26/06/2022
က၊ ကာ၊ ကား
ကားတွေစျေးအရမ်းမြင့်လာလို့ကားနှင့်ပတ်သက်တာလေးကိုတော့အတိုလေးရေးချင်ပါတယ်🇯🇵 🚗 🚘 🚚 🚛
96မှသာကားအကြောင်းသိခဲ့ရတယ်🇯🇵
97နှစ်ကုန်လောက်မှာလူစီးကားတင်သွင်းခွင့်ပိတ်သွားတယ်😢
98မှာVIP & MICပါမစ်နှင့်လူစီးတင်သွင်းပြီး
လုပ်ငန်းသုံးTruckကိုနှစ်လယ်မှာထပ်ပိတ်လို့ Truck (CKD)တင်သွင်းခဲ့ရတယ်၊
ဆိပ်ကမ်း မြန်ဆန်ကခွင့်မပြုလို့အင်ဂျင်တမျိုးသာထုတ်ခွင့်ရခဲ့ပါတယ်..
နှစ်ကုန်ပိုင်းမှ 99 အထိ LEO,မီနာမီနှင့်ရွှေသံလွင်တို့လို..စွမ်းတဲ့လူတွေသဘော်အစီးလိုက်တင်သွင်းခွင့်ရခဲ့တယ်😊
2000 နောက်ပိုင်း MICပါမစ်နှင့်သာလုပ်ငန်းသုံးတွေသာတင်သွင်းခဲ့ရပါတယ်
2005 မှာတော့ နေပြည်တော်မှာHOTEL
ဆောက်တဲ့လုပ်ငန်းရှင်တွေကိုအထူးပါမစ်ထုတ်ပေးခဲ့ပါတယ်။
2005မှာလည်းပြည်တွင်းထုတ်ကားလုပ်ငန်းစခဲ့ပါတယ်၊
2005 မှ 2010အထိ ပြည်တွင်းတပ်ဆင်ထုတ်လုပ်မှုလုပ်ငန်း ( ၃၃၀ )ကျော်ဖြင့်နိုင်ငံအနံကားတပ်ဆင်ထုတ်လုပ်ခဲ့ပါတယ်
2010 နောက်ပိုင်းကားတပ်ဆင်ခြင်းကိုပြည်ပမှတရားဝင်အသိအမှတ်ပြုလက်မှတ်ပါဘယ်မောင်းBrand မျိုးကိုသာMIC အသိအမှတ်ပြုဖြင့်သာခွင့်ပြုခဲ့ပါတယ်
2011မှာတော့ လူစီးမော်တော်ယာဥ်များကိုပြန်လည်ခွင့်ပြုခဲ့သဖြင့်ယခင်အမြင့်ဆုံးစျေးဖြစ်နေသော်ကားများမှာ 25%ဖြင့်သာစျေးကွက်အတွင်းရောင်းချခဲ့ရပါတယ်။😢
2011မှ2018 အထိညာမောင်းJDMတွေတင်သွင်းခွင့်ရခဲ့ပြီး
2018မှ 2021 နှစ်ကုန်အထိဘယ်မောင်းတွေနှင့်အဆင်ပြေခဲ့ရပါတယ်
SKDနှင့်ပတ်သက်လို့ကတော့🚗 🚘
2016မှာ 367စီး,2017မှာ 3222စီး, 2018မှာ12462စီး, 2019မှာ 19775စီး
2020မှာ 18225စီးနှင့် 2021.2022မှာ
အစီးရေ၆ထောင်ကျော်..စုစုပေါင်းအစီးရေ ၆သောင်းကျော်သာSKDထုတ်ခွင့်ရခဲ့ပါတယ်...
လက်ရှိကားစျေးတွေကတော့ တင်သွင်းခွင့်နှင့်ခွင့်ပြုအမိန့်သာပေးလိုက်ခြင်းဖြင့်ကားစျေးအပြောင်းအလဲက %တော်တော်များများပြောင်းလဲနိုင်သဖြင့်အထူးဂရုပြုလုပ်ငန်းဆောင်ရွက်ရမည့်အချိန်ဆိုတာကိုတော့ အထူးသတိပြုသင့်ကြောင်း
တင်ပြလိုက်ပါတယ် 1996မှ2022အထိကားလုပ်ငန်းများအဆက်ဆက်လုပ်ခဲ့သူ😊 😢 😊 😢
မိတ်ဆွေအားလုံးလုပ်ငန်းများအဆင်ပြေကြပါစေ...😊 😃