သမၼတၾကီး-President Auto Spare Parts & Car Accessories

  • Home
  • Myanmar
  • Yangon
  • သမၼတၾကီး-President Auto Spare Parts & Car Accessories

သမ္မတကြီး-President Auto Spare Parts & Car Accessories ကားအပိုပစ္စည်း
ကားအလှဆင်ပစ္စည်း

Auto Spare Pa

08/12/2021

ဗားချိန်နည်း / တိုက်ပစ်ချိန်နည်း မေးထားလို့ပါဗျို့ 🤷‍♂️💯
သိပြီးသား ကဝိအကျော်အမော်တွေ ကျော်သွားကြပါဗျာ 👌

💥 " ဗားချိန်ခြင်း " 💥

စက်ဆရာပဲ.ဖြစ်ဖြစ်.
မိမိကိုယ်ပိုင်ကားပဲဖြစ်ဖြစ်
Engine တစ်လုံးတွင်
အရုန်းအစွဲကျလာခြင်း
စက်သံဆူညံသံ..မူမမှန်သံများကြားခြင်းဟတ်ဂတ်စဂတ်ပေါက်ခြင်းများတို့တွင်ပြန်လည်တပ်ဆင်ပြီးသည့်အချိန်တွင် ဗားနှင့် ရော့ကားအမ်းမောင်းအကြား..ကြားလွတ်တန်ဖိုးတစ်ခုကို...ပြန်ချိန်ပေးရမည်မှာ...မလွဲသာပေ...ဒါကြောင့်ဗားချိန်နည်းလေးကို...သိသလောက်တက်သလောက်...အတွေ့ကြုံနှင့်...မျှဝေပေးလိုက်ပါရစေ...

4 stroke အင်္ဂျင်ဖြစ်သည့်အတွက်
Stroke 4 မျိုးကိုတော့..ပိုင်မှဖြစ်ပါမည်..
Stroke 4 မျိုးမှာ
၁ intake stroke...ပြင်ပမှလေကိုဆလင်ဒါအတွင်းသွင်းယူခြင်း
၂...compression stroke..ဆလင်ဒါအတွင်း..သွင်းယူပီးသောလေကို.ဖိသိပ်၍ပူအောင်လုပ်ခြင်း
၃...power stroke& ပူနေသောလေအတွင်းသို့ လောင်စာဆီဖျန်း၍ပေါက်ကွဲမူ့ဖြစ်ပီး...ပါဝါအားရရှိခြင်း
၄...Exhaust stroke ပေါက်ကွဲ၍ဖြစ်ပေါ်လာသော..မီးခိုးငွေ့များကိုအင်္ဂျင်ပြင်ပသို့စွန့်ထုပ်ခြင်း...တို့ဖြစ်ပါတယ်..

၄.လုံးထိုးအင်္ဂျင်နှင့်..၆.လုံးထိုးအင်္ဂျင်တို့ကိုအခြေခံပီး...ပြောပြပေးသွားမှာဖြစ်ပါတယ်
ဗားချိန်ရာတွင်....နည်းလမ်း..4...မျိုးရှိပါတယ်
..... ဗားချိန်နည်းလမ်း 4 မျိုး....

1.. ချိန်နည်း...ပစ်စတင်တစ်လုံးစီpower stroke ရှာ၍ ချိန်နည်း

2...ချိန်နည်း....နော်ဇယ်အဝင်ဆီပိုက်ကိုလျှော့ထား၍ဆီတွန်းသည့်ပစ်စတင်ကိုချိန်နည်း[မှတ်ချက်] CRS စနစ်တွင်..မရပါ.

3...သတ်မှတ်ထားသည့် fireing order မီးပေါက်စဉ်အတိုင်း..ချိန်နည်း
4 လုံးထိုး 1-3-4-2
6 လုံးထိုး 1-4-2-6-3-5
6 လုံးထိုး 1-5-3-6-2-4

4.....ချိန်နည်း နံပါတ်တစ်ပစ်စတင်ကိုသာလျှင်ကြည့်၍.. ချိန်နည်း
တို့ဖြစ်ပါတယ်....
...........အကျယ်ရှင်းလင်းခြင်း......

1...ချိန်နည်းနှင့်
2...ချိန်နည်းတို့မှာ...အဖြေပါပြီးသားမို့ရှင်းမပြတော့ပါ

3...ချိန်နည်း..4..လုံးထိုးအတွက်

လေးလုံးထိုးဆိုလျှင်သိရမှာက..အပေါ်မှာပြောခဲ့သလို...မီးပေါက်စဉ်တိုင်ပင်သိရပါမယ် 1-3-4-2 ဆိုသည့်အတိုင်း..1 ကနေစပီးတော့ချိန်ပါမယ် 1.စချိန်မယ်ဆိုလျှင်
1 ပစ်စတင်နှင့်အတူ...အတက်အဆင်းအတူတွဲနေသည့် ပစ်စတင် နံပါတ် 4...ရဲ့အင်းတိတ်ဗား အထောက်ကိုကြည့်ရပါမယ်...ဘာလို့အင်းတိတ်ဗားအထောက်ကိုကြည့်ရသလဲဆိုရင် အတက်အဆင်းအတူတွဲနေတဲ့ ပစ်စတင်နှစ်လုံးမှာတစ်လုံးကအင်းတိတ်ဆို ကျန်တစ်လုံးကပါဝါဖြစ်နေလို့ပါပဲ...ဒါကြောင့်နံပါတ်4 ပစ်စတင်ရဲ့အင်းတိတ်ထောက်တာနဲ့...နံပါတ် 1 ပစ်စတင်ချိန်လို့ရပါပီ.....ဟုတ်ပီ 1 ပြီးပါပီ..
.....အင်္ဂျင်ကိုလည်ပတ်ရာအတိုင်းဆက်လှည့်ပါ..
ဒါဆို.မီးပေါက်စဉ်လေးပြန်စဉ်းစားလိုက်ပါ
1-3-4-2 .....အဲ့မှာ 1 ပီးတော့ 3လာပီ
နံပါတ် 3 လာပီဆိုတော့ စောန ပြောခဲ့သလိုပဲ 3 နဲ့အတူ အတက်အဆင်းတူနေတဲ့ နံပါတ် 2 ကိုကြည့်ပါ... ဘာကိုကြည့်ရမလဲဆိုတော့ အင်းတိတ်ဗားထောက်ပီလား.အင်တိတ်ဗားထောက်ပီဆိုတာနဲ့ နံပါတ် 3 ပစ်စတင်ဗားချိန်လို့ရပါပီ...

ဟုတ်ပီ နံပါတ်3 ပြီးပီဆိုတော့
အင်္ဂျင်ကိုဆက်လှည့်ပါ လားရာအတိုင်း မီးပေါက်စဉ်လေးပြန်စဉ်းစားပါ...1-3-4-2 ဆိုတော့နံပါတ် 4 ပစ်စတင်အလှည့်လာပါပီ
အရင်အတိုင်းပါပဲ....နံပါတ် 4 ပစ်စတင်နဲ့အတူတူအတက်ဆင်းတွဲနေတဲ့ နံပါတ် 1 ပစ်စတင်ရဲ့အင်းတိတ်ဗားအထောက်ကို ကြည့်ပါအင်းတိတ်ဗားထောက်ပီဆိုတာနဲ့
နံပါတ် 4 ပစ်စတင်ရဲ့ ဗားချိန်လို့ရပါပီ
အင်္ဂျင်ကိုဆက်လှည့်ပါ
..မီးပေါက်စဉ်လေးပြန်စဉ်းစားပါ 1-3-4-2
နံပါတ်4ပီးတော့ နောက်ဆုံး 2လာပါပီ.
နံပါတ် 2 ချိန်တော့မယ်ဆိုတော့ကာ
နံပါတ် 2 ပစ်စတင်နှင့်အတူတူအတက်အဆင်းတွဲနေသော နံပါတ် 3 ပစ်စတင်ရဲ့
အင်းတိတ်ဗားအထောက်ကိုကြည့်ပါ...အင်းတိတ်ဗားထောက်ပီဆိုတာနဲ့ နံပါတ်2 ပစ်စတင်မှာ power stroke ပါဝါစတုတ်ဖြစ်သောကြောင့် .နံပါတ် 2 ကိုချိန်လို့ရပါပီ......😜😜

6 cylinder 6လုံးထိုးအလှည့်လာပါပီ ဆပစ်စတင် 6လုံးပါတဲ့အင်္ဂျင်မှာလည်းအပေါ်မှာပြောခဲ့သလိုပဲ...အတူတူအတက်အဆင်းတွဲနေတဲ့ ပစ်စတင်နှစ်လုံးကိုပဲကြည့်ရမှာပါ ...ဒါမယ့်6လုံးထိုးအဂျင်္င်မှာ မီးပေါက်စဉ်နှစ်မျိုးလာပါတယ်
1-4-2-6-3-5 ရယ်
1-5-3-6-2-4 ဆိုပီးတော့လာမယ်
အပေါ်ကအတိုင်းပဲချိန်ရမှာပါ
1ချိန်ရင် 6အင်းတိတ်ကိုကြည့်
4ချိန်ရင် 3 အင်းတိတ်အထောက်ကြည့်
2ချိန်ရင် 5 အင်းတိတ်အထောက်ကြည့်
6ချိန်ရင် 1အင်းတိတ်အထောက်ကြည့်
3ချိန်ရင် 4 အင်းတိတ်အထောက်ကြည့်
5ချိန်ရင် 2 အင်းတိတ်အထောက်ကြည့်
ဆိုပီးတော့အပြန်အလှန်သွားနေတာပါ...
1-5-3-6-2-4- လည်းဒီလိုပဲချိန်သွားရမှာပါ.
🌟အဲ့မှာပြောခဲ့ချင်သေးတာက🌟
1-4-2-6-3-5လား 1-5-3-6-2-4 လားခွဲနည်းပြောပေးပါမယ်...
ဘယ်မီးပေါက်စဉ်ပဲလာလာကျနော်တို့အရင်ဆုံးချိန်ရမှာ နံပါတ် 1 ပါ ....ဟုတ်ပီ 1 ချိန်ပီးတာနဲ့ အင်္ဂျ င်ကိုမလှည့်သေးပဲ ဗားအထောက်ကိုတစ်ချက်ရှိုးလိုက်ပါ...နောက်ချိန်မယ့်ပစ်စတင်နံပါတ်က 4 ဖြစ်နေခဲ့ရင်နံပါတ် 3 မှာ အိတ်ဇောဗားထောက်နေရပါမယ်...÷÷÷÷÷÷ဒါမှမဟုတ်နောက်ချိန်မယ့်ပစ်စတင်နံပါတ်က 5 ဖြစ်နေခဲ့ရင် နံပါတ် 2 ပစ်စတင်မှာ အိတ်ဇောထောက်နေမှာပါဗျ.......

😊ဗားချိန်နည်း...4😊

ဒီနည်းလေးကတော့ အင်္ဂျင်ကြီးတွေနဲ့
လည့်ရခက်တဲ့အင်္ဂျင်တွေမှာ အဆင်ပြေပါတယ် {မှတ်ချက်} 4လုံးထိုးအင်္ဂျင်နှင့်
6 လုံးထိုး အင်္ဂျင် 1-5-3-6-2-4 သာလျင်

ဒီဗားချိန်နည်းကတော့ နံပါတ် 1 ပစ်စတင်ကိုပဲကြည့်ရမှာဖြစ်ပြီးတော့ ကရိုင်းနှစ်ပတ်သာလှည့်ရမှာဖြစ်ပါတယ်...

4... လုံးထိုးအင်္ဂျင်အတွက်အရင်ပြောပါမယ်
နံပါတ် 1 ပစ်စတင်ရဲ့ ပါဝါစတုတ်ကိုရှာပါပစ်စတင်ထိပ်ဆုံးမှာရှိနေပါစေ ပီးရင်တော့
1-2 အင်းတိတ်ဗားချိန်မယ်
1-3 အိတ်ဇောဗားချိန်မယ်ပါမယ်..ပီးနောက်
အင်္ဂျင်ကိုဆက်လှည့်မယ်
နံပါတ်တစ်ပစ်စတင်ရဲ့အိတ်ဇောစတုတ်ရဲ့ပစ်စတင်ထိပ်ဆုံးတည့်တည့်ကိုထားမယ်

3-4 အင်းတိတ်ဗားချိန်မယ်
2-4 အိတ်ဇောဗားချိန်မယ်
ဒါဆိုရင်ဆုံသွားပါပီး...ပစ်စတင်လေးလုံးစလုံးရဲ့ဗားတွေကုန်သွားပါပီ....

😜6 လုံးထိုးလာပါပီ😜
1-5-3-6-2-4 သာလျင်
အပေါ်ကအတိုင်းပဲ
နံပါတ် 1 ပစ်စတင်ရဲ့ power stroke ကိုရှာပါ ပစ်စတင်ထိပ်ဆုံးမှာရှိနေပါစေ
ပီးရင်တော့

1-2-4 အင်းတိတ်ဗားချိန်လို့ရပါပီ
1-3-5 အိတ်ဇောဗားချိန်လို့ရပါပီ

ဆက်လှည့်ပါမယ် နံပါတ် 1 ပစ်စတင်ရဲ့အ်ိတ်ဇောစတုတ် ရဲ့ ပစ်စတင်ထိပ်ဆုံးမှာထားပါ

3-5-6 အင်းတိတ်ဗားချိန်ပါ
2-4-6 အိတ်ဇောဗားချိန်ပါ...
ပစ်စတင် 6 လုံးရဲ့ဗားတွေကုန်သွားပါပီ
============================
ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

Credit >>> original uploader

#စက်ပြင်

15/06/2021

ABS အချက်ပြမီး ဘာကြောင့်လင်းပါသလဲ❓

ABSမီးလင်းရသောအကြောင်းအရင်းများစွာရှိပါတယ်။ ABS စနစ်မှာပါဝင်သော wheels speed sensor (လည်ပတ်နှုန်းအာရုံခံစနစ်)၊valve၊HCU(hydraulic control unit) နဲ့ ECU (electronic control unit)တွေကြောင်တာ/ပျက်တာဖြစ်ပါတယ်။ အဖြစ်များတာကတော့ wheels speed sensor တွေပါ။ရေထဲဖြတ်မောင်းမိလို့sensor ရေစိုရင်လည်းပေါ်တတ်ပါတယ်။ဘရိိတ်ရှူးလဲရင်းနဲ့sensor တွေပြန်မတပ်မိတာ၊sensor ကြိုးတွေပြတ်သွားတာ၊sensor ထိပ်မှာသံချီးတက်နေတာမျိုးတွေကြောင့်ABS အချက်ပြမီးလင်းပါတယ်။တစ်ချို့ မော်ဒယ်မြင့်ကားတွေနဲ့scaniaကားတွေမှာတော့ ဘရိတ်pads အထူအပါးကိုsensor ကနေတစ်ဆင့်ပေးပို့သောအချက်အလက်တွေအရ ရာခိုင်နှုန်းနဲ့ ဖော်ပြတာကို ဒိုင်ခွက်(Instruument Cluster)မှာကြည့််လို့ရပါတယ်။တစ်ကယ်လို့ဘရိတ်pads လဲရမယ့်အနေထားရောက်ရင်warning မီးလင်းပါတယ်။

ကားမောင်းသူအနေနဲ့ABSအချက်ပြမီးလင်းနေရင်ABS Systems အလုပ်လုပ်သေးလားသိနိုင်တဲ့နည်းလမ်းကတော့ ဘရိတ်နင်းကြည့်ပါတုန့်ပြန်မှုမရှိတာ ဘရိတ်ချော်တာ ၊ဘရိတ်အောက်ကျနေတာ ၊ ဘရိတ်နင်းနေချိန်steering သုံးမရတော့ဘူးဆိုလျှင်သေချာပါပြီ ABS Systems အလုပ်မလုပ်တော့ပါ။

ABS အချက်ပြမီးကနှစ်မျိုးပါအဝါရောင်နဲ့အနီရောင်ပြပါတယ်။ ကားမောင်းနေရင်းနဲ့အဝါရောင်အချက်ပြမီးပေါ်လာရင်ခဏရပ် စက်သတ်ပြီးသော့ပိတ်လိုက်ပါ။အဝါရောင်မီးကsystems ထဲကတစ်ခုခုကြောင်လို့ပေါ်တာလည်းဖြစ်နိုင်ပါတယ်။ ခဏအကြာသော့ဖွင့်ပြီးစက်ပြန်နှိုးkilo40လောက်မောင်းကြည့်ပါပျောက်သွားတတ်ပါတယ်။အနီရောင်ABS alarm ပေါ်ရင်ဆက်မောင်းပါနဲ့ကားရပ်ပြီးနီးစပ်ရာwork shopကိုသာဆွဲသွားလိုက်ပါလို့အကြံပြုပါရစေ။

နောက်တစ်ခုကBrake Systemsမှာ brake warning lamp အဝါရောင်အချက်sign လေးလင်းတတ်ပါသေးတယ် အဲ့ဒီမီးကတော့ABS နဲ့မဆိုင်ပါဘူး။ ဘရိတ်ဆီအချက်ပြမီးပါ။ Brake fluid tank sensor (ဘရိတ်ဆီဗူးလယ်ဘယ်အာရုံခံစနစ်)မကောင်းရင်ပေါ်ပါတယ်။ဘရိတ်ဆီနဲနေရင်လည်းပေါ်ပါတယ်။နောက်တစ်ခုကBrake Air Vacuum tank သီးသန့်ပါတဲ့ကားတွေမှာair pressure sensor မကောင်းရင်လည်းပေါ်ပါတယ်။ကားချစ်သူများသတိပြုနိုင်ကြပါစေ။

Respectfully Credit. Hein Gyi

15/06/2021

သင့်ကား ဘာလို့ မီးသံခေါက်တာလဲ

အခု ဂျပန် တပတ်ရစ်ကားလောကမှာ အဖြစ်အများဆုံး ပြဿနာတွေထဲက တစ်ခုကတော့ တက်တက်တက် ၊ တောက်တောက်တောက် လို. သံသံချင်းခေါက်သံလိုလို ၊ တူနဲ.သံကို ခေါက်သံလိုလိုကြားရတတ်တဲ့ မီးသံခေါက်တာပဲ ၊ နေ.စဉ်နေ.တိုင်းလိုလို ကားဝပ်ရှော့ တော်တော်များများမှာ ဖြေရှင်းပေးနေရတဲ့ ပြဿနာတခုပေါ့ ။

မီးသံခေါက်တယ် ဆိုတာက ကားလောက ထဲက လူတွေ ၊ ကားမောင်းသမားတွေ ၊ ကားဝယ်ရောင်းတွေ စတဲ့ ကားနဲ.ပတ်သတ်တဲ့သူတွေတိုင်း ကြားဖူးနား၀ ရှိထားတဲ့ စကားလုံး ပါပဲ ။

ဒါဆို ဘာဖြစ်လို. မီးသံခေါက်တာလဲ ?

မီးသံခေါက်တယ် အင်ဂျင်သံခေါက်တယ်ဆိုတာ ဘာလဲ ?

မီးသံမခေါက်အောင် ဘယ်လိုဖြေရှင်းရမလဲ ဆိုတာလေးတွေကို ဒီနေ. ရှင်းလင်းတင်ပြချင်ပါတယ် ။

Four Strokes Cycle ( Internal Combustion Engine ) ဆိုတာ မီးသံခေါက်ရတဲ့ အချက်တွေ မပြောခင် ကျနော်တို. အခု ဂျပန်ကားလေးတွေမှာ သုံးနေတဲ့ Internal Combustion Engine (အတွင်းပိုင်း မီးလောင်ပေါက်ကွဲပြီး လည်ပတ်တဲ့ စွမ်းအားရတဲ့ အင်ဂျင် ) တွေရဲ. လည်ပတ်မှု Four Strokes ဖြစ်စဉ်လေးကို အကြမ်းမျဉ်း ရှင်းပြပေးချင်ပါတယ် ။

Four Cycle အင်ဂျင်တစ်လုံး လည်ပတ်ဖို.

1 ။ Intake Stroke / Induction Stroke (လေကို ဆွဲသွင်းတဲ့ စတုတ်)
2 ။ Compression Stroke ( ဆီနဲ.လေအရော အနှောကို ဖိသိပ်တဲ့ စတုတ်)
3 ။ Power Stroke ( ဖိကျစ်ခံရပြီးတဲ့ ဆီနဲ.လေအရောအနှောကို Spark Plug ကနေ မီးခတ်ပေးရတဲ့ စတုတ်)
4 ။ Exhaust Stroke ( မီးလောင်ပေါက်ကွဲသွားတဲ့ ဆီနဲ.လေ အရောအနှော အငွေ.တွေကို အိတ်ဇောဗားကနေတဆင့် ပြန်လည်တွန်းထုတ်ရတဲ့ စတုတ် )
ဆိုပြီး အင်ဂျင်လည်ပတ်ခြင်း သံသရာဖြစ်စေကာ အင်ဂျင်ကို အဆက်မပြတ်လည်ပတ်စေတာပဲဖြစ်ပါတယ် ။

ဒီ Four Cycle အင်ဂျင် သံသရာဖြစ်စဉ်ကို မြန်မာဝပ်ရှော့ ဆရာကြီးတွေကတော့
(ဆွဲ ၊ ကျစ် ၊ ကန် ၊ ထုတ် Four Strokes ) ဆိုပြီး အလွယ်ခေါ်ယူ မှတ်သားတတ်ကြပါတယ် ။

ဒီလို အင်ဂျင်လည်ပတ်ခြင်း သံသရာဟာ သူ.ဘာသာ မီးလောင်ပေါက်ကွဲမှု ဖြစ်စဉ်တွေ ဘယ်အချက်မှ မလွဲချော်ဘဲ ပုံမှန် လည်ပတ်နေတဲ့အချိန်ဆို အင်ဂျင်ဟာ အသံတည်ငြိမ် ပြီး လည်ပတ်မှုကောင်းနေမှာ မလွဲ မသွေပါ ။

ဒါပေမယ့် အဲ့လိုလည်ပတ်မှု ဖြစ်စဉ်တွေထဲက တခုခု အဆင်မပြေ မချောမွေ.တော့တာနဲ. အင်ဂျင် မတည်ငြိမ်တာ ၊ အသံဆူတာ ၊ တုန်တာ ခါတာ ၊ အင်ဂျင် ပါဝါကျသွားတာ ၊ အခုပြောမယ့် မီးသံခေါက်တယ်ဆိုတာတွေ ဖြစ်လာတော့တာပါပဲ ။

မီးသံခေါက်ခြင်း ၊ အင်ဂျင်သံခေါက်ခြင်း (Engine Knocking)

ကျနော်တို. ဂျပန်တပတ်ရစ် ကားလောကမှတော့ Engine Knocking ကို မီးသံခေါက်တယ်လို.ပဲ အပြောများ အခေါ်များကြပါတယ် ။ တကယ်မီးသံခေါက်တယ်ဆိုတဲ့ အင်ဂျင်ခေါက်သံ ရိုက်သံထွက်တာကိုဖြစ်စေတဲ့ အခြေခံ အချက် ၂ ချက်ကDetonation နဲ. Pre-ignition ပါ ။

Detonation ဆိုတာက ဘာလဲဆိုရင် ဆီနဲ.လေကို ဆွဲသွင်းပြီး Spark Plugs က မီးလောင်ပေါက်ကွဲပေးရတဲ့ Combustion Chamber ( မီးလောင်ခန်း ) အတွင်းမှာ မီးလောင်ပေါက်ကွဲမှု အပြိုင်ဖြစ်ပေါ်ခြင်းပါပဲ ။

သေချာရှင်းပြရရင် အပေါ်က Four Strokes Cycle မှာပြောထားသလို မီးလောင်ပေါက်ကွဲပြီး အင်ဂျင်လည်ဖို. ပထမဆုံး လေကိုဆွဲသွင်းရတယ် ၊ ပြီးတာနဲ. Injector တွေက ဆီကို ဖြန်းသွင်းတယ် ၊ ဆီနဲ.လေအရော အနှောကို ပစ်စတင်က လိုအပ်တဲ့ ဖိအား ရအောင် ဖိသိပ်တယ် ၊ ပြီးရင် မီးလောင်ဖို. အသင့်ဖြစ်နေတဲ့ ဆီလေ အရောအနှောကို ပလက်ကနေ မီးခတ်ပြီး ပေါက်ကွဲလောင်ကျွမ်းစေတယ် ၊ အဲ့လို ဖြစ်စဉ်ဖြစ်တဲ့နေရာ ပလက်ကနေ မီးလောင်ဖို. မီးခတ်စဉ်မှာ အဲမီးကြောင့် ဆီနဲ.လေ အရောအနှောတွေ အကုန်မလောင်ကျွမ်းခင်မှာ ၊ အခြား နေရာကနေ သူ.အလိုလို. မီးပွားထွက်လာပြီး မီးလောင်ခန်း တခုတည်းမှာ မီးလောင်မှု ဖြစ်စဉ် နှစ်ခု အပြိုင်ဖြစ်ပေါ်လာတာကို ခေါ်တာပါ ။

အဲလိုပုံမှန်မီးလောင်တာမဟုတ်ဘဲ အပြိုင်ဖြစ်တဲ့အတွက် မီးလောင်ခန်းထဲမှာ အတက်အဆင်းလုပ်ရတာတဲ့ Pistons တွေဟာ ပုံမှန် မှန်မှန်ကန်ကန် အတက်အဆင်းမလုပ်နိုင်တော့ဘဲ မီးလောင်ခန်း ဘေးနံရံတွေကို ဟိုရိုက်ဒီရိုက် လိုက်ရိုက်မိကုန်တော့တာပါပဲ ။

အဲ့လို ရိုက်တဲ့အတွက် ကျနော်တို. မီးသံခေါက်တယ်လို. ကြားကြားနေရတဲ့ တက်တက်တက် တို. တောက်တောက်တောက် တို. အသံတွေကြားလာရတာပဲ ။

ဒါဆို သူ.အလိုလို ဘယ်က မီးပွားထွက်လာရသလဲမေးစရာရှိလာတာပေါ့ ၊ ဘယ်က မီးပွားထွက်လာရသလဲဆို ၊ အခု ကားမောင်းသူတိုင်းလိုလို သိကြတဲ့ ကာဗွန်ကြေး(ဂျိုး) ကနေ မီးပွားထွက်လာတာပါပဲ ။

ကျနော်တို. နေ.စဉ်သုံးနေရတဲ့ စက်သုံးဆီဆိုတာတွေကလည်း Hydrocarbon တွေနဲ.ဖွဲ.စည်းထားပြီး အရည်အသွေး မပြည်မီတဲ့ Octane (92, 95) တွေကြောင့် မီးလောင်ခန်းရဲ. Head မျက်နှာပြင်ထိပ် ၊ Inlet Valve နဲ. Exhaust Valve တွေ ၊ Piston တွေရဲ. မျက်နှာပြင်ထိပ်တွေမှာ မီးကုန်အောင် မလောက်ကျွမ်းဘဲ ကျန်နေခဲ့တဲ့ ကာဗွန်ဂျိုးတွေဟာ Piston ကနေ ဆီနဲ.လေတွေကို ဖိသိပ်လိုက်တဲ့ဖိအားကြောင့် ဖြစ်ပေါ်လာတဲ့ အပူရှိန်မှာ မီးပွားထခတ်ဖို. အသင့်စောင့်နေပါတယ် ။

ဒါကြောင့် အခုခေတ် ကားသမားတွေ မီးသံခေါက်ပြီဆိုတာနဲ. ဝပ်ရှော့ပြေး ကာဗွန်ဂျိုးဆေးမယ် လုပ်ကြတာဟာလည်း ဒီအကြောင်းကြောင့်ဖြစ်ပါတယ် ။

ဒါဆိုကာဗွန်ဂျိုးဆေးရင် ပျောက်ပြီလား ဆိုရင်တော့ ၊ ပျောက်ချင်ပျောက်မယ် ၊ မပျောက်ချင် မပျောက်နိုင်ဘူးလို. ဖြေရမှာပဲ ၊ ဘာဖြစ်လို.ဆိုရင် မီးသံခေါက်စေတာဟာ ကာဗွန်ဂျိုးဆိုတဲ့ တရားခံ တစ်ဦးတည်းကြောင့် မဟုတ်ပါဘူး ၊ အခြားမီးသံခေါက်စေတဲ့ တရားခံက Self _ Ignition ပါ ။

Self-Ignition ဆိုတာက မီးလောင်ပေါက်ကွဲမှုဖြစ်စဉ် Four Strokes မှာ ၊ ပလက်ကနေ မီးမပွင့်ပေးရသေးဘဲနဲ. ဆီနဲ.လေအရောအနှောက သူ.အလိုလို ထလောင်ကျွမ်းတာပါ ၊ အဓိက ကတော့အပေါ်မှာပြောခဲ့သလို Octane (95,92 ) အစရှိတဲ့ RON (Research Octane Number ) မပြည့်မီလို.ပါပဲ ။

အရည်အသွေးမပြည့်မီတဲ့ ဆီတွေဟာ Piston ရဲ. အဖိအသိပ်ကို မခံနိုင်ပါဘူး ၊ မီးလောင်ပေါက်ကွဲတဲ့ မီးလောင်ခန်းထဲမှာရှိတဲ့ ဆီနဲ.လေ ကို Piston က ဖိသိပ်လိုက်တဲ့ ဖိအားဟာ ယေဘူယျအားဖြင့် 100 to 200 Psi လောက်ရှိပါတယ် (အင်ဂျင်အကြီးအသေး အမျိုးအစားပေါ်မူတည်ပြီး ဖိအားပြောင်းလဲနိုင်ပါတယ် ) ။

အဲလိုဖိသိပ်လိုက်တယ်ဆို အငွေ.တွေကို ဖိသိပ်လိုက်ရင် ပူလာတယ်ဆိုတဲ့ ရူပဗေဒသဘောတရားရ ဆီနဲ.လေအရောအနှောဟာ မီးလောင်ခါနီးအထိ အပူချိန်မြင့်တက်သွားပါတယ် ၊ အဲ့လိုအခြေအနေမျိုးကို အရည်အသွေးမပြည့်မီတဲ့ ဆီတွေဟာ တောင့်မခံနိုင်ဘဲ ပလက်က မီးပွားမထွက်ခင်ကို အလိုလို မီးထလောင်ပါတော့တယ် ၊ အဲလိုနဲ.ပဲ မီးလောင်ခန်းထဲက Piston နဲ. မီးလောင်ခန်းနံရံ ရိုက်သံတွေ ထွက်ပေါ်လာတော့တာပါပဲ ။

နောက် မီးသံခေါက်စေတဲ့လက်သည်တယောက်က Pre-Ignition ပါ ။ ဒါကတော့ ဘာကြောင့်ဖြစ်တာလဲဆိုရင်တော့ မီးခတ်ပေးရတဲ့ ဆရာကြီး Spark Plug ကြောင့်ပါ ။ အပေါ်က ရှင်းပြထားသလို မီးလောင်ပေါက်ကွဲပြီး အင်ဂျင်လည်ပတ်ရတဲ့ ဖြစ်စဉ်မှာ Spark Plug ကလည်း သူ. Timing (တိုင်ပင်) ကိုက် မီးခတ်ပေးရပါတယ် ၊ အဲ့လိုမဟုတ်ဘဲ ၊သူအချိန်သူ.အခါဖြစ်တဲ့ ဆီနဲ.လေ အရောအနှောကိုအမြင့်ဆုံးဖိအားရောက်တဲ့အချိန်ထိ ဖိသိပ်ပြီးချိန်မှ ခတ်ရမှာကို ၊ ဆီနဲ.လေအရောအနှောကို အမြင့်ဆုံးအခြေအနေမတိုင်ခင်မှာ မီးထခတ်တာကြောင့်လည်း မီးလောင်ပေါက်ကွဲမှု ဖြစ်စဉ်ကြိုစောနေပြီး ဖိသိပ်ပြီးတက်လာတဲ့ Piston ကို ပြန်လည်တွန်းချသလိုဖြစ်ကာ Piston ကို မီးလောက်ခန်းနံရံတွေနဲ. တိုက် မီးခေါက်သံထွက်စေပါတယ် ။

ဘာကြောင့် ပလက်က မီးစောခတ်ရတာလဲဆိုရင်တော့ ၊ အရည်အသွေး ညံ့တဲ့ အပေါစားပလက်တွေကို သုံးတာ ၊ နောက် အမျိုးအစားမတူတဲ. Spark Plugs တွေကိုသုံးတာ ၊ ဒီက ဝပ်ရှော့တော်တော်များများက ပလက်တွေကို အရစ်တူရင်သုံးတာ ၊ နောက် အမျိုးအစားတူရင်သုံးတာ တွေဟာလည်းမှားယွင်းတဲ့ အယူအဆတွေပါ ၊ ပလက်တွေဟာ အရစ်တူရင် ငုတ်တူရင် အမျိုးအစားတူတယ်ဆိုရုံနဲ. သုံးမရပါဘူး ၊ ဒီက တော်တော်များများက ဘာကားလာလာ Denso တငုတ်လို.ပြောဝယ်လိုဆိုပြီး ဝယ်ခိုင်းထည့်ခိုင်းတာဟာလည်း ချက်ခြင်းမသိသာတောင် ရေရှည်မှာ မီးသံခေါက်စေတဲ့ အချက်တချက်ပါ ။

ဘာကြောင့်လဲဆိုရင် ပလက်တွေရဲ. အပေါ်မှာပါတဲ့ ကိန်းဂဏန်းတွေဟာ ဒီ Spark Plug ရဲ. Heat rate < Heating Value > တွေကို ရည်ရွယ်ပြီး ဘယ်ကား အမျိုးအစားမှာ ဘယ်အင်ဂျင်မှာ ဘယ်လောက် Heat rate ရှိတဲ့ Spark Plugs ကို သုံးရမယ်ဆိုတာ ထုတ်လုပ်တဲ့ Company က အတိအကျ ထုတ်ပြန်ထားပါတယ် ။

မဟုတ်ရင် ကားအမျိုးအစား အင်ဂျင်အမျိုးအစား မတူညီတဲ့အခါမှာ သုံးတဲ့ Spark Plug တွေမှားတာနဲ. Plug တွေရဲ. Heating Value တွေလွဲကုန်ပြီး တချို. Spark Plugs တွေက အပူလုံလောက်အောင် မပူတာ ၊ တချို.ကျတော့လည်း အပူလုံလောက်အောင် မစွန်.ထုတ်နိုင်တာတွေကြောင့် မီးသံခေါက်ရတဲ့ ပြဿနာတွေဖြစ်စေတာပါ ။

ကားအမျိုးအစား အင်ဂျင်အမျိုးအစား နဲ. သုံးရမယ့် ပလက်တွေကို Company တွေကနေ အတိအကျထုတ်ထားတဲ့ Catalogue တွေရှိတာမို. သေချာလေ့လာပြီး အတိအကျသုံးစွဲသင့်ပါတယ် ။
နောက် ပလက်တွေကို ကြပ်တဲ့ ( Tight) တဲ့ အခါမှာလည်း သေချာအောင် ကြပ်ဖို.လိုပါတယ် ၊ ဘာကြောင့်ဆိုရင် ပလက်တွေဟာ သူတို.မှာရှိတဲ့ အပူကို သူတို.ရဲ. ဘေးနံရံကနေ တဆင့် အပြင်ကို စွန်.ထုတ်ပါတယ် ၊ အဲ့လို နေရာမှာ သေချာတဲ့ Limit ရောက်အောင် မကြပ်တည်းတာတဲ့ အခါမှာ အပူစွန်.ထုတ်မှုနည်းပါးပြီး Pre ignition ကို ဖြစ်ပေါ်စေပါတော့တယ် ။

မီးသံခေါက်ရင် ဘာဖြစ်လာနိုင်သလဲ ?

မီးသံခေါက်ရင် ဘာဖြစ်နိုင်သလဲဆိုရင်တော့ ၊ ပထမဆုံး ဖြစ်တာကတော့ ကားမောင်းရင်း နားမချမ်းသာတာပါပဲ ၊ ကိုယ်မောင်းနေတဲ့ ကားအင်ဂျင်ကနေ တက်တက်တက် တောက်တောက်တောက် အသံတွေကြားနေရရင် ဘယ်ကားမောင်းသူမှ စိတ်ချမ်းသာလက်ချမ်းသာ မောင်းနိုင်မှာ မဟုတ်ပါဘူး ။
နောက် အင်ဂျင်တုံတာ ခါတာ ၊ အင်ဂျင်ပါဝါကျသွားတာ ။

ဒါထက်ဖြစ်နိုင်တာက ဒီလိုဖြစ်စဉ်ဟာ ရေရှည်လာတာနဲ. အမျှ အင်ဂျင်ရဲ. Piston , Combustion Chamber နဲ. Valves တွေကို ထိခိုက်ပျက်စီးစေမှာပါ ။

မီးသံမခေါက်အောင် ဘယ်လိုလုပ်ရမလဲ ?

အပေါ်မှာ မီးသံဘာလို.ခေါက်ရတယ်ဆိုတာ ရှင်းပြပြီးပြီဆိုတော့ မီးသံခေါက်ရင် မီးသံခေါက်စေတဲ့ အချက်တွေဖြစ်တဲ့ ကာဗွန်ကြေးဆေးကျောတာ ၊ ပလက်တွေစစ်တာ ၊ ဆီအရည်အသွေးပြည့်မီတဲ့ဆိုင်ကို ရွေးချယ်သုံးစွဲတာမျိုးတွေလုပ်ရမှာပါ ၊ ဒါ့ထက် ပိုလိုအပ်တဲ့ အချက်တွေက ပုံမှန်ပြုပြင်ထိန်းသိမ်းမှုလုပ်ခဲတဲ့ ၊ ဆီတိုင်ကီထဲက Fuel Pump တွေ ဆီစစ်တွေကို ဖြုတ်စစ်တာ ၊injector တွေကို ပုံမှန်ဖြုတ် ဆေးကြောတာ ၊ လေစစ်တွေကို ပုံမှန်လဲလှယ်ပေးတာတွေကို လုပ်ပေးရမှာပါ ၊ ဘာဖြစ်လို.ဆိုရင် ဒီမီးသံခေါက်တာက အကြောင်းအချက် တခုနဲ.တခု ဆက်စပ်နေပြီး ဂျာအေး သူ.အမေရိုက်သလို ဆီမသန့်လို. ပလက်ကြေးကပ် ၊ ကြေးကနေ မီးပွားဖြစ်လို. မီးသံခေါက် ၊ မီးသေချာ မလောင်လို. အင်ဂျင်ခန်းကြေးတက်ဆိုပြီး တပတ်လည်နေတာမို.ပါ ။

ဒါကြောင့် မိတ်ဆွေတို.ရဲ. ကားအင်ဂျင် မီးသံခေါက်ခြင်းမှ ကင်းဝေအောင် အပေါ်က ပြောတဲ့ အချက်တွေကို ပြုပြင်နေကြ ယုံကြည်စိတ်ချရတဲ့ ဝပ်ရှော့တွေမှာ အမြဲ စမ်းသပ်စစ်ဆေးပြီး ထိန်းသိမ်းမယ်ဆို စိတ်ပျက်စရာကောင်းတဲ့ ကားမီးသံခေါက်တာကနေ ကင်းဝေးနိုင်မှာပါ ။

မီးသံခေါက်ရတဲ့ အခြားအကြောင်းအချက် များစွာရှိသော်လည်း ဒီမျှလောက်ဆိုရင်ဖြင့် မိတ်ဆွေညီကိုမောင်နှတို.အတွက် မီးသံခေါက်ခြင်းနဲ. ပတ်သတ်တဲ့ ဗဟုသုတ အတော်အသင့်ရနိုင်ပြီလို. ယူဆရပါတယ်ခမျာ ။
သင်တန်းသူသင်တန်းသားများအတွက် နည်းပညာ ဗဟုသုတရရန်ပြန်လည်မျှဝေခြင်းဖြစ်သည်။

ကားမောင်းသင်မယ်ဆို
ကို
Phလေးသာဆက်ပီးစာရင်းသွင်းလိုက်ပါ
ကောင်းမွန်တဲ့ဝန်ဆောင်မှုများသင်ဆီအရောက်လိုက်ပါလိမ့်မယ်။

ပုံမှန်၅ရက်သင်တန်း ကြေးသီးသန့်၁၅၀၀၀၀ပါ
တနေ့၂နာရီ တပါတ်မှာ၂ရက် သင်ကြားပေးသည်

အမြန်၅ရက်သင်တန်းကြေးသီးသန့် ၂သိန်းပါ။
တနေ့၂နာရီ၅ရက်ဆက်တိုက်သင်ကြားပေးသည်

Ph:09799595732 09797249831

Address

Yangon
01

Telephone

+959260702727

Website

Alerts

Be the first to know and let us send you an email when သမၼတၾကီး-President Auto Spare Parts & Car Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share