Loon car driving school

Loon car driving school လမ်းမပေါ်မှာ ရဲရဲဝံ့ဝံ့နှင့် စနစ်တကျမောင်းနှင်နှိုင်ဖို့ LOON driving school မှ သင့်ကို ကြိုဆိုပါတယ်

မော်တော်ယာဥ်မောင်းသူနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် ဝက်ဆင် မောင်နှင်စေရေးနှင့် ကလေးအသက်ကယ်ထိုင်ခုံအသုံး...
01/02/2026

မော်တော်ယာဥ်မောင်းသူနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် ဝက်ဆင် မောင်နှင်စေရေးနှင့် ကလေးအသက်ကယ်ထိုင်ခုံအသုံးပြုရေးနှိုးဆော်ချက်

🚘 မော်တော်ယာဥ်ကို မောင်းနှင်နေစဥ် ယာဥ်အန္တရယ်ကင်းရှင်းရေးအတွက် အောက်ပါပုဂ္ဂိုများသည် အသက်ကယ်ထိုင်ခုံ ခါးပတ်ပတ်ထားရမည်-

🚘 လူစီးယာဥ်၊ ကျောင်းကြိုပို့ယာဥ်(school Bus)၊ အဝေးပြေးခရီးသည်တင်ယာဥ်(Express Bus) တို့တွင် မော်တော်ယာဥ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူအားလုံး၊

🚘 မြို့တွင်းခရီးသည်တင်ယာဥ်(City Bus Mini Bus) တွင် ယာဥ်မောင်းနှင်သူ၊

🚘 ကုန်တင်ယာဥ်နှင့် အခြားယာဥ်များတွင် ယာဥ်မောင်နှင်သူနှင့် ယာဥ်မောင်းသူ၏ ဘေးတွင် လိုက်ပါစီးနင်းသူ၊

🚘 ယာဥ်မောင်နှင်သူသည် အသက်ကယ်ထိုင်ခုံခါးပတ်ပ
တ်ထားရမည့်သူအားလုံး အသက်ကယ်ထိုင်ခုံခါးပတ်ကို စနစ်တကျ တပ်ဆင်စေပြီးမှ မောင်းနှင်ရမည်၊

🚘 မော်တော်ယာဥ်ပေါ်တွင် အသက်(၁၀)နှစ်အောက် ကလေးငယ်ပါရှိပါက ကလေးအသက်ကယ်ထိုင်ခုံ အသုံးပြုရမည်၊

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန


#ယာဥ်စည်းကမ်းလမ်းစည်းကမ်း

28/01/2026

📩ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊📩

Online Booking System ဖြင့်ဝန်ဆောင်မှုလုပ်ငန်းများပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း

အသိပေးကြေညာခြင်း

၁။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် Online Booking System ပြင်ဆင်ရန်ရှိပါ သောကြောင့် ၁ - ၁ဝ - ၂ဝ၂၅ ရက်နေ့မှစ၍ ခေတ္တရပ်ဆိုင်းခဲ့သည့် မော်တော်ယာဉ်စစ်ဆေးခြင်း၊ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသင်တန်း။ ယာဉ်မောင်းလိုင်စင် ဖြေဆိုစစ်ဆေးခြင်းတို့၏ Online Booking System အား ၂-၂-၂၀၂၆ ရက်(တနင်္လာနေ့) မှ စတင်၍ ပြန်လည်ဆောင်ရွက် သွားမည်ဖြစ်ပါသဖြင့် ၃၀ - ၁ - ၂ဝ၂၆ ရက် (သောကြာနေ့) မှ စတင်၍ Online Booking ရယူခြင်းအား www.rtad.gov.mm Website တွင်အနည်းဆုံး(၁)ရက်မှ အများဆုံး(၁၀)ရက်အထိ ကြိုတင်ရယူနိုင် မည်ဖြစ်သည်။

🚗 အဝိုင်းပတ်မှာ စနစ်တကျ မောင်းနှင်ကြပါစို့ယာဉ်အန္တရာယ်ကင်းရှင်းဖို့နဲ့ လမ်းပိတ်ဆို့မှုမဖြစ်အောင် အဝိုင်းပတ်ထဲမှာ မောင်းန...
24/01/2026

🚗 အဝိုင်းပတ်မှာ စနစ်တကျ မောင်းနှင်ကြပါစို့
ယာဉ်အန္တရာယ်ကင်းရှင်းဖို့နဲ့ လမ်းပိတ်ဆို့မှုမဖြစ်အောင် အဝိုင်းပတ်ထဲမှာ မောင်းနှင်တဲ့အခါ လိုက်နာရမယ့် စည်းကမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ အဝိုင်းပတ်ထဲသို့ မဝင်မီ သတိပြုရန်
• အရှိန်လျှော့ပါ: အဝိုင်းသို့မရောက်မီ အရှိန်ကို ကြိုတင်လျှော့ချထားပါ။
• ယာဉ်ကြောရွေးချယ်ပါ: ကိုယ်သွားမယ့် လမ်းကြောင်းပေါ်မူတည်ပြီး လမ်းကြောင်းမှန်ကနေ ကြိုတင်ဝင်ရောက်ပါ။
• ဦးစားပေးပါ: အဝိုင်းပတ်အတွင်း မောင်းနှင်နေသော ယာဉ်များအား ဦးစားပေးပြီးမှ အဝိုင်းအတွင်းသို့ ဝင်ရောက်ပါ။

၂။ ကိုယ်သွားလိုသည့် လမ်းကြောင်းအတိုင်း မောင်းနှင်ခြင်း
• ညာဘက်သို့ ကွေ့လိုလျှင်: အဝိုင်းပတ်အတွင်းရှိ ညာဘက် ယာဉ်ကြောကို အသုံးပြုပါ။
• တည့်တည့်သွားလိုလျှင်: အဝိုင်းပတ်အတွင်းရှိ ညာဘက် ယာဉ်ကြောကိုပဲ ဆက်လက်အသုံးပြုပါ။
• ဘယ်ဘက်သို့ ကွေ့လိုလျှင်: အဝိုင်းပတ်အတွင်းရှိ ဘယ်ဘက် ယာဉ်ကြောကို အသုံးပြုပါ။
• ပတ်လမ်းတစ်ခုလုံး (U-Turn) ပတ်လိုလျှင်: အဝိုင်းပတ်အတွင်းရှိ ဘယ်ဘက် ယာဉ်ကြောကို အသုံးပြုရပါမည်။

၃။ အရေးကြီးဆုံး စည်းကမ်းချက်များ
• ယာဉ်ကြော မပြောင်းရ: အဝိုင်းပတ်အတွင်း မောင်းနှင်နေစဉ် ယာဉ်ကြောတစ်ခုမှ တစ်ခုသို့ ရုတ်တရက် ပြောင်းလဲခြင်း လုံးဝမပြုလုပ်ရပါ။ (Do Not Change Lanes)
• လမ်းကြောင်းမှန်ကို ရွေးချယ်ပါ: မိမိသွားလိုသည့် လမ်းအတွက် သတ်မှတ်ထားသော ယာဉ်ကြောအတွင်းသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်မောင်းနှင်ပါ။
အချင်းချင်း ရိုင်းပင်းကူညီပြီး စနစ်တကျ မောင်းနှင်ခြင်းဖြင့် လမ်းဘေးကင်းလုံခြုံမှုကို ဖော်ဆောင်ကြပါစို့။

အမှတ်၆၉၊ ကျေင်းကြီးလမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်။

📞 09259982727, 09450664704


#အိမ်တိုင်ရာရောက်ကားမောင်းသင်တန်း

🚦 ယာဥ်အန္တရယ်ကင်းဖို့ ယာဉ်ထိန်းမီး လိုက်နာစို့​ယာဉ်မတော်တဆမှု ကင်းဝေးစေဖို့အတွက် ယာဉ်ထိန်းမီး အချက်ပြချက်များကို မှန်ကန်...
17/01/2026

🚦 ယာဥ်အန္တရယ်ကင်းဖို့ ယာဉ်ထိန်းမီး လိုက်နာစို့
​ယာဉ်မတော်တဆမှု ကင်းဝေးစေဖို့အတွက် ယာဉ်ထိန်းမီး အချက်ပြချက်များကို မှန်ကန်စွာ သိရှိနားလည်ပြီး လိုက်နာမောင်းနှင်ကြရအောင်... 👇

​🟢 မီးစိမ်းပြလျှင် (ဖြတ်သန်းပါ)
​ယာဉ်များကို ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ပါသည်။
​သတိပြုရန် - မီးစိမ်း မှီရန်အတွက် အရှိန်ပြင်းစွာဖြင့် လုမမောင်းရပါ။

​🟡 မီးဝါပြလျှင် (သတိပြုပါ/ရပ်ရန်ပြင်ဆင်ပါ)
​ရပ်မျဉ်းမရောက်မီ မီးဝါပြပါက ရပ်မျဉ်းနောက်တွင် ရပ်ပေးရပါမည်။
​ခြွင်းချက် - အရှိန်ကြောင့် ရပ်မျဉ်းနောက်တွင် အန္တရာယ်ကင်းစွာ ရပ်ရန် မဖြစ်နိုင်တော့သည့် အခြေအနေမျိုးတွင်သာ သတိကြီးစွာဖြင့် ဆက်လက်ဖြတ်သန်းနိုင်ပါသည်။
​မီးနီနှင့် မီးဝါ တစ်ပြိုင်နက်ပြပါက မီးနီတော့မည်ဖြစ်၍ လုံးဝ (လုံးဝ) ဖြတ်သန်းခြင်းမပြုရပါ။

​🔴 မီးနီပြလျှင် (ရပ်ပါ)
​ဖြတ်သန်းသွားလာခွင့် မပြုပါ။ ရပ်မျဉ်း၏ နောက်တွင် တိကျစွာ ရပ်ရပါမည်။
​အရေးကြီးချက် - ခြေကျင်လမ်းကူးများ၊ စက်ဘီးနှင့် ဆိုင်ကယ်လမ်းကူးများပေါ်တွင် ကျော်၍ ရပ်ခြင်းမပြုရပါ။

​👮 မှတ်ချက် - ယာဉ်အသွားအလာ ထိန်းသိမ်းသူ (ယာဉ်ထိန်းရဲ) က ရပ်ရန် ညွှန်ပြပါကလည်း မဖြစ်မနေ လိုက်နာရပ်တန့်ရပါမည်။

​"စည်းကမ်းရှိတဲ့ ယာဉ်မောင်းသူတိုင်းဟာ တန်ဖိုးရှိတဲ့ အသက်ပေါင်းများစွာကို ကယ်တင်ရာရောက်ပါတယ်"

​ #ယာဉ်စည်းကမ်းလမ်းစည်းကမ်း

🚗  မော်တော်ယာဥ်ကိုကွေ့လိုပါက မိမိသွားလိုသည့်ယာဥ်ကြောဘက်သို့ ကြိုတင်နေရာယူ၍ အချက်ပြခြင်းကို ကွေ့မည့်နေရာသို့ မရောက်မီ အနည...
12/01/2026

🚗 မော်တော်ယာဥ်ကိုကွေ့လိုပါက မိမိသွားလိုသည့်ယာဥ်ကြောဘက်သို့ ကြိုတင်နေရာယူ၍ အချက်ပြခြင်းကို ကွေ့မည့်နေရာသို့ မရောက်မီ အနည်းဆုံး ပေ ၁၀၀ မှ ကြိုတင်၍ အချက်ပြရမည်ဖြစ်ပြီး အမြန်နှုန်းလျှော့၊ ခေတ္တရပ်၊ အန္တရာယ်ကင်းမှ ကွေ့ဝင်ရမည်။

အောက်ပါနေရာများတွင် "ဂ ကွေ့ မကွေ့ရ -

၁ . ခြေကျင်လျှောက်သူများ ဖြတ်ကူးရန် ခွင့်ပြုထားသေးနေရာ၊

၂ . လမ်းအလယ်တွင် အလျှားလိုက် တစ်စပ်တည်းရေးဆွဲထားသော မျဥ်းဖြူတစ်ကြောင်း သို့မဟုတ် နှစ်ကြောင်းရှိသောလမ်း၊

၃ . ခွင့်မပြုသော လမ်းဆုံ၊ လမ်းခွ၊

၄ . လမ်းထောင့်၊ လမ်းကွေ့၊

၅ . ကုန်းထိပ်နှင့် ယင်းမှ မီတာ (၁၀၀) အတွင်း၊

၆ . တံတားအဝင်ဝနှင့် တံတားပေါ်၊

၇ . တစ်လမ်းမောင်းလမ်း၊

၈ . 'ဂ ကွေ့ မကွေ့ရဟု တားမြစ်ထားသောနေရာ၊

၉ . "လမ်းမပိတ်ရ အဝါရောင်မျဥ်းကွက် (YELLOW BOX) နေရာ၊

၁၀. ကျောင်း၊ ဆေးရုံ၊ မီးသတ်စခန်းတို့၏ရှေ့တွင် မကွေ့ရပါ။

09259982727
09450664704


#ယာဉ်စည်းကမ်းလမ်းစည်းကမ်း
#ကားမောင်းသင်တန်း


#ကားပါကင်

🚗 LOON ယာဉ်မောင်းသင်တန်းမှ ကြိုဆိုပါတယ် 🚗​"ဘေးကင်းလုံခြုံစိတ်ချစွာ မောင်းနှင်နိုင်ဖို့ ယာဉ်စည်းကမ်းများကို လိုက်နာစို့"​...
06/01/2026

🚗 LOON ယာဉ်မောင်းသင်တန်းမှ ကြိုဆိုပါတယ် 🚗

​"ဘေးကင်းလုံခြုံစိတ်ချစွာ မောင်းနှင်နိုင်ဖို့ ယာဉ်စည်းကမ်းများကို လိုက်နာစို့"

​မိမိကိုယ်တိုင်နှင့် အခြားသူများ၏ အန္တရာယ်ကင်းရှင်းရေးအတွက် အမြဲတစေ သတိပြုရမည့် ယာဉ်အကွာအဝေး ထိန်းသိမ်းခြင်း နှင့် ဘေးကင်းစွာ ကျော်တက်ခြင်း ဆိုင်ရာ အချက်အလက်များကို ဝေမျှပေးလိုက်ပါတယ်။

​၁။ အန္တရာယ်ကင်းသော အကွာအဝေး ထားရှိခြင်း

​ကားမောင်းနေစဉ် ရှေ့မှမော်တော်ယာဉ်သည် အကြောင်းအမျိုးမျိုးကြောင့် (ရုတ်တရက် အရှိန်လျှော့ခြင်း သို့မဟုတ် ရပ်တန့်ခြင်း) ပြုလုပ်နိုင်ပါသည်။ ထိုအခါ နောက်မှလိုက်ပါလာသော ယာဉ်သည် တိုက်မိခြင်းမရှိစေရန် အန္တရာယ်ကင်းလွတ်နိုင်သော အကွာအဝေး (Safe Distance) မှ ခွာ၍ မောင်းနှင်ရပါမည်။

​၂။ ကျော်တက်ရာတွင် ဂရုပြုရမည့်အချက် (၃) ချက်

​ရှေ့ယာဉ်ကို ကျော်တက်တော့မည်ဆိုပါက အောက်ပါတို့ကို မပျက်မကွက် စစ်ဆေးပါ-

​(က) မိမိယာဉ်ကို နောက်မှ ကျော်တက်ရန် ပြင်ဆင်နေသည့်ယာဉ် ရှိ/မရှိ။

​(ခ) မိမိကျော်တက်မည့် ရှေ့ယာဉ်သည် ၎င်း၏ရှေ့ယာဉ်ကို ထပ်မံကျော်တက်ရန် ပြင်ဆင်နေခြင်း ရှိ/မရှိ။

​(ဂ) ကျော်တက်မည့် ယာဉ်ကြောသည် ရှင်းလင်းမှု ရှိ/မရှိ သေချာကြည့်ရှုပြီးမှ ကူးရမည်။

​အရေးကြီးချက်: မည်သည့်ယာဉ်မဆို ကျော်တက်ရာတွင် ပုံမှန်အားဖြင့် ထိုယာဉ်၏ လက်ဝဲဘက် (ဘယ်ဘက်) မှသာ လွတ်ကင်းစွာ ကျော်တက်ရမည်။

​၃။ ကျော်တက်ပြီးနောက် မူလလမ်းကြောဝင်ခြင်း

​ကျော်တက်ပြီး၍ မူလယာဉ်ကြောသို့ ပြန်ဝင်လျှင် နောက်မှယာဉ်ကို အနှောင့်အယှက်မဖြစ်စေဘဲ လွတ်ကင်းသော အကွာအဝေးရောက်မှသာ ပြန်ဝင်ရပါမည်။

​၄။ လမ်းပေးခြင်း

​မိမိယာဉ်ကို အခြားယာဉ်က ကျော်တက်နေလျှင် ထိုယာဉ်ကျော်တက်ရ လွယ်ကူစေရန် မိမိ၏အရှိန်ကို လျှော့ချပေးပြီး လမ်းပေးရပါမည်။

​🚫 လုံးဝ (လုံးဝ) ကျော်တက်ခြင်းမပြုရမည့် နေရာများ

​အောက်ပါနေရာများနှင့် အခြေအနေများတွင် ကျော်တက်ခြင်းသည် အလွန်အန္တရာယ်များသဖြင့် ရှောင်ကြဉ်ရပါမည်-

​လူကူးမျဉ်းကြားနေရာများ။

​လမ်းဆုံ၊ လမ်းခွ နှင့် လမ်းကွေ့များ။

​ကုန်းအတက်နှင့် ကုန်းထိပ်များ။

​တံတားပေါ်နှင့် တံတားအဝင်ဝများ။

​လမ်းကျဉ်းနှင့် ဥမင်လိုဏ်ခေါင်းအတွင်း။

​မျဉ်းဖြူနှစ်ကြောင်း သို့မဟုတ် တစ်စပ်တည်းမျဉ်းကြောင်း ရှိသော လမ်းကြော။

​ရထားလမ်းကူးနေရာများ။

​အဝါရောင်မျဉ်းကွက် (Yellow Box) နေရာ။

​မြင်ကွင်းမရှင်းလင်းသော အချိန်အခါများ။

​LOON ယာဉ်မောင်းသင်တန်း သည် သင်၏ ဘေးကင်းလုံခြုံသော ခရီးလမ်းအတွက် အစဉ်အမြဲ ဆန္ဒပြုလျက်ရှိပါသည်။

​ #ယာဉ်စည်းကမ်းလမ်းစည်းကမ်း

⛽ ဆီ 1 ဂါလံကို ကီလိုဘယ်လောက်ရောက်လဲ???🗣  ယေဘုယျတွက်ချက်လို့ရတာမို့ အတိအကျမရပါဘူး။အမှန်က 1 ဂါလံနဲ့တွက်မယ်ဆိုရင် ကီလိုဘယ်လ...
05/01/2026

⛽ ဆီ 1 ဂါလံကို ကီလိုဘယ်လောက်ရောက်လဲ???

🗣 ယေဘုယျတွက်ချက်လို့ရတာမို့ အတိအကျမရပါဘူး။

အမှန်က 1 ဂါလံနဲ့တွက်မယ်ဆိုရင် ကီလိုဘယ်လောက်ရောက်တယ်ဆိုတာထက် မိုင်ဘယ်လောက်ရောက်လဲဆိုတာက တွက်ရ ပိုလွယ်ကူပါတယ်။

ဆီ 1 ဂါလံဆိုရင် မိုင်ဘယ်လောက်ရောက်နိုင်လဲ...???
ဆီ 1 လီတာဆိုရင် ကီလိုဘယ်လောက်ရောက်နိုင်လဲ...???
ဒီလိုမေးရင် ပိုပြီးသင့်တော်မှန်ကန်ပါတယ်။

ဥပမာ အနေနဲ့ပေ့ါ...
ကားတစ်စီးးရဲ့ဲ့ ဆီ 1 လီတာကို ကီလိုဘယ်လောက်ရောက်နိုင်လဲ...? ဆိုတာကိုအကြမ်းမျဉ်းးသိချင်ရင် ဆီတိုင်ကီကို ဆီအပြည့်ဖြည့်ပြီး ကီလိုစမှတ်လိုက်ပါ။

ပြီးရင် ပုံမှန်ကိုယ်သွားနေကြအတိုင်းကားကို အသုံပြုပြီးသွားလိုက်ပါ။

နောက်တစ်ခါဆီပြန်ဖြည့်တဲ့အချိန်မှာ ဘယ်လောက်ပမာဏဖြည့်လိုက်ရလဲဆိုတာကိုပါ ထပ်ပြီးမှတ်ထားပါ။

ဉပမာ - ဆီအပြည့်ဖြည့်ပြီး စထွက်လာခဲ့လို့မှတ်ထားတဲ့ ကီလိုက 200 ရှိတယ်ဆိုပါစို့။ ( ကီလို 200 ဆိုတာ 124.274 မိုင်နဲ့ ညီမျှပါတယ် )

နောက်တစ်ခါဆီအပြည့်ပြန်ဖြည့်လိုက်ရတာက 22 လီတာရှိတယ်ဆိုရင်။ ( 22 လီတာဟာ 5.8 ဂါလံနဲ့ ညီမျှပါတယ်။ ဒီလိုဆက်သွယ်ချက်ကို သိချင်ရင်တော့ Google မှာ Liter to Gallon / Killometer to Mile ဆိုပြီးရိုက်ရှာလို့ရပါတယ်။ ( 1 mile = 1.60934 kilometer / 1 gallon = 3.785741 liter / US gallon )

ဒါဆို ကီလို 200 ကို 22 လီတာ နဲ့စားလိုက်လို့ ထွက်လာတဲ့ဟာက ဆီ 1 လီတာကို ရောက်ရှိနိုင်တဲ့ ကီလို အကွာအဝေးပါပဲ။

စားကြည့်လိုက်တဲ့ အဖြေက 9.09 ဆိုရင် မိမိရဲ့ကားဟာ ဆီ 1 လီတာကို 9 ကီလိုပဲရောက်ရှိနိုင်ပါတယ်။

လီတာနဲ့မတွက်ချင်လို့ ဂါလံနဲ့တွက်မယ်ဆိုရင်တော့ မိုင်အကွာအဝေးကို ဂါလံနဲ့စားရပါလိမ့်မယ်။
124.274 မိုင်ကို 5.8 ဂါလံနဲ့စားတဲ့ အဖြေက 21.42 ရတယ်ဆိုရင် ဒါဟာ ဆီ 1 ဂါလံမှာ 21 မိုင် ရောက်နိုင်တယ်ဆိုတာကို ညွှန်ပြနေတာပါပဲ။ ( 21 မိုင်ဆိုတာ ကီလို 33 နဲ့တူတူပါပဲ )

ဒီမှာမိတ်ဆွေတို့သိချင်တဲ့ ဆီ 1 ဂါလံမှာ 33 ကီလို ဆိုတာကို ရမှာပဲဖြစ်ပါတယ်။

09 25 998 2727 „ 09 450 664 704

အမှတ် ၆၉၊ ကျောင်းကြီးလမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်။


#ယာဥ်မောင်းသင်တန်းကျောင်း


#ကားပါကင်

လမ်းပေါ်တွင် မောင်းနှင်နေစဥ် လိုက်နာရမည့် စည်းကမ်းချက်များ.,...  #ကားမောင်းသင်တန်း #ယာဥ်မောင်းသင်တန်းကျောင်း
03/01/2026

လမ်းပေါ်တွင် မောင်းနှင်နေစဥ် လိုက်နာရမည့် စည်းကမ်းချက်များ.,...


#ကားမောင်းသင်တန်း
#ယာဥ်မောင်းသင်တန်းကျောင်း

🚘နှစ်သစ်ကို ယုံကြည်မှုအပြည့်နဲ့ မောင်းနှင်လိုက်ပါ.....   LOON ယာဥ်မောင်းသင်တန်းမှ သင်တန်းသား အသစ်/အဟောင်းများကို နွေးထွေ...
31/12/2025

🚘နှစ်သစ်ကို ယုံကြည်မှုအပြည့်နဲ့ မောင်းနှင်လိုက်ပါ.....

LOON ယာဥ်မောင်းသင်တန်းမှ သင်တန်းသား အသစ်/အဟောင်းများကို နွေးထွေးဆွာ ကြိုဆိုလျှက်ပါဗျ။❤️❤️❤️

📞 09 25998 2727 📞 09 450 664 704



#ကားမောင်းသင်တန်း

🙏🙏သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် လိုအပ်ချက်များ🙏🚘💳(ခ )လိုင်စင်ရဖို့အတွက် သင်တန်းမှ တာဝင်ယူလုပ်ဆောင်ပေးပါတယ်သင်တန်းဆင်းလက်...
30/01/2024

🙏🙏သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် လိုအပ်ချက်များ🙏

🚘💳(ခ )လိုင်စင်ရဖို့အတွက် သင်တန်းမှ တာဝင်ယူလုပ်ဆောင်ပေးပါတယ်

သင်တန်းဆင်းလက်မှတ် (free)ပေးပါတယ်

မိမိလိုချင်သောအချိန်တခုယူပြီးသင်လ်ုရပါတယ်

one by one သင်ကြားပေးသောသင်တန်းပါ အများစုပြီးသင်သည့် သင်တန်းမဟုတ်ပါ

🏠အိမ်တိုင်ရာရောက်သင်ကြားလို့လည်းရပါတယ်ဗျ သင်တန်းကြေးကတော့ မြို့နယ်အလိုက် အပြောင်းအလဲလေးရှိပါတယ်

အသေးစိတ်အချက်အလတ်များရှင်းပြနိုင်ရန် ♦️♦️

09 25998 2727

09 688000377

09 450 664 704

အမှတ်(၆၉)၊ ကျောင်းကြီးလမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်။

ာဉ်မောင်းသင်တန်း
#အိမ်တိုင်ရာရောက်ကားမောင်းသင်တန်း


📌📌ယာဉ်မောင်းနှင်သူ၏ အားနည်းချက်ကြောင့် ယာဉ်မတော်တဆဖြစ်ရသည့် အချက်များ📌📌  (က) မိမိယာဉ်ကိုမထွက်ခွာမီ လိုအပ်သည်များအား ပြန်...
23/01/2024

📌📌ယာဉ်မောင်းနှင်သူ၏ အားနည်းချက်ကြောင့် ယာဉ်မတော်တဆဖြစ်ရသည့် အချက်များ📌📌

(က) မိမိယာဉ်ကိုမထွက်ခွာမီ လိုအပ်သည်များအား ပြန်လည်စစ်ဆေးမှုမရှိခြင်း၊

(ခ) ယာဉ်မောင်းကျွန်းကျင်မှုမရှိခြင်း၊

(ဂ) ယာဉ်မောင်းနှင်သူ အာရုံပျံ့လွင့်ခြင်း -
(၁) ဒေါသဖြစ်ခြင်း (ANger)
(၂) စိုးရိမ်ကြောင့်ကြမှုရှိခြင်း (Anxiety)
(၃) မိသားစု/အလုပ်ပြဿနာ (Problems)
(၄) ငိုက်မျဉ်းခြင်း (Drowsy)

(ဃ) မူးယစ်သောက်စား၍ မောင်းနှင်ခြင်း၊🥃🍺💉

(င). သတ်မှတ်အမြန်နှုန်းထက်ပို၍ မောင်းနှင်ခြင်း၊

(စ). အပြိုင်အဆိုင်မောင်းနှင်ခြင်း၊

(ဆ). လက်ကိုင်ဖုန်း အသုံးပြု၍ မောင်းနှင်ခြင်း၊📱

(ဇ). ယာဉ်မောင်းနှင်သူ၏ ခန္ဓာကိုယ်ပိုင်ဆိုင်ရာ များ ပင်ပန်းနွမ်းနယ်ခြင်း၊🥵🤒😱😵

(ဈ). ယာဉ်မောင်းနှင်နေစဉ်တွင် ရေဒီယို channel ရွေးချယ်ခြင်း၊ သီချင်းရွေးချယ်ခြင်း၊ လမ်းကြောင်းပြ မြေပုံကြည့်ခြင်း၊📻📺🗺️🗾

(ည). ဥပဒေ၊ နည်းဥပဒေများနှင့်အညီထုတ်ပြန်ထားသော မော်တော်ယာဉ် သွားလာမှု စည်းကမ်းများကို လိုက်နာမှုမရှိခြင်း။📖📔📜

Address

Kyeemyindaing, Kyaung Gyi Street, Upper Bl , Yangon
Yangon
00010

Alerts

Be the first to know and let us send you an email when Loon car driving school posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Loon car driving school:

Share

Category