24/07/2026
ကားတောက်ပြောင်ဖို့... 𝐏𝐨𝐥𝐢𝐬𝐡𝐢𝐧𝐠 တင်မလား? 𝐂𝐨𝐚𝐭𝐢𝐧𝐠 လုပ်မလား? ဘယ်အဆင့်က အရင်လဲ? စဥ်စားရခက်နေလား?🤔🚗✨
ယခု Post ကို ကျော်မသွားဘဲဖတ်ကြည့်လိုက်ပါ👇
"ကားကို တောက်ပနေအောင် လုပ်ချင်တယ်... 𝐏𝐨𝐥𝐢𝐬𝐡 တင်ရင် ရမလား၊ ဒါမှမဟုတ် 𝐂𝐨𝐚𝐭𝐢𝐧𝐠 တင်ရမလား?" လို့ 𝐊&𝐓 ဆိုင်ကို လာမေးကြတဲ့ Customer တွေ အများကြီးပါပဲ။
𝐏𝐨𝐥𝐢𝐬𝐡𝐢𝐧𝐠 နဲ့ 𝐂𝐨𝐚𝐭𝐢𝐧𝐠 က တူတူပဲလို့ ထင်ရပေမယ့် တကယ်တော့ သူတို့ရဲ့ လုပ်ဆောင်ချက်က လုံးဝမတူပါဘူး။ 𝐊&𝐓 က ကားချစ်သူတို့အတွက် ရှင်းပြပေးပါမယ်ခင်ဗျာ။
🛠️ 1. 𝐏𝐨𝐥𝐢𝐬𝐡𝐢𝐧𝐠 (ဆေးသားပြုပြင်ခြင်း)
𝐏𝐨𝐥𝐢𝐬𝐡 တင်ခြင်းဆိုတာ ဆေးသားကို တောက်ပြောင်စေရုံတင်မကဘဲ ဆေးသားပေါ်မှာရှိတဲ့ ခြစ်ရာအသေးအဖွဲ (𝐒𝐰𝐢𝐫𝐥 𝐌𝐚𝐫𝐤𝐬) တွေ၊ စက်ဝိုင်းရာတွေ၊ ရေဂျိုးရာတွေနဲ့ ဆေးသားမှိန်နေတာတွေကို "ဖယ်ရှားပြီး ပြန်လည်ပြုပြင်ခြင်း" ပါ။
ဆေးသားမျက်နှာပြင်က ချောမွေ့သွားပြီး တကယ့်မူလအရောင်ကို ပြန်ရစေပါတယ်။ (ဒါကို Paint Correction လို့လည်း ခေါ်ပါတယ်)။
🛡️ 2. 𝐂𝐞𝐫𝐚𝐦𝐢𝐜 𝐂𝐨𝐚𝐭𝐢𝐧𝐠 (ကာကွယ်မှုအလွှာ)
𝐂𝐨𝐚𝐭𝐢𝐧𝐠 တင်ခြင်းဆိုတာကတော့ 𝐏𝐞𝐫𝐟𝐞𝐜𝐭𝐥𝐲 ချောမွေ့သွားတဲ့ ဆေးသားပေါ်မှာ မာကျောတဲ့ 𝐂𝐞𝐫𝐚𝐦𝐢𝐜 𝐏𝐫𝐨𝐭𝐞𝐜𝐭𝐢𝐨𝐧 𝐋𝐚𝐲𝐞𝐫 တစ်ခုကို "အုပ်ပြီး ကာကွယ်ခြင်း" ပါ။
ခြစ်ရာအသစ်တွေ၊ UV နေပူဒဏ်၊ ငှက်ချေးနဲ့ ဓာတုဗေဒပစ္စည်းတွေကြောင့် ဆေးသားမပျက်စီးအောင် ကာကွယ်ပေးသလို၊ ရေဂျိုးရာတွေ မကျန်အောင်လည်း (𝐇𝐲𝐝𝐫𝐨𝐩𝐡𝐨𝐛𝐢𝐜 𝐄𝐟𝐟𝐞𝐜𝐭) ဖန်တီးပေးပြီး စူးရှတဲ့ 𝐆𝐥𝐚𝐬𝐬𝐲 𝐒𝐡𝐢𝐧𝐞 ကို နှစ်နဲ့ချီ ခံအောင် လုပ်ဆောင်ပေးပါတယ်။ 💎
𝐏𝐨𝐥𝐢𝐬𝐡𝐢𝐧𝐠 က "ပြုပြင်ခြင်း (𝐂𝐨𝐫𝐫𝐞𝐜𝐭𝐢𝐨𝐧)" ပါ။
𝐂𝐨𝐚𝐭𝐢𝐧𝐠 က "ကာကွယ်ခြင်း (𝐏𝐫𝐨𝐭𝐞𝐜𝐭𝐢𝐨𝐧)" ပါ။
တကယ့် ပြီးပြည့်စုံတဲ့ရလဒ် ကို ရဖို့ဆိုရင်တော့ "အမြဲတမ်း 𝐏𝐨𝐥𝐢𝐬𝐡𝐢𝐧𝐠 လုပ်ပြီးမှသာ 𝐂𝐨𝐚𝐭𝐢𝐧𝐠 တင်ရပါမယ်။"
𝐊&𝐓 𝐃𝐞𝐭𝐚𝐢𝐥𝐢𝐧𝐠 မှာဆိုရင် ကားတစ်စီးလုံးရဲ့ ဆေးသားကို တိကျတဲ့အဆင့်ဆင့်နဲ့ 𝐏𝐨𝐥𝐢𝐬𝐡𝐢𝐧𝐠 (𝐏𝐚𝐢𝐧𝐭 𝐂𝐨𝐫𝐫𝐞𝐜𝐭𝐢𝐨𝐧) အရင်လုပ်ပြီးမှသာ သင့်ကားလေးအတွက် အကောင်းဆုံး 𝐂𝐞𝐫𝐚𝐦𝐢𝐜 𝐂𝐨𝐚𝐭𝐢𝐧𝐠 ကို တင်ပေးတာမို့လို့၊ တောက်ပြောင်မှုနဲ့ ကာကွယ်မှုက နှစ်နဲ့ချီပြီး ခိုင်ခံ့နေမှာပါခင်ဗျာ။ 🛡️✨
သင့်ကားလေးရဲ့ ဆေးသားအခြေအနေကို K&T မှာ လာရောက်စစ်ဆေးပြီး အကောင်းဆုံးဝန်ဆောင်မှုကို ရွေးချယ်နိုင်ပါတယ်ခင်ဗျာ။
📬Message Box မှာ လဲတိုင်ပင်ဆွေးနွေးလို့ရပါတယ်!
☎️ဆက်သွယ်မေးမြန်လိုပါက 09-444440787