15/08/2026
ပိုငြိမ့်ညောင်းတဲ့ မောင်းနှင်မှုတစ်ခုရဲ့ နောက်ကွယ်မှာ ဘာရှိနေနိုင်လဲ? 🌟🌟🌟
JETOUR X50 မှာ Rear Multi-Link Independent Suspension ကို အသုံးပြုထားတယ် ……
ဒါဆို Multi-Link Suspension ဆိုတာ ဘာလဲ? 🤔
သာမန် Suspension စနစ်တွေနဲ့မတူဘဲ ဘီးတစ်ဖက်ချင်းစီရဲ့ လှုပ်ရှားမှုကို Link များစွာနဲ့ ထိန်းချုပ်ပေးထားတဲ့ Suspension Design တစ်မျိုးဖြစ်ပါတယ်။
ဒီစနစ်ရဲ့ အားသာချက်တွေကတော့—
♦️ လမ်းမညီညာမှု၊ ချိုင့်ခွက်နဲ့ လမ်းကြမ်းတွေကို ဖြတ်သန်းချိန်မှာ ဖြစ်ပေါ်လာတဲ့ တုန်ခါမှုတွေကို Suspension က ပိုမိုထိန်းချုပ်နိုင်စေပါမယ့် ပိုကောင်းတဲ့ Riding Comfort
♦️လမ်းကွေ့တွေ၊ လမ်းအပြောင်းအလဲတွေမှာ ဘီးရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ပေးနိုင်တာကြောင့် ကားကို ပိုမိုတည်ငြိမ်စွာ မောင်းနှင်နိုင်စေမယ့် ပိုကောင်းတဲ့ Stability & Handling
♦️ Independent Suspension ဖြစ်တဲ့အတွက် ဘီးတစ်ဖက်က လမ်းမညီညာမှုကို ဖြတ်သွားချိန်မှာ အခြားဘီးအပေါ် သက်ရောက်မှုကို လျော့နည်းစေပြီး Passenger Comfort ကို ပိုကောင်းစေဦးမယ့် Comfort Acceleration Moment တွေ တစ်ပြိုင်ထဲ ရရှိမှာဖြစ်ပါတယ် …..
ကားတစ်စီးရဲ့ Comfort ဆိုတာ ထိုင်ခုံတွေ ပျော့ပျောင်းနေရုံနဲ့ မပြီးပါဘူး။
လမ်းနဲ့ကားရဲ့အကြား Suspension Technology ကလည်း အရေးကြီးပါတယ်။
JETOUR X50 — Comfort You Can Feel.