One Two Nine Auto

One Two Nine Auto ဝင်ရောက်ကြည့်ရှုသူအပေါင်း ကျန်းမာချမ်းသာကြပါစေ
(360)

Sold out
03/04/2026

Sold out

TOYOTA FIELDER 20091800 cc / S grade / push start / digital Aircon 2014 ထဲက First owner အမည်ပေါက်ဖြင့်သွင့်သွင်းထားပြီး ...
23/12/2025

TOYOTA FIELDER 2009

1800 cc / S grade / push start / digital Aircon

2014 ထဲက First owner အမည်ပေါက်ဖြင့်သွင့်သွင်းထားပြီး ယနေ့အထိ တစ်လက်ထဲ စီးနေသောကားဖြစ်ပါသည်

လိုင်စင်သက်တမ်းအသစ်တိုးပြီး / အောက်ပိုင်း အင်ဂျင် ဂီယာဘောက် အဲကွန်း ပြောစရာမရှိ / အရိုးအဆစ်ရှယ်လှပါသည်

ကားကြည့်ရန် - ရန်ကုန် လှိုင်မြို့နယ်

ဆက်သွယ်ရန် - 0943000477

ရန်ကုန် လှိုင်မှာ ကားကြည့်လို့ရပြီနော်ဖုန်း 0943000477
22/12/2025

ရန်ကုန် လှိုင်မှာ ကားကြည့်လို့ရပြီနော်

ဖုန်း 0943000477

YGN လှိုင်မှာ ကြည့်လို့ရပြီနော်0943000477
22/12/2025

YGN လှိုင်မှာ ကြည့်လို့ရပြီနော်

0943000477

Bye …. Bye R ကြီးMove to Pathein
27/10/2025

Bye …. Bye R ကြီး

Move to Pathein

SUZUKI ERTIGA TYPE 3 2019AYY ပုသိမ်ရုံး သက်တမ်းပြည့် First owner အမည်ပေါက် ကီလို 75000ကားကြည့်ရန် - လှိုင်မြို့နယ်ဆက်သွယ...
21/10/2025

SUZUKI ERTIGA TYPE 3 2019

AYY ပုသိမ်ရုံး သက်တမ်းပြည့်

First owner အမည်ပေါက် ကီလို 75000

ကားကြည့်ရန် - လှိုင်မြို့နယ်

ဆက်သွယ်ရန် - 0943000477

အသစ်အတိုင်းစီးရမယ်𝐊𝐈𝐀 𝐒𝐩𝐨𝐫𝐭𝐚𝐠𝐞 (𝐗-𝐋𝐢𝐧𝐞)✨Model - 2023Engine Power - 2.0L Diesel Turbocharged (181 hp)Grade - X Line (All-...
17/10/2025

အသစ်အတိုင်းစီးရမယ်

𝐊𝐈𝐀 𝐒𝐩𝐨𝐫𝐭𝐚𝐠𝐞 (𝐗-𝐋𝐢𝐧𝐞)✨
Model - 2023
Engine Power - 2.0L Diesel Turbocharged (181 hp)
Grade - X Line (All-Wheel Drive)
Kilometer - 20*** km
Driving Mode - Eco, Normal, Sport, Smart

Specification & Features ❣️

▪️360 Camera
▪️Wireless Charger
▪️Power Liftgate
▪️Blind Spot Monitor
▪️Leather Seats
▪️Two Seat Motor
▪️Seat Memory
▪️Cooler & Heater Seats
▪️Paddle Shift
▪️Harman/Kardon Sound System
▪️Panoramic Roof
▪️Steering Heater
▪️Dual Zone Air-con
▪️HID Headlights
▪️Cruise Control
▪️Push Start
▪️Apple CarPlay® and Android Auto™

နေရာ - ငါးသိုင်းချောင်းမြို့

ဖုန်း -09 650000 477

Sold out AXIO
22/09/2025

Sold out AXIO

Edit- ရောင်းပြီးပါပြီTOYOTA AXIO 2012 ပုံပြောင်း👍1300 cc 2wd 👍 X grade👍 ကီလို 12000+👍 အော်ဆေး 97%👍အတိုက်အခိုက် လုံး၀မရှိ...
20/09/2025

Edit- ရောင်းပြီးပါပြီ

TOYOTA AXIO 2012 ပုံပြောင်း

👍1300 cc 2wd
👍 X grade
👍 ကီလို 12000+
👍 အော်ဆေး 97%

👍အတိုက်အခိုက် လုံး၀မရှိပါ

👍 ကားကောင်းကားသန့် သက်တမ်းတိုးပြီး ယဉ်စစ်ပြီး လက်တင်စီးရုံ

ကားကြည့်ရန် - ဧရာ၀တီတိုင်း ငါးသိုင်းချောင်းမြို့

ဖုန်း -0943000477

📢📢ကားဘက်ထရီ ချာဂျင်မဝင်ရင် ဘာဖြစ်မလဲ...🚗 ကားတစ်စီး မောင်းနှင်စဉ်  ကားဒတ်ချ်ဘုတ်မှာ ဘက်ထရီ icon ပုံလေး မီးနီလင်းပါတယ်။ ဘက...
10/08/2024

📢📢ကားဘက်ထရီ ချာဂျင်မဝင်ရင် ဘာဖြစ်မလဲ...
🚗 ကားတစ်စီး မောင်းနှင်စဉ် ကားဒတ်ချ်ဘုတ်မှာ ဘက်ထရီ icon ပုံလေး မီးနီလင်းပါတယ်။ ဘက်ထရီချာဂျင် မဝင်တော့ ကြောင်း သတိပေးတဲ့ မီးနီပါပဲ။ ဘက်ထရီ ချာဂျင်မဝင်ရင် ဘာဖြစ်မလဲ။ ဘက်ထရီအိုးထဲမှာ ရှိနေဆဲ ပါဝါက ဘယ်လောက် ကြာကြာ အသုံးခံမှာလဲ။ ချာဂျင် မဝင်ဘဲ ကားကို ဆက်မောင်းရင် ဘာဖြစ်မလဲ။
🚗 ကားမောင်းနေရင်း ဘက်ထရီချာဂျင် မရတော့ဘဲ ပြဿနာမျိုးကို ယာဉ်မောင်းသူတိုင်း ကြုံဖူးကြပါလိမ့်မယ်။ မြို့တွင်း ခရီးတိုလေးတွေ မောင်းနေရင်း ဒီလိုအခက်အခဲမျိုး ကြုံရတာ ပြဿနာ သိပ်မကြီးပေမဲ့ ခရီးဝေးသွားတဲ့ အခါမျိုးမှာ ဒီလိုမျိုး ချာဂျင်မဝင်ရင်တော့ လမ်းမှာ ဒုက္ခတွေ့နိုင်ပါတယ်။ ညအချိန် ကားမောင်းနေစဉ်မှာ ဒီလိုမျိုး ဒိုင်နမို ပြဿနာ၊ ချာဂျင် မဝင်တော့တဲ့ ပြဿနာက လမ်းပေါ်မှာ အရေးပေါ် ပြန်ပြင်လို့ မရခဲ့ရင်တော့ လမ်းပေါ်မှာပဲ ညအိပ်ရပါလိမ့်မယ်။ ဘက်ထ ရီချာဂျင် မဝင်တော့ရင် ခရီးအဝေးကြီးကို ဆက်မောင်းလို့ မရပါဘူး။ ဘက်ထရီထဲမှာ သိုလှောင်သိမ်းဆည်းထားတဲ့၊ လျှပ်စစ် ပါဝါအားတွေက ကြာကြာသုံးလို့ မရပါဘူး။
ဘက်ထရီချာဂျင် မဝင်တော့ရင် ကားစက်ချက်ချင်းရပ်ပြီး လမ်းဘေးအန္တရာယ်ကင်းတဲ့ နေရာမှာ ကားကို ရပ်ထားသင့်ပါ တယ်။ ယာဉ်လမ်းကြောင်းပေါ်မှာ ရှိနေရင် နောက်ကနေ ကားတစ်စီးစီးက ဝင်ဆောင့်မိနိုင်ပါတယ်။ ကားပျက်ကြောင်း တခြားကားသမားတွေ သိအောင် စုံမီးအချက်ပြထွန်းထားပါ။ ကားစက်ဖုံးလှန်ပြီး စစ်ဆေးပါ။ LED ဓါတ်မီးတစ်လက်တော့ လိုပါတယ်။ ဒိုင်နမိုပန်ကာ ကြိုးပြတ်ထွက်တာလား၊ ပန်ကာကြိုးစားပြီး ချောင်နေသလား၊ ပန်ကာကြိုး မူလီမြောင်းထဲက ပြုတ် ထွက်တာလား။ ဒိုင်နမိုဆော့ကတ်တွေ ချောင်နေသလား လွတ်နေသလား။ ဒိုင်မိုမိန်းငုတ်တိုင်မှာ နုတ်ခေါင်း (Nut) ချောင် နေသလား၊ အပူလွန်ကဲပြီး မိန်းကြိုး (ဝါယာ) ပြတ်ကျနေသလား စစ်ဆေးကြည့်ပါ။

👉 ချာဂျင် မဝင်တော့တာ ချွတ်ယွင်းချက် အပြစ်တစ်ခုခုရှိနေလို့ပါ။ အလွယ်တကူ စစ်ဆေးလို့ ရနိုင်တဲ့ အားနည်းချက် ရှိသလား ရှာကြည့်ပါ။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ ချွတ်ယွင်းချက် ပြဿနာလေးတစ်ခုကြောင့် ဘက်ထရီချာဂျင် မဝင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဥပမာ-ဒိုင်နမိုဆော့ကတ်ချောင်ပြီး လွတ်နေတာမျိုးပါ။ ပန်ကာကြိုးချောင်ပြီး မူလီကနေ ပြုတ်ကျနေ တာမျိုးပါ။ ဒီလိုမျိုး အသေးအဖွဲလေးတွေကို စစ်ဆေးပြီး ပြုပြင်လိုက်ရင်လည်း ပြန်ကောင်းသွားတတ်ပါတယ်။
ဘက်ထရီခေါင်း ချောင်နေလျှင် ချာဂျင်မဝင်တာမျိုး ဖြစ်တတ်ပါတယ်။ ကားဆိုတာမျိုးက အမြဲတမ်း ရွေ့လျားနေတာ ဆိုတော့ အင်ဂျင်တုန်ခါမှုတွေ၊ လမ်းအဆောင့်ဒဏ်တွေကြောင့် ဘက်ထရီခေါင်းချောင်တာ၊ ဘက်ထရီကြိုး လွတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို အားနည်းချက်ကလေးတွေ တစ်ခုမှရှာမတွေ့ရင်တော့ ဒိုင်နမိုထဲမှာ တစ်ခုခုဖြစ်နေလို့ပါပဲ။ ကာဗွန်တိုသွားတာလား၊ Filed ကွိုင်လောင်သွားတာလား၊ ဒိုင်အုပ်တွေ မကောင်းတာလား၊ ကတ်တောက် IC မကောင်း တာလား၊ ရိုတာထဲက ကွိုင်ကြိုးပြတ်ထွက်တာလား၊ ရိုတာထိပ်က ကြေးကွင်းတစ်ခြမ်းစားနေတာလား၊ ဒိုင်နမိုကြောင့် ဖြစ်တာမျိုးကို အသေးစိတ် စစ်ဆေးအပြစ်ရှာဖို့ ပြန်ပြုြုပင်ဖို့၊ ဒိုင်နမိုမော်တာဆားဗစ်ဆိုင်မှာ ပြသဖို့ လိုပါတယ်။

Alternator လို့ခေါ်တဲ့ AC/DC ဒိုင်နမိုဟာ ချာဂျင်အားသွင်းစနစ်မှာ အဓိကကျတဲ့အရာ ဖြစ်ပါတယ်။ ကားတစ်စီးလုံးအတွက် လိုအပ်တဲ့ လျှပ်စစ်ပါဝါကို ဒိုင်နမိုကပဲ ထုတ်လုပ်ပေးပါတယ်။ အင်ဂျင်မိန်းမူလီနဲ့ ဒိုင်နမိုမူလီကို ပန်ကာကြိုး V-Belt နဲ့ ဆက်သွယ်ထားပါတယ်။ အင်ဂျင်လည်ပတ်အားကြောင့် ဒိုင်နမိုလည်ပြီး DC လျှပ်စစ် ထွက်တာပါ။ ဒိုင်နမိုဆိုတာ စက်မှု စွမ်းအင်ကို အသုံးချပြီး လျှပ်စစ်စွမ်းအင် ပြောင်းလဲပေးတဲ့အရာပါ။

Alternator က ထုတ်လုပ်ပေးတာ AC လျှပ်စစ် ဖြစ်ပါတယ်။ မော်တာကားမှာသုံးတဲ့ လျှပ်စစ် အမျိုးအစားက DC လျှပ်စစ် ဖြစ်ပါတယ်။ AC ကို DC ဖြစ်အောင် ဒိုင်အုပ်တွေ ပြောင်းပေးပါတယ်။ ကားလေးတွေမှာ 12 Volt သုံးပြီး ကုန်ကားကြီး၊ ဘတ်စစ်ကားကြီးတွေမှာတော့ 24 Volt ကိုသုံးပါတယ်။ ကားတွေမှာသုံးတဲ့ ဒိုင်နမိုမော်တောတွေကိုလည်း 12 Volt နဲ့ 24 Volt ဆိုပြီး ခွဲခြားထားပါတယ်။ ဒိုင်နမိုတစ်လုံး ထုတ်လုပ်ပေးတဲ့ ဗို့အားနဲ့ လျှပ်စီးကြောင်း အမ်ပီယာပမဏကို I.C ကတ်တောက်က ထိန်းချုပ်ပေးပါတယ်။ ဒိုင်နမိုကထုတ်လုပ်တဲ့ လ၊ျှပ်စစ်စွမ်းအင်ကို ကားတစ်စီးလုံး လျှပ်စစ်ပစ္စည်းတွေမှာ သုံးစွဲတဲ့အပြင် ဘက်ထရီကိုလည်း ချာဂျင်သွင်း ပါတယ်။
ကားတစ်စီးမှာ DC လျှပ်စစ်စွမ်းအား ပါဝါနဲ့ အားလုံးအလုပ်လုပ်တဲ့အတွက် ဘက်ထရီမှာ ပါဝါအား အပြည့်ရှိဖို့၊ အရေးကြီး ပါတယ်။ ဘက်ထရီ အားမရှိတာနဲ့ မနက်ပိုင်း ကားစက်နိုးရတာ ဒုက္ခရောက်ပါတယ်။ ချာဂျင်အားမဝင်တဲ့ ဘက်ထရီမှာ ပါဝါအား မရှိတာကြောင့် ကားစက်နိုးရတာ ခက်ခဲပါတယ်။ ဘက်ထရီကောင်းမှ မော်တာအားကောင်းပါတယ်။ ဘက်ထရီ Down သွားလို့၊ ကားတွန်းနိုးရတဲ့ ဒုက္ခတွေ ဘက်ထရီဆိုင်သွားပြီး ထောက်နိုးဘက်ထရီ သွားဌားရတဲ့ ဒုက္ခတွေ ဒါတွေက လွတ်ကင်းအောင် ကားဘက်ထရီကို ဂရုစိုက်ထိန်းသိမ်းရပါတယ်။ ကားသမားဆိုတာ ကိုယ်မောင်းတဲ့ကားကို ဂရုစိုက် ထိန်းသိမ်းရပါတယ်။

🚗မနက်ပိုင်း ကားစက်နိုးတဲ့အချိန် ဘက်ထရီအားမရှိရင် (သို့မဟုတ်) မော်တာလည်တာ နှေးကွေးနေရင် ဘက်ထရီကို စစ်ဆေးဖို့ လိုပါတယ်။ ဘက်ထရီကို ချာဂျင်ဝင်အား ကောင်း/မကောင်း၊ အမ်ပီယာ တိုင်းကြည့်ဖို့ လိုပါတယ်။ ချာဂျင် အမ်ပီယာ ဘယ်လောက်ရှိသလဲသိဖို့ ဒိုင်နမိုဆားဗစ်ဆိုင်မှာ တိုင်းကြည့်လို့ရပါတယ်။

👉ဘက်ထရီ အားကောင်း/မကောင်း အလွယ်တကူ စစ်ဆေးလို့ရပါတယ်။ မီးကြီး ဖွင့်ကြည့်ပါ။ မီးအလင်းရောင် ပြင်းရမယ်။ ကားမီးကြီး အလင်းပြင်းအားကျနေမယ်၊ အရောင်မှိန်နေမယ်၊ ကားဟွန်းသံလည်း တိုးတိုးလေးပဲ ဖြစ်နေမယ်ဆိုရင်တော့ ဘက်ထရီဒေါင်း (Down) သွားတာ သေချာပါတယ်။ မော်တာမှာတစ်ခုခု ချွတ်ယွင်းချက် အပြစ်ရှိလို့ ဖြစ်ပါလိမ့်မယ်။ မော်တာ အာမေချာထိပ်က ကြေးစိတ်ခေါင်းတွေ စားနေတာလား၊ ကာဗွန်တိုနေတာလား၊ ဆိုလိုနွိုက် မကောင်းတာလား၊ ဘက်ထရီခေါင်း ဘက်ထရီကြိုးတွေ ချောင်ပြီး လွတ်နေသလား၊ မော်တာ ပြဿနာတွေ သိရအောင် မော်တာဆားဗစ် ပြင်ဆိုင်မှာ ဖြုတ်ဆေးပြီး လိုအပ်တာပြုပြင်ပါ။
ဘက်ထရီ အခြေအနေ ကောင်း/မကောင်း သေချာအောင် ဒစ်ဂျစ်တယ်မီတာနဲ့ ထောက်တိုင်းကြည့်နိုင်ပါတယ်။ ဗို့အား 12.66V အထက် ရှိနေရင် ဘက်ထရီမှာ အားအပြည့်ရှိပါတယ်။ 12.45V ဆိုရင်တော့ ဘက်ထရီထဲမှာ ပါဝါအား ၇၅ ရာခိုင်နှုန်းပဲ ကျန်ပါတယ်။ 12.24V မှာ ပြနေရင်တော့ ပါဝါအား ၅ဝ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။ သုံးလို့ အဆင် မပြေတော့ပါဘူး။ ဘက်ထရီဆားဗစ်ဆိုင်ကို ပို့ပြီး အားပြန်သွင်းပါ။ မိုးရေ၊ အက်ဆစ်၊ ပါဝါ ဒီဂရီနဲ့ Level ကိုစစ်ဆေးပါ။

အားပြည့်နေတဲ့ ဘက်ထရီတစ်လုံးရဲ့ အက်ဆစ်ပြင်းအား ဒီဂရီက 1.280 ရှိရပါတယ်။ 1.220 အောက်ကို ဆင်းသွားရင်တော့ ဘက်ထရီ အားမရှိပါဘူး။ အားအပြည့်ရှိတဲ့ ဘက်ထရီဖြစ်မှ မော်တာဆွဲအား ကောင်းပါတယ်။ ကြာကြာလည်း အနိုးခံပါတယ်။ ကားဘက်ထရီတစ်လုံး အဓိက တာဝန်က ဝါယာရိန်းစနစ်တစ်ခုလုံးမှာ တည်ငြိမ်တဲ့ ဗို့အားရှိဖို့နဲ့ စက်ရပ်ထားတဲ့ အခြေအနေမှာလည်း သိုလောင်ထားတဲ့ လျှပ်စစ်ပါဝါအားတွေကို ကားတစ်စီးလုံးအတွက် ထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်။
ကားဘက်ထရီတစ်လုံးရဲ့ သက်တမ်းဟာ ၂ နှစ်ကနေ ၄ နှစ်အထိ အသုံးခံပါတယ်။ ချာဂျင်အားသွင်းစနစ် ကောင်းပြီး ဘက်ထရီ ထိန်းသိမ်းရတာလည်း ဘက်ထရီသက်တမ်း ကြာကြာခံနိုင်ပါတယ်။ ဘက်ထရီ ထိန်းသိမ်းဖို့ ဒါတွေကို ဂရုစိုက်ပြီး လုပ်ဆောင်ပေးပါ။ ဒါမှသာ ဘက်ထရီသက်တမ်းပြည့် သုံးစွဲနိုင်မှာပါ။

(၁) ဘက်ထရီ ငုတ်တိုင်တွေ၊ ဘက်ထရီခေါင်းတွေ အမြဲ သန့်ရှင်းနေအောင်ထားပါ။ အက်ဆစ်ကြောင့် ဘက်ထရီခေါင်းနဲ့ ဘက်ထရီ ကြိုးထိပ်တွေမှာ ဆားပေါက်တတ်ပါတယ်။ ဘက်ထရီ ဆားပေါက်ရင် ဆော်ဒါရည်နဲ့ ဆေးပါ။ ရေနွေးပူပူနဲ့ လောင်းဆေးပါ။

(၂) ဘက်ထရီအိုးအတွင်း အက်ဆစ် level မကြာခဏ စစ်ဆေးပါ။ နွရောသီမှာ အက်ဆစ်ရည်တွေ ခန်းတတ်ပါ တယ်။ ဘက်ထရီ ပလိပ်ပြားတွေ ပေါ်နေအောင်အထိ အက်ဆစ် ည် ခန်းခြောက်တာမျိုး မဖြစ်ပါစေနဲ့။ ဘက် ထရီမိုးရေ ထပ်ဖြည့်ပေးပါ။

(၃) ဘက်ထရီအိုးခွံ ကွဲအက်ခြင်း၊ အဖုံးမလုံခြင်း၊ အက်ဆစ်ယိုစိမ့်ခြင်း ရှိ-မရှိ စစ်ဆေးပါ။

(၄) ဘက်ထရီချာဂျင် မှန်ပါစေ။ ချာဂျင်အမ်ပီယာ များလွန်းလျှင် ပွက်ပွက်ဆူလာတတ် ပါတယ်။ ဘက်ထရီကို ချာဂျင်သွင်းတဲ့ ဗို့အားက 13.8V ကနေ 14.3 V လောက်ပဲ ရှိသင့်ပါတယ်။

(၅) နောက်ဆုံး အိမ်အပြန် ကားသိမ်းချိန်မှာ ကားမီးတွေ၊ ခလုတ်တွေ အားလုံးကို ပိတ်ပြီးမှ ကားတံခါးကို ပိတ်ပါ။

(၆) ဘက်ထရီအိုးကို ဖမ်းထိန်းထားတဲ့ ဘရတ်ကတ်တွေ နတ်(Nut) တွေ တင်းကျပ်နေပါစေ။

(၇) ဘက်ထရီ အခန်းတိုင်းရဲ့ အက်ဆစ်ပြင်းအား သိပ်သည်းဆဟာ တူညီနေဖို့ လိုပါတယ်။ Cell တစ်ခန်းက အက်ဆစ်ပြင်းအားက ပျော့နေတာမျိုး ဖြစ်နေလို့ မရပါ။
(၈) ဘက်ထရီငုတ်နဲ့ ဘက်ထရီကေဘယ် lug ခေါင်းတွေ တင်းကျပ်နေဖို့ လိုပါတယ်။ ဘက်ထရီကြိုးတစ်စက Body Earth ကြိုးချပြီး ထိမိနေဖို့ လိုသလို ကျန်တစ်စ (မီးကြိုး) က မော်တာ ဆိုလိုနွိုက်ငုတ်မှာ ထိထိမိမိ တင်းကျပ်နေဖို့ လိုပါတယ်။
(၉) ဘက်ထထရီချာဂျင် ဝင်တာ မှန်ဖို့ လုပ်ငန်းသုံးကား၊ Taxi ဆိုရင် ၆လတစ်ကြိမ်လောက် ဒိုင်နမိုကို စစ်ဆေးသင့်ပါတယ်။ ကိုယ်ပိုင်ကားဆိုရင်တော့ အသုံးနည်းတာကြောင့် ၁နှစ်ခွဲ ၂နှစ်လောက်မှ တစ်ကြိမ် ဒိုင်နမိုကို ဆားဗစ်ဆင်လုပ်ပါ။
(၁၀) မိုးရေအက်ဆစ်ထပ် ထည့်စရာမလိုတဲ့ ထိန်းသိမ်းစရာမလိုတဲ့ Maintenance Free battery တစ်မျိုးလည်း ရှိပါတယ်။
(၁၁)ဘက်ထရီကို လက်အိတ်နှင့် ကိုင်တွယ်ပါ။ ဘက်ထရီမှာ ခဲသတ္တု အဓိက ဖြစ်တာကြောင့် ခဲဆိပ်သင့်တာကို ဂရုစိုက်ပါ။ ဘက်ထရီကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ဆေးကြောပါ။
ဘက်ထရီအား ပြည့် / မပြည့် ဘက်ထရီကို ဝါယာကြိုးတစ်ချောင်းဖြင့် ငုတ်နှစ်ငုတ်ကို ထောက်ပြီး မီးခတ်ကြည့်ခြင်းမျိုး လုံးဝမလုပ်ပါနှင့်။ ဘက်ထရီအိုးကွဲတတ်သည်။ အားသွင်းထားသော ဘက်ထရီအိုးထဲတွင် ဟိုက်ဒြိုဂျင် ပေါက်ကွဲခြင်းဖြစ်ကာ ဘက်ထရီအိုးပါ ပေါက်ကွဲတတ်ပါတယ်။ ဘက်ထရီအိုးကွဲပြီး ပွင့်ထွက်တာနဲ့ အက်ဆစ်တွေ မျက်နှာကို စင်နိုင်ပါတယ်။ အန္တရာယ် မဖြစ်အောင် သတိထားပြီး ကိုင်တွယ်ပါ။ ဘက်ထရီ ထိန်းသိမ်းမှု ကောင်းပြီး ချာဂျင်အဝင်မှန်ပါက သင့်ကားဘက်ထရီဟာ အမြဲတမ်းအသင့် အနေအထားမှာ ရှိနေနိုင်မှာပါ။

🙏

Address

ခြံအမှတ်(၄) ငုဝါလမ်းသွယ် (၅)ရပ်ကွက် လှိုင်မြို့နယ်
Yangon
11051

Telephone

+95943000477

Website

Alerts

Be the first to know and let us send you an email when One Two Nine Auto posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to One Two Nine Auto:

Share