13/07/2022
မိုးသည်းထန်စွာ ရွာသွန်းနေသော အချိန်တွင် သင့်ကားကို အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရန် အလွန်အရေးကြီးပေသည်။
၁) ကားလေကာမှန်နှင့် ပြတင်းပေါက်မှန်များကို သန့်ရှင်းပါ။
မိုးရေထဲမှာပါသည့် အက်ဆစ်ဓာတ်သည် မှန်များအပေါ်တွင် အနည်အဖြစ်ကျန်ရှိခဲ့ပြီး အကွက်အပျောက်နှင့် အစွန်းအထင်းတွေအဖြစ် စုပြုံပြီး ကျန်ခဲ့နိုင်သောကြောင့် မိုးရွာတဲ့နေ့ ကားမောင်းခဲ့ပါက အိမ်ပြန်ရောက်တဲ့အခါ Car Cleaner သို့မဟုတ် သန့်ရှင်းသော အဝတ်များဖြင့် ဆေးကြောသန့်စင်ပေးဖို့ အရေးကြီးပါတယ်။
၂) မီးသီးများကို ပုံမှန်စစ်ဆေးပါ။
မိုးသည်းထန်စွာ ရွာနေသောအချိန်တွင် အလင်းရောင်ကောင်းစွာမြင်နိုင်ဖို့နဲ့ လမ်းကြောရှင်းစေဖို့ သင့်ကားမီးသီးများက အလွန်အထောက်အကူပြုပါတယ် ။ ကားမီးသီးများ ကောင်းစွာအလင်းရမှု ရှိ၊မရှိ နှင့် ညစ်ပတ်နေခြင်း ၊ကွဲအက်နေခြင်းမျိုးတွေ ရှိမရှိကို ပုံမှန်စစ်ဆေးပေးဖို့လိုပါတယ် ။
၃) Wiper Blades များ ကောင်းစွာအလုပ်လုပ်ခြင်း ရှိမရှိကို စစ်ဆေးပါ။
Wiper Bladesများသည် ရော်ဘာသားနှင့်ပြုလုပ်ထားတာကြောင့် အပူလွန်ကဲလာသည့်အခါ ကြွတ်ဆပ်ကာ ပျက်ဆီးပြီး သင့်လေကာမှန်ကို ထိခိုက်စေနိုင်ပါတယ် ။ Wiper Blades တွေကို လဲဖို့ လိုအပ်တဲ့အခါ လဲပေးပါ ။ သင့်ကားအမျိုးအစားအတွက် အထူးထုတ်လုပ်ထားသည့် Wiper Bladesများကို အသုံးပြုခြင်းဖြင့် သင့်ကားကို ကြာရှည်ခံအောင် ထိန်းသိမ်းထားနိုင်ပါတယ်။
၄) ကားဘတ်ထရီများကို သေချာစွာ စစ်ဆေးပါ။
မိုးသည်းထန်စွာရွာသွန်းနေသည့်အချိန်တွင် ကားရှိ မီးသီးနှင့်တစ်ခြားလျှပ်စစ်ပစ္စည်းများသည် ကားဘတ်ထရီကို ပိုမိုအသုံးပြုသည် ။ ထို့ကြောင့်ဘတ်ထရီသည် ဆက်တိုက်အလုပ်လုပ်နေရသဖြင့် အားနည်းလာနိုင်သည်။ ဒါကြောင့် အင်ဂျင်ကို လုံလောက်သော လှည်ပတ်မှုများ ထောက်ပံ့ပေးနိုင်အောင် ကားဘတ်ထရီကိုလည်း ဂရုတစိုက်စစ်ဆေး အသုံးပြုသင့်ပါတယ် ။
၅) ဘရိတ်ကို ပုံမှန်စစ်ဆေးဖို့ အရေးကြီးသည်။
စိုစွတ်သောလမ်းနှင့် မိုးရေသည် တာယာနှင့်လမ်း၏ ပွတ်တိုက်မှုကို လျော့ချပြီး ဘရိတ်၏စွမ်းဆောင်ရည်ကို လျော့ကျစေသည် ။ ထို့ကြောင့် ဘရိတ်ရပ်တန့်ရန် ခက်ခဲလာနိုင်ပြီး တုန်ခါခြင်းများ ပြင်းထန်စွာဖြစ်လာနိုင်ပါတယ် ။ Brake Pads များ ဟောင်းနွမ်းခြင်းရှိမရှိ နှင့် စွမ်းဆောင်ရည်များကို ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
ကားများ ပုံမှန်ထက် စွမ်းဆောင်ရည်လျော့ကျနေပါက မလိုလားအပ်သည့် ပြဿနာများမဖြစ်ရလေအောင် Toyota Aye and Sons တွင် Quality Services များဆောင်ရွက်ရန် အပွိုင်မန့်များရယူနိုင်ပါပြီ ။
Ph : 01 – 540740 , 01 – 546546 , 01 - 540160 Extension 102 Mobile Phone 09409824711 , 09409824722
TTAS Service Address : အမှတ် ၈၇(က)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့ ၊ ပုလဲကွန်ဒိုရှေ့ ။
Service Available: Every Monday to Saturday ( 9AM to 5 PM ) Closed Sunday and Public Holidays.