Mascot Car Parts & Accessories

Call Directions

Mascot Car Parts & Accessories Automotive Parts & Accessories

Customer တွေဆီကို အမြန်ဆုံး အပ်နိုင်အောင် ကြိုးစားခဲ့တာလေးတွေပါ။
01/07/2026

Customer တွေဆီကို အမြန်ဆုံး အပ်နိုင်အောင် ကြိုးစားခဲ့တာလေးတွေပါ။

အမြန်လိုချင်တဲ့ customer အတွက် အမြန်ဝယ်ပြီးအမြန်အပ်နှံ‌‌ ပေးလိုက်တဲ့  BYD ကားရဲ့ AC compressor လေးပါ။ယုံကြည်စိတ်ချစွာဖြင...
09/06/2026

အမြန်လိုချင်တဲ့ customer အတွက် အမြန်ဝယ်ပြီးအမြန်အပ်နှံ‌‌ ပေးလိုက်တဲ့ BYD ကားရဲ့ AC compressor လေးပါ။

ယုံကြည်စိတ်ချစွာဖြင့်အားပေးခဲ့တဲ့ customer တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။

ဒီနေ့ ရောက်လာတဲ့ ပစ္စည်းလေးတွေ customer တွေလက်ထဲကို အမြန်ဆုံးအပ်ပေးဖို့ ကြိုးစားနေပါပြီ။ယုံကြည်စိတ်ချစွာ မှာယူအားပေးခဲ့တ...
04/05/2026

ဒီနေ့ ရောက်လာတဲ့ ပစ္စည်းလေးတွေ customer တွေလက်ထဲကို အမြန်ဆုံးအပ်ပေးဖို့ ကြိုးစားနေပါပြီ။

ယုံကြည်စိတ်ချစွာ မှာယူအားပေးခဲ့တဲ့ customer များအတွက် Mascot မိသားစုမှ ကျေးဇူးတင်ပါတယ် ။

🙏🙏🙏

VENUCIA ( VX6 , D60PLUS ) , DONGFENG ( E70 , EX1 , SKY ) တို့ရဲ့ အပ်ပြီးသွားတဲ့ ပစ္စည်းအော်ဒါလေးတွေတဖြတ်ပါ တရုတ်ကားပစ္စည...
29/03/2026

VENUCIA ( VX6 , D60PLUS ) , DONGFENG ( E70 , EX1 , SKY ) တို့ရဲ့ အပ်ပြီးသွားတဲ့ ပစ္စည်းအော်ဒါလေးတွေတဖြတ်ပါ

တရုတ်ကားပစ္စည်းနဲ့ပတ်သတ်ပြီး သိချင်တာရှိရင်လဲ စုံစမ်းမေးမြန်းလို့ရပါတယ်

📞 09777733934 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်


ဒီ‌ရက်ပိုင်း Customer အပ်ထားပြီး ပစ္စည်းတချို့ပါ ပုံမှန်အပ်ပေးနေပါတယ် လတ်တလောလမ်း‌ကြောင်းအခြေအနေအရ ဆိုဒ်ကြီးဆို အနည်းငယ်...
25/03/2026

ဒီ‌ရက်ပိုင်း Customer အပ်ထားပြီး ပစ္စည်းတချို့ပါ ပုံမှန်အပ်ပေးနေပါတယ် လတ်တလောလမ်း‌ကြောင်းအခြေအနေအရ ဆိုဒ်ကြီးဆို အနည်းငယ်ပိုကြာပါတယ် စိတ်ရှည်ရှည်စောင့်ပေးကြတဲ့ customer များကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်

14/03/2026

EV တာယာ နဲ့ ICE ( ဆီကား ) တာယာ ဘာတွေကွာခြားလဲ?
📌📌📌📌📌

EV ကားတွေ ခေတ်စားလာတာနဲ့အမျှ
EV တွေမှာ သီးသန့်တာယာ (EV Specific Tyres) တွေပဲ သုံးသင့်လား?
ဆိုတဲ့ မေးခွန်းကလည်း လူ‌တွေအမေးများလာပါတယ်။

EV ကားတွေရဲ့ တာယာတွေက ပုံမှန်တာယာတွေထက် ပိုမိုအဆင့်မြင့်တဲ့ နည်းပညာတွေနဲ့ ထုတ်လုပ်ထားပါတယ်။

​အဓိကအားဖြင့်........

​၁။ အလေးချိန်ဒဏ်ကို ခံနိုင်ရည်ရှိခြင်း (Weight Load)

​EV ကားတွေမှာပါတဲ့ power battery pack တွေက တော်တော်လေး, လေးပါတယ်။ ဒါကြောင့် EV ကားတစ်စီးဟာ အလားတူအရွယ်အစားရှိတဲ့ ဆီကားတစ်စီးထက် ပိုလေးတတ်ပါတယ်။ EV တာယာတွေမှာ ဒီလိုကြီးမားတဲ့ အလေးချိန်ဒဏ်ကို ခံနိုင်ရည်ရှိအောင် တာယာနံရံ (Sidewall) တွေကို ပိုမိုခိုင်မာအောင် ထုတ်လုပ် ထားပါတယ်.။

​၂။ ရုန်းအား (Torque)

​EV ကားတွေရဲ့ ထူးခြားချက်က accelerator pedal ကိုနင်းလိုက်တာနဲ့ ရုန်းအား (Torque) ချက်ချင်းတက်လာတာပါ။ ဒီရုန်းအားကြောင့် တာယာနဲ့ လမ်းမမျက်နှာပြင်ကြား ပွတ်တိုက်မှုပိုများပြီး ပုံမှန်တာယာဆိုရင် တာယာပန်းတွေစားပြီး တာယာသက်တမ်းတိုစေပါတယ်။ EV တာယာတွေမှာတော့ ဒီဒဏ်ကိုခံနိုင်ဖို့ Tread Compound (တာယာသား အရောအနှပ်) ကို ပိုပြီး တောင့်တင်းခိုင်မာအောင် လုပ်ထားပါတယ်။

​၃။ ဆူညံသံ လျှော့ချခြင်း (Noise Reduction)

​စက်သုံးဆီကားတွေမှာ အင်ဂင်သံကြောင့် တာယာကထွက်တဲ့ အသံကို သိပ်မကြားရပေမဲ့ EV ကားတွေက အင်ဂျင်သံမရှိဘဲ ငြိမ်နေတဲ့အတွက် တာယာနဲ့ လမ်းမမျက်နှာပြင်ကြား ၊ ပွတ်တိုက်တဲ့အသံ (Road Noise) က သိသိသာသာ ကြားရတတ်ပါတယ်။ ဒါကြောင့် EV တာယာတွေရဲ့ အတွင်းပိုင်းမှာ အသံစုပ်ယူနိုင်တဲ့ အမြှုပ်လွှာ (Acoustic Foam) တွေ ထည့်သွင်းထားလေ့ရှိပါတယ်။

​၄။ လှိမ့်အား ခံနိုင်ရည် (Rolling Resistance)

​ဘက်ထရီ Range ပိုဝေးဝေးသွားနိုင်ဖို့အတွက် EV တာယာတွေက လှိမ့်ရတာ သက်သာအောင် (Low Rolling Resistance) ဖန်တီးထားရပါတယ်။ တာယာက လမ်းပေါ်မှာ လှိမ့်ရတာ ချောမွေ့လေလေ၊ စွမ်းအင်သုံးစွဲမှု နည်းလေလေ ဖြစ်တာကြောင့် EV တွေအတွက် ဒါက အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။
​
EV ကားတစ်စီးမှာ ပုံမှန်တာယာ အသုံးပြုလို့ရပေမယ့် တာယာပန်း‌တွေ မြန်မြန်ကုန်တာ၊ အသံဆူတာနဲ့ Range လျော့နည်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိမိကားရဲ့ စွမ်းဆောင်ရည် အပြည့်အဝရဖို့အတွက် EV Specific Tyres တွေကို ရွေးချယ်တာက အကောင်းဆုံးဖြစ်စေနိုင်ကြောင်း အကြုံပြုတင်ပြပေးလိုက်ပါတယ် ခင်ဗျာ။

နည်းနည်းရောက်လည်း မြန်မြန်တော့ပို့ရတာပဲ။အမြန်လိုချင်တဲ့ customer တွေအတွက် အကောင်းဆုံးဝန်ဆောင်မှု ပေးနေပါတယ်။ယုံကြည်စိတ်ခ...
13/03/2026

နည်းနည်းရောက်လည်း မြန်မြန်တော့ပို့ရတာပဲ။
အမြန်လိုချင်တဲ့ customer တွေအတွက် အကောင်းဆုံးဝန်ဆောင်မှု ပေးနေပါတယ်။
ယုံကြည်စိတ်ချစွာ မှာယူပေးတဲ့
Customer များအား Mascot မိသားစုမှ
ကျေးဇူးတင်ပါတယ်။

Customer ကို‌အပ်ပေးရမယ့် အော်ဒါလေးတွေအနည်းငယ်ရောက်ရှိပါတယ် ဆိုဒ်ကြီး ဝန်ပွပစ္စည်းတွေမလို့ သယ်ယူရတာအရမ်းခက်ခဲပါတယ်  စိတ်ရ...
03/03/2026

Customer ကို‌အပ်ပေးရမယ့် အော်ဒါလေးတွေအနည်းငယ်ရောက်ရှိပါတယ် ဆိုဒ်ကြီး ဝန်ပွပစ္စည်းတွေမလို့ သယ်ယူရတာအရမ်းခက်ခဲပါတယ် စိတ်ရှည်ရှည်စောင့်ပေးကြတဲ့ customer အားလုံးကိုလဲကျေးဇူးအများကြီးတင်ရှိပါတယ်





INSTOCK !!AIQAR ICAR03 ရဲ့ ဘေးခြေနင်း ( Side Step ) တစုံ နဲ့ Screen Protector စောင့်စရာမလို Instock ရှိပါတယ် လိုအပ်သူမျာ...
01/03/2026

INSTOCK !!

AIQAR ICAR03 ရဲ့ ဘေးခြေနင်း ( Side Step ) တစုံ နဲ့ Screen Protector စောင့်စရာမလို Instock ရှိပါတယ် လိုအပ်သူများ အမြန်ဆက်သွယ်ပေးပါဦးနော်

ပစ္စည်းရဲ့ကွာလတီကို လမ်းမတော်မြို့နယ်မှာ လာရောက်ကြည့်ရှုလို့ရပါတယ် ဖုန်းနံပါတ် 09777733934 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်




Address

Lanmadaw Township
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Telephone

+959777733934

Website

Alerts

Be the first to know and let us send you an email when Mascot Car Parts & Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share