BooTaw & Brothers Company Limited

BooTaw & Brothers Company Limited Yangon Tour and Car Rental Services

25/07/2026

ရောင်းမည်
ကမ္ဘာအေးဘုရားလမ်း ကျောကပ် ပေ၄၀×၇၀ ၃ထပ်တိုက် ၆ခန်း ကျောက်မျက်ရှေ့
ဂရံအမည်ပေါက် ၉ရပ်ကွက် မရမ်းကုန်းမြို့နယ်
၀၉၂၅၆၅၇၈၇၆၇

ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးမယ်ဆို ဘာတွေလိုမလည်း ? ***************************************ယာဉ်မောင်းလိုင်စင် သက်တမ်းတိ...
31/07/2020

ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးမယ်ဆို ဘာတွေလိုမလည်း ?
***************************************
ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးရာတွင် အောက်ဖော်ပြပါအထောက်အထားများ ကြိုတင်ယူဆောင်သွားရန်လိုအပ်ပါသည်။

၁ ။ ယာဉ်မောင်းလိုင်စင်မူရင်း
၂ ။ ယာဉ်မောင်း မှတ်ပုံတင်မိတ္ထူ
၃ ။ အောက်ခံအပြာပတ်စ်ပို့အရွယ် ဓါတ်ပုံ ( ၂ ပုံ )
၄ ။ ကိုယ်စားဆောင်ရွက်ပါက ကိုယ်စားလှယ်၏ ဓါတ်ပုံပါ စိစစ်ရေးကဒ်
မိတ္ထူ တို့ကို တစ်ပါတည်းယူဆောင်သွားရမည် ဖြစ်ပြီး

ကျသင့်မည့် ကုန်ကျစရိတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

"သ" ယာဉ်မောင်းလိုင်စင်
သက်တမ်းတိုးခ = ၃၀၀၀ ကျပ်
အာမခံကြေး = ၂၅၀၀ ကျပ်
စုစုပေါင်း = ၅၅၀၀ ကျပ်

******************************

"က" ယာဉ်မောင်းလိုင်စင်
သက်တမ်းတိုးခ = ၁၂၀၀၀ ကျပ်
အာမခံကြေး = ၅၅၀၀ ကျပ်
စုစုပေါင်း = ၁၇၅၀၀ ကျပ်

******************************

"ခ" ယာဉ်မောင်းလိုင်စင်
သက်တမ်းတိုးခ = ၅၀၀၀၀ ကျပ်
အာမခံကြေး = ၅၅၀၀ ကျပ်
စုစုပေါင်း = ၅၅၅၀၀ ကျပ်

***************************

"ဂ" "ဌ" ယာဉ်မောင်းလိုင်စင်
သက်တမ်းတိုးခ = ၆၀၀၀၀ ကျပ်
အာမခံကြေး = ၆၅၀၀ ကျပ်
စုစုပေါင်း = ၆၆၅၀၀ ကျပ်

*****************************

"ဃ" ယာဉ်မောင်းလိုင်စင်
သက်တမ်းတိုးခ = ၆၀၀၀၀ ကျပ်
အာမခံကြေး = ၆၅၀၀ ကျပ်
စုစုပေါင်း = ၆၆၅၀၀ ကျပ်

*********************************

"င" ယာဉ်မောင်းလိုင်စင်
သက်တမ်းတိုးခ = ၇၅၀၀၀ ကျပ်
အာမခံကြေး = ၆၅၀၀ ကျပ်
စုစုပေါင်း = ၈၁၅၀၀ ကျပ်

******************************

"ဟ" ယာဉ်မောင်းလိုင်စင်(သုံးဘီးမောင်းလိုင်စင်)
သက်တမ်းတိုးခ = ၃၀၀၀၀ ကျပ်
အာမခံကြေး = ၅၅၀၀ ကျပ်
စုစုပေါင်း = ၃၅၅၀၀ ကျပ်

*********************************

"စ" စပယ်ယာလိုင်စင်
သက်တမ်းတိုးခ = ၁၅၀၀၀ ကျပ်
အာမခံကြေး = ၅၅၀၀ ကျပ်
စုစုပေါင်း = ၂၅၀၀၀ ကျပ်

*********************************

မှတ်ချက် ။သက်တမ်းကုန်လျှင် ဒဏ်ကြေးပါပူးတွဲ ဆောင်ရမည်ဖြစ်ပါသည်။
ကိုယ်စားလှယ်ထား ဆောင်ရွက်ခြင်း အား အထူးဆောင်ရွက်ပေးနေပြီ ဖြစ်ပါသည် ။ ဆက်သွယ်ရန် ဖုန်း - 09406677887 ( or ) Messenger Box .

01/07/2020



ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကိုထပ်မံတိုးမြှင့်
………………………………………………………………………………………………………………………………………………………………………………………………
မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်း ကန့်သတ်ချက်ကို ဇူလိုင်လ ၃၁ ရက် ၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ ထပ်မံ တိုးမြှင့်လိုက်ပြီဖြစ်ပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 ရှိ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်း ပြေးဆွဲခွင့် ကို ဇူလိုင်လ ၃၁ ရက်နေ့ အထိ ရပ်ဆိုင်းလိုက်ပြီဖြစ်သော်လည်း Terminal 3 ရှိ ပြည်တွင်းလေကြောင်းခရီးစဉ်များ ပြေးဆွဲမှုကို ပုံမှန်အတိုင်း ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။ ခရီးသည်များအနေဖြင့် COVID-19 ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးနိုင်ရန် လေဆိပ်အတွင်းချမှတ်ထားသော ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို လိုက်နာ ဆောင်ရွက်ကြပါရန် အသိပေးအပ်ပါသည်။

• Further Extension of Temporary Measures at Yangon International Airport
According to the notice from the Department of Civil Aviation issued on June 28, 2020, the earlier restriction for all airlines operating international air services to and from Yangon International Airport has been further extended up to July 31, 2020, 2359 Hours MST.
Although the International Flights (commercial) continues to suspend at YIA Terminal 1 until July 31, 2020, Terminal 3 (Domestic) remains operational for all the domestic flights. Travelers are advised to observe the precautionary measures at all times in the airport to protect the spread of COVID-19.

Source: Yangon International Airport's Page

24/06/2020

CarAccident ဖြစ်နိုင်သောစက်မှုပိုင်းဆိုင်ရာချို့ယွင်းချက်များ
====================================================================================================

မော်တော်ယာဉ်စီးရေတိုးပွားလာခြင်းနှင့် အတူယာဉ်တိုက်မှုများနှင့် ယာဉ်ကြောကျပ်တည်းမှုများလည်း တိုးတက်လျက် ရှိသည်။ ယာဉ်မတော်တဆမှု (Auto Accident) များလျော့နည်းကျဆင်းရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက နည်းလမ်းမျိုးစုံနှုင့် ကြီးကြပ်စစ်ဆေးအရေးယူ နေသော်လည်းယာဉ်တိုက်မှုဖြစ် စဉ်များမှာ ဖြစ်မြဲဖြစ်နေသည်။

ယာဉ်မတော်တဆမှုကြောင့် ခရီးသွားပြည်သူများ အသက်အန္တရာယ်ရှိသည်။ ကိုယ်လက်အင်္ဂါများ ဆုံးရှုံးပြီး မသန်မစွမ်းဖြစ်ရ သည်။ ယာဉ်မတော်တဆမှုများကို လေ့လာလျှင်အကြောင်းအရင်းများစွာရှိသည်။ မော်တော်ယာဉ်စက်မှုပိုင်းဆိုင်ရာ ချို့ယွင်း ပျက်စီးခြင်း၊ ယာဉ်မောင်းသူ၏ ပေါ့လျော့မှု၊ အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှု၊ စည်းကမ်းမလိုက်နာမှု၊ လမ်းအခြေအနေ၊ ရာသီဥတုမိုးလေဝသ အခြေအနေ၊ ယာဉ်ကြောထိန်းချုပ်မှု စနစ်စသောအကြောင်း တရားပေါင်းများစွာ ရှိသည်။

ယာဉ်တိုက်မှုများကိုလေ့လာသုတေသန ပြုလုပ်ချက်များအရ မော်တော်ယာဉ်၏ စက်မှုပိုင်းဆိုင်ရာ ချို့ယွင်းပြစ်ချက်များ ကြောင့် ဖြစ်ပွားရသော ကိန်းဂဏန်း ရာခိုင်နှုန်း အချိုးအစားမှာ (၁၂) ရာခိုင်နှုန်းမှ (၁၃) ရာခိုင်နှုန်းအထိရှိကြောင်း သိရှိရသည်။ ယာဉ်တိုက်မှုများ လျော့နည်းကျဆင်းအရေးအတွက် စက်မှုပိုင်းဆိုင်ရာအားနည်းချက်များကိုလျှော့ချနိုင်လျှင် ခရီးပြည်သူများ အတွက် အန္တရာယ်သက်ရောက်မှု လျော့နည်းသွားမည်။

🔹 ဘေးကင်းလုံခြုံရေး အထောက်အကူပြု နည်းပညာများ 🔹

(၂၁) ရာစုတွင် မော်တော်ယာဉ်နည်းပညာများပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ကွန်ပျူတာနှင့် IT နည်းပညာများကို မော်တော် ယာဉ်ပညာတွင် ပေါင်းစပ်ထုပ်လုပ်ထားသဖြင့် ပိုမို၍ ဘေးကင်းလုံခြုံသောအဆင့်မြင့် ကားများထုတ်လုပ်လာနိုင်သည်။

ABS ဘရိတ်စနစ်၊ လေအိတ်စနစ်၊ ညကြည့်မြင်ကွင်း၊ Back Camera အလိုအလျောက် ဘရိတ်ဖမ်းပေးနိုင်သောစနစ်၊ ရေဒါစနစ်၊ အလိုက်သင့် ပြောင်းလဲပေးနိုင်သောရှေ့မီးကြီးစနစ်၊ ဒရိုင်ဘာသတိပေးစနစ်၊ တာယာလေဖိအားစောင့်ကြည့်စနစ်၊ GPS လမ်းပြစနစ်၊ ယာဉ်တိုက်မှု ကြိုတင် ကာကွယ်နိုင်သောစနစ်စသော နည်းပညာအသစ်များသည် Vehicle Safety အတွက် အထောက်အကူပြုပေးသောနည်းပညာအသစ်များဖြစ်သည်။

🔹 အရေးကြီးအဆင့်တွင်ရှိသော Vehicle Safety 🔹

အမြဲလှုပ်ရှားသွားလာသော မော်တော်ယာဉ်တစ်စီးသည် ပွန်းစားမှု၊ ပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့ရသည်မှာ လောကနိယာမ ဖြစသည်။ ပျက်စီးတတ်သော သဘောရှိသော မော်တော်ယာဉ်များကို ပုံမှန်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမှသာ လုံခြုံစိတ်ချရသော အခြေအနေတွင်ရှိမည်။

ပုံမှန် စစ်ဆေးထိန်းသိမ်းခြင်းများအပြင် အထူးစစ်ဆေးပြုပြင်ခြင်းများကိုလည်း ဆောင်ရွက်ပေးရသည်။ စက်မှုပိုင်းဆိုင်ရာ ချို့ယွင်းချက်များကြောင့် ယာဉ်တိုက်မှုဖြစ်ရသော ဖြစ်စဉ်များကို စုံစမ်းဆေးဖော်ထုတ်လျှင် ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင် များ၏ ပြုပြင်ထိန်းသိမ်းမှု အားနည်းချက်များရှိနေသည်ကိုတွေ့မြင်ရမည်ဖြစ်သည်။

လုံးဝအမှားမခံသော အလွန်အရေးကြီးသော လေကြောင်းပျံသန်းရေး ခရီးစဉ်များ၌ပင် စက်ချို့ယွင်းမှုကြောင့် ဖြစ်ပွားရသော လေကြောင်းမတော်တဆမှု ဖြစ်စဉ်များရှိနေပါသည်။ Air Safety ကို အထူးအလေးအနက်ထား၍ စနစ်တကျ ထိန်းချုပ်ပြီး စီမံခန့်ခွဲ့ကြသည်။ အဘယ်ကြောင့် အရေးကြီးအဆင့်ထားရပါသနည်း။ လေကြောင်း မတော်တဆမှုဖြစ်လျှင် လေယာဉ် တစ်စီးလုံးရှိ လူအားလုံး အသက်ဆုံးရှုံးနိုင်သောကြောင့် ဖြစ်ပါသည်။

မော်တော်ယာဉ် မတော်တဆမှုများတွင် စက်မှုပိုင်းဆိုင်ရာ ချို့ယွင်းချက်များကို အရေးတကြီး အလေးအနက်မထား ကြခြင်းမှာ လေယာဉ်တစ်စီးပျံသန်းနေသကဲ့သို့ အန္တရာယ်မများ၍ ပေါ့ဆနေခြင်း ဖြစ်မည်ထင်သည်။ အကယ်၍သာ ကျွန်တော်တို့အားလုံးသည် Road Safety, Vechicle Safety ကို လေကြောင်းပျံသန်းရေး၊ လုံခြုံရေးလောက် အလေး အနက်ထားလျှင် အန္တရာယ်များ ယခုထက် လျော့ကျလာပါမည်။

🔹 Accident ဖြစ်နိုင်သောစက်မှုပိုင်းဆိုင်ရာချို့ယွင်းချက်များ 🔹

တာယာဘီးများ _ တာယာကွဲထွက်၊ ပွင့်ထွက်၍၊ ဘီးပေါက်သွား၍ ယာဉ်တိုက်မှုဖြစ်စဉ်သည် အများဆုံးဖြစ်သည်။ မော်တော် ယာဉ်တစ်စီးတွင် တာယာဘေးကင်းလုံခြုံရေး (Tire Safety) သည် အရေးကြီးသောအချက်ဖြစ်သည်။ ကျွန်ုပ်တို့ မော်တော် ယာဉ် တစ်စီးပေါ်တွင် လိုက်ပါစီးနင်းနေခြင်းသည် စင်စစ် တာယာဘီးများပေါ်တွင် ခွစီးနေခြင်းသာဖြစ်သည်။

အရှိန်ပြင်း မောင်းနှင်နေသော ကားတစ်စီးတွင် လမ်းမျက်နှာပြင်နှင့် ထိတွေ့ဆက်ဆံနေရသော တစ်ခုတည်းသောအရာမှာ တာယာဘီးများသာ ဖြစ်သည်။ တာယာဘီးတစ်လုံး၏ ခွန်အားနှင့် စွမ်းဆောင်နိုင်ရည်သည် ၎င်းတာယာဘီးအတွင်း၌ ရှိနေသော လေဖိအားကြောင့်သာဖြစ်သည်။ လေဖိအား ကျဆင်းသွားလျှင် ထိုတာယာသည် စွမ်းရည်မရှိသော၊ ခွန်အား မရှိသော၊ ဝန်မထမ်းနိုင်သော တာယာမျိုးသာဖြစ်သွားမည်။

မှန်ကန်သော လေဖိအားရှိသော တာယာသည် ခွန်အားရှိသော တာယာ၊ သန်မာသော တာယာဖြစ်သည်။ တာယာ လေဖိအား မမှန်လျှင် အန္တရာယ်ရှိရုံမျှမက တာယာသက်တမ်းကို တိုစေသည်။ ခရီးမထွက်မီ တာယာအားလုံး၏ အခြေအနေကို စစ်ဆေးပါ။ ဘီးနတ်များ တင်းကြပ်ပါစေ။ တာယာပန်းသားများ ကောင်းရမည်။ အတွင်းကြိုးသား ပေါ်နေသော ပန်းမရှိသောကတုံးတာယာသည် သင့်ကိုဒုက္ခပေးနိုင်သော တာယာဖြစ်သည်။ တာယာများကို စနစ်တကျ စစ်ဆေးထိန်းသိမ်းပါ။ သက်တမ်းလွန်သော တာယာများကို မသုံးမိပါစေနှင့်။ တာယာတစ်လုံး ထမ်းဆောင်နိုင်သော ဝန်အား သည် အကန့်အသတ် ရှိသည်။ Over- weight မထမ်းခိုင်းပါနှင့်။ Over Pressure မထိုးပါနှင့်။ အနာအဆာရှိသောတာယာ၊ လိမ်ဖယ်နေသောတာယာများမသုံးပါ ပါနှင့်။ တာယာများအလိုင်းမန့်မှန်အောင် ထိန်းသိမ်းပါ။

🔹 စတီယာရင်အဆက်များ 🔹

မော်တော်ယာဉ်တစ်စီးလုံး၏ ဦးတည်ရာလမ်းကြောင်းကို ထိန်းကျောင်းပေးသော ပဲ့ကိုင်စနစ်သည် စတီယာရင် ဖြစ်သည်။ စတီယာရင် အဆက်များ ချောင်၍၊ ပွန်းစား၍၊ တိုက်ရော့ ပြုတ်ထွက်၍ ထိန်းမနိုင်သော ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်သည်။ ပါဝါစတီယာရင်စနစ် ချို့ယွင်း၍ စတီယာရင် ထိန်းကျောင်းမှု အားနည်းပြီးယာဉ်တိုက်မှု ဖြစ်နိုင်သည်။

🔹 ကားအောက်ပိုင်းဆပ်စပန်းရှင်း 🔹

စတီယာရင်စနစ်နှင့် ဆက်စပ်နေသောအရာမှာကားအောက်ပိုင်း၊ ဘောလ်ဂျွိုင်း၊ တိုက်ရော့ အဆက်များ ဖြစ်သည်။ ဘောလ် ဂျွိုင်း ဂေါ်လီပြုတ်ထွက်၍ လမ်းခရီးတွင် ဒုက္ခကြုံရသောကားများကို မကြာခဏ မြင်တွေ့ရသည်။ အမြန်လမ်း ခရီးဝေးသွား နေစဉ် ဘောလ်ဂျွိုင်း ပြုတ်ထွက်ပါက ကားမှောက်ပြီး ဂျွမ်းပြန်သွားနိုင်သည်။

ကားအောက်ပိုင်းစနစ်များ၊ ရှော့ဘားမျုား၊ ထိန်းချုပ်တန်းမှ ရာဘာဘွတ်များ၊ လေးပင်များ၊ ကင်းပင်များ ပုံမှန် စစ်ဆေးပြုပြင် ထိန်းသိမ်းထားသင့်သည်။ တော့ရှင်းဘားများ၊ ကွိုင်စပရိန်များ၊ ကားလေးထုပ်များ၊ လေးပုခက်များပုံမှန်စစ်ဆေးပါ။ U-Bolt များ တင်းကြပ်နေပါစေ။

🔹 ဘရိတ်များ 🔹

ကားတစ်စီးလုံး၏ ရွေ့လျားမှုဖြစ်စဉ်တိုင်းတွင် အရှိန်ထိန်းရန် ဘရိတ်ကောင်းကောင်းဖမ်းမိဖို့လိုသည်။ ဘရိတ်လျှော့၍၊ ဘရိတ်ပေါက်သွား၍ ဖြစ်ကြရသော ယာဉ်တိုက်မှုက ပို၍များသည်။ လေဘရိတ်၊ ဟိုက်ဒြောလစ်ဆီဘရိတ်၊ Hand ဘရိတ် အားလုံးကောင်းဖို့လိုသည်။ ဆာဗိုယူစနစ်သုံးသောဘရိတ်များဆာဗိုကောင်းကောင်းမိအောင် အမြဲဂရုစိုက်ထိန်းသိမ်းပါ။

ဘရိတ်ရှုးခြမ်းများ၊ ဘရိတ်လိုင်နာများ၊ ဘရိတ် ဝါရှာများအချိန်မှန်လဲပေးပါ။ ဘရိတ်ပိုက်လိုင်းမှာဆီယိုစိမ့်မှုရှိ/မရှိစစ်ဆေးပါ။ ဘရိတ်ချိန်ညှိပေးပါ။ ABS ဘရိတ်စနစ်တွင် သတိပေးမီးလုံးလင်းလာပါကချက်ချင်းစစ်ဆေး ပြုပြင်ပါ။ Speed ဆင်ဆာများ မကောင်းပါက ABS ဘရိတ်အလုပ်မလုပ်ပါ။

🔹 Hub ဘောလ်များ 🔹

ဘီး Hub ဘောလ်များသည်လည်း ကြာကြာသုံးလျှင် ဘောလ်ကြွေ ပျက်စီးတတ်သည်။ Hub ဘောလ်များတွင် အမဲဆီ လဲလှယ်ပေးသင့် သည်။ Hub ဘောလ်များဖရီးကစားမှု အနည်းဆုံးဖြစ်စေရန် ချိန်ညှိပေးရသည်။

🔹 မီးကြီးနှင့် အချက်ပြမီးများ 🔹

နေ့/ညအချိန်မရွေး မောင်းနှင်သွားလာနေသော မော်တော်ယာဉ်များတွင် အန္တရာယ်ကင်းဝေးစေရန် မီးကြီး (Head Light) နှင့် အချက်ပြမီးများသည်လည်း အရေးကြီးသည်။ မီးကြီးများ အလင်းပြင်းအားမကောင်းပါက ညအချိန် ရာသီဥတု မကောင်းလျှင် မြင်ကွင်း မရှင်းမလင်းဖြစ်ပြီး Accident ဖြစ်နိုင်သည်။ အချက်ပြမီးများသည် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် အဓိကျသည်။

🔹 မှန်ဝိုင်ဘာများ 🔹

မိုးသည်းထန်စွာရွာနေစဉ် ဝိုင်ဘာမကောင်းပါက မြင်ကွင်းကွယ်နေတတ်သည်။ ယာဉ်မောင်းသူ၏ မြင်ကွင်း ကြည်လင် ပြတ်သားမှုရှိမှ အန္တရာယ်ကိုရှောင်နိုင်ပါမည်။ ဝိုင်ဘာ (၂) ချောင်းစလုံးကောင်းနေရန် ဂရုစိုက်ပါ။ နောက်မှန်ဝိုင်ဘာပါ ကားများတွင် လည်းဝိုင်ဘာသည် ယာဉ်မောင်းသူများကိုများစွာအထောက်ကူပြုပါသည်။

🔹 ဘီးနပ်နှင့် Hub နပ်များ

ဘီးနပ်များချောင်၍ ဘီးကျွတ်ထွက်ကာယာဉ် တိမ်းမှောက်ဖူးသော သာဓကများ ရှိခဲ့ဖူးပါသည်။ ဘီးနပ် နှင့် Hub ဘောလ်နပ်များ စိတ်ချနေရန် စစ်ဆေးတင်းကြပ်လျှင် မှန်ကန်သောလှည့်အား (Torque) ရှိဖို့လိုပါသည်။

🔹 Joint-Nut များ 🔹

ဂျွိုင်းရှပ် အဆစ်များကို Universal Joint Cross ဘောလ်နှင့် ဂျွိုင်းနတ်များကဖမ်းပေးထားသည်။ ဂျွိုင်းနတ်ပြုတ်ထွက်၍ ဂျွိုင်းတစ် ချောင်းလုံး ပြုတ်ထွက်သွားပါက အန္တရာယ်ဖြစ်နိုင်သည်။

စက်မှုပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက်များသည် ကြိုတင်ပြုပြင်၍ ပုံမှန်စစ်ဆေးထိန်းသိမ်းပါက မလိုလားအပ်သော ယာဉ်တိုက်မှုများကို လျှော့ချနိုင်ပါမည်။

crd : ဆရာမာစတာ (စက်မှု)

22/06/2020

မင်းတပ်ခရိုင်အတွင်းရှိ ဟိုတယ်များထဲမှ (၆)ခုကို စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြု

မော်တော်ယာဉ်မောင်းနှင်ရာတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို အထူးလိုက်နာရန်လိုအပ်ပါသည်။မော်တော်ယာဉ်မောင်းနှင်ရာတွင် ယာဥ...
19/06/2020

မော်တော်ယာဉ်မောင်းနှင်ရာတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို အထူးလိုက်နာရန်လိုအပ်ပါသည်။


Credit to original uploader

19/06/2020

Happy Birthday, Daw Aung San Su Kyi. We stand with you.

Respectfully credit to the Video from Junior Creative.

Address

Yangon

Alerts

Be the first to know and let us send you an email when BooTaw & Brothers Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category