Ko John

Directions Website

Ko John ကားဝန်ဆောင်မှုလုပ်ငန်း အသေးစိတ်ကို
09988275749 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

09/06/2026

💢ကဲ လာပီနော် Toyota Passo လေး

အိမ်သုံးရုံးသုံးအကုန်လုံး ok 👌

💫2009 / 1.0cc /နီနက်ပါ လိုင်စင်အသစ်

💫Air con အေးစိမ့် /TV Back camera 👍 အင်ဂျင်ဂီဘောက်အောက်ပိုင်းရှယ်

💫လက်တင်စီးရုံပဲ အများကြီးမမွှန်းနေတော့ဘူး ကားကိုသာလာကြည့်လိုက်တော့🙂

ကားကြည့်မြောက်ဒဂုံ ပြည်ထောင်စုလမ်းးမပေါ်

09 988 275 749
ားဝယ်ရောင်း #ကားရောင်းဝယ်ရေး #အိမ်စီးကားများရောင်းဝယ်ရေး

19/08/2025

Nissan Juke ကားအကြောင်း

Nissan Juke ကို ၂၀၁၀ မှာ စတင်ထုတ်လုပ်ပြီး အင်ဂျင် အရွယ်အစားနှစ်မျိုးကို Sport Type ကားအဖြစ်ပါ သုံးနိုင်အောင် တပ်ဆင်ထုတ်လုပ်ထားပါတယ်။ CVT ဂီယာအမျိုးအစားကို တပ်ဆင် ထုတ်လုပ်ထားတဲ့ကားတစ် စီးဖြစ်ပြီး ပြည်တွင်းဈေးကွက်ထဲမှာလည်း လူကြိုက်များကားတစ်စီးအဖြစ်ရပ်တည်နေပါတယ်။

Chassis ID အလိုက်ခွဲခြား မယ်ဆိုရင်တော့ F15, NF15, YF15 ဆိုပြီး သုံးမျိုးခွဲခြားထုတ် လုပ်ပါတယ်။

F15-2WD-1600CC / NF15-4WD-1600CC / YF15-2WD-1400CC ဆိုပြီး Chassis ID အလိုက်ခွဲခြားထုတ်လုပ်ပါတယ်။ ဂရိတ်တွေကိုတော့ 15RS, 15RX, 16GT နဲ့ Nismo ဆိုပြီးမူရင်းဂရိတ်လေးမျိုးကို ထုတ်လုပ်ပါတယ်။ မူရင်းဂရိတ်လို့ ခွဲခြားဖော်ပြရတာကတော့ မူရင်းဂရိတ်တစ်ခုမှာ ဂရိတ်ခွဲတွေ ထပ်မံခွဲခြားထုတ်လုပ်ထားတာဖြစ်လို့ပါ။ မူရင်းဂရိတ်တွေ ကို သိသွားရင် ဂရိတ်ခွဲတွေကိုလည်း ခွဲခြားနားလည်နိုင်ပြီဖြစ်လို့ မူရင်းဂရိတ်တွေရဲ့ ကွဲလွဲချက်တွေကို ဖော်ပြပေးပါမယ်။

15RS
ဒီဂရိတ်မှာဂရိတ်ခွဲတွေဖြစ်တဲ့ RS Type V ,RS Personalize Package, RS UrbanSelection, ဆိုပြီး တွေ့ရပါတယ်။ ဂရိတ်ခွဲတွေ ရဲ့ ဒီဇိုင်းပိုင်းကထုတ်လုပ်တဲ့ ခုနှစ်ပေါ်မူတည်ပြီး ကွဲလွဲချက်ရှိနေပါတယ်။ RS Type က မော်ဒယ် အမြင့်ဆုံးဂရိတ်ဖြစ်တာကြောင့် နောက်ဆုံး ပုံပြောင်းဒီဇိုင်းဖြစ်တဲ့ LED ပရိုဂျက်တာမီးခွက်နဲ့ ထုတ်လုပ်ပါတယ်။

နောက်မီးခွက်နဲ့နောက် Spoiler တွေကလည်း ပုံပြောင်းမီးခွက်ဒီဇိုင်းတွေ ဖြစ်လာပါတယ်။ RS Personalize Package ကို တော့ ၂၀၁၃ မှာ စတင်ထုတ်လုပ်ခဲ့ပြီးနှစ်ကုန်ပိုင်းမှာ ထုတ်လုပ်မှု ကို ရပ်နားထားခဲ့ပါတယ်။

ရှေ့ ရှဲလ်နဲ့ ရှေ့ Fog Light အကြီး တပ်ဆင်ထုတ်လုပ်တဲ့ မော်ဒယ်ဖြစ်ပြီး ပြည်တွင်းမှာ တင်သွင်းနှုန်း အများဆုံးဂရိတ်နဲ့ မော်ဒယ်ဖြစ်ပါ တယ်။

RS Urban Selection ကို တော့ စတင်ထုတ်လုပ်ချိန် ၂၀၁၀ မှာ စတွေ့ရပြီး အရောင်အလိုက် ဂရိတ်ခွဲအသေးလေးတွေကိုပါ သတ်မှတ်ပါသေးတယ်။ Black Stylish ဆိုတဲ့ အရောင်အစွဲပြု ဂရိတ်တွေကိုပါ ထုတ်လုပ်ပါသေးတယ်။အလွိုင်းခွေနဲ့ ရှေ့မီးချွန် ချွန်လေးဖြစ်နေတဲ့ပုံစံက ဒီဂရိတ် ရဲ့ ထူးခြားတဲ့ရုပ်ပိုင်းဖြစ်ပါတယ်။ RS ဂရိတ်တွေကို YF15 မှာသာ ထုတ်လုပ်ပါတယ်။ အဲဒါကြောင့်၁၅၀၀ စီစီ/ 2WD နဲ့ ထုတ်လုပ် ပါတယ်။ အဲဒါကြောင့် ၁၅၀၀ စီစီ ဆိုရင် RS ဂရိတ်လို့အလွယ်မှတ် သားနိုင်ပါတယ်။

15RX
ဒီဂရိတ်မှာတော့ ဂရိတ်ခွဲ တွေများလွန်းတာကြောင့် မူရင်း ဂရိတ်ရဲ့ ပါဝင်တပ်ဆင်ထုတ်လုပ် တာတွေကို ဖော်ပြပေးပါမယ်။ F15 Chassis ID မှာထုတ်လုပ်တဲ့ ဂရိတ်ဖြစ်ပြီး ဂရိတ်ခွဲအမျိုးအစား ရှစ်မျိုးခန့် ထုတ်လုပ်ပါတယ်။ အတွင်းခန်းအဲကွန်းပတ်လည်ဖြစ် တာနဲ့ စပီကာရှစ်လုံးပါဝင်တာက ဒီဂရိတ်ရဲ့ ထူးခြားချက်ဖြစ်ပါ တယ်။ အတွင်းခန်းလေအိတ်တွေ ကတော့ ဂရိတ်ခွဲတွေပေါ်မူတည် ပြီး အနည်းဆုံးလေးလုံးကနေ ရှစ် လုံးအထိ ပါဝင်ပါတယ်။

အပြင်ပိုင်းရုပ်ကတော့ ၂၀၁၃ မော်ဒယ်မှာ တခြားဂရိတ် တွေလိုပဲ မီးခွက်ပုံပြောင်းနဲ့ ကိုယ်ထည်ဖောင်းလိုင်းတွေ ပါဝင်လာ ပါတယ်။ ဂရိတ်ခွဲတွေထဲမှာလည်း Premium White Package ပါဝင်ပြီး အဖြူရောင်တစ်မျိုး တည်းသာ ထုတ်လုပ်တဲ့ ဂရိတ်ခွဲ တစ်မျိုးအဖြစ် တွေ့ရပါတယ်။

16GT
16GT ကတော့ Sport Typeကားအဖြစ် ထုတ်လုပ်တဲ့ ဂရိတ် ဖြစ်ပါတယ်။ ၂၀၁၂ မှာ စတင် ထုတ်လုပ်တဲ့ ဂရိတ်ဖြစ်ပါတယ်။အတွင်းခန်းနဲ့ ကိုယ်ထည်ပိုင်း အပြင်ဆင်တွေကတော့ မော်ဒယ် အလိုက် 15 RX ဂရိတ်ပုံစံအ တိုင်းပြောင်းလဲပါတယ်။ အင်ဂျင် ပိုင်းတည်ဆောက်ပုံကလွဲပြီး ကျန်တဲ့ အစိတ်အပိုင်းတွေကတော့ 15 RX ဂရိတ်နဲ့ တူညီပါတယ်။

Nismo
Sport Type ကားကိုဂရိတ် တစ်ခုအနေနဲ့ ထုတ်လုပ်တဲ့အပြင် Nismo ဂရိတ်ကိုလည်း ဇိမ်ခံကား SUV အဖြစ်လည်း ထုတ်လုပ်ပါတယ်။ အတွင်းခန်းထိုင်ခုံတွေက Leather ထိုင်ခုံတွေအဖြစ် ထုတ်လုပ်ပြီး ထိုင်ခုံတွေအားလုံး က ပါဝါထိုင်ခုံတွေဖြစ်ကြပါ တယ်။ အတွင်းခန်းကိုဇိမ်ခံကား တစ်စီးလိုထုတ်လုပ်တာကလွဲပြီး ကျန်တာကတော့ ၂၀၁၃ 15 RSType V နဲ့ တူညီပါတယ်။ NF15Chassis ID နဲ့ ထုတ်လုပ်ပြီး အင်ဂျင်ပါဝါ ၁၆၀၀ စီစီ ဖြစ်ပါ တယ်။

Nissan Juke ကားအကြောင်း တစေ့တစောင်းတော့ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။

ကြိုက်နှစ်သက်တယ်ဆိုရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ😍🙏

Credit: 7Day Cars

19/08/2025

Toyota Kluger ကား Model နှင့် Grade ခွဲနည်းများအကြောင်း သိကောင်းစရာ

Toyota Kluger ဆိုတဲ့ ကားကိုတော့ 2000 ခုနှစ်ကနေ စထုတ်လိုက်တာဖြစ်ပြီး ဥရောပစျေးကွက်မှာတော့ Toyota Highlander ဆိုတဲ့ နာမည်နဲ့ရောင်းချပါတယ်။
Kluger ကို Toyota ရဲ့လက်ခွဲ Company နှစ်ခုကနေ ခွဲထုတ်ပေးထားပါတယ်။
ဘာတွေလဲ ဆိုရင် Toyota Vista ကထုတ်လုပ်ပေးတဲ့ကား ဆိုရင် Kluger V နဲ့ လာပြီး Toyota Corolla က ထုတ်ပေးထားတာ ဆိုရင် Kluger L ဆိုပြီးတော့ပေါ့။
ဒါတွေက တော့ ယခုစာဖတ်နေတဲ့ လူကြီးမင်းတို့ သိလဲ သိ နိုင်သလို မသိတဲ့လူတွေလဲ ရှိမှာပါ။
ဒါကြောင့် အများသူငှာသိရအောင် အကျယ်တ၀င့် ပြန်ပြောပေးတာပါ။
ဒီ့အပြင် Toyota Kluger ကို ဓာတ်ဆီကော ဘက်ထရီ နှစ်မျိုးသုံး HYBRID ကားတွေကိုလည်းထုတ်လုပ်ပေး ထားပါတယ်။
ကျွန်တော်တို့ဆီမှာတော့ သိပ်မတွေ့ရပါဘူး။
HYBRID တွေကို အများဆုံးတွေ့ရတာကတော့ 2002 Model နဲ့ 2003 (Late) တွေမှာ 2400 CC နဲ့သာ အများဆုံးတွေ့ရတတ်ပါတယ်။

အကြမ်းဖျင်း

အခုဒီ ပထမမျိုးဆက် 2000 Model ကနေ 2007 ထိကတော့ ကြီးမားတဲ့ ပြောင်းလဲမှုတွေ များများစားစား မရှိခဲ့ပါဘူး။
2004 ခုနှစ်မှာ V6 Engine ကို 3.0L (220 hp) မှ 3.3L (225 hp) ထိ အဆင့်မြှင့်ပေးခဲ့ပြီး ၄ချက်ထိုး အော်တို ဂီယာမှ ၅ချက်ထိုး အော်တို ဂီယာသို့ ပြောင်းလဲခဲ့ပါတယ်။
ဒါ့အပြင် အလွိုင်းဘီး ပုံစံ နဲ့ ခုံ သုံးတန်း တွေဖြစ်လာပါတယ်။
2006 Model မှာတော့ Sport Type ပုံစံတွေ စထုတ်ခဲ့ပြီး ကားအတွင်းပိုင်းကော အပြင်ပိုင်း ပါ ပုံစံ ဒီဇိုင်းတွေ အနည်းငယ် ပြောင်းလဲလာတာကို တွေ့ရမှာပါ။

Grade အမျိုးမျိုး နှင့် အင်ဂျင်ပါဝါ

ဒီ Toyota Kluger မှာ Grade တွေဆိုလို့ များများစားစား မရှိပါဘူး။
Grade တွေကတော့ Basegrade, S Package, S Limited, G Package, S X Package နဲ့ S G Package တို့ပဲ ဖြစ်ပါတယ်။
အင်ဂျင်ပါဝါတွေ အနေနဲ့ကတော့ 2400 CC နဲ့ လဲလာသလို 3000 CC နဲ့လဲ လာပါတယ်ခင်ဗျ။
အင်ဂျင်ပါဝါ နှစ်မျိုးလုံးအတွက် 2WD လဲရှိသလို 4WD လဲရှိနေပါတယ်။
အောက်မှာတော့ သူတို့လေးတွေရဲ့ Chassis နံပါတ်လေးနဲ့ တကွ ဖော်ပြပေးပါမယ်။
Grade အားလုံးအတွက် Engine Power 2400 CC နှင့် 2WD ကိုတော့ Chassis အနေနဲ့ ACU20 နဲ့လာပြီး 4WD ကိုတော့ ACU25 နဲ့ လာပါတယ်။
Engine Power 3000 CC နှင့် 2WD ကိုတော့ MCU20 နဲ့လာပြီး 4WD ကိုတော့ MCU25 ဆိုပြီးဖြစ်ပါမယ်။
Grade တိုင်းရဲ့ အပြင်ပိုင်းအနေနဲ့ ရုပ်မပြောင်းမချင်း ထူးခြားမှု သိပ်မရှိကြပါဘူး။
ဒါပေမဲ့ ရုပ်ပြောင်းဖြစ်သွားတဲ့ 2003 (Late) Model ကျရင်တော့ အရင် က ရှေ့Shell (Grill) မှာ ဒေါင်လိုက်ပုံစံကနေ 2003 (Late) Model ကျတော့ အလျားလိုက်ဖြစ်သွားပါမယ်။ Shell (Grill) ပြောင်းလဲသွားတဲ့ အတွက် ဘန်ဘာမီးခွက်တွေ နှင့်အတူ၊ ရှေ့မီးခွက် နဲ့ နောက်မီးခွက်တွေပါ ဒီဇိုင်းလေး အနည်းငယ် ဆန်းသစ်သွားပါမယ်။
အောက်မှာတော့ Grade တစ်ခုချင်းစီရဲ့ အတွင်းပိုင်း ပြောင်းလဲမှုလေးတွေ ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။
Toyota Kluger ထဲမှာ အနိမ့်ဆုံး Grade တစ်ခုဖြစ်တဲ့ Basegrade ဟာ ထွေထွေထူးထူး ဘာမှ မရှိတဲ့အတွက် မရှင်းတော့ပဲ။
အောက်က Grade တွေ စရှင်းပေးလိုက်ပါတယ်။

S Package
------------
S Package ကတော့ အတွင်းခန်းမဲမယ်။ အတွင်းခန်းမဲတဲ့အတွက် ကျွန်းဖောက်ကလဲ ကျွန်းမဲ ဖြစ်ပါမယ်။
မှန်ငါးချပ်မဲသွားပါမယ်။
Gear အနေနဲ့ကတော့ Auto ကော Manual ပါမောင်းနှင်နိုင်မှာဖြစ်ပါတယ်။
Manual မောင်းနှင်ဖို့ အတွက်ကတော့ Steering မှာ Down and Up Button လေးတွေ ထည့်သွင်းပေးထားပါတယ်။
Original TV ကတော့ အပေါ်ဘက်မှာလာတတ်ကြပါတယ်။ Original TV နဲ့ Back Camera တွေဆိုရင်တော့ ကျွန်တော်တို့ Back Gear ထိုးတဲ့ အချိန်ကြရင် TV Screen မှာ Black and White နဲ့ ပြပါတယ်။
အပြင်ပိုင်း ကတော့ Skirt ပတ်လည်ပါတာလဲ ရှိသလို မပါတာလဲ ရှိတတ်ပါတယ်။
Roll Bar တွေ၊ Spoiler တွေပါလာပါမယ်။
2003(Late) ရုပ်ပြောင်းမှာလဲ ဒီလိုပါပဲ။
ရုပ်ပြောင်းမှာ ထူးခြားချက်ကတော့ ထိုင်ခုံ ၃တန်း ၇ ယောက်စီးလာတာလဲရှိသလို မလာတာလဲရှိတတ်ပါတယ်။ ကျန်တာအားလုံးကတော့ ရုပ်ဟောင်းနဲ့ တူတူပါပဲ။

S Limited
----------
S Limited မှာ ထပ်တိုး ထူးခြားချက်တွေကတော့ ထိုင်ခုံရှမွိုင်း ပြောင်းသွားမှာဖြစ်ပြီး Side Cover တွေလည်း ပြောင်း သွား ပါမယ်၊ အပြင်းပိုင်းမှာတော့အလွိုင်း Design က S package တူ ပီး Crome alloy ဖြစ်သွားမှာဖြစ်ပါတယ်။ 2003 (Late) Model တွေမှာ တော့ Roll Bar တွေ မပါ၀င်တော့ပါဘူး။
ဒီမှာ ထူးခြားတာတစ်ခုက Back Gear ထိုးရင် Camera ကColor ဖြစ်လာပြီး Steering လှည့်တဲ့ ဘက်ကို Position ပြလာပါပြီ။

G Package
------------
G Package ရဲ့ အတွင်းပိုင်း အပြင်အဆင်ကတော့ မှန်အဖြူမဟုတ်ပေမဲ့ ကာလာလေး အနည်းငယ်ပါလာတယ်ဗျ။
အတွင်းခန်း အဝါရောင်နဲ့လာပါတယ်။
အတွင်းခန်းဝါသွားတဲ့ အတွက် ကျွန်းဖောက်လေးတွေက လဲ ကျွန်းဝါ ဖြစ်သွားပါတယ်။ ရှေ့ခန်း တံခါး လက်ကိုင်ဘေးမှာ ကော်ဖီတင်/ အအေးဘူး တင်တဲ့ ခွက်ကလေး ပါ၀င်လာပါမယ်။
Side Cover တွေကတော့ ထိုင်ခုံသား လို ရှမွိုင်းသားနဲ့လာပါတယ်။
Gear အနေနဲ့ကတော့ Auto Gear ပဲဖြစ်ပါတယ်။
3.0L အများစုမှာတော့ Cruise Control ပါ ပါလာပါတယ်။
အလွိုင်းလဲ မတူတော့ပဲ တမူဆန်းပြားသွားပါတယ်။

S X Package
--------------
ရုပ်ပြောင်းတွေမှာ ခုံသုံးတန်း ၇ ယောက်စီးတွေ လာတယ်လို့ တချို့တွေကပြောကြပါတယ်။
ဒါပေမဲ့ ဒီ S X Package မှာတော့ ၇ယောက်စီး (ခုံ သုံးတန်း) နဲ့ မလာတော့ပါဘူး။
ခုံနှစ်တန်း လူ ၅ ယောက်စီးသာထုတ်ထားပါတယ်။
အတွင်းခန်းကတော့ ရုပ်ပြောင်းမှာ အနိမ့်ဆုံး Grade ဆိုတော့ မှန်ဖြူ ဖြစ်ပြီး အတွင်းခန်းကိုတော့ အမဲရောင်နဲ့ လာပါတယ်။

S G Package
---------------
S G Package ဆိုတာကတော့ ရုပ်ဟောင်းမှာ မလာပါဘူး။ ရုပ်ပြောင်း 2003 (Late) Model မှာပဲ စတင်လာတာပါ။
အပြင်ပိုင်း ကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်း ပြောင်းလဲသွားပါပြီ။
အတွင်းခန်းအနေနဲ့ကတော့ ခဲရောင်လိုပုံစံ ဖြစ်ပြီး ကျွန်းဖောက်တွေကတော့ အမဲရောင်ပုံစံနဲ့လာပါတယ်။
ခုံသုံးတန်း လူ ၇ ယောက်စီးဖြစ်သွားပါမယ်။
ဒီမှာတော့ Original TV နဲ့ Back Camera တွေမှာ Back Gear ထိုးရင် Black and White မဟုတ်တော့ပါဘူး Color ပါ ပါ၀င်လာပါပြီး Steering Position ပြလာပါပြီ။ Sunroof တွေကပါတာလဲ ရှိသလို မပါတာလဲရှိတတ်ပါတယ်။ ဒါကြောင့် ပုံသေမှတ်လို့မရပါဘူး။
Driver ထိုင်ခုံမှာ Motor ပါ၀င်လာပြီဖြစ်ပါတယ်။
Gear ကတော့ Auto Gear ပဲဖြစ်ပါတယ်။
အပြင်ပိုင်းမှာတော့ Roll Bar နဲ့ Skirt
ပတ်လည်မပါဝင်တော့ဘဲ Spoiler ကတော့
ပါဝင်ပါတယ်။
ဒီ S G package မှာတော့
manual gear ပြောင်းလို့တော့ မရတော့ဘူး
Steering မှာလဲ Down and Up Button
ခလုတ်တွေ မပါလာတော့ပါဘူး။

ဒီလောက်ဆိုရင်တော့ Toyota Kluger ကား Model နှင့် Grade ခွဲနည်းများအကြောင်း တစေ့တစောင်း တော့ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။

ကြိုက်နှစ်သက်တယ်ဆိုရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ😍🙏

Credit: original writer

19/08/2025

HondaCR-V အကြောင်းသိကောင်းစရာ

ဟွန်ဒါ CRV ကို ၁၉၉၅ ကစတင်ထုတ်လုပ်ပြီး SUV ကိုယ်ထည်အမျိုးအစားဖြစ်ပါတယ်။ ထုတ်လုပ်နှစ်အပိုင်းအခြားအလိုက် ပုံပြောင်းအမျိုးမျိုး ခွဲခြား ထုတ်လုပ်ပါတယ်။ မျိုးဆက်လေးဆက်ကို ခွဲခြားထုတ်လုပ်ထားတဲ့ ဟွန်ဒါ CRV ကို ၁၉၉၅-၂၀၀၁ အထိ ပထမမျိုးဆက်၊၂၀၀၁-၂၀၀၆ အထိ ဒုတိယမျိုးဆက်၊ ၂၀၀၆-၂၀၁၁အထိ တတိယမျိုးဆက်၊ ၂၀၁၁-၂၀၁၄အထိ စတုတ္ထမျိုးဆက်တို့ကို ထုတ်လုပ်ပါတယ်။

CRV ကို မော်ဒယ်အနိမ့်တွေကတည်းက လူသိများခဲ့တဲ့ ကားဖြစ်ပြီး SUV ကိုယ်ထည်ဖြစ်လို့ ကိုယ်ထည်ကြီးကြီး အောက်ပိုင်းမြင့်မြင့်နဲ့ ကားတစ်စီး ဖြစ်ပါတယ်။ အခုရွေးချယ်ဖော်ပြပေးမယ့် မော်ဒယ်တွေကတော့ ပြည်တွင်းမှာ တင်သွင်းခွင့်ရတဲ့ မော်ဒယ်ဖြစ်တဲ့ ၂၀၀၆ မော်ဒယ်ကစပြီး ဖော်ပြ ပေးမှာ ဖြစ်ပါတယ်။

၂၀၀၆ မော်ဒယ်ကို Chassis အားဖြင့် RE3 ကို 2WD, RE4 ကို 4WD တို့ဖြင့် ထုတ်လုပ်ပါတယ်။Chassis အလိုက် ဂရိတ်တွေကိုခွဲ ခြားမယ်ဆိုရင်တော့ RE3(2WD)မှာ ZL, ZL Navi, ZLI ဆိုပြီးသုံးမျိုး ရှိပါတယ်။ RE4(4WD) ကိုတော့ X, ZX, ZX Navi, ZXI ဆိုပြီး လေး မျိုးခွဲခြားထုတ်လုပ်ပါတယ်။၂၀၀၆ ပုံပြောင်းကို ၂၀၀၉အထိ ထုတ်လုပ်တာဖြစ်ပြီး ကားတွေ ဂရိတ်တွေကတော့ သိပ်ပြီး မကွာပါဘူး။ အများစုကပတ်လည်အဲကွန်း၊ အော်တိုအဲကွန်းဖြစ်တာ၊ အနည်းဆုံး ရှေ့နောက် စပီကာခြောက်လုံးဖြစ်တာ၊ ထိုင်ခုံ leather အပြည့်၊ Dashboard နဲ့ လက်တင်ခုံကျွန်းကွက်ဖြစ်တာ တွေက တူညီတာ တွေ့ရပါတယ်။ZX Navi နဲ့ ZL Navi တို့မှာတော့Roof Slide Door ဖြစ်တာတွေကို လည်း တွေ့ရပါတယ်။

အလွိုင်းခွေ၊ ပရိုဂျက်တာရှေ့မီးကြီး၊ Rear Mirror Power, FogLight ပတ်လည်ဖြစ်တာတွေကိုလည်း ဂရိတ်တိုင်းမှာ ပါဝင်နေတာတွေ့ရပါတယ်။ စတီယာရင် ကွန်ထရိုးနဲ့ နောက်မှန်ဝိုက်ဘာတွေ ကိုတော့ ZLI နဲ့ ZXI တို့လို မော်ဒယ်မြင့် ဂရိတ်အမြင့်တွေမှာသာ တွေ့ရပါတယ်။

Honda CR-V ၂၀၁၄ ကိုတော့ အတွင်းရောအပြင်ပါ ဂရိတ်တွေကိုမြှင့်ပြီး ထုတ်လုပ်လာတာ တွေ့ရပါတယ်။ ဂရိတ်တိုင်းကို အဲကွန်းပတ်လည် အတွင်းခန်းထိုင်ခုံ Smart Seat, LCD, DVD Player စတဲ့အဆင့်မြင့် တပ်ဆင်မှု တွေနဲ့ ထုတ်လုပ်လာပါတယ်။

နောက်ဖုံးကိုအရင်မော်ဒယ် တွေထက် ပိုပြီးခုံးလာတာတွေ့ရပြီး နောက်မီးခွက်၊ မီးတန်းတွေကိုပါ ပြောင်းလဲထုတ်လုပ်လာတာ တွေ့ရပါတယ်။ အင်ဂျင် အရွယ်အစားကိုလည်း ၂ဒသမ၄ လီတာ တစ်မျိုးတည်းနဲ့ ထုတ်လုပ်လာတဲ့ Honda CR-V 2014 ကို 4D Wagon အမျိုးအစားဖြင့် ထုတ်လုပ်ထားပါတယ်။

အတွင်းခန်းဂရိတ်တွေက အဆင့်မြင့်ကားတစ်စီးလို တည်ဆောက်ထားတဲ့ အပြင် ကိုယ် ထည်ပိုင်းကိုလည်း အကြမ်းခံပြီး Smart ကျတဲ့ ကားတစ်စီးအဖြစ် ပါ အသုံးပြုနိုင်ဖို့ထုတ်လုပ်ထား တာ တွေ့ရပါတယ်။ လုံခြုံရေးပိုင်းနည်းပညာတွေကိုလည်း Hondaရဲ့ နောက်ဆုံးပေါ်နည်းပညာတွေနဲ့အတူ ထုတ်လုပ်ထားလို့ Wagon ကားကောင်းကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့် ကားတစ်စီးဖြစ်ပါတယ်။ အရင်က ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေထဲက ၂၀၁၀ မော်ဒယ်ရဲ့ အင်ဂျင်ပိုင်း ပြဿနာတွေ၊ ၂၀၁၂ မော်ဒယ်ရဲ့ လုံခြုံရေးပိုင်းနည်းပညာ အား နည်းချက်တွေကို ဖြည့်စွက်ထုတ် လုပ်လာတဲ့ 2014 Honda CR-V ကတော့ ပြည့်စုံတဲ့ကားတစ်စီးလို့ ဆိုနိုင်ပါတယ်။

ရှေ့မီးခွက်၊ နောက်မီးခွက်တွေကိုလည်း ဒီဇိုင်းပြောင်းလဲ ထားတဲ့အပြင် မီးသီးတွေကိုလည်း LED မီးသီးအကြီးအသေးတွေ တပ်ဆင်ပေးထားတာ တွေ့ရပါ တယ်။ ထိန်းချုပ်မှုပိုင်းစနစ်တွေ ကိုလည်း လျှပ်စစ်ထိန်းချုပ်စနစ် တွေ၊ အကူစနစ်တွေကိုလည်း လျှပ်စစ်အကူစနစ်တွေနဲ့ တပ်ဆင်ထုတ်လုပ်ထားတဲ့အတွက် လျင် မြန်တဲ့ ထိန်းချုပ်မှုကို စွမ်းဆောင် ရည်အပြည့်ရရှိမှာ ဖြစ်ပါတယ်။

🚙 HondaCR-V အကြောင်း တစေ့တစောင်းတော့ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။

မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ🙏

Credit: 7Day Cars

19/08/2025

Toyota RAV-4 ကားအကြောင်း

RAV-4 ဆိုတာ LUV ( Luxury Utility Vehicle ) လို့ခေါ်နိုင်တဲ့ မော်ဒယ်မျိုးပါ။ ဒီနေ့မှာတော့ ကျွန်တော်တို့ က RAV-4 အကြောင်း မိတ်ဆက်ပေးလိုပါတယ်။

ဂျပန် အခြေစိုက် Toyota ရဲ့ မော်ဒယ် ဖြစ်ပြီးတော့ ၁၉၉၄ ခုနှစ်ကနေ စတင် ထုတ်လုပ်ခဲ့တာကြောင့် သက်တမ်း အနေအထားအရ တော်တော်လေး ကြာနေတဲ့ မော်ဒယ်ဖြစ်ပါတယ်။ ၂၀၀၅ခုနှစ် နဲ့ နောက်ပိုင်း ထုတ်လုပ်လာ တဲ့ မော်ဒယ်တွေကိုတော့ Compact SUV လို့ပဲ ခေါ်ပြီး အင်ဂျင် အရှေ့ဘက် ထိုင်စနစ်နဲ့ မော်ဒယ်ကို ထုတ်လုပ်ထားတာ တွေ့နိုင်ပါတယ်။ ရုန်းအားယူ စနစ်မှာတော့ ရှေ့ဘီးယက်စနစ်နဲ့လည်း ထုတ်လုပ်တာ တွေ့ရသလို လေးဘီးယက်စနစ်နဲ့လည်း ထုတ်လုပ်တာ တွေ့နိုင်ပါတယ်။

မော်ဒယ်အနေနဲ့ မှတ်တမ်း၀င်မှု အနေအထားမှာတော့ ဂျပန်ထုတ် ပထမဆုံး Compact SUV မော်ဒယ် အနေနဲ့ ဂျပန်မှာရော ဥရောပမှာပါ မိတ်ဆက်နိုင် ခဲ့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ဥရောပမှာတော့ ၁၉၉၄ခုနှစ်မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာတော့ မြောက်အမေရိကစျေးကွက်မှာ မိတ်ဆက်ခဲ့တာ တွေ့ရပါတယ်။ Compact SUV စျေးကွက်ကို အစောဆုံး ထိုးဖောက်ရောင်းချတဲ့ မော်ဒယ်ဖြစ်တာကြောင့် နေရာရပြီး လူကြိုက်များ သွားတာလည်း ဖြစ်နိုင်ပါတယ်။

ဒီဇိုင်းပိုင်း တည်ဆောက်မှုက SUV တစ်စီးမှာ ရှိရမယ့် အချက်တွေကို အားသာချက်အနေနဲ့ ပြည့်စုံအောင် ဖန်တီးထားတဲ့ အချက်ကတော့ အားရစရာပါ။ အဆိုပါ အားသာချက်တွေကတော့ အတွင်းခန်း ကျယ်၀န်း
အောင် ဖန်တီးတည်ဆောက်ထားမှု၊ ယာဉ်မောင်းအနေနဲ့ ရှေ့မြင်ကွင်းကို အမြင့် အနေအထားကနေ မြင်နိုင်အောင် ဖန်တီး တည်ဆောက်ထားမှုတွေ အပါအ၀င် လေးဘီးယက်စနစ်နဲ့လည်း ရွေးချယ်နိုင်အောင် ဖန်တီး ထုတ်လုပ် ထား ရှိမှုတွေ အပြင် ဆီစားနှုန်း သက်သာစွာနဲ့ လမ်းကြမ်းပိုင်း မောင်းနှင်နိုင် မှုတွေ ကောင်းမွန်တယ်ဆိုတဲ့ အားသာချက်တွေ ဖြစ်ပါတယ်။

ပထမ မျိုးဆက် (XA10)
--------------------------

အခု မျိုးဆက်ကိုတော့ ပထမ မျိုးဆက်လို့ ဆိုတာထက် XA10 လို့ လူသိ များပါတယ်။ ဒါ့အပြင် RAV4 EV လို့လည်း ခေါ်ကြသလို ၁၉၉၄ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့တဲ့ RAV4 နဲ့ ၁၉၉၇ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့တဲ့ RAV4 EV မော်ဒယ်တွေကို ခေါ်တာ
ဖြစ်ပါတယ်။ မော်ဒယ် နှစ်အနေနဲ့ကတော့ ၁၉၉၅ ခုနှစ် မော်ဒယ် အနေနဲ့ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီးတော့ ၂၀၀၀ ခုနှစ် မော်ဒယ်ထိအောင် ထုတ်လုပ်ခဲ့တာ တွေ့ရပါတယ်။

ဂျပန်နိုင်ငံမှာ ရှိတဲ့ စက်ရုံတွေမှာပဲ တပ်ဆင် ထုတ်လုပ်တာ ဖြစ်ပြီးတော့ အဆိုပါ မျိုးဆက်မှာ ဆိုရင် တံခါးသုံးပေါက်စနစ် Wagon ပုံစံနဲ့ တံခါး ငါးပေါက်စနစ် Wagon တွေလည်း ထုတ်လုပ်တာ တွေ့ရသလို တံခါးသုံး
ပေါက်စနစ် အမိုးဖွင့် မော်ဒယ်တွေ အနေနဲ့လည်း ထုတ်လုပ်သေးတာ
တွေ့နိုင်ပါတယ်။ ဒီမျိုးဆက်မှာတော့ ၂.၀လီတာသုံး ဓါတ်ဆီသုံး အင်ဂျင်စနစ်တွေကိုပဲ တပ်ဆင် ထုတ်လုပ်ခဲ့တာ တွေ့နိုင်ပြီး Transmission ပိုင်းမှာက လေးချက် Auto နဲ့ ငါးချက် Manual စနစ်တွေနဲ့ တပ်ဆင် ထုတ်လုပ်ခဲ့တာ တွေ့နိုင်ပါတယ်။


ဒုတိယမျိုးဆက် (XA20)
--------------------------

အခု မျိုးဆက်ကတော့ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်ထိအောင် ထုတ်လုပ် ခဲ့တဲ့ မော်ဒယ်တွေကို သတ်မှတ်တာဖြစ်ပြီး Toyota RAV-4 J အနေနဲ့ရော RAV-4 L အနေနဲ့ပါ လူသိများပါတယ်။ မော်ဒယ်နှစ် အနေနဲ့ကတော့ ၂၀၀၁ ခုနှစ် မော်ဒယ် အနေနဲ့ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ၂၀၀၅ ခုနှစ်
မော်ဒယ်ထိအောင် ထုတ်လုပ်ခဲ့တာ တွေ့နိုင်ပါတယ်။

ဒီမော်ဒယ် မျိုးဆက်ကိုလည်း ဂျပန်မှာပဲ ထုတ်လုပ်တာ ဖြစ်တာကြောင့် အရည်အသွေးပိုင်းမှာ လက်ခွဲနိုင်ငံထုတ် မော်ဒယ်တွေထက် ကောင်း မွန်တာလည်း ဖြစ်ပါတယ်။ ကိုယ်ထည်ပိုင်းမှာက တံခါးသုံးပေါက် စနစ် Wagon အဖြစ်နဲ့ရော တံခါးငါးပေါက်စနစ် Wagon အဖြစ်နဲ့ပါ ထုတ်လုပ်ခဲ့ပြီး အမိုးဖွင့် မော်ဒယ်ကို ရပ်နားလိုက်တာ တွေ့ရပါတယ်။

အင်ဂျင်ပိုင်းမှာတော့ ရွေးချယ်နိုင်စရာ များလာပြီး ၁.၈ လီတာသုံး အင်ဂျင်တွေ ထုတ်လုပ်လာတဲ့ အပြင် ၂.၀ လီတာသုံးကနေ ၂.၄ လီတာသုံးထိအောင် ထုတ်လုပ်လာတာ တွေ့နိုင်ပါတယ်။ Transmission ပိုင်းမှာလည်း ငါးချက် Manual စနစ်နဲ့ လေးချက် Auto တွေကိုပဲ ထုတ်လုပ်တာ တွေ့ရဆဲပါ။

တတိယမျိုးဆက် (XA30)
----------------------------

အခုမော်ဒယ်ကိုတော့ ဂျပန်မှာ Toyota Vanguard လို့ လူသိများပြီးတော့ ၂၀၀၅ ခုနှစ် နို၀င်ဘာလမှာ စတင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်ကနေ ၂၀၁၂ ခုနှစ် ဒီဇင်ဘာထိအောင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေကို ပြောတာပါ။ ဒါပေမယ့် အဆိုပါ တတိယ မျိုးဆက်က ဂျပန်ကနေ ပြည်ပကို ပို့တဲ့
မော်ဒယ်တွေကိုပဲ ဖြစ်ပြီးတော့ ဂျပန်မှာတော့ တတိယမျိုးဆက်ကိုပဲ လက်ရှိအချိန်ထိအောင် ထုတ်လုပ်ရောင်းချနေတာ တွေ့ရဆဲပါ။ မော်ဒယ်နှစ် အနေနဲ့ကတော့ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ထိအောင် ထုတ်လုပ် တဲ့ မော်ဒယ်တွေကို ပြောတာ ဖြစ်ပြီးတော့ ဂျပန်က စက်ရုံနှစ်ရုံ အပြင် ကနေဒါနဲ့ တရုတ်နိုင်ငံတွေမှာပါ ထုတ်လုပ်ပါတယ်။ ထုတ်လုပ်တဲ့ နိုင်ငံအလိုက် အရည်အသွေးပိုင်းမှာ အနည်းငယ်ကွဲလာတာ တွေ့ရတယ် ဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒီမျိုးဆက်မှာတော့ တံခါးငါးပေါက်စနစ် Wagon အဖြစ်နဲ့ပဲ ထုတ်လုပ်တော့ တာ တွေ့ရပြီး တည်ဆောက်မှု ပုံစံ အသစ်ဖြစ်လာသလို Toyota New MC Platform နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အခု မော်ဒယ်မှာတော့ အင်ဂျင်ပိုင်းမှာ ၂.၀လီတာသုံးကနေ ၃.၅လီတာသုံးထိအောင် အင်ဂျင် အမျိုးအစား ၈မျိုးထိအောင် ရွေးချယ်နိုင်ဖို့ ထုတ်လုပ်လာတာ တွေ့ရသလို Transmission ပိုင်းမှာလည်း ၆ ချက်နဲ့ ၅ ချက် Manual စနစ်တွေကို ထုတ်လုပ်လာသလို ၄ချက်၊ ၆ချက်နဲ့ ၅ချက် Auto စနစ်တွေကိုလည်း ထုတ်လုပ်လာတာ တွေ့နိုင်ပါတယ်။

စတုတ္ထမျိုးဆက် (XA40)
---------------------------

နောက်ဆုံး မျိုးဆက်ကတော့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာကနေ အခုချိန်ထိအောင် ထုတ်လုပ်နေတဲ့ မော်ဒယ်တွေ ဖြစ်ပါတယ်။ မော်ဒယ် နှစ်အနေနဲ့ကတော့ ၂၀၁၃ခုနှစ်ကနေ အခုချိန်ထိအောင် ထုတ်လုပ်နေတာ ဖြစ်ပြီးတော့ ဂျပန်၊ ကနေဒါနဲ့ တရုတ်နိုင်ငံတွေမှာပဲ ထုတ်လုပ်တာ တွေ့ရပါတယ်။

တံခါးငါးပေါက်စနစ် Wagon လို့ ခေါ်ရမယ့် SUV တွေ အဖြစ်နဲ့ပဲ ဆက်လက် ထုတ်လုပ်နေတာ တွေ့နိုင်သလို ၂.၀လီတာ၊ ၂.၂လီတာနဲ့ ၂.၅လီတာသုံး ဒီဇယ်နဲ့ ဓါတ်ဆီအင်ဂျင်တွေ အဖြစ်နဲ့ ထုတ်လုပ်လာတာ တွေ့နိုင်သလို Transmission ပိုင်းမှာတော့ ပြန်လည် လျော့ချပြီး ၆ချက် Auto နဲ့ Manual စနစ်တွေနဲ့ ထုတ်လုပ်သလို ထူးခြားချက် အနေနဲ့ကတော့ အခု နောက်ပိုင်း
ခေတ်စားနေတဲ့ စနစ် ဖြစ်တဲ့ CVT စနစ်ကိုပါ ထုတ်လုပ်လာတာတွေ့နိုင်ပါတယ်။

🚙 Toyota RAV-4 အကြောင်း တစေ့တစောင်းတော့ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။

မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ🙏

Credit: original writer

19/08/2025

Toyota Alphard အကြောင်း

သင့်အနေနဲ့ မိသားစု ခရီးဝေးသွားတာပဲ ဖြစ်ဖြစ်/ မြို့တွင်း မြို့ပြင် အတွင်းခန်း ကျယ်ကျယ်နဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း စီးချင်ရင်တော့ တိုယိုတာ Alphard ကို ညွှန်းပါရစေ။
ဂျပန်မှာ Alphard လို့ခေါ်ပေမဲ့ international မှာတော့ Vellfire လို့ ခေါ်ကြပါတယ်။
စတင်ထုတ်လုပ်ခဲ့စဉ်က MPV အနေနဲ့ ပွဲထုတ်လာခဲ့ပေမဲ့ ယနေ့အချိန် တတိယ မျိုးဆက်မှာတော့ full size large luxury MPV ဖြစ်သွားခဲ့ပြီး TRD လို့ခေါ်တဲ့ sport model မျိုးထိ ထုတ်လုပ်နေပါတယ်။

Toyota Alphard ပထမမျိုးဆက်ရဲ့ Grade အမျိုးအစား လေးပါ အကြမ်းဖျင်းသိရှိထားစေလိုပါတယ်။
Toyota Alphard ကို ၂၀၀၂ မှာ စထုတ်ပါတယ်။

First generation (2002 to 2007)
မြန်မာပြည်မှာ ယနေ့အချိန်ထိ အတွေ့ရများဆုံးသော အမျိုးအစားမို့ ,သာသာထိုးထိုးလေးပြောပါရစေ။
MPV အမျိုးအစား 7 seater / 8 seater ဆိုပြီး ခွဲထားပါတယ်။
8 seater ကတော့ ဂရိတ်အနိမ့်တွေ မှာအတွေ့များ ပြီး / ဂရိတ်မြင့်ရင်တော့ 7 seater ပဲ တွေ့ရများပါတယ် ။
ဒါပေမဲ့ ဒီမော်ဒယ်ရဲ့ ရူပ်ထွေးမှုက ရောသမမွှေထား ခွင့်ပေးတာကြောင့်ပါ ။
ဂျပန်တွေက ကိုယ်တိုင် ထည့်ချင်တဲ့ optional ကို ရွေးမှာခွင့်ရတဲ့ အတွက် ဘယ်grade မှာမှ ဘာတွေ ပါမယ်လို့ပြောရခက်ပါတယ် ။
အဓိက လေ့လာမိသလောက်ကတော့ အင်ဂျင် ပိုင်းပါ ။
သူ့မှာ အင်ဂျင် ၂ မျိုးလာပါတယ် 2.4 L I4 နဲ့ 3.0 L V6 အမျိုးအသားတွေဖြစ်ပါတယ်။
Grade ခွဲအနေ နဲ့ AX / AX-L / AS
MX / MX-L / MS / MZ / MZG ဆိုပြီး ၈ မျိုးလောက်တွေ့ပါတယ် ။
A နဲ့ စတဲ့ ဂရိတ်တွေမှာ 2.4 VVT-i အင်ဂျင်သုံးပါတယ် ။
M နဲ့ စတဲ့ ဂရိတ်တွေမှာ 3.0 VVT-i အင်ဂျင်ပါ
ဒုတိယ စာလုံးတွေထဲက X ကတော့ အတွင်းခန်း ပုံမှန် ပဲ / S ကတော့ sport ဆန်ဆန် အပြင်အဆင် လို့ ဆိုလိုပါတယ် ။
တတိယစာလုံး L ကတော့ Luxury ဆိုတာပါ ထိုင်ခုံတွေ နဲ့ dashboard တွေရဲ့ leather ကquality အကောင်းဆုံး ဖြစ်သွားပါတယ် ။
စျေးကလည်း တော်တော်ကြီး ကွာသွားပါတယ်
MZ နဲ့ MZG ကတော့ ဂရိတ် အမြင့်ဆုံး ဖြစ်ပါတယ်
အတွင်းပစ္စည်းတွေ ကလည်း luxury grade ဖြစ်သွားပါတယ် slight door တွေကလည်း အမျိုးစုံ ပါပါတယ် / ဒီဂရိတ် ၂ မျိုးမှာတော့ 7 seater ပဲအတွေ့များပါတယ် ။
အပြင်ကလည်း sonar တွေ အများကြီးပါလာတယ် / TV တွေ အပိုပါလာတယ် / sound system ကွာသွားတယ် / air bag တွေ ၁၀ လုံးပါလာတယ်/ ရှေ့ကင်မရာ စနစ် / နောက်ကင်မရာ စနစ် စသဖြင့်
အများကြီးကွဲသွားပါ ပြီ စျေးကလည်း ၂ ဆ နီးနီး ကွာသွားပါ ပြီ ။
Alphard ရဲ့ နောက်ထပ်ရူတ်ထွေးမှုက 2WD and 4WD ပါ ဘယ်ဂရိတ်မှာမဆို ဒါက အမှန် မရှိပါဘူး / 2WD ကတော့ ရှေ့ယက် ဖြစ်ပါတယ် ဆီစားနှုန်းနိမ့်တယ်။
ဒါပေမဲ့ 4WD ကတော့ ပိုပြီး ဆီစားနှုန်း မြင့်ပါတယ် ( မြန်မာတွေ သိပ်မကြိုက်တဲ့ အချက်) ဒါပေမဲ့ ပိုပြီး safe ဖြစ်တယ် weight လည်း ၂၀၀ ကီလိုလောက် ကွာတာကိုး ။
4WD ရဲ့တစ်ခုအားသာချက်က Traction Control လို့ခေါ်တဲ့ TRC control ပါ သူက အကွေ့တွေမှာ ကားရဲ့ balancing ကို တိတိကျကျ ထိန်းပေးပါတယ် ။ ABS ကို advance လုပ်တာပါ ABS ရဲ့အလုပ်လုပ်ပုံမျိုးပဲ ဒါပေမဲ့ ကားရဲ့stability အတွက်ပိုမိုကောင်းမွန်စေပါတယ် ။

Second generation ( 2007 to 2014)
ဒီဒုတိယ မျိုးဆက်မှာတော့ 3.0 L အင်ဂျင် မရှိတော့ပါဘူး။ 2.4 L (168hp) နဲ့ 3.5 L ( 266hp) နှစ်မျိုး ထုတ်ပါတယ်။ CVT ဂီယာ 7 speed နဲ့ 6 speed ECT နှစ်မျိုးထိ တပ်ဆင်ပေးပါတယ်။
2011 မော်ဒယ်မှာ ပုံအနည်းငယ်ပြောင်းသွားပါတယ်။ ပြီးတော့ 2012 မှာ တော့ hybrid model နဲ့ TRD sport model တွေပါ ထပ်ထွက်လာပါတယ်။
3.5 L V6 အင်ဂျင်ကတော့ 2GR-FE အမျိုးအစား ဖြစ်ပြီး 2.4 L အင်ဂျင်ကတော့ အရင် သုံးတဲ့ 2AZ အမျိုးအစားပဲဖြစ်ပါတယ်။

Third generation ( 2014 to present )
Full size luxury MPV ဆိုတဲ့ ဘွဲ့ကို ခံယူရင်း တတိယ မျိုးဆက်မှာ အရွယ်အစား ထပ်မံကြီးထွားလာပြန်ပါတယ်။ 2.4 L အင်ဂျင်ကို အနည်းငယ် ဖြည့်စွက်ထားတဲ့ 2.5 L 2AR-FE I4 (180hp)အင်ဂျင်တပ်ဆင်ပေးသလို , second generation တုန်းက 3.5 L 2GR-FE အင်ဂျင်ကို တပ်ဆင်ထုတ်လုပ်ပေမဲ့ ပါဝါပိုမိုထုတ်ပေးနိုင်ပါတယ် ( 276 hp)။
Hybrid မော်ဒယ်အတွက်ကတော့ 2.5 L နဲ့ပဲထုတ်ပေးပါတယ်။ ထူးခြားတာကတော့ CVT (hybrid) လို့ခေါ်တဲ့ ဂီယာ hybrid စနစ်တပ်ဆင်ပေးထားတဲ့ အတွက် 3.5 L အင်ဂျင်ရဲ့ ဆီစားနှုန်းဟာ ပုံမှန် 2.0 L အက်ဂျင်လောက်ပဲ ရှိတော့ပါတယ်။

🚐 Toyota Alphard အကြောင်း တစေ့တစောင်းတော့ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။

မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

Credit: waiyan

19/08/2025

Toyota Caldina အကြောင်း တစေ့တစောင်း
============================
ဂျပန် တစ်နိုင်ငံအတွက်သာ ထုတ်လုပ်ရောင်း
ချတဲ့ brand ကို ပြပါဆိုရင်တော့ Caldina
ကိုပဲ ညွှန်ပြရပါလိမ့်မယ်။ဂျပန်ရဲ့ ပြင်ပ နိုင်ငံ
တွေမှာ Caldina brand ကို ရောင်းချခြင်း
မရှိပါဘူး။ တကယ်လို့ ဂျပန် ပြင်ပမှာတွေ့ခဲ့
ရတယ်ဆိုရင်တော့ ဂျပန် used market ကနေ
တင်သွင်းလာတယ်လို့သာမှတ်ယူရပါ့မယ်။
Station wagon အနေနဲ့သာထုတ်လုပ်တဲ့
အမျိုးအစား လည်းဖြစ်ပါတယ်။ သူ့အရင် Carina နဲ့ Corona van တွေထုတ်လုပ်မှု
ရပ်ဆိုင်းပြီးချိန်မှာ အစားထိုးထုတ်ခဲ့တဲ့ model
တစ်မျိုး ဖြစ်ပြီးတော့ လက်ရှိအချိန်မှာတော့
ထပ်မံထုတ်လုပ်ခြင်းမရှိတော့ပါဘူး ။

မျိုးဆက်အနေနဲ့ ၃ ဆက်ထိ ရှိပြီး
First generation T190, ( 1992-1997)
မြန်မာအခေါ် ပဲခြမ်း

Second generation T210, (1997-2002)
မြန်မာအခေါ် ကြက်တူရွေး

Third generation T240, ( 2002-2007)
မြန်မာအခေါ် စက်ရုပ်

( မြန်မာတွေကလည်း နာမည်ပေးတဲ့နေရာ မှာတော့ ပြိုင်စံရှားတွေပဲ )

ပထမ မျိုးဆက်မှာ တော့ ရွေးချယ်စရာ အင်ဂျင်ပေါင်း သောင်းခြောက်ထောင် လောက် ပေးထားပါတယ်။
Petrol သုံးထဲမှာ ရနိုင်တဲ့ အင်ဂျင်တွေကတော့
1.5 L 5E-FE I4
1.8 L 4S-FE I4
1.8 L 7A-FE I4
2.0 L 3S-FE I4
2.0 L 3S-GE I4
Diesel ထဲမှာကတော့
2.0 L 2C I4
2.0 L 2C-T I4
2.2 L 3C-E I4 တွေနဲ့ ဖြစ်ပါတယ်။
ထူးခြားချက်အနေတဲ့ semi-independent leaf springs ဆိုတဲ့ suspension system ကို စတင် သုံးစွဲပေးခဲ့ပါတယ်။

Second generation T210 မှာတော့ ရုပ်ထွက်လေးက ပိုမို လုံးဝန်းတဲ့ ရုပ်ထွက်လေးနဲ့ ထုတ်လုပ်ပါတယ်။ ကြက်တူရွေးမှာ ဂရိတ်
အနေနဲ့ GT, E စသဖြင့် ခွဲထုတ်ပေးပါတယ်။
သူ့မှာတော့ တာဘိုပါဝင်တဲ့ ဓါတ်ဆီ အင်ဂျင်
တွေ စထုတ်ပေးခဲ့ပါတယ် GT-T ဆိုတဲ့ အမျိုး
အစားမှာ 3S-GTE အင်ဂျင်နဲ့ တာဘို ပါဝင်ပါ
တယ်။သူ့မျိုးဆက်ရဲ့ ရနိုင်တဲ့ အင်ဂျင်တွေ
ကတော့ ဓါတ်ဆီ လိုင်းမှာ
1.8 L 7A-FE I4
2.0 L 3S-FE I4
2.0 L 3S-GE I4
2.0 L 3S-GTE I4 ( Turbo)
ဒီဇယ် လိုင်းမှာတော့
2.0 L 2C-T I4 ( Turbo diesel )
2.2 L 3C-TE I4 ( Turbo diesel )
တွေ တပ်ဆင်ပေးပါတယ်။

အဓိက ဒီ မော်ဒယ်တွေမှာ ဂရိတ်တွေကို ရေးမ
ပြတာကတော့ အားလုံးနီးပါးဟာ တူညီတဲ့
ပါဝင်ပစ္စည်းတွေ ရှိကြပါတယ်။ အဓိက ကွဲလွဲ
သွားတာကတော့ chassis နဲ့ အင်ဂျင်ပါ
ဒါကြောင့် ဂရိတ်တွေပြောလည်း သိပ်မထူး
လှပါဘူး။ ကားတိုင်းမှာ PW/ PS / Auto
Transmission စတာတွေက တူပါတယ် ကွဲလွဲ
ချက်အနေနဲ့က နောက်wiper / CD player /
alloy / 2WD or 4WD စတာတွေပဲ ဖြစ်ပါ
တယ်။

Third generation, စက်ရုပ် ကိုတော့ ဂရိတ်ကွဲ
တွေနဲ့ ထုတ်ပေးပြီး sport type ဖြစ်အောင် အဓိက ဆွဲထုတ်သွားပါတယ်။ Diesel engines
နဲ့ ထုတ်လုပ်ခြင်း မရှိတော့ပါဘူး။ စက်ရုပ်
ကတော့ လူကြိုက်များပြီး လက်ရှိလမ်းပေါ်မှာ အတွေ့များတော့ ပိုပိုသာသာလေး ဖေါက်သည်
ချချင်ပါတယ်။

X grade
ရှေ့ယက် 2WD, 1.8 L 1ZZ-FE I4 အင်ဂျင် နဲ့
EFI fuel system
Airbag 2 လုံး
Chassis အနေနဲ့ UA-ZZT241နဲ့ ထွက်ပါတယ်
Z grade ကတော့ X grade နဲ့ အားလုံးတူပါ
တယ်။ Aircon auto ဖြစ်တာ နဲ့ မဖြစ်တာ
ပဲကွာပါတယ်။AC Auto ဆို Z ( 1.😎 / AC
manual ဆို X ( 1.😎 ။

Z grade မှာ 2.0 ဆိုရင်
Engine က 1AZ-FSE , D-4 Fuel system နဲ့ Chassis ကတော့ TA-AZT241 ( 2WD) & TA-AZT246 (4WD) ဖြစ်သွားမယ် ။
Original fog lamp ပါလာပါ့မယ်။

ZT grade မှာတော့ Z ( 2.0) နဲ့ အားလုံးတူ
တယ် ပိုပါလာမှာကတော့ 17 inch alloy wheel
ဖြစ်သွားမယ်။ xenon head lamp ဖြစ်မယ်,
front spoiler ပါလာမယ်, လည်သာ စီယာရင်
ကြိုးချုပ်ဖြစ်သွားပါ့မယ်။

GT-FOUR Grade မှာတော့ 2WD မရှိတော့ပါ
ဘူး အကုန်လုံး Full time 4WD တွေပဲလာပါ
တယ်။2.0 L 3S-GTE I4 engine တပ်ပြီး
တာဘိုပါဝင်ပါတယ်။ EFI စနစ်ကိုပြန်သုံးပြီး
Or 6 CD player ပါဝင်ပါတယ်။ ကျန်တာ
ကတော့ ZT မှာပါတဲ့ အတိုင်း အတူတူပါပဲ။ Chassis ကတော့ LA-ST246 နဲ့ထွက်ပါတယ်။
GT-Four C edition ဆိုပြီးလည်းထွက်ပါတယ်,
Xenon headlamp နဲ့ front spoiler မပါဝင်ပါ
ဘူး။GT-Four N edition ဆိုပြီးလည်း ထွက်ပါ
တယ်, သူကတော့ အစုံဆုံး ဂရိတ်ပါ ။
L*D - Limited Slip Differential ဆိုတဲ့ စနစ်
အပိုပါလာပါတယ်။
Rear wiper, Rear spoiler, ABS, TCS, Privacy
glass , UV glass , central door lock နဲ့ power
window တွေက third generation ကားတိုင်းမှာ
ပါပါတယ်။ 2007 ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ
စီးပွားရေး crisis ဖြစ်တော့ တချို့ အမြတ်အစွန်း
နဲတဲ့ brand တွေ ကို လုပ်ငန်းရပ်ဆိုင်းပြီး လျော့
ပစ်ခဲ့တဲ့ထဲမှာ မြန်မာ့ အကြိုက် Caldina လေး
လည်း တစ်ခန်းရပ်ခဲ့ရရှာပါတော့တယ်။

ဒီလောက်ဆို တော်တော်လေး လေ့လာ မိပြီလို့ မှတ်ယူပါရစေ။

ဗဟုသုတ တွေတိုးစေဖို့ ရည်ရွယ်ပါတယ်

==========================================
မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

Credit: original writer
မူရင်းရေးသားသူဆရာအား လေးစားလျက်

19/08/2025

မြန်မာနိုင်ငံမှာခိုင်းဖို့အသုံးများတဲ့
Toyota Probox /Succeed အကြောင်း

ခိုင်းမှာဆို Probox သာဝယ်
ယနေ့ တော်တော်များများ ပြောကြသော
ကားလောက အသံများ။
ပရိုဘောက်က ဘာကြောင့် စွတ်ခိုင်းလို့
ကောင်းနေရတာတုန်း, အများစု Probox ကို ရွေးဝယ်နေကြတာလဲ စသဖြင့် လေ့လာမိပါတော့တယ်။
အများစု အသိထပ်နေကြတာက Probox နဲ့ succeed အတူတူ ပဲ လို့ ထင်မြင်နေကြတာပါ။
ရုပ်ချင်း ဆင်တယ်ဆိုရင် ပိုမှန်မလား , အတွင်းပစ္စည်းကျတော့ရော တူနေပြန်ရော ,
ဒါပေမဲ့ နောက်မီးခွက် ကျတော့ ကွဲပြန်ရော ,
အဲ ရှေ့ မီးခွက်ကျ တူပြန်ရော။
ဘာတွေ မှန်းမသိ တော့ဘူး မောင်းကောင်းရင် ပြီးရော ကွာဆိုပြီး အလွယ်သာရွေးလိုက်ရပါလေရော။

Probox

First generation လို့ ခေါ်တဲ့ ပရိုဘောက်ကို ၂၀၀၂ မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။
Commercial compact car အမျိုးအစား
တံခါး ၅ ပေါက် နဲ့ ရှေ့ယက် သို့ 4WD နှစ်မျိုး
ထုတ်ပါတယ်။အင်ဂျင်ကတော့ ၂ မျိုးထုတ်ပါတယ် 1.3 L နဲ့ 1.5 L တွေပါ။

1.3 L 2NZ-FE I4
1.5 L 1NZ-FE I4 တွေတပ်ဆင် ထုတ်လုပ်ပါတယ်။
1.3 L အင်ဂျင်တပ် ပရိုဘောက်မှာ
chassis အနေနဲ့ UA-NCP50 လို့ ထွက်ပြီး
1.5 L အင်ဂျင်တပ်ရင်တော့ UA-NCP58G / NCP55 / NCP51လို့ ထွက်ပါတယ်
( 4WD ဆိုရင် NCP59G )။

ဘာဂရိတ်မှ မဖေါ်ပြတဲ့ ကတုံး ဆိုရင်တော့
NCP50 နဲ့ ထွက်လေ့ရှိပြီး မှန်လက်လှည့်/ မှန်ချိုး မပါ/ ဘက်မှန်အသေး နဲ့ လာလေ့ရှိပါတယ်
( DX လို့လည်းတပ်တတ်ပါတယ်)။

DX grade အမှန်အကန် ဆိုရင်တော့
ဒရိုင်ဘာ မှန်တစ်ပေါက် ပါဝါ ဖြစ်သွားမယ်,
မှန်ချိန် ပါလာမယ်,
ဘက်မှန်အကြီး ဖြစ်လာမယ်,
radio FM ပါပါတယ်။

GL grade ကတော့
ရှေ့တံခါး ၂ ပေါက် ပါဝါ ဖြစ်သွားမယ်,
မှန်ချိုး မှန်ခေါက် ခလုပ်လေး ပါလာမယ်,
နောက်wiper ပါလာမယ်,
ကျန်တာကတော့ DX နဲ့ အားလုံးတူပါတယ်။

F grade မှာတော့ 1.3 အနေနဲ့ မလာတော့ပဲ
၁.၅ သာလာတာတွေ့ရပါတယ်။
မန်နူရယ် ဂီယာ ၅ ချက်နဲ့လည်း ထုတ်သလို
ကတုံးလည်း ထွက်ပါတယ်။
မှန်းရအခက်ဆုံး ဂရိတ် လို့တောင် ပြောချင်ပါတယ်။

F extra package မှာတော့
GL နဲ့ ဆင်တူ ပါတယ် ထူးခြားတာကတော့
နောက်ထိုင်ခုံ ခေါင်းမှီ ပါလာတာပါ။
F extra မှာ တံခါး ၄ ပေါက် ပါဝါနဲ့လည်း လာပါတယ်။

Succeed

Succeed မှာတော့ Probox ကို အဆင့်မြှင့်ထားတဲ့ လူစီး wagon အမျိုးအစား ဖြစ်သွားပါပြီ။ နောက်ဖုံးတံခါး , ရှေ့မီးခွက် , နောက်မီးခွက် နဲ့ အတွင်း ထိုင်ခုံတွေ မတူပါဘူး။

UL, ULX , TX, TXG ဆိုပြီး ဂရိတ် ၄ မျိုး လောက်တွေ့ရလေ့ရှိပြီး
chassis ကတော့ Probox နဲ့ သွားတူနေပါတယ်။ Succeed မှာကတော့
အင်ဂျင်ပါဝါ 1.5L 1NZ-FE I4 ဟာ
standard ပါပဲ( တခြား အင်ဂျင်မတပ်ပါ)။

UL ဂရိတ်မှာ က
အကွဲ ၂ မျိုးလောက်တွေ့ရပါတယ်။
ရှေ့ပါဝါ ၂ ပေါက် , မှန်ချိန် နဲ့ လာသလို ,
လက်လှည့်နဲ့လည်း လာပါတယ်။

ULX ကတော့
ရှေ့ပါဝါ ၂ ပေါက် သို့ ၄ ပေါက် ပါပြီး
ကျန်တာကတော့ အားလုံး နီးပါးပါဝင်ပါတယ်။

TX grade ကတော့
ပါဝါ ၂ ပေါက် နဲ့ ထူးခြားချက် အဖြစ် မှန်ချိုး
မပါဝင်ပါဘူး။

TXG ကတော့
အစုံဆုံး ဂရိတ်လို့သာ သတ်မှတ်ရမှာပါ။
ပါဝါ ၂ ပေါက် / ၄ ပေါက် , မှန်ချိုး, မှန်ချိန်, Alloy , back mirror heater စသဖြင့် တော်တော်စုံပါတယ်။

Succeed တိုင်း ရဲ့ ထူးခြားချက်
အနေနဲ့ကတော့
နောက်တုတ် ဂရိတ်တိုင်းမှာပါသလို /
ပါဝါ တစ်ပေါက် မရှိပါဘူး
( လက်လှည့် သို့ ၂ ပေါက် သို့ ၄ ပေါက်)။

Succeed မှာ ဒီဇယ် အင်ဂျင်တပ်
အမျိုးအစားလည်းထုတ်ပါတယ်

1.4L 1ND-TV I4 D4-D ဒီဇယ်အင်ဂျင်ကို
မန်နူရယ် ဂီယာ ၅ ချက်နဲ့ တွဲလာပါတယ်။
Probox ရဲ့ ဆီစားနှုန်း ကလည်း သက်သာလှပါတယ်။ ယနေ့ ရန်ကုန်မြို့လို့ ယာဉ်ကြောကျပ်တည်းတဲ့ နေရာမှာ Probox ရဲ့ ဆီစားနှုန်းဟာ တခြားသော ကားအမျိုးအစားတွေထက် သာလွန် သက်သာနေပါတယ်။

အောက်မှာ ပျှမ်းမျှ ဆီစားနှုန်းလေးတွေ
ယှဉ်ပြထားပါတယ်,

Probox 41.8 mpg
ADvan 39.9 mpg
Passo 44.8 mpg
Note 48.8 mpg
Fielder 42.8 mpg
Fit GD1 51.4 mpg
Fit GE6 52.3 mpg
Fit GP1 64.0 mpg ( hybrid)
Insight 64.2 mpg ( hybrid)

• 2014 July မှာတော့
ပုံပြောင်း Probox နဲ့ Succeed ကို စတင်ရောင်းချ ခဲ့ပါတယ်။ လက်ရှိ ဂျပန်မှာ ရောင်းချနေတဲ့ မော်ဒယ် ဖြစ်ပါတယ်။
F, GL, DX comfort , DX ဆိုပြီး ရောင်းချလျှက်ရှိပါတယ်,
chassis အနေနဲ့ကတော
့ NCP50 / 51/55/58/59 စသဖြင့် သုံးစွဲနေပါသေးတယ်။

F grade မှာ ကတော့
ပါဝါ ၄ ပေါက် , နောက်ထိုင်ခုံ ခေါင်းမှီ, စီယာရင် logo နီကယ်, ဘီးဖုံး , တံခါးလက်ကိုင် ကားအရောင်တူ, ဘက်မှန် ကားအရောင်တူ,
မှန်မည်း, remote key နဲ့ audio-less cover
တွေ ပါဝင်မှာပါ။

GL မှာတော့
ဘီးဖုံး မပါတော့ပါဘူး, ပါဝါ ရှေ့တံခါး ၂ ပေါက်ပဲ ပါမယ်, FM radio ပါလာမယ်, နောက်ခေါင်းမှီ
မပါတော့ဘူး, စီယာရင် logo ကတော့ နီကယ်
မပါတော့ပါဘူး။ ကျန်တာ အားလုံးကတော့
F grade အတိုင်းပါပဲ။

DX comfort မှာတော့
သံဂွေဘီးဖုံးမပါ, လက်ကိုင် နဲ့ နောက်တံခါး လက်ကိုင်, စီယာရင် လိုဂို အားလုံး အမည်းရောင် , ဘက်မှန် အမည်းရောင် ( အသေး) ဖြစ်သွားပြီး GL နဲ့ ကျန်တာ အားလုံးတူပါတယ်။
DX ကတော့ အနိမ့်ဆုံး ဂရိတ် ပါဝါ တစ်ပေါက် , ရိုးရိုးကီး , နဲ့ မှန်ချိုး မပါတော့ပါဘူး။

Dashboard မှာ
slide table, ABS , driver cup holder
စတာတွေကတော့ ကားအားလုံးမှာပါဝင်ပါတယ်။
1.3L နဲ့ 1.5L အင်ဂျင် ၂ မျိုး ကို
super CVT-i transmission
တပ်ဆင်ထုတ်လုပ်ပါတယ်။ 1.5L အင်ဂျင်မှာသာ 4WD model ကိုရနိုင်ပါတယ်။

ဆီစားနှုန်းကတော့
F & GL ( 1.5L, 2WD) - 18.2 km/L
F & GL ( 1.5L,4WD) - 15.8 km/L
DX ( 1.3L, 2WD) - 17.6 km/L
အသီးသီးရှိတယ်လို့ တိုယိုတာ ဂျပန် မှာ
ပြောထားပါတယ်။

Succeed အနေနဲ့ ထူးခြားသွားတာကတော့
ပုံပြောင်းချိန်မှာ လုံးဝ ပုံစံတူသွားတာပါပဲ။
ဂရိတ်လည်း ၄ မျိုး အတူတူ ထွက်ပါတယ်
TX, UL-X, UL နဲ့ U ပါ။
U = DX , UL= DX comfort, UL-X=GL, TX= F လို့ သတ်မှတ်လို့ ရပါတယ်။
တစ်ခုပါပဲ Succeed မှာ
1.5 L အင်ဂျင်နဲ့သာ ထုတ်ပါတယ်။
အရောင်အနေနဲ့ ၆ ရောင်ထိ ရရှိနိုင်ပြီး
အဖြူ 058, အနက် 209, အစိမ်းနု 6U6 , ငွေမှင် 1E7, ဇီး 3R9 နဲ့ နက်ပြာ 8P4 တို့ ဖြစ်ပါတယ်

Credit original upload

Address

North Dagon/YGN
Yangon

Alerts

Be the first to know and let us send you an email when Ko John posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category