24/09/2026
ဘရိတ် စနစ်တင် ကောင်းရုံနဲ့ ကားတစ်စီးက ချက်ချင်း ရပ်တန့်မသွားပါဘူး🛑🛑။
တကယ်တော့ ဘရိတ်အုပ်လိုက်တဲ့အခါ ကားကို အန္တရာယ်ကင်းကင်း ရပ်တန့်ပေးတာဟာ "တာယာရဲ့ ဆုပ်ကိုင်အား (𝐓𝐫𝐚𝐜𝐭𝐢𝐨𝐧)" ပဲ ဖြစ်ပါတယ်။
တာယာ အခြေအနေပေါ် မူတည်ပြီး ဘရိတ်အုပ်လိုက်ချိန် ရပ်တန့်မှု ကွာခြားချက် (𝐁𝐫𝐚𝐤𝐢𝐧𝐠 𝐃𝐢𝐬𝐭𝐚𝐧𝐜𝐞) တွေ ဘယ်လောက်တောင် အရေးကြီးလဲဆိုတာ မျှဝေပေးလိုက်ပါရစေခင်ဗျာ။
🚨 တာယာအခြေအနေအလိုက် ရပ်တန့်မှု ကွာခြားချက်များ
🛞 တာယာအသစ်
ဘရိတ်နင်းလိုက်တာနဲ့ တာယာ 𝐓𝐫𝐞𝐚𝐝 တွေက လမ်းမကို အပြည့်အဝ ဆုပ်ကိုင်ပေးလို့ ကားက သတ်မှတ်ထားတဲ့ အနီးဆုံး အကွာအဝေးအတွင်းမှာ အန္တရာယ်ကင်းစွာ ရပ်တန့်သွားပါတယ်။
📉 တာယာ 𝐓𝐫𝐞𝐚𝐝 ပါးခြင်း / အိုမင်းနေသောတာယာ ဖြစ်နေခြင်း
တာယာ 𝐓𝐫𝐞𝐚𝐝 ပါးသွားတဲ့အခါ လမ်းဆုပ်ကိုင်အား ၅၀% ထက်မက လျော့ကျသွားပါတယ်။ ဘရိတ်နင်းပေမဲ့ တာယာက လမ်းပေါ်မှာ လျှောဆွဲသွားပြီး ရပ်တန့်မှု အကွာအဝေးက ပုံမှန်ထက် မီတာ (၁၀) မှ (၂၀) အထိ ပိုမို ဝေးကွာသွားတတ်ပါတယ်။
🌧️ မိုးတွင်း လမ်းစိုပေါ်တွင် ဘရိတ်အုပ်ခြင်း
မိုးတွင်းမှာ တာယာ 𝐓𝐫𝐞𝐚𝐝 ပါးရင် ရေကို မထုတ်နိုင်တော့ဘဲ ဘရိတ်နင်းချိန်မှာ ကားက ရေပေါ်လွင့်ပြီး ဘရိတ် လုံးဝ မမိဘဲ အဝေးကြီး လျှောဆင်းသွားတာမျိုး ကြုံရတတ်ပါတယ်။
ဘရိတ်အကွာအဝေး တိုတောင်းပြီး ဘေးကင်းအောင် ဘာလုပ်ရမလဲ ❓
📏 တာယာ 𝐓𝐫𝐞𝐚𝐝 အနက်ကို ပုံမှန်စစ်ပါ
တာယာ 𝐓𝐫𝐞𝐚𝐝 အနက် ၃ 𝐦𝐦 အောက် လျှော့နည်းလာရင် ဘရိတ်မိအား စတင်ကျဆင်းလာပြီဖြစ်လို့ အသစ်လဲလှယ်ဖို့ ပြင်ဆင်ပါ။
💨 တာယာလေဖိအား မှန်ပါစေ
လေဖိအား နည်းလွန်းရင် သို့မဟုတ် များလွန်းရင် တာယာနဲ့ လမ်းမ ထိတွေ့မှုဧရိယာ မမှန်ကန်ဘဲ ဘရိတ်အုပ်ရတာ အားမရ ဖြစ်တတ်ပါတယ်။
🛞 𝐖𝐞𝐭 𝐁𝐫𝐚𝐤𝐢𝐧𝐠 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 ကောင်းသော တာယာကို ရွေးပါ
တာယာဝယ်ယူတဲ့အခါ ဘရိတ်မိအားကောင်းမွန်တဲ့ 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐒𝐢𝐥𝐢𝐜𝐚 𝐂𝐨𝐦𝐩𝐨𝐮𝐧𝐝 နည်းပညာပါဝင်တဲ့ တာယာတွေကို ရွေးချယ်သင့်ပါတယ်။
တာယာအသစ်ဝယ်လိုတာပဲ ဖြစ်ဖြစ်၊ တာယာနဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးတွေကို ဆွေးနွေးချင်တယ်ဆိုရင် ကျွန်တော်တို့ 𝐃𝐢𝐫𝐞𝐜𝐭𝐢𝐨𝐧 ကို ဆက်သွယ်လိုက်ပါခင်ဗျာ🙏🙏။
လိပ်စာ - အမှတ် ( ၆ ) ၊ သစ္စာလမ်းမကြီး ၊ ၉ ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ။
( ဗဟိုဈေးကားမှတ်တိုင်နှင့် ပုဏ္ဏမီကားမှတ်တိုင်ကြား )
ဝေဇယန္တာလမ်း နှင့် သစ္စာလမ်းမီးပွိုင့်အနီး
ဆက်သွယ်ရန် - 𝟎𝟗 𝟐𝟔𝟔 𝟔𝟔𝟒 𝟒𝟒𝟏 / 𝟎𝟗 𝟐𝟔𝟔 𝟔𝟔𝟒 𝟒𝟒𝟐
#𝐃𝐢𝐫𝐞𝐜𝐭𝐢𝐨𝐧𝐓𝐲𝐫𝐞
#𝐁𝐫𝐚𝐤𝐢𝐧𝐠𝐃𝐢𝐬𝐭𝐚𝐧𝐜𝐞
#𝐓𝐲𝐫𝐞𝐒𝐚𝐟𝐞𝐭𝐲
#𝐓𝐢𝐫𝐞𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞
#𝐃𝐢𝐫𝐞𝐜𝐭𝐢𝐨𝐧𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞