Kyaw Auto Mechanic Center

Kyaw Auto Mechanic Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaw Auto Mechanic Center, No. 393, (Za) Quarter, Maydarwi Road, North Okkalapa Township, Yangon.

Kyaw Auto Mechanic ရဲ့Customer များအားလုံး စိတ်ချမ်သာကိုယ် ချမ်းသာရှိကြပါစေ လို့ ဆုတောင်း ပေးပါတယ်။အခု မိုးရာသီ အထူးအစီစ...
29/05/2021

Kyaw Auto Mechanic ရဲ့Customer များအားလုံး စိတ်ချမ်သာကိုယ် ချမ်းသာရှိကြပါစေ လို့ ဆုတောင်း ပေးပါတယ်။

အခု မိုးရာသီ အထူးအစီစဉ် အနေနဲ့

Formula အင်ဂျင်ဝိုင် 4L ရယ် Senica အင်ဂျင်ဝိုင် Filter ကို ၂၀၀၀၀ နဲ့လက်ခအပြီးအစီး လဲပေး နေပြီ။

ကိုယ့် အသိမိတ်ဆွေတွေကို လဲ Share လေးလုပ်ပြီးတော့ သတင်းပေးလိုက်ကြပါအုံး။

21/02/2021
“ ့်မြင့်ကား၀ပ်ရှော့”မှ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အရေးပေါ် Ambulance Car များနှင့် ပရဟိတယာဉ် များအား အောက်တိုဘာ ၁၄ ...
14/10/2020

“ ့်မြင့်ကား၀ပ်ရှော့”မှ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အရေးပေါ် Ambulance Car များနှင့် ပရဟိတယာဉ် များအား အောက်တိုဘာ ၁၄ ရက် နေ့မှ စ၍ Engine oil, Engine oil filter, Gear oil များကို ပစ္စည်းဖိုး လက်ခမဲ့ Service free ဖြင့်လဲလှယ်ကုသိုလ်ပြုပေးမည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

07/10/2018
14/08/2018

Engine Control Systems
အင်ဂျင်ကို ထိန်းချုပ်ဖို့အတွက် စနစ်ပေါင်းများစွာရှိပါတယ်။

ပထမဆုံးတင်ပြချင်တဲ့ Engine Control System ကတော့ Air Induction System ပါ။ ဒီစနစ်ဟာ လေစစ် Air Cleaner ကစတင်တယ်။ လေစစ်ကိုဖြတ်ပြီးဝင်လာတဲ့ လေတွေကို Mass Air Flow Sensor / Air Flow Meter ကတိုင်းတာတယ်။ ၀င်လာတဲ့ လေထုပမာဏကို Throttle Valve နဲ့ ထိန်းချုပ်တယ်။ Throttle Valve ဆိုတာကတော့ ယာဉ်မောင်းတွေ ကားအရှိန်တင်ရင် နင်းမယ့် Acceleration Pedal (လီဗာ) နဲ့ ချိတ်ထားတဲ့အရာဖြစ်ပါတယ်။ လီဗာ မနင်းခင် ကားစက်နှိုးတဲ့အချိန်လေ၀င်ဖို့အတွက် Idle Air Control Valve တစ်ခုထည့်ပေးထားတယ်။ ဒီ Valve က Throttle Valve ကို By pass ဖြတ်ပြီး အင်ဂျင်ထဲဝင်ပါတယ်။ Acoustic Control Induction System (ACIS) ဆိုတာကတော့ နာမည်ကြီး Air Induction System တစ်ခုဖြစ်ပါတယ်။ VVT-i နဲ့ တွဲဖက်ပြီး ဒီစနစ်က အင်ဂျင်ပါဝါ အကောင်းဆုံးရရှိဖို့ လုပ်ဆောင်ပါတယ်။

ဒုတိယတင်ပြချင်တဲ့ စနစ်ကတော့ Fuel Control System ပါ။ ကားအခြေအနေအမျိုးမျိုးမှာ အင်ဂျင်ထဲ သင့်တော်တဲ့ ဆီပမာဏရောက်ရှိဖို့ သိပ်အရေးကြီးပါတယ်။ ဆီနည်းလို့လည်းမရသလို ဆီများသွားလို့လည်း အဆင်မပြေဘူးလေ။ ဒီတော့ Air/Fuel Ratio ဖြစ်တဲ့ ၁၄ အချိုး ၁ ရရှိဖို့ အတတ်နိုင်ဆုံး ထိန်းချုပ်ရပါတယ်။ ဒီလိုထိန်းချုပ်ဖို့အတွက် လိုအပ်တဲ့ Sensors တွေနဲ့ အချက်အလက်တွေက..
အင်ဂျင်အပူချိန် (Engine Coolant Temperature) ၊ လေပမာဏ (Intake Air Volume) ၊ အင်ဂျင်လည်ပတ်နှုန်း (Engine RPM) ၊ Exhaust ထဲရှိ အောက်ဆီဂျင်ပမာဏ (Exhaust Oxygen amount) ၊ Camshaft Position ၊ Crankshaft Position နဲ့ Throttle Valve Position စသည်တို့ပဲဖြစ်ပါတယ်။

ဒီအချက်အလက်တွေက Engine Control Module (ECM) ဆီကို ရောက်ရှိပြီး သင့်တော်တဲ့ ဆီပမာဏကို ECM ကတွက်ချက်ပါတယ်။ တွက်ချက်ထားတဲ့အတိုင်း Fuel Injector တွေဆီကို Signal ပေးပို့ပြီး အင်ဂျင်ထဲသို့ ဆီဖြန့်ဝေပါတယ်။ ဆီပမာဏကို Fuel Injector ပွင့်မယ့် အချိန်ပမာဏနဲ့ ထိန်းချုပ်ပါတယ်။ Fuel Timing ကိုတော့ Ignition Timing ကိုတွက်ချက်သလိုပဲ ECM ကနေတွက်ချက်ပါတယ်။

တတိယမြောက်အနေနဲ့ ဖော်ပြပေးချင်တာက ဓာတ်ဆီကားတွေအတွက် Ignition System ပါ။ ဟိုးအရင်တုန်းက Distributor တွေ Transistor တွေနဲ့ လည်ပတ်ခဲ့တဲ့ Ignition System ဟာ အခုဆို Direct Ignition System (ပလပ်တစ်လုံး ကွိုင်တစ်လုံး) အနေအထားကို တိုးတက်ရောက်ရှိသွားပါပြီ။ သို့ပေမယ့် Ignition System ရဲ့ သဘောတရားတွေကတော့ မပြောင်းလဲပါဘူး။ Igniter ရှိမယ်၊ ထိုမှတဆင့် Primary Coil နဲ့ Secondary Coil တွေဆီကိုရောက်မယ်၊ ထိုမှတဆင့် Spark Plug ဆီရောက်မယ်။ IGT Signal တွေကို ECM ကနေ လွှင့်ထုတ်ပေးတယ်။ ပလပ်တစ်လုံးအတွက် IGT Signal တစ်ခုပေါ့။ ပလပ်တွေ မီးခုတ် မခုတ်ကို IGF Signal တွေကနေတဆင့် ECM က စစ်ဆေးတယ်။

တိုးတက်လာတဲ့ Direct Ignition System ရဲ့ အားသာချက်တွေက အရင့်အရင် စနစ်တွေထက် ပိုပြီးယုံကြည်စိတ်ချရပြီး Cylinder Misfire ဖြစ်မယ့်ရန်က ကာကွယ်နိုင်ခြင်းပဲဖြစ်ပါတယ်။

နောက်ထပ်ဖော်ပြပေးမယ့် စနစ်ကတော့ Exhaust System ပါ။ ဒီစနစ်က အင်ဂျင်ကထွက်လာတဲ့ Exhaust ငွေ့တွေ လေထုထဲထုတ်လွှတ်ဖို့ သန့်စင်ခြင်းရှိမရှိစစ်ဆေးတဲ့စနစ်ပါ။ တိုးတက်တဲ့ တိုင်းပြည်တွေမှာဆို Exhaust ငွေ့မသန့်တဲ့ မော်တော်ယာဉ်ကို သက်တမ်းမတိုးပေးပါဘူး။ နောက်ပြီး ဒီဇယ်ကားတွေဆို Euro IV Standard နဲ့ မညီရင် လမ်းပေါ်မှာ မောင်းနှင်ခွင့်မရှိပါဘူး။ ဒါကြောင့် Exhaust System ဟာ သိပ်ကို အရေးကြီးပါတယ်။

ကားထုတ်တဲ့ ကုမ္ပဏီတွေကလည်း သူတို့ထုတ်တဲ့ ကားတွေဟာ ကားအင်ဂျင်ကထွက်တဲ့ Exhaust တွေ သိပ်သန့်ရှင်းကြောင်း ကြော်ငြာပြီး ရောင်းချကြပါတယ်။ ဒီစနစ်မှာ Catalytic Converter နဲ့ Exhaust Gas Recirculation System တွေ အဓိကပါဝင်ပါတယ်။
အားလုံးသိတဲ့အတိုင်း Catalytic Converter ဟာ Hydrocarbon ကို ရေအဖြစ်၊ Carbon Monoxide ကို Carbon Dioxide နဲ့ ရေအဖြစ်၊ Nitric Oxides တွေကို နိုက်ထရိုဂျင်အဖြစ် ပြောင်းလဲပေးတဲ့ ကိရိယာတစ်ခုပါ။

Catalytic Converter ကို ဖောက်ပစ်လိုက်တာနဲ့ လေထုထဲကို ကင်ဆာဖြစ်စေမယ့် ဓာတ်ငွေ့တွေ ထုတ်ပေးလိုက်တာနဲ့ တူတူပါပဲ။ Exhaust Gas Recirculation System ကတော့ အပြည့်အ၀ မပေါက်ကွဲသေးတဲ့ Exhaust တွေကို အင်ဂျင်ထဲပြန်ထည့်ပြီး လောင်ကျွမ်းစေတာဖြစ်ပါတယ်။ ဒီစနစ်က Nitric Oxides တွေ လျော့ကျအောင် ကူညီပေးပါတယ်။

နောက်စနစ်တစ်ခုကတော့ Dual VVT-i ပါ။ Dual VVT-i ဆိုတာ VVT-i ကို Intake Camshaft နဲ့ Exhaust Camshaft ၂ ခုလုံးမှာတပ်ဆင်ထားတဲ့ စနစ်ဖြစ်ပါတယ်။ ကားရဲ့ အရှိန်၊ လီဗာနင်းတဲ့ ပမာဏ၊ ကုန်းတက်ကုန်းဆင်းအနေအထား စတာတွေပေါ်အခြေခံတွက်ချက်ပြီး Intake Valve နဲ့ Exhaust Valve တွေရဲ့ အဖွင့်အပိတ်အချိန်တွေကို ပြောင်းလဲတဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကြောင့် ဆီစားသက်သာ စွမ်းဆောင်ရည်ပိုကောင်းတဲ့ အကျိုးကျေးဇူးကို ရရှိပါတယ်။

အရင်တုန်းက စက်မှုပုံစံထိန်းချုပ်ခဲ့တာတွေအားလုံးဟာ အခုချိန်မှာ လျှပ်စစ်ထိန်းချုပ်မှုတွေချည်းဖြစ်ကုန်ပါပြီ။ ဒါကြောင့် စနစ်တိုင်းရဲ့ အလုပ်လုပ်ပုံ၊ Sensors တွေရဲ့ အလုပ်လုပ်ပုံ၊ Actuators တွေရဲ့ အလုပ်လုပ်ပုံ သူတို့တွေရဲ့ ချိတ်ဆက်ပုံတွေကို နားလည်သဘောပေါက်မှသာ ကားပြင်တဲ့အခါ မြန်ဆန်စွာ ပြုပြင်နိုင်မှာဖြစ်ပါတယ်။

MV-TECH
Ensuring the best
Yangon: 09-456599991, 09-456599993
Mandalay: 09-456599992

28/01/2018

Plug မကောင်းတဲ့အတွက် အင်ဂျင်ပေါက်ကွဲချက် မမှန်ဘဲ ဆီစားများစေနိုင်ပါတယ်။ ဒါဟာ စွမ်းအင် ထွက်ရှိမှု မမှန်တာကြောင...

19/01/2018
07/11/2017

Hybrid Synergy Drive !!!!
၁၉၉၇ ခုနှစ်ကတည်းကစတင်ပြီး ဆီစားသက်သာပြီး မောင်းနှင်စီးနင်းလို့ အရမ်းကောင်းတဲ့ Hybrid ကားတွေကြောင့် ယာဉ်ပိုင်ရှင်တွေ သိပ်ပျော်ခဲ့ကြရတယ်။ အခုဆို Honda Fit Hybrid လိုမျိုး ကားသေး၊ Toyota Prius လိုမျိုး မိသားစုစီးကားလတ်အပြင် ခရီးဝေးကို သက်တောင့်သက်သာမောင်းနှင်နိုင်တဲ့ Hybrid ကားမျိုးစုံမြန်မာပြည်မှာ ရောက်ရှိနေကြပါပြီ။

ကြုံတုန်းလေး Hybrid System ၃ ခုအကြောင်းကိုလည်းထည့်သွင်းဖော်ပြပေးချင်ပါတယ်။

ပထမဆုံးတစ်ခုကတော့ Hybrid Synergy Drive (Full Hybrid) ပဲဖြစ်ပါတယ်။ Hybrid Car ဆိုတာ Power Source ၂ ခုရှိတဲ့ ကားတိုင်းကိုဆိုလိုပါတယ်။ Internal Combustion Engine နဲ့ Hybrid Battery နဲ့မောင်းနှင်တဲ့ Electric Motor ဆိုတဲ့ Power Source ၂ ခုကိုအသုံးပြုပြီး ကားမောင်းနှင်လို့ရတယ်။ ဒီ ၂ ခုကို တွဲသုံးလို့ရသလို သတ်သတ်စီခွဲသုံးလို့လည်းရတယ်။ Toyota ကထုတ်လုပ်တဲ့ Hybrid Synergy Drive စနစ်ကတော့ Hybrid စနစ်တွေထဲမှာ အကောင်းဆုံး စနစ်တစ်ခုဖြစ်ပြီး ဒီစနစ်တပ်ဆင်ထားတဲ့ Toyota Prius ကားတွေဟာ ကမ္ဘာတ၀န်း အစီးရေ ၇ သန်းကျော်ရောင်းချခဲ့ပြီးပါပြီ။ ဒီစနစ်ကို Full Hybrid System လို့လည်း ခေါ်ဝေါ်လေ့ရှိကြတယ်။

နောက်တစ်ခုကတော့ Parallel Hybrid အမျိုးအစားပါ။ ဒီစနစ်မှာ အင်ဂျင်ကို အဓိက Power Source အနေနဲ့အသုံးပြုပြီး Electric Motor ကိုတော့ ဖြည့်စွက်ပါဝါအနေနဲ့ အသုံးပြုတယ်။ အင်ဂျင်နဲ့ ဂီယာဘောက်စ်ကြားမှာ တပ်ဆင်ထားတဲ့ Electric Motor က တပိုင်းတစလောက်သာ စွမ်းရည်ထုတ်ပေးလို့ ဆီစားသက်သာမှုက Full Hybrid လောက်မသိသာဘူးပေါ့။

နောက်ထပ်တစ်ခုကတော့ Series Hybrid ဖြစ်ပြီး ဒီစနစ်ကတော့ သိပ်မတွေ့ရဘူး။ Series Hybrid ရဲ့ အဓိကပြဿနာက အင်ဂျင်ကို ဂီယာဘောက်စ်နဲ့မချိတ်ထားဘူး။ Electric Motor က အဓိက Power Source အနေနဲ့ အလုပ်လုပ်ပြီး အင်ဂျင်ကတော့ ဒီ Electric Motor ကိုလည်ဖို့ လျှပ်စစ်ထုတ်ပေးနေတဲ့ Hybrid Battery ကို အားသွင်းဖို့အတွက်သာ အသုံးပြုတယ်။ Hybrid အမျိုးအစား ၃ ခုထဲမှာ စွမ်းဆောင်ရည် အညံ့ဆုံးဖြစ်တယ်။

လူကြိုက်များတဲ့ Hybrid Synergy Drive မှာတော့ အစိတ်အပိုင်း ၆ ခုပါဝင်တယ်။ ၁၊ ဓာတ်ဆီအင်ဂျင် ၂၊ Electric Motor ၃၊ Electric Generator ၄၊ Power Control Unit ၅၊ Power Split Device ၆၊ Hybrid Battery စသည်တို့ပဲဖြစ်ပါတယ်။ အင်ဂျင်ပါဝါနဲ့ လျှပ်စစ်ပါဝါ ၂ ခုကို ဟန်ချက်ညီညီ ထိန်းကျောင်းပေးတဲ့ ဒီ Hybrid Synergy Drive စနစ်ကတော့ လမ်းအနေအထား မျိုးစုံမှာ သင့်တော်တဲ့ Power Source ကို ယူသုံးနိုင်စွမ်းရှိတယ်။ ဒါကြောင့် ဆီစားအရမ်းသက်သာသလို မောင်းနှင်ရတာ အရမ်း Smart ကျတယ်။
အင်ဂျင်မောင်းနှင်နေစဉ်မှာ Electric Generator က Hybrid Battery ကိုအားသွင်းပေးတယ်။ တကယ်လို့ ကားကို ဖြည်းဖြည်းလေးမောင်းနေရင် Generator က အင်ဂျင်ကိုရပ်လိုက်ပြီး Motor တစ်ခုတည်းနဲ့ ကားကိုမောင်းနှင်ပေးတယ်။ ဒါကြောင့် ဒီအခြေအနေမှာ ဆီစားသက်သာသွားသလို Emission မထွက်တော့ဘူး။ ခေတ်မီတဲ့ Engine Management System က ကားရပ်နေတာကို Sense လုပ်နိုင်ပြီး ဒီအခြေအနေမှာ အင်ဂျင်ကို ရပ်ထားလိုက်တယ်။ တကယ်လို့ ဘက်ထရီအားနည်းသွားရင်သော်လည်းကောင်း၊ ကားကို အရှိန်မြင့်ချင်ရင်သော်လည်းကောင်း Engine Management System က အင်ဂျင်ကို ပြန်မောင်းပေးတယ်။

Hybrid Battery ကိုကျတော့ ပုံစံ ၂ မျိုးနဲ့အားသွင်းပေးတယ်။ ပထမတစ်နည်းက အင်ဂျင်မောင်းနှင်ပြီး Generator ကနေတဆင့် အားသွင်းတဲ့ပုံစံ၊ နောက်တစ်နည်းကတော့ Regenerative Braking ဆိုတဲ့ စနစ်ကို သုံးတယ်။ ဘရိတ်ခြေနင်းကို နင်းတဲ့အချိန်တိုင်း၊ လီဗာလွှတ်လိုက်တဲ့အချိန်တိုင်းမှာ ပါဝါတွေကို Hybrid Battery ဆီကူးပြောင်းပေးပြီး အားသွင်းပေးတယ်။ တနည်းအားဖြင့် ပါဝါတွေကို Recycle လုပ်တဲ့သဘောပေါ့။ ကားရပ်လိုက်မောင်းလိုက်လုပ်ရတဲ့ ကားကျပ်တဲ့အချိန်တွေမှာ ဒီ Regenerative Braking က ဆီစားပိုသက်သာသွားစေတယ်။

မိမိရဲ့ Hybrid စနစ်အလုပ်လုပ်တဲ့အချိန်ကိုသိချင်ရင် အင်ဂျင်စက်သံကို နားစွင့်လို့ရတယ်။ စက်သံမကြားရတော့ရင် ဒါဟာ Hybrid Battery နဲ့ Motor ကနေတဆင့်ကားကို မောင်းနေတာပဲဖြစ်တယ်။ ဒိုင်ခွက်ထဲမှာလည်း အင်ဂျင်ကိုသုံးနေလား ဘက်ထရီကို သုံးနေလားဆိုတာကို ဖော်ပြပေးတတ်တယ်။

Hybrid Battery တွေရဲ့ သက်တမ်းကတော့ အမျိုးမျိုးကွဲပြားတယ်။ Toyota ကတော့ သူ့ရဲ့ Hybrid Battery တွေကို ၁၁ နှစ်သက်တမ်းအထိ Warranty ပေးထားတယ်။ မိုင်ကန့်သတ်ချက်လုံးဝမရှိဘူး။
Hybrid Car တွေမှာ အသုံးပြုတဲ့ ဓာတ်ဆီအင်ဂျင်က တခြားကားတွေမှာသုံးတဲ့ အင်ဂျင်တွေနဲ့ လုံးဝမတူဘူး။ မော်တော်ကားအများစုမှာသုံးတဲ့ ဓာတ်ဆီအင်ဂျင်တွေက Otto Cycle ကိုအခြေခံထားတဲ့ ဓာတ်ဆီအင်ဂျင်တွေ။ Hybrid ကားတွေမှာသုံးတဲ့ ဓာတ်ဆီအင်ဂျင်တွေကျတော့ Atkinson Cycle ကိုအခြေခံထားတဲ့ ဓာတ်ဆီအင်ဂျင်တွေကိုပဲ အသုံးများတယ်။

Hybrid အကြောင်းကို အသေးစိတ်လေ့လာချင်ရင်တော့ Google ထဲမှာ Hybrid Synergy Drive ဆိုပြီးရှာကြည့်လို့လည်းရသလို YouTube မှာလည်း Hybrid နဲ့ပတ်သက်တဲ့ ဗီဒီယိုဖိုင်တွေအများကြီးတွေ့ရမှာပါ။
ကျေးဇူးတင်ပါတယ်။

MV-TECH
Ensuring the best
Yangon: 09-456599991, 09-456599993
Mandalay: 09-456599992

05/11/2017
22/10/2017

Hybrid ကားအကြောင်း😁😁
Hybrid ကားတွေ ရန်ကုန်မှာ ခုဆို အတော်လေးများနေပြီလို့ထင်ပါတယ်။ ပြင်ဆင်မှုတွေ၊ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုတွေလည်း အတော်အသင့်လုပ်လေ့ရှိပြီပေါ့။ ဒီပို့စ်မှာတော့ Hybrid ကားတစ်စီးကို ဘယ်လိုပြုပြင်စစ်ဆေးသင့်တယ်ဆိုတဲ့ အချက်တချို့ကို ဖော်ပြပေးချင်ပါတယ်။
👉👉👉Precautions
Hybrid ကားတွေ ပြုပြင်တဲ့အခါ သာမန်ကားတွေနဲ့ မတူပါဘူး။ သတိထားစရာတွေအများကြီးရှိပါတယ်။ Hybrid စနစ်မှာ အသုံးပြုတဲ့ လျှပ်စစ်ပမာဏဟာ 201 Direct Current Volt တွေများပါတယ်။ ဒီဗို့အားဟာ လူတစ်ယောက်ရဲ့ နှလုံးကို ၁ စက္ကန့်အတွင်းလုံးဝရပ်တန့်သွားစေနိုင်ပါတယ်။ ဆိုလိုတာက Hybrid ကားပြင်ရင်းဓာတ်လိုက်ရင် တခါတည်း ပွဲချင်းပြီး သေတတ်တယ်ပေါ့နော်။ ဒါကြောင့် မပေါ့ဖို့တော့လိုပါတယ်။ ဗို့အားမြင့်ကြိုးတွေကို လိမ္မော်ရောင် (သို့) ထင်ရှားတဲ့ အရောင်တစ်ခုခုသုတ်ထားတတ်တယ်။ ဒီကြိုးတွေကို တတ်နိုင်သမျှ မထိမိစေနဲ့ပေါ့။ ဘာမှ မဖြုတ်ခင် မတပ်ခင်မှာ ကားပေါ်မှာ လူအများမြင်နိုင်ဖို့ “သတိ ဓာတ်လိုက်တတ်သည်” ဆိုတာမျိုး တင်ထားပေးသင့်တယ်။

👉👉👉Hybrid ကားကိုပြုပြင်တော့မယ်ဆိုရင် လိုအပ်တဲ့ အကာအကွယ်ပစ္စည်းတွေဆောင်ထားသင့်တယ်။ လက်အိတ်၊ Safety Shoe ၊ Insulated လုပ်ထားတဲ့ ဂွင်းဂွ စတဲ့ ပစ္စည်းတွေလိုအပ်တယ်။ တကယ်လို့ Insulated ဂွင်းဂွ ရှာမရရင် သုံးနေကျ ဂွင်းဂွကို တိပ်ပတ်ပြီး သုံးလည်း ရပါတယ်။ Hybrid ကားထုတ်လုပ်တဲ့ ကားကုမ္ပဏီတွေရဲ့ လမ်းညွှန်ချက်အရ လက်အိတ်ကတော့ မရှိမဖြစ်လိုအပ်တယ်။
အကာအကွယ်ပစ္စည်းတွေကို ၀တ်ဆင်ပြီးရင် ပထမဆုံးလုပ်ရမှာက Service Plug Grip ကိုဖြုတ်ဖို့ပါ။ Hybrid Battery မှာပါတဲ့ Service Plug Grip ကိုဖြုတ်လိုက်ရင် Hybrid စနစ်က လျှပ်စစ်ဗို့အားကို ဖြတ်တောက်လိုက်တဲ့သဘောပါပဲ။ Service Plug Grip ဖြုတ်ပြီး ၁၀ မိနစ်လောက်စောင့်ပါ။ ပြီးရင် ကားစက်ခန်းထဲက High Voltage Capacitor ကို Multimeter နဲ့တိုင်းကြည့်ပါ။ Zero Volt မပြမချင်းစောင့်ပါ။ Zero ဖြစ်သွားမှသာ Hybrid စနစ်ကို ဆက်လက်ပြုပြင်သင့်ပါတယ်။

👉👉👉ပြုပြင်ခြင်း
Hybrid စနစ်ပြုပြင်ခြင်းဟာ ကားရဲ့ တခြားစနစ်တွေဖြစ်တဲ့ အင်ဂျင်၊ အောက်ပိုင်း၊ ဘရိတ် စတာတွေကို ပြုပြင်တာနဲ့ သိပ်တော့ ပိုပြီးထူးခြားမနေပါဘူး။ ထုံးစံအတိုင်းပဲ Diagnostic Tester (Scan Tool) တစ်ခုခုကို သုံးပြီး DTC ကုတ်တွေဖတ်မယ်၊ သင့်တော်တဲ့ Repair Manual (သို့) Trouble Shooting တွေအားကိုးပြီး အဆင့်ဆင့် ပြုပြင်မယ်ဆိုရင် ပြုပြင်လို့ရပါတယ်။ Hybrid စနစ်မှာ ပုံမှန်အားဖြင့် DTC ၃ မျိုးရှိတယ်။ ၁ Hybrid ECU ရဲ့ ပြဿနာ ၊ ၂ ဆင်ဆာ၊ ၀ါယာကြိုး၊ Actuator စတာတွေရဲ့ ပြဿနာ ၊ ၃ Hybrid စနစ်ရဲ့ အဓိကပြဿနာတွေဖြစ်တဲ့ ဗို့အားအလွန်နည်းခြင်း၊ ဗို့အားအလွန်များခြင်း၊ ပုံစံမမှန်တဲ့ လျှပ်စီး စီးဆင်းမှု၊ Motor Generator တွေရဲ့ အလုပ်လုပ်ပုံမှားယွင်းမှု စတဲ့ ပြဿနာတွေပဲဖြစ်ပါတယ်။ တခြား စနစ်တွေနဲ့ မတူတဲ့ အချက်က Hybrid ကားတွေမှာ တစ်ခုခုပြဿနာတက်ရင် DTC ကုဒ်တွေ အများကြီးပေါ်လာခြင်းပဲဖြစ်ပါတယ်။ ကုဒ်တွေများလွန်းလို့ ဘယ်ကစကိုင်ရမှန်းမသိဖြစ်တတ်ပါတယ်။ ပြဿနာဇစ်မြစ်ကို သိဖို့ ကုဒ်တွေအားလုံးကို တဆင့်ပြီးတဆင့် ခွဲထုတ်ဖို့လိုအပ်တယ်။

👉👉👉ဥပမာ - P0A78-279 Motor inverter overvoltage signal detection (overvoltage (inverter malfunction)) ရယ်၊ P0A94-548: Boost converter overvoltage signal detection (overvoltage due to an inverter assembly malfunction) ရယ် ၊ P0ADC-226: Open or short to +B in the SMRB circuit ရယ် ဆိုပြီး ကုဒ် ၃ ခုပေါ်တယ်ဆိုပါတော့။ ဒါတောင် တခြား အင်ဂျင်ကုဒ်တွေ၊ ဘရိတ်၊ အောက်ပိုင်း DTC ကုဒ်တွေ ပေါ်တာရှိသေးတယ်။ ချန်ထားခဲ့တာ။ ဒီ ကုဒ် ၃ ခုထဲက ဘယ်ဟာက အဓိက ကျသလဲ အဖြေရှာတတ်ဖို့လိုပါတယ်။ ဒီ ၃ ခုထဲမှာ Overvoltage ဖြစ်တာ ၂ ခုပါတယ်။ Motor inverter နဲ့ Boost converter ၂ခုမှာ ဗို့အားများနေတာ။ နောက်တစ်ခုကတော့ SMRB ဆားကစ်မှာ +B ငုတ်က ပြတ်နေတာလည်းဖြစ်နိုင်သလို၊ ရှော့ကျနေတာလည်း ဖြစ်နိုင်တယ်။ ဒီတော့ Overvoltage တွေဖြစ်လို့ ငုတ်မှာ ရှော့ဖြစ်တာလား (သို့) ကြိုးပြတ်တာလား၊ ငုတ်ရှော့ဖြစ်လို့ (သို့) ကြိုးပြတ်လို့ Overvoltage ဖြစ်တာလား စဉ်းစားရတော့မယ်။ (မှတ်ချက်။ လျှပ်စစ်အကြောင်းကိုသေချာနားလည်မှသာ အဖြေရှာနိုင်မှာဖြစ်တယ်နော်)

👉👉👉SMRB ဆိုတာ Hybrid ဘက်ထရီကို အားသွင်းတဲ့ ဆားကစ်ပါ။ ဒီဆားကစ်ကို ထိန်းချုပ်တဲ့ ကွိုင်ပြတ်သွားလို့ လျှပ်စစ်က ဘက်ထရီဆီမရောက်တော့ပဲ Inverter ဆီပြန်ရောက်လာတယ်။ ဒီတော့ Inverter ထဲမှာရှိတဲ့ Capacitor မှာ ဗို့အားတွေများလာပြီး Overvoltage ကုဒ်တွေထွက်လာရော။ ဒါကြောင့် အဓိကပြဿနာက SMRB Circuit မှာပဲဖြစ်ပါတယ်။

👉👉👉Hybrid ကုဒ်တွေမှာ P0ADC-226 ဆိုပြီး နောက်ဆက်တွဲနံပါတ်တွေရေးထားတတ်တယ်။ ဒါကတော့ P0ADC ကုဒ်မှာကိုပဲ ကုဒ်အခွဲတွေအများကြီးထပ်ရှိသေးတယ်ဆိုတဲ့ သဘောပါ။ P0ADC ကိုပဲသိလို့မရဘူး။ သူ့နောက်က ဂဏန်း ၃ လုံးကိုပါသိမှ တိတိကျကျပြုပြင်လို့ရမှာပါ။

👉👉👉များပြားလှတဲ့ ကုဒ်တွေကို စစ်ဆေးဖို့ Freeze Frame Data ဟာ သိပ်ကို အရေးကြီးလှပါတယ်။ Hybrid ကားတွေကို ပြုပြင်တော့မယ်ဆိုရင် Hybrid စနစ်ကို ပြုပြင်တော့မယ်ဆိုရင် FFD တွေသိမ်းထားဖို့ မမေ့ပါနဲ့။
နောက်ဆုံးအနေနဲ့ ဖော်ပြချင်တာကတော့ Hybrid စနစ်ရဲ့ ဗို့အားမြင့် စနစ်ကို ပြုပြင်မယ်ဆိုရင် ဖြုတ်ပြီးတဲ့ နပ်တွေကို ပြန်သုံးလို့မရပါဘူး။ အသစ်လဲလှယ်ပေးရပါမယ်။ ဒါကြောင့် အသစ်လဲလှယ်ဖို့ နပ်အပို အသစ် မရှိဘူးဆိုရင် အရင်ဆုံးကြိုဝယ်ထားပါ။ Hybrid စနစ်မှာသုံးထားတဲ့ နပ်တွေကို ဖြုတ်ပြီးခါမှ ပြန်တပ်ရင် အန္တရာယ်အလွန်ကြီးပါတယ်။

နောက်ပို့စ်တွေမှာ Hybrid စနစ်ရဲ့ အဓိကကျတဲ့ Problem လေးတွေကို တင်ပြပေးသွားပါအုံးမယ်။ ကျေးဇူးတင်ပါတယ်။

MV-TECH
Ensuring the best
Yangon: 09-456599991, 09-456599993
Mandalay: 09-456599992

11/10/2017

Address

Yangon

Telephone

+959777394332

Website

Alerts

Be the first to know and let us send you an email when Kyaw Auto Mechanic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share