Yoma Car Share

Directions Website Contact the business

Yoma Car Share Yoma Car Share is a self-drive hourly to monthly car rental in Myanmar with 24/7 365 customer support. We keep our fleet fresh, and we are available nationwide.

📱 Yoma Car Share နဲ့အတူ Google Maps ကို စမတ်ကျကျ အသုံးပြုပြီး ခရီးထွက်ကြစို့ 🚗📍Yoma Car Share ကားတွေကို ငှားရမ်းမောင်းနှ...
13/08/2026

📱 Yoma Car Share နဲ့အတူ Google Maps ကို စမတ်ကျကျ အသုံးပြုပြီး ခရီးထွက်ကြစို့ 🚗📍

Yoma Car Share ကားတွေကို ငှားရမ်းမောင်းနှင်တဲ့အခါ လမ်းကြောင်းမှန်မှန်နဲ့ အချိန်ကုန်၊ ဆီဖိုးသက်သာစွာ အမြန်ဆုံးရောက်ရှိဖို့ Google Maps က အကောင်းဆုံး အထောက်အကူပြုပေးပါတယ်။

💡 ယာဉ်မောင်းသူတိုင်းအတွက် အသုံးဝင်ဆုံး Functions များ -

🔹 မိမိနဲ့ အနီးဆုံးမှာရှိတဲ့ Yoma Car Share Hub နေရာတွေကို Google Maps ပေါ်မှာ အလွယ်တကူ ရိုက်နှိပ်ရှာဖွေပြီး လမ်းညွှန်ချက် (Directions) ရယူနိုင်ပါတယ်။
🔸သွားလိုသည့်နေရာကို ရှာပြီး 'Directions' နှိပ်ပါက လမ်းပိတ်သည့်နေရာ (အနီရောင်ပြသမှု) ကို ရှောင်ကွင်းနိုင်မည့် အမြန်ဆုံး လမ်းကြောင်းသစ်ကို တွက်ချက်ပေးပါတယ်။
🔹 'Start' ကိုနှိပ်ပြီး Driving Mode အသုံးပြုပါက ဖုန်းကို ခဏခဏကြည့်စရာမလိုဘဲ ဘယ်နေရာမှာ ကွေ့ရမည်ကို Voice Command (အသံ) ဖြင့် လမ်းညွှန်ပေးလို့ တစ်ဦးတည်း မောင်းနှင်သူများအတွက် ပိုမိုဘေးကင်းစေပါတယ်။
🔸 ခရီးစဉ်အတွင်း လိုအပ်မည့် စားသောက်ဆိုင်၊ Shopping Mall များနှင့် Yoma Car Share ရဲ့ သတ်မှတ်စက်သုံးဆီဆိုင် (Denko, Max, PT Power, 360 Petrol, BOC စသည်) များကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။
🔹 အင်တာနက်လိုင်း မကောင်းသည့် နယ်ဝေးဒေသများတွင်ပင် ဖုန်း၏ GPS ဖွင့်ထားရုံဖြင့် မြေပုံကို ဆက်လက်အသုံးပြုနိုင်ပါတယ်။

အပိုကုန်ကျစရိတ်မရှိ၊ သော့လည်းမလိုဘဲ အဆင်သင့်မောင်းနှင်နိုင်တဲ့ Yoma Car Share ကားလေးတွေနဲ့အတူ Google Maps ကို တွဲဖက်အသုံးပြုပြီး စိတ်အေးချမ်းသာ ခရီးသွားလိုက်ရအောင်နော်။ 🚙💨

လွယ်ကူသော ဆီဖြည့်နည်းလမ်းညွှန် ⛽✨Yoma Car Share ရဲ့ ကားအမျိုးအစားအားလုံးမှာ အသုံးပြုသူတွေ အဆင်ပြေစေဖို့ ဆီအပြည့် ထည့်သွင...
11/08/2026

လွယ်ကူသော ဆီဖြည့်နည်းလမ်းညွှန် ⛽✨

Yoma Car Share ရဲ့ ကားအမျိုးအစားအားလုံးမှာ အသုံးပြုသူတွေ အဆင်ပြေစေဖို့ ဆီအပြည့် ထည့်သွင်းပေးထားပြီးသား ဖြစ်ပါတယ်။

ဒါပေမဲ့ မိမိရဲ့ ခရီးစဉ်အတွင်း ကားဆီလက်ကျန် အခြေအနေကို သတိပြုမိစေဖို့ အောက်ပါအချက်လေးတွေကို မျှဝေပေးချင်ပါတယ် -

⚠️ ခရီးစဉ် မပြီးဆုံးခင်မှာ ကားရဲ့ဆီလက်ကျန်အခြေအနေ (၄) ပုံ (၁) ပုံအောက် ရောက်ရှိသွားပါက နောက်လာမည့် အသုံးပြုသူများအတွက်ပါ အဆင်ပြေစေရန် ကားကို ဆီပြန်လည်ဖြည့်တင်းပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
💳 ဆီဖြည့်တဲ့အခါမှာလည်း မိမိကိုယ်ပိုင်ငွေ ကျခံစရာမလိုဘဲ ကားထဲတွင် အဆင်သင့်ပါရှိတဲ့ Fuel Card (သို့မဟုတ်) ဆီစာအုပ် ကို အသုံးပြုပြီး သတ်မှတ်ထားတဲ့ စက်သုံးဆီဆိုင်ကြီးတွေမှာ အခမဲ့ ဖြည့်တင်းနိုင်ပါတယ်။

📍 ဆီဖြည့်နိုင်သည့် သတ်မှတ်ဆိုင်များ -
Denko, Max Energy, PT Power, BOC နှင့် 360 Petro

Yoma Car Share ဝန်ဆောင်မှုကို စဉ်ဆက်မပြတ် ယုံကြည်စိတ်ချစွာ အသုံးပြုပေးတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 🥰🚗

Let’s Go Together! 🚙💨

👉Book Your Ride Now!

ပိုမိုစိမ်းလန်းတဲ့ ခရီးစဉ်တွေကို Yoma Car Share နဲ့အတူ စတင်လိုက်ပါ 🌱Yoma Car Share ရဲ့ ကားငှားရမ်းမှုဝန်ဆောင်မှုကို ရွေး...
06/08/2026

ပိုမိုစိမ်းလန်းတဲ့ ခရီးစဉ်တွေကို Yoma Car Share နဲ့အတူ စတင်လိုက်ပါ 🌱

Yoma Car Share ရဲ့ ကားငှားရမ်းမှုဝန်ဆောင်မှုကို ရွေးချယ်အသုံးပြုခြင်းက သင့်ရဲ့ အချိန်နဲ့ ငွေကြေးကို ထိရောက်စွာ ချွေတာပေးရုံသာမက၊ တစ်ဖက်တစ်လမ်းကနေလည်း ကမ္ဘာမြေကြီးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်တယ်ဆိုတာ သိပြီးကြပြီလား?

✨Yoma Car Share မှာရှိတဲ့ ကားအမျိုးအစားအားလုံးဟာ စွမ်းအင်ချွေတာမှုစနစ် ပါဝင်ပြီး ဆီစားသက်သာတဲ့ ကားများ ဖြစ်တာကြောင့် မောင်းနှင်တဲ့အခါ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုနဲ့ပတ်ဝန်းကျင်ညစ်ညမ်းမှုကို သိသိသာသာ လျှော့ချပေးပါတယ်။
✨ကားတွေရဲ့ အင်ဂျင်နဲ့ စက်ပစ္စည်းပိုင်း ပျက်စီးယိုယွင်းမှုကို အနည်းဆုံးဖြစ်စေဖို့ အကောင်းဆုံးစံနှုန်းတွေအတိုင်း ပုံမှန်စစ်ဆေး ထိန်းသိမ်းပေးနေသည့်အတွက် ပတ်ဝန်းကျင်နဲ့ ပိုမိုသဟဇာတဖြစ်စေပါတယ်။

ဒါကြောင့် Yoma Car Share ကို ရွေးချယ်မောင်းနှင်ခြင်းဖြင့် သက်သောင့်သက်သာရှိပြီး သာလွန်ကောင်းမွန်တဲ့ ဝန်ဆောင်မှုအတွေ့အကြုံကို ခံစားနိုင်မဲ့အပြင်၊ ပိုမိုစိမ်းလန်းစိုပြေတဲ့ အနာဂတ်ကမ္ဘာမြေဖြစ်လာဖို့ကိုပါ အတူတကွ ပူးပေါင်းပါဝင် ကူညီပေးရာ ရောက်ပါတယ် 🚗💨

မြို့တွင်းခရီးတိုပဲသွားသွား၊ နယ်ဝေးခရီးပဲမောင်းမောင်း... Yoma Car Share နဲ့အတူ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရင်း အဓိပ္ပာယ်ရှိတဲ့ ခရီးစဉ်တွေကို ဖန်တီးလိုက်ရအောင်နော်။ 🌍

📍 Yoma Car Share Parking Location Update @ Time City Hub! 🚗Time City Rental Hub မှာ Yoma Car Share အသုံးပြုနေကြတဲ့ အဖွဲ့...
05/08/2026

📍 Yoma Car Share Parking Location Update @ Time City Hub! 🚗

Time City Rental Hub မှာ Yoma Car Share အသုံးပြုနေကြတဲ့ အဖွဲ့ဝင်များအတွက် Car Parking နေရာ အနည်းငယ် ပြောင်းလဲသွားကြောင်း အသိပေးအပ်ပါတယ်။

ယခင် Ground Floor Parking Lot No: 137, 138, နှင့် 139 တို့အနက်မှ ယခု (Lot 137 အစား 355 သို့ အနီးနားတွင် ပြောင်းရွှေ့ထားပါသည်)။

ကားလာရောက် ယူဆောင်ရာတွင်ဖြစ်စေ၊ ပြန်လည် အပ်နှံရာတွင်ဖြစ်စေ ပါကင်နံပါတ် 138, 139 နှင့် 355 တို့တွင် စနစ်တကျ ရပ်နားပေးနိုင်ပါရန် အသိပေးအပ်ပါတယ်။

Yoma Car Share အား အစဉ်အမြဲ အားပေးသုံးစွဲမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ✨

Let’s Go Together!

Yoma Car Share မှာ Individual Member အဖြစ် ဘယ်လိုစာရင်းသွင်းမလဲ? 🚗✨သွားချင်တဲ့နေရာကို ကိုယ်တိုင်စိတ်ကြိုက် မောင်းနှင်သွာ...
04/08/2026

Yoma Car Share မှာ Individual Member အဖြစ် ဘယ်လိုစာရင်းသွင်းမလဲ? 🚗✨

သွားချင်တဲ့နေရာကို ကိုယ်တိုင်စိတ်ကြိုက် မောင်းနှင်သွားလာနိုင်ဖို့ Yoma Car Share ရဲ့ Individual Member ကို လွယ်လွယ်ကူကူ လျှောက်ထားနိုင်ပါပြီ။

Individual Member ဆိုတာ မိမိတစ်ဦးတည်း ကိုယ်ပိုင်အသုံးပြုနိုင်တဲ့ အကောင့်ဖြစ်ပြီး Yoma Car Share ရဲ့ စမတ်ကျတဲ့ ကားငှားရမ်းမှု ဝန်ဆောင်မှုအားလုံးကို အချိန်မရွေး အသုံးပြုခွင့်ရရှိမှာ ဖြစ်ပါတယ်။

အဖွဲ့ဝင် (Member) ဖြစ်လာဖို့ ဘာတွေလိုအပ်မလဲ? 📝

အကောင့်ဖွင့်ဖို့အတွက် အောက်ပါအခြေခံ အချက်အလက်လေးတွေပဲ လိုအပ်ပါတယ်....။

✅ အသက် (၂၁) နှစ်ပြည့်ပြီးသူ
✅ အီးမေးလ်လိပ်စာ နှင့် ဖုန်းနံပါတ်
✅ နိုင်ငံသားစိစစ်ရေးကတ် (သို့) နိုင်ငံကူးလက်မှတ် (Passport)
✅ သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (သို့) နိုင်ငံတကာ ယာဉ်မောင်းပါမစ် (International Driving Permit)
(မြန်မာနိုင်ငံတွင် အသုံးပြုခွင့်ရှိသော အာဆီယံယာဉ်မောင်းလိုင်စင်များကိုလည်း လက်ခံပါသည်။)
✅ နေရပ်လိပ်စာအထောက်အထား (သို့) မှတ်ပုံတင်နှင့်အတူ ရိုက်ကူးထားသော မိမိဓာတ်ပုံ
(နေရပ်လိပ်စာ အထောက်အထားအတွက် အိမ်ထောင်စုစာရင်း၊ မီတာဘေလ်၊ အင်တာနက်ဘေလ်၊ အိမ်ငှားစာချုပ်၊ လိပ်စာပါရှိသော ဘဏ်စာအုပ် ပထမစာမျက်နှာ သို့မဟုတ် နိုင်ငံခြားသားမှတ်ပုံတင်အချက်အလက် စသည့် တရားဝင် စာရွက်စာတမ်းတစ်ခုခုကို အသုံးပြုနိုင်ပါသည်။)
✅ ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေပေးချေရန်အတွက် Visa / Master (Debit သို့မဟုတ် Credit) ကတ် အချက်အလက်များ။

ဒီအချက်အလက်လေးတွေ စုံလင်ပြီဆိုရင်တော့ Yoma Car Share ရဲ့ Website သို့မဟုတ် Mobile App ကနေတစ်ဆင့် အလွယ်တကူ စာရင်းသွင်း လျှောက်ထားနိုင်ပါပြီ။ 🥰📲

မိမိတို့ရဲ့ နေ့စဉ်သွားရေးလာရေး လိုအပ်ချက်တွေနဲ့ အကိုက်ညီဆုံးဖြစ်မယ့် ကားတွေကို အချိန်မရွေး၊ စိတ်ကြိုက် အသုံးပြုနိုင်ဖို့ Yoma Car Share မှာ အခုပဲ Individual Member အဖြစ် အမြန်ဆုံး စာရင်းသွင်းထားလိုက်ရအောင်နော်။ 🚙💨

System Administrator Appreciation Day🦸‍♂️ယနေ့ ၂၀၂၆၊ ဇူလိုင် ၃၁ ရက်နေ့ကတော့ နည်းပညာလောကရဲ့ နောက်ကွယ်က သူရဲကောင်းများဖြစ်က...
31/07/2026

System Administrator Appreciation Day🦸‍♂️

ယနေ့ ၂၀၂၆၊ ဇူလိုင် ၃၁ ရက်နေ့ကတော့ နည်းပညာလောကရဲ့ နောက်ကွယ်က သူရဲကောင်းများဖြစ်ကြတဲ့ IT သမားများကို ဂုဏ်ပြုတဲ့ အပြည်ပြည်ဆိုင်ရာ “System Administrator Appreciation Day” ဖြစ်ပါတယ်။ . ‍💻

Yoma Car Share ရဲ့ App နဲ့ Website မှတစ်ဆင့် Cashless, Contactless, Keyless စနစ်တွေနဲ့ ကား Booking တင်နိုင်ဖို့အပြင်၊ အဖွဲ့ဝင်အားလုံးရဲ့ ဒေတာတွေကို လုံခြုံစိတ်ချရအောင် ထိန်းသိမ်းပေးနေခြင်းက နည်းပညာရဲ့ အဓိကမောင်းနှင်အားပဲ ဖြစ်ပါတယ်။

ဒီလို အဆင်ပြေချောမွေ့တဲ့ ဝန်ဆောင်မှုတွေ ရရှိနိုင်ဖို့ နောက်ကွယ်ကနေ နေ့ညမပြတ် ကြိုးစားအားထုတ်ပေးနေကြတဲ့ ကျွန်တော်တို့ရဲ့ IT Technicians နဲ့ System Administrators များ အားလုံးကို ယနေ့ SysAdmin Day မှာ လှိုက်လှိုက်လှဲလှဲ အထူးပင် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။ 🤝✨

Today, July 31st, 2026, marks International System Administrator Appreciation Day — a global day to honor the vital contributions of IT professionals. ‍💻

At Yoma Car Share, technology driving our Cashless, Contactless, and Keyless bookings, alongside secure data management, ensures a seamless experience for all individual and corporate users.

We extend our sincerest gratitude to our dedicated IT Technicians and System Administrators who work tirelessly behind the scenes to keep our systems running smoothly and securely. Thank you for being the backbone of our digital journey! 🚀🤝

International Day of Friendship 🚗💨အခင်မင်ဆုံး သူငယ်ချင်းတွေနဲ့ ခရီးအတူသွားရတာက ဘဝမှာ မမေ့နိုင်ဆုံး အမှတ်တရ တစ်ခုပါ... 🧑‍...
30/07/2026

International Day of Friendship 🚗💨

အခင်မင်ဆုံး သူငယ်ချင်းတွေနဲ့ ခရီးအတူသွားရတာက ဘဝမှာ မမေ့နိုင်ဆုံး အမှတ်တရ တစ်ခုပါ... 🧑‍🤝‍🧑🚗✨

ယနေ့ ဇူလိုင် ၃၀ ရက်နေ့မှာ ကျရောက်တဲ့ "International Day of Friendship" မှာ သင့်ရဲ့ Travel Buddies တွေကို Mention ခေါ်ပြီး ဒီနှစ်ထဲ အတူတူသွားချင်တဲ့ ခရီးစဉ်လေးတွေကို Plan လိုက်ရအောင်။

သူငယ်ချင်းတွေစုံလို့ Road Trip ပဲထွက်ထွက်၊ မြို့ထဲပဲ လျှောက်လည်လည်... ကားမရှိလို့ စိတ်ပူစရာမလိုဘဲ ရွေးချယ်စရာ ကားအမျိုးအစားစုံလင်တဲ့ Yoma Car Share က အမြဲအဆင်သင့်ရှိနေမှာပါ။ Cashless, Contactless စနစ်နဲ့ အလွယ်တကူ Booking တင်ပြီး သူငယ်ချင်းတွေနဲ့အတူ ပျော်စရာ Moment တွေကို ဖန်တီးလိုက်ပါ။

ချစ်ရတဲ့ သူငယ်ချင်းများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ခရီးတွေ အတူတူအများကြီး သွားနိုင်ကြပါစေကြောင်း Yoma Car Share မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ❤️

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) 🪷ဒီနေ့ကတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အထွဋ် အမြတ်ထားရာ ဝါဆိုလပြည့်နေ့ ဖြစ်တာပါတယ်။ ဒ...
29/07/2026

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) 🪷

ဒီနေ့ကတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အထွဋ် အမြတ်ထားရာ ဝါဆိုလပြည့်နေ့ ဖြစ်တာပါတယ်။ ဒီလိုနေ့ကောင်းနေ့မြတ်လေးမှာ Yoma Car Share အဖွဲ့ဝင်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပြီး ခရီးစဥ်တိုင်းမှာ ဘေးကင်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 🙏

Waso Full Moon Day (Dhammasakkya Day)🪷

On this auspicious day, Yoma Car Share extends our heartfelt wishes to all our members — may you be blessed with peace of mind, good health, and safe every trip. 🙏

Yoma Car Share Corporate Account ဖြင့် သင့်လုပ်ငန်းအတွက် ပိုမိုအဆင်ပြေစေသော ကားငှားရမ်းဝန်ဆောင်မှုကို ရယူလိုက်ပါ။Yoma Ca...
23/07/2026

Yoma Car Share Corporate Account ဖြင့် သင့်လုပ်ငန်းအတွက် ပိုမိုအဆင်ပြေစေသော ကားငှားရမ်းဝန်ဆောင်မှုကို ရယူလိုက်ပါ။

Yoma Car Share သည် ကုမ္ပဏီလုပ်ငန်းများအတွက် အထူးရည်ရွယ်ထားသော Corporate Account ဝန်ဆောင်မှုကို ဆောင်ရွက်ပေးဖို့ အသင့်ရှိနေပါတယ်။ Corporate Account ဖွင့်ထားခြင်းဖြင့် သင့်ကုမ္ပဏီအနေဖြင့် Yoma Car Share မှ ကားများငှားရမ်းအသုံးပြုရာတွင် အကျိုးခံစားခွင့်များကို ရရှိမှာ ဖြစ်ပါတယ်။

Corporate Account ဖွင့်လှစ်ရန် လိုအပ်သော အချက်အလက်များနှင့် စာရွက်စာတမ်းများအားလုံးကို Corporate Sales Team မှ လမ်းညွှန်ပေးမည်ဖြစ်ပြီး Corporate Member အဖြစ် အောင်မြင်စွာ စာရင်းသွင်းပြီးနောက်တွင် Yoma Car Share မှ ကားများကို အဆင်သင့် ငှါးရမ်းအသုံးပြုနိုင်ရန် အဆင့်တိုင်းတွင် ကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်

အခုပဲ Yoma Car Share ကိုဆက်သွယ်ပြီး Corporate Account ကိုစတင်ဖွင့်လှစ်လိုက်ပါ🚘🤝

⬇️ Yoma Car Share Mobile App

🔶 Google Play Store - https://bit.ly/Plstore
🔷 iOS App Store - https://bit.ly/iosApstore
🔶 Huawei App Gallery - https://bit.ly/HweiApgl

📧 [email protected]
📞 09 966 235 338 - 24/7 Hotline (09 YOMAFLEET)

ကားအတွင်း သန့်ရှင်းပြီး လုံခြုံသော ပတ်ဝန်းကျင်ဖန်တီးခြင်းသည် Yoma Car Share ၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ဒါကြေ...
21/07/2026

ကားအတွင်း သန့်ရှင်းပြီး လုံခြုံသော ပတ်ဝန်းကျင်ဖန်တီးခြင်းသည် Yoma Car Share ၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် ကားအတွင်းခန်း သန့်ရှင်းစေရန် နှင့် စီးနင်းလိုက်ပါသူတိုင်းအတွက် စိတ်ကျေနပ်မှု ရရှိစေရန် Yoma Car Share မှ ကားအတွင်းတွင် အောက်ပါအချက်များကို ဂရုပြုလိုက်နာစေလိုပါတယ်။

🔶 အနံ့ပြင်းသော အစားအစာများအား တင်ဆောင်ခွင့်မပြု။
🔶 အိမ်မွေးတိရစ္ဆာန်များအား လှောင်အိမ်ဖြင့်သာ တင်ဆောင်ပါ။
🔶 အရက်၊ ဘီယာ သောက်သုံးပြီး ယာဥ်မမောင်းရ။
🔶 ကွမ်းမစားရ၊ ကွမ်းတံတွေး မထွေးရ။
🔶 ဆေးလိပ် မသောက်ရ။

အထက်ပါတားမြစ်ချက်များကို မလိုက်နာပါက ဒဏ်ငွေ ပေးဆောင်ရနိုင်ပါသည်။

ဤအချက်များသည် ခရီးစဥ်တိုင်းကို စိတ်ချမ်းသာပြီး သန့်ရှင်းလုံခြုံစေရန် အတွက်သာ ရည်ရွယ် ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အဆင်ပြေသည့် Self-Drive ကားငှားရန်အတွက် Yoma Car Share ၏ App မှတဆင့် Booking တင်လိုက်ပါ။

Address

1 Office Park, Rain Tree Drive, Pun Hlaing Estate, Hlaing Thayar Township
Yangon
11401

Alerts

Be the first to know and let us send you an email when Yoma Car Share posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yoma Car Share:

Shortcuts

Share

Category