MR. GOLD Professional Auto Detailing Services

MR. GOLD Professional Auto Detailing Services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MR. GOLD Professional Auto Detailing Services, Auto Detailing Service, Shwe Li 1 Street, 46 Ward, North Dagon Township, Yangon.

      ☎️09795572126_09420016464_09965515222
16/09/2024






☎️09795572126_09420016464_09965515222

01/07/2024





☎️09795572126_09420016464_09965515222

ရေဆေးခုံတို့ ရိုးရာ ဒီဇယ်ဖြန်းခြင်း အနုပညာCradit NEO Degreaser_လူပြောများတဲ့ ရေဆေးဆီလိုက်တွေမှာ ဒီဇယ်ဆီဖြန်းခြင်းဟာ တကယ်...
21/06/2024

ရေဆေးခုံတို့ ရိုးရာ ဒီဇယ်ဖြန်းခြင်း အနုပညာ
Cradit
NEO Degreaser
_လူပြောများတဲ့ ရေဆေးဆီလိုက်တွေမှာ ဒီဇယ်ဆီဖြန်းခြင်းဟာ တကယ် ကောင်းလား မကောင်းဘူးလား???
(ကျနော်တို့ Car spa ညီအကိုများ အတွက်ရော ၊ ကားပိုင်ရှင်များအတွက်ပါ ရည်ရွယ်ပြီး မျှဝေပါတယ် ။ လွဲမှားမှုလေးတွေပါခဲ့ရင်လည်း ပြင်ဆင်ပေးလို့ရပါတယ်)

_ တချို့တွေ ပြောကြတယ် ၊ အင်ဂျင်ခန်း နဲ့ အောက်ပိုင်းတွေကို ဒီဇယ် မဖြန်းရဘူး... ကော်သားတွေ oil sealတွေ ဆွေးကုန်မယ် ပြတ်ထွက်တတ်တယ် မယုံရင် ရာဘာ ဖိနပ်ကို ဒီဇယ်ဆီ စိမ်ကြည့်ပါလား ??? (အင်း.. သူပြောတာလဲ မှန်သလိုရှိတာပဲ နော်)

_တချို့ဆို ပိုပြီး စိုးရိမ်တတ်တယ် ဒီဇယ်ဖြန်းရင် သံဖရိန်တောင် သံဂျီးလိုက်ပြီး ဆွေးတတ်တယ် တဲ့ ...

_ဒါကို တချို့လဲ ပြန်ပြောကြတယ် ...
JDM တွေ Europe madeတွေ မပြောနဲ့ ရေဆေးတိုင်း ဒီဇယ်ဖြန်းခံရတဲ့ #တရုတ်ဆိုင်ကယ်ကဆီပိုက်တောင် တော်ရုံ 3/4နှစ်အောက်ထစ် ဘာဖြစ်လို့လဲ ? ဒီဇယ်ဖြန်းလို့ ဘော်ဒီ ဖရိန်ဆွေးရအောင် ၊ ကားဘော်ဒီ ဖရိန်က ဒီဇယ် ဓာတ်ဆီ ထည့်တဲ့ သံပေပါလောက်တောင် ကွာလတီ မကောင်းဘူးလားတဲ့... (ဆိုတော့ကာ သူပြောတာလဲ ဟုတ်သလိုလို ဖြစ်ပြန်ရော)

_ဒါတွေ ဘာကြောင့်ကွဲလွဲရလဲ ဆိုရင်

အဓိကက #ဖြန်းတဲ့လူ နဲ့ #အခြေနေ အပေါ်မှာ မူတည်ပါတယ်။ ။

ကျနော်တို့ Car wash ညီအကိုတွေ စလေ့လာကြည့်ရအောင်...

ဒီဇယ်ဆီဟာ
Petrol based Chemical မို့ ရာဘာ အပေါ်မှာ အနည်း နဲ့ အများတော့ ထိခိုက်စေပါတယ် ။

နောက်တချက်က

#ဒီဇယ် သည် #ရေ ထက် #အလေးချိန်ပေါ့ ပါတယ် ။

(ဒီအချက်က ကျနော်တို့တွေအတွက် အရေးအပါဆုံးဖြစ်ပါတယ်)

နောက်ပြီး သူ့မှာက သူ့ရဲ့ သန့်စင်မှုအပေါ် မူတည်ပြီး Sulphur ကန့် ကလဲ အနည်း နဲ့ အများပါဝင်ပါတယ်။

ဒီဇယ်ဆီ နဲ့ ပတ်သက်ပြီး..
ကျနော်တို့ Car wash ညီအကိုတွေနဲ့ သက်ဆိုင်တာက ဒါလေးတွေပဲရှိပါတယ် ။

1. ဒီဇယ်သည် ရေနံထွက် Petrol basedပါ။

ဒီဇယ်ဆီဟာ
ရာဘာ အပေါ်မှာ Natural Rubber သဘာဝ ရာဘာစစ်စစ်ပဲ ဖြစ်ဖြစ် ၊ လူလုပ် Synthetic Rubber ဖြစ်ဖြစ် အနည်း နဲ့ အများတော့ ဒုက္ခပေးပါတယ်။

(Natural Rubber က ပိုခံရပေမယ့် Automobile ကဏ္ဍမှာကျ Synthetic rubber တွေပဲ ပါဝင်တာပိုများပါတယ်)

တချို့ပြောတယ် #ဆီပိုက် ကျ ဘာလို့ #မဆွေးလဲတဲ့...
သူက Nitrile Butadiene Rubber NBR ဆိုတဲ့ ရေနံ ဓာတုဒဏ်ခံနိုင်တဲ့ ရာဘာအမျိုးစားမို့ပါ ။ တချို့အမျိုးစားတွေကျတော့လဲ မခံနိုင်ကြပါဘူး။

ဒါကြောင့် ကျနော်တို့ ရေဆေးခုံတွေ ဒီဇယ်ဖြန်းတဲ့ အခါ ...

#တွေ့သမျှရာဘာမှန်သမျှ
#ရှောင်ပြီး ဖြန်းနိုင်ဖို့ လိုအပ်ပါတယ် ။

2.ဒီဇယ်ဆီဟာ ရေထက် ပေါ့ပါတယ်။

ဒီအချက်ကပဲ ဒီဇယ်ဖြန်းရင်
သံဂျီးပိုတက်တယ် ဆိုတာ ဖြစ်လာစေတာပါ ။

ရေ ဟာ သိပ်သည်းဆ များတော့...
သူ့ထက် ပေါ့တဲ့ ဆီနဲ့တွေ့တဲ့အခါ၊
သူက အောက်ခြေမှာပဲ နေခဲ့ပါတယ်။

ကျနော်တို့တွေ ကားတစ်စီးကို ရေမခြောက်သေးခင်မှာ ဒီဇယ်ဆီ ဖြန်းလိုက်ပြီ...

_အဲဒီ #စိုကျန်နေတဲ့ #ရေဟာ မျက်နှာပြင်တည်ရှိပုံအရ ရေက #အောက်မှာ ရှိပြီး #ဆီကအပေါ်မှာ ရောက်သွားပါတယ်။

ဆိုတော့ ဖြန်းလိုက်တဲ့ ဆီက ကားရဲ့သံသား မျက်နှာပြင်နဲ့ ထိမနေပါဘူး ၊ တကယ်ထိနေတာက ရေတွေပါ ။

_အပေါ်မှာ ရောက်သွားတဲ့ ဆီ ဆိုတာဟာ အလွယ်တကူ မခြောက်နိုင် ၊ အငွေ့မပြန်နိုင်တဲ့ အမျိုးဆိုတော့...

အောက်မှာကျန်ခဲ့တဲ့ #ရေ ကို #အငွေ့ပြန်ဖို့ရာအတွက် အပေါ်ကနေ ထွက်ပေါက်ပိတ်လိုက်သလို ဖြစ်သွားစေပါတယ် ။

_အဲဒီက စပါတယ်...
ဒီဇယ်ဖြန်းရင် ထောင့်လေးတွေမှာ သံဂျီးတက်တယ် ဆိုတာ။

ဒီဇယ်ဖြန်းလို့ ၊ ဒီဇယ်ကြောင့်မို့လို့
သံဂျီးတက်ရတာ မဟုတ်ပဲ...
ထောင့် ဆိုတဲ့ နေရာမှာ ကျန်ခဲ့တဲ့ ရေအပေါ်မှာ ဆီက ပိတ်လှောင်သွားတာကြောင့်သာ သံဂျီးတက်ရတာဖြစ်ပါတယ်။

_အဲဒီ ပိတ်လှောင်သွားတဲ့ ရေဟာ ဒေါင်လိုက်ပဲဖြစ်ဖြစ် အပြားလိုက်ပဲ ဖြစ်ဖြစ်...

ဒီဇယ်ဆီမှ မဟုတ်ဘူး တခြားသော Dresser တွေဟာလဲ ရေထက် စေးကပ်မှု Viscosity မြင့်တဲ့အတွက်၊ #အောက်မှာရှိတဲ့ရေ ကို
#အငွေ့မပြန်နိုင်အောင် ချုပ်နှောင်ထားသလို ဖြစ်ရပါတယ် ။

ဒါကြောင့်မို့ ကျနော်တို့ Car wash ညီအကိုတွေ အနေနဲ့ ဒီဇယ်ဖြန်းတဲ့ အခါ
ကားတစီးနဲ့ တစီးဟာ အသွင်သဏ္ဍန် Dimesional structure အရ ပုံသေ မရှိလို့ ...

​သပ်သပ်ရပ်ရပ် ဆီဖြန်းဖို့ရာ
အခက်ခဲ ရှိခဲ့ရင်...
အကြံပေးပါတယ် ။

ဆီဖြန်းချင်ရင်
ရေ လုံးဝ ခြောက်တဲ့ အထိ ထားပါ။
ပြီးမှ ကိုယ်ဖြန်းချင်တဲ့ ဆီ ဖြန်းပါ။

3.နောက်ဆုံး တခုကတော့
ဗဟုသုတအနေနဲ့ပါ။

ဒီဇယ်ဆီထဲမှာ Sulphur ဓာတ်က အနည်း နဲ့ အများ ပါတယ်တဲ့...
ကျနော်လဲ ဓာတ်တော့ ခွဲမကြည့်ဖူးပါ။

လုပ်ငန်းအတွက် အရမ်း အရေးမကြီး ပေမယ့်...
သူကလဲ အရေးတော့ ပါပါတယ် ။

ကျနော် ရေဆေးခုံလုပ်ခါစက(လွန်ခဲ့တဲ့ 10နှစ်ကျော်က) ဖြစ်ခဲ့ဖူးတယ် ...
ဆိုင်က ညီလေး တယောက် ဒီဇယ်ဆီကို ပိုက်နဲ့စုပ်ထုတ်ရင်း အရှိန်လွန်ပြီး မျိုချမိသွားခဲ့တယ် ။

​First aidတွေကလဲ မမှန်ကန်ခဲ့တာကြောင့် ဆိုင်မှာတင် သတိလစ်ပြီး ၊ ဆေးရုံတင်လိုက်ရဖူးပါတယ်။

_အဲဒီမှာ ကျနော်စိတ်ဝင်စားသွားတာ ၊ဒီဇယ်ဆီ မျိုချမိရင် First aidအနေနဲ့ ဘာတွေလုပ်သင့်လဲ ဆိုတာကိုပါ။

ဒါနဲ့ပဲ အင်တာနက်ပေါ်မှာ ရှာဖတ်ကြည့်တော့ Forum တွေ Quora တွေမှာ ဆေးပညာရှင် ဒေါက်တာတချို့ဖြေထားတာကို ဒီလိုတွေ့ရပါတယ်။

_ဒီဇယ်မျိုချမိရင် ရေ မသောက်ရပါဘူး ၊ ဒီဇယ်ထဲမှာ ပါတဲ့ နဲ့ သောက်လိုက်တဲ့ #ရေ ဟာ ခန္ဓာကိုယ်ထဲက #အပူနဲ့ ဓာတ်ပြုပြီး Sulfurous acid H2SO3 ဖြစ်သွားတယ် ။

ဒါကြောင့်မို့ First aid အနေနဲ့ ရေတောင်မသောက်သင့်ပဲ...
အလွတ်အန်ထုတ်နိုင်ရင်ထုတ် ၊ ပြီးရင် ဆေးရုံသာသွား အစာအိမ်ဆေးရမှာလို့ ဖြေပေးထားကြတာ တွေ့ရပါတယ်။

_ဒီဟာတွေကတော့
ဆေးပညာ နဲ့ ဓာတု ဖြစ်စဥ်တွေမို့...

ကျနော်တို့တွေ အသေးစိတ်လဲ သိစရာ မလိုသလို ၊ နားလည်းမလည်နိုင်ပါဘူး ။

_သို့သော် အကြောင်းရာ 2ခုကို ဆက်စပ်ကြည့်ရင်တော့ ဒီဇယ် နဲ့ ရေ ဟာ အတူရှိမနေသင့်ဘူး ဆိုတာ သေချာသလောက်ရှိပါတယ်။

========================

ဒီဇယ်ဖြန်းခြင်းဟာ မကောင်းဘူးလို့ ဘာလို့ တချို့တွေ ထင်မှတ်ကြတာလဲ?

_ကျနော်တို့ရဲ့ရှေ့က ကားရေဆေးဆီလိုက် ဆရာသမားကြီးများက ကားကို ရေဆေးပြီးရင် ​ဒီဇယ်ဖြန်းတယ် ။

ရေ #သေချာခြောက် သလောက် ဖြစ်ချိန်မှာမှ #ဖြန်းတယ် ၊ ဖြန်းဖြစ်ကြပါတယ် ။

ဟိုအရင်က စက်ပစ္စည်းကိရိယာတွေ မပေါသေးခင်မှာ ၊ ကားတစ်စီးရေဆေးဖို့ရာ အခုထက် အချိန်ပိုပေးရပါတယ်။

_အခုက မြန်ပါတယ် ၊ 15မိနစ် အမြန်ဆိုတာ မျိုးတွေထိ ရှိလာပေမယ့်...

#ကားအောက်ပိုင်းကို ရေဆေးပြီးရင်
ပြောင်နေအောင် #လေမှုတ်ပေးပါတယ် ဆိုတဲ့ ဆိုင်ကတော့ တစ်ဆိုင်မှ မရှိပါဘူး။

ရေလေးတွေ စက်လက်စက်လက်နဲ့ပဲ ဒီဇယ်ဖြန်းပေးခံလိုက်ရတာများပါတယ် ။

_တချို့တွေ လွဲမှားစွာ မှတ်ယူမိကြပါတယ်။

ရေစိုလျက်နဲ့ ဖြန်းရင် ဒီဇယ်တွေ မျောပါသွားမှာပေါ့ ၊ မျောလဲ မျောပါစေ ရွှဲအောင်ဖြန်းပေးလိုက် ဆိုပြီးပါ။အမှန်က မျောပါသွားတဲ့ ဒီဇယ်ဆီ ထက် ကားရဲ့နစ်နာမှုက ပိုပါတယ်။

တချို့ဆိုင်တွေဆို စေတနာပိုပြီး အင်ဂျင်ဝိုင် ဂီယာဝိုင်တွေပါ ရောပေးသေးတယ် ။

ဆီသားပိုထူသွားလို့
Antioxidant treatmentအတွက် ပိုကောင်းသွားပေမယ့် ၊ လုပ်ပုံလုပ်နည်းအဆင့်ဆင့်ဟာ Systematic မဖြစ်ခဲ့လို့ ပိုပြီးတော့ပဲ အခြေနေ ဆိုးစေခဲ့ကြပါတယ်။

_ခေတ်ပေါ်ကားတွေရဲ့ ရာဘာ နဲ့ ပလတ်စတစ် ပါဝင်မှု ပိုမိုလာတဲ့ နေရာမှာ တွေ့ရာမရှောင် အလွယ်ပဲ ဖြန်းပစ်လိုက်တတ်တဲ့ အလေ့ကျင့်တွေကြောင့်ပဲ ၊

ရေဆေးခုံတို့ ရိုးရာတစ်ခုဖြစ်တဲ့ ဒီဇယ်ဖြန်းခြင်းဟာ ...

မကောင်းဘူးရယ်ဆိုပြီး ကားပိုင်ရှင်များ နဲ့ ရေဆေးဆီလိုက်လုပ်ငန်းရှင် အချို့ မှားယွင်းစွာ မှတ်ယူတတ်ကြပါတယ် ။

​သံသား များပြီး ရာဘာ နဲ့ ပလတ်စတစ် ပါဝင်မှုနည်းတဲ့ ဗိုက်ပူ/ဝီလီဂျစ် ကို ရေခြောက်သွားမှ ဒီဇယ်ဆီဖြန်းခြင်းဟာ မှန်ကန်ကောင်းမွန်တဲ့ လုပ်ဆောင်မှုတစ်ခု ဖြစ်ပြီး...

21ရာစုပေါ် ကားတွေမှာ တွေ့ကရာကို ရေစိုစက်လက် နဲ့ ဒီဇယ်ဖြန်းခြင်းကတော့ #အင်မတန်လွဲမှားတဲ့ လုပ်ဆောင်မှုပဲ ဖြစ်ပါတယ် ။

ဒါဆို
ကားအသစ်တွေတိုင်းကို ဒီဇယ် မဖြန်းရဘူးလားဆိုရင်...

#လုပ်ငန်းသုံးကား Heavy machinery တွေမှာတော့ #ဖြန်းသင့်
နေဆဲလို့ ပြောလို့ရပါတယ်။

သံသားပါဝင်မှု များပြားခြင်း နဲ့ ၎င်းတို့ရဲ့ ကြမ်းတမ်းစွာ အသုံးပြုခံရခြင်းကြောင့် ဖရိန်ဆေးသား မစုံလင်တော့တဲ့ အခြေနေမှာ ဒီဇယ်ဆီဖြန်းခြင်းဟာ #အရှိတရားအရ လိုအပ် ပါတယ် ။

ဒီဇယ် မဟုတ်ဘဲ အခြား Dresser တခုခု ဖြန်းပေးရင် ပိုမသင့်တော်ဘူးလား လို့ မေးစရာရှိပေမယ့်...

ဧရိယာ အရရော ၊
local အနေထား အရပါ ဒီဇယ်ဆီကလွဲရင် တခြားဟာ ဖြန်းမပေးနိုင်သလို ဖြန်းစရာလဲ မလိုအပ်ပါဘူး။

ဥပမာ မြေသယ် တရုတ် Fawကားတို့ ၊ 12ဘီးကားတို့ကိုသွားပြီး 1Lit=6000/-လောက်ကစတဲ့ Dressingသွားပေးဖို့ရာ အဆင်မပြေပါဘူး။ ဒီနေရာမှာ ဒီဇယ်ဆိုတာ တန်ဖိုးရှိတဲ့ #အဖိုးနည်းဝန်ပါလေး တခုပါ။

_နောက်တခုက လမ်းဘေး ရေဆေးခုံတွေမှာ ရေဆေးဆီဖြန်း ရင် သံဂျီးကိုက်တယ်။ Detailing ဆိုင်တွေမှာ ဆေးရင် မဖြစ်ဘူးဆိုတာ... ဒါကလဲ မှန်ပါတယ် ။

Service chargeကို မကြည့်ပဲ၊
အခြေနေတခုအပေါ်မှာ ယှဥ်ကြည့်ရင် ဆိုင်တွေမှာ ဆေးရင် #အချိန်ပို ပေးရပါတယ်။

အချိန်အပိုင်းခြား အရ Detailing ဆိုင်မှာဆိုရင် ကားအောက်ပိုင်း နဲ့ အင်ဂျင်ခန်း ဟာ Dryer Blowerတွေတောင် သုံးစရာ မလိုပဲ ခြောက်သွားနိုင်ပေမယ့်...

15မိနစ် အမြန် ဆိုတဲ့ နေရာမှကျ
ရေ တာင် ကုန်အောင် စီးမျောချိန် မရသေးပါ။

အမြန်ဆေးတော့ ထောင့်မစေ့ပဲ အစကတည်းက မပြောင်ခဲ့တာပါ ။

ဒါကိုမှ တချို့ #နားလည်မှုလွဲ ပါတယ်...
#ဒီဇယ်ဖြန်းလို့ ဂျီးတွေလာစုပြီး #သံဂျီးတွေတက် ၊ Rubber bushတွေပြဲရတယ် ဆိုပြီးပါ။

အမှန်က

_ကားအောက်ပိုင်းမှာ ပါတဲ့ Synthetic Rubberတွေဟာ ဒီဇယ်ဆီ ထိတာလောက်တော့ အေးဆေးစွာ ခံနိုင်ရည်ရှိပါတယ်။(ရာဘာတွေနဲ့ ပတ်သက်ပြီး ၊ နောက်တခါကျမှ Degreaser နဲ့ Rubber ဆိုပြီး ထပ်လာခဲ့ပါမယ်)

_နဂိုက မပြောင်တဲ့ #ရွှံတွေဂျီးတွေကို #ရေနှူးပြီး ဒီဇယ်ဆီကို ုပ် သလို လုပ်မိလို့သာ

#ဒီဇယ်နာမည်ပျက် ပြီး သံဂျီးတက် ၊ ရာဘာပြတ် ရတာပါ။

_တချို့ပြောပါတယ် ၊ ဒီဇယ်တိုင်ကီထဲမှာ သံဂျီးတက်လို့လားတဲ့...
တိုင်ကီထဲကို ရေ မဝင်သေးသ၍တော့ မတက်ပါဘူး ၊ ဝင်သွားရင်လဲ ရေက အောက်ခြေကို ဆင်းသွားပြီး ဆီအပြည့်ရှိလည်း သံဂျီးကတက်ပါတယ်။

_နောက်ပြီးတချက်က
Detailing service မှာပေးတဲ့ Dresser တွေကလဲ အသုံးပြုမယ့် မျက်နှာပြင်ကို ခြောက်သွေ့နေပါစေလို့ စတဲ့ Recommendationတွေ ပေးထားပေမယ့် ၊ ဒီဇယ်မှာကတော့ ဘယ်လောက်ဖိုးယူမှာလဲ ဆိုတာပဲ ရှိပါတယ်။

==========================

ကျနော်တို့ အဘိုးတွေလက်ထက်ကတည်းက ချက်ဗလက်ဗိုက်ပူတွေဟာ ရေဆေးဆီလိုက်မှာ ရေဆေး ဆီ(ဒီဇယ်)ဖြန်းရင်းနဲ့ပဲ ကျနော်တို့တွေအထိ စီးခဲ့ရဖူးပါတယ် ။

ကျနော်တို့လက်ထက်ကျမှ ညီငယ်တချို့တွေလဲ ​ရှေ့က ဆရာသမားကြီးများ အပေါ် အထင်မြင် မလွဲမှားစေလိုပါ ။

Car spa ညီအကိုတို့အတွက် မျှဝေပါတယ် ။

အကြောင်းအရာအရ နည်းပေမယ့် နားလည်မှု လွဲနေခြင်းကို ရှင်းရတာမို့ စာရှည်သွားပါတယ် ။

လုပ်ငန်းဆောင်တာများအပေါ်မှာ မှန်ကန်စွာသိရှိထားခြင်း နဲ့ ဝန်ဆောင်မှုများကိုလည်း ပြည့်စုံစွာ ပေးအပ်နိုင်ကြပါစေ ။

#ရေစိုနေရင် ဒီဇယ်
#မဖြန်းပါနဲ့

#သံသား ကိုပဲ
#အဓိကဖြန်းပါ

#ဆေးသားရှိနေရင်လဲ
#ဖြန်းစရာမလို ပါ

ဒီဇယ်မှ မဟုတ်ပဲ
#တခြားDressing သုံးရင်လဲ
#ရေခြောက်နေဖို့ လိုအပ်ပါတယ်။

(Ps. ကားပိုင်ရှင်များအတွက်... 15မိနစ်အမြန်ဆိုတဲ့ ဆိုင်တွေမှာ ဆီလုံးဝ မဖြန်းသင့်ပါ ။ ပွင့်လင်းစွာ ပြောရရင် အချိန်မရတော့ သေချာမဆေးနိုင်ပဲ မပြောင်တဲ့ဂျီးတွေကို ဆီဖြန်း ပြီး ကာဗာလုပ်တာပါ ။ အဲဒီလို ဂျီးကမပြောင်ရတဲ့ကြားမှာ ရေစို ဒီဇယ်ဖြန်းခံရတော့ သံဂျီးတက်တယ်ဆိုတာ ပဏာမ သာပါ)
#မူရင်းရေးသားသူအား‌လေးစားစွာဖြင့်
#ကားအကြောင်းသိကောင်းစရာများ

     ☎️09795572126_09420016464_09965515222
16/06/2024





☎️09795572126_09420016464_09965515222

      ☎️09795572126_09420016464_09965515222
13/06/2024





☎️09795572126_09420016464_09965515222

10/06/2024




☎️09795572126_09420016464_09965515222
👏👏👏👏

     ☎️09795572126_09420016464_09965515222
07/06/2024




☎️09795572126_09420016464_09965515222

  🚘  Thank You Sayar Aung Aung Oo
19/05/2024

🚘


Thank You Sayar Aung Aung Oo

    ☎️09795572126_09420016464_09965515222
03/05/2024





☎️09795572126_09420016464_09965515222

Address

Shwe Li 1 Street, 46 Ward, North Dagon Township
Yangon

Website

Alerts

Be the first to know and let us send you an email when MR. GOLD Professional Auto Detailing Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share