SGE Myanmar

Directions

SGE Myanmar ♻️ SGE Myanmar EV Company Limited.

📱 +959 9711 37711
📱 +959 9711 47711

ယာဉ်အို/ ယာဉ်ဟောင်းများ ပယ်ဖျက်ရေးနှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေးကြေညာချက်မော်တော်ယာဉ်များ ထုတ်လု...
28/05/2026

ယာဉ်အို/ ယာဉ်ဟောင်းများ ပယ်ဖျက်ရေးနှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေးကြေညာချက်
မော်တော်ယာဉ်များ ထုတ်လုပ်ခဲ့သည့်ခုနှစ် ကြာမြင့်ပြီး အိုမင်းဟောင်းနွမ်းသော မော်တော်ယာဉ်များသည် စက်သုံးဆီပိုမိုသုံးစွဲရခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှုဖြစ်ခြင်း၊ ယာဉ်များ၏ကြံ့ခိုင်မှုအားနည်းခြင်းသည် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ခြင်း၊ ယာဉ်မှပိုမိုထွက်သော မီးခိုးငွေ့များသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် ကျော်လွန်ယာဉ်များ၊ မော်တော်ယာဉ်ကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရန် ပြင်ဆင်၍မရနိုင်သည့် ယာဉ်များနှင့် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် မကျော်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုသည့် ယာဉ်များအား အပ်နှံယာဉ်၏ တန်ဖိုးနှင့်အညီ လျှပ်စစ်သုံးယာဉ် (EV) ယာဉ်များအား အစားထိုးလဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
ယာဉ်အို/ယာဉ်ဟောင်း အပ်နှံမှုအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် ဖျက်သိမ်းယာဉ် ထောက်ခံချက် ပုံစံ (ဃ) တင်ပြပါက အပ်နှံသည့် ယာဉ်အမျိုးအစားအလိုက် သင့်လျော်သော လျှပ်စစ်သုံးယာဉ် (EV) တစ်စီးအား အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက စိစစ်၍ အစားထိုးတင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ကျသင့်မည့်နိုင်ငံခြားငွေများကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ယနေ့မှာကျရောက်တဲ့ “ကဆုန်လပြည့်နေ့” ဟာဆိုရင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့တန်ဖိုးထားရာ နေ့ထူးနေ့မြတ်တစ်ရက်ပဲဖြစ်ပါတယ်။...
30/04/2026

ယနေ့မှာကျရောက်တဲ့ “ကဆုန်လပြည့်နေ့” ဟာဆိုရင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့တန်ဖိုးထားရာ နေ့ထူးနေ့မြတ်တစ်ရက်ပဲဖြစ်ပါတယ်။

“ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့” ဟုဆိုသည့်အတိုင်း သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရှင်၏
🙏🏻ဗျာဒိတ်တော်ခံယူတော်မူတဲ့နေ့၊
🙏🏻ဖွားမြင်တော်မူတဲ့နေ့၊
🙏🏻ဘုရားဖြစ်တော်မူတဲ့နေ့၊
🙏🏻ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့နေ့ စတဲ့ ထူးကဲတဲ့အဖြစ်တော်များဖြစ်တော်မူခဲ့ခြင်းကြောင့် “ကဆုန်လပြည့်နေ့” ကို ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ အမြတ်ဆုံးနေ့လို့မှတ်ယူကြပါတယ်။

📌ဗုဒ္ဓမြတ်စွာဘုရားရှင်က ဤနေ့ဤအခါမှာ ဗောဓိညောင်ပင်ကိုအမှီပြုပြီး သဗ္ဗညုတရွှေဥာဏ်တော်ကိုရတော်မူဖို့ တရားအားထုတ်တော်မူခဲ့တာကြောင့် ဘုရားပွင့်တော်မူရာ ဗောဓိညောင်ပင်အား ရည်မှန်းပူဇော်ခြင်း၊ ရေများခန်းခြောက်ချိန်တွင် ဗောဓိညောင်ပင် မညိုးနွမ်းစေလိုခြင်းဆိုတဲ့ ရည်ရွယ်ချက်ဖြင့် မြန်မာ့ရိုးရာ ဆယ့်နှစ်ရာသီပွဲတော်များအနက် ကဆုန်လမှာ “ညောင်ရေသွန်းပွဲတော်”ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာသတ်မှတ်ခဲ့တာဟာ ယနေ့တိုင်ဖြစ်ပါတယ်။

📌ဗုဒ္ဓဘာသာဝင်မြန်မာပြည်သူပြည်သားများအနေဖြင့် “ကဆုန်လပြည့် ဗုဒ္ဓနေ့” မှာ ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မူရာဗောဓိညောင်ပင်ကို ရေကြည်ရေအေးသွန်းလောင်းပူဇော်ခြင်းဖြင့် ရေအကျိုးဆယ်ပါး မတောင်းဘဲနဲ့ပြည့်စုံပြီး အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ဥာဏ်ပညာကြီးခြင်းစတဲ့ ကောင်းကျိုးချမ်းသာလိုအင်ဆန္ဒများပြည့်ဝပါစေလို့ SGE Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🙏🏻🙏🏻🙏🏻

နှစ်သစ်ကူးအခါသမယတွင် သတ္တဝါအားလုံး ချမ်းသာကိုယ်စိတ်မြဲကြပြီး တစ်နှစ်ပတ်လုံးလည်း ရွှင်ပြုံးကြည်သာရှိကြပါစေဟု SGE Myanmar ...
11/04/2026

နှစ်သစ်ကူးအခါသမယတွင် သတ္တဝါအားလုံး ချမ်းသာကိုယ်စိတ်မြဲကြပြီး တစ်နှစ်ပတ်လုံးလည်း ရွှင်ပြုံးကြည်သာရှိကြပါစေဟု SGE Myanmar မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🏻



03.04.2026 ဆီသတင်း photo
03/04/2026

03.04.2026 ဆီသတင်း

photo

ယာဉ်၏စက်စွမ်းအား အပေါ် မူတည်၍ တစ်ပတ်အတွင်း စက်သုံးဆီ ဝယ်ယူခွင့်ပမာဏ သတ်မှတ်ပြီး တစ်ကြိမ် တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွ...
23/03/2026

ယာဉ်၏စက်စွမ်းအား အပေါ် မူတည်၍ တစ်ပတ်အတွင်း စက်သုံးဆီ ဝယ်ယူခွင့်ပမာဏ သတ်မှတ်ပြီး တစ်ကြိမ် တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို လာမည့် ရက်သတ္တပတ်တွင် စတင်မည်
--------------------------------

ရန်ကုန် ။ ၂၀၂၆၊ မတ် ၂၂ ရက်

စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ယာဉ်၏စက်စွမ်းအား အပေါ် မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်း တစ်ကြိမ် တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို Bar Code နှင့် QR Code စနစ် အတွင်းထည့်သွင်း၍ လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့ မတ်လ ၂၂ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါထုတ်ပြန်ချက်တွင် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်၊ ကြပ်မတ်၊ ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း ပါရှိပါတယ်။

ထို့အပြင် မတ်လ ၁၂ ရက်နေ့တွင် မော်တော်ယာဉ်များအတွက် Bar Code အား Scan ဖတ်ခြင်း၊ ဆိုင်ကယ်များအတွက် QR Code ထုတ်ပေးခြင်း စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တွေ့ကြုံရသည့် အခက်အခဲများအပေါ်တွင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူလူထုအနေဖြင့် နားလည်မှုရှိစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရကြောင်းလည်း ဖော်ပြထားပါတယ်။

ထို့သို့ဆောင်ရွက်နေစဉ်အတွင်း စက်သုံးဆီအရောင်းဆိုင်များသို့ ညွှန်ကြားချက်များ ထုတ်ပြန်ပြီး လိုက်နာဆောင်ရွက်ရန် စစ်ဆေးကြပ်မတ်လျက်ရှိသလို ပြည်သူလူထုအနေဖြင့် တိကျစွာတိုင်ကြားလာမှုများအပေါ်တွင် သက်ဆိုင်ရာအရောင်းဆိုင်များအား သွားရောက်စစ်ဆေးပြီး ရောင်းချခွင့်လိုင်စင်ပိတ်သိမ်းခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် နိုင်ငံတော်အနေဖြင့် စက်သုံးဆီဖူလုံမှု ရက် ၅၀ စာ သိုလှောင်ထားရှိပြီးဖြစ်ကာ ပုံမှန်တင်သွင်းနေသည့် လမ်းကြောင်းများအပြင် အခြားလမ်းကြောင်းများမှလည်း တင်သွင်းနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ထားမှုများရှိပြီးဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ကြောင့်ကြ၍ ဝယ်ယူ မှုမပြုလုပ်ခြင်း၊ စက်သုံးဆီရောင်းချခြင်းနှင့်စပ်လျဉ်း၍ မမှန်ကန်မှုများတွေ့ရှိရပါက သက်ဆိုင်ရာ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ တိကျစွာတိုင်ကြားမှုများ ပြုလုပ်ခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်လည်း စွမ်းအင်ဝန်ကြီးဌာနက အသိပေးမေတ္တာရပ်ခံထားပါတယ်။

#စက်သုံးဆီ #စွမ်းအင် #ပူးပေါင်းဆောင်ရွက် #စွမ်းအင်ဝန်ကြီးဌာန

10.03.2026ရက်နေ့ နောက်ဆုံးရောက်ရှိ နံပါတ်များ Source From RTAD📍 SGE Myanmar Showroom📞 09-971147711, 09-971137711🏢 အမှတ် ...
12/03/2026

10.03.2026ရက်နေ့ နောက်ဆုံးရောက်ရှိ နံပါတ်များ

Source From RTAD

📍 SGE Myanmar Showroom
📞 09-971147711, 09-971137711
🏢 အမှတ် (၁၂၆)၊ ဗဟိုလမ်း၊ ၂၇-ရပ်ကွက်၊ ပင်လုံအိမ်ရာ၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။


🚙ရန်ကုန်မြို့တွင်း သွားလာနေသူများ သိထားသင့်သည့် ယာဉ်အသုံးပြုမှု ကန့်သတ်ချက် (စုံ/မ စနစ်) အသေးစိတ်ရန်ကုန်မြို့ရဲ့ လက်ရှိ ...
08/03/2026

🚙ရန်ကုန်မြို့တွင်း သွားလာနေသူများ သိထားသင့်သည့် ယာဉ်အသုံးပြုမှု ကန့်သတ်ချက် (စုံ/မ စနစ်) အသေးစိတ်
ရန်ကုန်မြို့ရဲ့ လက်ရှိ စက်သုံးဆီ ချွေတာသုံးစွဲနိုင်ရေးအတွက် ထုတ်ပြန်ထားတဲ့ စုံ/မ စနစ် အကြောင်းကို မိဘပြည်သူများ သတိပြုနိုင်ဖို့ အသေးစိတ် ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်။

🚙 ရန်ကုန်မြို့တွင်း သွားလာနေသူများ သိထားသင့်သည့် ယာဉ်အသုံးပြုမှု ကန့်သတ်ချက် (စုံ/မ စနစ်) အသေးစိတ်
ရန်ကုန်မြို့ရဲ့ လက်ရှိ စက်သုံးဆီ ချွေတာသုံးစွဲနိုင်ရေးအတွက် ထုတ်ပြန်ထားတဲ့ စုံ/မ စနစ် အကြောင်းကို မိဘပြည်သူများ သတိပြုနိုင်ဖို့ အသေးစိတ် ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်။

🔵 ၁။ စုံရက်များတွင် မောင်းနှင်ရန်
ရက်စွဲ: လစဉ် (၂၊ ၄၊ ၆၊ ၈၊ ၁၀...) ရက်များကဲ့သို့သော စုံရက်များ။

သတ်မှတ်ယာဉ်: ကားနံပါတ် စုံဂဏန်း ပါဝင်သော (ဥပမာ - 2A/ 4A) ယာဉ်များသာ မောင်းနှင်ရပါမည်။

🟣 ၂။ မရက်များတွင် မောင်းနှင်ရန်
ရက်စွဲ: လစဉ် (၁၊ ၃၊ ၅၊ ၇၊ ၉...) ရက်များကဲ့သို့သော မရက်များ။

သတ်မှတ်ယာဉ်: ကားနံပါတ် မဂဏန်း ပါဝင်သော (ဥပမာ - 1A/ 3A) ယာဉ်များသာ မောင်းနှင်ရပါမည်။

⚠️ အရေးကြီးချက်: ဤကန့်သတ်ချက်သည် ကိုယ်ပိုင်ကားနှင့် ဆိုင်ကယ်များအားလုံး အတွက် အကျုံးဝင်ပြီး လိုက်နာခြင်းမရှိပါက အရေးယူခံရနိုင်ပါသည်။

✅ ၃။ ကန့်သတ်ချက်မရှိဘဲ နေ့စဉ်မောင်းနှင်ခွင့်ရှိသော ယာဉ်များ
အောက်ပါယာဉ်များကိုတော့ အများပြည်သူအကျိုးအတွက် စုံ/မ စနစ်မရှိဘဲ နေ့စဉ် မောင်းနှင်ခွင့်ပြုထားပါတယ်-

အရေးပေါ်ယာဉ်များ: လူနာတင်ယာဉ် (Ambulance)၊ နိဗ္ဗာန်ယာဉ်များနှင့် မီးသတ်ယာဉ်များ။

အများပြည်သူသယ်ယူပို့ဆောင်ရေး: ခရီးသည်တင်ယာဉ် (Bus) များနှင့် အငှားယာဉ် (Taxi) များ။

ကုန်စည်စီးဆင်းမှု: ကုန်တင်ယာဉ်များ၊ တွဲကားများနှင့် လုပ်ငန်းသုံးယာဉ်များ။

အခြား: ဆောက်လုပ်ရေးသုံးယာဉ်များ။

လျှပ်စစ်သုံးယာဉ် (EV) များ: စက်သုံးဆီ ချွေတာရေးအတွက် ထုတ်ပြန်ထားသည့် ကန့်သတ်ချက်ဖြစ်သဖြင့် စက်သုံးဆီအသုံးပြုရန်မလိုသော EV ကားများ ကို နေ့စဉ် အကန့်အသတ်မရှိ မောင်းနှင်ခွင့်ပြုထားပါသည်။

ဒီအချက်အလက်လေးတွေက မိတ်ဆွေတို့ရဲ့ နေ့စဉ်သွားလာရေးမှာ အဆင်ပြေချောမွေ့စေဖို့ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်ရှင်။ အားလုံးပဲ ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ကြပါစေ။

📍 SGE Myanmar Showroom
📞 09-971147711, 09-971137711
🏢 အမှတ် (၁၂၆)၊ ဗဟိုလမ်း၊ ၂၇-ရပ်ကွက်၊ ပင်လုံအိမ်ရာ၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။

စောင့်နေရတဲ့အချိန်နဲ့အဆင်ပြေတဲ့ရွေးချယ်မှုမတူပါဘူး။ဘယ်ကားကပိုကောင်းလဲမဟုတ်ဘူး…ဘယ်လိုအသုံးချမလဲဆိုတာပဲ အရေးကြီးပါတယ်။EV က...
04/03/2026

စောင့်နေရတဲ့အချိန်နဲ့
အဆင်ပြေတဲ့ရွေးချယ်မှုမတူပါဘူး။
ဘယ်ကားကပိုကောင်းလဲမဟုတ်ဘူး…
ဘယ်လိုအသုံးချမလဲဆိုတာပဲ အရေးကြီးပါတယ်။
EV ကတော့ နေ့စဉ်အသုံးပြုမှုအတွက် အခြားရွေးချယ်မှုတစ်ခု ⚡

📍 SGE Myanmar Showroom
📞 09-971147711, 09-971137711
🏢 အမှတ် (၁၂၆)၊ ဗဟိုလမ်း၊ ၂၇-ရပ်ကွက်၊ ပင်လုံအိမ်ရာ၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။

မကြာသေးမှီ နှစ်များအတွင်း မြန်မာနိုင်ငံအတွင်း လျှပ်စစ်ကားများ (Electric Vehicles) တွေကို အများကြီးတွေ့ရလာပြီဖြစ်ပါတယ်။နည...
03/03/2026

မကြာသေးမှီ နှစ်များအတွင်း မြန်မာနိုင်ငံအတွင်း လျှပ်စစ်ကားများ (Electric Vehicles) တွေကို အများကြီးတွေ့ရလာပြီဖြစ်ပါတယ်။
နည်းပညာတိုးတက်မှု၊ စီးပွားရေးအပေါ် ရင်းနှီးမြှုပ်နှံမှုကောင်းလာခြင်းနဲ့ အစိုးရ၏ EV သက်သာခွင့်များကြောင့် EV တိုးလာမှုကို တွေ့ရပါသည်။

၁။ ဥပဒေ၊ အခွန်နှင့် ကန့်သတ်ချက် (Policy & Import Rules)
အစိုးရက ၂၀၂၅ ခုနှစ်အတွက် EV သွင်းကုန်များကို သတ်မှတ်ထားတဲ့ pilot project notification ကို ထုတ်ပြန်ထားပြီး EV ဝင်ရန်အတွက် စည်းမျဉ်းများနှင့် အခွန်ပုံစံတစ်ချို့ကို ဖော်ပြထားပါတယ်။
ထို့ကြောင့် EV ကို နောက်ဆုံးတိုးတက်မှုနှင့်အညီ ဝင်သွားဖို့ အလားအလာရှိသလို စီးပွားရေးလုပ်ငန်းများမှာလည်း ပိုမိုပါဝင်လာကြသည်။

၂။ Charging infrastructure — လက်ရှိအခြေအနေ
ယနေ့အချိန်မှာ Charging station များသည် အများအပြားရှိနေပြီဖြစ်သည်-အများအပြားရှိနေမှုသည် ရန်ကုန်စက်မှုနှင့် မြို့ကြီးများတွင်သာအဓိက တွေ့ရသည်။
ဒါပေမယ့် အမြန်ပြင်ဆင်နေဆဲဖြစ်ပြီး Yangon-Mandalay expressway ပိုင်းအတွင်း charging point များတပ်ဆင်ရန် ဖြစ်စဉ်များရှိနေသည်။

၃။ သက်သာမှု (Costs) — ရောင်းဈေးနှင့် ပြုပြင်ထိန်းသိမ်းအသုံးစရိတ်
EV များ၏ကနဦးဈေးသည် အထူးသဖြင့် အနာဂတ်တွင် ဆီအသုံးစရိတ် လျော့ချနိုင်ပေမယ့် ယခုအချိန်တွင် အစောပိုင်းဝယ်စျေးသည် အနည်းငယ် များလေ့ရှိသည်။
သို့သော် ဘက်ထရီနှင့် လျှပ်စစ်စနစ်များ၏ပြုပြင်ထိန်းသိမ်းစရိတ်သည် ပိုမိုသက်သာနိုင်ပြီး နှစ်ပေါင်းများစွာတွင် စုစုပေါင်းကုန်ကျစရိတ် လျော့နည်းလာနိုင်ပါသည်။

၄။ လုပ်ငန်းအမြင် — EV Taxi နမူနာများ
တချို့ကုမ္ပဏီများက EV taxi ပြီးပြည့်စုံမှုကို စတင်ဖြန့်ချီနေပြီး Yangon တွင် EV taxi စတင်လှုပ်ရှားမှုများ ဖော်ပြထားသည်။ ၎င်းက ပိုမိုမြန်ဆန်သည့် EV စီးပွားရေးပြောင်းလဲမှုတစ်ခုအဖြစ် ဗဟိုထားနိုင်စေသည်။

၅။ ​EV အသုံးပြုရာတွင် ကြုံတွေ့ရနိုင်သည့် အဓိကစိန်ခေါ်မှုများ
​အားသွင်းစနစ် ချိတ်ဆက်မှု အားနည်းခြင်း (Infrastructure Gap):
လက်ရှိတွင် Charging Station များသည် မြို့ကြီးများ၌သာ စုပြုံနေပြီး နယ်ဝေးဒေသများနှင့် လမ်းခရီးတစ်လျှောက်တွင် လုံလောက်မှု မရှိသေးပါ။ ထို့ကြောင့် မြို့တွင်းသုံးအတွက်သာ ပိုမိုအဆင်ပြေနေသေးသည့် အခြေအနေဖြစ်ပါသည်။
​နည်းပညာနှင့် အပိုပစ္စည်း အခက်အခဲ (Technical & After-sales Support):
EV ဘက်ထရီ သက်တမ်း ကြာရှည်ခံမှုအပေါ် ယုံကြည်စိတ်ချရမှု အားနည်းခြင်း၊ လိုအပ်သော အပိုပစ္စည်း (Spare Parts) များ အလွယ်တကူ မရရှိနိုင်ခြင်းနှင့် ကျွမ်းကျင်သော ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာရှင်များ နည်းပါးနေခြင်းတို့ ဖြစ်သည်။
​ခရီးကွာဝေးမှုအပေါ် စိုးရိမ်ပူပန်ခြင်း (Range Anxiety):
ဘက်ထရီအား အပြည့်သွင်းထားသော်လည်း ခရီးစဉ်တစ်လျှောက် လမ်းခုလတ်တွင် အားကုန်သွားမည်ကို စိုးရိမ်ခြင်း (သို့မဟုတ်) မျှော်လင့်ထားသလောက် ခရီးမရောက်မည်ကို ပူပန်ခြင်းသည် အသုံးပြုသူများအတွက် အကြီးမားဆုံး စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ခု ဖြစ်နေပါသည်။
​ဒီအချက်တွေကို အခြေခံပြီး EV ဝယ်ယူဖို့ ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် "မိမိနေ့စဉ် သွားလာရမယ့် ခရီးအကွာအဝေး" နဲ့ "အနီးအနားမှာ အားသွင်းဖို့ အဆင်ပြေနိုင်ချေ" တို့ကို သေချာတွက်ချက်ဖို့ အကြံပြုလိုပါတယ်။

📍 SGE Myanmar Showroom
📞 09-971147711, 09-971137711
🏢 အမှတ် (၁၂၆)၊ ဗဟိုလမ်း၊ ၂၇-ရပ်ကွက်၊ ပင်လုံအိမ်ရာ၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။

Car For Yangon Pageမှ Reference ယူထားပါသည်

Address

No. 126, PinLon Street, 27 Ward, North Dagon
Yangon
11421

Website

Alerts

Be the first to know and let us send you an email when SGE Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category