ဥရောပကား အကြောင်းသိကောင်းစရာ

  • Home
  • Myanmar
  • Yangon
  • ဥရောပကား အကြောင်းသိကောင်းစရာ

ဥရောပကား အကြောင်းသိကောင်းစရာ ဥရောပကား များအကြောင်း ၊ ကားဈေးနှုန်?

ခွါညိုထူး မှ ပြန်လည်ရှင်းလင်းခြင်းသည် အမှန်တရား မျက်ကွယ် ပြုခြင်းဖြစ်ပါ၍ ပြန်လည်ရုပ်သိမ်းသွားမည်မဟုတ်ပါကြောင်း သိစေအပ်ပါ...
06/06/2024

ခွါညိုထူး မှ ပြန်လည်ရှင်းလင်းခြင်းသည် အမှန်တရား မျက်ကွယ် ပြုခြင်းဖြစ်ပါ၍ ပြန်လည်ရုပ်သိမ်းသွားမည်မဟုတ်ပါကြောင်း သိစေအပ်ပါသည်။

ရိုးသားစွာဖြင့် ပစ္စည်းသွားယူသည့်အချိန်တွင် မေ့ကျန်ခဲ့သော ပစ္စည်းဖြစ်သည်ဟု လက်မှတ် ထိုး၍လာယူနိုင်ကြောင်း ပြောကြားမှုမှာ အမှန်တရားကိုမျက်ကွယ်ပြုနေပါသဖြင့် ပြန်လညိရုတ်သိမ်းပါရန်

ရိုးသားစွာ အမှန်တရားဖြင့် ရင်ဆိုင်ဖြေရှင်းပေးပါရန် သိစေအပ်ပါတယ်

အဆိုပါဖြစ်စဉ်အတွက် ဥပဒေကြောင်းအရ ရင်ဆို
င်သွားမှာဖြစ်ပါတယ်

ဆေးကျောင်းသား ဘဝက စာမေးပွဲလို ဆရာဝန်အသင်းအလုပ်ထဲက စာမေးပွဲ အကြိမ်ကြိမ် အစစ်ခံရ သလိုပဲ အခု၂၀၂၄ စာမေးပွဲလည်း ကျော်လွှားချင်ပါတယ်

မိတ်ဆွေများမှလည်း ဤကြေငြာချက်မှာ ရည်ရွယ်ချက်ရှိရှိ မှားယွင်းစွာကြေငြာထားခြင်း ဖြစ်ကြောင်းအား မိမိမှ ၁၀၀% ဥပဒေကြောင်းအရလည်း အာမခံသဖြင့် မျှဝေခြင်းဖြင့် အမှန်တရား ရနိုင်စေရန် အကူအညီတောင်းခံအပ်ပါတယ် ခင်ဗျာ

မိမိပိုင် ရွှေ(40)ကျပ်သား(၁၀ကျပ်သား ၄တုံး) မှာ ၂၀၂၄ ခုနှစ် မေလ(၈)ရက် နေ့ ရွှေသွားယူပြီး အတူပါလာသူအား၄င်းအိမ်သို့လိုက်ပို...
29/05/2024

မိမိပိုင် ရွှေ(40)ကျပ်သား(၁၀ကျပ်သား ၄တုံး) မှာ ၂၀၂၄ ခုနှစ် မေလ(၈)ရက် နေ့ ရွှေသွားယူပြီး အတူပါလာသူအား၄င်းအိမ်သို့လိုက်ပို့ပြီးအပြန် ရုံးရှေ့အရောက် ကားပေါ်တွင် အဆိုပါရွှေမှာ ပျောက်ဆုံးသွားခဲ့ပါသည်

သို့ဖြစ်ပါ၍ ရွှေလုပ်ငန်းရှင်များ ပန်းတိမ်လုပ်ငန်းရှင်များ နှင့် မိတ်ဆွေများ အား မေလ (၈) ရက်နေ့ နှင့် နောက်ပိုင်းတွင် မသင်္ကာဖွယ်ရာ ‌‌ရွှေ (၁၀) ကျပ်သားတုံးများ ‌လာရောက်ရောင်းချပါက ဆက်သွယ်ဆောင်ရွက် ပေးပါရန် အနူးအညွှတ် ပန်ကြားအပ်ပါသည်။ ဖုန်းနံပါတ် 095157993

အဆိုပါရွှေနှင့် ပတ်သက်၍ လုံးဝမဆုံးရှုံးစေရန် ဤစာနှင့်တကွအလုံးစုံ တာဝန်ယူပါသည်။

ယခုဖြစ်စဥ်အကျဥ်းလေးကိုလည်း နားလည်ရလွယ်ကူစေရန် စာနှင့် ကော ပုံနှင့်ပါ ရှင်းလင်းထားပ

မိတ်ဆွေ သူငယ်ချင်းများအားလည်း ကူညီသောအားဖြင့် မျှ‌ဝေပေးစေလိုပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်။

သက်ဆိုင်ရာရဲစခန်းတွင် တိုင်ကြားထားပြီး ရုံးလုပ်ငန်းသဘောတရားအရ ကြာမြင့်နေ၍ မိမိပစ္စည်းပြန်တွေ့လိုတဲ့မျှော်လင့်ချက်နဲ့ ယခုလို တင်ပြ အကူအညီ တောင်းခံရခြင်းဖြစ်ပါတယ်

Khwar Nyo Htoo သိစေရန် ရွှေ၄၀ကျပ်သားပျောက်ဆုံးမူအတွက် တရားစွဲဆိုသွားပါမည်
26/05/2024

Khwar Nyo Htoo သိစေရန်
ရွှေ၄၀ကျပ်သားပျောက်ဆုံးမူအတွက် တရားစွဲဆိုသွားပါမည်

03/03/2022

Operation steps of performing G sensor calibration / Steering angle calibration.

မြင်းကောင်ရေ 👀
12/06/2021

မြင်းကောင်ရေ 👀

မြန်မာ့ကား လောက အကြောင်းတစေ့ တစောင်းယခုမြန်မာ့ ကားလောကမှာဆိုရင် ရန်ကုန်လိုင်စင် ပိတ်ထားတာတွေ၊ ညာမောင်းသွင်းတာတွေ ပိတ်ထား...
10/02/2018

မြန်မာ့ကား လောက အကြောင်းတစေ့ တစောင်း

ယခုမြန်မာ့ ကားလောကမှာဆိုရင် ရန်ကုန်လိုင်စင် ပိတ်ထားတာတွေ၊ ညာမောင်းသွင်းတာတွေ ပိတ်ထားတာ၊ ကားဟောင်းစလစ်ကပ် ယာဉ်တင်သွင်း စနစ်တစ်စတစ်စ နည်းပါးလာတာတွေ တွေ့ ရမှာပါ။

နိုင်ငံ အတွင်း ကားပစ္စည်းများတပ်ဆင် ထုတ်လုပ်ပြီး ရောင်းချတဲ့ (SKD,CKD) ကားလေးတွေဖြစ်တဲ့ အခြေခံသုံး ကားလေးတွေ မြန်မာပြည် အနှံစတင်အသုံးပြုလာတာ၊ အာမခံချက် ပေးတဲ့ luxury Brand showroom တွေက ကားတွေ ကိုပိုမို အသုံးပြုလာတာကို တွေ့ ရပါတယ်။
ကားပြင် ဆိုင် အသေးလေးတွေ နည်းပါးလာပြီး ၊ service ပို ကောင်းလာတဲ့ ကားပြင်ဆိုင်တွေ ရှိလာပါတယ်။ အဆိုပါ ကားပြင် ဆိုင်ကြီးတွေ က တစ်ဆိုင်နဲ့ တစ်ဆိုင် service ပို ကောင်းလာပြီး ဈေးနှုန်းကို လျော့ချ လာတာ တွေ တွေ့ရပါတယ်။

ဒါပေမယ့် ကားအပို ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံ လေးတွေတော့ ယခုထိ သတင်းတွေထဲမှာ မတွေ့ မိဘူးဖြစ်နေ ပါတယ်။

မြန်မာ့ကားလောကကို ပထမ ပြုပြင်ပြောင်းလဲရေးကာလ ၂၀၁၅ မတိုင်ခင် ကာလနဲ့ ၂၀၁၅ခုနှစ် နောက်ပိုင်း ဒုတိယ ပြုပြင် ပြောင်းလဲရေးကာလ ဆိုပြီးတော့ ၂ ပိုင်းခွဲ ပြီး လေ့လာချင်မိပါတယ်။

ပထမ ပြုပြင်ပြောင်းလဲ ရေး ကာလမှာတော့ အားလုံးသော သူများက တက်ကြွစွာပါဝင် ခဲ့ကျပြီး အားလုံး ခြုံ ကြည့် ရင်တော့ အပေါင်းလက္ခဏာ ဆောင်ခဲ့ ပါတယ် ။ အဓိကတော့ လက်ထဲမှာရှိတဲ့ သက်တမ်းရင့် နှစ် ၂၀ အထက် ကားများတန်ဖိုး မဆုံးရှုံးပဲနဲ့ ဂျပန်ကျ နှစ် (၂၀) အောက် ကားများကို စီးနှင်း ခွင့် ရရေး ကို ဦးစားပေးဆောင်ရွက် ခဲ့တယ် လို့ သုံးသပ်မိပါတယ်။
ရေရှည် အနေနဲ့  ၂၀၁၈ မှာ လမ်းစနစ်နဲ့ ကိုက်ညီးတဲ့ဘယ်မောင်းကားများတင်သွင်းရေး ၊ ၅ နှစ်အတွင်း အသုံးပြုပြီး ကားများတင်သွင်း ရေး၊ မူဝါဒ ကို ပထမ အပြောင်းအလဲ ကာလမှာထဲ က ချမှတ် ခဲ့ပြီး ၁ နှစ်ပြီး ၁ နှစ် ကားတင်သွင်း မည့်ကား model year တိုးမြင့် ကာ သတ်မှတ်ခဲ့ တာတွေ့ ရပါတယ်။

မထင်မှတ်ထားခဲ့ တာကတော့ ကားအလွန်အမင်း ကျပ်တည်း ခဲ့တာတွေ နဲ့ ကားပါကင် ပြဿနာလေးတွေ ရှိခဲ့ပါတယ်။ ဒါကိုလည်း ပထမ အပြောင်းလဲ ကာလအတွင်း မှာပဲ ကားလမ်းဂုံးကျော် တံတားတွေ အလျင်အမြန်ဆောက်ခဲ့တာတွေ ၊ ကားတင်သွင်းသူများကို ပါကင် တင်ပြနိုင်သူ များကို သာတင်သွင်းခွင့် ပြုတာ စတာတွေ နဲ လုပ်ဆောင် ပေးခဲ့ပါတယ်။

ယခု ဒုတိယ အပြောင်းအလဲ ကာလမှာတော့ ရန်ကုန်လိုင်စင် personal permit နဲ့ သွင်းမှု ကို ရပ်ဆိုင်းထားခဲ့ ပြီး ကားအရည်ကျို စလစ်ရှိပြီးသား သူ နဲ့ ကားအသစ်စီး တဲ့သူတွေသာ ရန်ကုန်လိုင်စင် ခွင့်ပြုလျက်ရှိပါတယ်။

၂၀၁၈ မှာတော့ လမ်းစနစ်နဲ့ ကိုက်ညီတဲ့ ဘယ်မောင်းများသာ သွင်းခွင့်ပြု ပြီး အနိမ့်ဆုံး ၂၀၁၄ ခုနှစ်ထုတ် မော်ဒယ်ကို သာ အသုံးပြုရန် တစိုက်မက်မက် ကျင့်သုံး နေတာတွေ့ ရပါတယ်။

အဓိက ကတော့ ကောင်းကောင်းမွန်မွန် ဖွံဖြိုးတဲ့ Used Car ဈေးကွက် နိုင်ငံတကာက လို Brand New ကားများကို အသုံးပြူပြီး သူများမှ ပြန်လည်ရောင်းချသော used ကားဈေးကွက်၊ ကားအဟောင်းဈေးကွက် ကိုဖေါ်ဆောင်နေတာ လို့ မြင်မိပါတယ်။ ဒါ့အပြင် ရွေးချယ်စရာများ တဲ့ ကားအသစ်ဈေး ကွက် ဖြစ်ပေါ် စေရန် မူဝါဒ ချမှတ်နေတယ်လို့ ဒုတိယ အပြောင်းအလဲ ကာလကို သုံးသပ်မိ ပါတယ်။

လက်တလော ကားသုံးစွဲသူများကို ခွဲခြားကြည့်ရင်
(၁) ပထမ အပြောင်းအလဲကာလ အတွင်းသွင်းထားသော အသုံးပြုပြီးကားများ စီးနင်းသူ
(၂) CKD, SKD ဖြင့်ထုတ်လုပ်ထားသော ကားအသစ်ကို စီးနင်းသူ
(၃) ဘယ်မောင်းအသုံးပြုပြီးကား ကိုတင်သွင်း ကာ စီးနင်းသူ နှင့် တန်ဖိုးမြင့် ဘယ်မောင်းကားအသစ် များကို showroom မှ စီးနင်းအသုံးပြုသူ
(၅) Brand New ကားများကို မြန်မာပြည် တွင် အသုံးပြူပြီး သူများမှ ပြန်လည်ရောင်းချသော used ကားများကို အသုံးပြုသူ ဆိုပြီး လက်ရှိမှာဖြစ်ပေါ်နေပါတယ်။

လက်တလောဖြစ်နေ တဲ့ ကားဈေး ကွက်ကို လေ့လာမိရင် အများဆုံး ကတော့ နံပါတ် ၁ မှာရှိတဲ့ အရင်သွင်းပြီးသား ညာမောင်းတွေကို စီးနုင်းတဲ့သူတွေး ကအများဆုံးဖြစ်မှာပါ။

ဒုတိယ အနေနဲ့ က SKD နဲ့ ထုတ်ထားတဲ့  Suzuki Ertiga, Ciaz, Nissan sunny တွေကသိန်း ၂၃၀-၂၈၀ ၀န်းကျင် နဲ့ အသုံးပြုမှု ဒုတိယအများဆုံး လောက်ဖြစ်ပါမယ။
တတိယက တော့ ဘယ်မောင်းများ ကို ဥရောပမှ မှာယူစီနင်းသူ နဲ့ showroom များမှ တန်ဖိုးမြင့် Brand New များကို စီးနင်းသူများ ကိုတွေ့ ရှိရပါတယ်။

နောက် ဆုံး က Brand New ကား သုံးစွဲသူများမှ ပြန်လည်ရောင်းချသော Used Car သုံးစွဲသူ တွေပါ ဒါကတော့ တော်တော် ကြီးကို လက်ချိုး ရေ ရလောက်အောင် နည်းသေးမှာပါ။ ၂၀၁၇ ခုနှစ်က မှ အသစ်ဝယ် စီးသူများလာတာဆိုတော့ ဒီဈေးကွက် လေးဖြစ်ဖို့ က ၃ နှစ်လောက် ကြာနိုင်ပါတယ်။

ဒါကြောင့် ကားဈေးနှုန်းကို သုံးသပ်ရရင် နံပါတ် ၁ အုပ်စုမှာ ပါတဲ့ ပထမ အပြောင်းအလဲ မှာ သွင်းထားတဲ့ ကားအများစု က ဈေး ကို အမြင့် ဆုံးတက်ထားတာတွေ့ ပါတယ် ဒါဈေးကွက်မှာ အမြင့်ဆုံး ပါု့။ နောက် ပိုင်းမှာ ဈေး နှုန်းတည် ငြိမ်သွား မှာပါ။

အလွယ်ဆုံး ဥပမာပေးရ ရင်Brand New ဖြစ်တဲ့ SUZUKI Brand, NISSAN Brand 2015,2016,2017 model တွေဟာ ၂၀၂၀ လောက်ကျရင် ၁၃၀ နဲ့ ၂၀၀ ကြားကို သေချာပေါက်ရှိမှာပါ။ အခြား FORD,KIA, HYUNDAI,TOYOTA တွေလည်းထိုနည်း လည်းကောင်းပါပဲ။
ပထမ တင်ပြထားသလို ပဲ သတင်းတွေမှာ တင်ပြမှု မရှိ သလောက်ဖြစ်နေတဲ့ အပိုပစ္စည်း စက်ရုံလေးတွေ အတွက် အစိုးရအနေ နဲ့ မူဝဒလေးချမှတ်ထားရင် တော့ အရမ်းကောင်းမှာပါ။

ပထမအပြောင်းအလဲ ကာလကတော့ လက်ထဲမှာရှိတဲ့ သက်တမ်းရင့် နှစ် ၂၀ အထက် ကားများတန်ဖိုး မဆုံးရှုံးပဲနဲ့ ဂျပန်ကျ နှစ် (၂၀) အောက် ကားများကို စီးနှင်း ခွင့် ရရေး ကို ဦးစားပေးဆောင်ရွက် ခဲ့တယ် ဒါကြောင့် ကန့် သက်ချက်မများဘူး ၊ ယခု ဒုတိယ ပြောင်းလဲရေး ကာလ မှာတော့ ရေရှည် သွားမယ့် ဟာတွေကို ဦးစားပေးလာတာ တွေ့ ရလာတယ် ၊ ကန့်သက်ချက်လေးတွေ ရှိလာတယ် အရည်အသွေးကို ဦးစားပေးတဲ့ ကားဈေးကွက် ဖြစ်အောင်ဖေါ်ဆောင်တေယ်လို့  မြင်မိပါတယ်။ ပြီးတော့ စစ်မှန်တဲ့ Used ကားဈေးကွက် ဖြစ်လာမယ်လို့ မျှော်လင့် မိပါတယ်။


နောက်ရက်တွေမှာတော့ ဥရောပကနေ တင်သွင်းနိုင်တယ့် ဘယ်မောင်းကားလေးတွေ ကို တင်ပြပေးသွားပါမယ်။

ကျေးဇူးတင်ပါတယ်

Uk  ရှိ စက်ရုံ မှ EU Standard ဖြင့်ထုတ်လုပ် ပြီး ဥရောပ နိုင်ငံများသို့ ဖြန့်ချီ တဲ့  Japan brand Nissan ရဲ့ အောင်မြင်တဲ့...
12/12/2017

Uk ရှိ စက်ရုံ မှ EU Standard ဖြင့်ထုတ်လုပ် ပြီး ဥရောပ နိုင်ငံများသို့ ဖြန့်ချီ တဲ့ Japan brand Nissan ရဲ့ အောင်မြင်တဲ့ Qashqai အရွယ်အစား လေးကို မြန်မာပြည်တွင် အသုံးများနေတဲ့ ကားလေးတွေနဲ့ အရွယ်အစားလေးကို နှိင်းယှဉ် မြင်ကြည့်တာပါ

27/07/2017

N95 Respirator ကို နည်းလမ်းမှန်စွာ အသုံးပြု နိုင်ရန် video file လေးပါ!!

Automatic Parking Systemကားပါကင်ထိုးဖို့ အခက်အခဲ ရှိနေသူများအတွက် ကားထုတ်လုပ်သော ကုပ္မဏီများဟာ အလိုအလျှောက် ပါကင်ထိုးတဲ့ ...
17/03/2016

Automatic Parking System

ကားပါကင်ထိုးဖို့ အခက်အခဲ ရှိနေသူများအတွက် ကားထုတ်လုပ်သော ကုပ္မဏီများဟာ အလိုအလျှောက် ပါကင်ထိုးတဲ့ နည်းပညာကို စတင်ပြီး ၂၀၁၂ နောက်ပိုင်မှာ ဈေးကွက်ကို မိတ်ဆက်လာကြပါပြီ။ ဒီစနစ်မှာ ပါဝင်တဲ့ နည်းပညာတွေကတော့ ဘေးတိုက်ပါကင်ထိုးခြင်း (Parallel Parking)၊ နောက်ပြန်ပါကင်ထိုးခြင်း (Perpendicular Parking)၊ ထောင့်ချိုးပုံစံ ပါကင်ထိုးခြင်း (Angel Parking) တွေပါဝင်ပါတယ်။ ဒီစနစ်တွေကို မော်တော်ကားထုတ်လုပ်တဲ့ ကုပ္မဏီများဟာ သူ့ထက်ငါ ကောင်းအောင်လို့ တီထွင်ထုတ်လုပ်လာကြတဲ့အတွက် သုံးစွဲသူတွေအတွက်တော့ကောင်မွန်ပါတယ်။

အသုံးပြုပုံ
အသုံးပြုပုံအရလည်း လွယ်ကူလှပါတယ်။ ကားပါကင်ထိုးခါနီးမှာ နေရာရှာပြီး ပါကင်ထိုးတဲ့ ခလုတ်နိပ်လိုက်ရုံပါပဲ။ ဒါပေမဲ့ ဘရိတ်နှင့်လီဗာကိုတော့ ကားမောင်းသူက ထိန်းချူပ်ရမှာပါ။ ယခုလောလောဆယ်ရရှိနိုင်သောကားမော်ဒန်နှင့် ကားတံဆိပ်များမှာတော့ Ford (focus, Fusion, Escape, Explore), BMW ( all latest 3 series), Audi ( A6), Toyota (Prius), Lexus (LS460), Mercedes-Benz ( C-Class, CLS-Class coupe, M-Class, E-Class, S-Class, GL350, GL450 and R-Class) တို့ပဲဖြစ်ပါတယ်။ ယခုရေးသားနေချိန်မှာ ကိုရီးယားရဲ့ KIA ကားမော်ဒန်တချို့မှာလည်းရရှိနိုင်တည်လို့သိရပါတယ်။

ဒီစနစ်ကိုကားဝယ်ယူသူကလိုခြင်လို့ရှိရင် ယခုအခါတော့ အပိုပိုက်ဆံအနည်းငယ်ထပ်ဆောင်းပေးရပါတယ်။ နောင်နှစ်အနည်းငယ်အတွင်းမှာတော့ ဈေးလည်းကျသွားနိုင်ပါတယ်။

မှတ်ချက် - ကျွန်တော်ကိုယ်တိုင် 2013 model Ford Focus ကိုစမ်းပြီး ပါကင်ထိုးကြည့်ပြီးပါပြီး။
ခင်မင်လေးစားစွာဖြင့်၊
WSM

Address

Bahan
Yangon
YANGON

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9595157993

Website

Alerts

Be the first to know and let us send you an email when ဥရောပကား အကြောင်းသိကောင်းစရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဥရောပကား အကြောင်းသိကောင်းစရာ:

Share

Category