07/08/2026
မိုးစရွာချိန်နဲ့ မိုးသည်းထန်စွာ ရွာသွန်းချိန်တွေမှာ ဆိုင်ကယ်မောင်းတဲ့အခါ သတိမမူမိဘဲ ပြုလုပ်မိတတ်တဲ့ အောက်ပါ အမှား (၃) ချက်ကြောင့် မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်—
၁။ ရုတ်တရက် ဘရိတ်ကို ဆောင့်အုပ်ခြင်း
မိုးစရွာခါစအချိန်မှာ လမ်းမပေါ်က ဆီကွက်တွေနဲ့ ဖုန်မှုန့်တွေ ပေါင်းစပ်ပြီး လမ်းကြောင်းတစ်ခုလုံး ပိုမိုချောမွေ့/ချောကျိနေတတ်တာကြောင့် ရုတ်တရက် အရှေ့ဘရိတ် သို့မဟုတ် အနောက်ဘရိတ်ကို ဆောင့်အုပ်လိုက်ပါက ဘီးပွတ်တိုက်အား လျှော့နည်းသွားပြီး ဆိုင်ကယ် ခေါင်းရမ်းကာ လဲကျသွားနိုင်ပါတယ်။
၂။ ရေအိုင်ကြီးများကို မဆင်မခြင် ဖြတ်မောင်းခြင်း
လမ်းမပေါ်မှာ ရေအိုင်ကြီးတွေကို တွေ့တဲ့အခါ ရေစင်တာကို သဘောကျလို့ ဖြစ်စေ၊ စိတ်မရှည်လို့ ဖြစ်စေ အရှိန်မလျှော့ဘဲ ဖြတ်မောင်းမိတတ်ကြပါတယ်။ရေအိုင်အောက်မှာ ဘယ်လောက်နက်တဲ့ ကျင်း၊ ချိုင့် သို့မဟုတ် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ရှိနေမှန်း မမြင်နိုင်ပါဘူး။ ဒါ့အပြင် အင်ဂျင်ထဲ သို့မဟုတ် လေစစ်ထဲ ရေဝင်သွားပါက စက်ရပ်သွားခြင်း၊ လျှပ်စစ်ဝါယာပိုင်း ထိခိုက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
၃။ စည်းကမ်းမကျသည့် မိုးကာအင်္ကျီများ ဝတ်ဆင်ခြင်း
အနားကျယ်လွန်းသော သို့မဟုတ် ပွယောင်းလွန်းသော မိုးကာအင်္ကျီများကို ဝတ်ဆင်ပြီး ဆိုင်ကယ်မောင်းနှင်ခြင်းဟာ လေတိုက်သည့်အခါ မိုးကာအစတွေက နောက်ဘီး (သို့) အခြားယာဥ်များနှင့် ငြိပါသွားပြီး ရုတ်တရက် လဲကျနိုင်ပါတယ်။ ဒါ့အပြင် ခေါင်းစွပ်ကြောင့် ဘေးဘက်ကြည့်ရခက်ခြင်းနှင့် ရောင်ပြန်မပါ၍ အခြားယာဉ်များက သတိမထားမိခြင်းတို့ ဖြစ်နိုင်တာကြောင့် ခန္ဓာကိုယ်နှင့် ကောင်းစွာဖိကပ်သည့် အင်္ကျီ/ဘောင်းဘီ ခွဲဝတ်ရသော Two-piece မိုးကာများနှင့် ရောင်ပြန်စတေကာ ပါဝင်သည့် မိုးကာများကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။
မိတ်ဆွေတွေလည်း မိမိရဲ့ ဆိုင်ကယ်လေးနဲ့အတူ ဘေးကင်းတဲ့ ခရီးစဥ်ကို ပိုင်ဆိုင်နိုင်ပါစေကြောင်း 𝐌𝐨𝐛𝐢𝐥 ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
™️(ကမ္ဘာ့ထိပ်တန်း အရည်အသွေးအကောင်းဆုံး Mobil အင်ဂျင်ဝိုင်များကို 𝐀𝐊𝐓 𝐇𝐨𝐥𝐝𝐢𝐧𝐠𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 မှ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဂုဏ်ယူစွာဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချပါသည်။)
🔹 Viber - https://rb.gy/joeat7
🔹 TikTok - https://www.tiktok.com/
🔹 YouTube - https://youtube.com/-mobildistribut3979
🔹 Telegram - https://t.me/mobildistributormyanmar
#တာရှည်ခံတဲ့အင်ဂျင်နဲ့ကြာရှည်တဲ့ခရီးမိုင်များဆီ
#မိုင်တွေလွန်ရင်းစီးမျောရှင်သန်စို့
#ယုံကြည်စိတ်အချရဆုံးမိုဘေးလ်