Best Bike Car & Motor Bike Rental

Directions

Best Bike Car & Motor Bike Rental Chiang Mai car & motorcycle

11/10/2026

💞 မောင်သွားမှာ ဆန်းပြားတဲ့အရပ်ကိုပါ
ဘယ်ကိုလည်းကွယ် ပြောစမ်းကွဲ့ မောင့်…နေရာ 💞

ဇနီးမောင်နှံတို့ ပျားရည်စမ်းခရီးဆိုတာ အရေးပါတဲ့အမှတ်တရတွေထဲကတစ်ခုဖြစ်ပါတယ်။

ဒီလိုအချိန်မျိုးအတွက် အသင့်တော်ဆုံးထဲက နေရာကောင်းတစ်ခုဆို ချင်းမိုင်မြို့မှာ လာရောက်လည်ပတ်ဖို့ဖိတ်ခေါ်ချင်ပါတယ်။

☁️ ချင်းမိုင်မြို့လေးက အေးချမ်းပြီးနားနားနေနေဖြစ်စေတဲ့အတွက်ကြောင့် စိတ်အပန်းလည်းပြေစေတယ်

☁️ တောင်တန်းတွေ မြူနှင်းတွေ သဘာဝပတ်ဝန်းကျင်အလှအပတွေအပြည့်နဲ့ Romantic ဆန်တဲ့ Vibe လေးလည်းရတယ်

☁️ Temple တွေ ရှေးဟောင်းမြို့အဆောက်အဦးတွေရှိတဲ့အတွက် ထိုင်းနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတစိတ်တပိုင်းကို မြင်တွေ့ခံစားရင်း အတွေ့အကြုံသစ်တွေဖန်တီးရယူနိုင်တယ်။

☁️ Hiking, Skydiving, Paramotor, Zip Line စတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေကိုရှာဖွေနိုင်တယ်။

☁️ Cafe လှလှလေးတွေ Spa တွေအတူတူသွားရင်း ဓာတ်ပုံလှလှလေးတွေလည်းအတူတူရိုက်ရင်း ဇနီးမောင်နှံနှစ်ဦး မေ့မရနိုင်တဲ့ ခရီးသွားအမှတ်တရလေးတွေကိုရရှိနိုင်ပါတယ်။

💞 တစ်သက်စာအမှတ်ရမဲ့ ခရီးစဉ်လေးမှာ ကားအငှါးဝန်ဆောင်မှုလိုအပ်ရင်တော့ Best Bike Car Rental Service ကို Hello လိုက်ပါနော် 👋👋

🤗 အကောင်းဆုံးဝန်ဆောင်မှုတွေကိုသာပေးဖို့ Best Bike ကစောင့်ကြိုနေပါတယ် 🚙🩵

📌ချင်းမိုင်အတွင်း ကားနှင့်ဆိုင်ကယ်အငှါးဝန်ဆောင်မှုအကြောင်း အသေးစိတ်သိရှိလိုပါက

📩“𝐁𝐞𝐬𝐭 𝐁𝐢𝐤𝐞 𝐂𝐚𝐫 & 𝐌𝐨𝐭𝐨𝐫 𝐁𝐢𝐤𝐞 𝐑𝐞𝐧𝐭𝐚𝐥“ Offical page Messenger သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

#ချင်းမိုင် &MotorBikeRental

ဒီလိုရာသီဆို အေးစိမ့်စိမ်နဲ့ ခရီးသွားလို့အကောင်းဆုံးပေါ့ 🌧️🍃🌧️ တောင်တန်းတွေနဲ့ပြည့်နေတဲ့ ချင်းမိုင်မြို့လေးမှာ မိုးရာသီဆ...
10/10/2026

ဒီလိုရာသီဆို အေးစိမ့်စိမ်နဲ့ ခရီးသွားလို့အကောင်းဆုံးပေါ့ 🌧️🍃

🌧️ တောင်တန်းတွေနဲ့ပြည့်နေတဲ့ ချင်းမိုင်မြို့လေးမှာ မိုးရာသီဆို ပိုလို့စိမ်းစိုအုံ့မှိုင်းပြီး သူမတူတဲ့ခံစားချက်နဲ့ လန်းဆန်းနေတတ်တယ်။

🌧️ နွေဘက်လိုအရမ်းမပူဘဲ အေးမြမြလေးမလို့ Camping ထွက်ချင်သူတွေအတွက်လည်းအဆင်ပြေတယ်။ လတ်ဆတ်တဲ့လေညှင်းရနံ့နဲ့ ရေတံခွန်တွေလည်း ပိုလှနေတတ်တယ်။

🌧️ သစ်တော၊ တောင်တန်းတွေက အရောင်အသွေးစုံနဲ့ လှနေသလို မြူခိုးမြူမှုန်တွေ တိမ်ပင်လယ်တွေကလည်း ချင်းမိုင်မြို့လေးရဲ့အလှကိုဖော်ကြူးနေပါတယ်။

🌧️ မိုးတွင်းမလို့ လူလည်းအရမ်းမများဘဲ အေးအေးလူလူခရီးထွက်လို့ရတယ်။ မိုးရာသီ Promotion တွေလည်းရှိတတ်တော့ ခရီးစားရိတ်ကိုပိုမိုသက်သာစေပါတယ်။

ဒီလိုကာလမှာ အပန်းပြေအနားရစေဖို့ စိတ်ထွက်ပေါက်လေးတစ်ခုဖြစ်စေဖို့ အလှအပတွေနဲ့ ချင်းမိုင်မြို့လေးကို လှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါရစေ 🚙💕

📌ချင်းမိုင်အတွင်း ကားနှင့်ဆိုင်ကယ်အငှါးဝန်ဆောင်မှုအကြောင်း အသေးစိတ်သိရှိလိုပါက

📩“𝐁𝐞𝐬𝐭 𝐁𝐢𝐤𝐞 𝐂𝐚𝐫 & 𝐌𝐨𝐭𝐨𝐫 𝐁𝐢𝐤𝐞 𝐑𝐞𝐧𝐭𝐚𝐥“ Offical page Messenger သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

#ချင်းမိုင် &MotorBikeRental

😍 ခုမှသွားမိတာနောင်တရလိုက်လေခြင်းဆိုပြီး ခံစားရစေမဲ့ Cafe အလှလေး 🌲99 Villa & Cafe က European စတိုင်လ် ဒီဇိုင်းလှလှလေးနဲ့...
09/10/2026

😍 ခုမှသွားမိတာနောင်တရလိုက်လေခြင်းဆိုပြီး ခံစားရစေမဲ့ Cafe အလှလေး 🌲

99 Villa & Cafe က European စတိုင်လ် ဒီဇိုင်းလှလှလေးနဲ့ ထင်မထားလောက်မဲ့အတွဲအစပ်ကိုပြင်ထားတဲ့ ဆိုင်လေးပါ 👀🐾

Location က Chiang Mai မြို့ထဲမှာပဲရှိပြီး ဝက်ပေါက်လေးတွေ ယုန်ပေါက်လေးတွေနဲ့ ဘဲလေးတွေရှိတဲ့ Cafe ခြံလေးလို့ ပြောလို့ရပါတယ် 🐾

ဥရောပက ရွာလေးထဲကိုရောက်သွားသလို နေရာတိုင်းကစိုစိုပြေပြေလှပြီး သွားရတာတကယ်ကိုတန်တဲ့ အတွေ့အကြုံကိုရမှာသေချာပေါက်ပါ။

ပုံမှန် Cafe တွေကနေကွဲထွက်ပြီး ခံစားမှုအသစ်နဲ့ ကော်ဖီလေးသောက် စာအုပ်လေးဖတ်ရင်း ကောင်းကောင်းစိတ်လက်အနားယူလို့ရတဲ့ နေရာလေးမလို့ Best Bike ကအချစ်တွေနဲ့ အတူ ဆိုင်လေးကို ညွှန်းပေးလိုက်ပါတယ်နော် 🐾💕

📌ချင်းမိုင်အတွင်း ကားနှင့်ဆိုင်ကယ်အငှါးဝန်ဆောင်မှုအကြောင်း အသေးစိတ်သိရှိလိုပါက

📩“𝐁𝐞𝐬𝐭 𝐁𝐢𝐤𝐞 𝐂𝐚𝐫 & 𝐌𝐨𝐭𝐨𝐫 𝐁𝐢𝐤𝐞 𝐑𝐞𝐧𝐭𝐚𝐥“ Offical page Messenger
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

#ချင်းမိုင် &MotorBikeRental

02/10/2026

🎂🎂🎂🎂

ဘီးကြဲတို့ Best Bike Car & Motor Bike Rental ပြန်လာပါပြီနော် 😍😍အရာရာအစအစ လှပအောင် စဉ်းစားပေးရင်းနဲ့ နည်းနည်းတော့ကြာသွားတ...
02/10/2026

ဘီးကြဲတို့
Best Bike Car & Motor Bike Rental
ပြန်လာပါပြီနော် 😍😍
အရာရာအစအစ လှပအောင် စဉ်းစားပေးရင်းနဲ့ နည်းနည်းတော့ကြာသွားတယ်ကွယ် 🙏🙏
ကိုယ်ချစ်ရတဲ့ဧည့်သည်တွေက ဒီကာလမှာတောင်
ဘီးကြဲ စီစဉ်ပေးရင် အစဉ်ပြေတယ် ပြောတော့ အမောပြေတာပေါ့ကွယ် 😍 😍

ဘယ်ခရီး ဘယ်လောက်ဝေးဝေး Best Bike က အမြဲအတူရှိနေပါတယ် 🚙💙

လိုချင်တဲ့ကား၊ လာချင်တဲ့ရက်အတိအကျနဲ့ ပါဝင်မဲ့လူဦးရေအပေါ်မူတည်ပြီး ကြိုက်နှစ်သက်ရာ ကားများကို ရွေးချယ်ငှါးရမ်းနိုင်ပါတယ် 💯✅

သန့်ရှင်းသပ်ရပ်တဲ့အပြင်အဆင်နဲ့ Car Maintenance အပိုင်းကိုသေချာထိန်းသိမ်းထားတဲ့အတွက် စိတ်ချယုံကြည်စွာ စီးနင်းလိုက်ပါနိုင်ပါတယ်ခင်ဗျာ 💯✅

💯 ဘေးကင်းလုံခြုံပြီး နွေးထွေးအမှတ်ရဖွယ်ခရီးစဉ်အတွက် သင်တို့ရဲ့ Best Bike Car Rental Service ✅

📌ချင်းမိုင်အတွင်း ကားနှင့်ဆိုင်ကယ်အငှါးဝန်ဆောင်မှုအကြောင်း အသေးစိတ်သိရှိလိုပါက

📩“𝐁𝐞𝐬𝐭 𝐁𝐢𝐤𝐞 𝐂𝐚𝐫 & 𝐌𝐨𝐭𝐨𝐫 𝐁𝐢𝐤𝐞 𝐑𝐞𝐧𝐭𝐚𝐥“ Offical page Messenger သို့မဟုတ်

☎️Hotline Number - +66 93 740 4319 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

#ချင်းမိုင် &MotorBikeRental

🐱 ပူစီကြောင်တွေအများကြီးနဲ့ ဒိတ်လို့ရမဲ့ “Mali Cat Cafe & Bar” 💞အမောပြေအောင် ချစ်စရာကောင်းတဲ့ကြောင်ငယ်လေးတွေနဲ့ အတူတူ အခ...
27/09/2026

🐱 ပူစီကြောင်တွေအများကြီးနဲ့ ဒိတ်လို့ရမဲ့ “Mali Cat Cafe & Bar” 💞

အမောပြေအောင် ချစ်စရာကောင်းတဲ့ကြောင်ငယ်လေးတွေနဲ့ အတူတူ အချိန်တွေကုန်ဆုံးချင်သူများအတွက် “Mali Cat Cafe & Bar” ကတော့မဖြစ်မနေသွားလည်သင့်တဲ့နေရာလေးပါ။

😻 Mali Cafe မှာ British ShorthaiScottish Folds, Persians နဲ့ Maine C***s အပြင်အခြား အမျိုးအစားကြောင်လေးတွေကို စုံနေအောင်တွေ့ရမယ်

😻 ဆိုင်လေးက သန့်ရှင်းပြီး ကျယ်ကျယ်ဝန်းဝန်းရှိလို့ ကိုယ့်တိလေးတွေခေါ်လာလည်းအဆင်ပြေတယ်

😻 ချစ်စရာကြောင်လေးတွေနဲ့အမီးကပ်အချိန်ကုန်ဆုံးရင်း အဆာပြေစားဖို့ ကိတ်မုန့်၊ ကော်ဖီအရသာကောင်းကောင်းလေးတွေလည်းရှိလို့ အရမ်း Convenience ဖြစ်ပါတယ်

😻 ဒါ့အပြင် Outdoor Bar လေးနဲ့ပါတွဲဖွင့်ထားတော့ ညနေပိုင်းဆို အေးဆေး Chill ရင်း ချင်းမိုင်အငွေ့အသက်ကိုခံစားနိုင်ပါတယ်

📌 Location ကတော့ ချင်းမိုင်က Nimmanhaemin Road ပေါ်မှာပါ။ မနက် ၉ နာရီကနေ ည ၁၂ နာရီအထိဖွင့်တတ်ပါတယ်။

Rating ကောင်းတွေရထားတဲ့ဆိုင်ဖြစ်ပြီး ကြောင်ချစ်သူတို့အတွက် ပူစီမြောင်လေးတွေနဲ့ တွေ့ဖို့ လက်မလွတ်ခံသင့်တဲ့ Cafe လေးတစ်ခုပါ ☕️🤎

📌ချင်းမိုင်အတွင်း ကားနှင့်ဆိုင်ကယ်အငှါးဝန်ဆောင်မှုအကြောင်း အသေးစိတ်သိရှိလိုပါက

📩“𝐁𝐞𝐬𝐭 𝐁𝐢𝐤𝐞 𝐂𝐚𝐫 & 𝐌𝐨𝐭𝐨𝐫 𝐁𝐢𝐤𝐞 𝐑𝐞𝐧𝐭𝐚𝐥“ Offical page Messenger သို့မဟုတ်

☎️Hotline Number - +66 93 740 4319 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

#ချင်းမိုင် &MotorBikeRental

FYIချင်းမိုင် 🚨🚨🚨
26/09/2026

FYI
ချင်းမိုင် 🚨🚨🚨

ဘန်ကောက်ကို ရေကြီးစေတဲ့ လေဖိအားနည်းရပ်ဝန်းက ချင်းမိုင်ဘက်ကို ရွေ့လာနေ

ထိုင်းမြောက်ပိုင်းမိုးလေဝသဌာနရဲ့ ဒီနေ့မနက် ထုတ်ပြန်ချက်အရ စက်တင်ဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ မြောက်ပိုင်းဒေသတွေမှာ မိုးသည်းထန်ကနေ အလွန်သည်းထန်တဲ့အထိ ရွာနိုင်ပါတယ်။ လက်ရှိ ဘန်ကောက်နဲ့ ထိုင်းတောင်ပိုင်းဒေသတွေမှာ ရေကြီးမှု ဖြစ်စေတဲ့ လေဖိအားနည်းရပ်ဝန်းက ထိုင်းအလယ်ပိုင်းနဲ့မြောက်ပိုင်းကို ရွေ့လာနေပြီလို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ချင်းမိုင်မှာ စံချိန်တင် ရေကြီးတုန်းကလည်း ဒီလိုအချိန်ပဲဖြစ်ပြီး ရေကြီးမှုအဆိုးဆုံးရက်ဖြစ်တဲ့ အောက်တိုဘာ ၂/၃ ရက်ကို ရောက်ဖို့ တစ်ပတ်ပဲ လိုပါတော့တယ်။

ချင်းမိုင်ကတော့ ၃ ရက်လုံး သတိထားရမယ့်စာရင်းထဲ ပါဝင်ပါတယ်။

• စနေ (၂၆ ရက်နေ့) — ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ လမ်ဖွန်၊ လမ်ပန်

• တနင်္ဂနွေ (၂၇ ရက်နေ့)— ချင်းမိုင်၊ လမ်ဖွန်၊ လမ်ပန်၊ ဖရေး�

• တနင်္လာ (၂၈ ရက်နေ့) — ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင်၊ လမ်ဖွန်၊ ဖရေး

တနင်္လာနေ့ (၂၈​ရက်နေ့) မှာတော့ မိုးအများဆုံးဖြစ်နိုင်ပြီး သတိထားရမှာဖြစ်ပါတယ်။ မိုးအဆက်မပြတ်ရွာပြီး မိုးရေချိန်ပမာဏ များနိုင်တာကြောင့် ရုတ်တရက်ရေကြီးတာ၊ တောင်ကျရေစီးဆင်းတာ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ref- cmmet.tmd.go.th

#ချင်းမိုင် #ထိုင်း

25/09/2026

⛈️ မိုးရာသီမှာ ခရီးသွားရင် ဆောင်ရန်ရှောင်ရန်အနေနဲ့ ဘာတွေပြင်ထားရမလဲ 💦

အခုလိုစိုစွတ်တဲ့ရာသီမျိုးမှာ ခရီးသွားတဲ့အခါ -
📌 တောတောင်တွေနားသွားမယ်ဆို Grip ကောင်းကောင်းလုပ်ပေးနိုင်တဲ့ဖိနပ်မျိုးကိုစီးပါ
📌 တောင်တက်လမ်းတွေမှာ ဂရုပြုမောင်းနှင်ပါ
📌 သွားလာတဲ့အခါ Local Warning တွေကိုအလေးထားဖတ်ရှုပါ
📌 အပြင်မသွားလာခင် မိုးလေဝသခန့်မှန်းချက်ကိုစစ်ဆေးကြည့်ရှုပါ
📌 ဂျင်းနဲ့ လေးတဲ့အဝတ်အစားတွေအစား ခြောက်သွေ့လွယ်တာမျိုးကိုဝတ်ဆင်ပါ
📌 မိုးများတဲ့အခါတွေဆို အရှိန်လျှော့မောင်းနှင်ပါ
📌 ရေတံခွန်၊ မြစ်ချောင်းနားသွားတဲ့အခါ ရေနက်ထဲမကူးမိစေဖို့သတိပြုပါ
📌 ဖုန်း၊ ပက်စပို့စတဲ့အရေးကြီးပစ္စည်းတွေအတွက် Waterproof အိတ်လေးတွေဆောင်ထားပါ
📌 ခြင်နဲ့ပိုးကောင်ရန်ကာကွယ်ဖို့ Mosquito Repellent Spray မျိုးယူဆောင်သွားပါ
📌 ဘယ်နေရာမှာမဆို အမှိုက်ကိုသေချာပစ်ဖို့လည်းသတိရပါနော်

🚙 ဘေးကင်းသာယာဖွယ် ခရီးစဉ်လေးကိုပိုင်ဆိုင်နိုင်ပါစေ 💕

“ အကောင်းဆုံးဝန်ဆောင်မှုများရှိရာ Best Bike Car Rental Service “

#ချင်းမိုင် &MotorBikeRental

မနက်ဖြန် စက်တင်ဘာ ၂၆ ရက်နေ့က ရှေးဟောင်း လန်နားပြက္ခဒိန်အရ ၁၂ လပြည့်တဲ့နေ့ဖြစ်ပြီး၊ “ဆိဆောင်ပင် (၁၂ လပြည့်)” ရိုးရာပွဲလို...
25/09/2026

မနက်ဖြန် စက်တင်ဘာ ၂၆ ရက်နေ့က ရှေးဟောင်း လန်နားပြက္ခဒိန်အရ ၁၂ လပြည့်တဲ့နေ့ဖြစ်ပြီး၊ “ဆိဆောင်ပင် (၁၂ လပြည့်)” ရိုးရာပွဲလို့ လန်နားသားတွေက ခေါ်ကြပါတယ်။ ဒီနေ့ဟာ “ပြိတ္တာတွေ လူ့ပြည်ပြန်လာမယ့်နေ့”၊ “ငရဲမီးငြိမ်းတဲ့နေ့” လို့ လူသိများ ကျော်ကြားတဲ့ နေ့ထူးနေ့မြတ်တစ်ခုပါ။ ဒါကြောင့် မနက်ဖြန် ချင်းမိုင်မှာ ဘုန်းကြီးကျောင်းတွေ၊ ဘုရားစေတီတွေဘက် သွားမယ်ဆိုရင် အလှူအတန်းလုပ်သူတွေ ပိုများနေတာကို တွေ့ရနိုင်ပါတယ်။

ဗုဒ္ဓဘာသာ သမိုင်းကြောင်းအရ ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်က လန်နား ၁၂ လပြည့်နေ့မှာ ငရဲဘုံကို သွားရောက်ခဲ့ရာမှာ ထူးဆန်းစွာပဲ ငရဲမီးတွေ ခဏတာ ငြိမ်းသွားပါတယ်။ ယမမင်းကြီးက ဘာလိုချင်ပါသလဲလို့ မေးမြန်းတော့ အခုလိုမီးငြိမ်းနေတုန်း ပြိတ္တာတွေနဲ့ အခြားငရဲကျခံနေရသူတွေကို လူ့ပြည်ကို ခဏလည်ပတ်စေပြီး သူတို့မရနိုင်တဲ့ အစားအသောက်လှူဒါန်းမှုတွေကို လက်ခံခွင့်ပေးဖို့ တောင်းဆိုခဲ့ပါသတဲ့။ ယမမင်းက ခွင့်ပြုခဲ့တော့ ပြိတ္တာတွေနဲ့ ဝိညာဉ်တွေဟာ ဆွေမျိုးတွေဆီကို လည်ပတ်ခွင့်ရခဲ့ပြီး အစားအသောက်နဲ့ ဒါနကုသိုလ်တွေကို လက်ခံနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လန်နားသားတွေက အဲဒီနေ့ရောက်တိုင်း မိမိတို့ရဲ့ ဆွေမျိုး ဝိညာဉ်တွေ ပြန်လာနိုင်ပြီး အစားအသောက် လှူဒါန်းမှုတွေ လက်ခံနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ နှစ်တိုင်း ဒီလိုနေ့မှာ ချင်းမိုင်မြို့က ဘုရား စေတီနဲ့ ဘုန်းတော်ကျောင်းတွေကို သွားရောက်ပြီး ဆွမ်း၊ အစားအစာ၊ အဝတ်အထည်တွေကို မိမိတို့ရဲ့ ကွယ်လွန်ပြီး ဆွေမျိုး၊ ဘိုးဘေးတွေကို ရည်စူးပြီး ဒါနပြုကြပါတယ်။

မနက်ဖြန်က တော်သလင်းလပြည့်နေ့လည်း ဖြစ်တာကြောင့် ဘုရားသွား၊ ကျောင်းတက်ရင်း လေ့လာဖို့ အခွင့်အရေးတစ်ခုပါပဲ။

#ချင်းမိုင် #လန်နား

Phyo
Sayar Phyo

Outdoor ကြိုက်သူတွေအတွက် သဘာဝထဲမှာ အမှန်ကန် Chill လို့ရမဲ့ မဲ့ကပေါင်ရွာနားက ဆိုင်လေး ☕️🌳ရေတံခွန်နဲ့အတူ စမ်းရေတသွင်သွင်စီ...
11/09/2026

Outdoor ကြိုက်သူတွေအတွက် သဘာဝထဲမှာ အမှန်ကန် Chill လို့ရမဲ့ မဲ့ကပေါင်ရွာနားက ဆိုင်လေး ☕️🌳

ရေတံခွန်နဲ့အတူ စမ်းရေတသွင်သွင်စီးဆင်းနေတဲ့ နေရာလေးမှာ အနားယူရင်းဓာတ်ပုံလှလှလေးတွေရိုက်ဖို့ဆို ဒီကဖေးလေးက အတော်အဆင်ပြေတဲ့အထဲမှာပါပါတယ်။ တောထဲတောင်ထဲမှာ စိတ်လန်းအေးချမ်းစေတဲ့ခံစားချက်လေးနဲ့ ကော်ဖီပူပူလေးကိုသောက်ရတဲ့ခံစားချက်နဲ့ အချိန်ကောင်းလေးကိုရစေပါတယ်။

Teddu Coffee & Inn နားမှာ ကြိုးတံတားလေးလည်းရှိပြီး ခုလိုမိုးရာသီ စိမ်းစိမ်းစိုစိုအချိန်အခါမှာ သွားလည်ရင် အများကြီး Refresh ဖြစ်သွားစေတာကိုတော့ငြင်းမရပါဘူး။

ကဖေးကိုရောက်တဲ့အခါ Signature Cocoa လေးကိုသောက်ဖို့ Recommend လေးလည်းပေးချင်ပါတယ်။ ဒီမှာက တည်းခိုခန်းလည်းတွဲဖွင့်ထားတော့ အေးအေးဆေးဆေးနေရာလေးမှာအနားရချင်သူလေးတွေအတွက် အရမ်းအဆင်ပြေသောပါ။ 💞💞

🚙 ချင်းမိုင်အတွင်း ဘယ်သွားသွား အရောက်ပို့ဆောင်ပေးမဲ့ သင့်ရဲ့ အကောင်းဆုံးခရီးသွားဖော် - Best Bike Car Rental Service 🩵

#ချင်းမိုင် &MotorBikeRental

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Best Bike Car & Motor Bike Rental posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share