23/08/2026
Auto Gear Oil လှဲလှယ်ခြင်းသိမှတ်ဖွယ်ရာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အော်တိုဂီယာ(Auto Transmission)ကားတစ်စီး ဆီလဲရာတွင် ပထမဆုံးလိုအပ်ချက်မှာ…
ဆီမဖောက်ချခင် ၎င်းအော်တိုဂီယာသုံးထားသော ဆီအမျိုးအစားမှာ… ▪️ATF(Automatic Transmission Fluid) ဆီအမျိုးအစားလား… ▪️CVT(Continuously Variable Transmission)ဆီအမျိုးအစားလားသိရှိရန်မှာ… အလွန်အရေးကြီးသောအချက်ပင်ဖြစ်ပါသည်…
ဆီအမျိုးအစားမှားထည့်မိပါက ဂီယာဘောက်ပျက်စီးကာ… မော်တော်ယာဉ်ပိုင်ရှင်များမှာ နစ်နာကြရပေသည်…
မြန်မာပြည်တွင်ယခင်က CVT/ATF ဂီယာများ ပျက်စီးရခြင်း၏… ၅၀% ကျော်မှာ ဆီမှားထည့်ခြင်းကြောင့်သာဖြစ်သောကြောင့်… ဆီလဲပေးခြင်းလုပ်ငန်း လုပ်ကိုင်သော ကားဆားဗစ်များမှာ… အင်္ဂျင်ဝိုင်(Engine Oil) ဂီယာဝိုင်(Transmission Oil) အမျိုးအစားများကို… ကျွမ်းကျင်စွာသိရှိသော ဝန်ထမ်းများရှိရန်မဖြစ်မနေလိုအပ်ပါသည်…
ကျွမ်းကျင်ဝန်ထမ်းများရှိမှသာ ဆီအမျိုးအစားမှန်ကန်စွာလဲပေးနိုင်မှသာ… မော်တော်ယာဉ်များ၏ အော်တိုဂီယာများပျက်စီးချိန်မတန်ခင် ပျက်ခြင်းမှ… ကင်းဝေးစေမည်ဖြစ်ပါသည်…
ATF/CVT ဆီကိုခွဲခြားသိပါကလည်း… မိမိဆီလဲလှယ်သော အော်တိုဂီယာကားသည်… ATF ဖြစ်ပါက မိမိဆီလဲလှယ်ရသောကားသည်… Dexron , T-IV , WS , SP , Matic စသည်ဖြင့်… ကားထုတ်လုပ်သော ကုမ္ပဏီမှ ညွှန်ကြားထားသော ဆီအမျိုးအစားကို… မှန်ကန်စွာရွေးချယ်တတ်ရန်လိုပေသည်…
ထိုဆီအမျိုးအစားများကို အော်တိုဆီတိုင်းသော ဂိတ်တံ (ATF Level Gauge) တွင် ရေးသားဖော်ပြထားတတ်ပါသည်…
အကောင်းဆုံးကတော့ Genuine Oil ကတော့ အကောင်းဆုံးပင်ဖြစ်သော်လည်း… အချို့သောဆီများမှာ မူရင်းကုမ္ပဏီထုတ် AFT ဆီများမရရှိပါက… အခြားကုမ္ပဏီထုတ်ဆီများတွင်လည်း ၎င်းဆီပုံးတွင် အသုံးပြုနိုင်သော… ကားအမျိုးအစားများ ဆီအမျိုးအစားများကိုရေးသားညွှန်ကြားထားပါ၍… မိမိဆီလဲလှယ်သော ကားမည့်သည့်အမျိုးအစားထည့်ရမည်ကို… ရှာဖွေကြည့်ရှု့ကာ ဆီလဲလှယ်ပေးနိုင်ပါသည်…
CVT ဆီကတော့ Genuine Oil ကိုသာ မဖြစ်မနေသုံးရန်…
ကားကုမ္ပဏီများက Owner Manual တွင်ညွှန်ကြားထားပါသည်…
ကားကုမ္ပဏီ တစ်ခုနှင့် တစ်ခု CVT ဂီယာတွင် အသုံးပြုသော… Metal Belt မှာ မတူညီကြသဖြင့် CVT ဆီအသုံးပြုသောအမျိုးအစားများမှာလည်း… မတူညီပေ…
ထို့ကြောင့် မူရင်းကုမ္ပဏီထုတ် CVT ဆီကို မဖြစ်မနေသုံးရန်လိုအပ်ပေသည်…
ဥပမာ…Honda ကားအမျိုးအစားများတွင်အသုံးပြုသော CVT ဆီမှာ… HMMF ဆီအမျိုးအစားပင်ဖြစ်ပေသည်…
HMMF ဆီအစား အခြားဆီများထည့်ပါက Metal Belt များ ပျက်စီးကာ…
▫️စထွက်ကာစတွင် ကားတုန်ခြင်း…
▫️ဂီယာဘောက်အတွင်းမှ အသံမြည်ခြင်း…
▫️စအထွက်တွင် ပုံမှန်ရှိရမည့် အင်္ဂျင်အပတ်ရေနှင့် ကားမသွားသဖြင့်
လီဘာ (Accelerator) ကို ပိုနင်းမှ အင်္ဂျင်အပတ်ရေများမှကားသွားခြင်း…▫️ဂီယာအချိန်းနောက်ကျခြင်း ကုန်းမတက်နိုင်ခြင်း…
စသည့် ချို့ယွင်းချက်များဖြစ်တတ်ပါသည်။
ထို့ကြောင့် CVT ဆီများအား အတတ်နိုင်ဆုံး မူရင်းကုမ္ပဏီထုတ်ဆီသာ… အသုံးပြုသင့်ပါသည်…
အော်တိုဆီလဲလှယ်ရာတွင် ဆီကန်ဖွင့်၍ရသော အမျိုးအစားဖြစ်ပါက…
ဆီကန်ဖွင့်ကာ အော်တိုဆီစစ်အား ဆေးကြောသန့်စင်ပေးခြင်း…
အသစ်ဝယ်ယူလဲလှယ်၍ ရပါက အသစ်လဲလှယ်ပေးခြင်းပြုလုပ်သင့်ပါသည်…
အော်တိုဆီ လဲလှယ်ရာတွင် စက်ဖြင့်လဲခြင်းနှင့် ရိုးရိုးလဲလှယ်ခြင်းတို့ကို… မော်တော်ယာဉ်ပိုင်ရှင်မှ ရွေးချယ်နိုင်ပါသည်…
စက်ဖြင့်လဲလှယ်ပါက အော်တိုဆီဖိုး ၂ ဆ ကုန်ကျမည်ဖြစ်ကာ…
ရိုးရိုးလဲလှယ်ပါက ဆီးဖိုးတစ်ဝက်သက်သာမည်ဖြစ်ပါသည်…
သို့သော် အလွန်အမင်း ညစ်ပတ်နေသော အော်တိုဆီများကိုလဲလှယ်ရာတွင်… စက်ဖြင့် လဲလှယ်ခြင်း ဆီကန်ဖွင့်ကာ ဇကာဆေးခြင်းများလုပ်သင့်ပါသည်…
မည်သည့် နည်းဖြင့်လဲလှယ်သည်ဖြစ်စေ ဆီများအကုန်ဖောက်ချပြီးပါက…
ဖရုံသီး (Torque Converter) ထဲရှိဆီများ ကုန်သွားစေရန်…
စက္ကန့် (၃၀) ခန့် စက်နိုးလိုက် ရပ်လိုက်… ပြန်နိုးလိုက်နှင့် ၄/၅ ကြိမ်ခန့်ပြုလုပ်ပါက ဖရုံသီးနှင့် ဂီယာဘောက်ထဲရှိ… ဆီကျန်များ ထွက်နိုင်သမျှ ထွက်လာပါသည်…
စက်နိုးပြီး ရပ်လိုက်ချိန်တွင် ဆီမကျတော့ပါကဆီကန်အား ပြန်လည်တတ်ဆင်ခြင်း…
အော်တိုဆီ ဖောက်ချသော နတ်ပေါက်အား သေချာစွာပြန်လည်ကြပ်ကာ… အော်တိုဆီအားဖြည့်ရမည်ဖြစ်ပါသည်…
အော်တိုဆီထည့်နေချိန်တွင်ဂီယာအား Park Position တွင်ထား၍စက်နိုးထားရပါမည်…
အော်တိုဆီဖြည့်ရမည့် အတိုင်းအတာနီးပါဖြည့့်ပြီးပါက…
ကားပေါ်တက်ကာ B or L , S or 2, 3, 4, Drive ဂီယာများအားတစ်ခုချင်းဂီယာထည့်ပြီး ၅ စက္ကန့်ခန့်စီစောင့်ပါ
အဆိုပါဂီယာများထည့်ပြီးပါက Over Drive ခလုတ်ပါပါက… OD ခလုတ်နှိပ်ပြီး ခေတ္တစောင့်ဆိုင်းပါ
ပြီးလျှင် Reverse ဂီယာအားထိုးပါ ခေတ္တစောင့်ဆိုင်း၍… စက်သတ်ပြီးတိုင်းချိန်တွင် ဆီအပူချိန် 28 C ံ မကျော်ပါက… Maximum Cold အမှတ် နှင့် Minimum Hot အမှတ်အလည်တွင်ရောက်ရှိအောင်ဖြည့်ပါ…
ဒီနေရာတွင်ပြောစရာရှိသည်က အချို့ကားကုမ္ပဏီများကအော်တိုဆီတိုင်းရာတွင် စက်နိုး၍ တိုင်းရန်ညွှန်ကြားထားပြီး/အချို့သော်ကားကုမ္ပဏီများက စက်သတ်၍ တိုင်းရန်ညွှန်ကြားထားသောကြောင့်Owner Manual ရှိပါက ကြည့်ရှု့နိုင်သော်လည်းOwner Manual မပါရှိပါက စက်ရပ်၍ တိုင်းသည်က အကောင်းဆုံးဖြစ်ပါသည်
အဘယ့်ကြောင့်ဆိုသော် Oil Level မှတ်သည် လိုအပ်သည်ထက်ပိုများပါက… အော်တိုဆီများသည်အပူချိန်ပိုများက အော်တို ကလပ်ပြားငယ်များ ပျက်စီးမြန်ခြင်း…
Seal, O Ring များ မာကြောလာကာ ဆီမထိန်းနိုင်သောကြောင့် ဂီယာအချိန်းနောက်ကျခြင်း…
ဂီယာချိန်းလျှင်ဆောင့်ခြင်းတို့ဖြစ်ကာ ဂီယာပျက်စီးတတ်ပါသည်…
ထို့ကြောင့် နောက်ပိုင်းဂီယာများတွင် ဆီပိုမဖြည့်နိုင်စေရန် Oil Level ပေါက်များ ဖောက်ကာ ဂီယာဝိုင်များ၍ အပူချိန်များသောကြောင့် ဂီယာအတွင်းရှိ ပစ္စည်းများ ပျက်စီးမှုနည်းစေရန် ကာကွယ်ထားခြင်းဖြစ်ပါသည်…
ဒါကြောင့် ကျွန်တော်သည် စက်သတ်၍သာတိုင်းပါသည်…
ဆီမတိုင်းခင် အထက်တွင်ဖော်ပြခဲ့သလို ဂီယာအကုန်ထည့်ကာခေတ္တစောင့်ဆိုင်းရန်ကိုတော့ မဖြစ်မနေလိုအပ်ပါသည်…
ဆီဖြည့်ပြီးသတ်မှတ် Level ရောက်ပါကကားအား ၅ ကီလိုကျော်ခန့်စမ်းသပ်မောင်းနှင်ကြည့်ကာ ဂီယာအချိန်းအပြောင်းမှန်ပါက စက်ရပ်ကာ ဆီတိုင်းကြည့်ပါ
Maximum Hot အမှတ်တွင်မရောက်သေးပါက သတ်မှတ်အမှတ်ရောက်သည်အထိဆီထပ်ဖြည့်ပါ
အော်တိုဆီ ယိုစိမ့်ခြင်းရှိ / မရှိစစ်ဆေးပြီးလျှင်ဆီယိုစိမ့်ခြင်းမရှိပါက မော်တော်ယာဉ်ပိုင်ရှင်ထံသို့ ပြန်လည်အပ်နှံနိုင်ပြီဖြစ်ပါသည်
မှတ်ချက်။ စက်နိုးထား၍အော်တိုဆီတိုင်းပါက Cold Level ထက် ပို၍ မဖြည့်သင့်ပါ
အော်တိုဆီများပါက ဂီယာဝိုင်အပူချိန်ပိုများကာ ဂီယာအတွင်းပိုင်းပစ္စည်းများ ပျက်စီးစေတတ်သောကြောင့်ဖြစ်ပါသည်…
ယခုနောက်ပိုင်းလာသောမော်ဒယ်မြင့်ကားများတွင် အော်တိုဆီတိုင်းသော Level Gauge တံများမပါရှိသောကားများလည်းရှိပါသည်…
ထိုကားများတွင် ကားအမျိုးအစားအလိုက် Oil Level ပေါက်ပါရှိပါသည်… ထို Level ပေါက်မှ ဆီကျလာသည်အထိအထက်ဖော်ပြပါနည်းလမ်းအတိုင်း ဖြည့်ရမည်ဖြစ်ပါသည်
#မူရင်းရေးသားသူအားလေးစားစွာဖြင့်Credit ပေးပါသည်။
ဗဟုသုတရစေရန် ရည်ရွယ်၍ ပြန်လည်မျှဝေသည်။
စာဖတ်သူများကျန်းမာချမ်းသာဘေးကင်းကွာကြပါစေခင်ဗျာ🙏🙏🙏