O2: Oxygjen Spark Plug

O2: Oxygjen Spark Plug O2: Oxyjgen
သင့်ကား Break Shoe နဲ့ Spark Plug များအတွက် အ?

သင့်ကားအင်ဂျင်အတွက် အကောင်းဆုံးမိတ်ဆွေစစ်က ဘယ်သူလဲ...🚘အဆွဲအရုန်းမကောင်းခြင်း ၊ ဆီစားများခြင်း ၊ အင်ဂျင်တုန်ခါခြင်းတွေကြေ...
30/05/2022

သင့်ကားအင်ဂျင်အတွက် အကောင်းဆုံးမိတ်ဆွေစစ်က ဘယ်သူလဲ...🚘

အဆွဲအရုန်းမကောင်းခြင်း ၊ ဆီစားများခြင်း ၊ အင်ဂျင်တုန်ခါခြင်းတွေကြောင့် ပလပ်တွေခဏခဏလဲမယ် ၊
လဲပြီးရင်လည်း ထင်သလောက်မကောင်းလာဘူး ၊
ကြာလာရင် အင်ဂျင်ကျန်းမာရေးတောင် ထိခိုက်လာမှာစိုးရိမ်နေတယ်ဆိုရင် သင့်ကားအင်ဂျင်အမျိုးအစားနဲ့အမှန်တကယ်ကိုက်ညီတဲ့ပလပ်ကိုတပ်ဆင်ဖို့လိုအပ်လာပါပြီ။ အချိန်မီမတပ်ဆင်မိရင် အင်ဂျင်ပြုပြင်စရိတ်ကြောင့် ငွေကုန်ကျပိုများနိုင်တဲ့အတွက် သင့်ကားအင်ဂျင်နဲ့အမှန်တကယ်ကိုက်ညီတဲ့ပလပ်ဆိုတာ O2: Oxygjen TT Plug ကိုညွှန်းဆိုတာပါ...💥

O2: Oxygjen TT Plug နဲ့ဆို ပလပ်ခဏခဏလဲရတာမျိုး ၊ အင်ဂျင်ကျန်းမာရေးထိခိုက်တာမျိုး မစိုးရိမ်ရတော့ဘဲ မိတ်ဆွေကောင်းတစ်ယောက်လို သင့်ကားအင်ဂျင်ကို အမြဲစောင့်ရှောက်ပေးမှာဖြစ်လို့ O2: Oxygjen TT Plug ကိုရွေးချယ်ဖို့ အခုပဲစဉ်းစားလိုက်ပါတော့ဗျာ...😍


ဆီစားနှုန်းသက်သာလို့ မောင်းနှင်တိုင်း စိတ်ချမ်းသာရတဲ့ O2: Oxygjen Iridium Plug...💥မငြိမ်သက်တဲ့ဆီစျေးနှုန်းကို စိတ်ညစ်ရမှ...
26/05/2022

ဆီစားနှုန်းသက်သာလို့ မောင်းနှင်တိုင်း စိတ်ချမ်းသာရတဲ့ O2: Oxygjen Iridium Plug...💥

မငြိမ်သက်တဲ့ဆီစျေးနှုန်းကို စိတ်ညစ်ရမှာထက် ဆီစားနှုန်းများပြီး အပိုငွေကုန်ကျနေတာက သင့်အတွက် ပိုအရေးကြီးတဲ့ပြသာနာတစ်ခုပါ...💁🏼‍♂️

ဆီဈေးနှုန်းတွေတက် ၊ ဆီစားနှုန်းက ပိုများဆိုရင် လိုရာခရီးမှာ အပိုငွေနှစ်ဆကုန်ကျစေမှာဖြစ်လို့ ဆီစားနှုန်း သက်သာချင်တယ်ဆိုရင် သင့်တင့်တဲ့စျေးနှုန်းနဲ့ ဆီစားနှုန်းကိုသိသိသာသာလျော့ချပေးနိုင်တဲ့ O2: Oxygjen Iridium Plug ကိုရွေးချယ်ဖို့ လက်မတွန့်ပါနဲ့နော်...🧏🏼‍♂️

O2 Irdium Plug ကစျေးနှုန်းသင့်တင့်တဲ့အပြင် Iridium ဖြစ်တဲ့အတွက် ကြာရှည်ခံခြင်း ၊ မီးပွားထုတ်လုပ်မှုအား ကောင်းခြင်း ၊ ဆီစားနှုန်းသက်သာခြင်းစတဲ့ အရည်အသွေးကောင်းများကြောင့် မောင်းနှင်တိုင်း စိတ်ချမ်းသာရမှာ 100 % ပါပဲ...💯

ဒါကြောင့် ဆီစားနှုန်းသက်သာစွာနဲ့ လိုရာခရီးကို စိတ်ချမ်းသာစွာမောင်းနှင်ရအောင် O2:Oxygjen Iridium Plug ကိုဆောင်ထားဖို့မမေ့ပါနဲ့ဗျာ...


မတူညီတဲ့အရာတွေက ဘာတွေလဲ...❓မင်္ဂလာပါ ဉာဏ်ကြီးရှင်လေးတို့ရေ...မီးတွေခဏခဏပျက်လို့ စိတ်ညစ်ပြီ ဖုန်းပဲသုံးနေရလို့ မျက်စိတွေည...
20/05/2022

မတူညီတဲ့အရာတွေက ဘာတွေလဲ...❓

မင်္ဂလာပါ ဉာဏ်ကြီးရှင်လေးတို့ရေ...
မီးတွေခဏခဏပျက်လို့ စိတ်ညစ်ပြီ ဖုန်းပဲသုံးနေရလို့ မျက်စိတွေညောင်းနေပြီလား...👀

ဒါဆို မျက်စိအညောင်းပြေစေမယ့် O2:Oxygjen ရဲ့မတူတာရှာတဲ့ဂိမ်းလေးဆော့ရအောင်ဗျာ...💁🏼‍♂️
အောက်မှာဖော်ပြထားတဲ့ ပုံလေးထဲက ပလပ်နှစ်ခုရဲ့မတူညီတဲ့အပိုင်းလေးတွေကို မျက်စိကစားပြီး ရှာဖွေကြည့်လိုက်ပါ...👀

ရှာဖွေတွေ့ရှိထားတဲ့ အရာလေးတွေကိုလည်း Comment လေးမှာဝေမျှသွားဖို့လည်း မမေ့ပါနဲ့ဗျာ...👇


အဆွဲအရုန်းကျနေတဲ့ ကားများအတွက် ရွေးချယ်စရာ O2:Oxygjen Spark Plug💥O2:Oxygjen Spark Plug မှ ဘယ်လိုပလပ်အမျိုးအစား တွေရနိုင်...
19/05/2022

အဆွဲအရုန်းကျနေတဲ့ ကားများအတွက် ရွေးချယ်စရာ O2:Oxygjen Spark Plug💥

O2:Oxygjen Spark Plug မှ ဘယ်လိုပလပ်အမျိုးအစား တွေရနိုင်မလဲ...❓

(1) O2:Oxygjen Iridium Spark Plug
(2) O2:Oxygjen Copper Spark Plug
(3) O2:Oxygjen CU TT Spark Plug များဝယ်ယူရရှိနိုင်ပါတယ်💁🏼‍♂️

O2:Oxygjen Spark Plug များဟာ ဈေးနှုန်းချိုသာပြီး အရည်အသွေးပြည့်မီရုံသာမက အဆွဲအရုန်းကောင်းစေခြင်း၊ ဆီစားသက်သာစေခြင်းနဲ့ အင်ဂျင်တုန်ခါမှုလျော့ချပေးခြင်းတို့ကိုပါပေးစွမ်းနိုင်တဲ့အတွက် စိတ်ချယုံကြည်စွာ တပ်ဆင်အသုံးပြုနိုင်ပါတယ်ခင်ဗျာ💯


မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ စနေနေ့တွင် ကျရောက်သော ကဆုန်လပြည့်နေ့တွင် ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း ၊ တရားဘာဝနာအားထုတ်...
14/05/2022

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ စနေနေ့တွင် ကျရောက်သော ကဆုန်လပြည့်နေ့တွင် ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း ၊ တရားဘာဝနာအားထုတ်ခြင်းတို့ပြုလုပ်ပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာ ၊ ချမ်းသာပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ🙏

#ကဆုန်လပြည့်နေ့

အင်ဂျင်တစ်လုံး စွမ်းဆောင်ရည်အပြည့်နဲ့ လည်ပတ်နိုင်ဖို အားကောင်းတဲ့မီးပွားတွေကို ဖန်တီးထုတ်လုပ် ပေးနေတဲ့ Spark Plug တွေမကေ...
05/05/2022

အင်ဂျင်တစ်လုံး စွမ်းဆောင်ရည်အပြည့်နဲ့ လည်ပတ်နိုင်ဖို အားကောင်းတဲ့မီးပွားတွေကို ဖန်တီးထုတ်လုပ် ပေးနေတဲ့ Spark Plug တွေမကောင်းတော့ဘူးဆိုရင်...💥

(၁) ဆီစားပိုများလာမယ်
(၂) Misfire ဖြစ်လာမယ်
(၃) Engine Check မီးလင်းလာမယ်
(၄) Engine နှိးရခက်နေမယ်
(၅) အင်ဂျင်အဆွဲအရုန်းကျလာမယ်

ဒီအချက်တွေကတော့ Spark Plug တွေမကောင်းတော့ဘူးဆိုရင် ဖြစ်ပေါ်လာမယ့်ရောဂါလက္ခဏာတွေပဲဖြစ်ပါ တယ်ခင်ဗျာ။


ဒီနေ့ မေလ(၁) ရက်နေ့တွင် ကျရောက်သော “အလုပ်သမားနေ့” မှာ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားကြီးများအားလုံးက...
01/05/2022

ဒီနေ့ မေလ(၁) ရက်နေ့တွင် ကျရောက်သော “အလုပ်သမားနေ့” မှာ မြန်မာနိုင်ငံအပါအဝင်
တစ်ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားကြီးများအားလုံးကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲဂုဏ်ပြုကြိုဆိုအပ်ပါတယ်ခင်ဗျာ...👷‍♂️👷‍♀️

အလုပ်သမားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး အလုပ်အကိုင်များ အဆင်ပြေ၊ ကြီးပွားတိုးတက်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ...🙏

#အလုပ်သမားနေ့

ချိုသာတဲ့ဈေးနှုန်းနဲ့ အဆွဲအရုန်းကောင်းခြင်းကိုရယူပါ💥🏷️ပလပ်တွေအရည်အသွေးနိမ့်လို့ ခဏခဏအသစ်လဲရတာမျိုး၊ အဆွဲအရုန်းမကောင်းတာမ...
25/04/2022

ချိုသာတဲ့ဈေးနှုန်းနဲ့
အဆွဲအရုန်းကောင်းခြင်းကိုရယူပါ💥🏷️

ပလပ်တွေအရည်အသွေးနိမ့်လို့ ခဏခဏအသစ်လဲရတာမျိုး၊ အဆွဲအရုန်းမကောင်းတာမျိုးတွေကြောင့် ကုန်ကျစရိတ်များနေပြီလား...🤔💭
စျေးနှုန်းချိုသာပြီ အရည်အသွေးကောင်းတဲ့ O2:Oxygjen Iridium Spark Plug လေးသုံးပြီးကုန်ကျစရိတ်ကိုချွေတာလိုက်ပါ။

ဒါ့အပြင် O2 : Oxygjen Iridium Spark Plug က
ကြာရှည်အကြမ်းခံပြီး အဆွဲအရုန်းကောင်းတဲ့အတွက် ပလပ်အသစ်ခဏခဏလဲရတဲ့ပြသာနာတွေဆီကနေ ကင်းဝေးပြီး လမ်းမထက်မှာ သာသာယာယာလေးမောင်းနှင်စေနိုင်မှာအသေချာပါပဲဗျာ...💯🚙

ဒါဆို စျေးနှုန်းချိုသာတဲ့ O2:Oxygjen Iridium Spark Plug လေးသုံးပြီအဆွဲအရုန်းကောင်းခြင်းကိုရယူဖို့
အဆင်သင့်ပဲလား...👌


အင်ဂျင်စွမ်းဆောင်ရည်ကို အကောင်းဆုံးမြှင့်တင့်ပေးမယ့် O2:Oxygjen Copper Plug💥လမ်းမထက်မှာ စွမ်းဆောင်ရည်အပြည့်နဲ့ မောင်းနှင...
20/04/2022

အင်ဂျင်စွမ်းဆောင်ရည်ကို အကောင်းဆုံးမြှင့်တင့်ပေးမယ့် O2:Oxygjen Copper Plug💥

လမ်းမထက်မှာ စွမ်းဆောင်ရည်အပြည့်နဲ့ မောင်းနှင်နိုင်ဖို့ လျှပ်ကူးအားကောင်းပြီ အပူကိုလျင်မြန်စွာပို့ဆောင် ပေးနိုင်တဲ့ O2: Oxygjen Copper Plug ရှိနေပါပြီ...💁🏼‍♂️

O2:Oxygjen Copper plug က သာမန်ကြေးနီပလပ်တွေထက် လျှပ်ကူးအားပိုမိုမြန်ဆန်တဲ့အတွက် အင်ဂျင်စွမ်းဆောင်ရည်ကိုအကောင်းဆုံးမြှင့်တင်ပေးနိုင်ပြီး ပလပ်ရဲ့ထိပ်ဖျားအပူချိန်ကိုလျော့ချကာ သံချေးတက်ခြင်း မှလည်းကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင်အနည်းဆုံး မိုင် (၂၀၀၀၀) အထိစွမ်းဆောင်ရည်အပြည့်နဲ့ မောင်းနှင်နိုင်သေးတယ်ဆိုတော့ စိတ်ချယုံကြည်မှုအပြည့်ပဲပေါ့ဗျာ...💯

ဒါကြောင့် အင်ဂျင်စွမ်းဆောင်ရည်ကိုအကောင်းဆုံးမြှင့်တင်ပေးနိုင်မယ့် O2:Oxygjen Copper Plug နဲ့အတူ စွမ်းဆောင်ပြည့်ဝစွာမောင်းနှင်လိုက်ပါခင်ဗျာ...🙏


💦မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မြန်မာ့နှစ်သစ် ၁၃၈၄ ခုနှစ်မှာ မြန်မာပြည်သူ ၊ ပြည်သားအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာပျော်...
17/04/2022

💦မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မြန်မာ့နှစ်သစ်
၁၃၈၄ ခုနှစ်မှာ မြန်မာပြည်သူ ၊ ပြည်သားအားလုံး
ကိုယ်စိတ်နှစ်ပါးကျန်းမာပျော်ရွှင်ပြီးအေးချမ်းသာယာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ.....💦
🙏🙏🙏

#မြန်မာနှစ်ကူး

ကားမှန်များ၏အရေးပါပုံ🚗ကျနော်တို့ကားမောင်းသူတိုင်းအတွက် ကြည်လင်ပြတ်သားတဲ့မြင်ကွင်းတစ်ခုမရှိမဖြစ်လိုအပ်ပါတယ်။မြင်ကွင်းမရှင...
13/04/2022

ကားမှန်များ၏အရေးပါပုံ🚗

ကျနော်တို့ကားမောင်းသူတိုင်းအတွက် ကြည်လင်ပြတ်သားတဲ့မြင်ကွင်းတစ်ခုမရှိမဖြစ်လိုအပ်ပါတယ်။မြင်ကွင်းမရှင်းလင်းဘဲကားမောင်းရင်အန္တရာယ်အချိန်မရွေးကျရောက်နိုင်ပြီး ကားမောင်းသူရဲ့အသက်ကိုတောင်ဒုက္ခပေးနိုင်ပါတယ်။ ဒီလိုအန္တရာယ်တွေကိုတောင်ကြိုတင်ကာကွယ်ပေးနိုင်တဲ့အရာတစ်ခုကိုကားမောင်းသူတော်တော်များများကျေးဇူးတင်ဖို့မေ့နေတတ်ကြပါတယ်။ အဲဒါကတော့ကားမောင်းသူတိုင်းသတိမထားမိတဲ့ကားတစ်စီးရဲ့မှန်တွေပဲဖြစ်ပါတယ်။💁🏼‍♂️

🔰ကားမှန်တစ်ခုမှာရှိသင့်တဲ့အခြေခံလိုအပ်ချက်🔰
ကားမှန်တွေဆိုတာအမြင်ဆန်းသစ်အောင်တန်ဆာဆင်တာမျိုးလို့ထင်ရသော်လည်း ၎င်းမှန်များသည် ကားတစ်စီးအတွက် အလွန်အရေးပါသောအခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ ကားမှန်များတွင် လေကာမှန်၊ ဘေးမှန်၊ အနောက်မှန်ဆိုပြီး အသုံးပြုကြတဲ့အပြင် အချို့ခေတ်မှီကားများတွင်အမိုးမှန်များအဖြစ်လည်းအသုံးပြုလာကြပါတယ်။ မော်တော်ကားမှန်တွေကသာမန်တွေထက်ကြံ့ခိုင်မှုပိုရှိရခြင်း၊ ပတ်ဝန်းကျင်မြင်ကွင်းကိုကောင်းမွန်စွာမြင်နိုင်ရခြင်း၊ မတော်တဆထိခိုက်မှုများမှကာကွယ်နိုင်ခြင်း အစရှိသောအခြေခံလိုအပ်များနှင့်ပြည့်စုံရပါမယ်။

🔰ကားမှန်အမျိုးအစားများအကြောင်း🔰
မော်တော်ယာဉ်များတွင် Tempered Glass နှင့် Laminated Glass ကိုအဓိအသုံးပြုကြပါတယ်။Tempered Glass ဆိုတာရိုးရိုးမှန်ကိုအပူပေးပြီးအအေးခံခြင်းပြုလုပ်ထားသောမှန်များဖြစ်တဲ့အတွက်သာမန်မှန်များထက် ထိခိုက်မှုဒဏ်ကို (၄) ဆကာကွယ်ပေးနိုင်ပါတယ်။ ပြင်းထန်သောထိခိုက်မှုမျိုးတွင် Tempered Glass များသည် အန္တရာယ်မရှိသောသေးငယ်တဲ့ဖန်စေ့၊ ဖန်လုံးကလေးများအဖြစ် အစိတ်စိတ်ပြိုကွဲသွားပြီးဆိုးရွားသောထိခိုက်မှုဖြစ်ပွားခြင်းမှကာကွယ်ပေးနိုင်ပါတယ်။ ထိုမှန်များသည် စိုစွတ်မှုဒဏ်ကိုခံနိုင်ရည်ရှိပြီး ၃၆၀ဒီဂရီအမြင်အာရုံပေးစွမ်းနိုင်တဲ့အတွက် ဘေးမှန်နှင့်အနောက်မှန်များတွင်အဓိကအသုံးပြုကြပါတယ်။

ကားရဲ့အရေးကြီးဆုံးအစိတ်အပိုင်းများထဲမှတစ်ခုကတော့လေကာမှန်ဖြစ်ပါတယ်။ လေကာမှန်များသည်အပျက်အစီးများ၊ ဖုန်မှုန့်များ၊ ရာသီဥတုဒဏ်များကိုခံနိုင်တဲ့အပြင် ကားမှန်များအားလုံးထဲတွင်မတော်တဆမှုအများဆုံးဖြစ်နိုင်သောကြောင့် သာမန်မှန်များထက်ကြံ့ခိုင်မှု၊ ခိုင်ခံ့မှုပိုကောင်းသော Laminated Glass အမျိုးအစားကိုအသုံးပြုကြပါတယ်။

Laminated Glass များသည် မှန်နှစ်ချပ်ကြားတွင်တစ်ခုနှင့်တစ်ခုကပ်စေးသော၊ ကြံ့ခိုင်အားကောင်းသော PVB အလွှာတစ်ခုထားရှိပြီးထုတ်လုပ်ထားတဲ့အတွက်မတော်တဆထိခိုက်မှုများတွင်ထိခိုက်မိသောဖက်၌သာအက်ကွဲနိုင်ပြီး အခြားတစ်ဖက်သို့အက်ကွဲခြင်းမရှိစေရန်ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ထိုအလွှာသည်မောင်းနှင်ရန်အတွက်လိုအပ်သောမြင်သာထင်ရှားမှုကိုပေးစွမ်းနိုင်ပြီး ကားအတွင်းဝင်ရောက်နိုင်သော UV Rays များကိုကာကွယ်ပေးနိုင်ပါတယ်ခင်ဗျာ။

ဒါကြောင့် ကားမှန်တွေဆိုတာ ကျနော်တို့ကားမောင်းသူတိုင်းအတွက် ကြည်လင်ပြတ်သားတဲ့မြင်ကွင်းတစ်ခုထက်ပိုပြီး အရေးကြီးတဲ့အရာတစ်ခုဖြစ်တဲ့အတွက် ကားမှန်များကိုသေချာသန့်ရှင်းရေးလုပ်ပေးသင့်ပြီး ထိခိုက်မှုရှိပါက အချိန်မှီပြုပြင်လဲလှယ်သင့်ပါတယ်ခင်ဗျာ။💁🏼‍♂️


Address

91, Manaw Hari Road, Bayint Naung, Mayangone Township
Yangon
11181

Opening Hours

Monday 08:30 - 05:30
Tuesday 08:30 - 05:30
Wednesday 08:30 - 05:30
Thursday 08:30 - 05:30
Friday 08:30 - 05:30
Saturday 08:30 - 05:30

Telephone

+959750104911

Alerts

Be the first to know and let us send you an email when O2: Oxygjen Spark Plug posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to O2: Oxygjen Spark Plug:

Share