Tesuan Co., Ltd မဟာထွန်း လယ်ယာသုံးစက်ပစ္စည်း

  • Home
  • Myanmar
  • Yangon
  • Tesuan Co., Ltd မဟာထွန်း လယ်ယာသုံးစက်ပစ္စည်း

Tesuan Co., Ltd  မဟာထွန်း လယ်ယာသုံးစက်ပစ္စည်း Our company is a sale agent for tractors and agricultural machines. Our products are provided with af

ဂျပန်နိုင်ငံရော ကမ္ဘာပေါ်ရှိ ဆန်စပါးကောက်ပဲသီးနှံစိုက်တောင်သူများအတွက် ၂၀၂၅-၂၀၂၆ ရာသီမှာ အရေအတွက်ကော အရည်အသွေးပါပြည့်မှီ...
05/10/2025

ဂျပန်နိုင်ငံရော ကမ္ဘာပေါ်ရှိ
ဆန်စပါးကောက်ပဲသီးနှံစိုက်တောင်သူများအတွက် ၂၀၂၅-၂၀၂၆ ရာသီမှာ အရေအတွက်ကော အရည်အသွေးပါပြည့်မှီသော ဆန်စပါးကောက်ပဲသီးနှံများရိပ်သိမ်းရရှိနိုင်ကြပါစေ

02/03/2024

၂.၃.၂၀၂၄ မြန်မာပြည်သူတွေရဲ့
တောင်သူလယ်သမားနေ ့
ငယ်စဉ်အခါက တောင်သူလယ်သမား ဆိုတဲ့စကားလုံးကိုသိပ်တန်ဖိုးထားခဲ့ကြတယ်
တောင်သူဦးကြီးများ, ကျေးလက်ဒေသမှာဆန်ရေစပါးထုတ်လုပ်ပေးတဲ့ကျေးဇူးရှင်တွေ စသည်ဖြင့် ဂုဏ်ပြုဖော်ပြခဲ့ကြတယ်
အနှစ်၅၀နီးပါးကြာလာတဲ့အခါ ခေတ်အမျိုးမျိုးတွေပြောင်းလဲလာခဲ့တော့ အရင်လိုပဲ ဒီစကားလုံးနဲ့ အနက်အဓိပ္ပါယ်အပေါ် တန်ဖိုးထားမူတွေကတူညီသေးရဲ့လားလို ့ တွေးမိတယ်
အမှန်တကယ်တန်ဖိုး ရှိတဲ့ အရာတစ်ခုဟာခေတ်တွေပြောင်းနေပေမယ့် အရည်အသွေးနဲ့ တန်ဖိုးကကျဆင်းမသွားနိုင်ဘူး ပိုမိုပြီးတောက်ပလာမယ် တိုးတက်လာကြတာများတယ်
ဥပမာ ရွှေငွေ ကျောက်သံပတ္တမြားစတဲ့ ရတနာတွေ မြေအရငိးအမြစ်တွေစတဲ့ ရုပ်ဝတ္ထုလိုမျိုးတွေ
အတတ်ပညာ အသိပညာတွေ (အနုပညာ လက်မူပညာတွေပါဝင်) ကဘယ်လိုမှ တန်ဖိုးမကျဘူး တက်ပြီးရင်းတက်နေမှာ
အခု တောင်သူလယ်သမားကဏ္ဍမှာကော ရှားလာလေလေ တန်ဖိုးတက်လေလေပဲ
ဂျပန်နိုင်ငံမှာဆိုရင် စိုက်ပျိုးရေးလုပ်သားအင်အားရှားပါးလာနေတယ် လို ့သတင်းတွေအလုပ်အကိုင်ကြော်ငြာနဲ့ပက်သက်တဲ့ စာရင်းအချက်အလက်တွေမှာ ခဏခဏတွေ့မြင်နေရတယ်
တိုင်းပြည်ရဲ့ အသက်သွေးကြောဟာ စားနပ်ရိက္ခာပဲ
တိုင်းပြည်ရဲ့ အင်အားကြီးလာဖို ့ဆိုရင်
ရိက္ခာပြည့်စုံဖို့လိုအပ်တယ်
လက်နက်အင်အား လူအင်အားများလာဖို့ထက် ရှိပြီးသားလူတွေက ရိက္ခာလုံလောက်ရုံမက ပိုလျှံနေရမယ် သူတို့ကိုယ်တိုင်လည်း ဝဝလင်လင်နဲ့ ကျမ်းမာသန်စွမ်းနေရမယ်
ကိုယ်တိုင်ထုတ်နိုင်ရင်ထုတ် မဟုတိရင် သူများထုတ်လုပ်ပြီးသားကို တောင်းသလောက်ပေးဝယ်နိုင်တဲ့ ဓနအင်အားရှိနေဖို ့လိုအပ်တယ်
အင်အားမကြီးချင်တောင် အင်အားချိနဲ့ပြိုမကျသွားဖို့ ဒီဏ္ဍကိုထိန်းသိမ်းပံ့ပိုးထားရမှာဖြစ်တယ်
ဒီလိုမလုပ်နိုင်ရင်တော့ အဝတ်အစားကောင်းတွေဝတ်ပြီး ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့ လူတစ် ယောက်လိုပဲ သာယာရဲ့ဘဝကိုရရှိနိုင်မှာမဟုတ်ဘူး
အာဟာရကသိပ်အရေးကြီးတယ် ကျမ်းမာခြင်းကအကြီးမားဆုံးလာဘ်လာဘပဲလို ့ ဗုဒ္ဓမြတ်စွာဘုရားကလည်းဟောထားတယ်
ဒါကြောင့်မို့လည်း ရှေးအရင်က တောင်သူလယ်သမားတွေကို ဂုဏ်ယူလေးစားထိုက်သူအဖြစ်သတ်မှတ်ခဲ့ကြတာ
ဂုဏ်ယူလေးစားထိုက်တဲ့ တောင်သူလယ်သမားများ(တောင်သူဦးကြီးများ) အသက်ရှည်ကျမ်းမာစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ သာယာသောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ

02/03/2024

၆၂ ကြိမ်မြောက်
တောင်သူလယ်သမားနေ့
ဂုဏ်ပြုကြိုဆ်ိုပါသည်
၂.၃.၂၀၂၄

13/12/2022
လေလံဈေးပြိုင်ရောင်းမည် !! ဂျပန်ထွန်စက်အဟောင်း(၇)စီးအပါအဝင်စက်ပစ္စည်းအဟောင်းများကို မျက်မြင်အတိုင်းလေလံစနစ်ဖြင့် ရောင်းချ...
22/04/2022

လေလံဈေးပြိုင်ရောင်းမည် !!

ဂျပန်ထွန်စက်အဟောင်း(၇)စီးအပါအဝင်စက်ပစ္စည်းအဟောင်းများကို မျက်မြင်အတိုင်းလေလံစနစ်ဖြင့် ရောင်းချပါမည်
အချို့ထွန်စက်များမှာ
မနိုးပဲရပ်ထားတာကြာပြီဖြစ်တဲ့အတွက်ပြန်လည်ပြုပြင်ရန်လိုကောင်းလိုပါလိမ့်မည်

(ဖိုးဝှီး)
၅၃ကောင် ၁စီး
၂၅ကောင် ၁စီး
၁၈ကောင် ၂စီး
(တူးဝှီး)
၂၆ကောင် ၂စီး
၂၈ကောင် ၁စီး
စပါးရိတ်ထုံးစက်(ပြုပြင်ရ/မရမသေချာ) ၉စီး
စပါးအခြောက်ခံ လှောင်ကန် ၁လုံး
စပါးခြွေလှေ့စက်(ပြုပြင်ရန်လို) ၄စီး

$ ကြမ်းခင်းဈေး သိန်း (၃၀၀)ကျပ် မှစတင်ပါမယ်

​🙋‍♂️အမြင့်ဆုံးဈေးပေးနိုင်သူကို ရောင်းချပါမည်

လေလံဈေးပြိုင်ပေး၍ဝယ်လိုသူများ
ဧပြီလ(၂၃)ရက်မှမေလ(၁၂)ရက်နေ ့အတွင်း
📲 ဗိုက်ဘာ နံပါတ်
+95 9781894247 သို ့ဆက်သွယ်ပြီး
မိမိတို့ ပေးနိုင်သော ဈေးကို ရေးသားပေးပို ့ပါ

စက်များကိုကြည့်ရှုလိုပါက
+95 9781894247 သို ့ဆက်သွယ်ပေးပါက
စီစဉ်ဆောင်ရွက်ပေးပါမည်

လေလံဈေးပြိုင်ဝယ်ယူလိုသူများ
အမည်
လိပ်စာ
ဖုန်းနံပါတ်
အများဆုံးပေးနိုင်သောဈေးနှုံး
ငွေပေးချေမည့်စနစ် တို့ကိုဗိုက်ဘာ၌ရေးသားပေးပို့ရန်လိုအပ်ပါသည်

မေလ (၁၅)ရက်နေ ့တွင်
အမြင့်ဆုံးဈေးဖြင့်လေလံအောင်မြင်သူထံ ဖုန်းဖြင့်အကြောင်းကြားပါမည်

လိုအပ်သောအကြောင်းအရာအချက်အလက်များမပြည့်စုံသူများအတွက် အကြောင်းပြန်ကြားမည်မဟုတ်ပါ
လေလံစာရင်း၌ထည့်သွင်းမည်မဟုတ်ပါ

​အစအဆုံးဖတ်ကြည့်ရှုပေးသည့်အတွက် ကျေးဇူးအထူးတင်ပါသည်

05/04/2022

နှစ်သစ်ကူးမယ့် တန်ခူးလအခါသမယမှာ
မြန်မာပြည်တစ်ဝှန်းအေးချမ်းသာယာကြပါစေ

ကြက်သွန်ဖြူနှုတ်တဲ့ ရိုတာဗေတာ
05/04/2022

ကြက်သွန်ဖြူနှုတ်တဲ့ ရိုတာဗေတာ

05/04/2022

https://fb.watch/cbWn2PCtlT/

ပြိုင်ကားလား ထွန်စက်လား
ကမ္ဘာ့စံချိန်တင် အမြန်ဆုံးထွန်စက်

31/12/2021

Address

Chaung Wa Bus Stop, Bayint Naung Road, Hlaing Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959442490087

Website

Alerts

Be the first to know and let us send you an email when Tesuan Co., Ltd မဟာထွန်း လယ်ယာသုံးစက်ပစ္စည်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tesuan Co., Ltd မဟာထွန်း လယ်ယာသုံးစက်ပစ္စည်း:

Share