FOTON Truck & Bus By TRP Soe Myint

FOTON Truck & Bus By TRP Soe Myint သယ်ယူပို့ဆောင်ရေး ကဏ္ဍ ကို တစ်ခေတ်ဆန်း စေမယ့် FOTON Truck & Bus

🇲🇲အမျိုးသားနေ့အောင်ပွဲ 🇲🇲✊ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် အမျိုးသားနေ့ကို နှစ်စဉ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရ...
09/12/2020

🇲🇲အမျိုးသားနေ့အောင်ပွဲ

🇲🇲✊ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် အမျိုးသားနေ့ကို နှစ်စဉ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့်အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် (၁၉၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ၅ရက်) နေ့တွင်ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ကို ရန်ကုန်တက္ကသိုလ်ကျောင်းသားကြီးများက ဦးဆောင် သပိတ်မှောက် ဆန့်ကျင်ခဲ့ကြသည်။ ထို့ပြင် အမျိုးသားကျောင်းများတည်ထောင်ဖွင့်လှစ်ကာ မြန်မာတိုင်းရင်းသား လူငယ်များအား ပညာ သင်ကြားပေးခဲ့ကြသည်။ ထို့နောက် ၁၉၂၁ ခုနှစ် ဩဂုတ်လတွင် ရန်ကုန်မြို့ ဗဟန်းရပ်၊ ရွှေကျင်ကျောင်းတိုက်ကြီးတွင် အမျိုး သားကောလိပ်ကို ဖွင့်လှစ်လိုက်ကြသည်။ အမျိုးသား ပညာရေး ကောင်စီဟုလည်း ပေါ်ပေါက်လာကာ မြန်မာနိုင်ငံ တစ်ဝန်းလုံး ၌ အမျိုးသားကျောင်းများ အများအပြား ပေါ်ထွက်လာခဲ့သည်။

🇲🇲✊ ၁၉၂ဝ ပြည့်နှစ် သပိတ်ကြောင့် ယင်းသို့ ပညာရေးအမြတ်များ ထွက်ပေါ်လာခဲ့ရုံမက ပြည်သူလူထုတွင်လည်း နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားစိတ်ဓာတ်များ အပြင်းအထန် ပေါ်ပေါက်လာခဲ့ လေသည်။ ယင်းသည်ပင် မြန်မာတို့၏ စိတ်ဓာတ်တော်လှန်ရေး အောင်ပွဲကြီးဟု ခေါ်ရမည် ဖြစ်လေသည်။

🇲🇲✊ ၁၉၂၁ ခုနှစ် ၊ ဒီဇင်ဘာလအတွင်း မန္တလေး မြို့၌ ကျင်းပသော ဂျီစီဘီအေ ပြည်လုံးကျွတ် ညီလာခံကြီး၌ အမျိုးသားနေ့ သတ်မှတ်ကျင်းပရန် စဉ်းစားကြသောအခါ ထိုညီလာခံတွင် အချို့က သီပေါဘုရင် ပါတော်မူသော တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ကို အကြံပေး၍ အချို့က ဦးဥတ္တမ အဖမ်းခံရသောနေ့ကို အကြံပေးကြသည်။ ၁၉၂ဝ ပြည့်နှစ် သပိတ် ၁၁ ဦးကော်မတီတွင် ပါဝင်ခဲ့သော ဦးမြင့်က ဂျီစီဘီအေ ကွန်ဖရင့်သို့ ကျောင်းသားကိုယ်စားလှယ်အဖြစ် တက်ရောက်ပြီးလျှင် နန်းကျသောနေ့နှင့် အဖမ်းခံရသောနေ့များ သည် မင်္ဂလာမရှိ၊ နယ်ချဲ့ဗြိတိသျှကို ပထမဆုံး ထိထိရောက်ရောက် တော်လှန်သောနေ့ ဖြစ်သည့် ကျောင်းသားများ သပိတ် မှောက်သော တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့ကို အမျိုး သားနေ့ သတ်မှတ်သင့်ကြောင်း အကြံပေးလေသည်။ ထို ဂျီစီဘီအေ မန္တလေးကွန်ဖရင့်ကြီးမှ အမျိုးသားနေ့ကို တန်ဆောင်မုန်း လဆုတ် ၁ဝ ရက်နေ့တွင် ကျင်းပရန် ဆုံးဖြတ်ချက်ချခဲ့ရာ အမျိုးသားနေ့ဟူ၍ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတွင် ယနေ့အထိ နှစ်စဉ် ကျင်းပ ခဲ့ကြလေသည်။

ကိုးကား/ အင်တာနက်စွယ်စုံကျမ်း

ကျွန်တော်များ Foton Trucks and Bus by TRPSM Myanmar မှ မြန်မာ့ရိုးရာ သီတင်းကျွတ်အခါသမ မှာ မြန်မာနိုင်ငံသူ/နိုင်ငံသား အပေ...
31/10/2020

ကျွန်တော်များ Foton Trucks and Bus by TRPSM Myanmar မှ မြန်မာ့ရိုးရာ သီတင်းကျွတ်အခါသမ မှာ မြန်မာနိုင်ငံသူ/နိုင်ငံသား အပေါင်း သူတော်ကောင်းတရားများနှင့်အတူ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံစေပြီး စီးပွါးဥစ္စာလဘ်လာဘ ပေါများပါစေ ကြောင်း ဆုတောင်းပတ္ထနာပြုလိုက်ပါသည်။
❤🎇🎆🌕🎁❤🎇🎆🌕🎁❤🎇🎆🌕🎁❤🎇🎆🌕🎁❤🎇🎆🌕🎁

COVID-19 ကာကွယ်ရေး သိကောင်းစရာများ🎡 ဗိုင်းရပ်စ်ဟူသည်မှာ သက်ရှိ အော်ဂင်းနစ် ပစ္စည်းမဟုတ်ဘဲအဆီလွှာ ဖုန်းလွှမ်းထားသော ပရိုတ...
28/09/2020

COVID-19 ကာကွယ်ရေး သိကောင်းစရာများ

🎡 ဗိုင်းရပ်စ်ဟူသည်မှာ သက်ရှိ အော်ဂင်းနစ် ပစ္စည်းမဟုတ်ဘဲ
အဆီလွှာ ဖုန်းလွှမ်းထားသော ပရိုတင်း မော်လီကျူး (DNA)
သာဖြစ်ပြီး မျက်ရည်၊ နှာရည်၊ ချွဲသလိပ်တို့တွင် ပါသော ဆဲလ်များက ယင်းတို့ကို စုပ်ယူလိုက်သည့်အခါကျမှသာ လူကို တိုက်ခိုက်ဒုက္ခပေးနိုင်သော ဗီဇမျိုးပြောင်း မျိုးပွားသွားခြင်း ဖြစ်သည်။

ဘက်တီးရီးယားလို သတ်လို့ မရပါ။ ။ ဗိုင်းရပ်စ်က ဘက်တီးရီးယားလို
သက်ရှိ အော်ဂဲနစ် မဟုတ်ပါ။ ပဋိဇီဝဆေးများက
သက်မဲ့(ဗိုင်းရပ်စ်)ကို သတ်၍ မရပါ။ ဖေါ်ပြထားသည့်
နည်းလမ်းများသုံးလျှင် ဗိုင်းရပ်စ် ဖွဲ့စည်းပုံ အမြန်ပြိုကွဲ ပါလိမ့်မည်။

ဗိုင်းရပ်စ်မှာ သက်ရှိ အော်ဂင်းနစ် ပစ္စည်း
မဟုတ်ဘဲ ပရိုတင်းမော်လီကျူးသာ ဖြစ်သည့်အတွက်
သတ်ပစ်၍ မရဘဲ သူ့သဘာဝ အတိုင်း ဆွေးမြေ့ ပျက်စီးသွားနိုင်ပါသည်။မော်လီကျူးပြိုကွဲ ပျက်စီးရန် ကြာချိန်မှာ
အပူချိန်၊ စိုထိုင်းဆ နှင့် ယင်းကပ်ငြိ တင်ကျန်နေသော
မျက်နှာပြင် အမျိုးအစားပေါ် မူတည်၍ ကွဲပြားပါသည်။
ဗိုင်းရပ်စ်မှာ အလွန်နုနယ်ပြီး ယင်းကို အကာအကွယ်
ပေးထားသောအရာမှာ အပေါ်ယံ အဆီလွှာသာ ရှိပါသည်။

ဆပ်ပြာနှင့် ပိုးသတ်ဆေးများက အကောင်းဆုံး
ကုစားနိုင်ခြင်းမှာထိုအချက်ကြောင့်ဖြစ်သည်။ ဆပ်ပြာမြှုပ်များက
ထိုအဆီလွှာကို ဖြိုခွဲပစ်ပါသည်
(ထို့ ကြောင့် ဆပ်ပြာမြှုပ် များများဖြင့် စက္ကန့် ၂၀အနည်းဆုံး ပွတ်တိုက် ဆေးကြောရန်လိုအပ်ခြင်း ဖြစ်သည်။ )
အပေါ်ယံ အဆီလွှာ ပျက်စီးသွားသောအခါပရိုတင်း မော်လီကျူးလည်း
သူ့ ဘာသာသူ ပြိုပျက်သွားပါသည်။

အပူဓါတ်က အဆီများကို အရည်ပျော်စေနိုင်ပါသည်။
အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်ထက် ပိုနွေးသော ရေဖြင့်လက်ဆေးခြင်း၊
အဝတ်လျှော်ခြင်း စသည်များ ပြုလုပ်ပါ။ ရေနွေးက ဆပ်ပြာအမြှုပ်များ
ပိုထွက်စေသဖြင့် ပိုအသုံး တည့်ပါသည်။ အယ်လ်ကိုဟော ပါဝင်မှု၆၅ ရာခိုင်နှုန်းထက်ပိုသော လက်ဆေးရည်များက အဆီများကိုပျော်ဝင် ပြိုကွဲစေပါသည်။ အထူးသဖြင့် ဗိုင်းရပ်စ်၏
အပေါ်ယံ အဆီလွှာကို ပြိုကွဲပျက်စီးစေပါသည်။
အရောင်ချွတ်ဆေး တစ်ဆ၊ ရေ ၅ဆ ပါ၀င်သော အရောအနှောကလည်း ပရိုတင်းဓါတ်ကို တိုက်ရိုက် ပြိုကွဲစေနိုင်ပါသည်။
ပရိုတင်း အတွင်းသို့ ဝင်ရောက် ဖြိုခွဲပါသည်။ ဟိုင်ဒရိုဂျင်ပါအောက်ဆိုဒ် ကလည်း ဆပ်ပြာ၊အယ်လ်ကိုဟော(အရက်ပျံ)၊
ကလိုရင်း (အရောင်ချွတ်ဆေး) တို့ကဲ့သို့ပင် ဗိုင်းရပ်စ်ရှိ
ပရိုတင်းဓါတ်ကို ပြိုကွဲစေနိုင်ပါသည်။
ဟိုင်ဒရိုဂျင်ပါအောက်ဆိုဒ်က ရေမရောဘဲသုံးမှ ရသဖြင့် လူ့အရေပြားကို ထိခိုက်စေနိုင်ပါသည်။ သုံးပြီးသား သို့မဟုတ်
မသုံးရသေးသော အဝတ်အထည်များကို မခါပါနှင့်။
သေးငယ်သော အပေါက်ငယ်များပါသည့် (အဝတ်၊ ချည်ထည် ကဲ့သို့)
မျက်နှာပြင်များတွင် ကပ်ငြိနေသည့်အခါ မလှုပ်မရှားထားလျှင်
၃ နာရီ အတွင်း ပြိုကွဲ ပျက်စီးပါသည်။ ကြေးနီ၊ သစ်သား
မျက်နှာပြင်များတွင် ၄ နာရီ၊ ကပ်ထူပြားပေါ်တွင် ၂၄ နာရီ၊ အခြားသတ္တုမျက်နှာပြင် များပေါ်တွင် ၄၂ နာရီ နှင့်
ပလတ်စတစ်များပေါ်တွင် ၇၂ နာရီ ကျော်ပြီးမှ ပြိုကွဲပျက်စီးနိုင်ပါသည်။

အဝတ်စသည်များကိုဖုန်ခါလျှင်၊ ရိုက်ခါလျှင် ဗိုင်းရပ်စ် မော်လီကျူးများလေထဲတွင် ၃ နာရီ မျောပါကာ သင် ရှူရှိုက်မိ နိုင်ပါသည်။
လေအေးစက် ဖွင့်ထားသော အိမ်နှင့် ကားတွင်းကဲ့သို့ နေရာများတွင်
ဗိုင်းရပ်စ် မော်လီကျူးများ ငြိမ်နေနိုင်ပါသည်။ယင်း ငြိမ်ငြိမ်လေးနေနိုင်ရန် အမှောင်နှင့် စိုစွတ်မှု(စိုထိုင်းဆများရန်) လိုအပ်သည်။
ခြောက်သွေ့၊ နွေးထွေး၊ အလင်းများများ ရသော ပတ်ဝန်းကျင်တွင်
ဗိုင်းရပ်စ် ပရိုတင်းများ လျှင်မြန်စွာ ပြိုကွဲနိုင်ပါသည်။ ခရမ်းလွန်ရောင်ခြည် (UV Light) ကိုမျက်နှာပြင်များ အရာဝထ္တုများပေါ်သို့ ကျရောက်စေပါက ဗိုင်းရပ်စ် ပရိုတင်းများကို ဖြိုခွင်းနိုင်ပါသည်။

လူ့အသားအရေပေါ်သို့တိုက်ရိုက် ကျရောက်လျှင်
အရေပြားတွန့်ခြင်း အရေပြား ကင်ဆာဖြစ်ခြင်း ဖြစ်စေနိုင်ပါသည်။
ဗိုင်းရပ်စ်သည် ကျန်းမာကောင်းမွန်သော လူ့အရေပြားကို မဖေါက်ထွင်းနိုင်ပါ။ ရှာလကာရည် အသုံးမတည့်ပါ၊ ဗိုင်းရပ်စ်၏ အဆီလွှာကို မဖေါက်ထွင်းနိုင်ပါ။ အရက်နှင့် ဗော့ဒဂါအရက်များက ဗိုင်းရပ်စ်၏
အဆီလွှာကို ထိရောက်စွာ မဖေါက်နိုင်ပါ။ အပြင်းဆုံး အရက်က
အယ်လ်ကိုဟော ၄၀ ရာခိုင်နှုန်းသာရှိ၍ လိုအပ်ချက် ၆၅ ရာခိုင်နှုန်းကို မမီပါ။ နေရာ ကျဉ်းကြပ်လျှင် ဗိုင်းရပ်စ် ပိုမို ထူထပ်နိုင်ပါသည်။

ကျယ်ကျယ်ဝန်းဝန်းသဘာဝ လေကောင်းလေသန့်ရနိုင်ပါစေ။
အကြိမ်ကြိမ်ပြောပြီးဖြစ်သော်လည်း အောက်ပါအရာဝထ္ထုများအား
မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း လက်ကို ဆေးကြောပါ။(ချွဲသလိပ်ရှိနိုင်သော အရေပြားလွှာများ၊ အစားအသောက်များ၊ သော့ခလောက် များ၊ တံခါးလက်ကိုင်ဘုများ၊ မီးခလုတ်များ၊ ရီမုတ် ကွန်ထရိုးများ၊ လက်ကိုင်ဖုန်းများ၊ လက်ပတ်နာရီများ၊ ကွန်ပျူတာများ၊ စာကြည့်စားပွဲများ၊ ရုပ်မြင်သံကြားစက် များစသည်။ ) ရေအိမ်သာ အသုံးပြုခြင်းလည်း ပါဝင်သည်။ လက်အရေပြားခြောက်သွေ့သည် အထိမထားပါနှင့်။
ဆပ်ပြာနှင့် အကြိမ်များများ ဆေးကြောပါ။ အရေပြား အသားအရေ
အတွန့်အခေါက် များ၊ ထိရှ ဒဏ်ရာများ အကြားတွင် ဗိုင်းရပ်စ် မော်လီကြူးများ ခိုအောင်းနေနိုင်ပါသည်။ အရေပြားစိုစွတ်လေ ကောင်းလေ ဖြစ်ပါသည်။ လက်သည်းများကြားတွင် ဗိုင်းရပ်စ် မခိုအောင်းနိုင်အောင် လက်သည်း တိုတို ညှပ်ပါ။

# Credit ^ Original Up Loader

၁။ COVID-19 ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ (၁၅)နိုင်ငံ၏ အခြေအနေ(WHO ၏ (၂၁-၉-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁:၀၀) အ...
23/09/2020

၁။ COVID-19 ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ (၁၅)နိုင်ငံ၏ အခြေအနေ
(WHO ၏ (၂၁-၉-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁:၀၀) အချိန်အထိ ထုတ်ပြန်ချက်)

၂။ အာရှနိုင်ငံအချို့၏ COVID-19 ရောဂါ ဖြစ်ပွားမှုအခြေအနေ
(WHO ၏ (၂၁-၉-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁:၀၀) အချိန်အထိ ထုတ်ပြန်ချက်)

ယခုအချိန်၌ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးလျှော့ချနိုင်ရန် အထိရောက်ဆုံး နည်းလမ်းမှာ မိမိနေအိမ်တွင်သာနေထိုင်ခြင်း ဖြစ်ပါသည်။
မဖြစ်မနေကိစ္စရပ်များအတွက် နေအိမ်ပြင်ပသို့ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း (mask) ကို မဖြစ်မနေ အမြဲတပ်ဆင်ကြပါ။

ကျွန်တော်တို့ရဲ့မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ကပ်ကြီး သံုံးပါးကို ကျော်လွှားနိုင်သူများ ဖြစ်ကြပါ စေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ ။


15/09/2020

Distributed by Tharaphu Soe Myint Company

07/09/2020

ကိုဗစ်၁၉ ရောဂါနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ ဗဟုသုတ များကို ပြန်လည် မျှ ဝေ ပေးလိုက်ပါတယ်။

04/09/2020

ကိုဗစ်၁၉ ရောဂါသွင်ပြင်လက္ခဏာများ
ဆောင်ရန်/ ရှောင်ရန်များကို မျှဝေ ပေးလိုက်ပါတယ် ခင်ဗျာ

မင်္ဂလာပါ ခင်ဗျာ ❤️❤️🚛 နွေမိုးဆောင်း ဘယ်အချိန်ပဲဖြစ်ဖြစ် ကုန်စည် တွေ မပျက်မစီးပဲ ပေးပို့နိုင်ဖို့အတွက်က Box Truck တစ်စီး...
22/08/2020

မင်္ဂလာပါ ခင်ဗျာ ❤️❤️

🚛 နွေမိုးဆောင်း ဘယ်အချိန်ပဲဖြစ်ဖြစ် ကုန်စည် တွေ မပျက်မစီးပဲ ပေးပို့နိုင်ဖို့အတွက်က Box Truck တစ်စီး မဖြစ်အနေ ရှိနေဖို့ လိုအပ်ပါတယ်။

🚛ဒါကြောင့် ဒေါ်သီတာချမ်း (ခိုင်သဇင် လက်ဖက်ခြောက် Co.,Ltd ) မှ FOTON Box Truck တစ်စီးကို ယုံကြည်စွာ ဝယ်ယူအားပေးခဲ့ပါတယ်။
🙏🙏🙏အခုလို ဝယ်ယူအားပေးမှု အတွက် ဒေါ်သီတာချမ်းတို့ မိသားစု ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် စီးပွါးဥစ္စာ ဒီရေအလားတိုးတက်ပါစေ ကြောင်း ကျွန်တော်များ FOTON Bus and Truck By TRPSM မှ ဆုတောာင်းပေးလိုက်ပါတယ် ခင်ဗျာ


Address

Yangon
11021

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

+959425754191

Website

Alerts

Be the first to know and let us send you an email when FOTON Truck & Bus By TRP Soe Myint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to FOTON Truck & Bus By TRP Soe Myint:

Share

Category