF series, dominates the UK’s 7.5-tonne truck market and it’s easy to see why: excellent reliability, competitive pricing and the best dealer back-up in the business give fleets huge confidence in the truck.
It is also ergonomically designed with the driver in mind, with a good sized, well equipped, comfortable cab. It’s the proven choice across all types of fleet activity.

မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူး အခါသမယတွင် မိတ်ဆွေအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ စီးပွါးတိုးတက်ခြင်းများနှင့် လိုအင်ဆန္...
31/01/2022

မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူး အခါသမယတွင် မိတ်ဆွေအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ စီးပွါးတိုးတက်ခြင်းများနှင့် လိုအင်ဆန္ဒများ ပြည့်စုံပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းပို့သအပ်ပါသည်။

Wishing you Abundant Luck, Wealth, and Great Opportunities in the Coming Year! Happy Chinese New Year!

💵Sales, Services 🔧& Spare Parts⚙️လုပ်ငန်းသုံးကားကြီးလောကမှာ ကားသစ်တွေ၊ ကားကောင်းတွေ ဘာလို့သုံးရသလဲ ဆိုရင် ကားအတွက် ပြုပြ...
13/01/2022

💵Sales, Services 🔧& Spare Parts⚙️

လုပ်ငန်းသုံးကားကြီးလောကမှာ ကားသစ်တွေ၊ ကားကောင်းတွေ ဘာလို့သုံးရသလဲ ဆိုရင် ကားအတွက် ပြုပြင်ထိမ်းသိမ်းတဲ့ စရိတ် နဲ့ ကားပြင်ဆင်တဲ့လုပ်ငန်းအဆင့်ဆင့် အတွက် စိတ်ရှုပ်မခံချင်လို့ပါ။
Commercial Vehicles (လုပ်ငန်းသုံးယာဉ်) တွေဟာ ယာဉ်ကြံ့ခိုင်ရေးကောင်းနေ‌လေ လုပ်ငန်းတွင်ကျယ်လေ ဖြစ်ပြီး ရင်းနှီးသူလုပ်ငန်းရှင်အတွက် အကျိုးအမြတ်ရလေ ဖြစ်မှာပါ။
အထူးသဖြင့် ခရီးသည်တင်အဝေးပြေး Express ယာဉ်လိုင်းတွေရဲ့ အဓိကလုပ်ငန်းက သယ်ယူပို့ဆောင်ခြင်းပါ၊
ပျက်တဲ့ ကားတွေကို ပြင်နေရင်း အချိန်တွေကုန်ဆုံး Down Time တွေများ ပြီး ပတ်ချာလည်နေရင် မူလ ရည်မှန်းချက်ဖြစ်တဲ့ လုပ်ငန်းရဲ့ Core Business ကို ရိုက်ခတ်ပါတယ်။ ယာဉ်ပိုင်၊ ယာဉ်မောင်း၊ ခရီးသည် အဘက်ဘက်က ဘေးကင်းလုံခြုံစွာ စိတ်အေးချမ်းသာယာစွာ အသုံးပြုမောင်းနှင်စီးနင်းမှုကို ပေးစွမ်းနိုင်စွမ်း ရှိရမယ်ဆိုတဲ့ Global Standards, Local Support ဆိုတဲ့ SC AUTO ရဲ့ Brand slogan အတိုင်းပဲ ကမ္ဘာ့အဆင့် နည်းပညာမြင့် ကားမျိုးနဲ့ ပြည်တွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုအခန်းကဏ္ဍအတွက် ဂုဏ်သရေရှိရှိ ဝင်ရောက် ဝန်ဆောင်ထောက်ပံ့ပေးနိုင်ဖို့ကိုတော့ Sales, Services နဲ့ Spare Parts တွေကိုလဲ သေချာစနစ်တကျ ကြိုတင်ပြင်ဆင်ထားပါတယ်။ SC Neustar ကိုဝယ်ယူထားတဲ့ လုပ်ငန်းရှင်တွေ အတွက် After Sales Service အတွက်ကိုတော့ ၂၄-နာရီ Hotline နဲ့ ကားကဘယ်နေရာမှာ ချို့ယွင်းမှုဖြစ်နေပါစေ အချိန်မရွေး၊ နေရာမရွေးရောက်ရှိလာပေးမယ့် Mobile Service ဝန်ဆောင်မှု ကို ပေးထားမှာဖြစ်ပါတယ်။
-----------------
⚙️Spare Parts⚙️

ကားကြီးတစ်စီးလုံးတောင် ဒီမှာ အစအဆုံး တပ်ဆင်ထုတ်လုပ်တာဖြစ်တော့ အပိုပစ္စည်းအတွက်တော့ စိတ်ပူစရာမလိုပါဘူး၊ SC AUTO စက်ရုံက နှစ်ထပ်ဂိုဒေါင်ထဲမှာ parts အကုန် အရန်သင့် ထားရှိပေးပြီးသားပါ။ နောက်ပြီး SC AUTO Service မှာ SC AUTO ကားတွေတင်သာမက လုပ်ငန်းရှင်တို့ဆီမှာ လက်ရှိ အသုံးပြုနေတဲ့ ဘယ်လိုအမျိုးအစား Bus ကားဖြစ်ပါစေ Services လုပ်လို့ရနိုင်မှာဖြစ်ပြီးတော့ သင့်တင့်တဲ့ဈေးနှုန်းနဲ့ SC Auto ရဲ့ ကျွမ်းကျင်တဲ့ Service Engineer များမှ ဝန်ဆောင် ပြုပြင်ပေးသွားမှာ လို့လဲသိရပါတယ်။ ကားနဲ့ပတ်သက်ပြီး လိုအပ်တဲ့ service ဝန်ဆောင်မှု အပြည့်အစုံပေးဖို့အတွက် စွမ်းဆောင်ရည်အပြည့် ရှိပါတယ်။ နောက်ပိုင်းမှာ Trucks ကားတွေအတွက် ပြုပြင်ထိန်းသိမ်းရေးအပိုင်းကိုလဲ ထပ်မံတိုးချဲ့သွားဖို့ ရည်ရွယ်ထားပါတယ်။

🛠 Accident Repairs 🛠

အာမခံကုမ္ပဏီများနဲ့ ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့် မတော်တဆမှုများကြုံလာတဲ့အခါမှာ စက်ရုံကို ကားထိုးပေးရုံနဲ့ SC Auto က အာမခံကုမ္ပဏီဘက်က တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး လိုအပ်တာများကို အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကားဘော်ဒီအစိတ်အပိုင်းအားလုံးကို ပြည်တွင်းမှာပဲထုတ်လုပ်တာ ဖြစ်တဲ့အတွက်ကြောင့် မတော်တဆထိခိုက်မှုကို ပြန်လည်ပြင်ဆင်ရင်လည်း နဂိုမူလရုပ်အတိုင်း အကောင်းပကတိပြန်ဖြစ်အောင် အလျင်မြန်ဆုံး ပြုပြင်ပေးသွားနိုင်မှာဖြစ်ပါတယ်။
-----------------------------------

SC AUTO ရဲ့ ရည်ရွယ် မားကတ် က ဘယ်လိုလဲ ရှင်းပြချင်ပါတယ်။
Global Standards, Local Support ဆိုတဲ့ SC AUTO ရဲ့ ဆောင်ပုဒ်အတိုင်း ကမ္ဘာ့အဆင့်မှီ ဥရောပ စံချိန်စံနှုန်း ၊ ဥရောပ ပစ္စည်းအစိတ်အပိုင်းများနဲ့ အဆင့်မှီ တည်ဆောက်ဖန်တီးထားပြီး ပြည်တွင်း လုပ်ငန်းရှင်တို့ လက်လှမ်းမှီ နိုင်လောက်တဲ့ ဈေးနှုန်း နဲ့ ဝန်ဆောင်မှု ပေးနိုင်တယ်ဆိုတာ ပါပဲ။
ဥရောပအဆင့်အတန်းမှီ ကားတွေလိုမျိုး ကားအရည်အသွေးပိုင်း စိတ်ချ ယုံကြည်ရမှုရယ်၊ ဥရောပ ကားတွေထက် ဈေးနှုန်း သက်သာမှု၊ ဝန်ဆောင်ဂရုစိုက်မှု တို့မှာ ပိုမိုတာဝန်ယူ ဝန်ဆောင်မှုပေးမှုရယ် ကြားက Market Gap မှာ SC AUTO ဟာ သေချာ အကွက်ချ နေရာယူထားပါတယ်။ တိတိကျကျပြောရရင် SC AUTO ဆိုတာ ဥရောပကားတွေလို အရည်အသွေးမြင့်ကာ အရင်းအနှီးတစ်ခု များပြီး ၊ ဥရောပ ကားတွေလို ထပ်တူညီတဲ့ အရည်အသွေး အဆင့်အတန်းမျိူးနဲ့ ဥရောပ ကားတွေလောက် ဈေးမသုံးရပဲ ရမယ့် ကားမျိုးပါ။

အနှစ်ချုပ်အရပြောရရင် -

❤️ SC AUTO ဟာ မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးကဏ္ဍနဲ့ ခရီးသွားလုပ်ငန်းကဏ္ဍတွေမှာ ဂုဏ်ယူစရာ အခင်းအကျင်းမျိုးနဲ့ ပေါ်ထွက်လာတာတာဖြစ်ခြင်း

🤍 ကမ္ဘာ့အဆင့်မီ ဥရောပပစ္စည်း၊ဥရောပစံချိန်စံနှုန်းနဲ့ ဥရောပ အသိအမှတ်ပြု စင်္ကာပူနိုင်ငံရှိ SC Auto စင်ကာပူကုမ္ပဏီတွင် ၁၀ နှစ်ကျော် ကားထုတ်လုပ်ငန်းအတွေ့အကြုံရှိပြီး လေ့ကျင့်သင်ကြားထားသော မြန်မာပညာရှင်များမှ ပြည်တွင်းတွင် အစအဆုံး (Chassis Parts မှလွဲ‌၍) တပ်ဆင်ထုတ်လုပ်ထားခြင်း

❤️ တပ်ဆင်ထုပ်လုပ်ပြီးသော ကားတစ်စီး စီတိုင်းကို အဆင့်ဆင့် အသိအမှတ်ပြုလက်မှတ် ၊ European Homologation နဲ့ ထပ်တူညီအောင် စစ်ဆေးစမ်းသပ်ခြင်း

🤍 မြန်မာနိုင်ငံမှာတပ်ဆင်ထုတ်လုပ်တာဖြစ်တာကြောင့် Aftersales Service နဲ့ အထွေထွေ ဝန်ဆောင်မှု တို့နဲ့ပတ်သတ်ပြီးတော့လည်း အထွေအထူး စိတ်ပူစရာမရှိခြင်း
❤️ Built in Myanmar လို့ မထင်ရအောင်ပဲ အပေါ်မှာ ပြောသွားတဲ့ သူ့မှာပါဝင်တဲ့ Function တွေ Accessory တွေဟာ ဥရောပနဲ့ အာရှထိပ်သီးနိုင်ငံတွေမှာ လက်ရှိ အသုံးပြုနေတဲ့ ကားတွေနဲ့ တစ်ထပ်တည်း သော စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

SC AUTO (Myanmar) ကို ဆက်သွယ်ချင်ရင်တော့
အမှတ် (၁၈၈, ၁၈၉)၊ ဇေကမ္ဘာ ၁၀-လမ်း၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့

မစုမြတ်နိုင်အောင်
Sales & Marketing Manager
09-88300 3837

ကိုထွန်းလင်းစိုး
Aftersales Manager
09-88300 3840
တို့ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။

🚍Interior🚍အခြားစျေးကွက်ထဲကကားတွေနဲ့ မြင်သားကျနေတဲ့ သူမျက်စိမှာတော့ SC Neustar ရဲ့ အတွင်းခန်း ဆင်ယင်မှုက တော်တော်လေး မျက်...
06/01/2022

🚍Interior🚍

အခြားစျေးကွက်ထဲကကားတွေနဲ့ မြင်သားကျနေတဲ့ သူမျက်စိမှာတော့ SC Neustar ရဲ့ အတွင်းခန်း ဆင်ယင်မှုက တော်တော်လေး မျက်စိရှင်းပြီး ဥရောပဆန်စွာ တည်ငြိမ်အေးဆေးတဲ့အလှ ဖြစ်နေပါလိမ့်မယ်။
Seating Layout 2+2/2+1/1+1 တွေကတော့ ဝယ်ယူသူစိတ်တိုင်းကျ တပ်ဆင်လို့ရဖို့အတွက် အခြားကားတွေနဲ့မတူဘဲ SC Neustar လိုက်တန်းတွေရဲ့ ကြမ်းခင်းမှာ Aluminium Rail တွေ မြှုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့် ခုံအဖြုတ်အတပ် လွယ်ကူမြန်ဆန်တဲ့ အပြင် ခုံ (၂) တန်းကြားက လိုချင်တဲ့အကွာအဝေးကိုလည်း စိတ်ကြိုက် ချိန်ညှိနိုင်မှာဖြစ်ပါတယ်။

Ceiling Decorations, Side Wall Covering တွေဟာ သပ်သပ်ရပ်ရပ် ရှင်းရှင်းလင်းလင်းနဲ့ လိုအပ်သလောက် တန်ဆာဆင်ယင်မှုကိုသာ တွေ့ရမှာဖြစ်ပြီး အခြားကား တွေလောက် မီးများများနဲ့ ခပ်ဆန်းဆန်း အလှဆင်မှု ကိုတော့ ဥရောပ အငွေ့အသက်လွှမ်းတဲ့ သူ့မှာ တွေ့ရမှာ မဟုတ်ပါဘူး။
Safety အတွက် အရေးပေါ် မှန်ခွဲတူ ၊ Rooftop Emergency Hatch Door တွေ ကို စနစ်တကျတပ်ဆင်ပေးထားတာ တွေ့ရတယ်။
ခုံတွေက 2+2 ရော 2+1 ရော မှာ ထိုင်ရတာ သက်တောင့်သက်သာ ရှိတယ်၊ ရှေ့ခုံနောက်ခုံ ခြေဆန့်လက်ဆန့် ကျယ်ဝန်းတယ်၊ ခုံတွေတိုင်းမှာ တစ်ကိုယ်ရေသုံး Electronic Devices တွေ ဖြစ်တဲ့ Smart Phone, Tablet တို့ အားသွင်းလို့ရတဲ့ USB Chargerလေးတွေ တပ်ဆင်ပေးထားတယ်။

လိုက်တန်းမို့ ကားအလျားပိုရှည်လာတဲ့အခါ ခရီးသည်အတက်အဆင်း အဆင်ပြေသက်သာစေဖို့အတွက် ခရီးသည် အတက် အဆင်းပေါက်ကိုတော့ 2 ခုထားရှိပေးထားပါတယ်။ ဒုတိယအတက်အဆင်းပေါက်ကိုတော့ မြင်တွေ့နေကြလို ခါးပေါက် မဟုတ်ပဲ ကားရဲ့ အနောက်ပိုင်းအနားမှာ တပ်ဆင်ထားတာတွေ့ရမှာပါ။ ခါးပေါက်တွေနဲ့ ယှဉ်ရင် အားသာချက်အနေနဲ့ကတော့ ယာဉ်ပိုင်ရှင်တွေအတွက် ကုန်တင်ခန်းဧရိယာ နေရာလဲ မပျောက်သလို ခရီးသည်တွေအတွက်လဲ အဆင်ပြေစေတာပါပဲ။

နောက် ထူးခြားချက်အနေနဲ့ ကတော့ Front Windshield ရှေ့လေကာမှန်ကြီးကိုသာမက ခရီးသည်ဘေးက Passenger Window တွေကိုပါ မိနစ်ပိုင်းအတွင်း မြင်ကွင်းကြည်လင်သွားအောင် လုပ်ပေးနိုင်တဲ့ အပူပေးစနစ်ကို အသုံးပြုလို့ရပြီး ခရီးစဉ်တွေတိုင်းမှာ ပြတင်းပေါက်မှန်အပြင်ဘက်က သဘာဝအလှတရားတွေကို ရာသီဥတုအခြေအနေမရွေး ခံစားလို့ရနေမှာပါ။

ဒီလို အသက်ရှူလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါဆိုးကြီး ဖြစ်နေတဲ့အချိန်မှာ ခရီးသွားပြည်သူတွေအတွက် ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို ဖယ်ရှားပေးမယ့် အိုဇုန်းလေသန့်စင်စနစ်ကို SC Neustar ရဲ့ အဲကွန်းစနစ် မှာ တပ်ဆင်ပေးထားတဲ့အတွက်ကြောင့် ကားတွင်းလေထုကို ခရီးလမ်းတလျှောက်လုံး သန့်စင်ပေးနေပြီး ဘယ်ကားမှာမှ မရှိသေးတဲ့ New Normal Coach တစ်စီးလို့ ပြောလို့ရပါတယ်။ နောက်ပြီး Aircon ရော Heater ပါ function 2-မျိုးလုံးပါဝင်လို့ ဥတုသုံးပါးမရွေး သက်တောင့်သက်သာရှိစွာ ခရီးသွားလာနိုင် မှာလဲ ဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံရှိ SC Auto ကုမ္ပဏီမှာ ၁၀ နှစ်ကျော် လုပ်ငန်းအတွေ့အကြုံရှိပြီး လေ့ကျင့်သင်ကြားထားတဲ့ မြန်မာအင်ဂျင်နီယာတွေရ...
30/12/2021

စင်္ကာပူနိုင်ငံရှိ SC Auto ကုမ္ပဏီမှာ ၁၀ နှစ်ကျော် လုပ်ငန်းအတွေ့အကြုံရှိပြီး လေ့ကျင့်သင်ကြားထားတဲ့ မြန်မာအင်ဂျင်နီယာတွေရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းတွေ ပေါင်းစပ်ပြီးတော့ အားလုံး မြင်ဖူးနေကြဖြစ်တဲ့ လိုက်တန်းတွေနဲ့ မတူ၊ ထူးကဲတဲ့ ဖန်တီးတည်ဆောက်မှု အနုပညာတွေနဲ့ နည်းပညာမှာလဲ ထင်မထားလောက်ရအောင် 𝐒𝐂 𝐍𝐞𝐮𝐬𝐭𝐚𝐫 𝟑-𝐚𝐱𝐥𝐞 ကို ဘယ်လို လက်စွမ်းပြထားသလဲ ကြည့်ကြရအောင်ပါ။

🚍𝐁𝐨𝐝𝐲 𝐀𝐫𝐜𝐡𝐢𝐭𝐞𝐜𝐭𝐮𝐫𝐞 & 𝐁𝐨𝐝𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐀𝐫𝐭🚍

မြင်ဖူးနေကြ သံသား ကိုယ်ထည်တွေနဲ့ တည်ဆောက်ထားတဲ့ ကားတွေနဲ့ မတူဘဲ
SC Neustar တစ်စီးလုံး (body+chassis) ရဲ့ structure ကို သံချေးအလွယ်တကူမတက်နိုင်တဲ့ ဥရောပ (ဖင်လန်နိုင်ငံ) ထုတ် ferritic stainless steel နဲ့တည်ဆောက်ထားပြီးတော့ body panel တွေကို Aluminium နဲ့ ပြုလုပ်ထားတာပါ။
ဒီလိုအားဖြည့်ထားမှုတွေကြောင့် ကိုယ်ထည် ကြံ့ခိုင်မှုမှာ ရိုးရိုး သံသားကိုယ်ထည်တွေထက် သာလွန်သလို ယာဉ်တစ်စီးလုံးအလေးချိန်လည်း ပေါ့ပါးလျင်မြန်စေတော့ ပေ (၅၀) နီးပါးရှည်တဲ့ 𝐒𝐂 𝐍𝐞𝐮𝐬𝐭𝐚𝐫 𝐂𝐓𝟒𝟎 လိုက်တန်းဟာ တစ်စီးလုံး အလေးချိန် 15 တန်ပဲ ရှိပါတယ်။

ဝယ်ယူသူ Customer များစိတ်ကြိုက် ဆေးရောင်ပေါင်းများစွာနဲ့ရနိုင်တဲ့အပြင် ဥရောပက ဆေးကို အသုံးပြုထားပြီးတော့ Customer လိုချင်တဲ့ ဆေးဒီဇိုင်းကာလာကို အတွေ့အကြုံရှိ ဆေးမှုတ်ပညာရှင်များက ဆေးပေါင်းခန်းထဲမှာ စနစ်တကျမှုတ်ပေးတာဟာ SC Neustar ရဲ့ စံနှုန်းတစ်ခုပေါ့။ ခုလိုခြယ်မှုန်းတဲ့ နည်းစနစ်ကြောင့် အင်မတန်ကောင်းမွန်ပြီး ကြာရှည်ခံတဲ့ ဆေးသား quality ကိုရရှိမှာဖြစ်ပါတယ်။
ဘယ်ကားမှာမှ မရှိသေးတဲ့ SC Neustar ရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ Luggage Compartment (အောက်ဘောက်၊ ကုန်တင်ခန်း)မှာပါ။ သူ့ရဲ့ ကြီးမားကျယ်ဝန်းတဲ့ ကုန်တင်ခန်းမှာ ပန်း/ ကုန်စိမ်း အစရှိတာတွေကို လတ်လတ် ဆတ်ဆတ် သယ်ယူနိင်အောင် Aircon တပ်ဆင်ထားတာ SC Neustar မှာပဲ တွေ့ရမှာပါ။ အောက်ဘောက်မှာတပ်ဆင်ထားတဲ့ Aircon အတွက် control ကိုသီးသန့်တပ်ဆင်ပေးထားရုံသာမက၊ Aircon pipe line တွေကိုပါ သီးသန့်တစ်လိုင်းပြေးထားပေးတာမို့လို့ ကုန်တင်ခန်းကအနံ့တွေ ခရီးသည်စီးနင်းလိုက်ပါတဲ့နေရာကို ရောက်မှာ မစိုးရိမ်ရပါဘူး။ နောက်ပြီး Luggage Compartment Doors (ဘောက်တံခါး) တွေကလဲ ယာဉ်မောင်းက ခလုပ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့ Auto အဖွင့်အပိတ် နဲ့ရမှာပါ။

🚍𝐂𝐡𝐚𝐬𝐬𝐢𝐬 🚍

SC ရဲ့ Chassis မှာ Europe Brand & Parts တွေချည်းပဲ သုံးထားတာပါ။
Engine မှာဆိုရင် နယ်သာလန် ထုတ် DAF -Paccar Engineပါ။ DAF ဆိုတာ ကားကြီးသမား တွေ နဲ့ ရင်းနှီးပြီးသား ဥရောပ နာမည်ကြီး အမှတ်တံဆိပ်မို့ အထွေအထူး မိတ်ဆက်ပေးစရာမလိုတော့‌လောက်အောင်ပါ။
Transmission ကိုလဲ ဂျာမနီ ZF ရဲ့ နောက်ဆုံးပေါ် Model တွေထဲကတစ်ခုဖြစ်တဲ့ ZF TraXon 12 Speed AMT Gearbox ကို သုံးထားတာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိစျေးကွက်ထဲမှာ အသုံးများနေတဲ့ ZF ရဲ့ AS-Tronic အစား SC Neustar မှာ ဥရောပမှာလက်ရှိ ZF ရဲ့နောက်ဆုံး Model ဖြစ်တဲ့ Traxon ကို သုံးထားတာက SC ရဲ့ Brand Strategy တစ်ခုပါ။
Suspension ပိုင်းမှာ ကြည့်ရင် ရှေ့ Axle ကတော့ Independent Steerable Axle (ဗမာ အခေါ် ဘပ်တာဖလိုင်း ခေါ် ကိုင်း) ဖြစ်တယ် ဆိုတော့ မောင်းရတဲ့ အပိုင်း၊ စီးနင်းရတဲ့ ခရီးသည်ဘက်မှာလဲ ရိုးရိုး တန်းကားတွေထက် ငြိမ့်ညောင်းတဲ့ အရသာကို ပေးပါတယ်။
နောက်ပြီး သူ့ရဲ့ ဘရိတ်စနစ်က All Wheel Disc ဖြစ်တယ်။ ရှိသမျှ ဘီးအကုန်လုံး Wabco EBS 3 Dual Circuit Brake ကို သုံးထားတာပါ။
လိုက်တန်း/ Tag Axle ကို ရှေ့ ဝင်ရိုးတွေရဲ့ အချိုးအကွေ့နဲ့ လိုက်လျောညီထွေဖြစ်အောင် လိုက်တန်းစတီယာရင်စနစ်ကို မောင်းနှင်ပေးတဲ့ VSE control system ပါရှိပါတယ်။
နောက်ပြီး သူ့မှာ ထူးခြားအားသာချက်တစ်ခုက Rear Axle Steering System အတွက် လျှပ်စစ်မော်တာနှင့် မောင်းနှင်တဲ့ သီးခြားဆီပတ်လမ်းကြောင်း တစ်ခု ထားရှိပေးတာဖြစ်တဲ့အတွက် ပုံမှန် လိုက်တန်းတွေလို Engine ရဲ့ output power အပေါ်ကို မှီခိုမှု မရှိတော့ Engine အပေါ် Load မှီခိုမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ VSE စနစ်ဟာ လျှပ်စစ်မော်တာနှင့် ဆီပန့်ကို မောင်းနှင်တာဖြစ်တဲ့အတွက် ကီလို (၄၀) ကျော်လျှင် လိုက်တန်းကို အလိုအလျောက် lock ချပေးပြီး လျှပ်စစ်မော်တာကို ပါဝါမပေးတော့ပါ။ ဒါကြောင့် လိုက်တန်းဟာ အနောက်စတီယာရင်တိုင် စနစ်ပါဝင်ပေမယ့်လည်း ကီလို (၄၀) ကျော်လျှင် အနောက်စတီယာရင်စနစ်ကြောင့် အင်ဂျင်ပေါ်မှာ ဝန်အား သက်ရောက်မှုမရှိတော့တဲ့အတွက် ဆီစားသက်သာစေပါတယ်။
ယာဉ်မောင်းသူအနေနဲ့ လမ်းအခြေအနေပေါ်မူတည်လို့ Tag Axle ရဲ့ Steering Angle(အလိုအလျောက် လိုက်ကွေ့ပေးတဲ့ အချိုး) ဟာ +/- 17 degree ထိ ရနိုင်မှာ ဖြစ်သလို၊ လိုအပ်တဲ့အခြေအနေမှာလည်း Tag Axle ကို Locked ချ ထားနိုင်မှာလဲ ဖြစ်တယ်။

🚌𝐒𝐂 𝐍𝐞𝐮𝐬𝐭𝐚𝐫 ရဲ့ အားသာချက် နောက်တစ်ခု🚌

ဝင်ရိုးတွေပေါ်မှာ ထမ်းထားတဲ့ ဝန်ကို Instrument Cluster တွင် ဖော်ပြပေးတဲ့ Axle Load Indicator ထည့်သွင်းပေးထားတာဖြစ်ပြီး ယာဉ်မောင်းသူအနေနဲ့ ဆိုးဆိုးရွားရွား လမ်းမညီညာတဲ့ အခြေအနေမျိုးမှာ လိုက်တန်းထောက်တာ၊ ရုန်းဘီးလွတ်နေပြီး ထမ်းတန်း နဲ့ လိုက်တန်း ကုပ်အား၊ ယက်အား မမျှပဲ လိုက်တန်း ထောက်နေတာမျိုးတွေအတွက် တခြားလိုက်တန်းတွေလို ဂျိုက်ထောက်စရာ၊ တုံးခုစရာ မလိုဘဲ ဝင်ရိုးတစ်ခုချင်းစီအပေါ် သက်‌ရောက်နေတဲ့ ဝန်အား Load ကို လိုသလို ‌ရွှေ့ပြောင်းနိုင်မယ့် Load Transfer စနစ်တပ်ဆင်ပေးထားပြီး ယာဉ်မောင်းက Dashboard မှာ ရှိတဲ့ Load Transfer Switch ခလုပ်ကို နှိပ်ပြီး Switch Traction Help Function စနစ်နဲ့ လိုက်တန်းကို မြှင့်၊ ရှေ့ကထမ်းတန်းကို လမ်းမျက်နှာပြင်နဲ့ ထိအောင် ချပြီး ကုပ်အား ယူပြီး အေးဆေးသက်သာစွာ စမတ်ကျကျမောင်းနိုင်မှာ ဆိုတော့ Smart 3-Axle Coach ပါပဲ။

🐴 မြင်းကောင်ရေ 𝟒𝟎𝟐𝐡𝐩 (𝟑𝟎𝟎𝐤𝐰)

ရုန်းအား 2000 Nm အထိ ထွက်ရှိမယ့် အားကောင်းလှတဲ့ DAF MX -300C Euro 3 Engine ပါ
ယာဥ်တစ်စီးလုံးရဲ့ ကြံ့ခိုင်မှုစွမ်းရည်ထိန်းသိမ်းနိုင်မှု ရှိမရှိ ကို ကီလိုမီတာ 1,000,000 (1သန်း) နဲ့ညီမျှတဲ့ test track ပေါ်မှာ ဥရောပ အသိအမှတ်ပြု စစ်ဆေးအောင်မြင်ထားတာဖြစ်ပြီး
DAF အင်ဂျင်အတွက်ကိုတော့ SC AUTO ကနေ 2-နှစ် (သို့မဟုတ်) Kilometre 600,000 အာမခံ ပေးထားပါတယ်။
Pickup Speed အဆွဲအထမှာတော့ လက်ရှိ Bus ကားတွေထဲမှာ အထအပြု နဲ့ အဆွဲအရုန်း အမြိုင်ဆုံးလို့ သတ်မှတ်ရလောက်အောင် ကြမ်းပါတယ်။
SC Neustar ရဲ့ Chassis ဟာ နာမည်ကြီး ZF (ဂျာမနီ) ပတ်လည်သုံးထားတာဖြစ်ပြီး ယာဉ်တစ်စီးလုံးအတွက် Stainless Steel, Drivetrains Parts တွေကို ဥရောပကမှာယူတပ်ဆင်ထားတာဖြစ်ပါတယ်။ ကျန်အစိတ်အပိုင်းများကို ပြည်တွင်းစက်ရုံမှာပဲ Wire ထုတ်က အစ ၊ Body parts တွေ၊ structure တွေအထိ 3D Laser Cutting, automatic wire harness machine, automatic quality test bench စတဲ့အဆင့်မြင့်စက်ကြီးများရဲ့ စက်မှုနည်းပညာကို အသုံးပြုထားတာဖြစ်လို့ လူကြောင့်ဖြစ်တဲ့ human error တွေကိုပယ်ဖျက်နိုင်ပါတယ်။ ပြည်ပမှာ စနစ်တကျ သင်တန်းတက်ထားတဲ့ ဥရောပအသိအမှတ်ပြုလက်မှတ်ရ မြန်မာ အင်ဂျင်နီယာများရဲ့ အံ့မခန်း လက်ရာပဲဖြစ်ပါတယ်။

Address

No. 188 & 189, 10th Street, Yangon Industrial Zone, Mingalardon Township
Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 12:00

Alerts

Be the first to know and let us send you an email when SC Auto Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SC Auto Myanmar:

Share