Alvinz Car Rental Service

Alvinz Car Rental Service Travel & Transportation Service

Looking for a car that fits your purpose
- Employee Transportation (ဝန်ထမ်း ကြို/ပို့ ဝန်ဆောင်မှု)
- Long Term Leasing (လချုပ်၊ နှစ်ချုပ်)
- Wanna rent a car for travelling around Myanmar
- Wanna rent a car for City Sightseeing
- Wanna rent a car for Wedding, Donation and any other Events
- Wanna plan for a custom made Trip Itinerary
- Wanna lease a car monthly or yearly for your Personal or Bus

iness use

Our Services,
- Car Rental

Let's travel with us for a reliable and comfortable journey

Saloon ကားမျိုးစုံ, Alphard, Hiace (14 Seaters) VIP, Hyundai County (Mini Bus), Luxury Class ကားများနဲ့ အချိန်ပိုင်း၊ ရက်ပိုင်း၊ မြို့တွင်း၊ နယ်ဝေး ဘုရားဖူးနဲ့ အပန်းဖြေခရီးစဉ် အမျိုးမျိုးတို့ကို လူကြီးမင်းတို့ စိတ်တိုင်းကျဖြစ်အောင် အကောင်းဆုံး ဝန်ဆောင်မှု ပေးနေပါပြီ။

ဝန်ထမ်းကြို/ပို့ ဝန်ဆောင်မှု၊ ကုမ္ပဏီနဲ့ စက်ရုံ အလုပ်ရုံ လုပ်ငန်းများအတွင်း ကားများ လချုပ်၊ နှစ်ချုပ်တို့ကို ယာဉ်မောင်း အပါ/ ယာဉ်မောင်းမပါ Package မျိုးစုံနဲ့ အသက်သာဆုံး ငှားရမ်းနိုင်ပါပြီ။

လတ်တလောမှာ Hotline နံပါတ်ဖြစ်သည့် 09787171499 sim card ပျက်နေပါသဖြင့် ဆက်သွယ်မရနိုင်သေးပါဘူး ခင်ဗျ။ အဲဒီအစား 09776030986...
29/04/2026

လတ်တလောမှာ Hotline နံပါတ်ဖြစ်သည့် 09787171499 sim card ပျက်နေပါသဖြင့် ဆက်သွယ်မရနိုင်သေးပါဘူး ခင်ဗျ။ အဲဒီအစား 09776030986 နံပါတ်အား ယာယီ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

နက်ဖြန် ဆိုင်းဘုတ်ကြည့်ပြီး ဝူးရှူးဝါး မဖြစ်ကြေး 🥴🥴🥴
19/03/2026

နက်ဖြန် ဆိုင်းဘုတ်ကြည့်ပြီး ဝူးရှူးဝါး မဖြစ်ကြေး 🥴🥴🥴

05/03/2026

ဆီတန်းစီတဲ့အခါ ရွေ့နေပြီဆိုရင် စက်ကို ပိတ်လိုက်ဖွင့်လိုက် မလုပ်ကြနဲ့နော်။

idle မှာ အဲကွန်းပိတ်ပြီး နှိုးထားလို့ ကုန်မယ့်ဆီက နည်းနည်း … စက်ပိတ်လိုက်ဖွင့်လိုက် အလုပ်များလို့ starter မော်တာ လစ်သွားရင်၊ battery charging ကောင်းကောင်းမဝင်တော့ရင် ကုန်ကျစရိတ် ပိုများမယ်နော် …

ခုခေတ် ပြင်ဆင်စရိတ်က မသေးဘူး။ အဆင်ပြေကြပါစေဗျာ။

04/03/2026

အေးဆေး နေနေတာကို ပြန်ပေါ်လာအောင် လုပ်နေပြန်ပြီ။

တကယ်ဆို ဆီဆိုင်တွေမှာပဲ စုံကား စုံရက်ထည့်တာကိုမှ အရေအတွက် ကန့်သတ်ရင် ကန့်သတ်လိုက်၊ မ ကား မ ရက်ထည့်တာလည်း ထို့နည်းလည်းကောင်းပဲ။ အခုက အကုန်လုံး တိုင်ပတ်ကုန်တော့မယ်။

အခု Rule က အခြားနိုင်ငံတွေမှာလည်း သုံးတယ်။ ကားလမ်းပိတ်တာကို လျှော့ချချင်လို့ သုံးတာ။ အခုက ရည်ရွယ်ချက် မတူနေဘူး။ public transport သုံးဆိုလည်း လိုင်းကားက ညနေ ၇ နာရီဆို နပ်မမှန်ချင်တော့ဘူး။ ဘယ်လိုတွေ လုပ်ကြမလဲတော့ မသိဘူး။ ခုတော့ မီတင်တွေ တက်ပြီး ဖုန်းတွေ ထိုင်ဖြေနေရတဲ့ကြားက လာရေးတင်တာပဲ။

Toyota Probox or Succeed တစ်စီး ယာဉ်မောင်း အပါ အလို ရှိပါသည်။ ရန်ကုန် မြို့တွင်းသာ အသုံးပြုမည်။ တစ်ပတ် ၆ ရက်၊ အပတ်စဉ် တန...
13/07/2025

Toyota Probox or Succeed တစ်စီး ယာဉ်မောင်း အပါ အလို ရှိပါသည်။ ရန်ကုန် မြို့တွင်းသာ အသုံးပြုမည်။ တစ်ပတ် ၆ ရက်၊ အပတ်စဉ် တနင်္ဂနွေနေ့နှင့် အစိုးရ ရုံးပိတ်ရက်တိုင်း ရုံးပိတ်ရက် သတ်မှတ်ထားပါသည်။

အာမခံ ပါရမည်။
ယာဉ်မောင်း အပါ ဖြစ်သဖြင့် ပြင်ဆင်စရိတ် အားလုံး ယာဉ်ပိုင်ရှင်ကသာ ကျခံပေးရမည်ဖြစ်သည်။

တစ်လလျှင် - ၁၀ သိန်း ကျပ်
အနည်းဆုံး ၆ လ စာချုပ်ချုပ်မည်။

ဆက်သွယ်ရန် - 09787171499

10/04/2025

Breaking News:

မော်တော်ယာဉ် အာမခံတွေနှင့် ပတ်သက်ပြီး အခုမှ အာမခံ စ ထားမည့် ကားအသစ်တွေ၊ Policy အသစ်တွေကို “သဘာဝဘေးအန္တရာယ်” အတွက် အာမခံ ပေးထားခြင်း အား ယာယီဆိုင်းငံ့။

ယခင် သဘာဝဘေးအတွက် အာမခံ ထားပြီးသား အဟောင်းများနှင့် သက်တမ်းတိုးများအား ဆက်လက်ထားခွင့်ပြုထား။

အာမခံ ကုမ္ပဏီများ တစ်ခုနှင့်တစ်ခု Terms & Conditions အနည်းငယ်ကွဲပြားနိုင်။

02/04/2025

2.4.2025 (Update အခြေအနေ)
ရန်ကုန်မန္တ​လေး အမြန်လမ်း သုံးစွဲသူများလမ်းညွှန်
====================
၁ - ရန်ကုန် 《》 ​နေပြည်​တော်
====================

ကား​လေး (ယာဥ်+ကုန်) ၅တန် အထိ

အမြန်လမ်း (၀) မိုင် မှ ၁၄၇မိုင် ​တောင်ငူလမ်းခွဲအထိ သွားလို့ရပါမယ်

ထို့နောက် ရန်ကုန်မန္တ​လေးလမ်း​ဟောင်း ​ပေါ်သို့တက်ပါ။

လမ်းဟောင်းအတိုင်းသွာ၍
သာဂရ ​ရောက်ပါက ကိုးပင်-သာဂရ လမ်း အတိုင်း အမြန်လမ်း မိုင် ၁၇၃ မိုင်သို့ ပြန်တက်ပါ

ထို့နောက် နေပြည်​တော်​ ရောက်ရှိပါမည်။

အဓိကမှာ (165) မိုင်ဆွာချောင်းတံတားပြုပြင်မပီးသေး၍ အပေါ်ကလိုကွေ့ပါတ်သွားနေရခြင်းဖြစ်ပါတယ်

တစ်ခုမှတ်ထားပေးရန်မှာ (5-4-2025) ရက်နေ့ခန့်တွင် ဆွာချောင်းတံတားပြုပြင်ပီးပါက လမ်းဟောင်းသို့ ဆင်းရန်မလိုတော့ဘဲ ရန်ကုန်နေပြည်တော်တိုက်ရိုက်သွားလို့ရမှာဖြစ်ပါတယ်

နေပြည်တော်မှ ရန်ကုန်လာလျှင်လဲ ကျွန်တော်အထက်မှ ရေးထားသည့်အတိုင်းဖြစ်ပါသည်
=====================
၂- မှန်လုံယာဉ် / ကုန်ကား / ကားကြီးသမားများ
ရန်ကုန် 《》 ​နေပြည်​တော်
=====================
ကား​ကြီး (ကုန်ကား+ မှန်လုံယာဥ်များ) 》

အမြန်လမ်း

၀မိုင် မှ ၁၃၇မိုင် ​အုတ်တွင်း လမ်းခွဲအထိ သွားပါ။

၎င်းမှ ရန်ကုန်မန္တ​လေးလမ်း​ဟောင်း ​ပေါ်သို့တက်ပါ။

သာဂရ ​ရောက်ပါက ကိုးပင်-သာဂရ လမ်း အတိုင်း အမြန်လမ်း မိုင် ၁၇၃ သို့ ပြန်တက်၍ ​နေပြည်​တော်​ ရောက်ရှိပါမည်။

မှန်လုံကားကြီးများ နေပြည်တော်မှ ရန်ကုန်လာမည်ဆိုပါလျှင်လဲ အသွား+အပြန်မှာ အထက်ပါအတိုင်းအတူတူဖြစ်ပါသည်။
====================

၃။ ​နေပြည်​တော်《》 မန္တ​လေး

အမြန်လမ်း မိုင်တိုင် ၂၀၀မိုင် မှ ၃၄၄/၆မိုင် ​​ကျောက်ဆည် လမ်းခွဲအထိမည်သည့်ယာဥ်မဆိုသွား၍ရပါတယ်

၃၄၄/၆မိုင် ရောက်လျင် ရန်ကုန်မန္တ​လေးလမ်း​ဟောင်း ​ပေါ်သို့တက်ပါ။

ကျောက်ဆည်ရောက်ပါက ရန်မန်းလမ်း​ဟောင်းလမ်း အတိုင်း မန္တ​လေးမြို့သို့ရောက်ရှိပါမည်။

မန်းလေး မှ နေပြည်တော်လာမည်ဆိုလျှင်လဲ အသွား+အပြန် အထက်ပါအတိုင်းအတူတူဖြစ်ပါတယ်

အထူးမှတ်ချက် - (၁) 5-4-2025) ရက်နေ့ခန့်တွင် ဆွာချောင်းတံတားပြုပြင်ပီးပါက လမ်းဟောင်းသို့ ဆင်းရန်မလိုတော့ဘဲ ရန်ကုန်နေပြည်တော်
တိုက်ရိုက်မောင်းလို့ရပါမည်

(၂) အမြန်လမ်း ၃၄၄/၆ မိုင်မှ မန်းလေးအထိ အသွားအပြန်လမ်းမှာ အသုံးပြု၍ မရသေးပါ

(၃)မကြာခင်မှာ ၃၄၄/၆ မှာဆင်းစရာမလိုပဲ ၃၅၂/၆ စကားအင်းအဝိုင်းထိသွားလို့ရမယ်။

(၄) ၃၅၈/၂ ဒုဌဝတီ(မြစ်ငယ်) တံတားပါသွားတဲ့အတွက် စကားအင်း
တံခွန်တိုင်(မန္တ​လေးမြို့အဝင် အဝိုင်း)အပိုင်းသွားလို့ရဖို့ တော်တော်ကြာဦးမယ်။


#အရည်ကြို

29/03/2025

ကားသမားပေမို့ ကားနဲ့ ပတ်သက်တဲ့ သတင်းအချို့ မျှဝေချင်ပါတယ်။ ရန်ကုန် - မန္တလေး အမြန်လမ်း အတော် ပျက်စီးသွားပါတယ်။ အသုံးပြုရင် အန္တရာယ်ရှိတဲ့အနေအထားပါ။ လုံးဝ သွားမရအောင်တော့ မဟုတ်ပေမယ့် အရှိန်နဲ့ သွားတဲ့အခါ ဘွားခနဲ မြင်တွေ့လိုက်ရင် ရှောင်ချိန်မရနိုင်ပါ။ တာယာပွင့်ထွက်တာ၊ ကား တိမ်းမှောက်တာမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ်သွားလိုတဲ့နေရာပေါ်မူတည်ပြီး အချို့နေရာတွေမှာ လမ်းပြတ်ထွက်နေတာ၊ ကျွံဝင်နေတာမျိုးတွေ အများကြီးပါ။ အကောင်းဆုံးကတော့ မဖြစ်မနေ သွားရမယ်ဆိုရင် လမ်းဟောင်းကိုသာ အသုံးပြုပါ။ ဘယ်ချိန် ပြန်ကောင်းမယ်တော့ မပြောနိုင်လောက်အောင်ကို ပျက်စီးဆုံးရှုံးမှုနဲ့ တန်ဖိုးကြီးမားလှပါတယ်။ မြစ်သား - စမုံလမ်းပိုင်းဆိုရင် ဆိုင်ကယ်တောင် သွားလို့မရတော့လောက်အောင် လုံးဝ လုံးဝ ပြိုကျ ကွဲထွက်သွားပါတယ်။ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ အတော်လေး ထိခိုက်ပါလိမ့်မယ်။ အခြား လမ်းပိုင်းတွေမှာ ပျက်စီးတာမျိုး ရှိရင်လည်း ပုံနဲ့တကွ comment မှာ ပေးပို့နိုင်ပါတယ်။ သိထားရတော့ ကြိုတင် ပြင်ဆင်နိုင်ကြတာပေါ့ဗျာ။

အားလုံး အားလုံး ဘေးရန်ကင်းရှင်းကြပါစေ။
ပျောက်ဆုံးနေသူတွေလည်း အသက်ရှင်လျက် ပြန်တွေ့နိုင်ပါစေ။
မိသားစုတွေ ပြန်ဆုံနိုင်ကြပါစေ။
သေဆုံးသွားသူတွေလည်း ကောင်းရာသုဂတိလားကြပါစေ။

ထပ်တူ ခံစားဝမ်းနည်းမိပါတယ် 🥹🥹🥹

Budget သမားတွေအတွက်လည်း ရက်ပိုင်း မြို့တွင်း၊ နယ်ဝေး၊ နေ့ချင်းပြန် အတိုအထွာလေးတွေ ယာဉ်မောင်း၊ ဆီ၊ လမ်းကြေး အပြီးအစီးနဲ့ ...
22/11/2024

Budget သမားတွေအတွက်လည်း ရက်ပိုင်း မြို့တွင်း၊ နယ်ဝေး၊ နေ့ချင်းပြန် အတိုအထွာလေးတွေ ယာဉ်မောင်း၊ ဆီ၊ လမ်းကြေး အပြီးအစီးနဲ့ အော်ဒါလေးတွေ လိုက်ဖို့ အသင့်ပြင်ထားပြီးပါပြီ။

သွားဖို့လာဖို့ ရှိရင် ဟယ်လို - 09787171499

ဒီရက်ပိုင်းထဲ county order တွေ ဓာတ်ကျနေတယ်။ လပြည့်နေ့ ၁၅ ရက်နေ့ တုန်းကလည်း ကပ်မှ ငှါးနေကျ customer က တောင်းဆိုလို့ ကထိန်...
22/11/2024

ဒီရက်ပိုင်းထဲ county order တွေ ဓာတ်ကျနေတယ်။

လပြည့်နေ့ ၁၅ ရက်နေ့ တုန်းကလည်း ကပ်မှ ငှါးနေကျ customer က တောင်းဆိုလို့ ကထိန်အလှူအတွက် ၅ စီး အသည်းအသန် စီစဉ်ပေးခဲ့တယ်။

ဒီဇင်ဘာ ၂ ရက်နေ့ ဂျပန်စာသင်တန်းကျောင်း တစ်ခုရဲ့ field day အတွက်လည်း ဇလပ်တော ကို ၄ စီး။ သူတို့လည်း အစ်ကို့ဆီကပဲ ငှါးချင်တာ ရအောင်လုပ်ပေးဆိုပြန်တော့ ရုံးဖွင့်ရက်ကြီးလည်း ရအောင် လုပ်ပေးရပြန်တာပဲ။

လာမယ့် စနေနေ့ ၂၃ ရက်နေ့အတွက်လည်း လှည်းကူးကို ၅ စီးတွဲ လုပ်ပေးပါဦးဆိုတော့လည်း ဖြစ်အောင် လုပ်ပေးရသေးတာပေါ့ဗျာ။

ပိတ်ရက်တွေမှာ နေ့ချင်းပြန် အတိုအထွာလေးတွေလည်း ရတယ်နော်။

15/11/2024

သတင်းတွေ မြင်နေရတာ အဆင်ပြေမနေဘူး။
ပံ့သကူကောက်ရင်း ကားတိုက်လို့ သေဆုံးကြတာ သိရသလောက်ကို ဆယ်သေးပိုင်းတော့ ရှိနေပြီ။

ပံ့သကူ လိုက်ကောက်ရင်း ကားတိုက်မိရင် ကားမှားလား ? လူမှားလား ? ယာဉ်မှုစစ်ကရော ဘယ်လို ဆုံးဖြတ်မှာလဲ အလွန်သိချင်နေမိ။ 🥹🥹🥹

Address

No. 145, 15th Street, Lanmadaw Township
Yangon
11211

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00

Alerts

Be the first to know and let us send you an email when Alvinz Car Rental Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Alvinz Car Rental Service:

Share