KIA Service Center - Myanmar

KIA Service Center - Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KIA Service Center - Myanmar, Automotive repair centre, No. 4, Yadanar Road, Kyaik Ka San (West), Thingangyun Township, Yangon.

လေးစားရပါသော KIA ချစ်သူလူကြီးမင်းများထံသို့ အသိပေး အကြောင်းကြားခြင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်အရ Cov...
23/09/2020

လေးစားရပါသော KIA ချစ်သူလူကြီးမင်းများထံသို့ အသိပေး အကြောင်းကြားခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်အရ Covid - 19 ကူးစက်ရောဂါ ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် KIA Service Center ကိုခေတ္တယာယီပိတ်ထားမည်ဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မည့်နေ့ရက်အား KIA Myanmar page တွင် ကြေငြာအသိပေးသွားမည်ဖြစ်ပါသည်။

လူကြီးမင်းတို့အနေဖြင့် ယာယီပိတ်ထားစဉ်ကာလအတွင်း KIA Service နှင့်ပတ်သက်၍ အရေးကြီးဆက်သွယ်လိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ဆက်သွယ်နိုင်ပါတယ်ရှင်။

Hotline : 09 969933626 , 09 5029996

ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ညောင်ရေသွန်းလောင်း၍ကောင်းမှုကုသိုလ်များ ပြုလုပ်ပြီး လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း Super Seven ...
18/05/2019

ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ညောင်ရေသွန်းလောင်း၍ကောင်းမှုကုသိုလ်များ ပြုလုပ်ပြီး လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း Super Seven Stars Service မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်....🙏🙏🙏

15/05/2019

Engine Over Heat ( ကားအင်ဂျင်အပူလွန်ကဲခြင်း)

💥🚘 ပူပြင်းခြောက်သွေ့လာတဲ့ရာသီဥတုတွေမှာ ကားအင်ဂျင်အပူလွန်ကဲပြီး အန္တရာယ်မဖြစ်စေရန် သတိထားသင့်သည့်အချက်များ 🚘💥

အင်ဂျင်သည် ကားတစ်စီးလုံး၏အရေးအကြီးဆုံးအစိတ်အပိုင်း တစ်နည်းအားဖြင့် ကားအသည်းနှလုံးလို့လည်း ခေါ်ကြပါသေးသည်။ ကားတစ်စီးလုံးကို ရွေ့လျားစေရန်တွန်းပို့ပေးသည့် ကားအင်ဂျင်ကိုဖိအားများများပေးခိုင်းစေမိရင်ပဲဖြစ်စေ၊ ရာသီဥတုပူပြင်းနေရင်ပဲဖြစ်စေ၊ ကားအင်ဂျင်၏အပူချိန်က တက်လာလေ့ရှိပါသည်။ မိမိကားမောင်းနေချိန်မှာ ကားအင်ဂျင်အပူချိန်တက်လာလျှင် ပြုလုပ်သင့်သည့်အချက်များကို ဖော်ပြလိုက်ပါသည်။

➡️ အင်ဂျင် Coolant ရေသတိပြုပါ

ကားအင်ဂျင်အေးစေရန်အတွက် အထောက်အကူပြုဓာတုဆေးရည်ကိုစစ်ဆေးပေးပါ။ Coolant သက်တမ်းလွန်နေလျှင် အင်ဂျင်ကိုအအေးပေးဖို့ အထောက်အကူမပြုစေတော့သည့်အပြင် အင်ဂျင်ကိုပါပျက်စီးစေနိုင်ပါတယ်။ အင်ဂျင် Coolant ရေမရှိလျှင် (သို့) လျော့နည်းနေလျှင်လည်း အင်ဂျင်ကိုအပူမြင့်တက်စေလို့ အင်ဂျင်Coolant ရေကို အမြဲစစ်ဆေးပေးသင့်ပါသည်။

➡️ ရေတိုင်ကီကို ဂရုစိုက်ပါ

အင်ဂျင်၏အပူချိန်ကိုလျှော့ချနိုင်ရန်အတွက် အင်ဂျင်ရေတိုင်ကီထဲတွင် ရေအလုံလောက်ရှိနေဖို့က အရေးကြီးပြီး ကားအင်ဂျင်တစ်လုံး၏ရေတိုင်ကီထဲတွင် ရေ၀င်ဆန့်ပမာဏသည် ကားအင်ဂျင်ထဲကအပူကို သယ်ဆောင်နိုင်ဖို့လုံလောက်ပါသည်။ ပုံမှန်ရှိနေသင့်တဲ့ရေပမာဏအောက်လျော့ကျနေပြီဆိုလျှင်တော့ ကားအင်ဂျင်ထဲမှထုတ်နေသည့်အပူများကို သယ်ဆောင်နိုင်အားနည်းလာပြီး ကားအင်ဂျင်၏အပူချိန်ကို မြင့်တက်လာစေပါသည်။

➡️ ကား Air-Con ကို အလွန်အကျွံမသုံးမပြုပါနှင့်

ကား Air-Con အလွန်အကျွံအသုံးပြုခြင်းက ကားအင်ဂျင်နှင့်အဲကွန်းကွန်ပရက်ဆာကပါ အလုပ်ပိုလုပ်ရသည့်အတွက် ကားအပူချိန်ကိုမြင့်တက်စေပါသည်။ ထို့ကြောင့်ကားအဲကွန်းကိုလိုအပ်သလောက်ပဲဖွင့်ပြီး ကား Air-Con ကိုဖွင့်လိုက်ပိတ်လိုက် မကြာခဏပြုလုပ်ပေးခြင်းက ကားအင်ဂျင်နှင့်ကားအပူချိန်ကိုလျှော့ချပေးနိုင်ပါသည်။

➡️ ကားဘက်ထရီ သေချာတွဲပါ

ဘက်ထရီကြိုးကလစ်တွေမခိုင်မြဲလျှင် အပူထွက်လာစေပြီး မီးလောင်တဲ့အထိဖြစ်စေတဲ့အပြင် ဘက်ထရီကြိုးတွင်ဆက်ရာများနေလျှင် ဘက်ထရီငုတ်တစ်ခုတည်းမှာ ကြိုးတွေစုပြုံတပ်ထားလျှင် အပူလွန်ကဲမှုဖြစ်စေပါတယ်။ အဲဒါကြောင့် ဘက်ထရီငုတ်တွေကို သေချာတပ်ဆင်ပါ။ ကြိုးဆက်ရှိနေတဲ့ ၀ါယာကြိုးဟောင်း၊ကြိုးအဆွေးတွေ အသုံးပြုတာတွေကို ရှောင်ကြဉ်သင့်ပါသည်။

➡️ တာယာလေဖိအား စစ်ဆေးပါ

မိမိကား၊ တာယာအရွယ်အစားတို့ဖြင့်လိုက်ဖက်သည့် လေဖိအားရှိနေဖို့လိုအပ်ပါသည်။ ရာသီဥတုပူပြင်းချိန်တွင် ပုံမှန်ရာသီဥတုမှာအသုံးပြုနေတဲ့ လေဖိအားအောက် အနည်းငယ်လျှော့သုံးသင့်ပါတယ်။ လေဖိအားများရင်ပဲဖြစ်စေ၊ လျော့နည်းလွန်းရင်ပဲဖြစ်စေ ကားတာယာများ၏ အပူချိန်ကိုမြင့်မားစေပါတယ်။

# Super Seven Stars Service Center #
09 - 5122720 , 09 - 969997469

မင်္ဂလာပါရှင် Super Seven Stars Service Center မှ နွေးထွေးစွာကြိုဆိုပါတယ်ရှင်😊😊လူကြီးမင်းတို့၏ကားလေးများ Service ပြုလုပ်လိ...
07/05/2019

မင်္ဂလာပါရှင် Super Seven Stars Service Center မှ နွေးထွေးစွာကြိုဆိုပါတယ်ရှင်😊😊
လူကြီးမင်းတို့၏ကားလေးများ Service ပြုလုပ်လိုလျှင် အချိန်ကုန်⏰⏰⏰လူပင်ပန်းမှုများ လျော့နည်းစေရန်အတွက် တစ်ရက်ကြိုတင် Appointment ပြုလုပ်ပေးပါရန် လေးစား စွာမေတ္တာရပ်ခံအပ်ပါသည်...
အောက်ပါ လိပ်စာ နှင့်ဖုန်း နံပါတ်များ📱📱📱သို့ အလွယ်တကူမေးမြန်းဆက်သွယ်နိုင်ပါတယ်.
ကျေးဇူးတင်ပါတယ်ရှင်.

Mingalar Par!
Warmly Welcome from our Super Seven Stars Service Center.
If you want to make Service for your car ,please kindly make an appointment before you come one day for saving your precious time.😊
Thank you.

Address

Yangon
11170

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00
Saturday 08:00 - 16:00
Sunday 08:00 - 16:00

Telephone

+959969997469

Website

Alerts

Be the first to know and let us send you an email when KIA Service Center - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share