Kps Auto

Directions

Kps Auto မော်တော်ယာဥ် ရောင်း/ဝယ်ရေး

Chevrolet Malibu အကြောင်းMalibu 2017/2018 / 2019 /2020 model 3ခုအတွက် ဖြစ်ပါတယ် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ Malibu တွေက...
14/04/2025

Chevrolet Malibu အကြောင်း

Malibu 2017/2018 / 2019 /2020 model 3ခုအတွက် ဖြစ်ပါတယ် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ Malibu တွေကတော့ Korea ဗားရှင်း နဲ့ US ဗားရှင်းဆိုပြီးလာပါတယ် အခုအဓိကထားပြီးပြောပြပေးမှာကတော့ US ဗားရှင်းအတွက်ပဲဖြစ်ပါတယ်

Malibu ရဲ့ vin နံပါတ်ခေါ် chassis number နဲ့ grade ခွဲကြည့်ရအောင်

Chevrolet Malibu တွေမှာ chassis number စုစုပေါင်း17လုံးရှိပါတယ် ဥပမာ- 1G1ZA5STXLF12345 ဆိုပါတော့
ပထမစာလုံး ဖြစ်တဲ့ - 1 ကတော့ Region ကိုပြောတာပါ Region ဆိုတာ ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပါတယ်
1 နေရာမှာ 1 ဆိုရင် - United States
2 ဆိုရင် - Canada
3 ဆိုရင် - Mexico
K ဆိုရင် - South Korea

ဒုတိယစာလုံးဖြစ်တဲ့ - G ကတော့ Manufacturer ထုတ်လုပ်သူပဲဖြစ်ပါတယ်
G နေရာမှာ G ဆိုရင် -General Motors
L ဆိုရင် -General Motors Korea .com

တတိယစာလုံးဖြစ်တဲ့ 1 ကတော့ Chevrolet passenger car ကိုပြောတာပါ malibu က passenger car ဖြစ်လို့ 1 နဲ့ပဲလာပါမယ်

လေးလုံးမြောက်နဲ့ ငါးလုံးမြောက်ကိုတော့ တွဲပြီးမှတ်ရမယ် ကား Grade ဖြစ်ပါတယ်
ZA နေရာမှာ ZA ဆိုရင် - Malibu L(1VL) ဂရိတ်
ZB ဆိုရင် - Malibu LS(1LS)ဂရိတ်
ZC ဆိုရင် - Malibu LS(1FL)ဂရိတ်
ZD ဆိုရင် - Malibu LT( 1LT)ဂရိတ်
ZE ဆိုရင် - Malibu Premier(2LZ)
ZF ဆိုရင် - Malibu Hybrid ဂရိတ်
ZG ဆိုရင် - Malibu Rs ဂရိတ်
Z9 ဆိုရင်-Malibu(Non-US/Non-Canada)

ခြောက်လုံးမြောက်ဖြစ်တဲ့ 5 ကတော့ ကားဒီဇိုင်းbody ကိုပြောတာပါ Malibu က 4 door sedan ကားဖြစ်လို့ 5 နဲ့ပဲလာပါမယ်

ခုနှစ်လုံးမြောက်ဖြစ်တဲ့ S ကတော့ air bags တွေကိုပြောတာပါ
S နဲ့ပဲ လာပါမယ် - Active Manual Belts , Airbags - Driver&Passenger Front (1st row),Front Seat Side (1st row) and Rear Seats Side (2nd row),Roof Side (All Seating rows), Driver and Passenger Knee (1st row) နဲ့လာပါမယ်

ရှစ်လုံးမြောက်ဖြစ်တဲ့ T ကတော့ အင်ဂျင်အမျိုးအစားကိုပြောတာပါ
T နေရာမှာ T ဆိုရင် - LFV-Engine gas,4cyl
L4,1.5L DI DOHC,VVT,
Turbo,GEN-1 GMNA

U ဆိုရင် - LKN - Engine gas ,4cyl
1.8L,SIDI,DOHC,VVT,Hybrid
FAMI GEN-4,GME

X ဆိုရင် - LTG - Engine gas ,4Cyl
2.0L,SIDI,L4 ALUM DOHC
VVT ,DCVCP Turbo,E0-E100
ALUM

ကိုးလုံးမြောက်ဖြစ်တဲ့ X ကတော့ Check digit ပဲဖြစ်ပါတယ် မူရင်း Malibu ထုတ်တဲ့ GMကုမ္ပဏီကသက်မှတ်တဲ့ code ဖြစ်ပြီး ထုတ်လုပ်မှုအတွက် အသိမှတ်ပြုပေးရတဲ့ code လို့လည်းခေါ်ပါတယ် 0 t0 9 ဒါမှမဟုတ် A to Z ထိ လာနိုင်ပါတယ်

၁၀လုံးမြောက်ဖြစ်တဲ့ L ကတော့ Model year ပဲဖြစ်ပါတယ်
L နေရာမှာ J ဆိုရင် 2018 model
K ဆိုရင် 2019 model
L ဆိုရင် 2020 model

၁၁လုံးမြောက်ဖြစ်တဲ့ F ကတော့ Plant ထုတ်လုပ်တဲ့စက်ရုံပဲဖြစ်ပါတယ်
F ဆိုရင် Fair fax USA ပထမဦးဆုံး စာလုံးဖြစ်တဲ့ 1 ကလည်း USA Region ဖြစ်တဲ့အတွက် ပထမဦးဆုံးစာလုံးနဲ့လည်းခွဲလို့ရနေတဲ့အတွက် ထွေထွေထူးထူး မရေးတော့ပါဘူး

၁၂လုံး ကနေစပြီး ၁၇လုံးမြောက်ထိ 12345 ကတော့ ထုတ်လုပ်မှုဖြတ်သန်း code လို့ခေါ်ပြီး ဂဏန်းတွေနဲ့ပဲလာပါမယ်

ဥပမာ တစ်စီးခွဲပြပါမယ် 1G1ZA5STXLF12346 ဆိုရင်
ပထမစာလုံးက 1 ဆိုတော့ -United states
ဒုတိယစာလုံးက G ဆိုတော့ -General Motor
တတိယစာလုံးက 1 ဆိုတော့- passenger car
လေးလုံးမြောက်နဲ့ ငါးလုံးမြောက်က ZA ဆိုတော့ - L (1VL)ဂရိတ်
ခြောက်လုံးမြောက်က 5 ဆိုတော့ -4 door sedan
ခုနှစ်လုံးမြောက်က S ဆိုတော့ - round air bags
ရှစ်လုံးမြောက်က T ဆိုတော့ - LFV-Engine gas,4cyl
L4,1.5L DI DOHC,VVT,
Turbo,GEN-1 GMNA အင်ဂျင်
ကိုးလုံးမြောက်Xက -Check digit
၁၀လုံးမြောက်က L ဆိုတော့ -2020 model
၁၁လုံးမြောက် F ကတော့ Fair fax - plant ကတော့ USA စက်ရုံထုတ် ပဲဖြစ်ပါတယ်
အားလုံးကိုပြောမယ်ဆိုရင် General Motor USA နိုင်ငံထုတ် passenger car /L (1VL) ဂရိတ် /4door sedan /round air bags /1.5L turbo Engine /check digit /2020 model /USA စက်ရုံထုတ်ကားပဲဖြစ်ပါတယ်

grade ကတော့ Korea made ဖြစ်ပါတယ်

Crd to original post 🙏🙏🙏

Toyota mark X အကြောင်း ကားအကြောင်းမသိသေးသူများသိရှိစေရန် ဖော်ပြပေးလိုက်ပါတယ်။Mid-size luxuryကားအဖြစ်ဂျပန်ကားထုတ်လုပ်ရေးc...
14/04/2025

Toyota mark X အကြောင်း

ကားအကြောင်းမသိသေးသူများသိရှိစေရန် ဖော်ပြပေးလိုက်ပါတယ်။
Mid-size luxuryကားအဖြစ်ဂျပန်ကားထုတ်လုပ်ရေးcompany Toyotaက၂၀၀၄ခုနှစ်မှာစတင်ရောင်းချခဲ့ပါတယ်။ဂျပန်နဲ့တရုတ်၂နိုင်ငံမှာသာရောင်းချပြီး တရုတ်နိုင်ငံမှာတော့ Toyota Reizအဖြစ်လူသိများပါတယ်။ Mark Xဟာ1968မှာစတင်ထုတ်လုပ်ခဲ့တဲ့Mark llကိုတစ်ဆင့်မြှင့်ပြီးပြန်ထုတ်ထားတာဖြစ်ပါတယ်။ Mark X ဟာအရင်Mark ll တွေနဲ့ညီအကိုတွေဖြစ်သလို အာရှမှာနာမည်ကြီးခဲ့တဲ့ Toyota Chaserနဲ့Luxury carမျိုးဖြစ်တဲ့ Toyota Crestaတို့နှစ်စီးကို ပေါင်းပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ Mark Xကိုဂျပန်မှာCamryရဲ့ကားsizeနဲ့နောက်ယက်ရော 4WDပါသုံးလို့ရအောင် customersတွေရဲ့တောင်းဆိုမှုအရ ထုတ်လုပ်ထားတဲ့ကားတစ်စီးလည်းဖြစ်ပါတယ်။

Mark Xမှာ253 horse power(189kW) 3.0Lနဲ့212 horse power(158kW)ဆိုပြီးလာပါတယ်
Chassisတွေအနေနဲ့ကတော့
GRX120-2500cc,2WD
GRX125-2500cc,4WD
GRX121-3000cc,2WD ဆိုပြီးပထမမျိုးဆက်မှာလာပါတယ်။
GRX120နဲ့121ခေါ်နောက်ယက်ကားတွေမှာတော့ အော်တိုဂီယာ၆ချက်နဲ့လာပြီး GRX125ဖြစ်တဲ့4WDကားတွေကတော့အော်တိုဂီယာ၅ချက်နဲ့သာရရှိနိုင်ပါတယ်။

ပထမမျိုးဆက်မှာဘဲ 3GR-FSE engineပါပြီးအရေအတွက်အကန့်အသတ်နဲ့ထုတ်ထားတဲ့Mark X supercharged versionလည်းရှိပါတယ်။
သူက 3.0ccဖြစ်ပြီး horse power 316(236kW)ဖြစ်ပြီးတော့six speed auto transmissionဖြစ်ပြီး original 50th Anniversary shellsဖြစ်တဲ့Vertiga bodykitsပါတပါးတည်းပါလာမှာဖြစ်ပါတယ်။ သူကတော့ကျနော်တို့မြန်မာနိုင်ငံထဲမှာမရှိသလောက်ရှားပါတယ်။အခုထိတော့Mark X supercharged ကိုရိုးရိုးပုံစံအနေနဲ့သာတွေ့ဖူးသေးပါတယ်။ ကျနော်ကြည့်မိသလောက် Supercharged engineနဲ့50th Anniversary shells(Vertiga Bodykits)ပါတဲ့ကားကတစီးတည်းရှိအုန်းမှာဖြစ်သလို အဲ့တစီးကလည်းအခုထိဒီနိုင်ငံထဲကိုမရောက်သေးပါဘူး။

ဒီဇိုင်းပိုင်းအရလည်းMark Xဟာ အရှေ့ရှဲလ်'X'ပုံနဲ့အများအားဖြင့်လာသလို လူငယ်အကြိုက် modellista kits,Wald bodykitsတို့Vertiga bodykitsတို့နဲ့လည်းလာပါတယ်
Modellista body kitsနဲ့ဆိုရှဲလ်သုံးတန်းဖြစ်ပြီး အရှေ့မှာXတံဆိပ်မပါဝင်တော့ပါဘူး။Wald skirtsကတော့ရိုးရိုးစကဒ်ပတ်လည်းဖြစ်ပြီးVertigaကတော့လုံးဝရုပ်ပြောင်းရှဲလ်ဖြစ်ပြီး စကာပေါက်နဲ့လာတာဖြစ်ပါတယ်။

Mark Xရဲ့အတွင်းခန်းကတော့ Gradeပေါ်မူတည်ပြီးအမျိုးမျိုးကွဲပြားသွားမှာဖြစ်ပါတယ်။
Gကတော့ Mark Xတိုင်းရဲ့Base Gradeဖြစ်ပြီး
F package
L package
S packageဆိုပြီး၃မျိုးကွဲပါသေးတယ်။GRX121ခေါ် 3.0CCမှာလည်းPremiumနဲ့Premium S packageဆိုပြီးထပ်ကွဲပြားပါသေးတယ်

PackageတွေထဲမှာF packageကအနိမ့်ဆုံးဖြစ်ပြီးတော့သူကအများအားဖြင့် Original TVမဖြစ်သလို,ရိုးရိုးkeyနဲ့လာပြီးထိုင်ခုံတွေကမော်တာမပါပါဘူး။သံဂွေ ဘီးဖုံးနဲ့လာသလို အများအားဖြင့်ဘတ်မှန်မှာမီးတန်း မပါပါဘူး

L packageကတော့အများအားဖြင့်original TVဖြစ်သလိုရိုးရိုးkeyရောsmart key(push start) နဲ့ပါလာပါတယ်။ 16" alloyတွေဖြစ်သလို ထိုင်ခုံတွေကမော်တာတွေနဲ့ဖြစ်ပြီး ကျွန်းကွက်အဝါနဲ့အနီဆိုပြီးရရှိနိုင်ပါတယ်

S packageကတော့ sport packageဖြစ်ပြီးသူက18" alloy Original TV,Smart keyတွေနဲ့ထိုင်ခုံကမော်တာတွေနဲ့ဖြစ်ပြီးအတွင်းခန်းခုံတွေကတော့sportဆန်ဆန်အနက်ရောင်တွေဖြစ်ပြီးoptionအရ လေသန့်စင်စနစ်,auto parking systemပါဝင်လာပေမဲ့ထိုကဲ့သို့ကားကလေလံမှာရှားပါးလှပါတယ်။

3.0Premiumကတော့Gradeရောပစ္စည်းပါစုံပြီးလို့ပြောလို့ရပါတယ်။18" alloyနဲ့လာသလိုOriginal TV,smart key,ထိုင်ခုံမော်တာဖြစ်ပြီးလေသန့်စင်စနစ် Autoပါကင်တို့ကတပါးတည်းပါဝင်လာမှာဖြစ်ပါတယ်။

3.0Premium S packageကတော့Mark Xထဲမှာအပြီးပြည့်စုံဆုံးလို့ပြောလို့ရပါတယ်။သူက18" alloy,Original TV,ထိုင်ခုံတွေကမော်တာပါဝင်လာပြီး Cruise controlပါဝင်လာမှာဖြစ်သလိုခြေကျော်မီး,spoiler,နောက်wiperတွေလည်းပါဝင်လာမှာဖြစ်ပါတယ်။ အတွင်းခန်းကအနက်ရောင်(သို့) leather seatတွေနဲ့လည်းလာပါတယ်။ (Leather seatတွေက အရှေ့ကဖော်ပြထားတဲ့ကားတွေမှာလည်း optionအနေနဲ့ပါတတ်ပါတယ်)

Mark X2004/05ကိုတင်သွင်းမယ်ဆိုရင် ကားဂရိတ်ပေါ်မူတည်ပြီးလေလံစျေးအရ နိုင်ငံတော်အခွန်ပါအပါအဝင် ကျပ်သိန်း၁၉၀ကနေ၂၄၀လောက်ထိကျနိုင်ပါတယ်။
ကားဂရိတ်,အရောင်စသည်တို့ အပေါ်မူတည်ပြီးစျေးများပြောင်းလဲမူ့ရှိပါတယ်...။

Crd---to original post

TOYOTA Mark 2 ရွှေငါး ရဲ့ Grade အကြောင်းလေးပါ။ရွှေငါး  ရဲ့ Grade တွေအများကြီးထဲမှဒီနိုင်ငံမှာအတွေ့များတဲ့အသွင်းများတဲ့ G...
14/04/2025

TOYOTA Mark 2 ရွှေငါး ရဲ့ Grade အကြောင်းလေးပါ။

ရွှေငါး ရဲ့ Grade တွေအများကြီးထဲမှဒီနိုင်ငံမှာအတွေ့များတဲ့အသွင်းများတဲ့ Gradeတွေအကြောင်းလေးပြောပြချင်ပါတယ် IR Grade​​​ တွေအကြောင်းတော့မပြောတော့ပါ
Grande Grade
Regalia Grade
35th Anniversary
Limited Grade
G Grade တွေအတွေ့များပါတယ်

Grande Gradeရဲ့ အတွင်းပိုင်း အနေနဲ့ ရှံမွိုင်းသားက အနည်းငယ် ကြမ်းပါမယ်။ Side Cover ၊ Steering နဲ့ ဂီယာဘုသီးက ကျွန်ကွက်းမဖြစ်ပါဘူး။ ဒါ့အပြင် မီးအတင်/ အချ ခလုတ်တွေလဲ မပါ၀င်သေးပါဘူး။ Original အလွိုင်းအနေနဲ့ကတော့ ပါတာလဲရှိသလို မပါတာလဲရှိတတ်ပါတယ်။

Regalia Grade မှာတော့ ရှံမွိုင်းသားက အရင် Grande ထက်စာရင် ချောလာပါပြီ။ Steering နဲ့ ဂီယာဘုသီးကလဲကျွန်းကွက် ဖြစ်သွားသလို မီးချိန်ခလုတ်တွေပါလာပါပြီ။ Side Cover ကတော့ ကျွန်းကွက်ဒါ့အပြင် တံခါးဖွင့်ပြီး ခြေကျော် တဲ့နေရာမှာ Mark II တံဆိပ်ပါ၀င်လာပါမယ်။Original အလွိုင်းဖြစ်သွားပြီး အလွိုင်းကတော့ အပေါက် ၇ ပေါက်နဲ့လာပါတယ်။ အလွိုင်းကတော့ အပြောင် (Crome) ဖြစ်သွားပါပြီ။ 2002Model အထိ ဘဲဒီ Gradeကိုထုတ်ပါတယ်

35th Anniversary Grade မှာ ရှံမွိုင်းသားက တော့ Regalia ထက် နဲနဲ ထပ်ချောပြီး အိစက်ညက်ညော လာပါတယ်။ အတွင်းခန်း အကုန်လုံးနီးပါး ကျွန်းကွက် အကုန်ဖြစ်သွားပြီး အဲ့ကျွန်းကွက်က ပုံမှန်ကျွန်းကွက်လိုမဟုတ်ပဲ ရွှေရောင် ဖောက်ကျွန်းကွက် ပုံစံဖြစ်လာပါပြီ။ မီးချိန်ခလုတ်တွေလဲ ပါ၀င်လာပြီး Front Passenger ရဲ့ Dashboard ဘယ်ဘက် ဘေးနားလေးမှာ 35th Anniversary ဆိုပြီး Logo စာတန်းလေးပါ ပါ၀င်လာပါတယ်။Driver Seat က Motor ပါလာပါတယ်၊ မှန်တွေအားလုံး All Auto ဖြစ်လာပါပြီ။ အပြင်ပိုင်းအနေနဲ့လဲ ရှေ့ ရှဲလ်ပေါ်က Logo မှာ ရွှေရောင်ဖောက်လာပြီး ရှေ့မီးလုံးကြီး မှာလဲ ရွှေရောင်ဖောက်တွေ ဖြစ်လာပါတယ်။ တာယာဆိုဒ်က ၁၆ လက်မ အလွိုင်းဆိုဒ်ဖြစ်ပြီး ဒလက် ၁၀ချောင်းနဲ့ လာပါတယ်။ ဒါ့အပြင် သော့မှာလဲ 35th Anniversary Logo နှင့်အတူ ရွှေရောင်ဖောက်ထားတဲ့ တံဆိပ်လေးပါ ပါလာပါတယ်။

Limited Gradeကတော့ 35th Anniversary နဲ့ အတွင်းခန်း အကုန်လုံးတူပါတယ်။ ဒါပေမဲ့ ထိုင်ခုံမတူတော့ဘူး ထိုင်ခုံက ဘာနဲ့သွားတူလဲဆိုရင် Mark 2 2.5 “G Grade” မှာလာတဲ့ အသားမျိုးဖြစ်သွားပါတယ်။ ဒီ Limited ရဲ့ ရှံမွိုင်းသားက အနည်းငယ် ကြမ်းပေမဲ့ 2.5 CC “G Grade” မှာလာတဲ့ ရှံမွိုင်းဖြစ်လို့ လူ ကြိုက်များပါတယ်။ Limited ရဲ့ ထူးခြားချက်ကတော့ နောက် ထိုင်ခုံ ခေါင်းမှီအရှင်ဖြစ်သွားပြီး Air-Con လဲ Swing ဖြစ်သွားပါတယ်။ ရှေ့ရှဲတံဆိပ်ပြောင်းသွားပါတယ် သော့ပုံစံလည်းမတူတော့ပါဘူး Chassis 610 အထက်သာတွေ့ရပါတယ်

G Grade မှာတော့ Steering ကျွန်းကွက်ကြိုးချုပ် ဂီယာဘုသီးကျွန်းကွက် Aircon Swing Driver Seat Motor ရှေ့နောက်Original အမှိုက်ပုံး နောက်ယင်းလိပ် ​​လေသန့်စင်စက် ရှော့ဘားအပျော့အမာ Mark 2 Logo ခြေကျော်နီကယ်တို့ပါလာပါတယ် ဂီယာ ၅ချက်ဖြစ်သွားပါတယ် Engine Power 2.5ဘဲလာပါတယ်

2000/2001/2002 Modelမှာ Grandeနဲ့Regaliaနှစ်မျိုးဘဲလာပါတယ် Name Plate မှာ
AEPQK က Grande
AEPQK-R-AEPQK-N က Regalia
2003/2004 Model မှာလေးမျိုးလုံးလာပါတယ် 2.0ရဲ့Name Plate မှာ
AEPQK က Grande
AEPQK-R/AEPQK-N က Regalia
AEPQK-H က 35th Anniversary
AEPQK-D က Limited
🔰AEPQK~Tက
အောက်TVနဲ့လာတာပါ🔰

2.0မှာ ဆိုရင် Chassis
GX110 က 2WD
GX115 က 4WD ဖြစ်ပါတယ်

2.5ရဲ့ Name Plateမှာ
AEPQH က Grande
AEPQH-R/AEPQH-N က Regalia
AEPQH-H က 35th Anniversary
AEPQH-D က Limited
AEAZH က G
2.5 မှာဆိုရင် Chassis
JZX110 က 2WD
JZX115 က 4WD ဖြစ်ပါတယ်
AEPQK-Nနဲ့AEPQH-Nဟာ Regalia Gradeဖြစ်နိုင်သလို့ Limited Navigation Gradeလဲဖြစ်နိုင်ပါတယ် ကျွမ်းကျင်သူတွေတောင်မှားတတ်ကြပါတယ်
Limited Navigation Grade ဒီနိုင်ငံမှာရှိတော့ရှိပါတယ် အတွေ့နည်းပါတယ်

ရွှေငါး ကားလေးသွားဝယ်ရင်မိတ်​ဆွေအတွက်အထောက်အကူပြုမှာပါ
မှတ်ချက်....သိထားပြီးသားမိတ်ဆွေများကတော့သိနှင့်ပြီးသားပါ မသိသေးသောမိတ်ဆွေများကိုရည်ရွယ်ရေးသားထားတာပါ
အားလုံးကို ကျေးဇူးတင်ပါတယ်။

Credit to Original post 🙏🙏🙏

18/03/2025
04/12/2024

🚕🚕🚕

Toyota Rav4 2000 model1.8 2WDအတိုက်အခိုက်ရှင်း လက်တင်စီးပါToyota Ratcis 2011 model1.3 2WD Digital Push Startအတိုက်အခိုက်...
17/11/2024

Toyota Rav4
2000 model
1.8 2WD

အတိုက်အခိုက်ရှင်း လက်တင်စီးပါ

Toyota Ratcis
2011 model
1.3 2WD Digital Push Start

အတိုက်အခိုက်ရှင်း လက်တင်စီး

၂ စီး စလုံး အရိုးအဆစ် ကောင်း
မည်သည့် ကညန တွင် မဆို စစ်ဆေးဝယ်ယူနိုင်ပါသည် ...

Address

Tamwe
Yangon
11051

Website

Alerts

Be the first to know and let us send you an email when Kps Auto posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share