03/06/2024
Chiron ၏ နောက်ဆုံးတစ်စီး (သို့) Chiron အခန်းကဏ္ဍရပ်တန့်ခြင်း
----------------------------
အစီးရေ ၅၀၀ မြောက်ဖြစ်သော L'Ultime သည် Chiron lineage ၏ နောက်ဆုံးတစ်စီးဖြစ်ပါတယ်။ ၎င်း၏အရင်က Veyron လိုမျိုး Chiron သည် အရေအတွက်ပိုများသော special editions များနှင့် one-offs များကို ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမယ့် Bugatti က နောက်ဆုံးကားကို ထုတ်ဖော်ပြသလိုက်တာကြောင့် ဒီနေ့မှာ အားလုံးပြီးဆုံးသွားပါပြီ။ Bugatti မှာ Chiron lineage ရပ်တန့်လိုက်တဲ့သဘောပါ။ Monégasque ယာဉ်မောင်း Louis Chiron ကို အစွဲပြု၍ အမည်ပေးထားသော Chiron ၏ နောက်ဆုံး ဟိုက်ပါကား L'Ultime ကို Molsheim ရှိ အိမ်တွင် လက်ဖြင့် တပ်ဆင်ဖန်တီးထားခြင်းဖြစ်ပါတယ်။ Super Sport ကိုအခြေခံ၍ 2016 Geneva Motor Show တွင်ပြသခဲ့သောကား၏ အလှတရားကို inspiration ယူထားတာကြောင့် Chiron ၏ epilogue သည် မူရင်းကားနှင့် ထပ်တူနီးပါးတူနေပါတယ်။
ဆွဲဆောင်မှုရှိတဲ့ French Racing Blue မှ Atlantic Blue သို့ မှိန်သွားသော ၎င်း၏ နှစ်ရောင်စပ်ပုံစံတွင် ယာဉ်စတင်မိတ်ဆက်ချိန်မှစပြီး ရှစ်နှစ်တာကာလအတွင်း အရေးပါသောအခန်းမှပါဝင်ခဲ့သည့် အဖြစ်အပျက်များနှင့် နေရာများ၏ အမည်များကို လက်ရေးဖြင့် ထပ်လောင်းအလှဆင်ထားပါတယ်။ Chiron အတွက် 304 mph မှတ်တမ်းတင်ခဲ့သောနေရာ Ehra-Lessien, ၎င်းကိုစမ်းသပ်ခဲ့သောနေရာ Paul Ricard, ၎င်းကိုမိတ်ဆက်ခဲ့သောနေရာ Geneva နှင့် Chantilly စသော အမည်များဖြင့် တန်ဆာဆင်ထားပါတယ်။ ဒါ့အပြင် Château Saint Jean နှင့် Cape Canaveral ဆိုသော နေရာအမည်များအပြင် နောက်ဘက် အတောင်၏အောက်နှင့် ဘီးဖုံးများပေါ်တွင်လည်း "500" ဆိုတဲ့အမည်ကို ရေးထားပါသေးတယ်။ Chiron ဖြတ်သန်းခဲ့သော သက်တမ်းတစ်လျှောက် အမှတ်တရာဖြစ်စေသော အမည်များကို ရေးထိုးထားတဲ့သဘောဖြစ်ပါတယ်။
နောက်ယက် 8.0-liter W-16 monster အင်ဂျင်၏ အဖုံးပေါ်တွင် quad-turbo ဆိုသော အမည်ကိုလည်းရေးထိုးထားပါသေးတယ်။ Chiron ၏မွေးရပ်မြေကို ရည်ညွှန်းသော ပြင်သစ်အလံ logos များကို လေးကြည့်မှန်များပေါ်မှာတွေ့နိုင်ပါသေးတယ်။ ၎င်းကား farewell edition ကို ဘယ်သူပိုင်သလဲ ဆိုတာကိုတော့ Bugatti က မပြောပါဘူး။ ၎င်းသည် နည်းပညာအရ Chiron-တံဆိပ်တပ်ထားသော နောက်ဆုံး ကားဖြစ်သော်လည်း Chiron ခေတ်၏ အဆုံးသတ်တော့မဟုတ်ပါဘူး။ Bugatti သည် Chiron ကိုအခြေခံထားသော Mistral roadster (99 units) စီး၊ track-only Bolide (40 units) စီးကိုထုတ်လုပ်လျှက်ရှိပါတယ်။ ကုမ္ပဏီ၏ ကားသစ်သည် ပုံမှန် V-16 အင်ဂျင်ဖြင့် ယခု ဇွန်လအတွင်းထွက်ရှိလာနိုင်ဖွယ်ရှိပါတယ်။