30/09/2026
𝐂𝐨𝐨𝐥𝐚𝐧𝐭 အနီနဲ့အစိမ်း ဘာကွာလဲ၊ ရောထည့်လို့ရလား
ကားအင်ဂျင် အပူမလွန်စေဖို့ ထည့်ရတဲ့ 𝐂𝐨𝐨𝐥𝐚𝐧𝐭 အနီ နဲ့ အစိမ်းဟာ အရောင်ပဲကွာတာ မဟုတ်ပါဘူး။
ဓာတုဗေဒ ပါဝင်ပစ္စည်းနဲ့ သက်တမ်းပိုင်းမှာလည်း သိသိသာသာ ကွာခြားမှုရှိပါတယ်။
ဒါဆို 𝐂𝐨𝐨𝐥𝐚𝐧𝐭 အနီနဲ့အစိမ်း ဘာကွာလဲ ❓
🔴 𝐂𝐨𝐨𝐥𝐚𝐧𝐭 အနီ (𝐎𝐀𝐓 - 𝐎𝐫𝐠𝐚𝐧𝐢𝐜 𝐀𝐜𝐢𝐝 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲)
🔰 အလူမီနီယမ်နဲ့ အလွိုင်း အင်ဂျင်အသစ်တွေအတွက် အဓိက ထုတ်လုပ်ထားတာပါ။
🔰 အင်ဂျင်အစိတ်အပိုင်းတွေကို ထိခိုက်ပျက်စီးမှုက ထိန်းသိမ်းပေးနိုင်ပြီး သက်တမ်း ပိုရှည်ပါတယ်။
🔰 ပုံမှန်အားဖြင့် ၃ နှစ်မှ ၅ နှစ် (သို့မဟုတ် မိုင် ၅၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ) အသုံးပြုနိုင်ပါတယ်။
🟢 𝐂𝐨𝐨𝐥𝐚𝐧𝐭 အစိမ်း (𝐈𝐀𝐓 - 𝐈𝐧𝐨𝐫𝐠𝐚𝐧𝐢𝐜 𝐀𝐝𝐝𝐢𝐭𝐢𝐯𝐞 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲)
🔰 သံစိမ်း၊ သံမဏိ အင်ဂျင်အဟောင်းတွေနဲ့ ပိုကိုက်ညီပါတယ်။
🔰 သံချေးမတက်အောင် ကာကွယ်ပေးနိုင်ပေမဲ့ သက်တမ်းတိုပါတယ်။
🔰 ပုံမှန်အားဖြင့် ၁ နှစ်မှ ၂ နှစ် (သို့မဟုတ် မိုင် ၂၀,၀၀၀ ဝန်းကျင်) ပြည့်တိုင်း လဲပေးရပါတယ်။
𝐂𝐨𝐨𝐥𝐚𝐧𝐭 အနီနဲ့ အစိမ်း ရောထည့်လို့ ရမလား။ ❓
🔺 လုံးဝ ရောမထည့်သင့်ပါဘူးခင်ဗျာ။ အရောင် မတူတဲ့ 𝐂𝐨𝐨𝐥𝐚𝐧𝐭 နှစ်မျိုးမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေ အချင်းချင်း ဓာတ်ပြုပြီး အောက်ပါ ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
🔺 ဓာတုပစ္စည်းတွေ ရောစပ်သွားတဲ့အခါ အချွဲဖတ်တွေ ဖြစ်သွားပြီး ရေတိုင်ကီနဲ့ ရေလိုင်းတွေကို ပိတ်ဆို့သွားစေပါတယ်။
🔺 ရေလိုင်းပိတ်သွားတဲ့အတွက် ရေလည်ပတ်မှု မကောင်းတော့ဘဲ အင်ဂျင် အပူလွန်ပြီး 𝐇𝐞𝐚𝐝 𝐆𝐚𝐬𝐤𝐞𝐭 ပြတ်တာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။
⚠️ ရေတိုင်ကီထဲ 𝐂𝐨𝐨𝐥𝐚𝐧𝐭 လျော့နေလို့ ဖြည့်ရတော့မယ်ဆိုရင် အရင်ထည့်ထားတဲ့ အရောင်၊ အမျိုးအစား တူတာကိုပဲ သုံးပါ။
🔰 တကယ်လို့ အရောင်ပြောင်းထည့်ချင်ရင်တော့ ရေတိုင်ကီထဲက 𝐂𝐨𝐨𝐥𝐚𝐧𝐭 အဟောင်းတွေကို 𝐅𝐥𝐮𝐬𝐡 လုပ် ဆေးပြီးမှ အမျိုးအစားသစ်ကို အသစ်ပြန်ထည့်သင့်ပါတယ်။
🔰 𝐂𝐨𝐨𝐥𝐚𝐧𝐭 လဲလှယ်ရာမှာ သက်ဆိုင်ရာအစိတ်အပိုင်းတွေ ထိခိုက်မှုရှိ၊ မရှိ စစ်ဆေးဖို့လိုသလို သင့်တော်တဲ့ 𝐂𝐨𝐨𝐥𝐚𝐧𝐭 အမျိုးအစားရွေးချယ်မှုနဲ့ ဓာတုဗေဒအရ ထိခိုက်မှုတွေ မရှိစေဖို့ စနစ်တကျ လဲလှယ်ဖို့ လိုအပ်ပါတယ်။ 💯
ဒါကြောင့် သင့်ကားမှာ 𝐂𝐨𝐨𝐥𝐚𝐧𝐭 လဲဖို့လိုအပ်လာပြီဆို ကျွမ်းကျင်သူနဲ့ သေချာပြသဖို့ အကြံပြုချင်ပါတယ်။ 🤩
တကယ်လို့ ကားသစ်လဲဖို့ စိတ်ကူးနေရင်တော့ 𝐁𝐫𝐚𝐧𝐝 𝐍𝐞𝐰 နဲ့ ကားကောင်း၊ ကားသန့် အစုံရတဲ့ ကျွန်တော်တို့ 𝐌𝐌𝐌𝟑 (ချောင်းဝ) ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။
✨ အသေးစိတ် သိလိုပါက -
💬 𝐂𝐡𝐚𝐭 𝐁𝐨𝐱 မှာ မေးမြန်းနိုင်သလို
အောက်ပါ 𝐇𝐨𝐭𝐥𝐢𝐧𝐞 ဖုန်းနံပါတ်တွေကိုလည်း တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
☎️ 𝟎𝟗 𝟕𝟕𝟓 𝟔𝟐𝟔𝟐𝟔𝟐
☎️ 𝟎𝟗 𝟕𝟖𝟑 𝟖𝟓𝟖𝟓𝟖𝟓
မြန်ဆန်လွယ်ကူသော ငွေပေးချေမှုစနစ်များ ဖြင့်
လူကြီးမင်းတို့ အဆင်ပြေ စိတ်ချမ်းသာစေဖို့ စေတနာ
အပြည့်အဝနဲ့ 𝐌𝐌𝐌 𝟑
𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် ၈၁၊ ၃ ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
#𝐛𝐚𝐧𝐤အရစ်ကျငွေချန်စနစ်
#ကားအလဲအထပ် စနစ် တို့ဖြင့် ဝန်ဆောင်မှုကောင်းများစွာပေးစွမ်းဖို့ သင့်အားစောင့်ကြိုနေပါတယ်
ခင်ဗျာ
https://maps.app.goo.gl/48gY2LXw2gUjnSTq7?g_st=iv