Daewoo Bus Myanmar

Daewoo Bus Myanmar 8th global plant of Zyle Daewoo Korea,
Assemble & sell high-quality City Bus BS106 & Lestar minibus. 09797234455 , 09797234466 , 09797234477

We, The team of Daewoo Bus Myanmar wishes you a graceful Tazaungmone fullmoon day 2023! May the radiant glow of Tazaungm...
27/11/2023

We, The team of Daewoo Bus Myanmar wishes you a graceful Tazaungmone fullmoon day 2023!

May the radiant glow of Tazaungmone's full moon illuminate your path with success, happiness, prosperity, and peace.

As the vibrant lights adorn the streets, may your heart be filled with joy and warmth 🩷

မြန်မာလူမျိုးတို့ အထွတ်အမြတ်ထားကျင်းပတဲ့ ၁၂လရာသီပွဲတော်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဒီလို သီတင်းကျွတ်အခါသမယမှာ ပြည်သူအား...
27/10/2023

မြန်မာလူမျိုးတို့ အထွတ်အမြတ်ထားကျင်းပတဲ့
၁၂လရာသီပွဲတော်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့
ဒီလို သီတင်းကျွတ်အခါသမယမှာ ပြည်သူအားလုံး
ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကျန်းမာပြီး
စီးပွားတိုးတက်ကာ ရောဂါကပ်ဆိုးဘေး
ကင်းဝေးကြပါစေလို့ Daewoo Bus Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🩷

🏘Daewoo Bus Myanmar
🗺အမှတ်(၉),ရန်ကုန်-ပြည်လမ်း၊ထောက်ကြန့်မြောက်ရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်
📞 09894077766 , 09894077767

Daewoo Bus လို့ပြောလိုက်တာနဲ့ ဘတ်စ်ကားများရဲ့ ထိပ်တန်းအဖြစ်တွဲမြင်ကြမှာပါ။Daewoo Bus ဟာ ယခုချိန်ထိ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ...
04/10/2023

Daewoo Bus လို့ပြောလိုက်တာနဲ့ ဘတ်စ်ကားများရဲ့
ထိပ်တန်းအဖြစ်တွဲမြင်ကြမှာပါ။
Daewoo Bus ဟာ ယခုချိန်ထိ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့
လုပ်ငန်းတိုင်းအတွက် အရည်အသွေးမြင့်၊
ယုံကြည်စိတ်ချရပြီး၊သမိုင်းကြောင်းကောင်းကောင်းနဲ့
အခိုင်အမာရပ်တည်နေဆဲပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ Public Transportation ကို
အထက်တန်းကျကျ ပြောင်းလဲဖန်တီးပေးဖို့ဆိုရင်
ယုံကြည်စိတ်ချရတဲ့ ရွေးချယ်မှုတစ်ခုဖြစ်နေစေမယ့်
အားလုံးအတွက် Daewoo Bus က
တာရှည်ခံမှု၊ ဆီစားသက်သာမှုနဲ့
ဘေးကင်းလုံခြုံမှုတို့အတွက် လူသိများကျော်ကြားတဲ့
Global brand တစ်ခုပါရှင်။

Korea Zyle Daewoo ရဲ့ (၈)ခုမြောက်
Global Plant ဖြစ်တဲ့ Daewoo Bus Myanmarမှ
မြန်မာနိုင်ငံရှိ သုံးစွဲသူများအားလုံးအတွက်
အကောင်းဆုံးသော ဝန်ဆောင်မှုများ ပေးဖို့အတွက်
ကတိပြုပါတယ်ရှင်။

Daewoo Bus Myanmar
09797234477/ 09894077766
🗺အမှတ်(၉),ရန်ကုန်-ပြည်လမ်း၊ထောက်ကြန့်မြောက်ပိုင်းရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်

ဒီနေ့ခေတ်မှာ ကမ္ဘာကျော် ထုတ်ကုန် တစ်ခုဖြစ်လာဖို့ စတင်ဖန်တီးတည်ထောင်ခဲ့တဲ့ ဖခင်တိုင်းရဲ့ လမ်းတွေဟာ မချောမွေ့ခဲ့ပါဘူး။အရွယ...
23/09/2023

ဒီနေ့ခေတ်မှာ ကမ္ဘာကျော် ထုတ်ကုန် တစ်ခုဖြစ်လာဖို့ စတင်ဖန်တီးတည်ထောင်ခဲ့တဲ့ ဖခင်တိုင်းရဲ့
လမ်းတွေဟာ မချောမွေ့ခဲ့ပါဘူး။

အရွယ်နဲ့မလိုက်အောင် ဆင်းရဲဒုက္ခတွေ ခံခဲ့ရလည်း
မလျော့တဲ့ ဇွဲနဲ့ကြိုးစားခဲ့တဲ့
Zyle Daewoo Commercial Vehicle ရဲ့
Chairman Sung Hak Baik ဘဝ အကြောင်း
ပြောပြပေးမယ်နော်။

မြောက်ကိုရီးယားမှ မိဘမဲ့ကလေးဖြစ်တဲ့ Baik က တောင်ကိုရီးယားကို ဦးတည်သွားနေတဲ့ ဒုက္ခသည်လှေနဲ့ပါလာပြီး လှည့်ပတ်သွားလာနေရင်း
နောက်ရက်အနည်းငယ်အကြာမှာတော့ အမေရိကန်စစ်သား Beattie ရဲ့ ကတုတ်ကျင်းထဲကိုကျသွားခဲ့တယ်။

အစပိုင်းမှာတော့ Beattie က သိပ်သဘောမကျပေမယ့်လည်း ၁၁နှစ်အရွယ် မိဘမဲ့ ကလေးငယ်ရဲ့ ကြိုးစားမှုကြောင့် သူသဘောကျလာခဲ့တယ်။
ခြံစည်းရိုးပြင်တဲ့အလုပ်အပြင် အမေရိကန်စစ်သားတွေအတွက်ပါ အခြားအလုပ်တွေ လိုက်လုပ်ပေးတဲ့အခါ ပိုပြီး သတိထားမိလာတာပေါ့။

ဒါ့အပြင် Beattie က Baik ကို ခရစ်ယာန်ကျမ်းစာတွေသင်ပေးပြီး လူငယ်တစ်ယောက် အောင်မြင်မှုရစေဖို့တွေ ၊ အခြားသူများကို ကြင်ကြင်နာနာဆက်ဆံတတ်ဖို့တွေကို လည်း သင်ပေးခဲ့တယ်။
တခြားအမေရိကန်စစ်သားတွေက သူ့အပေါ်မကောင်းရင်တောင် Beattie ကအမြဲကောင်းပေးတယ်။စားစရာတွေ၊အဝတ်အထည်တွေ နဲ့ ဆေးဝါးတွေကို အမြဲပေးပြီး ဂရုတစိုက်အမြဲထားတဲ့အကြောင်း Baik က ပြောပြတယ်။

တစ်နေ့မှာရန်သူ့ လက်နက်ကြောင့် လောင်စာဆီတွေနဲ့ မီးလောင်ခဲ့ရတဲ့ Baik ကို Beattie က ကယ်တင်ခဲ့ပြီး အဲ့ဒါကြောင့်ပဲ ဒဏ်ရာအများကြီးရမယ့် အစား အမာရွတ်တောင်မကျန်ဘဲ သက်သာခဲ့တာပဲဖြစ်ပါတယ်။

စစ်အပြီးမှာတော့ Beattie က တခြားကိုတာဝန်ကျသွားခဲ့ပြီး Baik ကိုလည်းမိဘမဲ့ ဂေဟာပို့လိုက်တဲ့အခါမှာတော့ သူတို့ နှစ်ယောက်ကွဲကွာ သွားခဲ့ရပါတယ်။
Baik က ကိုရီးယားစက်ရုံများစွာမှာလိုက်လံ အလုပ်လုပ်ခဲ့ပြီးနောက် ၁၉၅၉ ခုနှစ်အရောက်မှာ Young An အမည်နဲ့ ဘေ့စ်ဘော ဦးထုပ်စက်ရုံတည်ထောင်ခဲ့ပါတယ်။

၃၆နှစ်အကြာမှာလျမ်းလျမ်းတောက်အောင်မြင်ပြီးနောက် Baik ဟာ သူ့ရဲ့ ကလေးဘဝ က ကျေးဇူးရှင်ကို အမေရိကန်က အကျော်ကြားဆုံးစုံထောက်တွေသုံးပြီး
ရှာဖွေခဲ့ပါတယ်

တော်တော်နဲ့ ရှာမတွေ့ခဲ့ပေမယ့် ၁၉၉၁ ခုနှစ်မှာတော့ သတင်း media တွေကနေတဆင့်ပြန်လည်
ဆုံစည်းခဲ့ပါတယ်။

ဒီနေ့မှာတော့ Baik ဟာ တောင်ကိုရီးယားရဲ့
အထင်ရှားဆုံး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေပါပြီ။

Baik ရဲ့လုပ်ငန်းတွေတိုးချဲ့ပြီး ဘယ်လိုအောင်မြင်ခဲ့တယ်ဆိုတာကို နောက်တစ်နေ့မှာ ထပ်ပြောပြပေးပါမယ်ရှင်။

22/09/2023

တစ်နေ့တာရဲ့အစဖြစ်တဲ့မနက်ခင်းလေးမှာ
ရုံးကိုစိတ်ကြည်ကြည်နဲ့လာနိုင်မှ
လုပ်ငန်းခွင်မှာ စွမ်းအင်တွေပြည့်ဝပြီး
အလုပ်တွေ မြန်ဆန်ပြီးမြောက်မှာအသေအချာပါပဲ 💁

ရုံးလာကတည်းက စီးလာတဲ့ Ferry ပေါ်မှာ
သက်တောင့်သက်သာမရှိ အဆင်မပြေဘဲ
စိတ်ညစ်ညစ်နဲ့လာရမယ်ဆိုရင်
လုပ်ငန်းခွင်မှာ အားကုန်မသုံးနိုင်ဘဲ
လုပ်ငန်းအောင်မြင်မှုနဲ့ အကျိုးအမြတ်တွေ
နှောင့်နှေး ယုတ်လျော့နိုင်ပါတယ် 🤷

ဝန်ထမ်းတွေလုပ်ငန်းခွင်မှာပျော်ရွှင်နေဖို့က
လုပ်ငန်းတိုင်းရဲ့အဓိကကျတဲ့အချက်ထဲပါဝင်သလို
လုပ်ငန်းအောင်မြင်မှလည်း ဝန်ထမ်းတွေတိုးတက်မှာပါ
ဒီလိုအပြန်အလှန် မှီခိုဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ကို
အကောင်းဆုံးအဖြစ်အောင်ဖန်တီးဖို့က
လုပ်ငန်းရှင်တိုင်းလုပ်သင့်ပါတယ် 🧑‍💼

မနက်ခင်းရဲ့ Ferry လေးပေါ်မှာ ၀န်ထမ်းတွေ
သက်သာငြိမ့်ညောင်းစေဖို့ဆို Lestar Minibusက
အားလုံးတွက်အရွေးချယ်သင့်ဆုံးပါပဲ

Lestar Minibus အကြောင်းအသေးစိတ် 👇
https://www.facebook.com/DaewooBusMyanmar/posts/5645558882164355

Daewoo Bus Myanmar
09797234477/ 09894077766
🗺အမှတ်(၉),ရန်ကုန်-ပြည်လမ်း၊ထောက်ကြန့်မြောက်ပိုင်းရပ်ကွက်၊မင်္ဂလာဒုံမြိုနယ်

"Upgrade Your Commute: Premium Buses, Premium Life."with Daewoo Bus Myanmar.
04/09/2023

"Upgrade Your Commute:
Premium Buses, Premium Life."
with Daewoo Bus Myanmar.

08/07/2023

Insurance Assistant - Male/Female (1) post
-ကားအလုံးစုံအာမခံနှင့်ပတ်သက်ပြီး အတွေ့အကြုံရှိသူဖြစ်ရမည်
-Daily task များကို အဖွဲ့ခေါင်းဆောင်ထံ သတင်းပို့ရန်ပြီး report လုပ်နိုင်သူ
-Client research များကို စစ်တမ်းကောက်ယူပြီး လိုအပ်သော လုပ်ငန်းစဉ်များကို ပံ့ပိုးကူညီရန်
-Client အဟောင်းရော အသစ်များနဲ့ပါဆက်ဆံရေးပြေပြစ်သူ
- အာမခံ ကုမ္ပဏီများနှင့် ဆက်သွယ်စကားပြော ဖြေရှင်းပေးနိုင်ရမည်
-တက္ကသိုလ် ဘွဲ့ရပြီးသူ
❗️အာမခံ company တွင်အတွေ့အကြုံ(၂)နှစ်ရှိသူလျှောက်ထားနိုင်ပါသည် (လစာ ညှိနှိုင်း)
=====================
လျှောက်ထားလိုပါက [email protected] သို့
CV form email ပို့၍လျှောက်ထားနိုင်ပါတယ်
09797234477

Daewoo Bus Showroom
အမှတ်(၉),ရန်ကုန်-ပြည်လမ်း၊ထောက်ကြန့်မြောက်ပိုင်းရပ်ကွက်၊
မင်္ဂလာဒုံမြို့နယ် (ကညန မရောက်မီ)

အနာဂတ်ရဲ့ခေါင်းဆောင်လောင်း ၊ ပညာရှင်လောင်းလေးတွေအတွက်ပညာသင်ကြားချိန်က အရေးအကြီးဆုံးပါပဲပညာသင်ယူရာ စာသင်ကျောင်းဆီသွားတဲ့အ...
16/06/2023

အနာဂတ်ရဲ့ခေါင်းဆောင်လောင်း ၊ ပညာရှင်လောင်းလေးတွေအတွက်
ပညာသင်ကြားချိန်က အရေးအကြီးဆုံးပါပဲ
ပညာသင်ယူရာ စာသင်ကျောင်းဆီသွားတဲ့အခါ
ကလေးငယ်တို့အတွက် အရေးအကြီးဆုံးက
သက်တောင့်သက်သာရှိပြီး ဘေးကင်းစေဖို့ပါ။
အန္တရာယ်ကင်းပြီးလုံခြုံစိတ်ချရတယ်
ခေတ်မီ ဒီဇိုင်းနဲ့မို့ ကလေးတို့ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေမယ်
ကျောင်းကားအနေနဲ့သုံးမယ်ဆိုရင်တော့ Lestar Minibus က စိတ်ချယုံကြည်ရလို့
မိမိကလေးအနာဂတ်အတွက် အရွေးချယ်သင့်ဆုံးပါပဲ

🚌Frontlift ဒီဇိုင်းပုံစံအဖြစ်ထုတ်လုပ်ထားပြီး
ရှေ့ဖုံးကိုဖွင့်လိုက်ရုံနဲ့ အင်ဂျင်စစ်ဆေးမှုများ
အင်ဂျင်ဝိုင်စစ် ၊ coolant ဖြည့် ၊ wiper ရေထည့် စတဲ့
Engine maintenance တွေကို လွယ်ကူစွာဆောင်ရွက်နိုင်မယ့်
Frontlift Designကို ပထမဆုံး တပ်ဆင်ထုတ်လုပ်ထားသော Lestar Minibus ဖြစ်ပါတယ်

🚌38‌ယောက်စီးLong bodyနဲ့
28ယောက်စီး Short body ၂မျိုးရှိပြီး
အရောင် ၅ ရောင်နဲ့ရရှိနိုင်ပါတယ်

🚌ကျယ်ဝန်းတဲ့ အတွင်းခန်းဒီဇိုင်း
အဆင့်မြင့် အစိတ်အပိုင်းတွေအပြင်
ပြည့်စုံတဲ့လေအေးပေးစနစ်တပ်ဆင်ထားပါတယ်။

Luxurious dashboardကခလုတ်တချက်နှိပ်လိုက်ရုံနဲ့
များစွာသော အလုပ်တာဝန်တွေကို ကူညီပေးမှာပါ။

🚌၁၄ယောက်မှ ၃၃ယောက်အထိထိုင်နိုင်တဲ့
ကျယ်ဝန်းတဲ့ထိုင်ခုံပုံစံ ဒီဇိုင်း ၊
စွမ်းအားပြည့် အင်ဂျင်တွေက
မည်သည့်အခြေအနေမျိုးမှာမဆိုမောင်းနှင်နိုင်ပြီး
ဆီစားလဲသက်သာတဲ့အမျိုးအစားဖြစ်ပါတယ်။

🚌မောင်းနှင်သူသာမက ခရီးသွားတွေအတွက်ပါ
ရာနှုန်းပြည့် အန္တရာယ်ကင်းစေဖို့
Front & Rear Drum Brake
(Auto Slack Adjuster) ပါရှိပြီး ABS (Anti-Lock Brake System)ကို (option)အနေဖြင့်
တပ်ဆင်နိုင်ပါတယ်။

🚌Euro 3 engine ကြောင့်
ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကိုလျော့နည်းစေမှာပါ။
မတ်တပ်ရပ်စီးနင်းသူတွေအတွက်ပါ
Safety bar နှင့်ခြေမချော်စေတဲ့အခင်းပါရှိပါတယ်။

🚌ခရီးသွားလာရေးအတွက်သာမက
School Bus ၊ Ferry အဖြစ်အသုံးပြုနိုင်မယ့်
Lestar Minibus များဟာအခြား minibus တှနေဲ့မတူပဲ
ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ အထက်တန်းဖန်တီးမှုတွေကို
အခြေခံထားလို့ခေတ်ရှေ့ပြေးဦးဆောင်မယ့်
minibus ဖြစ်လာမှာ အေသအချာပါပဲ။

🚌ဒီလို ခေတ်ရှေ့ပြေး brand new minibus တွေကို
ရန်ကုန်လိုင်စင်နဲ့ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ပါပြီ။

30% (3)နှစ်အရစ်ကျစနစ်နဲ့လည်း
ရောင်းချပေးနေပါပြီ
ကျောင်းကားဆွဲမယ့် လုပ်ငန်းရှင်တွေအနေနဲ့
လုပ်ငန်းအောင်မြင်တိုးတက်လိုတယ်ဆိုရင်တော့
09894077766 / 09797234477 ကိုအချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။

စိတ်ကျေနပ်မှုရသည်အထိ ရှင်းပြပေးပြီး ကားလက်ထဲရောက်သည်အထိ အကောင်းဆုံး ၀န်ဆောင်မှုများနဲ့
🏘️ Daewoo Bus Myanmar
📞09797234477, 09894077766
🗺️အမှတ်(၉),ရန်ကုန်-ပြည်လမ်း၊ထောက်ကြန့်မြောက်ရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်။

07/06/2023

အင်တာဗျူးချက်ချင်းဝင်ရမည်။ အမြန်ခန့်အပ်မည်။
Daewoo Bus Myanmar Co.,Ltd. ၏
Service Centerတွင် တာဝန်ထမ်းဆောင်ရန်

📍Service In charge (စက်ပြင်ကြီးကြပ်)
ကျား(၁)ဦး

-အသက် (35)နှစ်အောက်
-လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၅-၇)နှစ်
-မော်တော်ယာဉ်အကြီးများကို ကျွမ်းကျင်စွာ
ပြင်ဆင် ထိန်းသိမ်းနိုင်သူ
-မော်တော်ယာဉ်အကြီးများကို ကျွမ်းကျင်စွာ
မောင်းနှင်နိုင်သူ

-ထောက်ကြန့်မြို့နှင့် အနီးတစ်ဝိုက်မှ သူများ ဦးစားပေးပါမည်
လျှောက်ထားလိုပါက [email protected] သို့
CV form email ပို့၍ဖြစ်စေ

Daewoo Bus Showroom
အမှတ်(၉),ရန်ကုန်-ပြည်လမ်း၊ထောက်ကြန့်မြောက်ပိုင်းရပ်ကွက်၊
မင်္ဂလာဒုံမြို့နယ် (ကညန မရောက်မီ)
သို့ CV form လာပို့၍ဖြစ်စေ
လျှောက်ထားနိုင်ပါတယ်
09408022140

မြန်မာနိုင်ငံတွင်တပ်ဆင်ထုတ်လုပ်သည့် High-Class Lestar Minibus အားဝယ်ယူအားပေးခဲ့ပါသော ကိုသန့်ဇင်မိုး အားကားလွှဲပြောင်းပေး...
27/05/2023

မြန်မာနိုင်ငံတွင်တပ်ဆင်ထုတ်လုပ်သည့် High-Class Lestar Minibus အား
ဝယ်ယူအားပေးခဲ့ပါသော ကိုသန့်ဇင်မိုး အားကားလွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ယုံကြည်စွာဖြင့် ဝယ်ယူအားပေးပါသော ကိုသန့်ဇင်မိုး
အနေဖြင့်လည်းစီးပွားရေးလာဘ်လာဘများ တရှိန်ထိုး
တိုးတက်အောင်မြင်ပါစေကြောင်း Daewoo Bus Myanmar မှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Thank you for being our valued customer, Ko Thant Zin Moe.
We are grateful for the pleasure of serving you and meeting your needs.

🏘️Daewoo Bus Myanmar
📞09894077766 , 09894077767
🗺️အမှတ်(၉),ရန်ကုန်-ပြည်လမ်း၊ထောက်ကြန့်မြောက်ရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်။

Address

No 9, Yangon-Pyay Road, Northern Htauk Kyant Quarter, Mingaladon T/S, Yangon
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959797234477

Alerts

Be the first to know and let us send you an email when Daewoo Bus Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Daewoo Bus Myanmar:

Share