KAUNG THIT Car Auto Service

KAUNG THIT Car Auto Service KAUNG THIT Automotive service shop,

Vision - Customer satisfaction and trustest partner in future.

Mission - Cooperation advance technology Automotive solution in Myanmar. KAUNG THIT Car Auto
North Dragon Township,Yangon.
098 9449 5445
09 78 1795 777

Kaung Thit Auto Service  # ECU Repair Service  # Wiring Service  # Suspension  # Engine Overhauling  # Engine Tuning  # ...
24/12/2025

Kaung Thit Auto Service

# ECU Repair Service
# Wiring Service
# Suspension
# Engine Overhauling
# Engine Tuning
# BG chemical Service (USA)
# Throuble shooting
# HVAC(Air-conditioning)

North Dagon Township,Yangon
09781795777 ,09897059945

16/12/2025

Push ON/Push OFF monostable+ Amplified + Signal Output

Modified AC Compressor အတွက် AC amplifier unit Output ကို original switch လေးနဲ့ပြန်သုံးလို့ရအောင် ဖန်တီးပေးထားတာလေး 😘😘😘

ပုံမှန် Ground side switch AC amplifier unit တွေအတွက်တော့ ဒါမျိုးတွေ လုပ်နေစရာမလိုပါဘူးနော် ။

🙏Kaung Thit Auto Service 🙏

09 781 795 777
09 897 059 946

North Dagon Township

10/12/2025

Kaung Thit Auto Service ရဲ့ချစ်သော Customers များ အတွက် One stop service ဖြစ်နိုင်ဖို့

Repair service ကို
Thit Auto Service မှာ

အကောင်းဆုံးနဲ့ သင့်တင့်တဲ့ဈေးနှုန်း ဖြင့် Service ပေးနေပါပြီဗျ။

ECU ကြောင့်
စောင့်တဲ့ Issue လေးတွေကိုလဲ အချိန်တိုအတွင်းမှာ အဆင်ပြေအောင်ပြုပြင်ပေးနေပါပြီ။

KAUNG THIT Auto Service

Nissan တွေမှာ ခွဲမရအောင်တူပေမယ့် wave form အလုပ်လုပ်ပုံချင်းမတူကြတဲ့ CKP နဲ့ CMP လေးတွေ သတိမူကြဖို့ပါ။Kaung Thit Auto Se...
18/06/2025

Nissan တွေမှာ ခွဲမရအောင်တူပေမယ့် wave form အလုပ်လုပ်ပုံချင်းမတူကြတဲ့ CKP နဲ့ CMP လေးတွေ သတိမူကြဖို့ပါ။

Kaung Thit Auto Service
North Dagon

Senior Mechanic + ၁ ဦးMechanic Helper + ၁ ဦးညှိနှိုင်းလစာဖြင့် မြောက်ဒဂုံ မြို့နယ်တွင် နေ/စား ငြိမ်း အလိုရှိပါသည်။စိတ်ဝင...
18/06/2025

Senior Mechanic + ၁ ဦး
Mechanic Helper + ၁ ဦး

ညှိနှိုင်းလစာဖြင့် မြောက်ဒဂုံ မြို့နယ်တွင်
နေ/စား ငြိမ်း အလိုရှိပါသည်။

စိတ်ဝင်စားပါက ဆက်သွယ်ရန်။

Ph/Viber
09977858558
09421099623

သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🛻ရေမြုပ်နေတဲ့နေရာတွေကိုဖြတ်မောင်းတော့မယ်ဆိုရင်ဘာတွေသိထားသင့်လဲ🛻😭အခုလိုရေတွေကြီးနေချိန်မှာ Customers တွေအနေနဲ့ ရေမြုပ်နေတ...
12/09/2024

🛻ရေမြုပ်နေတဲ့နေရာတွေကိုဖြတ်မောင်းတော့မယ်ဆိုရင်ဘာတွေသိထားသင့်လဲ🛻

😭အခုလိုရေတွေကြီးနေချိန်မှာ Customers တွေအနေနဲ့ ရေမြုပ်နေတဲ့နေရာတွေကိုမဖြစ်မနေဖြတ်မောင်းရတော့မယ်ဆိုရင် ဘာတွေသိထားသင့်လဲ ပျက်စီးဆုံးရှုံးမှုကရောဘယ်လောက်ထိဖြစ်နိုင်လဲသိထားသင့်တာလေးတွေကိုမျှဝေချင်ပါတယ်။

🛻 Engine Hydrolocking ဆိုတာဘာလဲ🛻

Hydrolocking ဆိုတာကတော့ Engine Combustion Chamber (engine မီးလောင်ပေါက်ကွဲခန်း)ထဲကိုရေရောက်သွားပြီး Engine တစ်လုံး လုံးပျက်စီးဆုံးရှုံးသွားနိုင်တဲ့ (Crankshaft ကျိုးခြင်း၊Connecting rod ကောက်ခြင်း၊ လေဝင် လေထုတ် Valve များ နှင့် Pistons များပျက်စီးခြင်း၊Engine Block ထိုးခွဲခြင်း)ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုကိုဖြစ်စေသောပြဿနာတစ်ခုပါ ။

🛻 Hydrolocking ဘယ်လိုကြောင့်ဖြစ်သလဲ ဘယ်လိုကာကွယ်ကြမလဲ 🛻
ဘယ်လိုကြောင့်ဖြစ်ရလဲဆိုတာကိုသိချင်ရင်‌တော့အောက်မှာစိတ်ရှည်ရှည်ထားပြီးဖတ်ကြည့်စေချင်ပါတယ်။
👍ပျက်စီးဆုံးရှုံးမှုမရှိဖို့ဆိုရင်တော့ ဒါတွေသိရှိလုပ်ဆောင်ဖို့လိုပါမယ်။

🛻 Hydrolocking ဆိုတာဘာလဲ🛻
Hydrolocking က engine ထဲရေတွေရောက်ပြီး ဖြစ်တဲ့ ပြဿနာဖြစ်တာကြောင့်🛻 Engine ထဲရေတွေ ဘယ်ကနေဝင်ရောက်လာလဲသိဖို့လိုပါမယ်🛻
ကျနော်တို့ Internal Combustion Engine တွေလည်ပတ်ဖို့ဆိုရင် Oxygen (လေ) + Fuel (လောင်စာဆီ) + Heat (အပူမီး ) တို့ ပြည့်စုံဖို့လိုအပ်ပါမယ်။
(Gasoline engine နဲ့ Diesel engine မှာ Spark Ignition နဲ့ Compression ignition ဆိုပြီးHeating system ကွာခြားချက်တော့ရှိပါတယ်)
Engine ကိုစတင် လည်ပတ်‌တော့မည်ဆိုရင် ကျနော်တို့ သော့ကိုလှည့်ပြီး Startor Motor မှတစ်ဆင့် အလည်စွမ်းအင်နဲ့ engine ကိုစတင်လည်ပတ်ပါတယ်။အဲ့ဒီလိုစတင်လည်ပတ်ပြီဆိုတာနဲ့ Engine ကနေလေကို Intake Valve မှတစ်ဆင့်ဆွဲယူပြီး Injectors (ဆီဖြမ်းစနစ်)မှဆီဖျမ်းပေးသော လေနဲ့ဆီ အရောကို engine ထဲကိုဆွဲသွင်းပါတယ်(အသုံးများသော Port Fuel Injection System ရည်ညွှန်းခြင်းဖြစ်ပြီး Direct Injection system မှာတော့ ဆီဖြန်းတဲ့စနစ်အနည်းငယ်ကွဲပြားမှုရှိပါတယ်)
အဲ့ဒီလိုနည်းနဲ့ ဝင်ရောက်လာတဲ့လေနဲ့ဆီအရောကို လိုအပ်တဲ့ လေသိပ်သည်းမှုရအောင် Pistons မှတွန်းတင် ဖိကျစ်ပေးပြီး Spark plugs မှ (spark) အပူပေးပြီး ပေါက်ကွဲ လောင်ကြွမ်းစေကာ engine ရဲ့ အလည်စွမ်းအင်ကိုထုတ်ပေးပါတယ် ( Diesel Engine မှာတော့ compression ignition ဖြစ်လို့အနည်းငယ်ကွဲပြားပေမယ့် Hydrolocking ဖြစ်ဖို့တော့အကြာင်းအရာခြင်းတူညီပါတယ်)။
🛻အဲ့ဒီတော့ ရေထဲဖြတ်မောင်းလိုက်လို့ Snorkel (လေရှုပေါက်)မြုပ်လောက်တဲ့ထိ နစ်ပြီဆိုရင် ထိုSnorkel မှတဆင့်ရေတွေပါလာပြီဆိုရင် Engine ထဲကိုရေရောက်ပါပြီ။(Snorkel လေရှုပေါက်က Air Filter ရဲ့အရှေ့ဖက်အဆုံး engine ရဲ့ ပေါ်ဆုံးအပိုင်းမှာရှိလို့ တော်ရုံရေမြုပ်တာလောက်ကို ရေမဝင်နိုင်ပါဘူး အကြမ်းဖျင်းအားဖြင့် ကားသေးများ ဘီးတစ်လုံးလုံးရေမြုပ်ပြီဆိုရင်တော့ ဝင်နိုင်‌ခြေရှိပါပြီ) Snorkel location ကိုပုံမှာဖော်ပြပေးထားပါတယ်။
အဲ့လို Combustion Chamber ထဲကိုရေတွေရောက်သွားပြီးဆိုတာနဲ့ ရေသည် Non-compressible(ဖိသိပ်ကျစ်၍မရသော) ဂုဏ်သတ္တိရှိတဲ့အတွက် လေလိုဖိကျစ်၍မရဘဲတောင့်ခံထားပါတော့သည် ။ထိုအချိန်တွင် Engine လည်ပတ်မှု ရုတ်တရက် ရပ်တန့်သွားပါပြီ ။ထိုအခြေအနေထိ မိတ်ဆွေရဲ့ ကား engine သည် လည်ပတ်မှုရပ်တန့်ရုံမျှသာရှိသေးပြီး ပျက်စီးဆုံးရှုံးမှု မဖြစ်နိုင်သေးပါဘူး။
ဖိကျစ်၍မရသော ရေများ Chamber ထဲရောက်ပြီးလောင်ကြွမ်းမှုမပြုနိုင်တော့သည့်မိတ်ဆွေ၏ Engine ကို ထိုအခြေနေတွင် သော့မှတဆင့် Startor Motor မှတွန်းအားပေးပြီး လည်ပတ်ဖို့ကြိုးစားခဲ့မယ်ဆို‌ရင်တော့ ဖိကျစ်၍မရသော ရေများ၏တောင့်ခံတွန်းကန်အားကြောင့် Startor Motor မှတဆင့် ဖိအားပေး တွန်းပို့လာသည့် Crankshaft, Connecting Rod , Pistons များမှတဆင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်သွားပါပြီ။

သို့ဖြစ်ပါ၍ ဤအခြေမျိုးနှင့် မိတ်ဆွေတွေ့ကြုံ‌ နေခဲ့ပြီဆိုပါကအောက်ပါအချက်အလက်များကိုလိုက်နာဆောင်ရွက်ဖို့လိုပါသည်။

👌ရေထဲဖြတ်မောင်းတော့မယ်ဆိုရင်
မိမိဖြတ်သန်းမောင်းနှင်မည့်ရေ level ကိုသုံးသပ်ပါ(ကားသေးများဘီးတစ်လုံးလုံးမြုပ်မယ့်အခြေအနေဆိုရင် အခြေအနေမကောင်းပါဘူး) off-road ကားတော်တော်တော်များများကတော့ Snorkel ကို extend လုပ်ပြီး ခေါင်မိုးအပေါ်ကိုထုတ်ထားတတ်ကြပါတယ်။

👌ရေထဲဖြတ်မောင်းလို့စက်ရပ်သွားပြီဆိုတာနဲ့ သော့လည့်ပြီး စက်ပြန်နှိုးဖို့လုံးဝ(လုံးဝ) မကြိုးစားပါနဲ့
သော့ဖြုတ်ပါ ရေလွတ်တဲ့နေရာကိုတွန်းရွှေ့(သို့) နားလည်တတ်ကြွမ်းတဲ့ သူကိုခေါ်ပါ။စက်နှိုးဖို့ ကြိုးစားကြည့်ခဲ့မယ်ဆိုရင်တော့ သင့်ရဲ့ ကား engine ဟာ ပျက်စီးဆုံးရှုံမှု ကြီးကြီးမားမားဖြစ်ဖို့ 90% သေချာသွားပါပြီ။
👌၂။Battery အနှုတ်ငုတ်ကို ဖြုတ်ပါ (မလိုလားအပ်တဲ့ Short Circuit တွေကိုကာကွယ်ပြီးသားဖြစ်ပါမယ်။
👍အဲ့လိုလေးတွေပြုလုပ်ခဲ့မယ်ဆိုရင်တော့ မိတ်ဆွေရဲ့ကားဟာ Engine Oil ပြန်လည်လဲလှယ်ခြင်း၊ Air Filter လဲလှယ်ခြင်း နဲ့ Wire sockets များ လေမှုတ်အခြောက်ခံခြင်းတို့ ပြုလုပ်ပေးရုံလောက်နဲ့ အကောင်းပကတိပြန်ရနိုင်ပါမယ်။

👌ရေlevel နည်းလို့ဖြတ်မောင်းတော့မယ်ဆိုရင်လဲ
Electronic devices (Lighting,AC, Audio,TV)စည်တို့ကိုအရင်ပိတ်ပါ ၊မလိုလားအပ်တဲ့ Short circuit တွေကိုကာကွယ်ပြီးသားဖြစ်မှာပါ ။
👌မိမိကား Steering System က Hydraulic Power Steering System လား Electronic power steering system လား နားလည်တတ်ကြွမ်းတဲ့သူကိုမေးမြန်းထားပါ။Electronic Power Steering System (EPS) ဆိုပါက ရေနည်းနေရင်တောင်ရှောင်သင့်ပါတယ်။
👌EV နဲ့ Hybrid ကားတွေဆိုရင်တော့ အထူးသတိထားရှောင်သင့်ပါတယ်။

🙏ဘေးအန္တရယ်‌အပေါင်းမှကင်းဝေးကြပါစေ🙏

KAUNG THIT Auto Service
Tapin Shwe Htee Road,North Dagon Township,Yangon.

Dear Admin and Coustmers
28/08/2024

Dear Admin and Coustmers

ချစ်သော Customers များရဲ့ ယုံကြည်စွာ အားပေးမှုအတွက် အကောင်းဆုံး Systematic ပြုပြင်မှု နဲ့ အသက်သာဆုံးကုန်ကျစရိတ်ဖြစ်အောင်...
28/08/2024

ချစ်သော Customers များရဲ့ ယုံကြည်စွာ အားပေးမှုအတွက် အကောင်းဆုံး Systematic ပြုပြင်မှု နဲ့ အသက်သာဆုံးကုန်ကျစရိတ်ဖြစ်အောင် Europe ကား Japan ကား Korea ကား မှ China ကားများအထိ အကောင်းဆုံးဝန်ဆောင်မှုပေးနေပါပြီ။

❤️❤️ Mini လေးတွေ အတွက် အကောင်းဆုံးဝန်ဆောင်မှုနဲ့ အလုပ်များနေသော Happy Week ဖြစ်ပါတယ်❤️❤️

Aircon Gas ဆိုတာမျိုးက ပြန်ဖြည့်သုံးဖို့အမှန်တကယ်လိုအပ်ရဲ့လား ???လူကြီးကြီးမင်းတို့ ကား Aircon လို့သိကြတဲ့ HVAC (Heating...
17/08/2024

Aircon Gas ဆိုတာမျိုးက ပြန်ဖြည့်သုံးဖို့အမှန်တကယ်လိုအပ်ရဲ့လား ???

လူကြီးကြီးမင်းတို့ ကား Aircon လို့သိကြတဲ့ HVAC (Heating, Ventilation, and Air Conditioning) ဆိုတဲ့ system မှာ မကုန်သင့်တာလေးတွေ saving လုပ်နိုင်ဖို့အတွက် သိထားသင့်တာလေးကိုမျှဝေချင်ပါတယ်။

တိုတိုနဲ့လိုရင်းပြောရမယ်ဆိုရင်တော့
Car Aircon Gas လျော့နည်းလာရင်(သို့)ကုန်ခန်းသွားလျှင် Pressure sensor ကသိရှိသတင်းပေးပို့ပြီး Compressor မပျက်စီးရအောင် System က Cutoff လုပ်ပေးထားမှာဖြစ်တာကြောင့် Blower Fan ကထွက်လာမယ့် ရိုးရိုးလေသာရရှိမှာဖြစ်ပါတယ်။

အဲ့ဒီဖြစ်စဉ်မှာ customers တော်တော်များများနားလည်ထားကြတာက Gas ပြန်ဖြည့်လိုက်ရင်အေးသွားမယ်ပေါ့ ။ဒါဆိုရင် Gas က AC အဖွင့်များလို့ ကုန်သွားတာလားမေးစရာရှိပါတယ်။

😂မဟုတ်ပါဘူးဗျ😂
System လည်ပတ်ပုံက ဒီလိုပါ ...

Aircon System ရဲ့ circulation က

Compressor ကတွန်းပို့ပေးလိုက်တဲ့ Gas တွေကို
Condenser (အပူကွိုင်) -Receiver Drier(အငွေ့စစ်)-expension Valve -Evaporator(အအေးကွိုင်)
တို့က
Gas state > Liquid state > Vapour state တို့ကို အဆင့်ဆင့်ပြောင်းလဲပေးပြီး Calculate လုပ်ပေးနေတာပဲဖြစ်ပါတယ်။

Gas leakage(ယိုစိမ့်မှု) ရှိနေလို့သာ လျော့နည်း(သို့)ကုန်ခန်းသွားခြင်းသာဖြစ်ပြီး
Gas ကိုသုံးလို့ကုန်သွားတာမျိုးမဟုတ်ပါဘူး။

အဲ့ဒါကြောင့်မို့ Gas လျော့နည်း(သို့) ကုန်ခန်းသွားပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ service မှာ systematic Gas ယိုစိမ့်မှုကိုရှာဖွေပြုပြင်ခြင်းပြုလုပ်ပြီး Gas ဖြည့်သုံးပြီး ကုန်သွားမယ့် ပိုက်ဆံတွေကို Saving လုပ်နိုင်ဖို့ အတွက် အကြံပေးပါရစေ။

KAUNG THIT Car Auto Service
No(250),Tapin Shwe Htee Road(Corner of Tapin Shwe Htee Road and U Ba Cho Street), Quarter (35), North Dragon Township,Yangon.
09 897 059 945 ,09 781 795 777

https://maps.app.goo.gl/c35HNKVFHfEP5yBLA

Dear Coustmers,Get a chance for Opening Promotion  KAUNG THIT Car Auto Service No.(250),Tapin Shwe Htee Road(Conor of Ta...
17/08/2024

Dear Coustmers,
Get a chance for Opening Promotion

KAUNG THIT Car Auto Service

No.(250),Tapin Shwe Htee Road(Conor of Tapin Shwe Htee Road and U Ba Cho Street,Quarter(35), North Dagon Township,Yangon.

Location @ :

https://maps.app.goo.gl/uHWRmTb8JiLpGJQr5

09 897 059 945 ,09 781 795 777

16/08/2024

The good life is one inspire by love and guided by knowledge.

Address

No. 250, Tapin Shwe Htee Main Road(Conor Of Tapin Shwe Htee Road And U Ba Cho St), Quarter (35), North Dragon Township
Yangon
111111

Telephone

+959894495445

Website

Alerts

Be the first to know and let us send you an email when KAUNG THIT Car Auto Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KAUNG THIT Car Auto Service:

Share