18/09/2026
တာယာလေပေါင်ကို ဘယ်အချိန်မှာ စစ်ဆေးတာ အကောင်းဆုံးလဲ? 🚗💨
ကားမောင်းသူ အများစု သတိမထားမိဘဲ လုပ်မိတတ်တဲ့ အလေ့အကျင့်တစ်ခုကတော့ ကားအကြာကြီး မောင်းပြီးချိန် ဒါမှမဟုတ် နေ့ခင်းဘက် နေပူထဲမှာ လေပေါင်စစ်ဆေးတာပဲ ဖြစ်ပါတယ်။
မှန်ကန်တိကျတဲ့ လေပေါင်ရရှိဖို့အတွက် အောက်ပါအချက်လေးတွေကို သိထားသင့်ပါတယ် —
တာယာအေးနေချိန်တွင်သာ စစ်ဆေးပါ (Cold Tire Pressure): မနက်ပိုင်း ကားမမောင်းခင် (သို့မဟုတ်) ကားရပ်နားထားသည်မှာ အနည်းဆုံး ၃ နာရီကျော်ချိန်မှသာ စစ်ဆေးပေးပါ။
ကားမောင်းပြီးပြီးချင်း လေမစစ်ပါနှင့်: ကားမောင်းနေစဉ် တာယာနှင့် လမ်းပွတ်တိုက်မှုကြောင့် တာယာအတွင်း လေပူပြင်းလာပြီး PSI အတက်ပြနေတတ်သဖြင့် မူလလေပေါင်ထက် ပိုများနေတတ်ပါတယ်။
စံနှုန်းအတိုင်းသာ ချိန်ညှိပါ: ကားမောင်းသူဘက် တံခါးဘောင်တွင် ကပ်ထားသော စတစ်ကာပါ သတ်မှတ်လေပေါင် (PSI) အတိုင်းသာ ဖြည့်တင်းပေးသင့်ပါတယ်။
တာယာလေပေါင် မှန်ကန်ခြင်းကြောင့် ဆီစားသက်သာစေခြင်း၊ တာယာသက်တမ်း ကြာရှည်စေခြင်းနှင့် ဘရိတ်ဖမ်းအား ပိုမိုကောင်းမွန်စေတာကြောင့် အနည်းဆုံး တစ်လတစ်ကြိမ် ပုံမှန်စစ်ဆေးပေးဖို့ မမေ့ပါနဲ့နော်။
■ 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ရယူရန်
📍 𝗧𝗼𝘆𝗼𝘁𝗮 𝗠𝗶𝗻𝗴𝗮𝗹𝗮𝗿 𝗢𝗻𝗲 𝗦𝘁𝗼𝗽 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗲𝗻𝘁𝗲𝗿, 𝗬𝗮𝗻𝗴𝗼𝗻
အမှတ် (၂၃၆)၊ အလုံလမ်း၊ အလုံမြို့နယ်။
📞 𝗛𝗼𝘁𝗹𝗶𝗻𝗲𝘀: 𝟬𝟵 𝟰𝟬𝟱 𝟯𝟵𝟵 𝟵𝟵𝟯, 𝟬𝟵 𝟰𝟬𝟳 𝟯𝟭𝟰 𝟲𝟵𝟵
☎️ 𝗧𝗲𝗹: 𝟬𝟭-𝟮𝟯𝟬𝟮𝟭𝟮𝟮~𝟬𝟭-𝟮𝟯𝟬𝟮𝟭𝟮𝟯, 𝟬𝟭-𝟮𝟯𝟬𝟮𝟭𝟮𝟲, 𝟬𝟭-𝟮𝟮𝟭𝟮𝟮𝟰