Myint Myat Maung Car Showroom

Call Directions Contact the business

Myint Myat Maung Car Showroom Cars Sale & Service Centre

လှိုင်မြို့နယ်တွင်ရှိသော **Myint Myat Maung Co., Ltd. (Head Office)** အတွက် တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါ လစ်လပ်နေရာမျ...
02/10/2026

လှိုင်မြို့နယ်တွင်ရှိသော **Myint Myat Maung Co., Ltd. (Head Office)** အတွက် တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါ လစ်လပ်နေရာများအား **Company Direct ခေါ်ယူခြင်း** ဖြစ်ပါသည်။

1. Service Technician / Installation Technician – Male (5) Posts

- AGTI (EP / EC) ပြီးသူ ဖြစ်ရမည်။
- အသက် **၂၅ မှ ၃၅ နှစ်** အတွင်း ဖြစ်ရမည်။
- EV Charging Station များ တပ်ဆင်ဖူးသည့် အတွေ့အကြုံရှိသူ ဦးစားပေးမည်။
- လုပ်ငန်းသတ်မှတ်ချက်များအတိုင်း ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

2. Graphic Designer – Male/Female (1) Post

- တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရရှိပြီးသူ ဖြစ်ရမည်။
- Graphic Design နှင့် ပတ်သက်သော သင်တန်းတက်ရောက်ဖူးသူ ဖြစ်ရမည်။
- Graphic Designer လုပ်ငန်းအတွေ့အကြုံ **(၂) နှစ်နှင့်အထက်** ရှိသူ ဖြစ်ရမည်။
- Social Media Content Design အတွေ့အကြုံရှိသူ ဦးစားပေးမည်။
- Basic Photography Knowledge ရှိသူ ဖြစ်ရမည်။

3. Marketing Executive – Male/Female (1) Post

- ဘွဲ့တစ်ခုခု ရရှိပြီးသူ ဖြစ်ရမည်။
- Marketing နှင့် သက်ဆိုင်သော စီမံခန့်ခွဲမှုအတွေ့အကြုံ **အနည်းဆုံး (၃) နှစ်** ရှိရမည်။
- Automotive နှင့် သက်ဆိုင်သော လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။
- အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- ရုံးလုပ်ငန်းကိစ္စများအတွက် ဝင်ထွက်သွားလာနိုင်သူ ဖြစ်ရမည်။
- အထက်အရာရှိ၏ ပေးအပ်သော တာဝန်ဝတ္တရားများအား တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရမည်။

4. Sales Executive – Female (2) Posts**

- တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရရှိပြီးသူ ဖြစ်ရမည်။
- Automotive Industry တွင် အရောင်းပိုင်းဆိုင်ရာ အတွေ့အကြုံရှိဖူးသူ ဖြစ်ရမည်။
- သတ်မှတ်ထားသော အရောင်း Target မှီအောင် စွမ်းဆောင်နိုင်သူ ဖြစ်ရမည်။
- ဆက်ဆံရေးကောင်းမွန်ပြီး ရုပ်ရည်ပြေပြစ်သူ ဖြစ်ရမည်။
- Showroom Manager နှင့်အတူ လက်တွဲ၍ လုပ်ငန်းအောင်မြင်ရေး လိုက်နာဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

5. Office Staff (Dealer) – Male/Female (2) Posts

- အနည်းဆုံး အထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
- အလားတူ လုပ်ငန်းပိုင်းတွင် အတွေ့အကြုံ **(၁) နှစ်** ရှိရမည်။
- လုပ်ငန်းနှင့် ပတ်သက်၍ **Computer (Excel / Word)** အသုံးပြုနိုင်သူ ဖြစ်ရမည်။
- ညွှန်ကြားချက်များကို လိုက်နာနိုင်ပြီး တက်ကြွသူ ဖြစ်ရမည်။
- ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ကောင်းမွန်သူ ဖြစ်ရမည်။

6. Junior Accountant – Female (1) Post

- တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရရှိပြီးသူ ဖြစ်ရမည်။
- **LCCI Level I, II** ပြီးသူ ဖြစ်ရမည်။
- Junior Accountant ရာထူးဖြင့် လုပ်သက် **အနည်းဆုံး (၁) နှစ်** ရှိရမည်။
- Microsoft Office **(Excel, Word)** ကို အသုံးပြုနိုင်ရမည်။
- တိကျသေချာသူ ဖြစ်ရမည်။
- ကြိုးစားသင်ယူလိုစိတ်ရှိသူ ဖြစ်ရမည်။

7. Security Staff – Male (3) Posts

- အခြေခံပညာ **အထက်တန်းအဆင့်** ရှိသူ ဖြစ်ရမည်။
- လုံခြုံရေးလုပ်ငန်း **(၂) နှစ်နှင့်အထက်** အတွေ့အကြုံရှိသူ ဖြစ်ရမည်။
- လုံခြုံရေးသင်တန်းဆင်းလက်မှတ် ရှိသူ ဦးစားပေးမည်။
- ကျန်းမာသန်စွမ်းပြီး အရပ်အသွင်အပြင် သင့်တင့်သူ ဖြစ်ရမည်။
- ဧည့်သည်များနှင့် ဆက်ဆံရာတွင် ယဉ်ကျေးပျူငှာပြီး စိတ်ရှည်သူ ဖြစ်ရမည်။
- နေ့ဆိုင်း / ညဆိုင်း **(Shift)** စနစ်ဖြင့် အလှည့်ကျ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

Working Information

Working Day : Monday to Saturday (or) Sunday
Off Day : Saturday (or) Sunday and Public Holiday
Working Hours : 9:00 AM to 5:30 PM
Benefit : Transportation Allowance (After Probation Period)

**Location:**
No. 206/A, Insein Road, (13) Ward, Hlaing Township, Yangon.

**လျှောက်ထားရန်**

လျှောက်ထားလိုသူများသည် မိမိတို့၏—

- ကိုယ်ရေးရာဇဝင်အကျဉ်း (CV)
- မှတ်ပုံတင်မိတ္တူ
- အိမ်ထောင်စုစာရင်း မိတ္တူ
- တက်ရောက်ထားသော သင်တန်းလက်မှတ် မိတ္တူ
- ပညာအရည်အချင်းထောက်ခံစာ

တို့နှင့်အတူ ပူးတွဲဖော်ပြပါ **Email – [email protected]** သို့လည်းကောင်း၊ **Viber Phone – 09-892109892** သို့လည်းကောင်း ပေးပို့၍ တိုက်ရိုက်ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါသည်။

Venucia VX6 ရဲ့ အရှိန်နှုန်း မြှင့်တင်နိုင်စွမ်းကို သိပါသလား? ⚡️155 kW Peak Power Motor နဲ့ 275 Nm Torque အထိ ထုတ်လုပ်ပေ...
29/09/2026

Venucia VX6 ရဲ့ အရှိန်နှုန်း မြှင့်တင်နိုင်စွမ်းကို သိပါသလား? ⚡️
155 kW Peak Power Motor နဲ့ 275 Nm Torque အထိ ထုတ်လုပ်ပေးနိုင်တဲ့ Venucia VX6 EV SUV ဟာ 0 ကနေ 100 km/h (ကီလို ၁၀၀ အမြန်နှုန်း) ကို ရောက်ရှိဖို့ စက္ကန့် အနည်းငယ်ပဲ ယူရပါတယ်။
စပို့တီကျကျ သွက်လက်တဲ့ ဒီ EV ရဲ့ အရှိန်နှုန်းက အောက်ပါ ရွေးချယ်စရာတွေထဲက ဘယ်နှစ်စက္ကန့် ဖြစ်မလဲ?
(A) 7.5 စက္ကန့်
(B) 8.0 စက္ကန့်
(C) 8.5 စက္ကန့်
အဖြေမှန်ကို Comment မှာ ရေးခဲ့ပေးပါဦး 😉
#အရှိန်နှုန်းဉာဏ်စမ်း

ဒီရက်ပိုင်းအတွင်း ကားလေးတွေ လက်ဝယ်ပိုင်ဆိုင်သွားကြတဲ့ Customer များကို အထူးပဲ ဂုဏ်ပြုပါတယ်ခင်ဗျာ 🎉🚘မိမိတို့ ရွေးချယ်ထားတ...
27/09/2026

ဒီရက်ပိုင်းအတွင်း ကားလေးတွေ လက်ဝယ်ပိုင်ဆိုင်သွားကြတဲ့ Customer များကို အထူးပဲ ဂုဏ်ပြုပါတယ်ခင်ဗျာ 🎉🚘
မိမိတို့ ရွေးချယ်ထားတဲ့ ကားလေးတွေကို ရရှိသွားတဲ့ Customer တွေရဲ့ အပြုံးမှတ်တမ်းလေးတွေကို တစ်စုတစ်စည်းတည်း ဂုဏ်ပြုဖော်ပြပေးလိုက်ပါတယ်။
"ငါ့ကားလေးရော ဘယ်တော့ရမလဲ" ဆိုပြီး စောင့်မျှော်နေတဲ့ Customer တွေအနေနဲ့လည်း လုံးဝစိတ်ချထားလို့ ရပါပြီ။ ကျွန်တော်တို့ဆီမှာ ကားတွေက နေ့စဉ်ပုံမှန် ဝင်ရောက်နေပြီး အခုလိုပဲ အချိန်နဲ့တစ်ပြေးညီ ပိုင်ရှင်တွေဆီကို ဆက်တိုက် လွှဲပြောင်းပေးအပ်နေတာ ဖြစ်ပါတယ်။
အချိန်တစ်ခုအထိ ယုံကြည်မှုအပြည့်နဲ့ စိတ်ရှည်စွာ စောင့်ဆိုင်းပေးခဲ့ကြတဲ့ တစ်ဦးချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်။ နောက်ထပ် ဂုဏ်ပြုရမယ့်သူက လူကြီးမင်း ဖြစ်လာတော့မှာမို့ ခဏလေးပဲ ထပ်စောင့်ပေးပါဦးနော်။ 🙏

EV တစ်စီးဝယ်တော့မယ်ဆိုရင် ဘတ်ထရီပိုင်းက အရေးအကြီးဆုံးပဲ မဟုတ်လား?Venucia VX6 မှာ အသုံးပြုထားတဲ့ Luban Battery Safety Tec...
24/09/2026

EV တစ်စီးဝယ်တော့မယ်ဆိုရင် ဘတ်ထရီပိုင်းက အရေးအကြီးဆုံးပဲ မဟုတ်လား?
Venucia VX6 မှာ အသုံးပြုထားတဲ့ Luban Battery Safety Technology ဟာ အပူချိန်လွန်ကဲမှုနဲ့ ကြမ်းတမ်းတဲ့ အခြေအနေတွေမှာပါ အမြင့်ဆုံးလုံခြုံရေးပေးနိုင်တဲ့ Lithium Iron Phosphate အမျိုးအစားဖြစ်ပါတယ်။ ဒါ့အပြင် Myint Myat Maung Co.,Ltd ရဲ့ 8-Year Warranty လည်း ပါဝင်တာမို့ ရေရှည်အတွက် လုံးဝ စိတ်ချလိုက်တော့နော်။

23/09/2026

မြင့်မြတ်မောင် ကုမ္ပဏီလိမီတက်မှ ပူဇော်ကျင်းပအပ်သော မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒ၏ ဓမ္မသဘင်

🙏 ကုသိုလ်တရားများ ပွားများနိုင်ဖို့အတွက် မြင့်မြတ်မောင် ကုမ္ပဏီလီမိတက်မှ ဖိတ်ကြားအပ်ပါသည် 🙏မင်္ဂလာပါ ခင်ဗျာ။မြင့်မြတ်မော...
22/09/2026

🙏 ကုသိုလ်တရားများ ပွားများနိုင်ဖို့အတွက် မြင့်မြတ်မောင် ကုမ္ပဏီလီမိတက်မှ ဖိတ်ကြားအပ်ပါသည် 🙏
မင်္ဂလာပါ ခင်ဗျာ။
မြင့်မြတ်မောင် ကုမ္ပဏီလီမိတက်မှ ပူဇော်ကျင်းပအပ်သော အထူးဓမ္မသဘင်သို့ ဓမ္မမိတ်ဆွေအပေါင်းတို့အား တရားနာယူ ကြည်ညိုနိုင်ရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ယခုဓမ္မသဘင်တွင် ကျေးဇူးတော်ရှင် မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒ မှ ဟောကြားချီးမြှင့်ပေးသွားမည့် တရားတော်များကို Myint Myat Maung page မှ တိုက်ရိုက် Live နာယူနိုင်ပါသည်🙏🙏🙏

ဓမ္မသဘင် ကျင်းပမည့် အစီအစဉ်

📅 နေ့ရက် - ၂၃-၉-၂၀၂၆(ဗုဒ္ဓဟူးနေ့)
⏰ အချိန် - 9:30 AM
📍နေရာ-Myint Myat Maung Car Showroom
[No.206(A),Insein Road, 13 Ward, Hlaing Township,Yangon.]
#ဓမ္မသဘင် #မဇ္ဈိမဂုဏ်ရည်ဆရာတော် #ကုသိုလ်ဒါန

EV တစ်စီးမှာ အရေးအကြီးဆုံးက ဘတ်ထရီ လုံခြုံရေးပါ။ Venucia VX6 မှာ အပူချိန်လွန်ကဲမှုနဲ့ ထိခိုက်မှုတွေအတွက် အမြင့်ဆုံး လုံခ...
19/09/2026

EV တစ်စီးမှာ အရေးအကြီးဆုံးက ဘတ်ထရီ လုံခြုံရေးပါ။ Venucia VX6 မှာ အပူချိန်လွန်ကဲမှုနဲ့ ထိခိုက်မှုတွေအတွက် အမြင့်ဆုံး လုံခြုံရေးကို ပေးစွမ်းနိုင်တဲ့ "Lu Ban Battery System Safety Technology" ကို အသုံးပြုထားပါတယ်။
ဒီလို အဆင့်မြင့်လုံခြုံရေးစနစ်မှာ အသုံးပြုထားတဲ့ ဘတ်ထရီ အမျိုးအစားက ဘာဖြစ်မလဲ?
A. Lithium-ion Battery
B. Lithium Iron Phosphate Battery
C. Solid-state Battery
အဖြေမှန်ကို Comment မှာ ဝင်ရောက်ဖြေဆိုရင်း ဗဟုသုတ ဖလှယ်ကြရအောင်

တစ်နေ့တာ အလုပ်တွေ ပင်ပန်းထားသမျှကို ခဏတာ ဖြေဖျောက်ဖို့ ကိုယ်ပိုင် Space လေးတစ်ခု လိုချင်နေပြီလား?Venucia VX6 ဟာ သင့်အတွက...
16/09/2026

တစ်နေ့တာ အလုပ်တွေ ပင်ပန်းထားသမျှကို ခဏတာ ဖြေဖျောက်ဖို့ ကိုယ်ပိုင် Space လေးတစ်ခု လိုချင်နေပြီလား?
Venucia VX6 ဟာ သင့်အတွက် သွားလာရေးယာဉ် သက်သက်မဟုတ်ဘဲ အကောင်းဆုံး Personal Retreat လေးတစ်ခုပါ။ ထိုင်ခုံတွေကို Fully-flat into a bed အဖြစ် ပြောင်းလဲလိုက်ရုံနဲ့ အေးချမ်းတဲ့ "Me Time" ကို ဖန်တီးနိုင်ပါပြီ။ Free Scene တွေဖြစ်တဲ့ Sleep, Naps, Meditation Modes တွေက သင့်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ကားအတွင်းခန်းထဲမှာ အပြည့်အဝ ခံစားရစေမှာပါ။

ရာသီဥတုဆိုးရွားလို့ပဲဖြစ်ဖြစ်၊ မြူနှင်းတွေထူထပ်နေလို့ပဲဖြစ်ဖြစ် ရှေ့ကားကို ရှင်းရှင်းလင်းလင်း မမြင်ရတဲ့ အခြေအနေမျိုး ကြု...
14/09/2026

ရာသီဥတုဆိုးရွားလို့ပဲဖြစ်ဖြစ်၊ မြူနှင်းတွေထူထပ်နေလို့ပဲဖြစ်ဖြစ် ရှေ့ကားကို ရှင်းရှင်းလင်းလင်း မမြင်ရတဲ့ အခြေအနေမျိုး ကြုံဖူးပါသလား?
ဒီလိုအခြေအနေမျိုးမှာတောင် သင့်အတွက် အပြည့်အဝ လုံခြုံစိတ်ချရစေဖို့ Venucia VX6 EV SUV မှာ "Worry-Free Intelligent Driving" စနစ်ကို ထည့်သွင်းပေးထားပါတယ်။ ကားပတ်လည်မှာ တပ်ဆင်ထားတဲ့ အာရုံခံစနစ် (Sensors/Radars) တွေက ရှေ့ကားနဲ့ အကွာအဝေးကို အမြဲစောင့်ကြည့်နေတာကြောင့် ယာဉ်မောင်းသူ ရှင်းလင်းစွာ မမြင်နိုင်တဲ့ အခြေအနေမှာတောင် အန္တရာယ်ကင်းကင်းနဲ့ ယုံကြည်မှုရှိရှိ ဆက်လက်မောင်းနှင်နိုင်မှာပါ။
ဒါ့အပြင် ညဘက်နဲ့ အလင်းရောင်အားနည်းတဲ့ အချိန်တွေအတွက် အလင်းရောင် အားအကောင်းဆုံး ပေးစွမ်းနိုင်တဲ့ "Star Diamond Matrix LED" Headlamp တွေကလည်း သင့်ရဲ့ ရှေ့မြင်ကွင်းကို အကောင်းဆုံး ရှင်းလင်းပေးဦးမှာပါ။
Myint Myat Maung Co., Ltd. ကနေ မြန်မာနိုင်ငံမှာ SKD စနစ်နဲ့ စံချိန်မီ တပ်ဆင်ထုတ်လုပ်ထားတဲ့ Venucia VX6 ဟာ ခေတ်မီဆန်းသစ်တဲ့ နည်းပညာတွေနဲ့အတူ သင့်ရဲ့ နေ့စဉ်မောင်းနှင်မှုတိုင်းကို Smart အကျဆုံးနဲ့ အလုံခြုံဆုံး ဖြစ်အောင် ဖန်တီးပေးထားပါတယ်။

EV ကားတွေရဲ့ Maintenance က ဆီကားတွေထက်ဘာကြောင့်ပိုသက်သာရတာလဲ? ဓာတ်ဆီ/ဒီဇယ် ကားတွေမှာဆိုရင် အင်ဂျင်ဝိုင်လဲရမယ်၊ ပလပ်လဲရမယ...
12/09/2026

EV ကားတွေရဲ့ Maintenance က ဆီကားတွေထက်ဘာကြောင့်ပိုသက်သာရတာလဲ?
ဓာတ်ဆီ/ဒီဇယ် ကားတွေမှာဆိုရင် အင်ဂျင်ဝိုင်လဲရမယ်၊ ပလပ်လဲရမယ်၊ တိုင်မင်ဘက်ကြိုး စစ်ရမယ် စသဖြင့် ပုံမှန် ပြုပြင်ထိန်းသိမ်းစရိတ်တွေ အများကြီး ရှိပါတယ်။
EV ကားတွေမှာတော့ 6 in 1 Super Electric Drive စနစ်ကို သုံးထားတာ ကြောင့် ရှုပ်ထွေးတဲ့ Engine အစိတ်အပိုင်းတွေ မပါဝင်ပါဘူး။
Engine Oil, Spark Plugs, Filters တွေ လဲစရာမလိုတော့တဲ့အတွက် ပုံမှန် Maintenance စရိတ်ကို ဓာတ်ဆီကားတွေထက် အဆပေါင်းများစွာ လျှော့ချပေးနိုင်ပါတယ်။
ရေရှည်မှာ သက်သာစွမ်းရည်မြင့်မားတာက EV စီးသူတိုင်း ကြိုက်နှစ်သက်ကြတဲ့ အချက်တစ်ချက်ပါပဲ။

Address

No. 206, Insein Road, 13 Ward, Hlaing Township
Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:30

Telephone

+959422205552

Website

Alerts

Be the first to know and let us send you an email when Myint Myat Maung Car Showroom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myint Myat Maung Car Showroom:

Shortcuts

Share

Category