NICE Car Wash and Auto Detailing Service

NICE Car Wash and Auto Detailing Service Normal Car Wash
Premium Car Wash
Hand Wax
Premium Polish
Interior Detailing
Interior Disinfecting etc.

Standard Polish + Engine Bay Detailing ✨ကားပိုင်ရှင်အစ်ကိုကားလာယူတော့ "ကိုယ့်ကားကိုယ်တောင်မမှတ်မိတော့ဘူး" လို့ ပြောလို့ ...
08/06/2022

Standard Polish + Engine Bay Detailing ✨

ကားပိုင်ရှင်အစ်ကိုကားလာယူတော့ "ကိုယ့်ကားကိုယ်တောင်မမှတ်မိတော့ဘူး" လို့ ပြောလို့ NICE အဖွဲ့သားများကလည်း ပီတိဖြစ်ရပါတယ်။

🚘 Come in and enjoy shining your car at NICE.

⏱ Opening Hours - 8:30AM to 6:00PM

Vehicle Type - Toyota Innova Service - Premium Polish (Meguiar’s U.S.A)⏱ Opening Hours - 8:30AM to 6:00PM🚘 Come in and e...
07/06/2022

Vehicle Type - Toyota Innova
Service - Premium Polish (Meguiar’s U.S.A)

⏱ Opening Hours - 8:30AM to 6:00PM

🚘 Come in and enjoy shining your car at NICE.

ရောက်ရှိလာမယ့် မိုးရာသီမှာ သင့်ကားကိုဘယ်လိုထိန်းသိမ်းမလဲ?မိုးတွင်း မိုးရွာနေတာပဲ... ကားအတွက် ပိုလုပ်ဖို့ လိုအပ်လို့လား? ...
28/05/2022

ရောက်ရှိလာမယ့် မိုးရာသီမှာ သင့်ကားကိုဘယ်လိုထိန်းသိမ်းမလဲ?

မိုးတွင်း မိုးရွာနေတာပဲ... ကားအတွက် ပိုလုပ်ဖို့ လိုအပ်လို့လား?

ဟုတ်ကဲ့ လိုအပ်ပါတယ်။ ဘာကြောင့်လိုအပ်တယ်ဆိုတဲ့ အကြောင်းအရာလေးတွေကို ကားပိုင်ရှင်များအတွက် မျှဝေပေးပါရေစ။

ကားဆေးသားကို ထိခိုက်စေခြင်း - လေထုထဲက ဖုန်မှုန့်၊ အညစ်အကြေးတွေနဲ့အတူ အက်စစ်ဓာတ်ပါဝင်တဲ့ မိုးရေက ကားဆေးသားနဲ့ ထိတွေ့မိတဲ့အခါ သင့်ကားဆေးသားရဲ့ Clear Coat (လိုက်ကာ) ကို ထိခိုက်စေနိုင်သလို အချိန်ကြာလာတဲ့အမျှ အညစ်အကြေးများစွဲကပ်သွားခြင်း၊ ရေခြောက်ကွက်များဖြစ်ပေါ်လာခြင်း ကားဆေးသားအရောင်ကျလာခြင်းနှင့် အခြားဆိုးကျိုးများကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ ရာသီဥတုဒဏ်ခံနိုင်စေရန် ပုံမှန်ကားရေဆေး ဖယောင်းတင်ခြင်းပြုလုပ်နိုင်သလို ပိုမိုကောင်းမွန်သောကာကွယ်မှုများအတွက် Polish၊ Coating ပြုလုပ်ခြင်းများဖြင့်လည်းထိန်းသိမ်းနိုင်ပါသည်။

ကားအတွင်းခန်းတွင် မှိုစွဲခြင်းနှင့် အနံ့ဆိုးထွက်ခြင်း - မိုးသည်းထန်စွာရွာသွန်းချိန်တွေမှာ စိုစွတ်နေတဲ့ ဖိနပ်နဲ့ ကားအတွင်းခန်းကိုဝင်တဲ့အခါ ကားအောက်ကြမ်းခင်းကိုလည်း ညစ်ပတ်စေနိုင်သလို အစိုဓာတ်ကြောင့် မှိုစွဲခြင်းနှင့် အနံ့ဆိုးထွက်ခြင်းကိုလည်း အလွယ်တကူဖြစ်စေနိုင်ပါတယ်။ ထိုင်ခုံများစိုစွတ်နေပါက မှိုမစွဲစေရန် ပြန်လည်ခြောက်သွေ့စေခြင်း၊ နေရောင်ခြည်ရရှိချိန်မှာ ပြတင်းပေါက်များကို ခေတ္တဖွင့်ထားခြင်းနှင့် အနံ့ဆိုးများမကျန်စေရန် ပုံမှန် ဖုန်စုပ်သန့်ရှင်းနှင့် ကားအတွင်းခန်းပိုးသတ်ခြင်းများပြုလုပ်ပေးသင့်ပါတယ်။

Windshield and Wiper - မိုးရွာထဲမောင်းနှင်ချိန်မှာ အမြင်ပိုင်း ဆိုင်ရာ အားမနည်းစေဖို့အတွက် လေကာမှန်သန့်ရှင်းမှုနှင့် Wiper Blade ကောင်းမွန်ဖို့ကလည်း လိုအပ်ချက်တစ်ခုဖြစ်တာမို့ လိုအပ်ပါက Wiper Blade များလဲလှယ်ခြင်းနှင့် လေကာမှန်သန့်ရှင်းဖို့အတွက်လည်း Windshield Washer Fluid ဆေးရည်တစ်ခုခုကိုရွေးချယ်အသုံးပြုသင့်ပါတယ်။

အခြားအရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ Headlight, Tyres, Breaks, Suspension and Electrical အပိုင်းတွေကိုလည်း မေ့မထားသင့်တဲ့အတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပုံမှန် စစ်ဆေးမှုများပြုလုပ်သင့်ပါတယ်။

သင့်ကားရဲ့ အတွင်း၊ အပြင် သန့်ရှင်းတောက်ပြောင်မှုအပိုင်းအတွက် လိုအပ်လာခဲ့မယ်ဆိုရင်တော့ NICE Car Wash and Auto Detailing Service ကို သတိရလိုက်ပါ။

NICE က သင့်ကားအတွက် အထူးသီးသန့် ဆွေးနွေးမှုတွေ လုပ်ဆောင်ပြီး လိုအပ်ချက်တွေဖြည့်စည်းပေးဖို့ အသင့်ရှိနေပါပြီ။

🚘 Come in and enjoy shining your car at NICE.

For more information: 09 9530 565 66

သင့်ကားကို 𝐍𝐈𝐂𝐄 မှာ 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐃𝐞𝐭𝐚𝐢𝐥𝐢𝐧𝐠 တစ်ခါလောက်ပဲ လာလုပ်ကြည့်လိုက်ပါ။ အနှစ်နှစ် အလလက ဂျေးညော်နံ့တွေ၊ အညစ်အကြေးတွေနဲ့ ဖ...
24/05/2022

သင့်ကားကို 𝐍𝐈𝐂𝐄 မှာ 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐃𝐞𝐭𝐚𝐢𝐥𝐢𝐧𝐠 တစ်ခါလောက်ပဲ လာလုပ်ကြည့်လိုက်ပါ။

အနှစ်နှစ် အလလက ဂျေးညော်နံ့တွေ၊ အညစ်အကြေးတွေနဲ့ ဖုန်အထူထူလူးနေတဲ့ သင့်ကားရဲ့ အတွင်းခန်းကို မေ့လိုက်လို့ရပါပြီ။

ကားတံခါးလေးဖွင့်လိုက်တာနဲ့ သစ်လွင်တောက်ပြောင်နေတဲ့ ခံစားမှုရသကို အပြည့်အဝရရှိစေမှာပါ။

သစ်လွင် တောက်ပြောင်နေတဲ့ ကားအတွင်းခန်း၊လတ်ဆတ်တဲ့ အဲကွန်း လေအေးလေးနဲ့ဆိုတော့ ဘယ်နေရာသွားသွား စိတ်ရောကိုယ်ပါ တက်ကြွ လန်းဆန်းနေပြီပေါ့။

သင့်ကားအတွင်းခန်း တစ်ခုလုံးကို အသစ် တစ်ဖန်ပြန်လည် လင်းလက်ချင်ရင်တော့ စိတ်ချမ်းသာရမယ့် 𝐍𝐈𝐂𝐄 ရဲ့ 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐃𝐞𝐭𝐚𝐢𝐥𝐢𝐧𝐠 ဝန်ဆောင်မှုကို အခုပဲ ကြိုတင် ဘိုကင်ထားလိုက်ပါ။

𝐍𝐈𝐂𝐄 𝐂𝐚𝐫 𝐖𝐚𝐬𝐡 𝐚𝐧𝐝 𝐀𝐮𝐭𝐨 𝐃𝐞𝐭𝐚𝐢𝐥𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞
𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫𝐬 - 𝟖:𝟑𝟎𝐀𝐌 𝐭𝐨 𝟔:𝟎𝟎𝐏𝐌

Google Map https://goo.gl/maps/ApRRTaABmRAL9vPW8

တောင်ဥက္ကလာက မိတ်ဆွေတို့ရေ!ပိတ်ရက်တွေမှာပါ နားရက်မရှိ အစီးတော်ခံနေရတဲ့ သင့်ကားလေးက ပြောနေပါပြီ။ ကားအတွင်းပိုင်းရော၊ အပြင...
08/05/2022

တောင်ဥက္ကလာက မိတ်ဆွေတို့ရေ!

ပိတ်ရက်တွေမှာပါ နားရက်မရှိ အစီးတော်ခံနေရတဲ့ သင့်ကားလေးက ပြောနေပါပြီ။ ကားအတွင်းပိုင်းရော၊ အပြင်ပိုင်းပါ အသစ်တိုင်း လန်းသန့်ပြီး နေ့ရက်တိုင်းကို အမြင့်မားဆုံး စွမ်းဆောင်ရည်နဲ့ စိတ်ချမ်းသာမှု အပြည့်အဝပေးနိုင်ဖို့ NICE မှာ အပန်းဖြေချင်တယ်ဆိုပဲဗျာ...

ကဲ သင့်အဖိုးတန်ကားလေးရဲ့ ဆန္ဒကို စလယ်ဆုံး ဖြည့်ဆည်းပေးချင်ရင် NICE မှာ ကြိုတင်ဘိုကင် မလုပ်ခင်ဘယ်လို ဝန်ဆောင်မှုတွေရှိတယ်ဆိုတာပါ တစ်ခါထဲ ကြည့်သွားလိုက်ရအောင် ...

Our Services

✨Normal Car Wash
✨Premium Car Wash
✨Standard Polish
✨Premium Polish
✨Hand Wax
✨Interior Detailing
✨Engine Bay Detailing
✨Headlights Restoration
✨Water Spot Removal
✨Interior Disinfecting

*အရည်အသွေးမြင့် ပစ္စည်းတွေသာ အသုံးပြုပေးတာမို့
သင့်ရော သင့်ကားပါ သဘောကျစေမှာပါ*

🚘 Come in and enjoy shining your car at NICE.

NICE Car Wash and Auto Detailing Service

⏰Opening Hours 8:30AM to 6:00PM

Google Map https://goo.gl/maps/ApRRTaABmRAL9vPW8

သင့်ကားက နေ့ရက်တိုင်း တန်ဖိုးလျော့နေတယ်ဆိုတာ သတိထားမိရဲ့လား? အဲ့လိုမဖြစ်အောင် အနည်းဆုံး တစ်ပတ်တစ်ကြိမ်လောက်တော့ အတွင်း၊ ...
03/05/2022

သင့်ကားက နေ့ရက်တိုင်း တန်ဖိုးလျော့နေတယ်ဆိုတာ သတိထားမိရဲ့လား?

အဲ့လိုမဖြစ်အောင် အနည်းဆုံး တစ်ပတ်တစ်ကြိမ်လောက်တော့ အတွင်း၊ အပြင် သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။ တကယ်လို့ သင့်ရဲ့ နေ့စဥ်သုံးစီးတော်ယာဥ်ကို ဂရုစိုက်ပေးဖို့ မေ့လျော့နေတယ်ဆိုရင် ရေရှည်ရော၊ လက်ရှိမှာပါ ဘယ်လို တန်ဖိုးလျော့နိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်...

🔶 Safety and Comfort

ဘက်ကြည့်မှန်၊ ရှေ့မှန်နဲ့ နောက်မှန်ပေါ်က ရေခြောက်ကွက်တွေ၊ ဖုန်နဲ့ အညစ်အကြေးတွေ၊ ကားအတွင်းခန်းရှိ အနံ့ဆိုးတွေက သင်နဲ့ သင့်မိသားစု ခရီးစဥ်အတွက် ဘေးကင်းမှုနှင့် သက်တောင့်သက်သာရှိမှု တန်ဖိုးကို လျော့စေပါတယ်။

🔶 ရုပ်ထွက်အမြင် ကျဆင်း

ကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့အညစ်အကြေးတွေက ပိုကြာလာလေ Clear Coat (လိုက်ကာ) နှင့် Paint Layer (ကားဆေးသား) ကို ထိခိုက်စေနိုင်ပါတယ်။ ယာဥ်သက်တမ်းတိုတိုလေး အတွင်းမှာ အိုဟောင်းနေတဲ့ သင့်ကားကို သင် မြင်ချင်မှာ မဟုတ်ပါဘူး။

🔶 ယာဉ်တန်ဖိုး ကျဆင်း

အစွန်းအထင်းနဲ့ အခြစ်ရာတွေပါတဲ့ ကားကို သင်ကိုယ်တိုင်ရော ဝယ်ချင်ပါ့မလား? တစ်ချိန်မှာ လက်ရှိကားကိုပြန်ရောင်းဖို့စိတ်ကူးရှိရင် လနဲ့ချီအောင် ဂရုမစိုက်မှုတွေက စကားပြောပါလိမ့်မယ်။

သန့်ရှင်းတောက်ပြောင်ပြီး အတွင်းရော အပြင်ပါ လင်းလက် မွှေးပျံ့နေတဲ့ သင့်ကားကို မြင်ယောင်ကြည့်လိုက်ပါ။ သင့်ကိုပါ တန်ဖိုးတက်စေပါတယ်။ သင့်ကားရဲ့ တန်ဖိုးကို မြှင့်တင်ချင်လို့ပဲ ဖြစ်ဖြစ်၊ အကူအညီ လိုအပ်လို့ပဲ ဖြစ်ဖြစ် NICE ကို သတိရလိုက်ပါ မိတ်ဆွေ။

🚘 Come in and enjoy shining your car at NICE.

NICE Car Wash and Auto Detailing Service

🕰 Opening Hours - 8:30AM to 6:00PM

Google Map https://goo.gl/maps/ApRRTaABmRAL9vPW8

ညစ်နေတာတွေ လစ်သွားဖို့ NICE ကိုလှမ်းခဲ့လိုက်ပါ....🚘
18/04/2022

ညစ်နေတာတွေ လစ်သွားဖို့ NICE ကိုလှမ်းခဲ့လိုက်ပါ....🚘

Dear our valuable customers!We want to announce that we will close our services for Thingyan Holidays starting from 12.0...
11/04/2022

Dear our valuable customers!
We want to announce that we will close our services for Thingyan Holidays starting from 12.04.2022 to 17.04.2022.
Warm greetings on the occasion of Myanmar New Year to all our dearest customers. Wishing you greater success and joys in this upcoming year.

လေးစားအပ်ပါသော Customerများခင်ဗျာ 12.04.2022 မှစ၍ 17.04.2022 အထိ သင်္ကြန်အားလပ်ရက်များတွင် NICE Car Wash and Auto Detailing Service ​၏ ဝန်ဆောင်မှုများကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
Customer များအာလုံး မင်္ဂလာရှိသော နှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အစင်းရာများနှင့် ကားပေါလစ်......ကျနော်ဒီနေ့ ပြောပြပေးမယ့် အကြောင်းရာလေးကတော့ ကားတစီးမှာဖြစ်ပေါ်လာသောအစင်းရာများနှင့်အစင်...
08/04/2022

အစင်းရာများနှင့် ကားပေါလစ်......

ကျနော်ဒီနေ့ ပြောပြပေးမယ့် အကြောင်းရာလေးကတော့ ကားတစီးမှာဖြစ်ပေါ်လာသောအစင်းရာများနှင့်
အစင်းရာ အတိမ်/နက်အကြောင်းပါ..
အစင်းရာဘာကြောင့်ဖြစ်ပေါ်ပါသလဲ?
အစင်းရာဖြစ်ပေါ်လာသောအကြောင်းရင်းများစွာရှိပါ
တယ်..
၁။ ရေဆေး သည့် အခါ အဝတ်ကြောင့်ဖြစ်သောအစင်း
ရာ
၂။ ကားရပ်ထားစဉ် ခွေးများကြောင့်ဖြစ်သည့် အစင်းရာ
နှင့် ခွေးနည်းတူ ကားရပ်ထားစဉ် တမင်တကာလာ
ခြစ်သောအစင်းရာ
၃။ ဟိုင်းဝေးသွားစဉ် ကားအရှိန်ဟုန်ကြောင့် လေထုထဲ
တွင်ပါလာသောဖုန်သဲများကြောင့်ဖြစ်သောအစင်းရာ
၄။ ကားပေါလစ်တိုက်နေစဉ် နည်းစနစ်မမှန်သော
ကြောင့်ဖြစ်ပေါ်လာသောအစင်းရာ ဆိုပြီး ကျနော်သိ
သလောက်လေးမျိုးပြေပေးပါမယ်
ရေဆေးတဲ့အခါမှ ဆေးတဲ့အဝတ်မသန့်တဲ့အခါ အစင်း
ရာဖြစ်ပေါ်စေပါတယ် ဒါကြောင့်ရေဆေးတဲ့အခါအဝတ်
ကောင်းကောင်းသို့မဟုတ်ဖော့(Sponge)တခုရှိရမယ်
အပေါ်တခုအောက်တခုဖြင့်ရေဆေးနိင်ရင်အကောင်း
ဆုံးပေါ့ နောက်တခုကရေအခြောက်ပြန်သုတ်သည့်အ
ဝတ်ဟာလည်း Microfibre Cloth အကောင်းစား
Brand ဖြစ်ရင်ပိုကောင်းပါတယ်..ဒါဆိုအစင်းရာဖြစ်ဖို့
မလွယ်တော့ပါဘူး.ရေသုတ်ဝတ်ဟာလည်း ခြောက်
ပြီးမာနေလို့မရပါဘူး..ဒီလိုဖြစ်ပေါ်လာသောအစင်းရာ
ကိုတော့ Hologream လို့ခေါ်ပါတယ်..မီးရောင်အောက်တခုမှာကြည့်ရင် အကွင်းကွင်းတွေပင့်ကူအိမ်
လိူဖြစ်ပေါ်တာပါ
နောက်တခုက ကားရပ်ထားစဉ် လမ်းမမှာရပ်သည့်ကားများဟာ ခွေးများကုတ်ခြစ် ခြင်း လမ်းသွားလမ်း
လာများ၏ လက်များ ပစ္စည်းများဖြင့် ထိခိုက်မှု့ကြောင့်
ဖြစ်ပေါ်လာသောအစင်းရာများ..လိုက်ကာခေါ်
Clear coat ကို ထိခိုက်သောအခါ အားပါဝင်မှု့ကြောင့်
အစင်းရာဖြစ်ပေါ်သည့်အခါ သာမန်အစင်းရာထပ်ပို
နက်ပါတယ်..ဒါမျိုးအစင်းရာကြတော့ ဖျတ်ဖို့အတွက်
အပေါ်ယံအလွှာ ClearCoat ကိုစားချလိုက်မှသာ
ညှိလိုက်မှသာ အစင်းရာပျောက်ပါတယ် ဒီလိုညှိဖို့အ
တွက်ကလည်း ကျွမ်းကျင်ဖို့လိုပါတယ် မညီတဲ့အခါ
မညီတဲ့နေရာကစပြီး လိုက်ကာဟာခံနိင်ရည်အားလျော့နည်းပြီး လိုက်ကာပေါက်ခြင်း နေလောင်ဒဏ်လို
အကွက်ဖြစ်ခြင်းများဖြစ်ပေါ်စေပါတယ်..ဒါကြောင့်အ
စင်းရာပျောက်ခြင်ရင်တော့ ပေးဆပ်မှု့ကြီးပါတယ်
လိုက်ကာပါးသွားပါမယ်..
ဟိုင်းဝေး/ခရီးထွက်သည့်အခါ အရှိန်ပြင်းစွာမောင်းနှင်
ရတာကြောင့် လေထုထဲမှာ မိုးရေထဲမှာ ဖုန်/သဲနင့်မ
ကောင်းတဲ့အညစ်ကြေးများကြောင့်အရှိန်အဟုန်နှင့်လာ
ရိုက်ခက်သည့်အခါ ဖြစ်ပေါ်လာသော အဆင်းရာများ
သာမန်အလင်းရောင်မှာမမြင်ရပေမယ့် မီးရောင်အောက်မှာတော့အထင်းသားပေါ်လာပါတယ်..
ဒါမျိုးဖြစ်တာကိုတော့ Hologream / Swal သေးငယ်
ပြီးမှုန်ဝါးသွားသောအရာတခုပါ..ဟိုင်းဝေးထွက်သည့်
အခါပေါလစ်တိုက်ထားခြင်းကလည်း အထပ်ပါပြော
သည့်အကြောင်းရာ Hologream & Swal ဖြစ်ပေါ်မှု့
ကိုကာကွယ်စေပါတယ်..ပင်လယ်ထဲ ရေထဲမဆင်းခင်
နေလောက်ဒဏ်ခရင်မ် လိမ်းသလိုပေါ့..
ကားပေါလစ်တိုက်သည့် Pad မသန့်ရှင်းတဲ့အခါ နည်း
စနစ်မကျသည့်အခါမှာလည်း Pad ကြောင့် အစင်းရာ
ဖြစ်နိုင်သလို ဖိအား အရှိန် ကိုနားမလည်ရင်လည်း
Pad ရာဖြစ်ပေါ်စေပါတယ် ဒါကိုလည်းမီးရောင်အောက်မှာပဲသိနိုင်မှာပါ.ဒါကြောင့်နေ့စဉ် အသုံးပြုတဲ့
စက်မှာတပ်ထားသည့် အောက်ခံPad ကိုအသုံးပြုပြီး
တိုင်းဆေးကြောဖို့လိုအပ်ပါတယ်..အထဲမှာစုဝင်နေသောဆေးများကိုနှမြောပြီး ရေစွတ်ပြီးပြန်တိုက်သည့်အ
ခါမှာလည်း Hologream များပြန်လည်ဖြစ်ပေါ်စေပါတယ်..ဒါလည်းမီးရောင်အောက်/နေအလင်းရောင်အောက်မှာပဲသိနိင်ပါတယ်
ပေါလစ်တိုက်နေသော မသိသေးသောညီကိုများအတွက်
အစင်းရာဖျောက်တော့မည့်အခါ ပထမဆုံး Pad သန့်
ရှင်းနေဖို့လိုပါတယ်..ဆေးကိုမနှမြောပါနှင့် တိုက်သည့်
အခါလောမကြီးပဲ ဆေးအားမျက်နှာပြင်ကို ဧရိယာ
အများကြီးမဖြန့်ထားပါနှင့် တိုက်နေစဉ်ဆေးခြောက်
သွားသည့်အခါ ဖိတိုက်တာနှင့် အစင်းရာများဖြစ်ပေါ်
စေပါတယ် ဒါကြောင့် ၂ပေပတ်လည်ခန့် ကိုအရင်ဆေး
ဖြန့်၍ အပေါ်မှအောက် အောက်မှအပေါ်သို့ ဖြည်းညှင်
စွာစွဲပါ စက်အရှိန်သည်ဖိတိုက်မည်ဆိုပါက နံပါတ် ၄
ဖြင့်စက်အသံအနည်းငယ် ဝပ်သွားသည်အထိဖိအားသုံးတိုက်ပြီး အမြန်တိုက်မည်ဆိုပါက နံပါတ် ၅ဖြင့်တိုက်ပါဖိအားမလိုတော့ပဲစက် ဝိတ်ဖြင့်သာ တိုက်ပါဖြည်းညှင်းစွာ စွဲပြီးတိုက်တာကပိုမိုကောင်းမွန်
တာတွေ့ရပါတယ်..ဖိအားကိုအားရှိသလောက်မဖိပါ
နှင့် စက်အရှိန်များသည့်အခါ စက်၏လည်ပတ်နှုန်း
နှင့်ဖိအားအပူဒဏ်ကြောင့် လိုက်ကာပေါက်တတ်ပါ
သည် တိုက်နေစဉ် လက်ဖြင့် အပူချိန်စမ်းသပ်ခြင်းအား
ပြုလုပ်ပေးပါ..၂ပေပတ်လည်ပြောင်မှတနေရာမှတနေရာကူးပါ..ပြန်ဆေးမှာဖြစ်ပေါ်သောအစင်းရာကိုဖျောက်သည့်အခါသတိထားပါ ဆေးသားမာကြောမှု့ဟာ
အော်ရီဂျင်နယ်ဆေးလောက်မမာလို့ပါ..
ကျေးဇူးတင်ပါသည်။

NICE Car Wash and Auto Detailing Service (Gold Family)

Premium Wash လာရောက်ပြုလုပ်သွားတဲ့ အစ်ကို အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။Service - Premium Car Wash & Wax Vehicle Type -...
13/03/2022

Premium Wash လာရောက်ပြုလုပ်သွားတဲ့ အစ်ကို အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။

Service - Premium Car Wash & Wax
Vehicle Type - Honda Insight
Duration - 1 Hour

Premium Wash Service 👉 https://www.facebook.com/164878290885306/posts/857445428295252/

⏱ Opening Hours - 8:30AM to 6:00PM

🚘 Come in and enjoy shining your car at NICE

Google Map https://goo.gl/maps/ApRRTaABmRAL9vPW8

Address

No. 937, 7 Ward, Thitsar Road, South Okkalapa Township
Yangon
11091

Opening Hours

Monday 08:30 - 18:30
Tuesday 08:30 - 18:30
Wednesday 08:30 - 18:30
Thursday 08:30 - 18:30
Friday 08:30 - 18:30
Saturday 08:30 - 18:30
Sunday 08:30 - 18:30

Telephone

+959953056566

Website

Alerts

Be the first to know and let us send you an email when NICE Car Wash and Auto Detailing Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NICE Car Wash and Auto Detailing Service:

Share