MoeZac Auto Myanmar

MoeZac Auto Myanmar Welcome to the official page of Moezac Auto Myanmar.
(557)

Moezac Auto ကိုမြန်မာပြည်မှာ ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတကာမှ ကားမျိုးစုံကို တင်သွင်းရောင်းချပေးလျက်ရှိပါသည်။

၂၀၁၉ ခုနှစ်တွင် ဝယ်ယူတင်သွင်းတဲ့ လုပ်ငန်းများ ပိုမိုချောမွေ့လွယ်ကူစေရန် ကနေဒါနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ခဲ့ပါသည်။

ကားတင်သွင်းလိုသူများအတွက် ကားစစ်ဆေး၀ယ်ယူပေးခြင်း၊ သွင်းကုန်ပါမစ်လျှောက်ပေးခြင်း၊ ဆိပ်ကမ်းထုတ်ပေးခြင်း၊ ကညနလိုင်စင်ပြုပေးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို One St

op Service ဖြင့်အပြီးအစီး ၀န်ဆောင်မှုပေးလျှက်ရှိပါသည်။

ယုံကြည်စိတ်ချရခြင်း နှင့် ဈေးနှုန်းမှန်ကန်ခြင်းများသည် Customer များက Moezac Auto ကိုရွေးချယ်ကြသော အဓိကအချက်များဖြစ်ပါသည်။

Moezac Auto ကို မြန်မာနိုင်ငံ၏ မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်မြို့ကြီးများတွင် ဖွင့်လှစ်ထားပါသည်။

ကားဝယ်မယ်ဆို Moezac Auto

လျှပ်စစ်ကား ၆၅၀၀ ကျော် မြန်မာပြည် ရောက်ရှိ လျှပ်စစ်ကားများကို ၂၀၂၂ နှစ်ကုန်ပိုင်းမှ စတင်တင်သွင်းခွင့်ပြုခဲ့ပြီး ယခုအခါ လ...
08/01/2025

လျှပ်စစ်ကား ၆၅၀၀ ကျော် မြန်မာပြည် ရောက်ရှိ

လျှပ်စစ်ကားများကို ၂၀၂၂ နှစ်ကုန်ပိုင်းမှ စတင်တင်သွင်းခွင့်ပြုခဲ့ပြီး ယခုအခါ လျှပ်စစ်ကား တံဆိပ်ပေါင်း ၅၀ ကျော် ခန့်ကို ကုမ္ပဏီ ၈၀ ခန့် မှ တင်သွင်းရောင်းချလျက်ရှိပါသည်။

၂၀၂၃ ခုနှစ် - ၂၂၈၂ စီး
၂၀၂၄ ခုနှစ် - ၄၃၀၅ စီး
စုစုပေါင်း - ၆၅၈၇ စီး

ရောင်းအား အကောင်းဆုံးကားများ
Toyota - ၁၁၁၅ စီီး
BYD - ၇၉၆ စီး
MG - ၇၂၀ စီး

အားသွင်းရန် နေရာများ
DC (Fast Charging) - ၆၁ နေရာ
AC (Normal Charging) - ၁၁၃ နေရာ
စုစုပေါင်း Charging Points - ၁၇၄ နေရာ

Moezac Auto

မြန်မာပြည်သို့ EV ကား ရောက်ရှိစာရင်း EV များ စတင်ခွင့်ပြုပြီးအချိန်မှစလို့  ယခု December လအထိ မြန်မာနိုင်ငံကို ဝင်ထားတဲ့...
30/12/2024

မြန်မာပြည်သို့ EV ကား ရောက်ရှိစာရင်း

EV များ စတင်ခွင့်ပြုပြီးအချိန်မှစလို့ ယခု December လအထိ မြန်မာနိုင်ငံကို ဝင်ထားတဲ့ EV ကားစုစုပေါင်း 6430 စီးကို Brand အလိုက် ဖော်ပြပေးထားပါတယ်။

Moezac Auto

EV Charging Station များ အားသွင်းခ ပြောင်းလဲ သတ်မှတ််
15/10/2024

EV Charging Station များ အားသွင်းခ ပြောင်းလဲ သတ်မှတ််

ရေမြုပ်သွားတဲ့ EV ကို ပြင်ရင်ဈေးကြီးလား ဖြစ်စဉ်က စက်တင်ဘာ ၁၂ ရက်နေ့ခင်းလောက် တပ်ကုန်းမြို့နယ်မှာ  ပတ်ပတ်လည် ရေတွေ တက်လာပ...
21/09/2024

ရေမြုပ်သွားတဲ့ EV ကို ပြင်ရင်ဈေးကြီးလား

ဖြစ်စဉ်က စက်တင်ဘာ ၁၂ ရက်နေ့ခင်းလောက် တပ်ကုန်းမြို့နယ်မှာ ပတ်ပတ်လည် ရေတွေ တက်လာပြီး ကားကို ဘယ်ကိုမှ ရွေ့လို့ မရတော့တဲ့အတွက် ရေထဲမှာ ရပ်ထားခဲ့ပြီး ယာဉ်မောင်းက နီးစပ်ရာ တိုက်အမြင့်တစ်နေရာမှာ သွားရောက် အနားယူပြီး ကယ်ဆယ်ရေးတွေလာတာ စောင့်နေခဲ့ပါတယ်။

ကားကတော့ ရေထဲမှာ တစ်ဝက်လောက် မြုပ်နေခဲ့ပြီး ရေထဲ တစ်နေ့ တစ်ညလုံးထားခဲ့ရပါတယ်။ ရေအနည်းငယ်ပြန်ကျတဲ့ နောက်ရက်မှ ကားသယ်တဲ့ကားနဲ့ သွားသယ်ယူခဲ့ပါတယ်။

ကုမ္ပဏီကို ပြန်ရောက်တဲ့အချိန် ကားကို တစ်စစီဖြုတ်ပြီး ဆေးကြောသန့်စင်ခြင်းနဲ့ အခြောက်ခံဖို့ လုပ်ဆောင်ခဲ့ပါတယ်။

အရေးကြီးတဲ့ လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းတွေကို ဖြုတ်ပြီး ရန်ကုန်မှ service center ကို ပို့ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။

Service center ရဲ့ စစ်ဆေးမှုများအရ လျှပ်စစ်နဲ့ဆိုင်ရာ ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာမရှိခဲ့တဲ့အတွက် ကားမှာ ပြန်လည်တပ်ဆင် စမ်းသပ်မှုများကို စက်တင်ဘာ ၂၀ ရက်နေ့မှာ လုပ်ဆောင်ခဲ့ပါတယ်။

ကားမှာ စမ်းသပ်ကြည့်တဲ့ ရလဒ်အရ အရာအားလုံး ပုံမှန်အတိုင်း အလုပ်လုပ်ဆောင်နေတာကို စစ်ဆေးသိရှိခဲ့ရပါတယ်။

အခုလို မြန်မာနိုင်ငံမှာ ရေနစ်မြုပ်သွားတဲ့ EV ကားတစ်စီးအတွက် ပြင်ဆင် ကုန်ကျစရိတ် များနိုင်မယ် ခန့်မှန်းခဲ့ပေမယ့် ဆေးကြောသန့်စင်ပြီး အခြောက်ခံရုံဖြင့် ပြန်လည်ကောင်းမွန်နေတာကို ကိုယ်တိုင်ကြုံခဲ့ရပါပြီ။

မှတ်ချက်။ ကားရေမြုပ်တဲ့အခါ ကားခေါင်မိုးထိ မြုပ်ခဲ့ရင်တော့ ပြင်စင်စရိတ် ကွာခြားနိုင်ပါတယ်

ဆောင်ရန်ရှောင်ရန်

၁။ EV ကားရေမြုပ်သွားတဲ့အခါ အရင်ဆုံး လူများကို အန္တရာယ်ကင်းတဲ့ နေရာ သွားရောက်ရပါမည်။

၂။ သက်ဆိုင်ရာ Service Center ကို ချက်ခြင်းဆက်သွယ်ပြီး ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါ။

၃။ မိမိသဘောဖြင့် ကားစက်နိုးခြင်း နေရာရွေ့ပြောင်းခြင်းများကို မပြုလုပ်ရန် အထူးသတိထားရန် လိုပါသည်။

ရေမြုပ်ထားတဲ့ Taxi ကို ခေါ်စီးချင်သူများအတွက်
EVNET Taxi
Hotline 1 - 09 775 805 646
Hotline 2 - 09 775 806 236

EV ကားရေမြုပ်သွားပြီ နေပြည်တော်မှာ ရေကြီးလို့ EV ကားတစ်စီး ရေမြုပ်သွားပါတယ် ပြင်ဆင်စရိတ် ဘယ်လောက်ရှိမလဲဆိုတာ စိတ်ဝင်စားတ...
14/09/2024

EV ကားရေမြုပ်သွားပြီ

နေပြည်တော်မှာ ရေကြီးလို့ EV ကားတစ်စီး ရေမြုပ်သွားပါတယ်

ပြင်ဆင်စရိတ် ဘယ်လောက်ရှိမလဲဆိုတာ စိတ်ဝင်စားတဲ့သူတွေအတွက် ဆက်လက် တင်ပြပေးပါမယ်။

မှတ်ချက်။ ဆီကားရော ev ကားရော ဘယ်ကားမဆို လမ်းပေါ်မောင်းဖို့ ရည်ရွယ်ချက်နဲ့ ထုတ်ထားတာဖြစ်လို့ ရေမြုပ်သွားရင် ပျက်စီးမှု အနည်းအများ ရှိမှာ သေချာပါတယ်။

“Breaking News” စက်တင်ဘာ ၁ ရက်နေ့မှာ မီတာခများ ပြောင်းလဲမှာဖြစ်လို့ EV Charging ခ များ အပြောင်းအလဲ ရှိနိုင်ပါတယ်။
30/08/2024

“Breaking News”

စက်တင်ဘာ ၁ ရက်နေ့မှာ မီတာခများ ပြောင်းလဲမှာဖြစ်လို့ EV Charging ခ များ အပြောင်းအလဲ ရှိနိုင်ပါတယ်။

EVNET မှာ ကားဘက်မှန် လေဆာ အခမဲ့ ထိုးနိုင်ပြီကားဘက်မှန် ပျောက်မှာ စိုးရိမ်ကြတဲ့ လူကြီးမင်းတို့ရဲ့ ကားဘက်မှန်များကို ဖြုတ်...
26/07/2024

EVNET မှာ ကားဘက်မှန် လေဆာ အခမဲ့ ထိုးနိုင်ပြီ

ကားဘက်မှန် ပျောက်မှာ စိုးရိမ်ကြတဲ့ လူကြီးမင်းတို့ရဲ့ ကားဘက်မှန်များကို ဖြုတ်တပ်စရာမလိုပဲ အချိန် (၁)မိနစ်ပေးရုံဖြင့် ဘက်မှန်ပေါ်မှာ ကားနံပါတ်လေဆာထိုးခြင်းကို အခမဲ့ ဝန်ဆောင်မှုပေးနေပါတယ်။

လျှပ်စစ်ကားတိုင်းအတွက် EVNET
09 887 778 897

အမှတ်(၂၅)၊ အောက်ကြည့်မြင်တိုင်လမ်း၊
ကြည့်မြင်တိုင်၊ ရန်ကုန်
(ရွှေပလ္လင်ဆိုင် ဝန်းထဲ)

09/07/2024

၂၀၂၄ ဇွန်လကုန်ထိ
မြန်မာရောက်ပြီး EV ကား ၄၇၅၅ စီးရှိပြီး
Toyota ၁၀၁၈ စီး ပါဝင်သည်

မြန်မာပြည်သို့ EV ကား ရောက်ရှိစာရင်း ၂၀၂၄ မေလ တစ်လထဲမှာ EV ၄၈၁ စီး ဆိပ်ကမ်းမှ ထုတ်ပေးခဲ့ပြီး EV တင်သွင်းတာ အများဆုံး လ အ...
03/06/2024

မြန်မာပြည်သို့ EV ကား ရောက်ရှိစာရင်း

၂၀၂၄ မေလ တစ်လထဲမှာ EV ၄၈၁ စီး ဆိပ်ကမ်းမှ ထုတ်ပေးခဲ့ပြီး EV တင်သွင်းတာ အများဆုံး လ အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

၂၀၂၄ မေလ ကုန်အထိ မြန်မာနိုင်ငံမှာ EV Pilot Project နဲ့ တင်သွင်းခဲ့တဲ့ EV ကားစုစုပေါင်း ၄၃၁၇ စီး ရှိနေပါပြီ။

အများဆုံးကားများ
1. TOYOTA - 961 units
2. BYD - 671 units
3. MG - 542 units

Moezac Auto

16/05/2024

Page ကျသွားတာ အခုပြန်ရပါပြီ

ကားနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများ ဆက်လက် တင်ဆက်သွားပါမယ်။

ဆီကားတွေထက် ရိုးရှင်းတဲ့ လျှပ်စစ်ကား လျှပ်စစ်ကားဆိုတာနဲ့ လူအများစုက အထူးအဆန်းကြီးထင်နေကြပါတယ်။ တကယ်တမ်း လျှပ်စစ်ကားဆိုတာ...
16/05/2024

ဆီကားတွေထက် ရိုးရှင်းတဲ့ လျှပ်စစ်ကား

လျှပ်စစ်ကားဆိုတာနဲ့ လူအများစုက အထူးအဆန်းကြီးထင်နေကြပါတယ်။ တကယ်တမ်း လျှပ်စစ်ကားဆိုတာ ပုံမှန် ဆီကားတွေ နဲ့ ကွာခြားမှု ကြီးကြီးမားမားမရှိပါဘူး။

ကွဲပြားမှုများ
၁။ အစိတ်အပိုင်းများစွာပါဝင်တဲ့ အင်ဂျင်၊ ဂီယာ နဲ့ အိပ်ဇောစနစ်တွေ အစား ရိုးရှင်းတဲ့မော်တာကို အသုံးပြုထားပါတယ်။
၂။ ဆီတိုင်ကီအစား ဘက်ထရီကို အသုံပြုထားပါတယ်။

တူညီမှုများ
၁။ မော်တာနဲ့ဘက်ထရီအတွက် အအေးခံစနစ်ကို ဆီအင်ဂျင်ကားတွေမှာပါတဲ့ အအေးခံစနစ်အတိုင်း liquid cooling အသုံးပြုထားပါတယ်။
၂။ ကား ကွန်ပြူတာအပါ အခြားလျှပ်စစ်ပိုင်းဆိုင်ရာများကို 12V ဘက်ထရီနဲ့ အလုပ်လုပ်ပါတယ်။
၃။ အဲယားကွန်းကို မော်တာ ကွန်ပရက်စာ နဲ့ လည်ပတ်စေပါတယ်။
၄။ Suspension စနစ်တွေက ဆီကားနဲ့ တူတူပါပဲ။
၅။ ဘရိတ်စနစ် စနစ်တွေက ဆီကားတဲ့ ဆင်တူပါတယ်။

အားသွင်းပုံ
မြန်မာပြည်မှာ အများဆုံးသုံးနေတာ (၃ ယူနစ်စက်) ၊ (၇ ယူနစ်စက်) နဲ့ (၆၀ ယူနစ်စက်) ၃ မျိုးသာရှိပါတယ်။ မှတ်ချက် - level 1, 2, 3 ဆိုတာ အမေရိကန်ရဲ့ 110V စနစ်ကိုအခြေခံပြီးပြောတာဖြစ်လို့ 220V စနစ်သုံးတဲ့ မြန်မာနိုင်ငံအတွက် အသုံးမတည့်ပါဘူး။ အားသွင်းစက်တွေအကြောင်းပြောရင် ယူနစ်ကို အခြေခံပြီး ပြောမှ တိကျမှန်ကန်မှုရှိပါမယ်။

၁။ (၃ ယူနစ်စက်) အလွယ်တကူသယ်ယူလို့ရတဲ့အားသွင်းစက်တွေထဲမှာ 3KW AC Charger တွေများပါတယ်။ NETA V ရဲ့ ၄၀ ယူနစ်ဘက်ထရီကို (၃ ယူနစ်စက်) နဲ့ အားသွင်းရင် ၁ နာရီကို ၃ ယူနစ် အားဝင်လို့ အားပြည့်ဖို့ ၁၃ နာရီ ခန့် ကြာပါမယ်။ တစ်နည်းအားဖြင့် ၁ ယူနစ်အားဝင်ဖို့ ၂၀ မိနစ်ခန့်ကြာပါမယ်။

၂။ (၇ ယူနစ်စက်) အိမ်မှာအထိုင်တပ်သုံးရတဲ့အားသွင်းစက်တွေထဲမှာ 7KW AC Charger တွေကို အများဆုံးသုံးထား ပါတယ်။ မြန်မာနိုင်ငံရောက်နေတဲ့ လျှပ်စစ်ကားအများစုက 7KW AC ထိပဲလက်ခံနိုင်ပြီး MG နဲ့ KIA ကားတွေမှာ 11KW AC လက်ခံနိုင်တာတွေရှိပါတယ်။ NETA V ရဲ့ ၄၀ ယူနစ်ဘက်ထရီကို (၇ ယူနစ်စက်) နဲ့ အားသွင်းရင် ၁ နာရီကို ၇ ယူနစ် အားဝင်လို့ အားပြည့်ဖို့ ၆ နာရီ ခန့် ကြာပါမယ်။ တစ်နည်းအားဖြင့် ၁ ယူနစ်အား ဝင်ဖို့ ၉ မိနစ်ခန့် ကြာပါမယ်။

(၇ ယူနစ်စက်) တွေက အသုံးအများဆုံးဖြစ်နေတဲ့အချက်တွေက အိမ်မှာ အလွယ်တကူတပ်ထားလို့ရတဲ့အပြင် ကားကို ၁ နာရီကြာအားသွင်းပြီး ၁ နာရီ မောင်းလို့ရတဲ့အတွက် အံကိုက်ဖြစ်နေလို့ ဖြစ်ပါတယ်။

၃။ (၆၀ ယူနစ်စက်) Charging Stations အားသွင်းဆိုင်မှာတပ်ထားတဲ့ အားသွင်းစက်တွေမှာ 60KW DC Charger တွေ အသုံးများပါတယ်။ (၁၈၀ ယူနစ်စက်) တွေလည်း ရန်ကုန်-မန္တလေး Highway နေရာတစ်ချို့မှာ တပ်ထားပါပြီ။ နိုင်ငံခြားမှာ (၃၅၀ ယူနစ်စက်) တွေထိပါ အသုံးပြုနေကြပါပြီ။ NETA V ရဲ့ ၄၀ ယူနစ်ဘက်ထရီကို (၆၀ ယူနစ်စက်) နဲ့ အားသွင်းရင် ၁ နာရီကို ၆၀ ယူနစ် အားဝင်လို့ အားပြည့်ဖို့ ၄၀ မိနစ် ခန့် ကြာပါမယ်။ တစ်နည်းအားဖြင့် ၁ ယူနစ်အား ဝင်ဖို့ ၁ မိနစ်ခန့် ကြာပါမယ်။

(၆၀ ယူနစ်စက်) DC Charger တွေနဲ့ အားသွင်းတဲ့အခါ သတိထားရမယ့် အချက်က အား ၈၀% ကျော်ဝင်ပြီးရင် အားသွင်းမှုနှုန်းက လျှော့ကျသွားပါတယ်။ ဆီကားများနည်းတူ ဆီတိုင်ကီထဲဆီပြည့်ခါနီး အရှိန်မလျော့ပဲ ဆက်ထည့်ရင် လျှံကျနိုင်သလို ဘက်ထရီလည်း အားပြည့်ခါနီး အားအပြည့်နဲ့ဆက်သွင်းရင် ဘက်ထရီပျက်စီး နိုင်တဲ့အတွက် အလိုအလျှောက်ဓာတ်အားထိန်း စနစ်တွေက အားဝင်မှုကို လျှော့ချပေးထားပါတယ်။

နောက်ထပ်သတိထားရမှာက ကားကြော်ငြာတွေမှာ 0-80% ကို ၃၀ မိနစ် အားသွင်းနိုင်တယ်ဆိုတာ လွဲချော်မှုများစွာရှိနိုင်ပါတယ်။ ကြော်ငြာတဲ့ထဲမှာ အားသွင်းစက်က (၆၀ ယူနစ်စက်) လား (၁၈၀ ယူနစ်စက်) လားဆိုတာ ဖော်ပြထားခြင်းမရှိပါပဲ ကြော်ငြာထားတဲ့ကားက အများဆုံးလက်ခံနိုင်တဲ့ ယူနစ်နဲ့တွက်ပေးထားလို့ပါ။ ဒါကြောင့် မြန်မာပြည်မှာ အများဆုံးသုံးနေတဲ့ (၆၀ ယူနစ်စက်) နဲ့အားသွင်းရင် ၁ ယူနစ်အားဝင်ဖို့ ၁ မိနစ်သာ ကြာမှာဖြစ်လို့ ဘက်ထရီရဲ့ယူနစ် ပေါ်မူတည်ပြီး အချိန်တွက်ချက်မှ ပိုမိုတိကျတဲ့ အဖြေရနိုင်ပါမယ်။

လျှပ်စစ်စားနှုန်းနှင့် ကုန်ကျစရိတ်
ဆီကားမှာ ကားကြီးရင် အင်ဂျင်ကြီးပြီး ဆီပိုစားလို့ ဆီတိုင်ကီပိုကြီးတာတပ်ထားသလို လျှပ်စစ်ကားမှာလည်း ကားကြီးရင် မော်တာပိုကြီးပြီး ဘက်ထရီပိုကြီးတာ ထည့်ပေးထားပါတယ်။ ဆီကားအတွက် ဆီ ၁ လီတာ ကို ၁၀ ကီလိုမီတာ သွားနိုင်ရင် အရွယ်အစားတူ လျှပ်စစ်ကားက လျှပ်စစ်မီး ၁ ယူနစ်ကို ၁၀ ကီလိုမီတာ သွားနိုင်ပါတယ်။
ဥပမာ -
Suzuki Ciaz (ဓာတ်ဆီ ၄၀ လီတာ) 400km ခရီးကုန်ကျစရိတ် - ၁၂၀,၀၀၀ ကျပ်
NETA V (ဘက်ထရီ ၄၀ ယူနစ်) 400km ခရီးကုန်ကျစရိတ် - ၄,၈၀၀ ကျပ်

Credit: EV NET

နယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်လျှက်ရှိကြတဲ့ လုပ်သားများအားလုံးကို Moe Zac မှ အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့တွင်  ဂုဏ်...
01/05/2024

နယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်လျှက်ရှိကြတဲ့ လုပ်သားများအားလုံးကို Moe Zac မှ အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့တွင် ဂုဏ်ပြုလိုက်ရပါတယ်။

Address

13
Yangon
11181

Telephone

+959799996699

Website

Alerts

Be the first to know and let us send you an email when MoeZac Auto Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MoeZac Auto Myanmar:

Share