New Auto Workshop

New Auto Workshop လူကြီးမင်းတို့ကားများအား diagnostic fault codes ?

Mitsubishi 4p 10
14/07/2025

Mitsubishi 4p 10

(Fuel trims)ဆီဖြတ်တောက်မှု့များသဘောတရားများနှင့် (ECU မှဆီအသုံးပြုမှု့များ) Short term  / Long term fuel trim ယနေ့ခေါတ်မ...
05/11/2021

(Fuel trims)ဆီဖြတ်တောက်မှု့များသဘောတရားများနှင့် (ECU မှဆီအသုံးပြုမှု့များ)
Short term / Long term fuel trim

ယနေ့ခေါတ်မော်ဒန်ကားဓါတ်ဆီအင်ဂျင်များတွင် အသုံးပြုနေသော ဆီနှင့်လေအရောအနှော မျှခြေ (stoichiometric)ကို ECUမှဘယ်လိုထိန်းချုပ်နေသလဲကို ယေဘူယျအားဖြင့် ဖော်ပြသွားမှာဖြစ်ပါတယ်။ ဆီနှင့်လေအရောအနှော (air / fuel mixture) ပြတ်တောက်မှု့အစီအစဥ်များသည် အင်ဂျင်၏အမြင့်ဆုံးစွမ်းဆောင်မှု့နှင့် တပြိုင်တည်း ဆီစားသက်သာမှု့ ၊ မီးခိုးထုတ်လုပ်မှု့ အနည်းဆုံးဖြစ်မှု့ကို ရရှိရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။
ဒီဆောင်းပါးမှာတော့ ကျွန်တော်တို့ဟာ ယေဘူယျအားဖြင့်(ဆီနှင့်လေအရောအနှော) ဆီဖြတ်တောက်မှု့အကြောင်းကို ဘာကြောင့်သိဖို့လိုအပ်သလဲ၊ ပြစ်ချက်ရှာဖွေမှု့(diagnostic aids)များတွင် အထောက်အကူပြုမှု့ စသည်တို့ကို ဖော်ပြသွားမှာဖြစ်ပါတယ်။
ဓါတ်ဆီအင်ဂျင်တလုံးလည်ပတ်မှု့တွင် ဆီနှင့်လေအရောအနှောမျှခြေအနေနဲ့ ဆီ (1)အချိုး တွင် လေ (14.7)အချိုး ပါဝင်နေပါတယ်။ သို့သော်ငြားလည်း ၎င်းဓါတ်ဆီအင်ဂျင်များတွင် ဆီအနည်းအများလိုအပ်ချက်များသည် ဝန်အားအနည်းအများပေါ်မူတည်နေသောကြောင့် ဆီနှင့်လေအရောအနှောသည်လည်း ဆီလိုအပ်ချက်ပေါ်မူတည်၍ ပြောင်းလဲနေပါတယ်။ ထို့ကြောင့်အရိုးရှင်းဆုံးအနေဖြင့်ဖော်ပြရလျှင် ဆီဖြတ်တောက်မှု့(Fuel trims) များကို အဆက်မပြတ်ထိန်းညှိနေသော ECU သည် ဆီဖြန့်ဝေမှု့နည်းဗျူဟာများ ချမှတ်ပြီး အင်ဂျင်လည်ပတ်မှု့ဖြစ်စဥ်များတွင် ဆီနှင့်လေအရောအနှော ( air / fuel mixture)ကို မျှ​ခြေ (stoichiometric)အနေအထား ဖြစ်အောင် အဖြစ်နိုင်ဆုံး လုပ်ဆောင်ပေးနေပါတယ်။

လက်တွေ့အားဖြင့် ECU မှ မတူညီတဲ့ ဆီဖြတ်တောက်မှု့နှစ်မျိုးကို ပြုလုပ်ပေးပါတယ်။ ၎င်းနှစ်မျိုးကတော့ Short Term Fuel Trim(STFT)ဆီအချိန်တိုဖြတ်တောက်မှု့နှင့် Long Term Fuel Trim(LTFT) ဆီအချိန်ကြာဖြတ်တောက်​မှု့​တို့ ဖြစ်ပါတယ်။

Short Term Fuel Trim(STFT)ဆီအချိန်တိုဖြတ်တောက်မှု့
ဆီအချိန်တိုဖြတ်တောက်မှု့သည် အိတ်ဇောထဲတွင် အောက်ဆီဂျင် O2 ပါဝင်မှု့ ပြောင်းလဲခြင်းနှင့်တိုက်ရိုက်ဆက်စပ်လျှက်ရှိပါတယ်။ Catalytic Converter (ကျောက်ဇကာ) အရှေ့ရှိ အောက်ဆီဂျင်ဆင်ဆာ O2 sensor က အိတ်ဇောစီးဆင်းမှု့တွင် အောက်ဆီဂျင် O2 ပါဝင်သောပမာဏအတိုင်း အချက်ပြဗို့အားကို တိုက်ရိုက်အချိုးကျစွာ ဖော်ပြပေးပါတယ်။ ပုံမှန်ကားမောင်းနေစဥ်အတွင်း အောက်ဆီဂျင်ဆင်ဆာ O2 sensor သည် ( Closed Loop Operation) ပတ်လမ်းပိတ်စနစ်ဖြင့်လုပ်ဆောင်နေပြီး တပြိုင်နက်တည်းမှာပင် ECU ကလည်း အိတ်ဇော်စီးဆင်းမှု့များတွင်ပါဝင် နေသော ဆီပြောင်းလဲမှု့များကို ပြုလုပ်ပေးပေလိမ့်မည်။ထိုဖြစ်စဥ်ကို ဆီပမာဏအချိန်တိုဖြတ်တောက်မှု့ (Short Term Fuel Trim)(STFT)ဟုသတ်မှတ်၍ ECUသည် တစ်စက္ကန့်အတွင်း အကြိမ်ပေါင်းများစွာ ပြုလုပ်ပေးနေပါတယ်။

အများဆုံးအသုံးချမှု့အနေနဲ့ ECUက အိတ်ဇောစီးဆင်းမှု့ထဲတွင် အောက်ဆီဂျင် O2 ပါဝင်မှု့ ပမာဏကို အချက်ပြဗို့အား 0.2 ဗို့ မှ 0.9 ဗို့ အတိုင်းအတာဖြင့်ဖော်ပြပေးပါတယ်။ အချက်ပြဗို့အားပမာဏပေါ်မူတည်၍ ECUက အင်ဂျက်တာ Injectorsများဆီသို့ (PULSE WIDTH) လှိုင်းများပို့လွှတ်၍ (air / fuel mixture) ဆီလေအရောအနှောထဲသို့ ဆီထပ်ပေါင်းပေးရမလား သို့မဟုတ် လျော့ပေးရမလား ပြုလုပ်ပေးပါတယ်။ ထိုဖြစ်စဥ်ကို ဆီဖျက်တောက်မှု့များ (Fuel trims) ဟုခေါ်ပါတယ်။
လက်တွေ့သဘောအရ အချက်ပြဗို့ 0.45 ဗို့ဟာ ဆီလေအရောအနှောမျှခြေ (stoichiometric) တန်ဖိုးနှင့် အနီးစပ်ဆုံးတူညီပါသည်။ထို့ကြောင့် 0.45ဗို့ကို အကိုးအကား(Reference) ထား၍ 0.45 ၏အပေါ် သို့မဟုတ် အောက် တန်ဖိုးများကို ဆီများခြင်း(Rich Mixture) နှင့် လေများခြင်း(Lean Mixture) ဖော်ပြပါတယ်။ သတိချပ်ရန်မှာ O2 sensor သည် (air / fuel mixture) ဆီလေအရောအနှောတွင် ဆီများခြင်း(Rich Mixture) သို့မဟုတ် လေများခြင်း(Lean Mixture) ဖော်ပြနိုင်ပေမယ့် အိတ်ဇောစီးဆင်းမှု့ထဲတွင် အတိအကျပါဝင်ပေါင်းဆက်နေမှု့ကိုတော့ မဖော်ပြနိုင်ပေ။ထိုကဲ့သို့စွမ်းဆောင်မှု့များကို Air/Fuel Ratio Sensorများသာလျှင်လုပ်ဆောင်နိုင်သည်။ သတိချပ်ရန်နောက်တခုမှာ အချို့ GM ကားများတွင် အချက်ပြဗို့အားစနစ်နဲ့ ပြောင်းပြန် ဖော်ပြပါသည်။ဆိုလိုသည်မှာ အချက်ပြဗို့အားနည်းလျှင် ဆီများခြင်း(Rich Mixture) ဟုတ်မှန် များချိန်တွင် လေများခြင်း(Lean Mixture)ဟု သတ်မှတ်ပါတယ်။

*****Long Term Fuel Trim(LTFT) ဆီအချိန်ကြာဖြတ်တောက်​မှု့​ နှင့် ဆီလေအရောအနှောမျှခြေ (stoichiometric) အကြောင်းများအား နောက် postတွေမှာဖော်ပြပေးပါမည်။*****

(Fuel trims)ဆီဖြတ်တောက်မှု့များသဘောတရားများနှင့် (ECU မှဆီအသုံးပြုမှု့များ)

ယနေ့ခေါတ်မော်ဒန်ကားဓါတ်ဆီအင်ဂျင်များတွင် အသုံးပြုနေသော ဆီနှင့်လေအရောအနှော မျှခြေ (stoichiometric)ကို ECUမှဘယ်လိုထိန်းချုပ်နေသလဲကို ယေဘူယျအားဖြင့် ဖော်ပြသွားမှာဖြစ်ပါတယ်။ ဆီနှင့်လေအရောအနှော (air / fuel mixture) ပြတ်တောက်မှု့အစီအစဥ်များသည် အင်ဂျင်၏အမြင့်ဆုံးစွမ်းဆောင်မှု့နှင့် တပြိုင်တည်း ဆီစားသက်သာမှု့ ၊ မီးခိုးထုတ်လုပ်မှု့ အနည်းဆုံးဖြစ်မှု့ကို ရရှိရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။
ဒီဆောင်းပါးမှာတော့ ကျွန်တော်တို့ဟာ ယေဘူယျအားဖြင့်(ဆီနှင့်လေအရောအနှော) ဆီဖြတ်တောက်မှု့အကြောင်းကို ဘာကြောင့်သိဖို့လိုအပ်သလဲ၊ ပြစ်ချက်ရှာဖွေမှု့(diagnostic aids)များတွင် အထောက်အကူပြုမှု့ စသည်တို့ကို ဖော်ပြသွားမှာဖြစ်ပါတယ်။
ဓါတ်ဆီအင်ဂျင်တလုံးလည်ပတ်မှု့တွင် ဆီနှင့်လေအရောအနှောမျှခြေအနေနဲ့ ဆီ (1)အချိုး တွင် လေ (14.7)အချိုး ပါဝင်နေပါတယ်။ သို့သော်ငြားလည်း ၎င်းဓါတ်ဆီအင်ဂျင်များတွင် ဆီအနည်းအများလိုအပ်ချက်များသည် ဝန်အားအနည်းအများပေါ်မူတည်နေသောကြောင့် ဆီနှင့်လေအရောအနှောသည်လည်း ဆီလိုအပ်ချက်ပေါ်မူတည်၍ ပြောင်းလဲနေပါတယ်။ ထို့ကြောင့်အရိုးရှင်းဆုံးအနေဖြင့်ဖော်ပြရလျှင် ဆီဖြတ်တောက်မှု့(Fuel trims) များကို အဆက်မပြတ်ထိန်းညှိနေသော ECU သည် ဆီဖြန့်ဝေမှု့နည်းဗျူဟာများ ချမှတ်ပြီး အင်ဂျင်လည်ပတ်မှု့ဖြစ်စဥ်များတွင် ဆီနှင့်လေအရောအနှော ( air / fuel mixture)ကို မျှ​ခြေ (stoichiometric)အနေအထား ဖြစ်အောင် အဖြစ်နိုင်ဆုံး လုပ်ဆောင်ပေးနေပါတယ်။

လက်တွေ့အားဖြင့် ECU မှ မတူညီတဲ့ ဆီဖြတ်တောက်မှု့နှစ်မျိုးကို ပြုလုပ်ပေးပါတယ်။ ၎င်းနှစ်မျိုးကတော့ Short Term Fuel Trim(STFT)ဆီအချိန်တိုဖြတ်တောက်မှု့နှင့် Long Term Fuel Trim(LTFT) ဆီအချိန်ကြာဖြတ်တောက်​မှု့​တို့ ဖြစ်ပါတယ်။

Short Term Fuel Trim(STFT)ဆီအချိန်တိုဖြတ်တောက်မှု့

ဆီအချိန်တိုဖြတ်တောက်မှု့သည် အိတ်ဇောထဲတွင် အောက်ဆီဂျင် O2 ပါဝင်မှု့ ပြောင်းလဲခြင်းနှင့်တိုက်ရိုက်ဆက်စပ်လျှက်ရှိပါတယ်။ Catalytic Converter (ကျောက်ဇကာ) အရှေ့ရှိ အောက်ဆီဂျင်ဆင်ဆာ O2 sensor က အိတ်ဇောစီးဆင်းမှု့တွင် အောက်ဆီဂျင် O2 ပါဝင်သောပမာဏအတိုင်း အချက်ပြဗို့အားကို တိုက်ရိုက်အချိုးကျစွာ ဖော်ပြပေးပါတယ်။ ပုံမှန်ကားမောင်းနေစဥ်အတွင်း အောက်ဆီဂျင်ဆင်ဆာ O2 sensor သည် ( Closed Loop Operation) ပတ်လမ်းပိတ်စနစ်ဖြင့်လုပ်ဆောင်နေပြီး တပြိုင်နက်တည်းမှာပင် ECU ကလည်း အိတ်ဇောစီးဆင်းမှု့များတွင်ပါဝင် နေသော ဆီပြောင်းလဲမှု့များကို ပြုလုပ်ပေးပေလိမ့်မည်။ထိုဖြစ်စဥ်ကို ဆီပမာဏအချိန်တိုဖြတ်တောက်မှု့ (Short Term Fuel Trim)(STFT)ဟုသတ်မှတ်၍ ECUသည် တစ်စက္ကန့်အတွင်း အကြိမ်ပေါင်းများစွာ ပြုလုပ်ပေးနေပါတယ်။

အများဆုံးအသုံးချမှု့အနေနဲ့ ECUက အိတ်ဇောစီးဆင်းမှု့ထဲတွင် အောက်ဆီဂျင် O2 ပါဝင်မှု့ ပမာဏကို အချက်ပြဗို့အား 0.2 ဗို့ မှ 0.9 ဗို့ အတိုင်းအတာဖြင့်ဖော်ပြပေးပါတယ်။ အချက်ပြဗို့အားပမာဏပေါ်မူတည်၍ ECUက အင်ဂျက်တာ Injectorsများဆီသို့ (PULSE WIDTH) လှိုင်းများပို့လွှတ်၍ (air / fuel mixture) ဆီလေအရောအနှောထဲသို့ ဆီထပ်ပေါင်းပေးရမလား သို့မဟုတ် လျှော့ပေးရမလား ပြုလုပ်ပေးပါတယ်။ ထိုဖြစ်စဥ်ကို ဆီဖျက်တောက်မှု့များ (Fuel trims) ဟုခေါ်ပါတယ်။
လက်တွေ့သဘောအရ အချက်ပြဗို့ 0.45 ဗို့ဟာ ဆီလေအရောအနှောမျှခြေ (stoichiometric) တန်ဖိုးနှင့် အနီးစပ်ဆုံးတူညီပါသည်။ထို့ကြောင့် 0.45ဗို့ကို အကိုးအကား(Reference) ထား၍ 0.45 ၏အပေါ် သို့မဟုတ် အောက် တန်ဖိုးများကို ဆီများခြင်း(Rich Mixture) နှင့် လေများခြင်း(Lean Mixture) ဖော်ပြပါတယ်။ သတိချပ်ရန်မှာ O2 sensor သည် (air / fuel mixture) ဆီလေအရောအနှောတွင် ဆီများခြင်း(Rich Mixture) သို့မဟုတ် လေများခြင်း(Lean Mixture) ဖော်ပြနိုင်ပေမယ့် အိတ်ဇောစီးဆင်းမှု့ထဲတွင် အတိအကျပါဝင်ပေါင်းဆက်နေမှု့ကိုတော့ မဖော်ပြနိုင်ပေ။ထိုကဲ့သို့စွမ်းဆောင်မှု့များကို Air/Fuel Ratio Sensorများသာလျှင်လုပ်ဆောင်နိုင်သည်။ သတိချပ်ရန်နောက်တခုမှာ အချို့ GM ကားများတွင် အချက်ပြဗို့အားစနစ်နဲ့ ပြောင်းပြန် ဖော်ပြပါသည်။ဆိုလိုသည်မှာ အချက်ပြဗို့အားနည်းလျှင် ဆီများခြင်း(Rich Mixture) သို့မဟုတ် အချက်ပြဗို့အားများချိန်တွင် လေများခြင်း(Lean Mixture)ဟု သတ်မှတ်ပါတယ်။

*****Long Term Fuel Trim(LTFT) ဆီအချိန်ကြာဖြတ်တောက်​မှု့​ နှင့် ဆီလေအရောအနှောမျှခြေ (stoichiometric) အကြောင်းများအား နောက် postတွေမှာဖော်ပြပေးပါမည်။*****

Manufcture       SuzukiModel                SwiftYear                    2011Chassis no.        zc 72
03/12/2020

Manufcture Suzuki
Model Swift
Year 2011
Chassis no. zc 72

Manufacture   SuzukiModel               SwiftYear                   2008Chassis            ZC71Faults               P181...
24/03/2019

Manufacture Suzuki
Model Swift
Year 2008
Chassis ZC71
Faults P1811,P1812,P1721,P1722,P1723,P0741
Remedy Rebuilt CVT Gearbox

Diagnostic Fault Code ဆိုင်ရာမှတ်စုများ (၂)ဒီpostကိုရေးရခြင်း ရည်ရွယ်ချက်ကတော့ ကားအသုံးပြုသူများအနေဖြင့် ဝပ်ရှော့မှာကွန်...
05/02/2019

Diagnostic Fault Code ဆိုင်ရာမှတ်စုများ (၂)
ဒီpostကိုရေးရခြင်း ရည်ရွယ်ချက်ကတော့ ကားအသုံးပြုသူများအနေဖြင့် ဝပ်ရှော့မှာကွန်ပျူတာထိုး၍ စစ်ဆေးသောအခါ ပြစ်ချက်ကုဒ်တွေပေါ်နေခဲ့လျှင် ယေဘူယျအားဖြင့် ထိုကုဒ်အကြောင်းကို သိစေလို၍ ဖြစ်ပါတယ်။

Diagnostic Fault Code ဆိုင်ရာမှတ်စုများ (၂)

အိုဘီဒီတူး ကုဒ်(OBD II Codes) များ၏ ဖွဲ့စည်းတည်ဆောက်ပုံ အသေးစိတ် ဆွေးနွေးဖော်ပြချင်ပါတယ်။ P0171 ကုဒ်ရဲ့တည်ဆောက်ပုံအား ဥပမာအနေဖြင့် ဖော်ပြပါမယ်။ ထိုကုဒ်ရဲ့ ပထမစာလုံးဖြစ်သော (P) စာလုံးသည် စွမ်းအားရှိသော လည်ပတ်မှု့အဖွဲ့အစည်း (Powertrain) ဖြစ်သော အင်ဂျင် နှင့် ဂီယာဘောက်စ် တို့နှင့်သက်ဆိုင်ကြောင်း ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ထို့အပြင် ၎င်း(P)၏နေရာတွင် ကားကိုယ်ထည်ပိုင်း Bodyနှင့်သက်ဆိုင်ကြောင်းကို (B) ဖြင့်စ၍၎င်း၊ ကားဝင်ရိုးပိုင် Chasis နှင့်သက်ဆိုင်ကြောင်းကို (C) ဖြင့်စ၍၎င်း၊ ကားကွန်ပျူတာ ဆက်သွယ်ခြင်းဆိုင်ရာ Network Communication နှင့်သက်ဆိုင်ကြောင်းကို (U) ဖြင့်စ၍၎င်း အသီးသီးဖော်ပြထား ပါတယ်။
ထို့ပြင် ဒုတိယစာလုံး ဖြစ်သော (0) သည် အများသုံး သတ်မှတ်ချက် အဖြင့် သတ်မှတ်ထားသောကုဒ် ( Global Codes) ဖြစ်၍ မူလကားထုတ်လုပ်သူများ၏ သတ်မှတ်ထားသော်ကုဒ် (Manufacturer Specific Codes) များအား စာလုံး (1) နှင့် (2) တို့ဖြင့်ဖော်ပြပါတယ်။
ထို့နောက် တတိယမြောက်စာလုံးဖြစ်သော (1) နှင့်ပတ်သက်၍ ဖော်ပြရမည်ဆိုလျှင် ၎င်း စာလုံး(1)သည် မီခိုးထုတ်လွှတ်မှု့အား စီမံခန့်ခွဲခြင်း (Emission Management)နှင့် ဆက်စပ်နေကြောင်း ကိုဖော်ပြထားခြင်းပါ။ ထိုစာလုံး(1)၏နေရာ၌ စာလုံး(2) ဟူ၍ဖော်ပြနေလျှင် အင်ဂျက်တာများ၏ ဆားကစ်ပတ်လမ်း (Injectors Circuit) နှင့်သက်ဆိုင်ခြင်း ဖြစ်ကြောင်း ဟူ၍၎င်း၊ စာလုံး(3) ဟူ၍ဖော်ပြနေလျှင် မီးကွဲခြင်း (သို့မဟုတ်) ပုံမှန်မဟုတ်သော မီးကွဲခြင်း ( Ignition or Misfire ) နှင့်သက်ဆိုင်ခြင်း ဖြစ်ကြောင်း ဟူ၍၎င်း၊ စာလုံး(4) ဟူ၍ဖော်ပြနေလျှင် မီခိုးထုတ်လွှတ်မှု့အား ထိန်းချုပ်ခြင်း (Emission Control) နှင့်သက်ဆိုင်ခြင်း ဖြစ်ကြောင်း ဟူ၍၎င်း၊ စာလုံး(5) ဟူ၍ဖော်ပြနေလျှင် အင်ဂျင်၏ လျှင်မြန်စွာလည်ပတ်မှု့ speedနှင် ပုံမှန်လည်ပတ်မှု့Idelအား ထိန်းချုပ်ခြင်း (Speed and Idel Control) နှင့်သက်ဆိုင်ခြင်း ဖြစ်ကြောင်း ဟူ၍၎င်း၊ စာလုံး(6) ဟူ၍ဖော်ပြနေလျှင် ကွန်ပျူတာနှင့်၎င်း၏ဆားကစ်ပတ်လမ်းများ (Computer and Output Circuit) နှင့်သက်ဆိုင်ခြင်း ဖြစ်ကြောင်း ဟူ၍၎င်း၊ စာလုံး(7) နှင့် (8) သည် ဂီယာဘောက်စ် (Transmission) နှင့်သက်ဆိုင်ခြင်း ဖြစ်ကြောင်း ဟူ၍၎င်း၊ စာလုံး(9) နှင့် (10) သည် SAEမှ အနာဂါတ်အတွက်ထားထားသော(SAE Reserved) ကုဒ် ဖြစ်ကြောင်း ဟူ၍၎င်း၊ စာလုံး(A) , (B) နှင့် (C) တို့သည် ဟိုက်ဘရစ်စနစ်ပါသောလည်ပတ်မှု့(Hybrid propution) နှင့် ဆိုင်ကြောင်း ဟူ၍၎င်း ဖြစ်ကြပါတယ်။
စတုထ္ထ နှင့် ပဉ္စမမြောက် စာလုံးများသည် ကုဒ်ဖြစ်ရပ်များ၏ဖြစ်နိုင်သောအခြေအနေများအား နံပါတ်အစဉ်လိုက် သတ်မှတ်ထားခြင်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းပါ။

ဆက်လက်၍ဖော်ပြပါဦးမည်။
ကွန့်မန့်မှာလည်းဆွေးနွေးနိုင်ပါတယ်။

New Auto Workshop နယူးအော်တို ကားဝပ်ရှော့
အမှတ်၇၇၀၊ ကုန်ဘောင်လမ်း၊ ၁၃ ရပ်ကွက်၊ အရှေ့ဒဂုံ၊ Yangon
09 795 931682

အောက်ပါ Google Map (ဂူဂဲ မြေပုံ)link မှ direction ကိုနှိပ်လိုက်ယုံဖြင့် ကျွန်တော်တို့လိပ်စာကို လွယ်ကူစွာ ရှာဖွေနိုင်ပါသည်။

https://maps.app.goo.gl/fXhzG

27/01/2019

Chapter(1) Programming Language Programmer တွေဟာ instruction တွေကို programming language အမျိုးမျိုးနဲ့ရေးကြပါတယ်။ တချို့language တွေက computer တွေကိုတိုက်ရိုက်စေခို....

Diagnostic Fault Code  ဆိုင်ရာမှတ်စုများ          ကျွန်ုပ်တို့သည် ကားများမောင်းနှင်ကြရာဝယ် ရုတ်တရက်ဆိုသလို အင်ဂျင်ချက်မီ...
24/01/2019

Diagnostic Fault Code ဆိုင်ရာမှတ်စုများ

ကျွန်ုပ်တို့သည် ကားများမောင်းနှင်ကြရာဝယ် ရုတ်တရက်ဆိုသလို အင်ဂျင်ချက်မီး( Check Engine Light) ပေါ်လာတတ်ကြပါတယ်။ ထိုသို့ပေါ်လာလျှင် ကားတွင်တစုံတရာ မှားယွင်းနေပြီ ဖြစ်ကြောင်းအသိပေးခြင်းသာဖြစ်ပါတယ်။ သို့သော်ငြားလည်း ကားမောင်းနှင်မှု့သည် အပေါ်ယံအားဖြင့် ကောင်းမွန်နေဆဲ ဖြစ်ပါလိမ့်မယ်။ ဒါဆို ဘာများမှားနေတာလဲ? ။ ကားတွင်တပ်ဆင်ထားသော ကွန်ပျူတာက သင့်ကို မှားယွင်းနေသာ အခြေအနေကို စစ်ဆေးရန်လိုအပ်ပြီဖြစ်ကြောင်း သတိပေးနေတာ ဖြစ်တဲ့အတွက် နီးစပ်ရာ ဝပ်ရှော့(work shop) သို့သွားရောက်၍ ပြစ်ချက်ရှာဖွေပေးသော ကွန်ပျူတာ (Diagnostic Scan Tool) ဖြင့် ဘာများမှားယွင်းနေကြောင်းကို နည်းပညာရှင်နှင့် ရှာဖွေစစ်ဆေးသင့်ပါတယ်။
အိုဘီဒီတူး( OBD-II ) ဆိုတာ ရွှေ့လျားနိုင်သော ယာဉ်များနှင့် သက်ဆိုင်သောအသုံးအနှုန်း (Automitive term)ဖြစ်ပါတယ်။ ဆိုလိုတာက ယာဉ်များသည် မိမိတို့၏ပြစ်ချက်များကို မိမိတို့ကိုယ်တိုင် မှတ်တမ်းတင်ထားနိုင်ခြင်း ဖြစ်ပါတယ်။ အင်ဂျင်ချက်မီး(Check Engine Light) ပေါ်ခြင်းဟာ ပြစ်ချက်ရှိကြောင်း ဖော်ပြတာဖြစ်ပါတယ်။ ပြစ်ချက်ဟာ တစ်ခု သို့မဟုတ် အများကြီးလဲ ဖြစ်နိုင်ပါတယ်။
အိုဘီဒီ ဆိုတဲ့စကားလုံးသည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၏ မီးခိုးထုတ်လွှတ်ခြင်း ဆိုင်ရာထိန်းချုပ်မှု့စံချိန်စံညွှန်း( Emission Control Standards) များမှ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ 1966 ခုနှစ် ထုတ်ကားများတွင် ထိုစံချိန်စံညွှန်းများကို စတင်သတ်မှတ်ခဲ့ပါတယ်။ ထိုမှတဆင့် တစ်နိုင်ငံလုံးပျံနှံသွားပြီး 1968ခုနှစ် သို့ရောက်သောအခါ ပြည်နယ်အစိုးရများက ဥပဒေများ ထုတ်ပြန်ခဲ့ကြပါတယ်။ ကားတစ်စီးဟာ သတ်မှတ်ထားသော မီးခိုးထုတ်လွှတ်မှု့ ပမာဏရဲ့ 1.5ဆကျော်လွန်နေခဲ့လျှင် အိုဘီဒီတူး (OBD-II)ဖြင့် အဖြေရှာနိုင်ပါတယ်။
ပြစ်ချက်ကုဒ်များ(Diagnostic Code/ Trouble Code)ကို အင်္ဂလိပ်အက္ခရာဖြင့် အစပြုဖော်ပြပြီး သက်ဆိုင်ရာပြစ်ချက်များကို ဖော်ပြရန် သချာင်္ဂဏန်း အစီအစဉ်များကိုသုံး၍ ဖော်ပြကြပါတယ်( ဥပမာ - P0171 )။ ထိုကုဒ်များကို အမေရိကန် မော်တော်ယာဉ် အင်ဂျင်နီယာများ အသင်း[ Society of Automotive Engineers (SAE)]က သတ်မှတ်ခဲ့ကြပါတယ်။

ပြစ်ချက်ကုဒ်တွေကို အပိုင်းလေးပိုင်း ပိုင်းခြားသတ်မှတ် ထားပါတယ်။
၁/ စွမ်းအားရှိသောလည်ပတ်မှု့အဖွဲ့အစည်း(Powertrain) အင်ဂျင် နှင့် ဂီယာဘောက်စ် (P) ဖြင့်စ၍၎င်း
၂/ ကားကိုယ်ထည်ပိုင်း Body (B) ဖြင့်စ၍၎င်း
၃/ ကားဝင်ရိုးပိုင် Chasis (C) ဖြင့်စ၍၎င်း
၎/ ကားကွန်ပျူတာဆက်သွယ်ခြင်းဆိုင်ရာ Network Communication (U) ဖြင့်စ၍၎င်း
ပိုင်းခြားဖော်ပြထားပါတယ်။ထို့အပြင် အဓိကအုပ်စု နှစ်စုဖြစ်လည်း ခွဲခြားဖော်ပြနိုင်ပါတယ်။ ၎င်းတို့မှာ မူလကားထုတ်လုပ်သူများ၏သတ်မှတ်ချက် (Manufacturer Specific) နှင့် အများသုံးသတ်မှတ်ချက်( Global) ဟူ၍ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

New Auto Workshop နယူးအော်တို ကားဝပ်ရှော့
အမှတ်၇၇၀၊ ကုန်ဘောင်လမ်း၊ ၁၃ ရပ်ကွက်၊ အရှေ့ဒဂုံ၊ Yangon
09 795 931682

အောက်ပါ Google Map (ဂူဂဲ မြေပုံ)link မှ direction ကိုနှိပ်လိုက်ယုံဖြင့် ကျွန်တော်တို့လိပ်စာကို လွယ်ကူစွာ ရှာဖွေနိုင်ပါသည်။

https://maps.app.goo.gl/fXhzG

22/01/2019

လူကြီးမင်းတို့၏ကားများရှိ diagnostic fault များ အားဖြေရှင်းပေးနိုင်ရန် အောက်ပါဆက်သွယ်နိုင်သော လိပ်စာ နှင့် ဖုန်းနံပါတ် များအား ဆက်သွယ်လိုက်ပါ။

New Auto Workshop နယူးအော်တို ကားဝပ်ရှော့
အမှတ်၇၇၀၊ ကုန်ဘောင်လမ်း၊ ၁၃ ရပ်ကွက်၊ အရှေ့ဒဂုံ၊ Yangon
09 795 931682

အောက်ပါ Google Map (ဂူဂဲ မြေပုံ) မှ direction ကိုနှိပ်လိုက်ယုံဖြင့် ကျွန်တော်တို့လိပ်စာကို လွယ်ကူစွာ ရှာဖွေနိုင်ပါသည်။

https://maps.app.goo.gl/fXhzG

Address

East Dagon Township
Yangon

Telephone

+959795931682

Website

Alerts

Be the first to know and let us send you an email when New Auto Workshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to New Auto Workshop:

Share

Category