Than Lwin Oo တာယာရောင်းဝယ်ရေး

Than Lwin Oo တာယာရောင်းဝယ်ရေး Hello

ကားတာယာ အကြောင်း(၁)ကား တာယာ ပေါ်က စာတွေက ဘာအဓိပ္ပါယ်လဲ နှင့်မပေါ့ဆသင့်တဲ့ ကားတာယာ ။တာယာ ပေါ်က စာတွေက ဘာအဓိပ္ပါယ်လဲ?🚘🚘t🚘🚘...
25/04/2025

ကားတာယာ အကြောင်း(၁)
ကား တာယာ ပေါ်က စာတွေက ဘာအဓိပ္ပါယ်လဲ နှင့်
မပေါ့ဆသင့်တဲ့ ကားတာယာ ။

တာယာ ပေါ်က စာတွေက ဘာအဓိပ္ပါယ်လဲ?
🚘🚘t🚘🚘h🚘🚘u🚘🚘r🚘🚘a🚘🚘

✳တာယာတစ်ခု၀ယ်တော့မယ်ဆိုရင် သူ့အပေါ်မှာရေးထိုးထားတဲ့ သင်္ကေတရဲ့ အဓိပ္ပာယ်တွေကို သိထားဖို့ လိုအပ်တာမို့ ပုံနှင့်တကွ ဖြော်ပပေးလိုက်ပါတယ်။

📌A. အများဆုံးလေပေါင်ချိန်

📌B. တာယာ၏ ဗွကျ

📌C. တာယာဖြက်နှင့် အချိုး၊ ဘေးနံရံအမြင့်

📌D. တာယာတည်ဆောက်ပုံ အမျိုးအစား (ရေဒီယယ်အမျိုးအစား)

📌E. တာယာ၏ အတွင်းဘက်အချင်း

📌F. သယ်ဆောင်နိုင်သော အလေးချိန်ညွှန်ကိန်း

📌G. အမြန်နှုန်း ညွှန်ကိန်း

📌H. ထုတ်လုပ်သည့်ရက်စွဲ [ ၂၀၁၂၊ ၁၂ ပတ်မြောက် ( 31 ရက် 3 လ ပေါ့) ]
တာယာဘေးနံရံမှာ ထုတ်လုပ်တဲ့ရက်စွဲပါရှိပြီး
DOT နှင့်စပါတယ်။

• နောက်ဆုံးဂဏန်း လေးလုံးမှာ ထုတ်လုပ်သည့်နှစ်နှင့် ရက်သတ္တပတ်ကို ဖော်ပြပါတယ်။

• ဥပမာ -
DOT 1212 ဟုပါလျှင်
၂၀၁၂ ခုနှစ်၊
၁၂ ပတ်မြောက် ( 31.3.2012 ) မှာ ထုတ်လုပ်တယ်ဟု ဆိုလိုပါတယ် …

📌I. အပူချိန်သင်္ကေတ (အပူချိန်နှင့် ဆားငန်ရေကို ခံနိုင်၊မခံနိုင် ပြသည်)


" မပေါ့ဆသင့်တဲ့ ကားတာယာ "

ကားတာယာပေါ်က ဂဏန်းတွေကပြောသော သူတို့စွမ်းဆောင်ရည်များကို အကြမ်းဖျင်းလောက်တော့ ကားမောင်းသူတိုင်းသိသင့်လှပါတယ်။

ပုံတွင်ပြထားသောတာယာသည် fielder လို ကားအလတ်အိမ်စီးကားတွေအတွက် သုံးရန်သင့်လျော်သော တာယာ size ဖြစ်ပါတယ်။

📌 သူ့ပေါ်က အမှတ်အသား 195/65R15 91 Hက ဘာပါလိမ့်?

195 သည် ကားတာယာရဲ့အကျယ်ကို mm နှင့်ပြပါတယ်။

65 သည် ကားတာယာရဲ့လေဝင်မယ့်အထူကို ရာခိုင်နှုန်းနှင့်ပြပါတယ်။ ဒီကေ့စ်မှာ 195x0.65 = 126.75mm ရပါမည်။

R သည် ကားတာယာ၏ဒီဇိုင်းဘယ်လိုလုပ်ထားတာလဲကိုပြပြီး၊ 15 သည် ကားတာယာရဲ့အတွင်းသံခွေရဲ့အချင်းကို လက်မနဲ့ ပြတာဖြစ်ပါတယ်။

91 သည် တာယာ၏ထမ်းနိုင်တဲ့ဝန်ကိုပြတာပါ။
91 သည် 615 kg ခံနိုင်ပါသည်။

နောက်ထပ်တာယာပေါ်က အရေးကြီးတဲ့ အမှတ်အသားတစ်ခု ရှိပါသေးတယ်။ 0120 ဆိုပါအံ့။ ရှေ့ ၂ လုံး 01 သည် အပါတ်နံပါတ်ဖြစ်၍ နောက် ၂ လုံး 20 သည် ထုတ်လုပ်သည့်နှစ်ဖြစ်သည်။ ထို့ကြောင့် 0120 ဟုရေးထားသောတာယာသည် 2020 ခုနှစ် 1 လပိုင်းအစက ပြုလုပ်ထားသည်ဟု နားလည်ရပါမည်။

📌 RP - 18 patterm ၏စွမ်းဆောင်ရေအချက်များ
*****t******h******u******r******a*****

(1)Comfortable (ငြိမ့်ညောင်းခြင်း)

(2)Silent (ဆူညံမှုကင်းမဲ့ခြင်း)

(3)Braking (စိုစွတ်သောလမ်းများပေါ်တွင်ထိန်းချုပ်မှုအားကောင်းခြင်း)

-ယာဉ်မောင်းနှင်နေစဉ် တာယာ၏လည်ပတ်မှုသည် တုန်ခါခြင်းအလျဉ်းမရှိပဲငြိမ့်ညောင်းစွာ မောင်းနှင်နိုင်ရန်အတွက် ပိုမိုစွမ်းဆောင်ရည်ကောင်းမွန်သော
တာယာဖွဲ့စည်းပုံဖြင့်ထုတ်လုပ်ထားခြင်း။

-တာယာပန်းများကို C A D Design ဖြင့်ဖော်ထားခြင်းကြောင့် မောင်းနှင်းနေစဉ် အတွင်း လမ်း၏ဆူညံမှုကို သိသိသာသာ လျော့ချပေးခြင်း

-မည်သည့်ရာသီဥတုတွင်မဆို Highway ခရီးသွားလာနိုင်ရန်အတွက် အကောင်းဆုံး M+S အဆင့်ဖြင့် အထူးထုတ်လုပ်ထားသောကြောင့် ထိန်းချုပ်မှုအားကောင်းမွန်စွာဖြင့်လုံခြုံစိတ်ချစွာမောင်းနှင်နိုင်ခြင်း

*တာယာကို သုံးသည့် brand ပေါ်မူတည်၍ ၄ နှစ်မှ ၆ နှစ် သက်တမ်းအတွင်းသာလျှင် သုံးသင့်ကြပါသည်။ ကားတာယာကြောင့်ဖြစ်သောအန္တရာယ်​ကင်းနိုင်ကြပါစေ။


Photo Credit

မိမိကားအတွက် တာယာ မဝယ်ခင် ဒီအချက်အလက်တွေကို သိထားရပါမယ်။အရေးကြီးဆုံးကတော့ ထုတ်လုပ်ရက် (နှစ်နဲ့ တစ်ပတ်) ဖြစ်သလို ကားတာယာက...
23/04/2025

မိမိကားအတွက် တာယာ မဝယ်ခင် ဒီအချက်အလက်တွေကို သိထားရပါမယ်။

အရေးကြီးဆုံးကတော့ ထုတ်လုပ်ရက် (နှစ်နဲ့ တစ်ပတ်) ဖြစ်သလို ကားတာယာကို ကိုင်တွယ်နိုင်တဲ့ အမြန်နှုန်းလည်း ဖြစ်ပါတယ်။

အက္ခရာ L ဆိုတာ ဘီးရဲ့ အမြင့်ဆုံး မောင်းနှင်နိုင်သည့် အရှိန် အမြန်နှုန်းကို ၁၂၀ ကီလိုမီတာ ရှိပါတယ်။

အက္ခရာ M ဆို 130 km ထိမောင်းနိုင်တယ်။
N အက္ခရာသည် 140 km ကို ဆိုလိုသည်။
P အက္ခရာသည် 160 km ကို ဆိုလိုသည်။
Q အက္ခရာက 170 km ကိုဆိုလိုသည်။
R အက္ခရာသည် 180 km ကို ဆိုလိုသည်။
H အက္ခရာ ဆိုတာ ဘီးက km ၂၀၀ အထက်ခံနိုင်တယ်လို့ ဆိုလိုတာပါ။
V အက္ခရာသည် 240 km ကို ဆိုလိုသည်။

ပုံထဲက နံပါတ် (2621) ဆိုတာ 2021 ရဲ့ 26 ပတ်မြောက်မှာ ထုတ်လုပ်ထားတဲ့ ဘီးကို ဆိုလိုခြင်ဖြစ်တာပါ။

Date လွန်သွားလျှင်တာယာတွေက အသုံးပြုလို့ရလား???

မြို့တွင်း အသုံးပြုတာတော့ အဆင်ပြေပေမယ့် ခရီးဝေးသွားခြင်းနှင့် ကုန်ပစ္စည်းတင်ဆောင်ခြင်းတွေ ပြုလုပ်လို့အဆင်မပြေပါဘူး။

တာယာတစ်လုံးရဲ့ အသုံးပြုနိုင်သော သက်တမ်းက ဘယ်လောက်လဲ???

၅နှစ်ပါ။ စထုတ်ရက်မှ စတင်ရေတွက်ပါသည်။

Crd: A1 Auto Service
မူရင်းရေးသားသူအားလေးစားစွာ Creditပေးပါသည်
ဗဟုသုတ ရ​စေရန်ပြန်လည်မျှ​​ဝေခြင်းဖြစ်ပါတယ်

35 x 12 . 50 R17 LTDate-12 2021Yokohama (Second) price-650000 (4)Ph -09979571092
27/02/2025

35 x 12 . 50 R17 LT

Date-12 2021
Yokohama (Second)
price-650000 (4)
Ph -09979571092

27/02/2025

Hello page လေးပြန်Runပါပြီနော် ကျေးဇူးပါ

22/11/2023

လူကြီးမင်းတို့ရဲ့ရောင်းလိုသောတာယာ(New/Good second)များကိုလဲစျေးကောင်းပေး၍ဝယ်ပါတယ်ခင်ဗျာ
လူကြီးမင်းတို့ဝယ်လိုသောတာယာ(New/Good second)ဆိုဒ်မျိုးစုံကိုလဲ
ရောင်းချပေးလျက်ရှိပါတယ်ခင်ဗျ
ဆိုင်မာလဲလာရောက်ဝယ်ယူနိုင်သလို Pageကနေလဲမှာပေးလို့ရပါတယ်ခင်ဗျ 🤗
နောက်ရက်တွေမှာပုံနဲ့စျေးတွေတင်ပေးပါမယ် pageကိုlikeလေးလုပ်ပေးစေလိုပါတယ်🤝

love u guys.....💖

Address

No. 254 Bargayar Street
Yangon

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Than Lwin Oo တာယာရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share