Yoma Car Share

Yoma Car Share Yoma Car Share is a self-drive hourly to monthly car rental in Myanmar with 24/7 365 customer support. We keep our fleet fresh, and we are available nationwide.

🚗 End Trip မလုပ်ခင် ဒါလေးတွေ လုပ်ဆောင်ခဲ့ရဲ့လား?လူကြီးမင်းတို့ရဲ့ ခရီးစဉ်အဆုံးမှာ အဆင်ပြေချောမွေ့စေဖို့အတွက် End Trip မလ...
21/05/2026

🚗 End Trip မလုပ်ခင် ဒါလေးတွေ လုပ်ဆောင်ခဲ့ရဲ့လား?

လူကြီးမင်းတို့ရဲ့ ခရီးစဉ်အဆုံးမှာ အဆင်ပြေချောမွေ့စေဖို့အတွက် End Trip မလုပ်ခင် ဒီ Checklist လေးအတိုင်း ခဏလောက် စစ်ဆေးပေးဖို့ တိုက်တွန်းလိုပါတယ်။ ✨

💡လုပ်ဆောင်ရန် အချက်များ -
✅ကားပေါ်မှာ ဖုန်း၊ ပိုက်ဆံအိတ်နဲ့ တန်ဖိုးရှိပစ္စည်းများ ကျန်ခဲ့ခြင်း မရှိအောင် သေချာကြည့်ပါ။
✅ကားဘက်ထရီအား မထိခိုက်စေဖို့ ကားရှေ့မီးနဲ့ အတွင်းမီးများ ပိတ်ထားကြောင်း စစ်ဆေးပါ။
✅လုံခြုံရေးအတွက် ကားမှန်များအားလုံးကို အပေါ်အထိ သေချာပိတ်ပေးပါ။
✅အကယ်၍ ခရီးစဉ်အတွင်း မိမိအစီအစဉ်ဖြင့် ဆီဖြည့်ခဲ့ပါက End Trip မနှိပ်မီ App ရှိ Fuel Claim ကဏ္ဍတွင် ပြေစာဓာတ်ပုံရိုက်၍ တင်ပေးပါ။ ⛽
✅သတ်မှတ်ထားတဲ့ Yoma Car Share Rental Hub မှာ စနစ်တကျ ပြန်လည်ရပ်နားပါ။
အားလုံးပြီးပြီဆိုရင်တော့ App ထဲက End Trip ခလုတ်ကို နှိပ်ပြီး ခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ပါပြီ။

🛡️ လူကြီးမင်းတို့ရဲ့ ခရီးစဉ်တိုင်း စိတ်အေးရဖို့ ...Yoma Car Share မှာ ကားငှားယူတဲ့အခါ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုရရှ...
12/05/2026

🛡️ လူကြီးမင်းတို့ရဲ့ ခရီးစဉ်တိုင်း စိတ်အေးရဖို့ ...

Yoma Car Share မှာ ကားငှားယူတဲ့အခါ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုရရှိစေဖို့အတွက် Reservation စတင်ချိန်မှာ ကားအခြေအနေကို စစ်ဆေးပေးဖို့ တိုက်တွန်းလိုပါတယ်။

📌 အသုံးပြုနည်းလမ်းညွှန်

• ကားတွင် ထိခိုက်မှုရှိပါက App ရှိ Current Reservation > Check Car မှတစ်ဆင့် ဓာတ်ပုံနှင့်တကွ အလွယ်တကူ တင်ပြနိုင်ပါတယ်။
• ကားစတင်ရယူချိန်မှ (၁) နာရီအတွင်း Check Car ခလုတ်ကို အသုံးပြုနိုင်ပြီး၊ ထိုအချိန်ကျော်လွန်ပါက Yoma Car Share Call Centre သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
အသေးစိတ်အချက်အလက်များအတွက် Yoma Car Share သို့ အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 🤝

⬇️ Download Yoma Car Share Mobile App
🔶 Google Play Store - https://bit.ly/Plstore
🔷 iOS App Store - https://bit.ly/iosApstore
🔶 Huawei App Gallery - https://bit.ly/HweiApgl

📧 [email protected]
📞 09 966 235 338 - 24/7 Hotline (09 YOMAFLEET)

10/05/2026

Happy Mother’s Day💙
We’re celebrating the beautiful stories and lessons taught by our mothers that continue to inspire our team at Yoma Car Share.
မေမေတို့ရဲ့ မေတ္တာက ကျွန်တော်တို့ရဲ့ နေ့စဉ်အလုပ်ခွင်မှာ အင်အားတစ်ရပ်ဖြစ်စေပြီး အမြဲတမ်း လမ်းပြပေးနေတာဖြစ်ပါတယ်။ မိခင်တိုင်း ကျန်းမာချမ်းသာကြပါစေလို့ Yoma Car Share မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်။

သင့်ရဲ့ အကြံပြုချက်က ကျွန်ုပ်တို့အတွက် အဖိုးတန်ပါတယ် 🗣️Yoma Car Share ကို အသုံးပြုတဲ့အခါ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှု...
07/05/2026

သင့်ရဲ့ အကြံပြုချက်က ကျွန်ုပ်တို့အတွက် အဖိုးတန်ပါတယ် 🗣️

Yoma Car Share ကို အသုံးပြုတဲ့အခါ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ လူကြီးမင်းတို့ရဲ့ အကြံပြုချက်က ကျွန်ုပ်တို့အတွက် အရမ်းအရေးကြီးပါတယ်။ ကားရဲ့ Dashboard ပေါ်မှာရှိတဲ့ QR Code လေးကို Scan ဖတ်ပြီး Feedback ပေးရုံနဲ့ Extra Points တွေကို ရယူနိုင်မှာဖြစ်ပါတယ်။
သင်ပေးလိုက်တဲ့ အကြံပြုချက်တိုင်းက နောက်ထပ်လာမယ့် ခရီးစဉ်တွေကို ပိုမိုပြည့်စုံစေဖို့ အထောက်အကူပြုမှာမို့ အခုပဲ Scan ဖတ်ပြီး ပွိုင့်ယူလိုက်ရအောင်✨

Emergency Contact ဘယ်လိုထည့်မလဲ?Yoma Car Share နဲ့ ခရီးထွက်တဲ့အခါ စိတ်အေးချမ်းသာစွာ မောင်းနှင်နိုင်ဖို့အတွက် "Emergency ...
05/05/2026

Emergency Contact ဘယ်လိုထည့်မလဲ?

Yoma Car Share နဲ့ ခရီးထွက်တဲ့အခါ စိတ်အေးချမ်းသာစွာ မောင်းနှင်နိုင်ဖို့အတွက် "Emergency Contact" ထည့်သွင်းနည်း လွယ်လွယ်ကူကူလေးကို မျှဝေပေးလိုက်ပါတယ်။

🔶App ထဲရှိ Profile မှတဆင့် Emergency Contacts သို့ သွားပါ။
🔷"ADD EMERGENCY CONTACT" ခလုတ်ကို နှိပ်ပါ။
🔶အရေးပေါ်ဆက်သွယ်မည့်သူ၏ အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်နှင့် တော်စပ်ပုံတို့ကို ဖြည့်စွက်ပါ။
🔷"SUBMIT" ကိုနှိပ်လိုက်ရုံနဲ့ အားလုံးပြီးစီးပါပြီ။ ✨

💡 မှတ်ချက်: အကယ်၍ ဓာတ်ပုံတင်ရာတွင် အခက်အခဲရှိပါက Yoma Car Share ရဲ့ 24/7 Hotline ဖြစ်တဲ့ 09966235338 ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

ခရီးစဉ်တိုင်းမှာ ဘေးကင်းလုံခြုံမှုရှိစေဖို့ Yoma Car Share က အမြဲအသင့်ရှိနေပါတယ်။ 🚗💨

Happy International Labor Day! 🛠️✨နေ့စဉ်ဘဝမှာ ကိုယ်စီတာဝန်တွေကို အကောင်းဆုံးကြိုးစားထမ်းဆောင်နေကြတဲ့ အလုပ်သမားထုတစ်ရပ်လု...
01/05/2026

Happy International Labor Day! 🛠️✨

နေ့စဉ်ဘဝမှာ ကိုယ်စီတာဝန်တွေကို အကောင်းဆုံးကြိုးစားထမ်းဆောင်နေကြတဲ့ အလုပ်သမားထုတစ်ရပ်လုံးကို Yoma Car Share မှ လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။

Yoma Car Share အဖွဲ့သားတွေဟာလည်း လူကြီးမင်းတို့ရဲ့ ခရီးစဉ်တိုင်း အဆင်ပြေချောမွေ့စေဖို့ နောက်ကွယ်ကနေ အမြဲမပြတ် ကြိုးစားအားထုတ်လျက်ရှိပါတယ်။ အခုလို အလုပ်သမားနေ့ အားလပ်ရက်မှာ စိတ်အပန်းပြေ ခရီးထွက်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စအတွက်ပဲဖြစ်ဖြစ် Yoma Car Share က အမြဲအသင့်ရှိနေမှာပါ။

ကဆုန်လပြည့်  ဗုဒ္ဓနေ့🌕မင်္ဂလာရှိသော ကဆုန်လပြည့်နေ့အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း Yoma Car Share...
30/04/2026

ကဆုန်လပြည့် ဗုဒ္ဓနေ့🌕

မင်္ဂလာရှိသော ကဆုန်လပြည့်နေ့အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း Yoma Car Share မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ 🙏🌿

28/04/2026

Yoma Car Share Applicationမှ Extra Driver (အရံယာဥ်မောင်း) ထည့်ဖို့ ဘာ‌တွေလိုအပ်လဲ?
Extra Driver (အရံယာဥ်မောင်း) ဆိုတာ ဘာလဲ?🚗

အရံယာဥ်မောင်း ဆိုတာက အာမခံ မူဝါဒဖြင့် အကျုံးဝင်ပြီး Yoma Car Share မှ ငှားရမ်းထားတဲ့ ကားကို အဓိက အသုံးပြုသူက ခွင့်ပြုထားတဲ့ မောင်းနှင်နိုင်သူ ဖြစ်ပြီး ခရီးစဉ်တလျှောက်လုံးတွင်လည်း အတူတကွလိုက်ပါပြီး မောင်းနိုင်ပါတယ်။ Reservation လုပ်ငန်းစဉ်အတွင်း အရံယာဉ်မောင်း၏အချက်အလက်များကို မဖြစ်မနေထည့်သွင်းရမှာဖြစ်သလို အကောင့်တွင်လည်း မိမိ၏ အရံယာဉ်မောင်းအချက်အလက်များကိုလည်း သိမ်းဆည်းနိုင်ပါတယ်။

✅လိုအပ်တဲ့ အချက်တွေကတော့
🔹 Yoma Car Share Driver App ကို ဒေါင်းလုဒ်လုပ်ပြီး အသုံးပြုရပါမယ်။
🔸 Extra Driver သည် အသက် ၂၁ နှစ်ပြည့်ပြီး ယာဉ်မောင်းလိုင်စင် သက်တမ်း ရှိသူဖြစ်ရပါမယ်။

Extra Driver ကိုဘယ်လိုထည့်ကြမလဲ?🚗

ကိုယ်ရဲ့ Application ထဲမှ reservation မှာ Extra Driver ထည့်ပြီးနောက် လွယ်ကူလျင်မြန်စွာဖြင့် မောင်းနှင်ခွင့် ပေးနိုင်ပါတယ်။
Let’s Go Together! 🚗

ခရီးသွားရင်း လိုအပ်တာလေးတွေ အလွယ်တကူရှိနေဖို့ Yoma Car Share ရဲ့ ကားတိုင်းမှာ Starter Pack ကို Glove Box ထဲမှာ အမြဲအဆင်သ...
21/04/2026

ခရီးသွားရင်း လိုအပ်တာလေးတွေ အလွယ်တကူရှိနေဖို့

Yoma Car Share ရဲ့ ကားတိုင်းမှာ Starter Pack ကို Glove Box ထဲမှာ အမြဲအဆင်သင့် ထည့်ပေးထားပါတယ်။

Starter Pack ထဲမှာ ဘာတွေပါမလဲ?
✅ Wheel Tax
✅ Fuel Refill (Book/ Card)
✅ Mini Health Care Book
✅ Emergency Contact list
✅ Temporary Tap Card

ပိုမိုကောင်းမွန်ပြီး စမတ်ကျတဲ့ ခရီးစဉ်တွေကို ပိုင်ဆိုင်ဖို့ Yoma Car Share App ကို အခုပဲ ဒေါင်းလုဒ်လုပ်လိုက်ပါ။

⬇️ Yoma Car Share Mobile App
🔶 Google Play Store - https://bit.ly/Plstore
🔷 iOS App Store - https://bit.ly/iosApstore
🔶Huawei App Gallery - https://bit.ly/HweiApgl
📧 [email protected]
📞 09 966 235 338 - 24/7 Hotline (09 YOMAFLEET)

ပျော်ရွှင်ကြည်နူး နှစ်သစ်အတာတန်ခူးမြန်မာ့နှစ်သစ်အခါသမယမှာ မြန်မာနိုင်ငံတစ်ဝန်း မိဘပြည်သူအပေါင်း ဘေးဘယာဝေးကွာပြီး ကိုယ်စိ...
13/04/2026

ပျော်ရွှင်ကြည်နူး နှစ်သစ်အတာတန်ခူး

မြန်မာ့နှစ်သစ်အခါသမယမှာ မြန်မာနိုင်ငံတစ်ဝန်း မိဘပြည်သူအပေါင်း ဘေးဘယာဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေကြောင်း Yoma Car Share မှ ဆုမွန်ကောင်း‌တောင်းလိုက်ပါတယ်။ 🙏💙

💦 အားလုံးစောင့်မျှော်နေကြတဲ့ သင်္ကြန်ပွဲတော်ကြီး ရောက်ရှိလာတော့မှာဆိုတော့ အပန်း‌ဖြေ ခရီးထွက်ဖို့ အစီအစဉ်တွေ ဆွဲနေကြပြီလာ...
09/04/2026

💦 အားလုံးစောင့်မျှော်နေကြတဲ့ သင်္ကြန်ပွဲတော်ကြီး ရောက်ရှိလာတော့မှာဆိုတော့ အပန်း‌ဖြေ ခရီးထွက်ဖို့ အစီအစဉ်တွေ ဆွဲနေကြပြီလား?

ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ကူးအချိန်အခါကို ချစ်ရတဲ့သူတွေနဲ့ ဖြတ်သန်းနိုင်ဖို့ သင်္ကြန်ကာလအတွင်း သတိပြုရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

🚗 ယာဥ်မမောင်းနှင်မီ ကားရဲ့ ဘရိတ်၊ တာယာနဲ့ အင်ဂျင် အစရှိတာတွေကို သေချာစွာစစ်ဆေးဖို့ မမေ့ပါနဲ့။
🛡️ ယာဥ်မောင်းနေစဥ် အချိန်တွင်း ခါးပတ်ပတ်ဖို့နဲ့ သတ်မှတ်ကီလိုထက် ပိုမမောင်းဖို့ အထူးဂရုစိုက်ပါ။
📱 ယာဥ်မောင်းနေစဥ် အချိန်တွင်း လက်ကိုင်ဖုန်းအသုံးပြုခြင်း ကိုရှောင်ကြဉ်ပါ၊၊
🚫 Alcohol သောက်သုံးထားပါက လုံးဝ (လုံးဝ) မမောင်းပါနဲ့။

ဒီအချက်တွေကို ဂရုပြုရင်း မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ လုံခြုံစိတ်ချစွာနဲ့ အမှတ်တရတွေ ဖန်တီးလိုက်ကြရအောင်။
အားလုံးပဲ ဘေးကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ သင်္ကြန်ချိန်ခါဖြစ်ပါစေကြောင်း Yoma Car Share မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်! ✨

Address

1 Office Park, Rain Tree Drive, Pun Hlaing Estate, Hlaing Thayar Township
Yangon
11401

Alerts

Be the first to know and let us send you an email when Yoma Car Share posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yoma Car Share:

Share

Category