Wun Yan Kha Car Service Center

Wun Yan Kha Car Service Center ကား ဆေး ဘော်ဒီ ၊အင်ဂျင် အောက်ပိုင်း ?

🚗 မိုးတွင်းရောက်ပြီဆိုတော့ ကားလေးတွေကို သေချာဂရုစိုက်ဖို့လိုပြီနော် မိတ်ဆွေတို့ရေ။ မိုးရာသီက လမ်းတွေကိုတင်မဟုတ်ဘဲ ကားကို...
11/08/2026

🚗 မိုးတွင်းရောက်ပြီဆိုတော့ ကားလေးတွေကို သေချာဂရုစိုက်ဖို့လိုပြီနော် မိတ်ဆွေတို့ရေ။ မိုးရာသီက လမ်းတွေကိုတင်မဟုတ်ဘဲ ကားကိုပါ ထိခိုက်စေတတ်လို့ ကုန်ကျစရိတ်ကြီးမားမယ့် ပြဿနာတွေကို ကြိုကာကွယ်နိုင်ဖို့ ဒီနေ့ကစပြီး ကားမှာ ဒါတွေစစ်ဆေးလိုက်ရအောင်!

💧 ဝိုက်ပါ- မိုးရွာချိန်မှာ မြင်ကွင်းရှင်းရှင်းနဲ့ ကောင်းကောင်းမြင်ရဖို့ ဟောင်းနွမ်းနေတဲ့ ဝိုက်ပါတွေကို အသစ်လဲပေးပါ

🔋 ဘတ်ထရီ- ရာသီဥတုစိုစွတ်ချိန်မှာ အားနည်းနေတဲ့ဘက်ထရီတွေက ပိုသိသာလာတတ်တာကြောင့် သတိထား စစ်ဆေးပါ

🛞 တာယာ- ဘီးက တာယာပန်းတွေ လုံလောက်ရဲ့လား၊ ရှိသင့်တဲ့လေပေါင်မှန်ရဲ့လားဆိုတာ အမြဲစစ်ဆေးပါ

💡 မီးလုံး- မိုးသည်းချိန်နဲ့ ညဘက်တွေမှာ မြင်ကွင်းရှင်းအောင်၊ တခြားကားတွေက မြင်သာအောင် ရှေ့မီး၊ ဘရိတ်မီးနဲ့ အချက်ပြမီးတွေကို နေ့တိုင်း စမ်းသပ်ထားပါ

🌬️ အဲကွန်းနဲ့ Defogger - မိုးသည်းတဲ့အခါ ကားမှန်တွေ အခိုးပိတ်ပြီး မမြင်ရတာမျိုးမဖြစ်အောင် မှန်အပူပေးစနစ် နဲ့ အဲကွန်းကို စစ်ဆေးပါ

🛑 ဘရိတ်- ဒါကတော့ အရေးကြီးဆုံးအရာပါ...မိုးရေစိုနေတဲ့အချိန် အရေးပေါ် ဘရိတ်ဆွဲတဲ့အခါ ချောချောမွေ့မွေ့ရှိနေစေဖို့ အမြဲတမ်း စစ်ဆေးပြီးမှ မောင်းနှင်ပါ


🌧️ မိုးရာသီမှာ ဘေးအန္တရာယ်ကင်းကင်း ယုံကြည်မှုအပြည့်နဲ့ မောင်းနှင်နိုင်ဖို့ ကိုယ့်ရဲ့ကားမှာ ဒီအချက်တွေ ဘေးကင်းပြည့်စုံနေရဲ့လားဆိုတာကို သေချာစစ်ဆေးနိုင်ဖို့ဆိုရင်တော့ အခုပဲ 𝐖𝐮𝐧 𝐘𝐚𝐧 𝐊𝐡𝐚 𝗔𝘂𝘁𝗼 ကို အရောက်လာခဲ့လိုက်တော့နော်

🚘𝐖𝐮𝐧 𝐘𝐚𝐧 𝐊𝐡𝐚 𝐂𝐚𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐞𝐫
☎️ 09977109893, 09977109897
🏢 No.159, Baho Road, Between Butaryon St & Parami St, Hlaing Tsp, Yangon.

#မိုးရာသီ #ကား

🌕 မြင့်မြတ်လှတဲ့ ဝါဆိုလပြည့်နေ့အခါသမယမှာ 𝗪𝘂𝗻 𝗬𝗮𝗻 𝗞𝗵𝗮 𝗔𝘂𝘁𝗼 ရဲ့ မိတ်ဆွေ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များ၊ ဝန်ထမ်းမိသားစုများ အားလုံး ကုသိုလ်က...
29/07/2026

🌕 မြင့်မြတ်လှတဲ့ ဝါဆိုလပြည့်နေ့အခါသမယမှာ 𝗪𝘂𝗻 𝗬𝗮𝗻 𝗞𝗵𝗮 𝗔𝘂𝘁𝗼 ရဲ့ မိတ်ဆွေ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များ၊ ဝန်ထမ်းမိသားစုများ အားလုံး ကုသိုလ်ကောင်းမှုများထုံမွှမ်းကာ ဓမ္မစကြာတရားတော်၏ အရိပ်အောက်မှာ ကိုယ်ရောစိတ်ပါ အေးချမ်းကြပါစေကြောင်း မေတ္တာများဖြင့် ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်… 🙏✨

#ဝါဆိုလပြည့်နေ့ #ဆုတောင်းစကား

📣 ဝါဆိုလပြည့်နေ့ ပိတ်ရက် အသိပေးကြေညာခြင်း၂၀၂၆ခုနှစ် ဇူလိုင်လ ၂၉ရက်နေ့မှာ ကျရောက်လာမယ့် ဝါဆိုလပြည့်နေ့ကို 𝐖𝐮𝐧 𝐘𝐚𝐧 𝐊𝐡𝐚 𝐂𝐚𝐫...
27/07/2026

📣 ဝါဆိုလပြည့်နေ့ ပိတ်ရက် အသိပေးကြေညာခြင်း

၂၀၂၆ခုနှစ် ဇူလိုင်လ ၂၉ရက်နေ့မှာ ကျရောက်လာမယ့် ဝါဆိုလပြည့်နေ့ကို 𝐖𝐮𝐧 𝐘𝐚𝐧 𝐊𝐡𝐚 𝐂𝐚𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐞𝐫 ရဲ့ ပိတ်ရက်အဖြစ်သတ်မှတ်ထားပြီး ဇွန်လ ၃၀ ရက်နေ့မှအစ ပုံမှန်အတိုင်း ဖွင့်လှစ်ဝန်ဆောင်မှု ပေးသွားမှာဖြစ်ကြောင်း 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များ အားလုံးထံ လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါတယ်ခင်ဗျာ…🤗

🚘𝐖𝐮𝐧 𝐘𝐚𝐧 𝐊𝐡𝐚 𝐂𝐚𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐞𝐫
☎️ 09977109893, 09977109897
🏢 No.159, Baho Road, Between Butaryon St & Parami St, Hlaing Tsp, Yangon.

#ဝါဆိုလပြည့်နေ့ပိတ်ရက်

“လီဗာနင်းလို့ ကားဘီးလှိမ့်နေရင်ရပြီ... ပြင်စရာမလိုဘူး” ဆိုတဲ့ ဘော်ဒါကို ပိုင်ဆိုင်ထားရင် Comment မှာ Mention လိုက်ပါဦး🤣 ...
27/07/2026

“လီဗာနင်းလို့ ကားဘီးလှိမ့်နေရင်ရပြီ... ပြင်စရာမလိုဘူး” ဆိုတဲ့ ဘော်ဒါကို ပိုင်ဆိုင်ထားရင် Comment မှာ Mention လိုက်ပါဦး🤣

⛈️ မိုးတွင်းဆိုရင် ကားအပြင်ပိုင်းကိုပဲ ရေဆေးပေးနေရုံနဲ့ မလုံလောက်တော့ပါဘူးနော်… ကားအတွင်းခန်းထဲက အစိုဓာတ်တွေ၊ မိုးရေစိုန...
22/07/2026

⛈️ မိုးတွင်းဆိုရင် ကားအပြင်ပိုင်းကိုပဲ ရေဆေးပေးနေရုံနဲ့ မလုံလောက်တော့ပါဘူးနော်…

ကားအတွင်းခန်းထဲက အစိုဓာတ်တွေ၊ မိုးရေစိုနေတဲ့ ထီးတွေ၊ ဖိနပ်တွေ ထည့်တာကြောင့် ဖြစ်ပေါ်လာတဲ့ ရေနံ့၊ မှိုနံ့၊ အနံ့ဆိုးတွေက ကားကူရှင်တွေ၊ လည်သာတွေကို ထိခိုက်စေရုံတင်မက စီးနင်းသူတွေကိုပါ ကျန်းမာရေးထိခိုက်စေနိုင်တာကြောင့် အတွင်းခန်းတစ်ခုလုံး အသေးစိတ်သန့်စင်ထားဖို့လည်း လိုအပ်ပါတယ်…✅

အဲဒီအတွက် 𝐖𝐮𝐧 𝐘𝐚𝐧 𝐊𝐡𝐚 𝐀𝐮𝐭𝐨 မှာဆိုရင် 𝐂𝐚𝐫 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐖𝐚𝐬𝐡 Service နဲ့အတူ ကူညီဖြေရှင်းပေးနေပါပြီ📣

💧 ကားထိုင်ခုံတွေ၊ ကြမ်းခင်းတွေ၊ တံခါးဘောင်တွေနဲ့ 𝐃𝐚𝐬𝐡𝐛𝐨𝐚𝐫𝐝 အစရှိတဲ့ ကားအတွင်းခန်းတစ်ခုလုံးကို အဆင့်မြင့်ဆေးရည်များနဲ့အတူ အသေးစိတ် ရှင်းလင်းသန့်စင်ပေးမှာဖြစ်တာကြောင့်…

✨ မိုးဘယ်လောက်ရွာရွာ ကားအတွင်းခန်းတစ်ခုလုံး သန့်ရှင်းမွှေးကြိုင်နေဖို့ 𝐖𝐮𝐧 𝐘𝐚𝐧 𝐊𝐡𝐚 𝐀𝐮𝐭𝐨 ဆီ အမြန်ဆုံးလာရောက်လိုက်ဖို့ပဲ လိုပါတယ်နော်... 🤝


🚘𝐖𝐮𝐧 𝐘𝐚𝐧 𝐊𝐡𝐚 𝐂𝐚𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐞𝐫
☎️ 09977109893, 09977109897
🏢 No.159, Baho Road, Between Butaryon St & Parami St, Hlaing Tsp, Yangon.

ကားဆိုတာ အချိန်တစ်ခုရောက်ရင် လဲရမယ့် အပိုပစ္စည်းတွေ၊ ပြုပြင်ရမယ့် အစိတ်အပိုင်းတွေ ရှိပါတယ်…📌 ပုံမှန်စစ်ဆေးမှု မလုပ်ဘဲ လစ...
18/07/2026

ကားဆိုတာ အချိန်တစ်ခုရောက်ရင် လဲရမယ့် အပိုပစ္စည်းတွေ၊ ပြုပြင်ရမယ့် အစိတ်အပိုင်းတွေ ရှိပါတယ်…📌

ပုံမှန်စစ်ဆေးမှု မလုပ်ဘဲ လစ်လျူရှုဆက်မောင်းနေမယ်ဆိုရင်...
⚠️ အင်ဂျင်ပိုင်းဆိုင်ရာ ကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာနိုင်သလို
⚠️ လမ်းခရီးမှာ ယာဉ်မတော်တဆ ဘေးအန္တရာယ်တွေနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်
⚠️ ဒါ့အပြင် ပုံမှန်ပြင်ရမယ့် စရိတ်ထက် အဆပေါင်းများစွာ ပိုကုန်ကျစေဦးမှာပါ

✅ ဒါကြောင့် ပိုက်ဆံပိုမကုန်စေဖို့နဲ့ ခရီးစဉ်တိုင်းကို စိတ်အေးချမ်းသာစွာ ဖြတ်သန်းမောင်းနှင်နိုင်ဖို့ ကားအတွက် ပုံမှန်စစ်ဆေးပြုပြင်ဖို့ လုံးဝမမေ့ဖို့ 𝐖𝐮𝐧 𝐘𝐚𝐧 𝐊𝐡𝐚 𝐀𝐮𝐭𝐨 ကနေ နှိုးဆော်တိုက်တွန်းလိုက်ပါနော်… 🛠️✨

🚘𝐖𝐮𝐧 𝐘𝐚𝐧 𝐊𝐡𝐚 𝐂𝐚𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐞𝐫
☎️ 09977109893, 09977109897
🏢 No.159, Baho Road, Between Butaryon St & Parami St, Hlaing Tsp, Yangon.

#ကားဝပ်ရှော့

🌊မိုးတွင်းကာလမှာ မလွှဲသာလို့ ရေလျှံနေတဲ့လမ်းမတွေကို ဖြတ်မောင်းလိုက်ရတဲ့အခါ ကားအပြင်ပိုင်းတင်မကဘဲ အတွင်းပိုင်း စက်ပစ္စည်း...
15/07/2026

🌊မိုးတွင်းကာလမှာ မလွှဲသာလို့ ရေလျှံနေတဲ့လမ်းမတွေကို ဖြတ်မောင်းလိုက်ရတဲ့အခါ ကားအပြင်ပိုင်းတင်မကဘဲ အတွင်းပိုင်း စက်ပစ္စည်းတွေထဲအထိ ရေဝင်ပြီး ရေရှည်မှာ ကားပျက်စီးတာမျိုး ဖြစ်တတ်ပါတယ်…❗

ဒါကြောင့် မိုးသည်းလို့ ရေကျော်၊ ရေဝပ်နေတဲ့ လမ်းတွေကို ဖြတ်မောင်းမိလိုက်ပြီဆိုရင်... အိမ်ပြန်ရောက်တာနဲ့ ကားအတွက် ဒါတွေ ချက်ချင်းလုပ်လိုက်ပါ📌

✅ ရေလွတ်တဲ့နေရာရောက်ရင် ဘရိတ်ကို ခပ်ဖွဖွလေး အကြိမ်ကြိမ် နင်းပေးပြီး ဘရိတ်ပြန်မိအောင် အခြောက်ခံပါ

✅ ကားအောက်ပိုင်း သံချေးတက်တာ၊ ဆွေးတာတွေ ဖြစ်စေနိုင်တာကြောင့် အိမ်ရောက်တာနဲ့ ကားအောက်ပိုင်းကို ရေသန့်နဲ့ ချက်ချင်း ပြန်ဆေးပစ်ပါ

✅ မှိုစွဲတာ၊ အနံ့ဆိုးထွက်တာတွေ မဖြစ်စေဖို့ ကားအတွင်းခန်း ကော်ဇောအောက် ရေဝင်/မဝင် စစ်ပြီး စိုနေရင် ချက်ချင်းအခြောက်ခံပါ

✅ အင်ဂျင်ဝိုင်နဲ့ ဂီယာဝိုင်ကို အရောင်စစ်ပြီး အရောင်ပြောင်းနေရင် နီးစပ်ရာဝပ်ရှော့မှာ ချက်ချင်းသွားလဲပါ

✅ ရေထဲပါလာတဲ့ အမှိုက်သရိုက်တွေ၊ ပလတ်စတစ်အိတ်တွေက 𝐑𝐚𝐝𝐢𝐚𝐭𝐨𝐫 𝐅𝐚𝐧 ဒါမှမဟုတ် အောက်ပိုင်းဝါယာကြိုးတွေမှာ ငြိကျန်ခဲ့တတ်တာကြောင့် စစ်ဆေးပြီး ဖယ်ရှားရှင်းလင်းပါ

ဒီအချက်လေးတွေကို အချိန်မှီလုပ်ဆောင်ပေးမယ်ဆိုရင် မိတ်ဆွေတို့ရဲ့ ကားလေးမှာ မလိုအပ်ဘဲ ပျက်စီးဆုံးရှုံးရတာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ… 😎💡

🚘𝐖𝐮𝐧 𝐘𝐚𝐧 𝐊𝐡𝐚 𝐂𝐚𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐞𝐫
☎️ 09977109893, 09977109897
🏢 No.159, Baho Road, Between Butaryon St & Parami St, Hlaing Tsp, Yangon.

#မိုးရာသီ #ကား

🚗 ဘော်ဒါတို့ရေ... မနက်တိုင်း ကားမောင်းမထွက်ခင် ၅မိနစ်လောက် အချိန်ပေးပြီး ဒါလေးတွေ စစ်ဆေးကြည့်ဖြစ်ရဲ့လား?✔️ Engine Oil ပမ...
10/07/2026

🚗 ဘော်ဒါတို့ရေ... မနက်တိုင်း ကားမောင်းမထွက်ခင် ၅မိနစ်လောက် အချိန်ပေးပြီး ဒါလေးတွေ စစ်ဆေးကြည့်ဖြစ်ရဲ့လား?

✔️ Engine Oil ပမာဏ
✔️ Coolant / Radiator Water
✔️ Brake Oil & Brake Performance
✔️ Tire Pressure & Tire Condition
✔️ Battery Condition
✔️ Headlights, Brake Lights & Signal Lights

ကိုယ့်ရဲ့ကားမှာ ဒီအချက်လေးတွေကို ပုံမှန်စစ်ဆေးပေးတာက လမ်းခရီးမှာ မမျှော်လင့်ထားတဲ့ ပြဿနာတွေကို လျှော့ချပေးနိုင်ပြီး ကားရဲ့သက်တမ်းကိုလည်း ပိုရှည်စေပါတယ်

🔧 တစ်ခုခုချို့ယွင်းနေတာနဲ့ ချက်ချင်းသိပြီး ပြင်ဆင်နိုင်တာကြောင့် အန္တရာယ်လည်းကင်းသလို ကုန်ကျစရိတ်ကိုလည်း ပိုပြီးသက်သာစေပါတယ်

ကားနဲ့ပတ်သက်ပြီး ဘာပဲပြင်ချင်ချင်၊ ဘာပဲစစ်ဆေးချင်ချင် 𝗪𝘂𝗻 𝗬𝗮𝗻 𝗞𝗵𝗮 𝗔𝘂𝘁𝗼 ကိုသာ အရောက်လာခဲ့ဖို့လည်း မမေ့နဲ့နော်... ✨

👨‍🔧သက်ဆိုင်ရာ အစိတ်အပိုင်းအလိုက် ကျွမ်းကျင်အတွေ့အကြုံရှိတဲ့ Mechanic Team က ကားရဲ့အခြေအနေကို သေချာစစ်ဆေးပေးပြီး သင့်တင့်တဲ့နှုန်းထား၊ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုနဲ့ အမြဲအဆင်သင့်စောင့်ကြိုနေပါတယ်


🚘𝐖𝐮𝐧 𝐘𝐚𝐧 𝐊𝐡𝐚 𝐂𝐚𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐞𝐫
☎️ 09977109893, 09977109897
🏢 No.159, Baho Road, Between Butaryon St & Parami St, Hlaing Tsp, Yangon.


#ကားဝပ်ရှော့ #ကား

📣 𝐖𝐮𝐧 𝐘𝐚𝐧 𝐊𝐡𝐚 𝐂𝐚𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐞𝐫 အတွက် အသက် ၁၈နှစ်မှ ၂၅နှစ်အတွင်း ရုံးဝန်ထမ်း (မ) ၂ဦး အမြန်အလိုရှိပါသည်။အလုပ်လျှောက်ထားဖ...
07/07/2026

📣 𝐖𝐮𝐧 𝐘𝐚𝐧 𝐊𝐡𝐚 𝐂𝐚𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐞𝐫 အတွက် အသက် ၁၈နှစ်မှ ၂၅နှစ်အတွင်း ရုံးဝန်ထမ်း (မ) ၂ဦး အမြန်အလိုရှိပါသည်။

အလုပ်လျှောက်ထားဖို့ စိတ်ဝင်စားပါက Viber နံပါတ် 09977109897 နဲ့ 09977109893 ထံ CV Form ပေးပို့ပြီး အမြန်ဆုံးလျှောက်ထားနိုင်ပါသည်။🤗

အသေးစိတ်ဆက်သွယ် စုံစမ်းရန်:
🚘𝐖𝐮𝐧 𝐘𝐚𝐧 𝐊𝐡𝐚 𝐂𝐚𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐞𝐫
☎️ 09977109893, 09977109897
🏢 No.159, Baho Road, Between Butaryon St & Parami St, Hlaing Tsp, Yangon.

#ဝန်ထမ်းခေါ်ယူခြင်း

လမ်းပျက်စီးတာများတတ်တဲ့ မိုးတွင်းကာလမှာ ရေတွေ၊ ချိုင့်တွေထဲ ဖြတ်မောင်းတာများလာတာနဲ့အမျှ ကားအောက်ပိုင်းစနစ် (𝐒𝐮𝐬𝐩𝐞𝐧𝐬𝐢𝐨𝐧 𝐒...
01/07/2026

လမ်းပျက်စီးတာများတတ်တဲ့ မိုးတွင်းကာလမှာ ရေတွေ၊ ချိုင့်တွေထဲ ဖြတ်မောင်းတာများလာတာနဲ့အမျှ ကားအောက်ပိုင်းစနစ် (𝐒𝐮𝐬𝐩𝐞𝐧𝐬𝐢𝐨𝐧 𝐒𝐲𝐬𝐭𝐞𝐦) မှာ ဒဏ်ခံရမှုက ပိုပြီး ဆိုးဝါးလာတတ်ပါတယ်…⚠️

ဒီလိုဒဏ်တွေကြောင့် အခုချိန်မှာ...
👉 ကားမောင်းရတာ ငြိမ့်ညောင်းမှု မရှိတော့တာ
👉 ကားအောက်ကနေ ပုံမှန်မဟုတ်တဲ့အသံတွေ ကြားနေရတာ
👉 ဘရိတ်ဖမ်းတိုင်း စတီယာရင် တုန်ခါနေတာ
👉 အစရှိတဲ့ ကားအောက်ပိုင်းပြဿနာရှိနေတဲ့ လက္ခဏာတွေ ပြလာပြီဆိုရင် အန္တရာယ်မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ဖို့အတွက် 𝐖𝐮𝐧 𝐘𝐚𝐧 𝐊𝐡𝐚 𝐀𝐮𝐭𝐨 ဆီသာ အမြန်ဆုံးလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေ🤗

✅ ကျွန်တော်တို့ဆီမှာ ကဏ္ဍအလိုက်ကျွမ်းကျင်တဲ့ Mechanic တွေကိုယ်တိုင် ကားအောက်ပိုင်းစနစ်တစ်ခုလုံးကို ခေတ်မီစက်ကိရိယာတွေနဲ့ စနစ်တကျ အသေးစိတ်စစ်ဆေးပေးပြီး အကောင်းဆုံး ပြုပြင်လဲလှယ်ပေးမှာဖြစ်တာကြောင့် စိတ်ကျေနပ်မှု အပြည့်အဝရရှိစေဖို့ အာမခံပါတယ်ခင်ဗျာ…✨

🚘𝐖𝐮𝐧 𝐘𝐚𝐧 𝐊𝐡𝐚 𝐂𝐚𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐞𝐫
☎️ 09977109893, 09977109897
🏢 No.159, Baho Road, Between Butaryon St & Parami St, Hlaing Tsp, Yangon.

#ကားအောက်ပိုင်း

Address

No. 159, Baho Road, 7 Quarter, Hlaing Township
Yangon
11052

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:00
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:00

Telephone

+959977109897

Alerts

Be the first to know and let us send you an email when Wun Yan Kha Car Service Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wun Yan Kha Car Service Center:

Shortcuts

Share