Phyoe Thiha Zaw AUTO CAR CARE

Phyoe Thiha Zaw AUTO CAR CARE Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phyoe Thiha Zaw AUTO CAR CARE, Automotive repair centre, Kayan, Yangon.

အမေ့ခံ ဂီယာဘောက်အကြောင်းမိတ်ဆွေတို့ရဲ့ကားမှာ ပုံမှန်အားဖြင့် အင်ဂျင်ကိုသာ အဓိကထားပြီး စစ်ဆေးပြင်ဆင်တာများပါတယ်...အင်ဂျင်...
13/11/2023

အမေ့ခံ ဂီယာဘောက်အကြောင်း

မိတ်ဆွေတို့ရဲ့ကားမှာ ပုံမှန်အားဖြင့် အင်ဂျင်ကိုသာ အဓိကထားပြီး စစ်ဆေးပြင်ဆင်တာများပါတယ်...
အင်ဂျင်က ကောင်းနေပေမယ့် ဂီယာဘောက်က ကားတစ်စီးရွေ့လျားမှုမှာ အဓိကကျတဲ့ အခန်းကဏ္ဍ အနေနဲ့ပါဝင်နေတာကြောင့် ဂီယာဘောက်ကိုလဲ ပုံမှန်စစ်ဆေးပေးသင့်ပါတယ်...မိတ်ဆွေတို့ရဲ့ ကားမှာ ဂီယာဘောက်နဲ့ ပတ်သက်ပြီး အဆွဲအရုန်းမကောင်းပဲ လေးနေခဲ့မယ်ဆိုရင်တော့ အခုစာလေးကို အဆုံးထိဖတ်စေချင်ပါတယ်ခင်မျာ...

ဂီယာဘောက်ကို ဘယ်လိုထိန်းသိမ်းမလဲ
ပုံမှန်အတိုင်း ဂီယာဝိုင်လဲရင် Kilo 20,000 အသုံးခံပါတယ် ဒါပေမယ့် ဂီယာဘောက်အတွင်းက ဗားဘော်ဒီ(valve body) ဖြုတ်ဆေးပြီး အသုံးပြုမယ်ဆိုရင် Kilo 50,000 ကနေ 70,000 ထိအသုံးခံမှာဖြစ်ပါတယ်...

ဂီယာဝိုင် လိုတာထက် ပိုများနေရင်လဲ ကားအဆွဲအရုန်းလေးနေတတ်ပြီး ရှိသင့်တဲ့ ဆီlevel ထက် နည်းနေမယ်ဆိုရင်လဲ ဂီယာဘောက်ကို ထိခိုက်စေပါတယ်...

ဂီယာဘောက် ဗားဘော်ဒီကို ဘယ်လိုအခြေအနေမှာ ဆေးကြောသင့်သလဲ
- ဂီယာဘောက် အတွင်းမှ ငြီးသံထွက်ခြင်း
- အင်ဂျင်အေးနေတဲ့အချိန်မှာ ဂီယာဆောင့်ထွက်ခြင်း
- ဂီယာအချိန်း နောက်ကျခြင်း
- ဂီယာဘောက် ပူလာတဲ့အချိန်မှာ ဂီယာဝိုင်သတ်မှတ် ဆီpressure အောက်ကျဆင်းသွားခြင်း
- ရုတ်တရက် ကားကျော်တတ်တဲ့အချိန်တွေမှာ လီဗာနင်းသလောက် ကားမပါခြင်း
- ဗားဘော်ဒီ အတွင်းမှ Check Ball များတွင် အညစ်အကြေးမှာ ပိတ်ဆို့နေခြင်း

မိတ်ဆွေတို့ရဲ့ကားမှာ အပေါ်ကအချက်တွေကြုံတွေ့လာရပြီ ဆိုရင်တော့ ဂီယာဘောက်ကျွမ်းကျင်တဲ့
Mechanic ဆရာများနဲ့ စစ်ဆေးပြုပြင်သင့်ပါတယ်
09- 768772393

13/11/2023

ကားဘရိတ်စနစ်မှာ ဖြစ်တတ်တဲ့ ပြဿနာ (၁၀) ချက်

ယာဉ်မောင်းသူတွေအနေနဲ့ မိမိကားရဲ့ ဘရိတ်စနစ်မှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို သိရှိထားဖို လိုပါတယ်။

(၁)ဘရိတ်နင်းတဲ့အခါ တစ်ဖက်ဆွဲသွားတာ

ကားကို တစ်နာရီ ၂၀ မိုင်နှုန်း အထက် မောင်းနှင်ရင်း ရပ်တန့်ဖို့ ဘရိတ်နင်းလိုက်တဲ့အခါ ကားဘီးတွေက အခြား ဦးတည်ရာဘက်ကို ဆွဲသွားတာမျိုးပါ။ ဘရိတ်ရဲ့ သက်ရောက်မှုက ကားကို ဆန့်ကျင်ဘက် အရပ်ဆီ ဆွဲသွားစေတာ ဖြစ်တယ်။ အဲဒါက ဘရိတ်ရဲ့ ဟိုက်ဒရောလစ်စနစ်မှာ ပြဿနာရှိနေပြီဆိုတာ သတိပေးလိုက်တာပါ။

(၂)ဘရိတ်လိုင်းတွေရဲ့ ပြဿနာ

ရပ်တန့်နိုင်ဖို့အတွက် ဘရိတ်ကို ပြင်းပြင်းထန်ထန်ဖိနင်းနေရပြီဆိုရင် ဘရိတ်လိုင်း (brake lines)တွေ ပိတ်ဆို့နေတာ ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘရိတ်လိုင်းတွေကို စစ်ဆေးပြီး ပျက်စီးတာ၊ ကျိုး ပဲ့တာတွေကို ချက်ချင်းအသစ်လဲလှယ်ရပါမယ်။

(၃)ပါကင်ဘရိတ်ပြဿနာ

ပါကင်ဘရိတ်ကို လက်နဲ့ ဆွဲပေမဲ့ ယာဉ်က ရပ်တန့်မသွားဘဲ လိမ့်နေမယ်ဆို ရင် ပါကင်ဘရိတ်ချို့ယွင်းနေတာပါ။ ဘရိတ်စနစ်ရဲ့ ချိတ်ဆက်ထားတဲ့ကြိုး (cable) ပြတ်တောက်သွားတာ ဒါမှမဟုတ် ဒရမ်(drum)၊ ဒစ် (disk) ဘရိတ်စနစ်တွေက မှန်မှန်ကန်ကန် အလုပ်မလုပ်တာ ဖြစ်တယ်။

နောက်တစ်ချက်က မာစတာဆလင်ဒါ (master cylinder)
ဘရိတ်စနစ်နဲ့ ချိတ်ဆက်မှု အပိုင်းတွေမှာ ပြဿနာ ရှိနေတာပါ။ မာစတာ ဆလင်ဒါက ဘရိတ်စနစ် နဲ့ ဟိုက်ဒရောလစ် အရည်ဖိအား ကို ထောက်ပံ့ပေးပါတယ်။ ဘရိတ်ရှူး၊ ပက်ဒ် (pads)၊ ဒရမ်နဲ့ ရော့တာ (rotors) စတဲ့ အစိတ်အပိုင်းတွေကို မာစတာဆလင်ဒါနဲ့ စနစ်တစ်ခု အနေနဲ့ ချိတ်ဆက်လှုပ်ရှား စေပါတယ်။ ဘရိတ်စနစ်အတွင်းမှာ လည်ပတ်နေတဲ့ ဘရိတ်ဆီအနေအထားကိုလည်း စစ်ဆေးဖို့ လိုပါတယ်။ အထူးသဖြင့် မာစတာ ဆလင်ဒါရဲ့ ပတ်လည်ဧရိယာဝန်းကျင်မှာ ဘရိတ်ဆီယိုစိမ့်မှု ရှိမရှိ စစ်ဆေးရပါမယ်။ ယိုစိမ့်မှုတွေက ဘရိတ်ဆီ ထိန်းသိမ်းတဲ့ စနစ်ချွတ်ယွင်းတာ၊ ဆီလ် (seals) တွေ ပျက်စီးတာကြောင့်ပါ။ အဲဒါက မာစတာဆလင်ဒါရဲ့ ပံ့ပိုးပေးတဲ့ ဖိအားကို လျော့ကျစေတာကြောင့် ဘရိတ်စနစ်ကို အကျိုးရှိရှိ အသုံးမပြုနိုင်တာပါ။

(၄)ဘရိတ်ပက်ဒ်ပြဿနာ

ဘရိတ်နင်းလိုက်တဲ့အခါ တကျွီကျွီ မြည်သံကြားရရင်တော့ ကားရဲ့ ဘရိတ်ပက်ဒ် (brake pads) အသစ်လဲဖို့ လိုအပ်နေတာပါ။ ဘရိတ်နင်းတဲ့အခါ တုန်ခါတာ ကလည်း ဘရိတ်ပက်ဒ်ချို့ယွင်းလို့ပါပဲ။

(၅)ဘရိတ်အသုံးပြုတဲ့အခါ အသံမြည်တာ

မောင်းနှင်ရင်း ဘရိတ်ကို နင်းလိုက်တဲ့ အခါ ပုံမှန်အတိုင်း ရပ်တန့်တာမျိုး ရှိမရှိ ဂရုပြုစစ်ဆေးတာမျိုး ပြုလုပ်သင့်ပါတယ်။ အဲသည်အချိန်မှာ ဘရိတ်စနစ်တွေဆီက ပြင်းထန်တဲ့ တဂျစ်ဂျစ် မြည်သံ ဒါမှမဟုတ် တကျွီကျွီမြည်သံတွေ ကြားရရင်တော့ ဘရိတ်စနစ်မှာ ပြဿနာ ရှိနေပြီဆိုတာ ညွှန်ပြနေတာပါ။

(၆)ဘရိတ်ဆီ လျော့နည်းတာ

ဘရိတ်ကို ပုံမှန်ဖိနင်းလိုက်တဲ့ အခါ ပစ္စတင် (piston) ရဲ့ တွန်းအားနဲ့ ရော့တာ (rotor)ကို တစ်ဖန်ပုံမှန်လှုပ်ရှားနိုင်ဖို့ ဘရိတ်ဆီကို ပိုမိုဆွဲယူရပါတယ်။ ဘရိတ်ဆီ လိုအပ်တာထက် လျော့နည်းနေတာက ဘရိတ်စနစ်မှာ ပြဿနာ တစ်ခုပါပဲ။ ဘရိတ်ဆီက သတ်မှတ်တဲ့ ပမာဏပြည့်မီဖို့ လိုအပ်သလို သတ်မှတ်တဲ့ အရည်အသွေး ပြည့်ဝဖို့လည်း လိုအပ်တယ်။

(၇) Brake power boost unit ပြဿနာ

ကားရဲ့ brake power boost unit ချွတ်ယွင်းတာကလည်း ဘရိတ်ကို ပုံမှန်ထက် ပိုပြီး ဖိနင်းရပါတယ်။ ဒါကြောင့် ဘရိတ်ကို ပုံမှန်ထက်ဖိနင်းရတဲ့ ပြဿနာ က brake power boost unit ကို စစ်ဆေးဖို့လည်း လိုအပ်တယ်။

(၈) ဘရိတ်ဆီတွေ ညစ်ညမ်းလို
ဘရိတ်ကို ပုံမှန်ထက် ဖိနင်းနေရပြီဆို ရင် ဘရိတ်ဆီ ညစ်ညမ်းတာများလာတာ ကြောင့်လည်း ဖြစ်နိုင်တယ်။

(၉) Vacuum System ပြဿနာ

Vacuum System မှာ ပြဿနာ ရှိနေ ရင်လည်း ဘရိတ်စနစ်ချွတ်ယွင်းပါတယ်။ အဲဒါကြောင့် ရပ်တန့်တဲ့အခါ ဘရိတ်ကို ပြင်းပြင်းထန်ထန် ဖိနင်းရပါတယ်။

(၁၀) ကားရဲ့ ဘရိတ်ဒစ်ချွတ်ယွင်းတာ

ဘရိတ်ကို အသုံးပြုတဲ့အခါ တစ်ဖက် ဆွဲသွားတာ၊ တုန်ခါတာတွေက ဘရိတ်ဒစ် (brake discs) ချွတ်ယွင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒစ်ဘရိတ်တွေကို စစ်ဆေးပြီး တစ်ခုဖြစ်စေ၊ အားလုံးဖြစ်စေ ပျက်စီးမှုအလိုက် အသစ် လဲလှယ်ရပါမယ်။

ကဲဒီလောက်ဆို စစ်ဆေးတတ်မယ်ထင်ပါတယ်

13/11/2023
13/11/2023
13/11/2023
13/11/2023

Address

Kayan
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959768672393

Website

Alerts

Be the first to know and let us send you an email when Phyoe Thiha Zaw AUTO CAR CARE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share