18/09/2026
ကားမောင်းနေချိန် TCS (Traction Control System) မီး လင်းလာတယ်ဆိုရင်
ဘာကြောင့်ဖြစ်ရလဲ သိရအောင် ဆက်ဖတ်ကြည့်ပေးပါဦး ခင်ဗျာ 👇
ရွှံလမ်း ၊ ရေလမ်းတွေပေါ်မှာ ဘီးမချော်စေဖို့ ကူညီထိန်းချုပ်ပေးတဲ့TCS မီး လင်းတယ်ဆိုတာက…
🔻 အချို့ကားတွေမှာ အပိတ် ၊ အဖွင့်ပါတဲ့အတွက် မှားပိတ်မိထားတာ ဖြစ်နိုင်ပါတယ်။
🔻 လမ်းချော်နိုင်တဲ့ လမ်းမပေါ်မှာ မောင်းတဲ့အခါမှာလည်းTCS အလုပ်လုပ်နေကြောင်းပြတဲ့အနေနဲ့ မီးက ခဏလင်းနေနိုင်ပါတယ်။လမ်းကောင်းသွားရင် သူ့ဘာသာ ပြန်ပိတ်သွားမှာပါ။
🔻 ABS စနစ်နဲ့လည်း ချိတ်ထားတာဖြစ်လို့ ABS ပြဿနာရှိနေရင် TCS မီးလည်း လင်းတတ်ပါတယ်။
မီးလင်းလာပြီဆိုရင်…
📍 ခလုတ်ပိတ်ထား မထား စစ်ကြည့်ပါ။
📍 ဝိုင်ယာကြိုးတွေကို စစ်ဆေးပါ။
📍 ကားကို လမ်းညီတဲ့နေရာမှာ ရပ်ထားပြီး မီးလင်းတာက ခဏပဲ ဟုတ်မဟုတ် စစ်ဆေးကြည့်ပါ။
ဒါဆိုရင် TCS မီး ဘာကြောင့် လင်းနေရလဲဆိုတာကို နားလည်သွားမယ်လို့ ထင်ပါတယ် ခင်ဗျာ။
တကယ်လို့ TCS မီးက ခပ်ကြာကြာလင်းနေတယ်ဆိုရင် တိကျတဲ့အဖြေသိရအောင်ကျွမ်းကျင်ဆရာနဲ့ စစ်ဆေးပြင်ဆင်ဖို့အတွက် မိတ်ဆွေရဲ့ကားလေးကို
ကျွန်တော်တို့ ခိုင်ခန့်မှာ လာရောက်အပ်နှံနိုင်ပါတယ် ခင်ဗျာ 🚗
#ကားတိုင်းမှာ_ဆီစားသက်သာခွင့်ရှိပါတယ်
Khaing Khant Auto Service Center
☎️Hotline : 09-77 000 3658 , 09-77 000 3685
🕛Opening Hours : Daily : 8:30AM - 5:30PM
🏠Address : အမှတ်(၁၃/စီ)၊ ဗဟိုလမ်း၊ ၈ ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။